Knu 60th

  • Uploaded by: julymoe
  • 0
  • 0
  • December 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Knu 60th as PDF for free.

More details

  • Words: 159
  • Pages: 1
                     

                     

                                                                                                                                                                                                      Mae Sod, Tak 63110, Thailand.E-mail: [email protected]: web: www.bppu.blogspot.com                                            

 

နှစ် ၆၀ မြောက် ကရင့်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားသို့  မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂမှ ပေးပို့ သောသ၀ဏ်လွှာ၊ ယနေ့ ကျရောက်သော နှစ် ၆၀မြောက် ကရင့်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားသို့ မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂမှ သ၀ဏ်လွှာပေးပို့ ခငွ့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် အခမ်းအနားသို့ တက်ရောက်လာကြသော ကရင်အမျိုးသား အစည်းအရုံးမှ ခေါင်းဆောင်များနှင့် အဖွဲ့ ဝင်များ၊ကရင့်အမျိုးသားလွှတ်မြောက်ရေးတပ်မတော်မှ အရာရှိအရာခံ စစ်သည်တော်များနှင့် ကရင်တိုင်းရင်းသားပြည်သူအပေါင်းတို့ အား ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပါစေကြောင်း ဆုတောင်းမေတ္တာပို့ သအပ်ပါသည်၊ ကရင်အမျိုးသားများ၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ ဘ၀တူတိုင်းရင်းသားအားလုံး၏ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေး၊ စစ်မှန်သောဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုနိုင်ငေံ တ်ာသစ်တည်ဆောက်နိုင်ရေးဟူသည့် နိုင်ငံရေးဦးတည် ချက်များအား ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦး၏ လမ်းညွန်ချက်များနှင့်အညီ အခြားသောတိုင်းရင်းသားအင်အားစုများ ဒီမိုကရေစီအင်အားစုများနှင့် ခိုင်မာစွာလက်တဲ၍ွ ဇွဲလုံ့ လသတ္တိတို့ ဖြင့် ၁၉၄၉ ခုနှစ် ၃၁ ရက်နေ့ မှစတင်၍ တိုက်ပွဲဝင်ခဲ့သည်မှာယနေ့  ဆိုလျှ င် ၆၀ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်၊ အမျိုးသားနိုင်ငံရေး တာဝန်များအတွက် တရားမျှတ၍ မှန်ကန်သောတော်လှန်ရေးအား ၆၀နှစ်တိုင် ရွပ်ရွပ်ချွံချွံ တိုက်ပဲဝွ င်ခဲ့ သော ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်အမျိုးသားများ၏ ကြီးမြတ်သော စိတ်ဓါတ်အား ကျွနိုပ်တို့ မြန်မာနိုင်ငံရေးအကျဉ်းသား သမဂ္ဂအနေဖြင့် လေးစားဂုဏ်ပြုအပ်ပါသည်၊ တရားမျှတမူ့ ၊လွတ်လပ်မူ့ ၊တန်းတူရည်တူရှိမူ့ ၊ငြိမ်းချမ်းမူ့ များရရှိရေးအတွက် အဖိနှိပ်ခံပြည်သူများ၏ ဘ၀လွတ်မြောက်ရေး အတွက် ကရင်အမျိုးသားအစည်းအရုံး၏ မြင့်မြတ်သောခံယူချက်နှင့် မှန်ကန်သောနိုင်ငံရေးဦးဆောင်မူ့ ပေါ်တွင် မြန်မာနိုင်ငံရေးအကျဉ်း သားသမဂ္ဂ မှ စံပြဂုဏ်ပြု မှတ်တမ်းတင်ပါသည်၊ စစ်အုပ်စုသည် လွတ်လက်ရေးရှိပြီးနောက်ပိုင်းတွင် နိုင်ငံရေးပြသာနာများအား နိုင်ငံရေးနည်းလမ်းဖြင့်မဖြေရှင်းပဲတိုင်းရင်းသား ပြည်သူလူထုတရပ်လုံးအား အကြမ်းဖက်သတ်ဖြတ်ဖြိုခွဲခြင်းနည်းလမ်းဖြင့်သာ ဖြေရှင်းခဲ့သည်၊ ထို့ ကြောင့် မြန်မာနိုင်ငံရေးအကျဉ်းသား သမဂ္ဂသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးများရရှိရေးနှင့် စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေး တို့ အတွက် လက်တဲတွိုက်ပဲဝွ င်သွားမည်ဖြစ်ကြောင်း နှစ်၆၀မြောက် (KNU) ကရင့်အမျိုးသားတော်လှန်ရေးနေ့ တငွ် သံဓိဌာန်ပြု၍ ဤသ၀ဏ်လွှာအား ပေးပို အ့  ပ်ပါသည်၊

အလုပ်အမူဆောင်အဖွဲ့  မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂ နေ့ စ၊ွဲ ၃၁ ရက်၊ ဇန်န၀ါရီလ၊ ၂၀၀၉

Related Documents

Knu 60th
December 2019 29
Knu
December 2019 17
Knu
June 2020 9
Ananlysis Knu
June 2020 10

More Documents from ""

12newsm
December 2019 40
Thanshwe Speech
April 2020 21
88
May 2020 40
The Life Of The Buddha
July 2020 20
Turboc
May 2020 27