For Preparation Of Revolution

  • December 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View For Preparation Of Revolution as PDF for free.

More details

  • Words: 954
  • Pages: 5
မြန်မာပြည် လွတ်မြောက်ရေးအဖွဲ့  (FREE BURMA FEDERATION) ။ ကျွန်တော်တို့  မြန်မာပြည် လွတ်မြောက်ရေးအဖွဲ့  အနေနဲ့  မြန်မာပြည်တငွ် စစ်အာဏာရှင်စနစ် မလွဲမသွေပြုတ်ကျရမည်ဟု ယုံကြည်သည်။ ၂၀၀၉ - ၂၀၁၀ ခုနှစ်တငွ် စစ်အာဏာရှင်အနေဖြင့် စီးပွားရေးအခက်အခဲကို မလွဲမသွေ ရင်ဆိုင်ရမည်။ မိမိတို့ အနေဖြင့် ၄င်းအခွင့်အရေး ရောက်လာမည့်အချိန်ကို အဆင်သင့်ပြင်ထားရမည် ဖြစ်သည်။ ပြည်တငွ်းရှိတိုက်ပွဲဝင်လူငယ်များအနေဖြင့် စိတ်ဓါတ်ရေးရာပိုင်းဆိုင်ရာအရ ပြင်ဆင်ထားရန် အရေးကြီးသည်။ မိမိတို့ ကိုယ်တိုင် ကြားဖြတ်အစိုးရကို ဦးဆောင်နိုင်လောက်သည်အထိ စိတ်ဓါတ်ရေးရာ၊ ဥာဏ်ပညာအရည်အချင်း၊ အတတ်ပညာ အသိပညာရေးအရည်အချင်းများတွင် အဆင်သင့်ဖြစ်နေပါပြီလား။ ဒီအချက်သည် အရေးကြီးပေသည်။ မိမိတို့  တစ်ဦးချင်းအနေဖြင့် အဆင်သင့်မဖြစ်သေးပါက တော်လှန်ရေးတစ်ရပ်လုံးသည်လည်း အဆင်သင့်ဖြစ်ရန် လိုအပ်နေပေသေးသည်။ မိမိတို့ ကိုယ်တိုင်နှင့် တော်လှန်ရေးတစ်ရပ်လုံး အဆင်သင့်အနေအထားသို့  အမြန်ဖြစ်ပေါ်စေရန် ယခုကပင်လျှင် လိုအပ်သည်များကို လျင်မြန်စွာ ဆောင်ရက်ွကြရန် လိုအပ်ပေသည်။ ပြည်တငွ်းမှ လူငယ်များအား ‘မင်းတို့ ကိုယ်တိုင် ကြားဖြတ်အစိုးရကို ဦးဆောင်ရမယ်” ပြောကြားသောအခါတိုင်းတွင် တီကောင် ဆားနဲ့ တို ခ့ံရသကဲ့သို့  တွန် သ့ွားကြတာ တွေ့ ရှိရသည်။ “ကျွန်တော်တို့ က နိုင်ငံရေး အမျိုးသားရေးဘဲလုပ်တာ၊ အာဏာယူဖို့  မဟုတ်ဖူး” ဟု ပြောကြပါသည်။ ယခုလို ပြောကြားမှုသည် မှန်ကန်သလိုလိုရှိသော်လည်း မှားယွင်းနေပေသည်။ ၁၉၈၈ ခုနှစ်နှင့် ယခင့်ယခင်ကာလများတုန်းမှ အာဏာရှင်အား တော်လှန်ဆန့် ကျင်ခြဲ့ ကသော လူငယ်များလည်း ယခုကဲ့သို့ ပင် အလားတူပြောဆိုခဲ့ကြသည်။ ဒီပြောကြားချက်ဟာ တော်လှန်ရေးတစ်ရပ်ဆင်နတွဲ့ အဲ ခါမှာ မှားယွင်းသော ပြောဆိုချက်ပင် ဖြစ်သည်။ ဒီလိုပြောကြားချက် ဖြစ်ပေါ်ရခြင်း အကြောင်းဇစ်မြစ်မှာ အာဏာရှင်အုပ်စု၏ “နိုင်ငံရေးသမားတွေဟာ အာဏာကို ဖြတ်လမ်းကနေ ယူချင်နေကြတယ်” လို့ ဆိုတဲ့ ၀ါဒဖြန့် မှိုင်းတိုက်သော စကားကြောင့်သာ ဖြစ်သည်။ ဒီအချက်နဲ့ ပတ်သက်ပြီး ဆက်ပြောဆိုလိုသည်မှာ အချို့ သောသူများ ပြောဆိုနေသည့် “လူထုတိုက်ပွဲနဲ့  စစ်အာဏာရှင်အုပ်စုကို ဘယ်လိုမှ မနိုင်နိုင်တော့ဘူး” “ရှစ်လေးလုံးနဲ့  ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာမှ မနိုင်ခဲ့တာကြောင့် ဘယ်တော့မှ ဒီလိုတိုက်လို့  ရနိုင်တော့မှာ မဟုတ်ဘူး” စသဖြင့် စကားသံများ ကြားရသည်။ “စစ်အာဏာရှင်အုပ်စု ပေးသလောက်သာ တစ်ကျပ်ဖိုး ပေးလျှင် တစ်ကျပ်ဖိုးဘဲ ယူမယ်။ တဖြည်းဖြည်းနဲ့ သာ ပြောင်းလဲသွားအောင် ကြိုးစားတော့မယ်” အစရှိသဖြင့်လည်း ပြောဆိုနေသံ ကြားရပါသည်။

ထိုကဲ့သို့ ဆိုလျှင် ကုန်ဆုံးခဲ့သော ၁၉၈၈ ခုနှစ်မှစပြီး အနှစ် (၂၀) ကို ပြန်ကြည့်ပါလျှင် (၁၉၆၂ ခုနှစ်မှ စပြီး တွက်လျှင် (၄၆) နှစ် ရှိပြီဖြစ်သည်) - တစ်နှစ်ကို အနည်းဆုံး တစ်ရာခိုင်နှုန်းနဲ့  တိုးတက်ခ့မဲ ယ်ဆိုလျှင် “တဖြည်းဖြည်းနဲ့ ပြောင်းလဲမယ်” ဆိုတဲ့ အတွေးအခေါ်ကို လက်ခံနိုင်ကောင်းပါရဲ့ ။ ကမ္ဘောဒီယားနိုင်ငံလို၊ ဗီယက်နမ်နိုင်ငံလို၊ အင်ဒိုနီးရှားနိုင်ငံလို ပြောင်းမယ်ဆိုတဲ့ အနေအထားမျိုးပါ။ သို့ သော် လက်ရှိဖြစ်ပျက်နေသောအနေအထားတွင် ကျွန်တော်တို့  မြန်မာနိုင်ငံမှာ ခေတ်နောက်ပြန်ဆွေဲ နပါသည်။ ပိုပိုပြီး ဆိုးရွားနေသော အနေအထားဖြစ်ပါသည်။ ထို့ ကြောင့် “တဖြည်းဖြည်းပြောင်းလဲမယ်ဆိုတဲ့” အယူအဆဟာ လုံးဝလက်တွေ့ မဆန်သလို ဖြစ်နိုင်ခြေ အနည်းပါဆုံးဖြစ်ပါသည်။ ထို့ အတူ အချို့ သောသူများမှလည်း ပြောဆိုကြပါသည်။ “စစ်အာဏာရှင်အုပ်စု ဒီလောက်ဆိုးရွားနေတာ မင်းတို့ အတိုက်အခံတွေက ဆန့် ကျင်ပြီး အပြုတ်တိုက်ရေးလမ်းစဉ်ကို ကိုင်ဆွေဲ နလို့ တဲ့”။ ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့  NLD အနေနဲ့  အမျိုးသားသင့်မြတ်ရေးကို ကိုင်အော်လာတာ ဘယ်လောက်ကြာပြီလည်း၊ စစ်အာဏာရှင်အုပ်စုရဲ့  အဖြေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းမှာ လုပ်ကြံဖို့  ကြိုးစားရင်းနဲ့  အခုနောက်ဆုံးက မျိုးဆက်သစ်ခေါင်းဆောင်တွေကို နှစ်ရှည်ထောင်ချခြင်းဘဲ ဖြစ်တယ်။ ဒါကြောင့် လက်တွေ့ အဖြေမှာ ကျွန်တော်တို့ အနေနဲ့  စစ်အာဏာရှင်အုပ်စုဆမှီာ လက်ဖြန့် တောင်းမနေဘဲ ပြည်သူ့ အခွင့်အရေးကို အပြည့်အ၀ အကာအကွယ်ပေးနိုင်မယ့် ကြားဖြတ်အစိုးရတစ်ခုပေါ်ပေါက်အောင် မရမနေတိုက်ရမယ်ဆိုတာ ထင်ရှားတဲ့ အဖြေဖြစ်ပါသည်။ ပြီးခဲ့သော တော်လှန်ရေးများ ဘာကြောင့် မအောင်မြင်ခ့ရဲ သလည်း။ ကြားဖြတ်အစိုးရပေါ်ပေါက်သည်အထိ ရပ်ကကွ်၊ မြို့ နယ်၊ တိုင်းအဆင့်အထိ စနစ်တကျဖွဲ့ စည်းပြီး တိုက်ပွဲ မဆင်နွခဲ့ကြလို့  ဖြစ်သည်။ ၁၉၈၈ ခုနှစ်အရေးတော်ပုံကြီးတွင် ကြားဖြတ်အစိုးရပေါ်ပေါက်လုနီးပါး ဖြစ်လဲ့ပေမယ့် အောင်မြင်စွာ မဖွဲ့ စည်း မပေါ်ပေါက်ဖြစ်ခ့ပဲါ။ ပြည်သူတွေအနေနဲ့ ရော တက်ကြွစွာတော်လှန်တိုက်ပွဲဝင်နေသူတွေအနေနဲ့ ရော ကြားဖြတ်အစိုးရပေါ်ပေါက်သည်အထိ ဘယ်လိုရအောင်တိုက်ပွဲဆင်နွဲမလည်းဆိုတဲ့ ပြင်ဆင်မှုမရှိခ့တဲာကြောင့် ဖြစ်သည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင်လည်း ထိုက့သဲို့ ပင် ပြင်ဆင်မှုများ အားနည်းကာ ကြားဖြတ်အစိုးရပေါ်ပေါက်ရေးဆီ ဦးမတည်ခ့ဖဲူး။ စစ်အာဏာရှင်အစိုးရထံ မည်သည့်အချက်တွေပေးပါဟုသာ တောင်းဆိုမှုသာ ရှိခ့သဲ ည်။ စစ်အုပ်စုထံ လိုချင်တာတွေ လက်ဖြန့် တောင်းနေသကဲ့သို့  ဖြစ်သည်။ ကျွန်တော်တို့ ပြည်သူတွေ တက်ကြွစွာတော်လှန်တိုက်ပွဲဝင်နေသူတွေအနေနဲ့  စိတ်ဓါတ်ရေးရာပိုင်းဆိုင်ရာအရရော လက်တွေ့ ဆောင်ရက်ွမှုအရရော တော်လှန်ရေးတစ်ရပ်မှာ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ ကြားဖြတ်အစိုးရ ဖွဲ့ စည်းနိုင်သည်အထိ အစစအရာရာမှာ ပြင်ဆင်မှုမရှိ အဆင်သင့်အနေအထား မဖြစ်ခဲ့လို့  ဖြစ်သည်။ နောက်ထပ် ထပ်မံပေါ်ပေါက်မည့် ပြည်သူလူထုအုံကြွမှုဖြစ်ခဲ့လျှင် ကျွန်တော်တို့  ပြည်သေူတအွ နေနဲ့  ကြားဖြတ်အစိုးရဖွဲ့ စည်းနိုင်သည်အထိ ကြိုတင်မပြင်ဆင်ထားပါက ယခင်ကကဲ့သို့ ပင်လျှင် ဖြိုခွဖျဲက်ဆီးခံရမည် ဖြစ်သည်။

ယခုလို ကြားဖြတ်အစိုးရဖွဲ့ စည်းရေးသည် တော်လှန်ရေးတစ်ရပ်တငွ် အရေးအကြီးဆုံး အဆင့်အမြင့်ဆုံး အနေအထားဖြစ်ခြင်းကြောင့် ကျွန်တော်တို့  ပြည်သူတွေအနေနဲ့  မည်က့သဲို့  ပြင်ဆင်ဆောင်ရွက်ထားသင့်သနည်း။ ပထမဦးစွာ - မိမိတို့  ပြည်သူတစ်ဦးချင်းစီတိုင်း တက်ကြွစွာတော်လှန်တိုက်ပွဲဝင်နေသူတစ်ဦးချင်းစီတိုင်းက ကြားဖြတ်အစိုးရဖွဲ့ စည်းနိုင်မှ၊ ကြားဖြတ်အစိုးရဖွဲ့ စည်းမှသာ တော်လှန်ရေးအောင်မြင်စွာ ဆင်နနွဲိုင်မည်ဆိုသည့် အချက်ကို စိတ်ဓါတ်ရေးရာပိုင်းအရ ခိုင်မာစွာ ယုံကြည်ကြရမည် ဖြစ်သည်။ စစ်အာဏာရှင်အုပ်စုအား အမြစ်ပြုတ် တိုက်ထုတ်ရန် ပြည်သူတို့ ၏ ကြားဖြတ်အစိုးရတစ်ရပ် ပေါ်ပေါက်ရေးအတွက် မဖြစ်မနေကြိုးစားပြင်ဆင်ထားကြရမည်ဟု သံဓိဌာန်ပြုကာ စိတ်ဓါတ်ခိုင်ခံ့စွာ ဖြင့် အစဉ်မပြတ် ကြိုးစားဆောင်ရွက်နေရမည် ဖြစ်သည်။ ယုံကြည်ချက်ကို မြှင့်တင်ပြီး ပန်းတိုငထိပ်ဆုံးအထိ ရည်မှန်းရပါမည်။ ဒီလို စိတ်ဓါတ်ရေးရာပိုင်းဆိင်ုရာ ယုံကြည်ချက်၊ ခံယူချက်နဲ့  ဆုံးဖြတ်ချက်တွေ ခိုင်ခံပြီဆိုလျှင် ၁။ မိမိကိုယ်တိုင်က ဘာတွေပြင်ဆင်ထားမှာလည်း၊ ပြင်ဆင်ထားပြီးပြီလည်း။ ၂။ မိမိလုပ်ဆောင်မည့် လုပ်ဆောင်မှုသည် ပြည်သူ့ ကြားဖြတ်အစိုးရတစ်ရပ် ပေါ်ပေါက်လာရေးအတွက် ရည်ရွယ်ကာ မည်ကဲ့သို့  ပါဝင်ဆောင်ရက်ွမည်နည်း။ ၃။ မိမိတို့ တစ်ဦးချင်းအနေနဲ့ သာမက အဖွဲ့ အစုအနေနဲ့ ရော အဆင်သင့်ဖြစ်ပြီလား။ မိမိတို့ အနေနဲ့  အဆင်သင့်ဖြစ်ပြီဆိုလျှင် အခြားသော အစုအဖွဲ့ များရော အဆင်သင့်ဖြစ်တ့အဲ နေအထားရောက်ပြီလား။ အစရှိသည့် အချက်များကို ဆန်းစစ်သုံးသပ်ရပါမည်။ မိမိတို့  လုပ်ဆောင်ချက်များသည် ပြည်သူတွေကို လှုံ့ ဆော်ဖို့ ဆောင်ရက်ွလျှင် မည်မျှအချိန်ကြာကြာ အချိန်ယူပြီး လှုံ့ ဆော်မှာလည်း။ ပြည်သူတွေကို နှိုးဆော်ရုံမျှသာ ဆောင်ရက်ွမှာလား - အစရှိသည်တို့ ကိုလည်း သုံးသပ်ရမည် ဖြစ်သည်။ ပြည်သူတွေကို နှိုးဆော်သည့် လုပ်ရပ်များကိုသာ ဆောင်ရက်ွနေပြီး ပိုမိုအရှိန်မြှင့်တင်သင့်သည့်၊ ထပ်မံတိုးမြှင့်သင့်သည့် တော်လှန်ရေးတိုက်ပပွဲုံစံများကို မဆောင်ရွက်ဘေဲ နပါက စစ်အာဏာရှင်အုပ်စု၏ မတရားဖမ်းဆီးခံရမှုများဖြင့်သာ မိမိတို့ အင်အားများ တဖြေးဖြေး ဆုံးရှုံးကြရသည့် အခြေအနေနှင့် ကြုံရပေမည်။ သမင်မွေးရင်း ကျားစားရင်းနဲ့  ဖြစ်နေပေမည်။ စစ်အာဏာရှင်အုပ်စု၏ မတရားဖမ်းဆီးမှုကြောင့် ထောင်ကျခံရရုံ၊ အသေခံရရုံဖြင့် တော်လှန်ရေးအောင်မြင်မည် မဟုတ်။ သာမန်လုပ်ရပ်များဖြင့်သာ စစ်အာဏာရှင်အား ဆန့် ကျင်နေပါက ရိုင်းစိုင်းစွာ ဖိနှိပ်ဖြိုခွေဲ လ့ရှိသည့် အာဏာရှင်အုပ်စုအပေါ် အောင်ပခွဲံနိုင်မည် မဟုတ်ပေ။

ထို့ ကြောင့် ကျွန်တော်တို့  ပြည်သူတွေအနေဖြင့် - မိမိတို့  အင်အားများကို မလိုအပ်ဘဲ ဆုံးရှူံးခြင်းမျိုး မဖြစ်ရလေအောင် မိမိတို လုပ်ဆောင်ချက်များကို သေသေချာချာ စီစဉ်ဆောင်ရကွ် ထိန်းသိမ်းရပါမည်။ မိမိတို့  လှုပ်ရှားမှုများအတွက် အင်အားသစ်များကို တိုးချဲ့ ရပါမည်။ မိမိတို့  အင်အားများကို စနစ်တကျ ဖွဲ့ စည်းဆောင်ရွက်ရပါမည်။ မိမိတို့ အင်အားများကို လုပ်ဆောင်မည့် လုပ်ရပ်ပုံသဏ္ဍန်ပေါ် မူတည်ပြီး ထိုက်သင့်သလောက်သာ သုံးစွရဲ ပါမည်။ မိမိတို့  အင်အားများဖြင့် အာဏာရှင်ဆန့် ကျင်ရေး လုပ်ဆောင်မှုများတွင် ပိုမိုမြှင့်မားစွာ ဆောင်ရက်ွရပါမည်။ မိမိအင်အားများဖြင့် တော်လှန်ရေး၏ အဓိကပန်းတိုင်ဖြစ်သည့် ပြည်သူ့ ကြားဖြတ်အစိုးရတစ်ရပ်ပေါ်ပေါက်အောင်နှင့် ပါဝင်ဆောင်ရွက်နိုင်အောင် လုပ်ဆောင်ရပါမည်။ ဒီနေရာတွင် အချို့ သော လူငယ်များမှ မေးမြန်းမှုများ ရှိပါသည်။ “ကျွန်တော်တို့  အစိုးရတစ်ရပ် လုပ်ဆောင်နိုင်တဲ့ အခြေအနေ အရည်အချင်း မရှိဘူး” တဲ့။ ဒီပြောဆိုချက်သည် မိမိတို့ ၏ ယုံကြည်ချက် ခံယူချက်နှင့် မိမိတို့  ကိုယ်ပိုင်အရည်အသွေးများကို မိမိတို့ ဘာသာ အားပျော့စေသော ပြောဆိုချက်ဖြစ်သည်။ ယခုလို မိမိတို့  အင်အား အရည်အသွေးကို နိမ့်ကျစေသော ပြောဆိုမှုများကို ဖယ်ရှားပြစ်ရပေမည်။ အစိုးရတစ်ရပ်ဖွဲ့ စည်းဆောင်ရွက်ရာတွင် အောက်ခြေမှ အထက်အထိ အဆင့်ဆင့် ဆောင်ရက်ွရသည့် အသီးသီး တာဝန်ယူရသည့် အခြေအနေဖြစ်သည်။ တစ်ဦးချင်းမှသည် တစ်ဖွဲ့ ၊ တစ်ဖွဲ့ မှသည် တစ်ရပ်ကွက်၊ တစ်ရပ်ကွက်မှသည် တစ်မြို့ နယ်၊ တစ်မြို့ နယ်မှသည် တစ်တိုင်း၊ တစ်တိုင်းမှသည် တစ်ပြည်နယ်၊ တစ်ပြည်နယ်မှသည် တစ်နိုင်ငံအထိ အဆင့်ဆင့် ဖွဲ့ စည်း ဆောင်ရက်ွသွားရသည်။ ထို့ အတွက် ပြည်သူများ တက်ကြွစွာဆောင်ရက်ွသူများ လူငယ်များအနေဖြင့် အာဏာရှင်အုပ်စုအား ဆန့် ကျင်တော်လှန်တိုက်ပွဲဝင်ရာတွင် ယခုက့သဲို့ သော အဆင့်ဆင့်ဖွဲ့ စည်းမှုများကို မဖြစ်မနေ ဆောင်ရွက်မှသာ တော်လှန်ရေး ပန်းတိုင်သို့  အင်တိုက်အားတိုက် ချီတက်ရောက်ရှိမည် ဖြစ်သည်။ သု့ မဟုတ်ပါက လက်ရှိ အင်အား အစုအဖွဲ့ ငယ်လေးများဖြင့်သာ ကျေနပ်ပြီး လှုပ်ရှားနေမည်ဆိုပါက အချိန်ကြာလာသည်နှင့်အမျှ အင်အားများ တဖြေးဖြေး လျှော့ပါးသွားပေမည်။ ထို့ ကြောင့် စစ်အာဏာရှင်စနစ်အုပ်ချူပ်မှုကို မလိုလားသူတိုင်း ဖယ်ရှားလိုသူတိုင်း မိမိတို့  တစ်ဦးချင်းလှုပ်ရှားမှုမှသည် အစုအဖွဲ့ လှုပ်ရှားမှုသို့  တိုးမြှင့်ဆောင်ရက်ွပါ။ အစုအဖွဲ့ ငယ်မှသည် ရပ်ကွက် မြို့ နယ် တိုင်း ပြည်နယ် တစ်နိုင်ငံလုံးအတိုင်းအတာအထိရောက်အောင် အင်အားများကို စည်းရုံးတိုးချဲ့  စနစ်တကျဖွဲ့ စည်းကာ အာဏာရှင်အား စိန်ခေါ်တိုက်ထုတ်နငိုမည့် ပြည်သူ့ ကြားဖြတ်အစိုးရတစ်ရပ်အသွင်ဖေါ်ဆောင်ကာ လုပ်ဆောင်ကြပါ။ သာမန်လှုပ်ရှားမှုများဖြစ်သည့် ပြည်သူများအား လှုံ့ ဆော်သည့် လုပ်ရပ်များမှသည် ပိုမိုအားကောင်းသည့် လက်တွေ့ ကျကျ တော်လှန်ရေးလုပ်ငန်းများကို ဆောင်ရက်ွပါ။ မိမိကိုယ်ကို အာဏာရှင်အား ဆန့် ကျင်တော်လှန်သည့် တော်လှန်ရေးသမားတစ်ယောက်အဖြစ် အပြည့်အ၀ ခံယူကာ အာဏာရှင်ဆန့် ကျင်ရေးလှုပ်ရှားမှုများကို ပီပီပြင်ပြင် ဆောင်ရွက်ပါ။ ထိုသို့  မိမိတို့  တစ်ဦးချင်းစီမှ အထက်ဖေါ်ပြပါအတိုင်း လုပ်ဆောင်ပါက စစ်အာဏာရှင်အုပ်စုအပေါ် မလွဲမသွေ အောင်ပအွဲ မြန်ခံနိုင်မည်ဖြစ်ပြီး ပြည်သူများအားလုံး လိုလားတောင့်တနေတဲ့ လွတ်လပ်ရေးကို ရမှာ အမှန်ပါ။ ယခုကသ့ဲို့ သာ စနစ်တကျ ထိထိရောက်ရောက်

ဖွဲ့ စည်းဆောင်ရွက်ပါက နိုင်ငံတကာမှလည်း လက်တွေ့  အားပေးမှုများ ဧကန်ရရှိမည်မှာ သေချာပေသည်။ မိမိတို့  လုပ်ဆောင်မှုများပေါ်တွင် အများကြီး မူတည်နေပေသည်။ ဒီလို ပြည်သူ့ အစိုးရတစ်ရပ်ဖေါ်ဆောင်နိုင်ဖို့  ပါဝင်ဆောင်ရက်ွနိုင်ဖို့ ကို မိမိတို တ့  စ်ဦးချင်းစီတိုင်းက ခိုင်ခိုင်မာမာ ယုံကြည်ပါ။ မိမိတို့ အရည်အသွေးကို အပြည့်အ၀ ယုံကြည်ပါ။ စိတ်ဓါတ်အင်အား လူအင်အားအပြည့်ဖြင့် ဆောင်ရွက်ပါ။ တိုင်းပြည်နဲ့  ပြည်သူအကျိုးကို ဦးတည်ပြီး ရဲရ၀ဲ န် ၀့  န့်  ပြတ်ပြတ်သားသား ဆောင်ရွက်ပါ။ မိမိကိုယ်မိမိ တော်လှန်ရေးအာဇာနည်အဖြစ် ခံယူပြီး တော်လှန်ရေးကို အမြင့်မားဆုံးအနေအထားရောက်အောင် ပန်းတိုင်ရောက်သည်အထိ ပြီးဆုံးသည့်တိုင်အောင် လုပ်ဆောင်ကြပါ။ အာဏာရှင်စနစ်ကို ဆန့် ကျင်တိုက်ပွဲဝင်တ့ေဲ နရာမှာ အချိန်ကို ထိုင်စောင့်နေလို့  မရပါ။ လက်ရှိအခြေအနေကို ကျေနပ်နှစ်သိမ့် နေလို့ မရပါ။ ရှိတဲ့ အင်အားလောက်ကိုသာ ရောင့်ရေဲ နလို့  မရပါ။ မပြည်ဝ့  သေးတဲ့ အရည်အသွေးလောက်ကိုသာ အားထားနေလို့  မရပါ။ အခြားသူများ အများအား အားကိုးနေလို့  မရပါ။ မိမိကိုယ်တိုင်သာလျှင် အစဖြစ်သည်။ မိမိကိုယ်တိုင်က စတင်ဦးဆောင်သော အနေအထား ရှိနေရမည်။ မိမိကိုယ်တိုင်က အာဏာရှင်အား ဆန့် ကျင်တော်လှန်သူ ဖြစ်နေရမည်။ မိမိ ကိုယ်တိုင်က ပြည်သူ့ အစိုးရတစ်ရပ် ပေါ်ပေါက်ရေးအတွက် ပါဝင်လုပ်ဆောင်သူ ဖြစ်နေရမည်။ အာဏာရှင်စနစ်အား တော်လှန်ရန်အတွက် ပြည်သူတစ်ယောက်အနေဖြင့် အဆင်သင့် ဖြစ်နေရပါမည်။ ကျွန်တော်တို့  မြန်မာပြည် လွတ်မြောက်ရေးအဖွဲ့  (FREE BURMA FEDERATION) အနေဖြင့်လည်း အထက်ဖေါ်ပြပါ ပြည်သူ့ အစိုးရတစ်ရပ်ပေါ်ပေါက်ရေးအတွက် တစ်ဦးချင်စီတိုင်းမှ အခြားပြည်သူများနှင့်အတူ အဆင်သင့်အနေအထားရောက်အောင် ပြင်ဆင်ဆောင်ရက်ွသွားမည် ဖြစ်သည်။ ပြည်သူ့ အစိုးရတစ်ရပ်ပေါ်ပေါက်ရေးအတွက် လိုအပ်သော ပြင်ဆင်မှုအပိုင်းများအားလည်း ဆက်လက်တင်ပြသွားမည် ဖြစ်သည်။ မြန်မာပြည် လွတ်မြောက်ရေးအဖွဲ့  (FREE BURMA FEDERATION) ။

Related Documents