Jointstatementno6.2009 Bur

  • June 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Jointstatementno6.2009 Bur as PDF for free.

More details

  • Words: 205
  • Pages: 2
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး ၈၈ မျိုးဆက်ကျောင်းသားများ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင် ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်

စာအမှတ် ။

။ ၆/၂၀၀၉(မဃတ+၈၈+ဗကသ)

ရက်စွဲ ။

။ ၂၄ - ၉- ၀၉

နိုင်ငံရေးအကျဉ် ရးအကျဉ်းသားများ လွှတ်ပေးရေးနှင့် ပတ်သက်၍သဘောထားထုတ်ပြန်ချက် ၁။ နအဖစစ်အစိုးရသည် ၂၀၀၉ ခုနှစ် စက်တင်ဘာ ( ၁၇ ) ရက်တွင် အကျဉ်းသား အကျဉ်းသူ (၇၁၁၄ ) ဦး တို့အား လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း စစ်အစိုးရအာဘော် သတင်းဌါနများမှတဆင့် ကြေညာခဲ့ပါ သည်။ နိုင်ငံရေးအကျဉ်းသားမှတင်မဟုတ် မည်သည့်အကျဉ်းသားမဆို လူသားတယောက်အနေဖြင့် အ ကျဉ်းအကျပ် အနှောင်အဖွဲ့မှ လွတ်မြောက်လာခြင်းအား မိမိတို့က ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်။ ၂။ ထိုသို့လွှတ်ပေးရာ၌ နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တဘက်တလမ်းမှ အထောက်အပံ့ဖြစ်စေရန် နှင့် ဒေသအကျိုး နိုင်ငံတော်အကျိုးကို ထမ်းရွက်သွားနိုင်ကြစေရန်အတွက်လည်းကောင်းဟူသည့် စကား ရပ်များကိုလည်း သတင်းထုတ်ပြန်ချက်၌ တွေ့ရပါသည်။ နအဖ အနေဖြင့် စကားလုံးသက်သက်မျှ မဟုတ် ဘဲ နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် နိုင်ငံသူနိုင်ငံသားအားလုံး ပါဝင်ဆောင်ရွက်ခွင့်ရကြခြင်း၏ တန် ဘိုးကြီးမားမှုကို အမှန်တကယ်သိနားလည်ပြီး စိတ်စေတနာအမှန်ဖြင့် ပါဝင်ခွင့်ပြုလိုလျှင် ယုံကြည်ချက် ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ တယောက်မကျန် အ ချိန်မဆိုင်းဘဲ လွှတ်ပေးခြင်းဖြင့် သက်သေပြဖို့ လိုပါသည်။ ၃။ လက်ငင်း မြန်မာ့နိုင်ငံရေး အခြေအနေနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်တကွ တိုင်းရင်းသား ပြည်သူ တရပ်လုံးက လိုလားတောင်းဆိုနေသော၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးနှင့် အာစီယံအပါအ၀င် နိုင်ငံတကာ အသိုင်းအသိုင်းအ၀ိုင်းတခုလုံးက တဖွဖွတိုက်တွန်းပြောဆိုနေသော နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး ဆိုသည့် အသံများကို၊ "နိုင်ငံသား အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည်" ဆိုသည့် မျက်လှည့်ပြ အကြောလျှော့သော သတင်းမျှဖြင့် ဖုံးကွယ်ပပျောက်သွားစေနိုင်မည် မဟုတ်ပေ။ နိုင်ငံရေး အကျဉ်းသားလွှတ်ရေးကို စေတနာမပါဘဲ အယောင်ပြအချိန်ဆွဲ နိုင်ငံရေးကစားကွက်အဖြစ် အသုံးချခြင် ချခြင်းဖြင့် မြန်မာ့နိုင်ငံရေး ပြဿ ပြဿနာများကို ပြေလည်သွားစေမည် မဟုတ်ပါ။ ၄။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး အပါအ၀င် အကျဉ်းထောင်အသီးသီးတွင် ထောင်ဒဏ်ချခံထားရသော အရှင်ဂမ္ဘီရ၊ ကိုမင်းကိုနိုင်၊ ကိုကျော်ကိုကိုစသည့် နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ကို တယောက်မကျန် ခြွင်းချက်မရှိ လွှတ်ပေးခြင်းကသာလျှင် နအဖ

စစ်အစိုးရအနေဖြင့် တိုင်းပြည်နှင့်လူထုအပေါ် အမှန်တကယ် စိတ်စေတနာကောင်း ထားရှိကြောင်း ပြသရာ ရောက်မှာဖြစ်ပြီး တိုင်းရင်းသားပြည်သူတရပ်လုံးနှင့် နိုင်ငံတကာမိသားစု၏ ယုံကြည်မှုကိုလည်း တည် ဆောက်နိုင်မှာဖြစ်သည်။ ၅။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး သည် အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်တခုဖြစ်သလို၊ ယနေ့တိုင်းပြည်တွင် ရင်ဆိုင်နေရသော နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေး ဘက်ပေါင်းစုံ အကျပ်အတည်းများမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း လမ်းစလည်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍

နအဖစစ်အစိုးရအနေဖြင့် မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင်

လွတ်လပ်စွာ တန်းတူညီမျှ ပါဝင်ခွင့်ရရေးအတွက်

မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ

နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် မိမိတို့မှ ထပ်မံ တောင်းဆို လိုက်သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီး ၈၈ မျိုးဆက်ကျောင်းသားများ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Related Documents

Bur File
October 2019 29
Bur Not
June 2020 10
Bur Album
September 2019 27
Bur Cum
November 2019 21