စီးပွားရေးဆိုလို့ ပြောစရာရှိလာတယ်.. အခွင့်အလမ်းတစ်ခု ကို မြဲမြဲ ဆုပ်ကိုင် အသုံးချခဲ့လို့ မြန်မာပြည်မှာ
ငွေတစ်သောင်းခြောက်ထောင်ကနေ ကွန်ပျူတာ နှစ်လုံးနဲ့ အလုပ်ဖြစ်လာတဲ့ လူတစ်ယောက်ကြောင်းပါ...
တနေ့မှာ ရပ်ထဲရွာထဲ လိုင်ဓါတ်ပုံရိုက်ဖို့ ကိစ္စတစ်ခုပေါ်လာသတဲ့ ..
သူတို့ရပ်ရွာက နေထိုင်သူ စုစုပေါင်း 2000 ကျော်တယ်.. သူလုပ်ချင်တာက အဲဒီလူအားလုံးကို ဓါတ်ပုံရိုက်ပေးချင်တာပါ..
2006 ခုနှစ်က မြန်မာငွေ 500 ဟာ လိုင်စင်ဓါတ်ပုံရိုက်ဖို့ သိပ်မလွယ်တော့ပါဘူး... အဲဒီအချိန်မှာ သူဟာ မြို့ကိုတက်သွားတယ်..
ဓါတ်ပုံဆိုင်ရောက်တဲ့အခါ သူ့ရဲ့ဆန္ဒကိုပြောပြတယ်.. တစ်ရွာလုံးကို ဓါတ်ပုံရိုက်ချင်တယ်.. ဒီဂျစ်တယ်ကင်မရာ မရှိဘူး.. ငွေ 2 သောင်းပါတယ်.. အဲဒါနဲ့ သူအမြတ်ရအောင်
ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်း မေးတော့ ဓါတ်ပုံဆိုင် ပိုင်ရှင်က Rainbow တံဆိပ် Auto Flim ကင်မရာလေးတစ်လုံးကို ငွေ 16000 နဲ့ ရောင်းလိုက်ပါတယ်.. ပြီးတော့ သူ့ကို မှာတယ်..
ဖလင်တစ်ကွက်ကို လူနှစ်ယောက်ရိုက်ခဲ့ဖို့ပေါ့.. အကောင်းဆုံးအနေအထားကနေရိုက်နည်းကိုလည်း ပြောပြလိုက်တယ်.. ကင်မရာရတဲ့အခါ ဈေးထဲကို သူဆက်သွားတယ်.. ပိတ်နီ စ တစ်စ ၀ယ်တယ်.. ဓါတ်ခဲအပိုဝယ်တယ် ဖလင်လိပ်ဝယ်တယ်.. ပြီးတော့ ယုံကြည်မှုအပြည့်နဲ့ ရွာကို ပြန်လာခဲ့တယ်.. သူ့ရဲ့ မဟာဗျူဟာ စပြီပေါ့
ဒါနဲ့ သူရွာကိုပြန်လာတယ်.. ရွာထိပ်ကနေ စ အော်တယ်.. “မှတ်ပုံတင်လုပ်ဖို့ လိုင်စင်ဓါတ်ပုံတွေ ရိုက်လို့ရပါပြီခင်ဗျာ... တစ်ဦးကို 400 ကျပ် ပဲ ကျပါမယ်..” အဲဒီမှာ အိမ်တိုင်းလိုလို ခေါင်းပြူလာကြတယ်.. လက်ရှိရွာက ဓါတ်ပုံဆရာထံမှာရိုက်ရင် 800 ကျပ် ကျမှာမို့လို့ လက်လုပ်လက်စားအများစုက စိတ်ဓါတ်ကျနေကြတာလေ.. ဒီလိုနဲ့ သူဟာ
တစ်အိမ်ဆင်းတစ်အိမ်တက် ဓါတ်ပုံတွေကို ရိုက်လာခဲ့တယ်.. နီးစပ်ရာအိမ်တွေကနေ 2
ယောက်တစ်တွဲစုပြီး ဖလင်တစ်ကွက်စာပဲ ရိုက်တယ်.. အိမ်ကိုပြန်ရောက်တော့ မိုးချုပ်လုပြီ... သူ ရေချိုးထမင်းစားတယ်.. ပြီးတော့ မီးရောင်လက်လက်တွေကြားထဲကနေ ရွာထဲမှာ ဆက်ပြီးအော်တယ်...
“မှတ်ပုံတင်လုပ်ဖို့ လိုင်စင်ဓါတ်ပုံတွေ ရိုက်လို့ရပါပြီခင်ဗျာ... တစ်ဦးကို 400 ကျပ် ပဲ ကျပါမယ်..
မနက်ဖြန်မနက် အိမ်တိုင်ယာရောက် လိုက်ရိုက်ပေးပါ့မယ်..”
တိတ်ဆိတ်နေတဲ့ ည ကာလမှာ သူ့ရဲ့ ဆွဲဆွဲငင်ငင်အသံကို အားလုံးကြားလိုက်ကြတယ်.. လေညင်းနဲ့အတူ သူ လုပ်ငန်းစခဲ့တယ်.. ရွာထဲမှာ တကြော်ကြော်အော်ရင်း နှစ်ယောက်တတွဲ
ဖလင်တစ်ကွက် ငွေကျပ် လေးရာ နှုန်းနဲ့ ရွာလုံးကျွတ်နီးပါးကို သူ သိမ်းပိုက်လိုက်တယ်.. ဒီနေရာမှာ
စားသုံးသူတို့ရဲ့ပျော့ကွက်က မဖြစ်သာလို့သာ ရိုက်ရတယ်.. ပြီးရင်ပြီးရော သက်သာဖို့အရေးကြီးတယ်.. ဆိုတဲ့ အချိန်အခါဖြစ်ပါတယ်.. ဒါကို အပြည့်အ၀ အရယူနိုင်ဖို့ပါပဲ.. အရည်အသွေးက ဒီနေရာမှာ
မလိုတော့ပါဘူး.. ကာလ၊ ဒေသ၊ အခြေအနေ ကိုလိုက်ပြီး စီးပွားရေးကို လုပ်တတ်ရမယ်လို့ သူက ထပ်ပြီးသင်ခန်းစာ ရလိုက်ပါတယ်.. ပြီးတဲ့အခါမှာ သူ မြို့ကို ဖလင်လိပ်တွေအိတ်ထဲထည့်ပြီး
ရောက်လာခဲ့ပါတယ်.. ဓါတ်ပုံဆိုင်ရှင်က ဆီးကြိုပြီး မေးမြန်းပါတယ်.. အဲဒီနောက်မှာ သူရိုက်လာတဲ့ နှစ်ယောက်တွဲပုံတွေကို PC ဆိုက်လို့ခေါ်တဲ့ပုံတွေ လေးပုံစီ ကူးပေးလိုက်ပါတယ်...
အဲဒီပီစီဆိုဒ်လေးပုံကို တစ်လက်မပတ်လည် မျက်နှာပိုင်းလေးတွေချည်း အကွက်ရိုက်ကာ
ဖြတ်ယူလိုက်တဲ့အခါ လူနှစ်ယောက်စာ ပတ်စ်ပို့ ရှစ်ပုံ ရလာပါတယ်.. ကုန်ကျစရိတ်ကတော့ 240 ကျပ်ပါ.. ဒါပေမယ့် လူနှစ်ယောက်စာ ရတဲ့အတွက် ထွက်ငွေ 240၊ ၀င်ငွေက 800 ပါ.. အဲဒီတော့ ဖလင်တစ်ကွက်ကို သူ စားပြီးသောက်ပြီး 560 ကျပ် မြတ်သွားပါတယ်.. လူ
800လောက်ကိုရသွားတာဆိုတော့ ဖလင်အကွက် 400 ပေါ့...။ တစ်ကွက်ကို 560 မြတ်တော့ သူ့အမြတ်ငွေက နှစ်သိန်း လေးသောင်း လေးထောင်ပါတဲ့ဗျာ..
သူဟာ အသားစားဖူးတဲ့ ကျား ဖြစ်သွားပါတယ်.. သူအောင်မြင်မှုသရဖူဆောင်းနေတဲ့ အချိန်မှာ
ရွာမှာရှိရင်းစွဲ ရှေးရိုး ဓါတ်ပုံဆရာဟာ အခွင့်အလမ်းကောင်းတစ်ခုကို ဆုံးရှုံးသွားရပါပြီ... အသိဥာဏ်နဲ့ ၀ီရိယက ပေးခဲသော အရင်းအနှီးတွေကို ပိုက်လို့ သူ့ရဲ့ခြေလှမ်းဟာမြို့ပေါ်ကို လှမ်းခဲ့ပြန်ပါတယ်.. ဒီနေရာမှာ သူ့ရဲ့အရည်အချင်းကို ပြောရပါတော့မယ်..
သူဟာ လူငယ်တစ်ဦးပါ... ဒါပေမယ့် ဘွဲ့ရပြီးသား၊ ကွန်ပျူတာပညာကို သူတတ်မြောက်တယ်၊ တတ်မြောက်တယ်ဆိုရာမှာ သူလေ့လာခဲ့တဲ့ပညာနဲ့ သူအသက်မွေးမယ်လို့ သေချာစွာ ရည်ရွယ်ထားခဲ့တဲ့သူပါ.. ။ ငွေအရင်းအနှီးနဲ့ အခွင့်အခါကို စောင့်နေသူသာဖြစ်တယ်..
ဒီလိုနဲ့သူ မြို့ကိုရောက်တဲ့အခါ ဓါတ်ပုံဆိုင်ပိုင်ရှင်ကို လေးစားစွာဂါရ၀ပြုပြီး ကျွေးမွေးပြုစုပါရစေလို့ အတန်တန် တောင်းပန် ဖိတ်ခေါ်ပါတယ်.. ။ ကျွေးမွေးပြုစုရင်း ကျေးဇူးတင်စကားကို
အထပ်ထပ်အခါခါ ပြောခဲ့ပါတယ်..။ ပြီးတဲ့အခါကျတော့ သူ့မှာ ဒီလောက်ငွေအရင်းအနှီး ရရှိပြီ
ဖြစ်ကြောင်း နောက်ထပ် သူ အလုပ်လုပ်ချင်ပါသေးကြောင်း ပြောတဲ့အခါ ဆိုင်ရှင်က ရည်မွန်ချိုသာပြီး ကျေးဇူးသိတတ်တဲ့ သူငယ်ကို ဒီဂျစ်တယ်ကင်မရာအသစ်တစ်လုံးကို ဈေးလျှော့ပြီး
တစ်သိန်းခြောက်သောင်းနဲ့ ရောင်းလိုက်ပါတယ်...။ ဒါအပြင် အခြားနယ်စိမ်းဓါတ်ပုံဆရာတွေကို ကူးပေးတဲ့နှုန်းထက် သူ့ကို ဆိုင်ရင်းဓါတ်ပုံကူးဈေးနဲ့ ကူးခွင့်ပြုလိုက်ပါတယ်.. ။
သူဟာ ထပ်ဆင့်အောင်မြင်မှုတွေနဲ့ ရွာကိုပြန်လာပါတယ်.. ရွာပြန်ရောက်တဲ့အခါ
သူ့ရဲ့မဟာဗျူဟာအတိုင်း ရွာနီးချုပ်စပ်က ကျေးရွာတွေကို သွားပါတော့တယ်.. အဲဒီမှာသူဟာ သူစိမ်းတစ်ဦးဖြစ်တာမို့ ရွာထဲ လိုက်မအော်ပါဘူး
ရွာလူကြီး (ရယက ဥက္ကဋ္ဌ) ထံကို သွားခဲ့ပါတယ်...
ဦးလေး ခင်ဗျာ.. သူဟာ ချိုသာစွာနဲ့ မိတ်ဆက်လိုက်ပါတယ်.. “ ဒီရွာမှာ မှတ်ပုံတင်အတွက် ဓါတ်ပုံ မရိုက်ရသေးဘူးလို့ ကြားပါတယ်..၊ ကျွန်တော် မောင်...... ပါ၊ ............ရွာက ...........ရဲ့သားပါ၊ အခု ကျောင်းပြီးလို့
အလုပ်လေးရှာဖွေလုပ်နေပါတယ်.. အကယ်၍ ဦးတို့ရွာမှာ ဓါတ်ပုံရိုက်ခွင့် ပြုပေးမယ်ဆိုရင် ကျွန်တော် က ရွာသားတစ်ဦးကို ဓါတ်ပုံရိုက်လိုက်ရတိုင်း ကျေးရွာ လမ်းမကြီးပြင်ဆင်ဖို့အတွက် ငွေ 100
လှူပါ့မယ်.. ၊ ကျွန်တော်ရိုက်မယ့်ဈေးကတော့ လူတစ်ဦး 500 ကျပ်ပါခင်ဗျာ.. ဦးလေးခွင့်ပြုနိုင်မလား.. ရွာသူကြီးဟာ စဉ်းစားလိုက်တယ်.. ၊ တကယ်တော့ သူ့ရွာမှာ ဓါတ်ပုံဆရာမရှိပါဘူး.. ဒါကြောင့် အားလုံးဟာ မြို့ကို တက်ရိုက်ရမှာပါ..
“ဒါဆိုရင် ဓါတ်ပုံဖိုးက 800 မြို့ကိုသွားဖို့ စရိတ်က 400 ၊ ပြီးတော့ စားသောက်တဲ့ စရိတ်ရှိအုံးမှာ၊ ပြီးတော့ အဲဒီတနေ့တော့ အလုပ်ပျက်ပြီ...
ဒီသူငယ်ကိုသာပေးရိုက်ရင် 500 ကျပ်ပေးလိုက်တာနဲ့ အိုးမကွာအိမ်မကွာ ဓါတ်ပုံရိုက်ပြီးတာနဲ့
အလုပ်ပြန်ဝင်ယုံပဲ စားရိတ်မပါသေးပဲနဲ့တောင် ရွာသားတွေအဖို့ 300 ကျပ်သက်သာမယ်၊ ဒါ့အပြင်
တစ်ယောက်ရိုက်ပြီးတိုင်း 100 ကျပ်က ရွာ့ကောင်းကျိုးဖြစ်ထွန်းအုံးတော့မယ်... ဒီသူငယ်ကြည့်ရတာ အိုးတိုးအတနဲ့ စီးပွားရေး မလုပ်တတ်ရှာဘူးထင်တယ်.. ဘာပဲဖြစ်ဖြစ် ခွင့်ပြုလိုက်မှ....”
“ဟေ့သူငယ် မင်း ဟာက ဟုတ်ရောဟုတ်ရဲ့လားကွ.. မင်း သေချာတယ်နော်..” သေချာပါတယ် ဦးလေး ခင်ဗျာ.. ကျွန်တော့ကိုရက်ချိန်းသာပေးပါ.. အားလုံးအဆင်ပြေစေရပါမယ်.. ဒါဆိုရင်တော့ မင်း တနင်္ဂနွေနေ့လာခဲ့ဟေ့ .. အဲဒီနေ့မှာ တစ်ရွာလုံး ငါ အဆင်သင့်ဖြစ်စေမယ်.. ပြီးအောင်ရိုက်ကွယ့် ကြားလား..
ကျေးဇူးကြီးလှပါတယ် ဦးလေးခင်ဗျာ.. ဒါနဲ့ စကားမစပ် တစ်ဘက်ရွာက ဥက္ကဋ္ဌကြီးကိုရော ဦးလေး သတင်းပေးနိုင်မလားခင်ဗျာ.. တဆက်တည်းဆိုသလို ကျွန်တော် အဲဒီဘက်ပါရသွားရင် .. အခု
အမြတ်နည်းပေမယ့် အရေအတွက်များတော့ ကျွန်တော့်အတွက် ပင်ပန်းရကျိုးနပ်တာပေါ့ခင်ဗျာ.. အဲဒါနဲ့ ရွာလူကြီးဟာ တဘက်ရွာက သူငယ်ချင်းဖြစ်တဲ့ ဥက္ကဋ္ဌကို ဆက်ပြောပေးဖို့ ၀န်ခံပါတယ်..
ဒီလိုနဲ့ ချိန်းဆိုတဲ့နေ့ကို ရောက်လာပါတယ်.. ဒီဂျစ်တယ်ကင်မရာ အသစ်ကလေးနဲ့ ကျားပေါက်စဟာ သန့်ရှင်းသပ်ရပ်စွာ ၀တ်စားပြီး ရွာထဲကိုလှမ်းဝင်လာပါပြီ... ပျိုပျိုအိုအို ဘုစုခရုတွေဟာ သူဘာလုပ်မလဲဆိုတာကို အထူးအဆန်းအဖြစ် ကြည့်နေကြပါတယ်...
အားလုံးသိကြတဲ့အတိုင်း တောနယ်မှာက ဒီဂျစ်တယ်ကင်မရာဆိုတာကို မြင်ဖူးသူရှား သဗျ..
သူတို့သိကြတာက မီးတ၀င်းဝင်းနဲ့ ကင်မရာမည်းမည်းကြီးတွေ ရိုက်လိုက်ရင် မျက်စိကျိန်းတယ်.. ချက် ကနဲ အသံမြည်တယ်.. ကူးပြီးမှ ဓါတ်ပုံကို ကြည့်လို့ရတာကလား...
သူကိုင်လာတဲ့ဒစ်ဂျစ်တယ်ကင်မရာကို သုံးချောင်းထောက် (Tripod) ပေါ်မှာ တင်ပြီး ပါဝါ
အွန်လိုက်တဲ့အခါ ၀ိုင်းအုံကြည့်နေကြတဲ့ မြီးကောင်ပေါက်တွေ ဟင်ခနဲ ဖြစ်သွားကြတယ်.. LCD ပေါ်မှာ ရှေ့က နောက်ခံ ပိတ်ကားက ပေါ်နေပြီလေ.. ပြီးတော့ သူကြီးဖြတ်သွားတာကိုလည်း တခါတည်း တွေ့လိုက်ရတာကိုး..
“အမေရေ.. လာပါအုံးဗျ.. ဒီဓါတ်ပုံဆရာရဲ့ဓါတ်ပုံက တီဗီလေးပါ ပါတယ်.. တယ် ခန့် ပဲဗျိုး....” လူကြီးတွေပါ တ၀ုန်းဝုန်း ထလာကြတယ်.. သူတို့ ၀ိုင်းအံ့သြလို့မှ မဆုံးသေးဘူး လူငယ်ဟာ ရွာသားတစ်ချို့ကို ဓါတ်ပုံ စရိုက်ပါတယ်.. ရိုက်ပြီးရင် ပြန်စစ်တယ်၊ မျက်စိမှိတ်သွားတဲ့သူကို
ပြန်ရိုက်တယ်၊ ခေါင်းစောင်းသူကို ပြန်ရိုက်တယ်၊ ဆံပင်စုတ်ဖွားနဲ့ လယ်ထဲကတက်လာသူကို
ခါးကြားထဲက Gel ဗူးကိုထုတ်ပြီး သေချာခေါင်းဖြီးပေးတယ်.. ဂျယ်ထောင်နဲ့ လယ်သမားပေါ့..
စုတ်ပြတ်ပြတ်နဲ့လာတဲ့သူတွေအတွက် သူ့မှာ မုတ်ဆိတ်ရိတ်ဂျုတ်နဲ့ ဘလိတ်ဓါးတွေ အပိုပါတယ်..၊ ချို့တဲ့တဲ့ရွာသားတွေဝတ်ဆင်ဖို့ လည်ကတုံးအင်္ကျီအဖြူဆွတ်ဆွတ်တွေနဲ့ တိုက်ပုံလည်း ပါတယ်.. အမျိုးသမီးဝတ် ရင်ဖုံးအင်္ကျီ ဖြူဖြူ အကြီးအသေးတွေပါတယ်.. ရွှေဆွဲကြိုးအတုတွေပါတယ်.. ခေါင်းစည်းဖဲကြိုးတွေပါတယ်.. မိတ်ကပ်ဗူး ပါတယ်.. မှန်ပါတယ်.. ဘီးပါတယ်..
ရွာသားတွေဟာ သူ့ကို မှော်ဆရာတစ်ယောက်လို ကြည့်နေကြတယ်.. သူ့ရဲ့ မျက်နှာမှာ ချိတ်ဆွဲထားတဲ့ အပြုံးချိုချိုရယ်.. ခေါင်းလေးစောင်းပါ၊ ရှေ့ကိုကြည့်ပါ.. တစာစာပြောနေတဲ့ စကားချိုချိုရယ် .. ဦးလေး တိုက်ပုံလေးဝတ်ပါလားခင်ဗျ..
ခန့်ခန့်ညားညားပေါ့ဗျာ... ပခုံးလေးက ဒီလိုထားဗျ.. အစရှိသဖြင့် ၀ယ်သူကို တယုတယ ကိုင်တွယ် ပြင်ဆင်ပေးနေပုံရယ် ... ဓါတ်ပုံလေးရိုက်ပြီးသွားပြန်တော့ ဒီမှာလာကြည့်ပါအုံး အကိုရ
ကိုယ့်ရူပါကိုယ်ဖြုံသွားမယ်.. အစရှိသဖြင့် ကာလသားများကား သဘောအကျကြီးကျလျက် လက်ဖက်၊ ဆေး၊ ကွမ်း ကမ်းလှမ်း၍ မဆုံးတော့ပြီ...
အချို့ကား သူတို့ပုံကို အကြီးချဲ့ဖို့ ရမရ မေးလာကြ၏ ။ ပန်းပွင့်ထောင်ချောက်ထဲသို့ ကျ
ကြလေပြီတကား... ကျွန်တော် ကွန်ပျူတာနဲ့ လှလှပပ ပြင်ဆင်ပြီး ပုံကြီးချဲ့ပေးပါမယ် ဟု ကတိ အတန်တန် ပေးလို့ စာရင်းကိုလည်း မှန်မှန် ရေးခဲ့ရလေတော့တယ်.....
တဖက်ရွာက လေ့လာဖို့ရောက်နေကြတဲ့ ဥက္ကဋ္ဌကြီးများဟာလည်း အဘက်ဘက်က အားသာနေတဲ့ ဒီဓါတ်ပုံဆရာကို ခေါ်မှာဖြစ်ကြောင်း ရက်ချိန်းတောင်းသွားကြလေတယ်..
ဒီတခါ မောင်လူချောဟာ လမ်းတကာလှည့်ဖို့ မလိုတော့ပါဘူး.. အကြီးဆုံးအညှာကို သူကိုင်လိုက်နိုင်ပါပြီ..
နေရီရီ ညနေစောင်းမှာ လှည်းလမ်းကြောင်းအတိုင်းလေလေးချွန်ပြီ ပြန်လာခဲ့တယ်..
အိမ်ပြန်ရောက်တော့ သူစဉ်းစားပါပြီ... အခု ဒစ်ဂျစ်တယ် ကင်မရာကို ကိုင်နိုင်ခဲ့ပြီ.. ဓါတ်ပုံတွေလည်း ရလာပြီ တစ်ယောက်ချင်းစီ
ရိုက်လာတဲ့ပုံတွေကို လိုင်စင်ဆိုဒ် ကူးခိုင်းရင်တော့ တစ်ခေါင်း(တစ်ဦး) ကို ရှစ်ပုံနှုန်းနဲ့ ထွက်လာမယ်.. အဲဒီအတွက် 150 ကျပ် ကျမယ်.. ငါ့အတွက် မကိုက်လှချေ.. ပေးရမှာက တစ်ဦး ၄ ပုံ ဖြစ်လို့ ပိုနေတဲ့ဟာတွေက အလကားဖြစ်အုံးမယ်.. ဒီတော့ ဒီလိုကြံမှ..
နောက်တနေ့မှာ လူငယ်ဟာ မြို့ပေါ်က အသိ ကွန်ပျူတာဆိုင်တစ်ဆိုင်ကိုသွားပြီး နာရီနဲ့ ကွန်ပျူတာ ငှားရမ်းသုံးစွဲခွင့်ပြုဖို့ တောင်းဆိုပါတယ်.. အလုပ်အားနေတဲ့ စာစီစာရိုက်ဆိုင်ပိုင်ရှင်ဟာလည်း
တစ်နာရီကို 1000 ကျပ် ပေးမယ်ဆိုတဲ့ စကားလုံးကို ကြည်ဖြူတဲ့အတွက် အသုံးပြုခွင့်ပေးပါတယ်.. ဒီနေရာမှာ Personality ဟာ အလွန်စကားပြောလာပါပြီ .. အချိန်ကို စီမံခန့်ခွဲပါတယ်.. အရင်းအမြစ်ကို စီမံခန့်ခပွဲါတယ်.. ငွေကြေးကို စီမံခန့်ခပွဲါတယ်.. အဲဒီအတွက် ထိုက်သင့်တဲ့ ပညာကိုတော့ တတ်မြောက်ထားရမှာ အမှန်ပါပဲ..
အပေါ်မှာ သူစဉ်းစားခဲ့တာလေးကို ကြည့်နော် ... လူတစ်ဦးကို ငါးရာရမယ်... ရွာကို တစ်ရာလှူရတော့ လေးရာ ကျန်မယ်.. အဲဒီမှာ ကူးခ 150 နှုတ်ရင် သူ့အတွက် 250 ကျပ်တိတိ မြတ်နေတယ်.. အဲဒါကို မကိုက်လှဘူးလို့ တွေးသတဲ့ ဒီသူငယ် ရူးများနေသလားပေါ့...စဉ်းစားမိတယ်..
ဒါပေမယ့် သူ့ရဲ့လုပ်ဆောင်ချက်ကိုကြည့်ပါ.. 4x6 ဓာတ်ပုံတစ်ပုံကူးခ = 80 ကျပ်
လိုင်စင်ပုံရဲ့ဆိုဒ် = 1x 1 လက်မ 4x6 တစ်ပုံလျှင် = လိုင်စင် 15 ပုံ (သုံးပုံ ငါးတန်း စီသည်)
ု( 4x6 = 24 လက်မရှိသည်.. တစ်လက်မပတ်လည်ပုံ 15 ပုံကို ချောင်ချောင်စီနိုင်သည်) ထို့ကြောင့် 4x6 ပုံ တစ်ပုံတွင် Adobe Shop ဖြင့် တည်းဖြတ်ပြီးစီလိုက်ရာ လူ လေးဦးစာမျှ ရလေသည်။
ဓါတ်ပုံကူးခ လူလေးဦးစာ အရင်းမှာ 80 ကျပ်မျှသာကျသင့်ရာ လူတစ်ဦး 20 ကျပ်မျှသာ ကျသင့်လေတော့သည်။
သမားရိုးကျကူးနည်းဖြင့် ကူးလျှင် လူတစ်ဦး 150 ကျမည်ဖြစ်ရာ ယခု 20 ကျပ်သာကျတော့သဖြင့် လူတစ်ဦးလျှင် 130 ကျပ် အရင်းအနှီးသက်သာလေသည်....။ လူလေးရာအတွက်
ငါးသောင်းနှစ်ထောင် သက်သာလေသည်။ ထိုထဲမှ ကွန်ပျူတာ သုံးခ ခြောက်နာရီစာမျှ
ခြောက်ထောင်ပေးလိုက်လျှင် ထိုနေ့အတွက် သူ၏ ပညာအရည်အချင်းလုပ်အားခအဖြစ် လေးသောင်းခြောက်ထောင် အလကား ထွက်လာလေသည်။
နောက်တနေ့မှာ သူဟာ တည်းဖြတ်ပြင်ဆင်ထားပြီးသား ဓါတ်ပုံတွေကိုသိုလှောင်ထားတဲ့ SD
ကတ်ကလေးကို ဓါတ်ပုံဆိုင်မှာ သွားကူးတဲ့အခါ ပုံတစ်ရာကျော်ကျော်လောက်ပဲရှိတော့တယ်.. တစ်ပုံရှစ်ဆယ်နှုန်းနဲ့ ရှစ်ထောင်ကျော် ကိုးထောင်ဖိုးလောက်ပဲ သူပေးလိုက်ရတယ်.. ဆိုင်ရှင်ဦးလေးဟာ သူ့ရဲ့ဓါတ်ပုံအရေအတွက်ကိုကြည့်ပြီး “ဒီရွာမှာ မင်းအရနည်းတယ်ကွ” လူငယ်က အပြုံးနဲ့သာတုံ့ပြန်ပြီး အခြား ထွေရာလေးပါးပြောနေကြတယ်.. နာရီဝက်လောက်အကြာမှာ ဓါတ်ပုံတွေ ထွက်လာတယ်.. ဆိုင်ရှင်က ဓါတ်ပုံတွေရဲ့အရည်အသွေးကို စစ်ကြည့်ပါတယ်.. ရိုက်ချက် ကောင်းမကောင်းပေါ့
ဒါပေမယ့် သူတွေ့လိုက်ရတာက မျှော်လင့်မထားတဲ့မြင်ကွင်း .. 4x6 အရွယ် ဓါတ်ပုံပေါ်မှာ ၁ လက်မပတ်လည်ပုံလေးတွေကို ကွန်ပျူတာနဲ့ သပ်သပ်ရပ်ရပ်စီထားတယ်..
ပုံတွေကြည့်လိုက်တော့လည်း စိုပြည်တောက်ပလို့ အ၀တ်သစ်အစားသစ် ရွှေတွဲလဲ ငွေတွဲလဲနဲ့ .. အဓိကကတော့ ဓါတ်ပုံတစ်ချပ်မှာ လေးယောက်စာ ပါနေတာကို တွေ့ရတာပေါ့.. ဆိုင်ရှင်ဟာ ခန တွေဝေသွားတယ်.. နောက်မှ အားရပါးရပြုံးပြီး ပြောတယ်..
“မင်း အမြတ် အရမ်းနည်းမှာပဲနော် တဲ့”
နောက်ရက်တွေမှာ သူဟာ ဆက်တိုက်ဆိုသလို ရက်ချိန်းတွေနဲ့ ရွာစဉ်လှည့်ရိုက်ခဲ့တယ်.. သူ့ရဲ့ အောင်မြင်တဲ့ဗျူဟာ အခင်းအကျင်း ကြောင့် လိုင်စင်ဓါတ်ပုံသမားအမည်ခံတဲ့ လူငယ်ဟာ
တပြိုင်တည်းမှာပဲ အလှဓါတ်ပုံလုပ်ငန်းကိုပါ ခြယ်လှယ် ချုပ်ကိုင်နိုင်သွားခဲ့တယ်.. ဒီနေရာမှာ
ဖလင်သမားရဲ့ အားနည်းချက်ဟာ ရှင်းရှင်းလေးပေါ်လာတယ်.. ပြင်လို့မရဘူး ဓါတ်ပုံဆိုင်အပေါ် လုံးဝ မှီခိုရတယ်.. အမှားမခံဘူး
ဒီဂျစ်တယ်ကတော့ အားလုံးသိတဲ့အတိုင်း အမှားခံတယ်.. ပြန်ရိုက် ပြန်ဖျက် .. မကြိုက်မချင်း အိုကေ.. ရိုက်တုန်းက ကောက်ရိုးပုံရှေ့၊ ပုံထွက်လာတော့ ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ပေါ်မှာ.. ဟားဟားဟား...
ဒီကြားထဲ တောကမောင်မောင်တို့က နှစ်ကိုယ်ခွဲတွေဘာတွေတောင်ဖြစ်သွားသေး.. ရက်ပိုင်းအတွင်းမှာ သူ့ရဲ့သတင်းဟာရွာစဉ်တရိုး ဟိုးဟိုးကျော်သွားတော့တယ်..
ဒီလိုပုံစံစွန့်စားခန်းမျိုးကို ရန်ကုန်မြို့လယ်ကောင်မှာ လုပ်လို့ မဖြစ်နိုင်သလို ဖွံ့ဖြိုးမှုရှိနေတဲ့
နယ်မြို့မှာတောင် မလွယ်ပါဘူး.. ဈေးကွက်ကို ရှာဖွေ ရွေးချယ်လွှမ်းမိုးဖို့ဆိုတာ ကိုယ်မင်းမူနိုင်တဲ့ နယ်မြေကို ရှာတတ်ရပါမယ်.. တနည်းအားဖြင့်တော့
“အနူတောမှာ လူချောဖြစ်ဖို့တော့လိုတယ်..” ၊ ဆန့်ကျင်ဖက်အတွေးလေးလည်းတွေးထားပါ “ရေများရာ မိုးမရွာမိပါစေနဲ့” သူ့ရဲ့ ဓါတ်ပုံရာသီ ပြီးဆုံးခဲ့ပါပြီ...
ရာသီဆိုပေမယ့် တစ်လလောက်ပါပဲ .. တစ်လလောက်အတောအတွင်းမှာ သူ လှည့်သမျှ
ရွာစဉ်တွေဟာ သူလှူဒါန်းခဲ့တာတွေနဲ့ လှပလို့ ကျန်ခ့တဲ ယ်.. မူလတန်းကျောင်းကို သွပ်လှူခဲ့တယ်.. ရွာလယ်လမ်းမပြုပြင်ဖို့ ကျောက် လှူခဲ့တယ်.. ရုံးအဆောက်အဦးအတွက် အုတ်လှူခဲ့တယ်..
အားလုံးဟာ သူ့ရဲ့စေတနာကို လွမ်းမောတသစွာ ကျန်ခြဲ့ ကတယ်.. အခါခါလာဖို့ ဖိတ်ကြတယ်.. သူကလည်း...
အချိန်တန်လို့ ပြန်ရပေမယ့် ရွာရဲ့ နွေးထွေးမှုကို မမေ့ပါကြောင်း၊ ဘုရားကျောင်းကန် ပွဲတော်မှန်သမျှ
ဖိတ်ကြားကြစေလိုကြောင်း၊ မင်္ဂလာဆောင်ရင်လည်းမမေ့ဖို့.. တတ်နိုင်သမျှ လုပ်အားပေးပါရစေ ဟု သံယောဇဉ် နှောင်ခဲ့သတဲ့။ နောက်ဆုံး ရွာဦးကျောင်းဆရာတော်ကိုပင် ကိုယ်လုံးပေါ်ပုံကြီးတစ်ပုံ ရိုက်ပြီး လှူခဲ့သဖြင့် ဆရာတော်က နောင်ကိစ္စရှိသမျှ အနှီလူငယ်ကိုသာ ခေါ်ရမယ့်အမိန့်ကို ထုတ်ပါသတဲ့..
လုပ်ငန်းတစ်ခုအတွက် ပွဲပြီးရင် မီးငြိမ်းသွားအောင်လုပ်တာဟာ တန်ဖိုးမရှိတဲ့အကျင့်ပါ..
အတ္တတစ်ခုတည်းအတွက်ကြည့်ရင် အမြတ်ကိုသာမြင်မယ်.. ဒါဆိုရင် တခါပဲရမယ် နောင်အခါ
ကန်တော့ဆွမ်းပဲ ဆိုတဲ့ ရလဒ်မျိုးတွေ ဖြစ်လာတတ်ပါတယ်.. ပေးဆပ်သင့်တဲ့ ၀န်ဆောင်မှုအပြင်
နည်းနည်းလေး ပိုလိုက်လို့ ကိုယ်မဆင်းရဲသွားပါဘူး .. ဒါပေမယ့် ကိုယ့်လုပ်ငန်းဟာ လူကြိုက်များတဲ့ လုပ်ငန်းဖြစ်လာနိုင်တယ်.. ရလဒ်ချင်းက အရမ်း ကွာဟပါတယ်..
အကျိုးအမြတ်ကို ဒီလူငယ်ယူသလို ကိုယ့်အထဲကကိုယ်ပြန်ညှစ်ယူသင့်ပါတယ်.. ၀ယ်သူကို
ဝန်မပိပါစေနဲ့ ပျော်ရွှင်မှုတွေသာ များများပေးသင့်တယ်လို့ ဒီ အဖြစ်ကလေးက သင်ခန်းစာပေးနေတယ် လူငယ်ဟာ အလုပ်သမားတစ်ယောက်အဖြစ် သူ့ကိုယ်သူ အပြည့်အ၀ ခံယူလိုက်ပါပြီ... (စီးပွားရေးသမားဆိုတဲ့စကားလုံးကို သူ မခံယူသေးပါ..)
အခု သူဓါတ်ပုံဆရာ ဖြစ်ပြီ.. သို့သော် သူ့အတွက်လိုအပ်နေတာက သူချစ်တဲ့ အိုင်တီပညာနဲ့
သူ့ဘ၀အတွက် ကွန်ပျူတာပါ.. အခုဆိုရင် ငွေတစ်သောင်းခြောက်ထောင်ကို လပိုင်းအတွင်းမှာ ငွေ 10 သိန်းကျော်အဖြစ် သူ ပွားများနိုင်ခဲ့ပါတယ်.. သူ့အိမ်မှာ ဆိုင်းဘုတ်ထောင်ပြီး .............ဓါတ်ပုံဆိုင်လို့ နာမည်တပ်လိုက်တယ်..
ဒါတောင် သူ ကျူးလွန်မိတဲ့အမှားတစ်ခု ရှိပါသေးတယ်.. အဲဒါကတော့
ပညာတတ်လူငယ်တစ်ယောက်ပီပီ သူ့ဓါတ်ပုံဆိုင်ကို အင်္ဂလိပ်လို နာမည်ပေးလိုက်တာပါ..
ဆိုင်းဘုတ်ကိုလည်း နီယွန်မီးချောင်းနဲ့ လုပ်လိုက်တယ်.. လူတွေက အဲဒီဆိုင်းဘုတ်ကို ရှိန်တယ်..
မ၀င်ရဲကြဘူး .. နောက်ပိုင်းမှာ သူသဘောပေါက်သွားတယ်.. အဖိုးတန်ဆိုင်းဘုတ်ကို ဖြုတ်ချလိုက်ပြီး ဆေးရောင်စုံနဲ့ ပျဉ်ပြားပေါ်မှာ လိုင်စင် (15) မိနစ် အမြန် လို့ ရေးလိုက်တယ်.. ဓါတ်ပုံလှလှလေးများ ရိုက်ပေးသည် လို့ လည်း အောက်မှာ ဆက်ရေးတယ်.. အဲဒီတော့မှ ရွာနဲ့ဘာသာနဲ့ ကိုက်သွားတော့တယ်..
သညာဆိုတာ မြန်မာပြည်မှာ အရေးပါနေသေးတယ်ဆိုတာ မမေ့သင့်ဘူး.. လူငယ်ဟာ စဉ်းစားတယ်.. သူ့လုပ်ဆောင်ချက်ဟာ လျှပ်တပြက်အတောအတွင်းမှာ ကောက်ရိုးမီးပမာ ဟုန်းဟုန်း တောက်ခဲ့ပါတယ်.. အခု သူ ဓါတ်ပုံဆရာလုပ်တော့မယ်.. ဒါပေမယ့်
စဉ်းစားစရာရှိတဲ့အချက်က ပွဲတော်ရာသီ မှာ ပုံအများကို မြို့တက်ကူးလို့ ကိုက်ပေမယ့်
သာမန်အချိန်မှာ ဓါတ်ပုံ 2 ပုံ 3 ပုံကို မြို့တက်ကူးရင် လမ်းစရိတ်တောင် ရှုံးအုံးမှာပဲ...မလွယ်ပါလား.. အဲဒီတော့ တစ်လမ်းတည်းသောနည်းက ရတဲ့ ငွေနဲ့ One Stop ဓါတ်ပုံဆိုင်ဖြစ်အောင်လုပ်ဖို့ပါပဲ.. ကဲလုပ်ကြရအောင်
Pentium 4 ကွန်ပျူတာတစ်လုံး = 450000 (Celeron ဆိုရင်တောင် ရပါသေးတယ်..မော်ဒယ်မြင့်ဖို့မလို အလုပ်ဖြစ်ဖို့သာလိုတယ်..)
Epson C 90 inject printer တစ်လုံး = 100000 ဒီနေရာမှာ ပရင်တာနဲ့ပတ်သက်ပြီး သူလုပ်သွားတာလေး ရှိပါသေးရဲ့ ..
ပရင်တာတို့မည်သည် အော်ရီဂျင်နယ်ဆေးဗူးသုံးလျှင် စီးပွားတွက်ခြေ ခွက်ခွက်လန်အောင် ရှုံးလိမ့်မည်။ တစ်စုံ 40000
MMC ကဲ့သို့ Refill ကက်ထရစ်များသည်လည်း သိပ်မကိုက်သေး ... တစ်စုံ 20000 ခန့် ထို့ကြောင့်
ဆေး Tank ဖြင့် အပြင်ကနေ ပိုက်နဲ့သွယ်သော စနစ်မျိုးကိုသုံးလျှင် အိုကေဖွယ်ရာရှိသည်။ Tank တစ်စုံ 50000
ဆေးရည် သာမန်ကက်ထရစ်ထက် 10 ဆ ပိုပါသည်။ ဆေးကုန်လျှင် အပြင်ကနေ ဆေးထိုးအပ်နှင့် ဖြည့်နိုင်သည်။ ဆေးဗူးကြီးတစ်ဗူးမှ 5000 သုံးပါလိမ့် တစ်ပျော်..
မကုန်နိုင်လိုက်တဲ့မင်အိုး မကုန်ရေးချ မကုန်နိုင် A4 Photo paper ကို လိုင်စင်ထုတ်ရင်
ခြောက်ပုံအတန်းလိုက်လေး ထုတ်ပေးလိုက် တစ်လက်မကျော်ကျော်လောက်ပဲ ဖြတ်ပေးရတယ်.. အဲဒီ Paperကို နောက်ထပ် ငါးကြိမ်သုံးလို့ရတယ်..
လိုင်စင်တစ်ယောက်ကို 800 ကျပ်၊ A4 တစ်ရွက်ကို ခြောက်ကြိမ် ၊ ၀င်ငွေ 4800 ၊ A4 Photo paper က Lucky တံဆိပ်ကိုသုံး တစ်ရွက် နှစ်ရာပဲကျတယ်.. နှစ်ရာကို ခြောက်ကြိမ်သုံးတော့ တစ်ကြိမ်ကို သုံးဆယ့်ငါးကျပ် ၊ ဆေးဖိုး က 50 ကျပ်လို့ထား ၊ 85 ကျပ်၊ ဒီတော့ လိုင်စင်တစ်ဦးစာ = 800 ကျပ် ကုန်ကျစရိတ် 85 ကျပ်...
ဓါတ်ပုံဆိုင်ပိုင်ရှင်ပြောသလို ပြောလိုက်ပါ... “မင်း အမြတ် အရမ်းနည်းမှာပဲနော်လို့”
ပြောဖို့ကျန်ခဲ့တယ်ထင်တယ်...
ရွာလို့လည်းပြောသေးတယ် ကွန်ပျူတာသုံးဖို့ လျှပ်စစ်ဘယ်ကရ.... လင်းရာမ အင်ဗာတာတို့ UPS ဆိုတာ မြန်မာတွေ ဘယ်လောက်တော်တယ်ဆိုတာကိုပြတယ်.. ဟဲဟဲ.. ကားကြီးဘက်ထရီအိုတွေဝယ်တယ်.. အဲဒါနဲ့ လင်းရာမနဲ့ကို အမျိုးတော်ပေးလိုက်တဲ့အခါ .. စွမ်းအင်ပြဿနာဟာ အလိုလိုပြေလည်သွားပါတယ်.. ဘယ်ရွာမှာမဆို ပညာကို လိုလားသူတွေရှိတယ်...
ကလေးငယ်ငယ်တစ်ယောက်ကိုလက်ဆွဲရင်း အနောက်ပိုင်းက ကိုမှိုင်းဆိုတာ ရောက်လာတယ်..
ငါ့သားလေးကို မင်းလိုဖြစ်စေချင်လွန်းလို့ ကွန်ပျူတာသင်ပေးပါ ညီလေးရာ... အကို့သားအရွယ်က ကွန်ပျူတာနဲ့ နီးစပ်ယုံပဲ ရအုံးမယ်.. DTP
လိုတော့သင်လို့ရအုံးမှာမဟုတ်ဘူးအကို... အဲဒီတော့ ကျောင်းပိတ်ရက်တွေမှာ ကျွန်တော်
အင်္ဂလိပ်စာနဲ့ စာရိုက်တဲ့ ဂိမ်းလေးတွေသင်ပေးမယ်.. ကလေးအရွယ်နဲ့ ကိုက်ညီသလောက်တော့ လုပ်ပေးမယ် အကို သဘောတူသလား...
ညီလေးရာ မင်းကြိုက်သလိုလုပ်ပါကွ.. အားလုံးအပ်တယ်.. မင်းလိုသလောက်ပြော..
ကလေးနာမည်က ဖိုးတာတီးတဲ့ ... မကြာခင်မှာပဲ နောက်ထပ်
ကလေးတစ်ယောက်ယောက်လာပြန်တယ်.. ၊နောက် တစ်ယောက်၊ နောက်တစ်ယောက်၊ ဘာဖြစ်လို့ပါလိမ့် ....
သြော် လက်စသပ်တော့ ကလေးတွေ နွေရာသီကျောင်းပိတ်ရက်ကိုရောက်ပြီပဲ......
နွေရက်ပိုင်းတွေဟာ လူငယ်အတွက် မအားလပ်နိုင်သော နေ့တွေဖြစ်ပါတယ်..
မင်္ဂလာဆောင်တတ်ကြတယ်.. အလှူပေးတတ်ကြတယ်.. ဘုရားထီးတင်... ဘာပွဲ ညာပွဲ..
အိမ်ကိုပြန်ရောက်တော့ ဓါတ်ပုံတွေစစ် ... ပြင်သင့်တာပြင် ... အိမ်တွင်ထုတ်တန်ထုတ် ....
မြို့သွားစရာအလုပ်ရှိတော့ မြို့မှာပဲ ကူးဖို့ ပေါ့.. ကလေးတွေကိုလည်း အချိန်ခြွဲ ပီး စာသင်ရသေး
ရက်ဆက် ဒီအရာတစ်ခုထဲကို ပဲ ပတ်ချာလည်သောအခါမှာ လူငယ်တို့ သဘာဝ ဖြစ်တတ်တာက ငြီးငွေ့ခြင်းဖြစ်ပါတယ်..
ဒါအမှန်တရားပါ.. ယနေ့လူငယ်တွေ ကိုယ့်ကိုယ်ကိုယ် ဘ၀င်မကျတာ .. ကိုယ့်လုပ်ငန်းကို ကို
မကျေနပ်တာ ... Bordom ဒါမှမဟုတ် Monotony လို့ စိတ်ပညာအခေါ်အရ ခေါ်တယ်ထင်ပါတယ်.. ပျင်းရိ ငြီးငွေ့လာတာပေါ့နော်.. ဒါဆိုရင် စိတ်ကို အပြောင်းအလဲဖြစ်စေရပါတယ်..
ပေါင်းကူးနိုင်တာလေးတွေကို ကြိုးစားကြည့်ရပါတယ်.. အခု သူ့ရဲ့လုပ်ငန်းဟာ နှစ်န့ချဲီလာသလို တိုးတက်လာတာနဲ့အမျှ မျက်မှောက်ခေတ်ကို ရောက်လာပါပြီ...
ဒီဓါတ်ပုံလုပ်ငန်းကို စိတ်ချရတဲ့ ပညာသင်တပည့်တစ်ယောက်နဲ့ အိမ်အထိုင်လွှဲထားလိုက်ပါတယ်..
ပညာသင်တပည့် ဆိုတာက ထမင်းကျွေးတယ်.. မုန့်ဖိုးပေးတယ် ပညာသင်ပေးတယ်.. အချိန်တန်ရင် ဒီကလေးရဲ့ အလုပ်အကိုင်ကိုတော့ တာဝန်ယူပေးရလိမ့်မယ်.. သူဘာလုပ်နေတယ်မှတ်ပါသလဲ...
Laptop ဆိုတာ အိုင်တီလောကက လူငယ်တွေရဲ့ အသည်းစွဲ ပစ္စည်းတစ်ခုပါ.. လူငယ်ထဲက
ကျွန်တော်တို့ရဲ့လူငယ်ဟာလည်း Laptop (Use) တစ်လုံးကို ဈေးတော်တော်နဲ့ဝယ်ပါတယ်...
ကျွန်တော် တွေးကြည့်လိုက်တယ်.. အင်း သူလည်း လူငယ်ပေကိုး.. ပြီးတော့ သူဟာ ဒီနယ်တခိုမှာ STAR ပါ...
ရန်ကုန်လိုမြို့ကြီးမှာ သူ့အခြေအနေမျိုးလူတွေအများကြီး ရှိကောင်းရှိမယ်.. ဒါပေမယ့် ဒီအနူတောမှတော့ သူက လူချောပဲလေ...
မထင်မှတ်ထားတာတစ်ခုက တောရွာက ဒီလူငယ်ဟာ ပရိုဂျက်တာကို ၀ယ်လိုက်တာပါပဲ..... ရှိသမျှ ငွေ ပုံအောပြီး 12 သိန်းလောက်ရှိတဲ့ ပရိုက်ဂျက်တာကို သူဝယ်ပါတယ်... ဘာလုပ်မလို့လဲ...
မကြာခင် မိုးကုန်လို့ ဆောင်းဦးပေါက်လာတဲ့အခါမှာ ဟိုနားက ပွဲ ဒီနားက ပွဲ ဆိုတာမျိုး ကျွန်တော်တို့ တောဓလေ့မှာ ရှိပါတယ်.. ဇာတ်သဘင်တွေ မငှားနိုင်တဲ့ အလှူပွဲသေးသေးတွေမှာ
ခမ်းခမ်းနားနားလုပ်တဲ့ မင်္ဂလာပွဲ ကြီးကြီးတွေမှာ ကျွန်တော်တို့ရဲ့လူငယ်ဟာ တောအခေါ် “ရောင်ပြန်” လို့ခေါ်တဲ့ ရုပ်ရှင်အသေးစားကို တီထွင်ပြသခဲ့ပါတယ်.. သူ့ရဲ့လုပ်ငန်း ကိုက်ပါ့မလား ... ကြည့်ရအောင်...
ပွဲတစ်ပအွဲ တွက် သူစိုက်ရတဲ့အရင်းအနှီးက လက်ပ်တော့ ရယ်... ပရိုဂျက်တာရယ်..
မီးအားထိန်းတဲ့စက်ရယ်.. ဆောင်းဘောက်စ်ကောင်းကောင်း တစ်စုံရယ်ပါပဲ .. အလှူရှင်ဆီမှာ
ပွဲတော်ထဲမှာ မီးစက်က ရှိပြီးသားပါ.. အဲဒီမီးစက်ကတည်ငြိမ်မှုမရှိတဲ့ မီးအားကို မီးအားထိန်းစက်ထဲ ထည့်လိုက်တယ်.. အဲဒီကထွက်လာတဲ့ တည်ငြိမ်နေတဲ့ မီးအားကို ပရိုဂျက်တာနဲ့ လက်ပ်တော့ကို
ပေးလိုက်တယ်.. ဆောင်းဘောက်ကြီးကို ဖွင့်လိုက်တယ်.. ပြီးတော့ ဝေဠုကျော်ရဲ “ဘုန်းမရူးဖိုးထောင်” ဇာတ်ကားကိုထိုးလိုက်တယ်.. နေမျိုးအောင်နဲ့ ပန်းဖြူတို့ရဲ့ဇာတ်ကားကိုထိုးလိုက်တယ်..
“တရုတ်သိုင်းကားတစ်ကား” ဒါဆိုရပြီ .. ဟဲဟဲ လက်ပ်တော့နဲ့ ပရိုဂျက်တာရယ် ကော်ပီခွေ ဆယ့်သုံးလေးခွေရယ်... နွေရာသီကို သူဒီလို ဖြတ်ကျော်သွားတယ်..
ဒါပေမယ့် သူသွားတဲ့လမ်းတိုင်းမှာ စွပ်ကြောင်းတစ်ခုပမာ ငွေကြေးရဲ့ ခြေရာတွေ ကျန်ခ့တဲ ယ်ဗျာ.....
ကျွန်တော်တို့ တွေးသင့်ပါပြီ...
သွေးအေးအေးနဲ့ အရာရာကို အကွက်ချ ပုံစံသွင်းသွားတဲ့ ကျွန်တော်တို့ရဲ့ကိုလူချော....
မျက်စိရှေ့ရောက်လာတဲ့ အခွင့်အရေးကို လျှပ်တပြက်အတောအတွင်း မြဲမြံစွာ ဖမ်းဆုပ်တတ်တဲ့ ကိုလူချော..
နည်းနည်းနဲ့ ကျဲကျဲဝိုင်းတတ်တဲ့ ကိုလူချော...
ဘ၀ကို တကိုယ်တော် ရင်ဆိုင်သွားတဲ့ ကိုလူချော...
ခေတ်ကို ခေတ်လိုမြင်တတ်၊ အလုပ်ကို အလုပ်နဲ့တူအောင်လုပ်တတ်တဲ့ကိုလူချော... မင်္ဂလာတရားတော်နဲ့အညီ သင့်ရာဒေသ မှာ နေတတ်တဲ့ကိုလူချော...
ကတိတည်တဲ့ ကိုလူချော..
လူ့စိတ်ကို ကျေနပ်အောင် ပြုနိုင်စွမ်းသောကိုလူချော... အစွမ်းအစ ရှိသော ကိုလူချော..
တကယ်တော့ အနူတောမှာ လူချောသွားလုပ်တာမဟုတ်လောက်တော့ဘူးထင်တယ်နော်.. စပါးရိတ်သိမ်းချိန်ရောက်လာတိုင်း ရွာမှာ အလုပ်သမားအခက်အခဲရှိတယ်.. ရိတ်သိမ်းစက် / ချွေလှေ့စက် ဆိုတာတွေက တကယ်တမ်းကျတော့ လယ်သမားတွေနဲ့
အံဝင်ခွင်ကျမဖြစ်တာတွေရှိသေးတယ်.. စပါးက အချိန်မီရိတ်ဖို့ လိုနေပြီ... မိုးသံက တချိမ့်ချိမ့်... အလုပ်သမားကရှား ...
ကိုလူချောလေ့ကျင့်ပေးထားတဲ့ လယ်သမားငါးယောက် စပါးရိတ်ဖို့ ဆင်းလာကြတယ်.. သူများတွေလို တန်းစီဆင်းလာတာမဟုတ်ဘူး .. တယောက်တစ်ကွက် ဆင်းသွားတာ .. သူတို့နောက်မှာ ကောက်ပင်သိမ်းဖို့ လူ တစ်ဦးစီပဲ လိုက်သွားတယ်..
မကြာခင်မှာပဲ အဲဒီ လယ်ကွက်တွေ ပြောင်တလင်းခါသွားတယ်... အဲဒီစက်တွေကို မောင်လူချောက တရုတ်ဘက်က မှာဝယ်တာတဲ့.. ပြီးတော့မှ ရွာက လူငယ်တွေကို စက်သုံးနည်း လေ့ကျင့်ပေးပြီး စပါးရိတ်သမားလိုနေတဲ့ လယ်သမားတွေကို အငှားလိုက်တာတဲ့... သူတို့ တစ်ယောက်စီရဲ့လုပ်အားက အခြားလယ်သမား ၁၀ ယောက်စာလောက်ကို အလုပ်ကတွင်တယ်...
လုပ်ချလိုက်ပုံက အဲဒီလိုဗျ...
ခေတ်ကို ခေတ်လိုမြင်တတ်တာ၊ ဘယ်ခရီးဘယ်ထီးနဲ့ တန်သည် ၊ ဘယ်လမ်းကို
ဘယ်ပန်းနဲ့တန်သည်ကို ရှာဖွေ ဆုံးဖြတ်နိုင်တာ ၊ ခေါင်းဆောင်မှုပေးနိုင်တာ ဒါတွေက ကိုယ်တင်မကဘူး ကိုယ့်ပတ်ဝန်းကျင်ကိုပါ အကျိုးသက်ရောက်မှု ရှိလာစေတယ်...
ကျွန်တော်တို့ ဒေသတွေမှာ ကောက်ရိုးမှိုဆိုတာ အလွန်ချိုတယ်ဗျ..
နွေဘက် ကောက်ရိုးတွေပုံထားရင် အဲဒီထဲ ဆန်ကွဲ သွားကြဲထားလိုက်တာ မိုးကျတော့
မှိုတွေထွက်ရော.. လယ်သမားဘာသာဘာဝ ဒါပဲ ချက်စားကြတယ်လေ... တနေ့တော့
မန္တလေးဘက်ကပြန်လာတဲ့ ကျွန်တော်တို့ ဇာတ်လိုက်ကျော်ဟာ သူ့အိမ်ပတ်ချာလည်ကို
ပတ်ကြည့်နေပါတယ်.. တောရွာဘာသာဘာဝ ခြံဝင်းကတော့ ကျယ်သဗျ... ပေ 100 နီးပါးလောက်ကို လွတ်နေတာပေါ့..
အဲဒီရက်ပိုင်းတွေမှာ ဒီလူငယ်ဟာ စာအုပ်တချို့ကို သဲသဲမဲမဲ ဖတ်တယ်.. စဉ်းစားတယ်.. ရေးချတယ်... တနေရာရာမှာ သူ ထစ်ငေါ့လို့နေတယ်.. နောက်ဆုံး တစ်ရက်မှာ သူမိဘတွေဆီ ခွင့်တောင်းပြီး နောက်တခေါက် မန္တလေးဘက်ကို ပြန်တက်သွားပါတယ်... ပြန်လာတဲ့အခါ ကျတော့ အထုပ်အပိုးတွေနဲ့အတူ လူရည်သန့်တစ်ယောက် ပါလာတယ်..
နောက်ရက်တွေမှာ သူတို့ ခြံဝင်းထဲမှာ ခုနစ်ပေ သုံးပေ အရွယ်၊ အနက်
ရှစ်လက်မလောက်ရှိတဲ့တွင်းတွေကို တူးကြပါတယ်.. အဲဒီထဲကို ကွင်းထဲက စုထားတဲ့
ရိုးပြတ်ခြောက်တွေ ထည့်ပါတယ်.. ပြီးတော့ ဧည့်သည်ပုဂ္ဂိုလ်ရဲ့ ညွှန်ကြားချက်အတိုင်း သူတို့ ဆက်လုပ်ကြပါတယ်.. လက်စသပ်တော့ မှိုစိုက်နေတာကိုး...
ဆယ့်နှစ်ရက်အကြာမှာ မဟာနန္ဒာဆိုတဲ့ ကောက်ရိုးမှိုတွေရလာကြပါတယ်..
ဖန်ဆင်းရှင်ရဲ့အမိန့်အရဖြစ်လာသလို မှိုတွေက အရွယ်လေးတွေညီညာပြီး တငုံတငုံချင်းစီကလည်း
အကြီးကြီးတွေပ.ဲ . ပညာရှင်က ဆက်ပြီး သင်ကြားသွားတယ်.. ၁ လ တိတိကြာတဲ့အခါ ကိုလူချောဟာ ပညာရှင်ကို ထိုက်တန်စွာ ကန်တော့ပြီး ရွှေမန်းကို ပြန်ပို့ပေးခဲ့ပါတယ်..
သူစီးပွားဖြစ်စိုက်ထားတဲ့မှိုတွေကို ကိုယ့်နယ်ထဲမှာရောင်းချရင် နွမ်းတာတွေ၊ ပွင့်သွားတာတွေ ကြောင့် မှိုခြောက်အဆင့်အထိ ထုတ်လုပ်ပုံ၊ အဲဒါကို ဈေးကွက်ထဲ တင်ပို့ပုံ အဆင့်ဆင့်ကို အမှန်တကယ်
တတ်ကျွမ်းနားလည်တဲ့ ပညာရှင်ဆီကနေ အိမ်ခေါ်ပြီးတော့ကို သင်ယူခဲ့တာပါ.. စနစ်ကျနစွာသင်ယူပြီး အခု ကိုလူချောဘာလုပ်နေတယ်ထင်သလဲ....
လယ်သမားတွေအတွက် ရိုးပြတ်က ပေါတယ်လေ..
နွားချေးရယ်လို့လည်း အထူးတလည်သိပ်ရှာစရာမလိုပါဘူး...
အဲဒီ နှစ်မျိုးနဲ့ မြေကြီး ရှိတယ်ဆိုရင် ကိုလူချောအိမ်ကို သွားရတယ်..
3000 ဖိုးလောက် တန်ကြေးရှိတဲ့ မှိုမျိုးစေ့၊ မှိုအားဆေး ၊ မှို ပိုးသတ်ဆေး အုပ်တဲ့ ပလတ်စတစ် စတာတွေကို ၀ယ်ကြတယ်.. ပြီးရင် ကိုလူချောမှာတဲ့အတိုင်း သေချာစွာ စိုက်ပျိုးကြတယ်..
မှိုကျင်းရဲ့သက်တမ်းက (၁၈) ရက်ပါ။ အဲဒီက မှို (10) ပိဿာထွက်တယ်.. တစ်ပိဿာကို 1200 ကျပ်နဲ့ ကိုလူချောအိမ်ကို သွားသွင်းရတယ်.. အဲဒီတော့ 12000 လောက် ရကြတယ်..
စိုက်နည်းကတော့ အိမ်မှာ ကျင်း (၁၀) ကျင်းရှိတယ်ဆိုပါစို့ ပထမ သုံးကျင်းကို တရက် စိုက်၊
နှစ်ရက်လောက်ခြားပြီး ဒုတိယ သုံးကျင်းကိုစိုက်၊ ပြီးရင် နှစ်ရက်သုံးရက်လောက်ခြားပြီး တတိယ
လေးကျင်းကိုစိုက် ဒါဆိုရင် အဲဒီအုပ်စု သုံးစုဟာ အလှည့်ကျလည်ပတ် ဖူးပွင့်ပြီး နေ့စဉ်ဝင်ငွေ ဆိုတာ လယ်သမားတွေရဲ့ ဘ၀မှာ ပေါ်ထွက်လာတယ်.. ပထမအကြိမ် ကျင်းအတွက်ဝယ်တဲ့ 3000 ဖိုးမှာ
ပလတ်စတစ်ပါတယ်.. ဒုတိယ အကြိမ်နဲ့ တတိယအကြိမ်ဝယ်ရင် ပလတ်စတစ်အဟောင်းကို ဆက်သုံး အပေါ်က မိုးပေးရတဲ့ ဖက်ကို ဆက်သုံးခြင်းအားဖြင့် အရင်းစိုက်ရငွေ ပိုမိုသက်သာလာတယ်.. တစ်ကျင်းရှစ်ထောင် အမြတ်နှုန်းနဲ့ (၁၀) ကျင်းရှိသူက တစ်လကို ရှစ်သောင်း မြတ်ပြီဗျ.. အနည်းဆုံးနော်...
သစ်တစ်ပင်ကောင်းငှက်တစ်သောင်းနားရသတဲ့.... မောင်လူချောကတော့ အဲဒီမှိုတွေကို ဒိုင်ခံကောက်ယူ အခြောက်လှမ်းပြီး ကုန်ချောအဆင့်ကို ရွာမှာတင် ထုတ်လုပ်ပါတယ်.. သူတင်ပို့ရောင်းချတဲ့အခါ ဘယ်လောက်မြတ်သလဲဆိုတာကို သိချင်လိုက်တာ......
လေးစားစွာဖြင့် စီခရေဇီ