Knu

  • Uploaded by: Jutta Pflueg
  • 0
  • 0
  • June 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Knu as PDF for free.

More details

  • Words: 608
  • Pages: 5
KNU အပေါ် ကျွန်တော့် အမြင်နှင့်သဘောထား

ရှေ့တ န်းမှာ တောကောင်ရလို့ ဟင်းချက်နေတဲ KNLA့  ရဲဘော်များ

ဒီစာကတော့ Online ပေါ်မှာ ကရင့်ရေးရာ ဆွေးနွေးချက်များကို ဖတ်ပြီး ညီအကိုများနှင့် အတူ ပှါင်ဆွေးနွေးချင်းဖြစ်ပါတယ်။ အားတက်သရှောိုငှ်းန်းဆွေးနွေးကြတဲ့ နို င်ငံတ ကာရောက်ကရင်ညီအကိုမောင်နှမများကိုအထူးဘဲကျေးဇူးတင်ပါတယ်။ အထူးသဖြင့်ဒိုင်ခံ ဆွေးနွေးပေးကြတဲ့ှေါ်လီ၊ Hey၊ Lazy Boy၊ AZ၊ သောသီခို၊ ကညီသွံ ၃်၊ ဝptimist ၊ Khu Khu၊ KK နှင့်ကျန်ညီအကိုများအားလုံးကိုလေးစားမိပါတယ်။ ထူးခြားမှုတစ်ခုကတော့ ကရင်အမျိုးသမီးများပှါင်လာတဲ့အတွက် အရမှ်းမ်းသာ အားတက်မိပါတယ်။ Hey ရဲ့ Blog ကိုသွားလည်တော့ သီချင်းနားထောင်ရင်း နှစ်ရှည်လများ ကရင်ဒေသ နှင့ှ်ေးနေ ရတဲ့ဘှအတွက် အရမ်းဘဲခံစားရပါတယ်။ ဒီနေရာမှာ KNU KNLA နဲ့ပတ်သက်ပြီး ကျွန်တော့်ရင်တွင်းဖြစ် ခံစားချက်နှင့် သဘောထား အမြင်ကို တင်ပြခွင့်ပြုဖို့ပန်ကြားအပ်ပါတယ်။ နအဖဟာ နိုင်ငံရေး (ပြည်တွင်း )မှာ NLD ကိုအကြီးဆုံးရန်သူ ဟု သတ်မှတ်ပြီး နိုင်ငံရေး စစ်ရေးမှာ ဆိုရင် KNU ကို အကြီးဆုံးရန်သူ လို့ သတ်မှတ်ပါတယ်။ နအဖစစ်တက္ကသိုလ် မှာ KNU နှင့်ပတ်သက်ပြီး ဆန်းစစ်ဖေါ်ပြချက်တစ်ခု မှာ တချိန်က မြို့တော်ရန်ကုန် နှင့် ဧရှာတီတိုင်းထိ စစ်ဆင်ရေးကစားနိုင်ပြီး သက်တမ်းအရှည်ဆုံး လက်နက်ကိုင်တော်လှန် ရေးအဖွဲ့ဖြစ်သလို စစ်ရေးအတွေ့ကြုံရှိတဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့်လက်ထက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် အပစ်ရပ်ဆွေး တာတွေ လေ့လာမယ်ဆိုရင် KNU ကိုနောက်ဆုံးထားပြီးမှ ဆွေးနွေးတာတွေ့ရပါတယ်။ နိုင်ငံတကာအမြင်မှာ မကောင်းတတ်လို့ အဖြည့်သဘော ဆွေးနွေြး ခင်းဖြစ်ပါတယ်။ တိုင်း ရင်းသားစည်းလုံရေးကို ချစ်မြတ်နိုးလို့ဆွေးနွေးတာမဟုတ်ပါဘူး။ အဲဒီလိုမဆွေးနွေးခင် နှစ်

အနည်းငယ်အတွင်းမှာဘဲ နိုင်ငံခြားစစ်သံမှုးတွေရှေ့မှာ KNU ကို (၃) နှစ်အတွင်းအမြစ် ပြတ်တိုက်မယ်လို့ကြေညာခဲ့ပါသေးတယ်။ အချို့နအဖ စစ်ဗိုလ်ချုပ်တွေတောင် “ နောင်ဆို ရင် ကရင်လူမျိုးကို ပြတိုက်ထဲမှာဘဲတွေ့ရတော့မယ် ” လို့ပြည်သူတွေရှေ့မှာဂုဏ်ယူပြီးပြော ပါသေးတယ်။ ပြီးခဲ့တဲ့လအနည်းငယ်က KNU ရဲ့တပ်မဟာ (၇) ကို မတိုက်ခင် ထိုင်းနိုင်ငံ ခြားရေှးန်ကြီးကို “ KNU နှင့် ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ၄င်း ကိစ္စ ကှိုင်ရောက်ကူညီ ရန် နအဖ ဥာဏှ်င်းမှတဆင့် မေတ္တာရပ်ခံခဲ့ပါတယ် ” ထိုင်းနိုင်ငံ အစိုးရ ကလည်း KNU ခေါင်းဆောင်တွေကို ခေါ်တွေ့ပြီး ငြိမ်းချမ်းရေးတွက် တိုက်တွန်း တယ်။ KNU ဖက်ကလည်း ဆွေးနွေးဖို့အသင့်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။ အဲဒါလည်း ပြီးရော တပ်မဟာ (၇) ကို စစ်ထိုးတော့တာဘဲ။ ထိုင်းအစိုးရလည်း မျက်နှာပျက်ရတဲ့အ ပြင် ကရင်ဒုက္ခသည် ၆ှှှ ကျော် ရဲ့ပြသာနာကို ဖြေရှင်းရတော့တာဘဲ။ ဒါဟာ နအဖ က KNU ကို နည်းမျိုးစုံသုံးပြီး တိုက် တဲ့ သာဓက တစ်ခုဖြစ်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတာ မိတ် ဆွေတို့စဉ်းစားကြည့်ပါ။ ဒါဟာ KNU ရဲ့အရည်အချင်းသည် အတိုင်းအတာတစ်ခုထိ ရှိနေ တဲ့သာဓကဘဲ။ နောက်သာဓကတစ်ခုကိုကြည့်ရင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေ စုစည်းပြီး ခေါင်းဆောင် အနေနဲ့ ဦးဆောင်နိုင်ခြင်းဟာ နအဖ ကိုအင်မတန်ခြောက်ခြားစေပါ တယ်။ အဲဒီတုန်းက ဗိုလ်ချုပ်ခင်ညွန့်ဦးဆောင်တဲ့ထောက်လှမ်းရေးအဖွဲ့၊ စစ်မ ဟာဗျုဟာ လေ့လာရေးဌာန ၊ စိတ်ဓါတ်စစ်ဆင်ရေး နှင့်ပြည်သူ့ဆက်ဆံရေးဌာန များနှင့် နအဖ ဗိုလ် ချုပ်တွေ ခေါင်းခြင်းရိုက်ခဲ့ပါတယ်။ အဲဒီကထွက်လာတဲ့စကားတစ်ခွန်းကို ဗိုလ်ချုပ်ခင်ညွန့် က ကရင့်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောဘိုမြ နဲ့ တွေ့တဲ့အချိန်မှာ ပြောခဲ့တယ်။ “ ဖထီး ကရင်ဟာ ကရင်အတွက်ဘဲလုပ်ပါ။ ကရင်အတွက်ဘဲပြောပါ။ အခြားလူမျိုးတွေအ တွက် မပြောပါနဲ”့ ဗိုလ်ချုပ်ခင်ညွန့်စကား ရဲ့ရည်ရွယ်ချက်ကို တကယ် ဘဲမသိတာလား၊ မသိယောင်ဆောင် တာ လားတော့မသိဘူး၊ အဲဒီစကားကိုထောက် ခံပြီးတော့လိုက်ပြောနေတဲ့ ကရင်ညီအကိုတွေ ရှိတော့ အရမှ်းမ်းနည်းရပါတယ်။ “.. ဟုတ်တာပေါ့၊ ကရင်တွေဟာ သူ့ကိစ္စမှသူမနိုင်တာ အခြားလူမျိုးတွေ တွက်ပြော စရာမလိုဘူးလေ......” တဖက်ကကြည့်ရင် တခြားတော်လှန်ရေးအဖွဲ့က KNU ကိုလေးစားတယ်၊ ဦးဆောင်ဦးရွက် ပြုတာကို လက်ခံတယ်၊ ဒါဟာ KNU အရည်အချင်းရှိလို့ဘဲ။ ဒါပေမှဲ့မ်းနည်းစရာ ကောင်း တာက အခြားသော ကရင်ညီအကိုတွေရဲ့မတူညီတဲ့အမြင် နဲ့ KNU ကို ပုတ်ခတ်နေခြင်းဘဲ။ တကယ်ဘဲမမြင်တတ်တာလား၊ ဒါမှမဟုတ် အခြားသောအကျိုးတွက် မမြင် ဟန်ဆောင် တာလား၊ မိတ်ဆွေတို့ဘဲပြန်လည်သုံးသပ်လိုက်ပါ။ ညီအကိုတော်တစ်ဦးက “ အတိုက်ခံ” ဆိုတဲ့စကားလုံးနဲ့ ဆွေးနွေးထားတာတွေ့ရပါတယ်။ ဒါဟာ လွတ်လပ်တဲ့ဒီမိုကရေစီ တိုင်းပြည်ထူထောင်တဲ့အခါ မရှိမဖြစ်လိုအပ်တဲ့ တန်ဖိုးရှိ ဆောင်ရွက်မှုပါ။ ဒီမိုကရေစီ တိုင်းပြည်မှာ ကျင့်သုံးနေတဲ့ “ အတိုက်ခ”ံ ရိုးရာဓလေ့တစ်ခု

ကို တင်ပြချင်ပါတယ်။ သြစထြေးလျ ရဲ့ ပါလီမန်ကို ကြည့် ကြပါစို့။ ဘာလို့လဲဆိုတော့ ပါလီမန် အစည်းအှေးအား အများပြည်သူ ကို လေ့လာခွင့်ပေးထားလို့ဘဲ။ အစည်းအှေး ထဲမှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ညင်းခုံတာ၊ စကားနာထိုးတာ ကြောက်ဖို့ကောင်းတယ်။ အချေအ တင်ညင်းခုံ ကြပြီး အစည်းအှေးဆုံးဖြတ်ချက်ကို ဖေါ်ဆောင်တဲ့အချိန် မှာ အားလုံး တက် ညီလက်ညီ အညင်းအခုံမရှိတော့ဘဲဆောင်ရွက်လေ့ရှိတယ်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ မိတ်မပျက်ဘဲ ကောင်းကောင်း မွန်မွန်ဆက်ဆံလေ့ရှိတယ်။ ဒါဟာ ကျွ န်တော်တို့ကရင်တွေ အတုယူသင့် တဲ့ဓလေ့တစ်ခုဖြစ်ပါတယ်။ ကျွန်တော်မသိသေးတဲ့ ကိစ္စ တစ်ခုကိုမေးချင်ပါတယ်။ စစ်ဆင်ရေးကာလ၊ တော်လှ န်ရေးကာလမှာ အဖွဲ့တစ်ဖွဲ့တည်းမှ အတိုက်အခံထားပြီး တော် လှန်ရေးတိုက်ပွဲအောင်မြင်ခဲ့တဲ့ နိုင်ငံရှိရင် ကျွန်တော် တို့ကို ပြောပြစေချင်ပါတယ်။ တ ကယ်မသိသေးကြောငှ်းန်ခံပါရစေ။

တိုင်းပြည်နဲ့လူမျိုးတွက်အ သက်ပေးလှုသွားသော KNLA ရဲဘော်တ စ်ဦးတွက်ဂဏ်ုြ ပုအခမ်အး နား (တပ်မဟာ ၄)

နိုင်ငံတကာရောက် ကရင်များနေ နှင့် တော်လှန်ရေးနဲ့ပတ်သက်ပြီး KNU ကို အကြံအညံ များပေးလေ့ရှိပါတယ်။ ဒါဟှာမ်းသာစရာကောင်းပါတယ်။ ဥပမာ တစ်ခုပေးရမယ်ဆို ရင် လူအများနေမယ့်အိမ် တစ်လုံးကှိုငှ်းန်းတည်ဆောက်တာနဲ့တူပါတယ်။ KNU က ကျွန်တော် တို့နေ ဖို့ ကြိုးစားဆောက်နေတာပါ။ ဘာလို့ ဒီလိုပြောရသလဲ ဆိုရင် KNU ဟာ သူတို့ ကိုယ်ကျိုးတွက် မဟုတ်ဘဲ တိုက်ပွှဲင်နေခြင်းဖြစ်ပါတယ်။ သူတို့ ကိုယ်ကျိုးတွက် တိုက် နေတာဆို ရင် ငြိမ်းချမ်းရေးယူ စီးပွါးတွေလုပ်ပြီးကောင်းစားနေမှာဖြစ်တယ်။ တစ်ခု ထူးခြားတာက တော်လှန်ရေးဆိုတဲ့ လူအများနေမည့်အိမ်ဆောက်ရာမှာ လူအများဆီမှ လုပ်အားခမရတာဘဲ။ အိမ်ဆောက်ရင်းနဲ့ ထိခိုက်ဒဏ်ရာရ၊ ဖျားနာ ရင်လည်း အဲဒီလူထု

တွေက ဆေးကုပေးဖို့မရှိဘူး။ ဒ့ါပြင် လူထု တစ်ချို့က ဒီလိုဆောက်ပါလား၊ ဟိုလိုဆောက် ပါလား ဆို ပြီး တစ်ယောက် တစ်မျိုးပြောတော့ အိမ်ဆောက်တဲ့လူက အလုပ်ဆက်လုပ် ဖို့  အခက်အခဲဖြစ်နေတယ်။ သူတို့မသိသေးတဲ့အကြံအညံကောင်း လာပေးလို့ ဆောင်ရွက် နိုင်သလို အကြံအညံကောင်းဖြစ်ပေမဲ့ ပြောတဲ့အတိုင်းလိုက်ဆောက်ဖို့ ပစ္စည်းမရှိတာ နဲ့ လိုက်မလုပ်နိုင်တာလဲရှိနေတယ်။ တချို့ကျတော့လည်း လက်သမားလောက်တောင် အတွေ့အကြုံမရှိ၊ ဘာမှလည်းမကူညီဘဲနဲ့ အိမ်ဆောက်ေ နတဲ့ အင်ဂျင်နီယာ ကို ပြောဆို အကြံပေးတာလည်းရှိတယ်။ တချို့ကလည်းမိမိဆီမှာရှိတဲ့ အုပ်တစ်ချပ်သစ်တစ်ပိုင်း လာလှုတာလည်းရှိတယ်။ တချို့ ကလည်း အိမ်ဆောက်တာ ဒီလောက်ဘဲလက်ရာ ညံ့သ လားဆိုပြီး အကြံပေးသလိုလိုနဲ့ှေဖန်နေပါတယ်။ အများစုကတော့ ဘာမှမပြောဘူး၊ှိုင်း လည်းမလုပ်ဘူး ပြီးမှဘဲတက်နေကြတာပေါ့ဆိုပြီးမသိသလိုနေကြတယ်။ ဒါပေမဲ့ အိမ် ဆောက်နေတဲ့သူတွေဟာ အနေဆင်းရဲ၊ အစားဆင်းရဲ ဖြစ်နေတာကို သိနေတဲ့သူရှိသလို၊ မသိတဲ့လူတွေလည်းရှိနေပါတယ်။ သို့သော်လည်းလူအများသတိမထားမိတာက လူတစ်ထောင် နေရမည့်နေရာကို လူတစ်ယောက်အားနဲ့တည်ဆောက်နေခြင်းဘဲ (လက်ရှိကရင်လူဦးရေ ÷ KNU အင်အားအရေအတွက် )။ ဒီဟာတွေကို မိတ်ဆွေတို့စဉ်းစားမိပါသလား။ ကျွန်တော်ရဲ့အဆိုပြုချက်ကို ကရင်လူမျိုးတွေ အနေနှင့် စဉ်းစားသင့်ပါသလား။KNU မှာရှိတဲ့ကျွန်တော်တို့ရဲ့ညီအကိုတွေဟာ ရှိသင့်တှဲ့န်တွေထက် မနိုငှန် ထမ်းနေရလို့ ရှိသင့်သလောက်ခရီးမပေါက်ဖြစ်နေတာ မိတ်ဆွေတို့သတိထားမိရဲ့လား။တချို့တွေဆို ညှပ်ဖိ နပ်စီးပြီးစစ်တိုက်နေရသလို၊ ပလပ်စတစ်တစ်ပိုင်းကို မိုးကာအနေဖြင့် သုံးပြီး မိုးမလုံလေမလုံ တစ်ညလုံးမိုး ရေထဲမှာငုတ်တုတ်ကင်းစောင့်နေရတဲ့ အနေဆင်းရဲ အစားဆင်းရဲ ဘှ တွက် သူတို့ကို အပြစ်တင်ချင်ပါသလား။ နိုင်ငံတကာ ထောက်ပံ့ကြေးလည်းမရှိ၊ ပြည်သူတွေကလည်းမထောက်ပံ့ဘဲနှင့် KNU ဘယ် လို စခန်းသွားနေရတယ်ဆိုတာ ကျွန်တော့်ကရင်ညီအကိုများစဉ်းစားပြီး ကိုယ်ချင်းစာဘူးပါ သလား။ အနှစ် (၆ှ) ကျော် အလံမလဲ လှေမမြုပ်ဘဲ ခရီးကြမ်းနှင်ခဲ့တဲ့ KNU ကို နိုင်ငံတ ကာ အကြမ်းဖက်သမားစာရင်းထဲ မထည့်ဘဲ နိင်ငံတကာကလေးလေးစားစားဆက်ဆံပြီး အခြားတော်လှန် ရေးအဖွဲ့ ၊တခြားလူမျိုး တွေက လေးစားနေတဲ့ KNU အဖွဲ့ကို ကျွတော်တို့ ပြည်ပရောက်ကရင်ညီအကိုေ တွ ကဘာလို့ှေဖန်ပုတ်ခတ်ချင်ကြတာလဲ ??? အပြုသဘောဆောင်ဆွေးနွေးချက် နဲ့ အဖျက်သဘောဆောင် ဆွေးနွေးချက် ကို ခွဲခြားတတ်ဖို့အရမ်းအရေးကြီး သလို တော်လှန် ရေး ကာလကို တည်ဆောက်ရေးကာလ နဲ့ခွဲခြားတတ်ဖို့လိုပါတယ်။ လစာမရ ဆင်းရဲေ နတဲ့ ကျွန်တော်တို့ ရဲဘော် ဘှ တွက် KNU ခေါင်းဆောင်တွေ အသုံးမကျတာလား၊ ဒါမှမဟုတ် ကျွန်တို့ကရင်ပြည်သူ တွေတှာန်မဲ့တာလားဆိုတာ အလေးအနက်ထားပြီးစဉ်းစားစေချင်ပါတယ်။

နားလည်ချင်းမှ ညီညွတ် ချင်းသို့ ၄င်း ညီညွတ်ချင်းမှ ပန်းတိုင်ဆီသို့ ၄င်း ချီတက်အောင်ပွဲယူကြပါစို့လား ....... ချစ်သော ဖူးဒို (ကရင်တိုင်းရင်းသား) အောက်တိုဘာ ၉ ရက်၊ ၂ှှ၉။ http://www.karenunited.com/index.php?option=com_content&view=article&i d=68:knu-&catid=2:articles&Itemid=16

Related Documents

Knu
December 2019 17
Knu
June 2020 9
Knu 60th
December 2019 29
Ananlysis Knu
June 2020 10
14 Congress Statement(knu)
November 2019 11

More Documents from "Myanmar news"