For Preparation

  • April 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View For Preparation as PDF for free.

More details

  • Words: 790
  • Pages: 3
သာသနာတော်ကို အသက်သဖွယ်မြတ်နူိး ကြသော သံဃာတော်များအား လျှောက်ထားလွှာ သံဃာတော် အရှင်သူမြတ်တို့ဘုရား တပည့်တော်တို့ သာသနာတော်သည် နှစ်ပေါင်း ၂၅၀၀ ကျော် သက်တမ်းကာလအတွင်း သာသနာပြုမင်းကောင်းများနဲ့ ကြုံခဲ့ရသလို

သာသနာဖျက် မင်းဆိုးမင်းညစ်များနဲ့လည်း ကြုံခဲ့ရပါတယ်ဘုရား။ တပည့်တော်တို့ မြန်မာပြည်မှာလည်း အလားတူအဖြစ်မျိုးနဲ့ ကြုံတွေ့ ခဲ့ရပါတယ်ဘုရား။ အထူးသဖြင့် အင်းဝခေတ်က သိုဟန်ဘွားမင်းဟာ ရဟန်းသံဃာပေါင်း ၃၀၀၀ ကျော်ကိုသတ်ဖြတ် ဘုရားဟော

ပိဋ္ဋကတ်တော်များကို မီးရှို့ဖျက်ဆီး တော်မူခဲ့ပါတယ်ဘုရား။ အလားတူ အခုအခါမှာလည်း ကိုယ့်ကိုယ်ကို နထင်သွေးရောက်ပြီး ဘုရင်ရှုးနေတဲ့ သန်းရွှေဟာလည်း စားစရာမရှိတဲ့အချိန်မှာ နေပြည်တော်ဆိုပြီး မြို့တော်ကိုပြောင်း အပြစ်တွေများပြီး တုန်လှုပ် ခြောက်ခြား နေတဲ့ အတွက်

အကုသိုလ် ပြေဖို့ ဥပ္ပာတသန္တိစေတီကိုတည်၊ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြနေကြတဲ့ သံဃာတော်တွေကို ရက်ရက် စက်စက် လူရှေ့ သူရှေ့ မရှောင် သေနတ်များနဲ့ ပစ်ခတ်သတ်ဖြတ် ခဲ့ကြသည်မှာလည်း အရှင်ဘုရားများ အသိပင် ဖြစ်ပါသည်ဘုရား။ ဒါ့အပြင် ဘာမဆိုင် ညာမဆိုင် ညသန်းခေါင် အချိန်မှာ ကျောင်းတိုက်ပေါင်း ၆၀ ကျော်ကို ရှေ့တန်းစစ်မျက်နှာသဖွယ် အတင်းတလကြမ်း တိုက်ခိုက် သံဃာတော် တွေကို

ရိုက်သတ် ခေါ်ဆောင်သွားပြီး သံဃာတော်ပေါင်း ၂၀၀ ကျော်ကို မတရားနှိပ်စက် အကျဉ်းချ ထားသည် မှာလည်း အရှင်ဘုရားများ အသိပင်

ဖြစ်ပါသည်ဘုရား သို့သော် နိုင်ငံတော် ဆွဲခန့် မဟာနာယကဆရာတော်ကြီးများဟာ ဤကိစ္စများကို လုံးဝ ကန့်ကွက်ခြင်း မရှိ နအဖစစ်အုပ်စုရဲ့ လာဘ်လာဘနဲ့ ပါစပ်ပိတ်ခြင်း ခံနေရပါသည်ဘုရား။ မဟန ဆရာတော်ကြီး များလည်း လက်ကိုင်ဖုန်း၊ ကားလိုင်စင်များပေးပြီး သိမ်းသွင်း စည်းရုံးပြီး လောဘရဲ့ သားကောင်များအဖြစ် မွေးမြူထား ကြသည်မှာလည်း အရှင်ဘုရားများအသိပင်ဖြစ်ပါသည်ဘုရား။ ဆရာတော်ကြီးများကိုယ်တိုင် လာဘ်စားနေတာသိနေပါလျှက် လုံးဝ

အရေးယူခြင်း မရှိ သေဖော်ညှိနေကြ ပေါင်းစား နေကြသည်မှာလည်း သံဃာအများစု သိနေကြပါသည်ဘုရား။ ဤအခြေအနေ အရပ်ရပ်ကို

ကြည့်သော အားဖြင့် တချိန်က ထေရ၀ါဒ အထွန်းကားဆုံး မြန်မာနိုင်ငံဟာ သာသနာ့ ဘေးရန် ကျရောက်နေပြီး အင်္ဂုတ္ထိုပါဠိမှာ ဘုရား ဟောခဲ့တဲ့ သာသနာကွယ်ကြောင်းတရားများနဲ့လည်း အတော်ကိုက် နေကြောင်းလည်း သံဃာတော်အများစုက လက်ခံထား ကြပါသည် ဘုရား။

တပည့်တော်တို့ သံဃာတော်များသည် သာသနာတော်၏ရှေ့တမ်းက အသေခံတပ်သားများသဖွယ် မားမားမတ်မတ် ရပ်တည် ရမည်မှာ တပည့်တော်တို့ အဓိက တာဝန်ဖြစ်ပါတယ်ဘုရား။ တပည့်တော်တို့ဟာ အခုလို သာသာနာ့ဘေးရန် ကြရောက်တဲ့ အချိန်မှာ ဘုရား

အလောင်းသူတော် ကောင်းများ၏ လမ်းစဉ်အတိုင်း သာသနာတော်ကို အသက်ပေး၍ ကာကွယ်ရန် အချိန်ကျရောက် နေပါပြီ ဘုရား။ တပည့်တော်တို့ မြန်မာပြည်သား များဟာလည်း ကမ္ဘာ့အလယ်မှာ မျက်နှာငယ်လေးများနဲ့ စိတ်အားငယ် နေကြပါသည် ဘုရား။

တပည့်တော်တို့ရဲ့ အမျိုးဂုဏ် ဇာတိဂုဏ်ကို ကာကွယ်ရန်အချိန်မှာ အရှင်ဘုရားများအတွက် အကောင်းဆုံး အချိန်ဖြစ်ပါသည် ဘုရား။ အခုလိုလုပ်ဆောင်တာဟာ တပည့်တော်တို့ဘုရားအလောင်းများ ကျင့်သုံးခဲ့တဲ့ ဥာတတ္ထစရိယ မိမိရဲ့ ဆွေတော် မျိုးတော်များ အတွက်

ကျင့်ခြင်း၊ လောကတ္ထစရိယ လောကကောင်းကျိုးအတွက်ကျင့်ခြင်း ဆိုတဲ့ ဘုရားအလောင်းကျင့်စဉ်များကို လိုက်နာ ကျင့်သုံးသည့် အတွက် ပါရမီဖြည့်ရာလည်းရောက်ပါသည်ဘုရား။ ဘုရားအလောင်းများဟာ မည်သည်ရ့  န် မည်သည့်ပြဿနာ မည်သည်အ့  ခက်အခဲမဆို မိမိရဲ့ပညာပါရမီအစွမ်းဖြင့် လွယ်လွယ်နဲ့ အနိင်ုယူ ဖြေရှင်းနိုင်ခဲ့သည်ကို ငါးရာငါးဆယ်ဇာတ်တော်လာ ၀ဍ္ဎကီသူကရဇာတ်( ဒု၊စာ-၅၈၁) လဋ္ဋုကိကဇာတ်(တိ၊စာ-၃၃) တို့မှာ အထင်းအရှား တွေ့နိုင်ပါသည်ဘုရား။ ဒီဇာတ်တော်တွေဟာ တပည့်တော်တို့ မြန်မာပြည်လွတ်မြောက်ရေးအတွက် အဖြေပါပဲဘုရား။ တပည့်တော်တို့

နိုင်ငံတစ်ခုလုံးမှာ လူမိုက် လူရမ်းကား အများစုသာ ယယက မယကအစ အထက်အဆင့်ဆင့်နေရာ ရာထူးများကို ရယူထားပြီး အဓမ္မသမားများ လွှမ်းမိုးထွန်းကားရေးကို ဦးစားပေး လုပ်ဆောင်နေသည်မှာ ထင်ရှားပါသည်ဘုရား။ အဓမ္မသမား လူရမ်းကားများဟာ အဓမ္မသမားများကို ဦးစားပေးသည်မှာ မထူးဆန်းပါဘူး ဘုရား။ ဤကဲ့သို့ အဓမ္မသမားလူရမ်းကားများ ထွန်းကားနေသည့်အတွက် တိုင်းပြည်မှာ သူခိုး ဓားပြ

လူသတ်မှုများ နေ့စဉ်ဆိုသလို ဖြစ်နေပါတယ်ဘုရား။ သံဃာတော်အရှင်မြတ်များကို အထူး လျှောက်ထား လိုသည်မှာ တပည့်တော်တို့ နိုင်ငံကို အဓမ္မသမားများကို ဖယ်ရှား၍ ဓမ္မသမားများနဲ့ အစားထိုးရေးကို လုပ်ဆောင်ရန် အချိန်တန်ပါပြီ ဘုရား။ ဓမ္မသမားအစားထိုးရေးလမ်းစဉ်မှာ အရှင်ဘုရားတို့ နယ်အသီးသီးရှိ တောရွာ မြို့ငယ်များတွင် လက်ရှိ မတရား အာဏာရ ယူထားသော ရယက မယကများကို ကိုယ့်ဘက်

ပါအောင် ဆောင်ရွက်တော်မူပါ ဘုရား အကယ်၍ မပါခဲ့လျှင် ရသည့်နည်းဖြင့် ဖြုတ်တော်မူပါ ဘုရား။ မိမိကျေးရွာတွင် ရယကသည် လူထု အပေါ် အနိုင်ကျင့်လျှင် ရွာသားများကို ၎င်းယယကအိမ်ကို ပုဏ္ဏကတိုက်ဖို့ မိမိနှင့် သဘောတူသူ များနှင့် ဆောင်ရွက်တော်မူပါ ဘုရား။ တဖြည်းဖြည်းချင်း မိမိရပ်ရွာကို အုပ်ချုပ်နိုငေ် အာင် တကာနှစ်ဦး လူငယ် ကျောင်းသား နှစ်ဦးဖြင့် ဆောင်ရွက်တော်မူပါဘုရား။ ဤနည်းဖြင့် မိမိရပ်ရွာထဲတွင် လွတ်လပ်စွာ လှုပ်ရှားခွင့် လွတ်လပ်စွာဟောပြောခွင့် လွတ်လပ်စွာ စည်းရုံးခွင့် ဆိုတဲ့ အခြေခံ ဒီမိုကရေစီတရားများကို

ရပ်ရွာများမှ စတင် ကျင့်သုံးတော်မူကြပါဘုရား။ တပည်ေ့  တ်ာတို့ဟာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးတို့ကို တပည့်တော်တို့ကိုယ်တိုင် စတင် ကျင့်သုံး ကြပါစို့ဘုရား။ တပည့်တော်တို့ဟာ ဒီမိုကရေစီမသိ ငြိမ်းချမ်းရေးမရှိတဲ့ နအဖစစ်အုပစ်ုထံ လိပ်ခေါင်းအထွက်ခံပြီး အော်တောင်း

နေခဲ့လို့ အနှစ် ၂၀ အချိန်ကြာသွားခဲ့ပါတယ် ဘုရား။ တပည့်တော်တို့ ငြိမ်းချမ်းရေး လူ့အခွင့်အရေးတို့ကို သူတို့ဆီက မတောင်းပဲ ကိုယ်တိုင် ကျင့်သုံးပြီး တတိုင်းပြည်လုံး ပိုမို ပြန့်ပွားအောင် ဆောင်ရွက် ကြပါစို့ဘုရား။ အထက်နအဖအာဏာပိုင်များက ပေးသမျှ မတရားသည့်

အမိန့်များကို တဖြည်းဖြည်းချင်း ဖီဆန်ကြပါဘုရား။ ဤကဲ့သို့ရွာပေါင်းများစွာ မြို့နယ်ပေါင်းများစွာက မိမိ ရပ်ရွာ အုပ်ချုပ်ရေး နအဖအာဏာ ဖီဆန်ရေး တို့ကို စတင်ကျင့်သုံး လာပါက သန်းရွှေနှင့် အပေါင်းပါ လူမိုက်တစုဟာ တဖြည်းဖြည်း တန်ခိုး အာဏာ မှေးမှိန် လာပါလိမ့်မယ် ဘုရား။ ဒီနည်းဟာ ကြီးမားတဲ့ သစ်ပင်ကြီးကို ရေသောက်မြစ်ကို အရင်မဖြတ်ပဲ ဘေးက အမြစ် သေးသေးလေး တွေကို တဖြည်းဖြည်းချင်း ဖြတ်ထုတ်တဲ့ နည်းဖြစ် ပါတယ်ဘုရား။ အဲဒီလို ကိုယ့်ရွာ အုပ်ချုပ်ရေး ကိုယ့် နယ်အပ်ုချုပ်ရေး ကို ယူထားလျှင် ၂၀၀ရ စက်တင်ဘာအရေးအခင်းကြီးမျိုး နောက်တစ်ကြိမ် ဖြစ်ပေါ်လာပါက တပည့်တော်တို့ သံဃာတော်များက ဦးဆောင်ပြီး သံဃာ့အုပ်ချုပ်ရေး ယန္တရားတရပ်ကို ပြည်သူများနဲ့ ပူပေါင်းပြီး ချုပ်ကိုင် ပစ်နိုင်သလို မိမိတို့နယ်သား ရွာသားတွေကို ဦးဆောင်ပြီး အနီးဆုံးမြို့ကြီးများမှာ ပူပေါင်းပြီး ဆန္ဒပြနိုင်ကြမည်

အလုပ်သမား လူတန်းစား တောင်သူလယ်သမား အရေးတော်ပုံကြီး တစ်ရပ်ကို နအဖစစ်အုပ်စု ထိန်းမနိုင်သိမ်းမရ အင်မတန်ကြီးကျယ် ပြင်းထန်တဲ့ အဓမ္မဆန့်ကျင်ရေး လူထု အုံကြွမှုကြီး တစ်ရပ်ကို ကမ္ဘာကျော်အောင် ထပ်မံ ဖော်ဆောင် နိုင်ပါလိမ့်မယ် ဘုရား။ အခုအခါတပည့်တော်တို့ သံဃာတော်တွေကို ကမ္ဘာ့ပြည်သူလူထု မြန်မာပြည်သူ လူထုက လေးစားယုံကြည်မှုကို အထူးရနေသည့် အချိန်လည်း ဖြစ်ပါသည်ဘုရား။ဒါဟာ ဇာတ်တော်ထဲက ပြည်လုံး ငှက်မလေးဟာ အင်မတန်အင်အားကြီးမားတဲ့ ဆင်မိုက်ကြီးကို ဥာဏ်နဲ့ အနိုင်ယူပုံ၊ ၀က်တွေကနေ ကျားဆိုးကို အနိုင်ယူသွားပုံတို့နဲ့ ဆင်တူသည့် အတွက် လေးလေးနက်နက် ယုံယုံကြည်လုပ်ဆောင်ကြပါရန် ရိုသေစွာ

လျှောက်ထားအပ်ပါသည် သံဃာတော် အရှင်မြတ်တို့ ဘုရား။ အရှင်ဘုရား များလည်း ငါတို့တော့ သာသနာ့ဘေးရန် ကာကွယ်ဖို့ အချိန်တန်ပြီ အတိဒုက္ခ ရောက်နေတဲ့ မိမိတို့ တကာ တကာမများ အတွက် ကယ်တင်ရန် အချိန်တန်ပြီဟု သဘောပိုက်ကာ မိမိတို့ဆိုင်ရာ နယ်မြေ အသီးသီးသို့ ဆင်းကာ နယ်မြေ အုပခ်ျုပ်ရေး တာဝန်ကို တတ်နိုင်သမျှ ယူတော်မူကြပါဘုရား။

စာသင်တိုက်မှာ တနှစ်မနေရသည်ထက် တကာတကာမများရဲ့ အတိဒုက္ခကို သံဃာတော်များမှတပါး အခြား မည်သည့် ခိုင်မာသည့် အဖွဲ့အစည်းမျှ မြန်မာပြည်တွင် မရှိတော့ပါဘုရား။ တာဝန်သတိဲ့ ပုဂ္ဂို လ်ဟာ တာဝန်ရတှိ ယ် ဆိုတဲ့ စကားလေးအတိုင်း တာဝန်သိသိ သစ္စာရှိရှိ အများကောင်းကျိုးကို မခိုမကပ်ပဲ ဆောင်ရွက်တော်မူကြပါဘုရား။ တပည့်တော်တို့ မြန်မာပြည်ရဲ့ ပြဿနာကို ခေါင်းအေးအေးထားပြီး သွေးအေးအေးနဲ့ ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းနဲ့ လုပ်ဆောင်လျှင် အေးအေးဆေးဆေးနဲ့ ပွဲပြတ် သွားနိုင်ပါတယ် ဘုရား။ တပည့်တော်တို့ ဘုရားလောင်းငုံးမင်းက မခိုမကပ်ပဲ အားလုံးမှာ ရှိတဲ့အားကို အကုန်ညှစ်ပြီး တောင်ပံနဲ့ ပျံတက်ကြ ဒါဆိုရင် ပိုက်ကွန်

ကြွတက်လာမယ် ပြီးရင် မုဆိုးရဲ့ သတ်စားတဲ့ ဒဏ်ကလွတ်မယ် ဆိုတဲ့နည်းဟာ တပည့်တော်တို့ ခေတ်သစ်မှာ စမ်းသပ်စရာ ဖြစ်လာ ပါတယ် ဘုရား။ ဗုဒ္ဓရဲ့ သားတော်များပီပီ ၀ိုင်းကုန်းပြီး ရုံးကြပါစို့ဘုရား။ တပည်ေ့  တ်ာတို့ ဤကဲ့သို့ လုပ်ဆောင်သော အားဖြင့် တပည်ေ့  တ်ာတို့ မြန်မာ သံဃာတော်တွေဟာ တချက်ခုတ်နှစ်ချက်ပြတ် ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုကလို ကမ္ဘာကျော်သွားမှာ ဖြစ်တဲ့ အတွက် တကမ္ဘာလုံးကို

သာသာနာပြုရာလည်းရောက် မြန်မာပြည်သူတွေအတွက် စိတ်မအေးဖြစ်နေတဲ့ ကမ္ဘာ့ပြည်သူတွေကိုလည်း ပျော်ရွှင် စိတ်ချမ်းသာ စေရာလည်း

ရောက်ပါတယ်ဘုရား။ဤကဲ့သို့ ကြိုတင်ပြင်ဆင်ထားသောအားဖြင့် တပည့်တော်တို့က ၂၀၀၇ ကဲ့သို့ရွှေဝါရောင် အရေးအခင်းဖြစ်ပေါ်လာလျှင် ကြိုတင်ပြီး လက်ဦးမှုရယူထားခြင်းပင်ဖြစ်ပါသည်ဘုရား။ တပည်ေ့  တ်ာတို့နိုင်ငံဟာ မကျေနပ်မှုတွေများပြီး ပေါက်ကွဲမှု ဆန္ဒပြမှုတွေ အချိန်မရွေးဖြစ်လာနိုင်ပါတယ်ဘုရား။

၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုတွင် သံဃာတော်များအား ရက်ရက်စက်စက်သတ်ဖြတ်မှု၊ ၂၀၀၈ မေလ နာဂစ်လေမုန်းတိုင်းကြီးကြောင့် အပြစ်မဲ့ပြည်သူတွေ မသေသင့်ပဲသေရ နိုင်ငံတကာအကူအညီတွေကို ချက်ချင်းကူညခွီင့်မပေးတာတွေကြောင့် မြန်မာ တမျိုးသားလုံး ကရော တကမ္ဘာလုံးကပါ မကျေနပ်မှု နာကျည်းမှုတွေဟာ ပိပိုပြီး များလာတာကိုတွေ့ရပါတယ်ဘုရား။တပည့်တော်တို့ သံဃာတော် များက အဲဒီလို ပေါက်ကွဲလုလု ဖြစ်နေတဲ့ ပြည်သူလူထုရဲ့ ဒေါသ အာဃာတတွေကို တပည်ေ့  တ်ာတို့ သံဃာတော်များက ထိန်းထိန်း သိမ်းသိမ်း လုပ်ပြီး

မကျေနပ်မှု နာကျည်းမှုတွေကို အားအဖြစ်ပြောင်းလွဲပြီး အသုံးချရင် တပည့်တော်တို့လိုချင်တဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံ တစ်ခုကို ပြန်ရောက် ပါလိမ့်မယ် ဘုရား။တပည့်တော်တို့လူထုဟာ မကျေနပ်မှုကများတဲ့အတွက် အခွင့်အရေးရလျှင် ပေါက်ကွဲပြီး အကျိုးမရှိပဲ အင်အားတွေဆုံးရုံး နစ်နာခဲ့ရတဲ့ အတိတ်က သာဓကတွေ အများကြီး သင်ခန်းစာ ယူသင့်ပါတယ်ဘုရား။ဗုဒ္ဓသာသနာ ထွန်းကားတဲ့မြန်မာပြည်မှာ ပညာရှိ ရဟန်း သံဃာတော် များက မဖြေရှင်းနိုင်သည့် အတွက် ဂမ်ဘာရီဆိုတဲ့ မူစလင် ကုလားစုတ်က ၀င်ရှင်းပေးနေသည်မှာ ဗုဒ္ဓကိုလည်း ဆော်ကားရာကျနေသလို

ဗုဒ္ဓသားတော် လေးသိန်းကျော်ကိုလည်း ဆော်ကားရာ ကျနေပါသည်ဘုရား။ ဒီခွေးကုလားဟာ မြန်မာပြည်သွားပြီး ဗလီတက်နေတာလည်း အရှင်ဘုရားများအသိပင်ဖြစ်ပါသည်ဘုရား။

သံဃာတော် အရှင်မြတ်တို့ ဘုရား တပည့်တော်တို့နိုင်ငံ၏ အဓိကပြဿနာမှာ အခုအချိနအ် တွင် အမျိုးသားအချင်းချင်း နိုင်ငံရေးအဆင့်မှ ရန်သူများ သဖွယ် ပြုမူလာသည့် အတွက် လောဘ၊ အဃာတ အတ္တများ အကြီးအကျယ် လွမ်းမိုးလာသည်ကို အရှင်ဘုရားများ အသိပင်

ဖြစ်ပါသည်ဘုရား။ အရှင်ဘုရားများကဲ့သို့ မြင့်မြတ်သော ဗုဒ္ဓတရားတော်များ သိနေ ရှိနေပါလျှက် မြန်မာပြည်မှာ သူခိုး ဓားပြ လူရမ်းကား လူမိုက်များ ပိပိုပေါနေသည်မှာ တပည့်တော်တို့ နေ့စဉ်မြင်တွေ့ကြားသိနေရပါတယ်ဘုရား။ ဒါကိုကြည့်သော အားဖြင့် တပည့်တော်တို့ နေ့စဉ် ဖင်ပြဲအောင် ကုန်းအော် သင်နေရတဲ့ ဗုဒ္ဓတရားတော် များဟာ လူတွေရဲ့ နေ့စဉ်လက်တွေ့ဘ၀တွေဆီကို ရောက်မသွားတဲ့ အတွက် ဗုဒ္ဓရဲ့ ဆန္ဒဖြစ်တဲ့ လူသားများ ငြိမ်းချမ်းစွာ ပျော်ရွှင်ချမ်းမြေ့စွာနေရေးဆိုတဲ့ ပန်းတိုင်နဲ့လွဲနေပါတယ်ဘုရား။ သံဃာတော်များကို နောက်ဆုံး လျှောက်ထား လိုသည်မှာ ဤကဲ့သို့ သာသနာတော် အတွက် သေရေးရှင်ရေးတမျှ အရေးကြီးသော အချိန်တွင်

တာဝန်သိသိ သစ္စာရှိရှိဖြင့် သာသနာ့ရန်ကာကွယ်ရေး အဓမ္မဆန့်ကျင်ရေး ဓမ္မသမားများအစားထိုးရေး တာဝန်များကို ရွတ်ရွတ်ချွန်ချွန် သတ္တိရှိရှိ ထိထိမိမိ အားရှိပါးရှိ ဇွဲမာန်အပြည့်ဖြည့် နောက်ဆုံးအချီ ဖိုင်နယ်ပွဲကြီးကို ဆင်နွှဲကြပါပါစို့လို့ သံဃာတော်များကို လျှောက်ထား လိုပါသည်ဘုရား။

သာသနာ့အောင်လံ အားမာန်အပြည့်နေရာတိုင်းမှာ ငွားငွားစွင့်စွင့် လွှင့်ထူနိုင်ရမယ်။ လှေခွက်ချည်းကျန် အလံမလှဲဘူးဟေ့။ငါတို့ရဲ့ အောင်ပွဲတွေရှေ့မှာ လှမ်းကြိုနေတယ်။ ငါတို့ရဲ့ စွမ်းဆောင်ချက်ကြောင့် သတ္တ၀ါအပေါင်း ငြိမ်းချမ်းပျော်ရွှင်စေရမယ်။ အဓမ္မသမားများအမြန်ကျဆုံးပါစေ။

ဓမ္မသမားများ လက်ခမောင်းခတ်နိုင်ပါစေ။ အမှန်တရားရဲ့ အလင်းရောင်ထွန်းပြောင်ပါစေ။

သာသနာကို အသက်ထက်မကမြတ်နိးု သော ရဟန်းတော်များအဖွဲ့

Related Documents

For Preparation
April 2020 10
Useful For Preparation
November 2019 26
Preparation
June 2020 23