Bppu Statement _dassk In Jail

  • Uploaded by: heinhtetsan
  • 0
  • 0
  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Bppu Statement _dassk In Jail as PDF for free.

More details

  • Words: 157
  • Pages: 2
လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အင်စိန်အကျဉ်းထောင်သို့ ပို့ ဆောင်၍ တရားစွဲဆိုခြင်းအပေါ် နအဖ စစ်အုပ်စုအား ပြင်းထန်စွာ ဆန့် ကျင်ရှုံချခြင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ ၃၀ရက်နေ့ တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ အထက်မြန်မာပြည် စည်းရုံးရေး ခရီးစဉ်သွားနေစဉ် နအဖစစ်အုပ်စု၏ အကြမ်းဖက်တိုက်ခိုက်မူ့ ခံရချိန်မှစတင်ကာ နေအိမ်တွင် အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရခြင်းဖြစ်သည်၊ နအဖစစ်အုပ်စု၏ အကြမ်းဖက် ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ပုဒ်မ(၁၀)ခ ဖြင့် နေအိမ်အတွင်း၌ လုံခြုံရေး တင်းကျပ်စွာဖြင့် နေထိုင်လာခဲ့ ရာ ယခု ၂၄ရက် မေလ ၂၀၀၉ နေ့ တွင် ပုဒ်မ(၁၀)ခ မှ လုံးဝ လွတ်ပေးရမည်ဖြစ်သည်၊ သို့ သော်လည်း နအဖစစ်အုပ်စုသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွတ်မပေးလို၍ ယုတ်မာကောက် ကျစ်သော အကြံအစည်ဖြင့် ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်ခြံဝင်းအတွင်းသို့  နအဖမှစစ်အုပ်စု၏ ကြိုတင်စီစဉ်မူ့ ဖြင့် ၀င်ရောက်လာခဲ့သော အမေရိကန်နိုင်ငံသား ဂျွန်ဝေလီယန်တော်ကိစ္စနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ ၍ အမူဆင်တရားစွဲဆိုခြင်းသည် ပြည်သူလူထုနှင့် နိုင်ငံတကာအသိုင်းအ၀န်းအား စိန်ခေါ်လိုက်ခြင်းပင်ဖြစ်သည်။ ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား ပုဒ်မ၁၀(ခ) ဥပဒေအရ ၄င်း၊ နိုင်ငံတကာဥပဒေများ အရ၄င်း၊ လူ့ အခွင့်အရေး ကြေညာစာတမ်းပါ အချက်များအရ၄င်း ချွင်းချက်မရှိလွတ်ပေး၇မည်ဖြစ်သည် ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုမှ အကျဉ်းထောင်သို့ ပို့ ဆောင်၍ ဖမ်းဆီးထောင်ချရန်ကြိုတင်ပြင်ဆင်မူများသည် နိုင်ငံတကာ လူ့ အခွင့်အရေးကြေညာစာတမ်းကို ချိုးဖောက်ခြင်း၊ တည်ဆဲဥပဒေများကို ချိုးဖောက်နေသည့် အတွက် သန်းရွှေနှင့် အပေါင်းပါ နအဖစစ်အုပ်စုအား တိုင်း၇င်းသား ပြည်သူလူထုတစ်ရပ်လုံးနှင့် အတူ နိုင်ငံတကာရှိ ပြည်သူလူထု တစ်ရပ်လုံးမှ ပြစ်ဒဏ်ခတ်အရေးယူသွားရမည်ဖြစ်သည်။ စစ်အာဏာရှင်စနစ်ပိုမိုခိုင်မာလာစေရန် သန်းရွှေနှင့်အပေါင်းပါစစ်အုပ်စုသည်ဒေါ်အောင်ဆန်းစုကြည် ကိုမင်းကိုနိုင်အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များ၊ ဒီမိုကရေစီအင်အားစုများအား မတရား ဖမ်းဆီးထောင်ချခြင်း၊ ညှင်းဆဲသတ်ဖြတ်ခြင်း၊နှင့်ဒီမိုကရေစီလှုပ်ရှားမူများအား အကြမ်းဖက်တိုက်ခိုက်ခြင်းများကို ဆက်တိုက်ကျူးလွန်နေဆဲ ဖြစ်သည်၊ ထို့ ကြောင့် ပြည်တွင်းပြည်ပရှိဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားပြည်သူလူထုများ၊ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအဖွဲ့ အစည်းများ၊ နိုင်ငံတကာရှိ အစိုးရခေါင်းဆောင်များသည် နအဖစစ်အုပ်စုအား စီးပွားရေး အရ၄င်း၊ နိုင်ငံရေးအရ၄င်း ပြစ်ဒဏ်ခတ်အပြစ်ပေးအရေးယူမူ များ လုပ်ဆောင်ပါရန် မြန်မာနိုင်ငံရေးအကျဉ်းသား သမဂ္ဂမှ အလေးအနက် တိုက်တွန်းအပ်ပါသည်၊ အလုပ်အမူဆောင်ကော်မတီ မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂ မေလ ၁ဂ ရက်၊ ၂၀၀၉ ခုနှစ် E-mail: [email protected], web: http://bppu.blogspot.com

Related Documents


More Documents from ""

Suggestionb
May 2020 11
Aung
December 2019 27
2009-2-8 Otsuka
December 2019 26
Vob708
April 2020 11
Statement(2)
May 2020 9