An Article By Baaw 1_6_09

  • Uploaded by: heinhtetsan
  • 0
  • 0
  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View An Article By Baaw 1_6_09 as PDF for free.

More details

  • Words: 496
  • Pages: 3
ဗိုလ်ချုပ်တစုနဲ့ ဒီအမှု -ဗသြနအဖဟာ လွန်ခဲ့တဲ့ ၆ နှစ်တုန်းက ဒီပဲယင်း လူသတ်ပွဲကြီးကို လုပ်ကြံခဲ့ရာ မှာ ဘာမှ အမှုမဖွင့်၊ ဘယ်သူ့ကိုမှ မစစ်ဆေး အရေးမယူတဲ့အပြင် မသေကောင်း မပျောက်ကောင်း ရှင်ကျန်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ကို ချုပ် နှောင်ခဲ့ပါတယ်။ တရားလိုကို တရားခံလုပ်ပစ်တဲ့ ဖြစ်ရပ်ပါ။ အခုလည်းပဲ အိမ် ဖောက်ထွင်းတဲ့ကိစ္စမှာ

လုံခြုံရေးတာဝန်ရှိသူတွေကိုတော့

ဘာမှအရေးမယူဘဲ

ဖောက်ထွင်းခံရတဲ့အိမ်ရှင်ကို အရေးယူအပြစ်ပေးဖို့ စီစဉ်နေတာဟာ ဒီနေ့ခေတ် ဗမာပြည်နိုင်င့ရေးရဲ့ အင်မတန် အရုပ်ဆိုး အကျည်းတန်တဲ့ ဖြစ်ရပ်တခုလို့ဆိုရင် မမှားပါဘူး။ ဒီအမှုအပေါ် လူအားလုံးက သံသယဖြစ်ရတဲ့ အကြောင်းရင်းပေါင်းများစွာ ထဲမှာ အချက်တချက်ကတော့ အမှုကို ထူးထူးခြားခြား တက်သုတ်ရိုက် စစ်ဆေး နေတာပဲဖြစ်ပါတယ်။

ဒါပေမယ့်

အမှုကို

ဒီလိုစိတ်ဝင်တစား

စောင့်ကြည့်နေ

တုန်းမှာပဲ အားလုံးကို အံ့သြသွားစေတဲ့ကိစ္စရပ်တရပ် ပေါ်လာခဲ့ပါတယ်။ အဲဒါ ကတော့ နှစ်ဖက်သက်သေတွေကို စစ်ပြီးတယ်ဆိုတာနဲ့ နအဖရဲ့ အစီအစဉ်တခုလုံး တန့်သွားတာပါပဲ။ စီရင်ချက်ချမယ့်ရက်ကို နောက်ရွှေ့လိုက်တာဟာ သာမန်ကိစ္စ မဟုတ်မှန်း လူတိုင်း သတိထားမိပါတယ်။ နအဖရဲ့တရားရုံးဟာ အကြောင်းပြချက် မခိုင်လုံဘဲနဲ့

ဒေါ်အောင်ဆန်းစုကြည်ဘက်က

တယောက်ထဲကိုသာ တောင်မှပဲ

တင်ပြတဲ့

အစစ်ခံခွင့်ပေးတယ်ဆိုတာလည်း

နအဖရဲ့တရားရုံးဟာ

အမေရိကန်နိုင်ငံသား

သက်သေတွေထဲက အားလုံးအသိပါ။

ဒါ

ဂျွန်ယက်တောအပါ

နှစ်ဖက်သက်သေများရဲ့ ထွက်ချက်ဟာ သူတို့ကို ကြိုတင်ချမှတ်ခိုင်းထားတဲ့ အပြစ် ဒဏ်နဲ့ ပဋိပက္ခဖြစ်နေလို့ နောက်တလှမ်းဆုတ်သွားခဲ့ပါတယ်။ သူတို့ချင်း ပြန်ပြီး လက်ဝါးရိုက်ကြဦးမယ့်သဘောပါပဲ။ နောက်တနည်း ပြန်စဉ်းစားကြည့်လိုက်တော့ လက်ရှိထက်ွချက်တွေနဲ့ဆိုရင် တောင်

သူ့တပ်ထဲကလူတွေ၊

လက်ခံမှာမဟုတ်ဘူးလို့

သူတို့ထိပ်ပိုင်းက

သဘောပေါက်လာကြလို့လား၊

လူတွေ

ဒါမှမဟုတ်

လက်တွေ့ကိုပဲ တပ်ထဲနဲ့ခေါင်းဆောင်အပိုင်းထဲမှာ ဆန့်ကျင်ပြောဆိုမှုတွေ ရှိနေလို့ လားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ အခုတော့ ဒီအမှုတခုလုံးကိုက ပြန်စဉ်းစားစရာ ဖြစ်နေပါတယ်။ တိုက် ဆိုင်တာပဲဆိုဆို၊ နှိုင်းယှဉ်တာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်အပေါ် ဒီတခါ အမှုဆင်ပုံဟာ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံတုန်းက အင်္ဂလိပ်အစိုးရက လုပ်ပုံတွေနဲ့ တူနေတဲ့အချက်တွေဟာ စဉ်းစားစရာတွေရှိနေပါတယ်။ ဒေါက်တာတင်မျိုးဝင်းကို တရားရုံးအရိပ်နားတောင် မသီနိုင်အောင် နအဖ က ဘယ်လိုပဲ ဖိနှိပ်ထား၊ ခြိမ်းခြောက်ထားပေမယ့် ဂျွန်ယက်တောကို နအဖ က တမင်သွင်းလွှတ်လိုက်တယ်ဆိုတဲ့အချက်ဟာ

ထင်ရှားသထက်

ထင်ရှားလာပါ

တယ်။ ဒီအမေရိကန်လူမျိုး ဂျွန်ယက်တောကို ဒုတိယအကြိမ် ဝင်ခွင့်ပြုလိုက်တာ

ဟာ ၁၉၄၇ ခုနှစ်တုန်းက ဗြိတိသျှ ကိုလိုနီအစိုးရက ဂဠုန်ဦးစောကို ဘရင်းဂန်း အလက် ၂၀၀ နဲ့ တခြားလက်နက်ကျည်ဆံတွေ ထုတ်ပေးလိုက်တာကို သတိရ စေပါတယ်။

အဲဒီတုန်းက

ဦးစောလိုလူရဲ့လက်ထဲကို

ဒီလို

လက်နက်တွေ

အမြောက်အများ ရောက်သွားရင် ဘာဖြစ်မယ်ဆိုတာ နိုင်ငံရေးပါး နည်းနည်းလေး ဝသူတောင် သိပါတယ်။ အဲဒီခေတ် အဲဒီအခါက အနေအထားနဲ့ဆိုရင် ပြည် တွင်းစစ်တောင် ထဖြစ်နိုင်တဲ့ လက်နက်အမျိုးအစားနဲ့ အရေအတွက်ပါ။ ဒါကို ကိုလိုနီပါး အင်မတန်ဝတဲ့ အင်္ဂလိပ်အစိုးရက အသိဆုံးဖြစ်ပါတယ်။ (ဆရာစံတို့ဟာ ဓါး၊ လှံ၊ အလွန်ဆုံး တူမီးလောက်နဲ့ ပုန်ကန်ခြားနားခဲ့ကြတာပါ။) အခုလည်းပဲ အင်္ဂလိပ်တွေလုပ်ခဲ့သလို ဂျွန်ယက်တောနဲ့ ဘိန်းပစ်ဖမ်းတယ်ဆိုတာ ပိုပိုထင်ရှား လာနေပါတယ်။ နအဖ က ဒီအမှုကို စဖော်တုန်းကတော့ ဂျွန်ယက်တောဟာ ရေကူးလာတယ်ဆိုပြီး ရေသန့်ဗူးခွံတွေ၊ ဘဲခြေထောက်တွေကို ဓါတ်ပုံရိုက်ပြပြီး ကမ္ဘာကို ဝါဒဖြန့်ခဲ့ပါတယ်။ အခုတော့ ဂျွန်ယက်တောဟာ နအဖရဲ့ အစောင့် တွေနဲ့တောင် စကားစမြည်ပြောပြီး သဲဖြူခင်း ရာဇမတ်ကာလို့ မပြောရုံတမယ် လမ်းပေါ်က မားမားလျှောက်လာတာ ဖြစ်နေပါတယ်။ အင်္ဂလိပ်တွေဟာ ဘယ်လောက်တောင် နိုင်ငံရေးပါးဝလိုက်သလဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံပြီးတဲ့နောက် ဗမာပြည်တွင်းမှာ သူတို့ဆက်လုပ်ပုံ ကို ကြည့်ရင် ထင်ရှားပါတယ်။ အဲဒီတုန်းက ကွန်မြူနစ်ပါတီက အာဇာနည်တွေကို သတ်တာဟာ ဗြိတိသျှအစိုးရဖြစ်တယ်လို့ ကြေညာထားပါတယ်။ ပြည်သူလူထု ထဲမှာလည်း တအုံနွေးနွေးနဲ့ ပေါက်ကွလဲုလု ဖြစ်နေပါတယ်။ ဝမ်းနည်းမှုကနေ ဒေါသပေါက်ကွေဲ တာ့မယ့်အခြေအနေဖြစ်ပါတယ်။ ဒီတော့ ဘုရင်ခံဟာ သခင်နုကို ခေါ်ပြီး ဝန်ကြီးချုပ် ခန့်အပ်လိုက်ပါတယ်။ ဒီလိုနဲ့ သူဟာ အဲဒီအကြပ်အတည်း ကြီးကို ကျော်လွှားသွားနိုင်ပါတယ်။ အခု ဒီ နအဖ အစိုးရဟာ ဗြိတိသျှတွေလို ပါးနပ်လိမ္မာမလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မတရားပြစ်ဒဏ် ချမှတ်တာရဲ့ အကျိုးဆက်တွေကို သူတို့ မစဉ်းစား မပြင်ဆင်လို့ မဖြစ်ပါဘူး။ ဒီအခြေအနေတွေကနေ

ဆက်ပြီးဖြစ်လာတာကတော့

ဗမာ့နိုင်ငံရေးမှာ

တွေ့ဆုံဆွေးနွေးရေးတံခါးကို နအဖ က အပြီးအပိုင် ပိတ်ပစ်လိုက်ပြီဆိုတဲ့ကိစ္စပါပဲ။ အာဏာနိုင်ငံရေးသာသိတဲ့ နအဖ ဗိုလ်ချုပ်တွေဟာ တွေ့ဆုံဆွေးနွေးပွဲ တံခါးကို တင်းတင်းပိတ်ထားရင် သူတို့အတွက် လုံခြုံမယ်လို့ ယူဆနေကြပါတယ်။ တနည်း - အာဏာမြဲမယ်လို့ ယူဆနေကြတယ်။ နားပိတ်ထား၊ မျက်စိပိတ်ထားလို့ မကြားရ၊ မမြင်ရရင် ဘာမှမဖြစ်ဘူးလို့ စဉ်းစားတာမျိုး စဉ်းစားနေကြပါတယ်။ တကယ်က ဗမာပြည်ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် နှစ်ဖက် တွေ့ဆုံ ဆွေးနွေးပါလို့ ပြောနေတာဟာ ပြည်တငွ်းရေးကို စွက်ဖက်ချင်တဲ့ တခြားနိုင်ငံ တွေက ပြောနေတာမဟုတ်ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းထဲက အလိုလိုထက်ွလာတာလည်း

မဟုတ်ပါဘူး။

ဒါဟာ

ဗမာပြည်

ပြည်သူတွေရဲ့

လိုလားချက် ဖြစ်ပါတယ်။ အဲဒီလိုလားချက်ကို သူတို့က ထင်ဟပ်ကြတာပါ။ ဗိုလ်သန်းရွှေလိုပဲ အာဏာဂုဏ်နဲ့ မောက်မာလှတဲ့ ဗိုလ်နေဝင်းဟာ ၁၉၆၃ ခုနှစ်မှာ တွေ့ဆုံဆွေးနွေးရေး မျက်လှည့်ပြပြီးတဲ့နောက် ဘယ်သူနဲ့မှ စကားမပြော တော့ဘူး။ အပြတ်ပဲ ချတော့မယ်ဆိုပြီး လုပ်ခဲ့တာပါ။ ဒါပေမယ့် ၁၉၆၀-၇၀ ကနေ ၁၉၇၆ ခုနှစ်အထိ လူထုဆန္ဒပြပွဲတွေ အမျိုးမျိုးဆက်ဖြစ်လာတော့ ဗိုလ်နေဝင်း ပိုင်လှပါတယ်ဆိုတဲ့ တပ်ထဲမှာ သူ့ကိုမကျေနပ်တာတွေ ပေါ်လာတယ်။ ဗိုလ်ကြီး အုန်းကျော်မြင့်တို့ကိစ္စလို သူ့ကိုသတ်မယ့်ကိစ္စတောင် ပေါ်လာတာပဲမဟုတ်လား။ နောက်တော့ ၁၉၈၀ ခုနှစ်မှာ ဗကပ၊ ကေအိုင်အေတို့နဲ့ ဆွေးနွေးတာတွေ လုပ်ခဲ့ ရပါတယ်။ အဲဒီကနေ ဆက်ပြီး ရှစ်လေးလုံးလှုပ်ရှားမှုကြီး ပေါက်ကွထဲ က်ွလာတာ၊ ဗိုလ်နေဝင်း မျက်ရည်ကျရတာ၊ နန်းပေါ်က ဆင်းပေးရတာ၊ မဆလ ပါတီကို ဖျက်သိမ်းပေးရတာ၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို လုပ်ပေးရတာ စတာတွေဟာ တံခါးဖွင့်ပေးရရုံ ကလို့လား။ အခုလည်း တွေ့ဆုံဆွေးနွေးပွဲကို တံခါး ဘယ်နှစ်ထပ်ပဲ ပိတ်ထား ပိတ်ထား၊ လူထုက ဖွင့်ရင် မုချ ပွင့်လာမှာပါ။ တွန်းဖွင့်လို့မရရင် ဆောင့်ဖွင့်တန် ဖွင့်ရပါမယ်။ ဆောင့်ဖွင့်လို့မရရင်

ဖောက်ခွဲဖွင့်ရပါမယ်။

လူထုဟာ

အခြေအနေတွေကို

အကဲခတ် စောင့်ကြည့်နေတာဖြစ်ပါတယ်။ တနေ့ကပဲ လူတယောက်က ဦးဝင်းတင်ကို… နအဖ က အလျှော့ပေးမှာ မဟုတ်တော့ဘူး၊ အံတုမနေနဲ့တော့၊ ရင်မဆိုင်နဲ့တော့၊ ရွေးကောက်ပွဲသာ ဝင်ပေ တော့ ဆိုတဲ့အဓိပ္ပါယ်မျိုးပြောတာ ကြားလိုက်ရပါတယ်။ ဒါဟာ နအဖ က တံခါးကြီး ကို

ဖွင့်မပေးဘဲ

တင်းခံထားတဲ့အတွက်

သူဖွင့်ပေးထားတဲ့

ခွေးတိုးပေါက်က

ဝင်ရမယ်လို့ ပြောနေတာဖြစ်ပါတယ်။ ခြင်္သေ့ဟာ မြက်မစားဘူးဆိုတာ အဲဒီလူ မသိလို့ပါ။ တချို့လူတွေဟာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က

ခေါင်းဆောင်တွေရဲ့

ခေါင်းထဲမှာ ဘာရှိသလဲ၊ ဘာတွေပြင်ဆင်ထားသလဲဆိုတာ သိရအောင် တမင်ပဲ ဆွနေသလားဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။ ဒါမျိုးတွေကို “စကားဝိုင်း”တွေမှာ မကြာခဏ မြင်တွေ့ရပါတယ်။ တကယ်ကျတော့ အဲဒီလို ဆွတဲ့လူတွေဟာ နအဖ အလိုကျလုပ်တာ မဟုတ်ဘူးဆိုရင် နိုင်ငံရေးအပါးမဝသေးတာကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ ဒါဟာ စစ်အုပ်စုရဲ့ ဖက်ဆစ်လုပ်ဟန်ကြောင့် ဗမာပြည်နိုင်ငံရေး၊ နောက်ပြီး စာပေအနုပညာလောကမှာ ခေတ်စားလာနေတဲ့ လုပ်ဟန်တခု ဖြစ် ပါတယ်။ အဲဒါက သခင်အားကိုးနဲ့ သဘောထားမတူသူတွေကို ဆွတာ၊ ရန်တိုက် တာတွေ လုပ်တာပဲဖြစ်တယ်။ သတ္တိကောင်းလှသူတွေလို့ ဆိုနိုင်သပေါ့။ ဒါပေမယ့်

ပြန်စဉ်းစားသင့်တာကတော့

ရှစ်လေးလုံးအရေးတော်ပုံကြီး

ပေါ်ပေါက်လာတဲ့အခါကျတော့ သန်းဂဏန်း စာရင်းပြထားတဲ့ မဆလ ပါတီဝင်တွေ ဘာဖြစ်သွားတယ်ဆိုတာပါပဲ။ ။ ၊ဗသြ၊

Related Documents

1609
December 2019 9
Baaw
May 2020 2
Cat 1609
June 2020 4
032 Gene 1609
December 2019 10
An Intergration Article
October 2019 9

More Documents from "Travis Blankenship"

Suggestionb
May 2020 11
Aung
December 2019 27
2009-2-8 Otsuka
December 2019 26
Vob708
April 2020 11
Statement(2)
May 2020 9