'kwd,tdrf EdkifiHwumpmayqufqHa&;tiftm;pk P.O Box 201 Rochester, NY 14580------Ph: 585-957-6452----Fax: 585-671-4707 ဂျူလိုင် (၄) ရက်နေ့ဆိုတာာအမေရိကန်ပြည်ထောင်စုရဲ့လွတ်လပ်ရေးနေ့ဖြစ်တယ်။ အမေရိကန်လွတ်လပ်ရေးကြေငြာစာတမ်းရဲ့(၁၃) နှစ်အကြာမှာ အမေရိကန်ပြည်ထောင်စုကိုတည်ထောင်ခဲ့ကြတဲ့ခေါင်းဆောင်တွေက “ ကျနော်တို့ဟာပြည်သူတွေတွေဖြစ်တယ်” ဆိုတ့ေဲ ကြွးကြော်သံကို၊ သူတို့ရဲ့ကြေငြာစာတမ်းမှာထပ်မံအဓိပ္ပါယ်ဖွင့်ပေးလိုက်ကြတယ်။ နှစ်ပေါင်း(၂၀၀) ကျော်အတွင်းမှာပြည်တွင်းစစ်တွေကြုံခဲ့ရတယ်။ ဖက်ဒရယ်စံနစ်ကိုတည်ထောင်ချင်သူတွေနဲ့၊ ဖက်ဒရယ်စံနစ်ကိုငြင်းဆန်သူတွေကြားကပဋိပက္ခတွေကို ရင်ဆိုင်ခဲ့ကြရတယ်။ ဒါပေမဲ့ တိုင်းပြည်ခေါင်းဆောင်တွေရဲ့ရင့်ကျက်မှု၊ အမျှော်အမြင်ကြီးမှု့၊ လူထုကိုလေးစားတဲ့ဒီမိုကရေစီအဆောက်အဦတွေ တည်ဆောက်နိုင်ခဲ့မှုကြောင့်၊ ဒီကနေ့အမေရိကန်ပြည်သူတွေ-လွတ်လပ်မှုကို ပြည့်ပြည့်ဝဝခံစားနေခဲ့ကြရတယ်။ “ဘရက်အိုဘားမား” က ဗာဂျီနီးယားပြည်နယ်ကမြို့နယ်တခုမှာ၊လူထုန့ေဲ တွ့ဆုံပြီး ပြည်သူလူထုကြုံတွေ့နေရတဲ့စီးပွားရေး၊လူမှုရေးပြဿနာတွေကိုဆွေးနွေးကြတဲ့အခါ၊ အစည်အဝေးကိုလာတက်နေတဲ့အမျိုးသမီးတယောက်က “ ငါ့မှာ-အလုပ်လက်မဲ့ဖြစ်နေတယ်။ ဆေးဝါးကုသဖို့အတွက်အာမခံမှုတွေလည်းမရှိဘူး၊ ဘဝကလည်းလုံခြုံမှုမရှိဘူး” လို့မျက်ရည်တဝက်နဲ့ပြောရှာတယ်။ ဘရက်အိုဘားမားကအဲ့ဒီအမျိုးသမီးကိုရင်ချင်းအပ်ပွေ့ဖက်အားပေးပြီး-နောက်တနေ့မှာအဲ့ဒီအမျိုးသမီးအပါအဝင် အမျိုးသမီးကြီး (၃) ယောက်ကိုအိမ်ဖြူတော်ဆီဖိတ်တယ်။ “ ဒီအမျိုးသမီးရဲ့ဖြစ်ရပ်ဟာ ပြကွက် (အေ) အဆင့်ဖြစ်တယ်။ ဒါကြောင့် -အမေရိကန်ပြည်ထောင်စုဟာပြောင်းကိုပြောင်းလဲရမယ် ဆိုတာကိုကျနော်ပြောနေရတာပေါ့” လို့သူ့ရဲ့အစိုးရအဖွ့ကဲိုသူ့ရဲ့အိပ်မက်တွေဘယ်လိုမှန်နေသေးတယ် ဆိုတဲ့အကြောင်းခိုင်ခိုင်မာမာပြောတယ်။ အတိုက်အခံနိုင်ငံရေးသမားတွေကအစ၊ အမေရိကန်သမ္မတသက်တမ်းအချိန်တိုအတွင်းမှာ၊ ဘရက်အိုဘားမားရဲ့အရည်အချင်းကိုမြင်ခဲ့ရတယ်။ ပြည်တွင်းမူဝါဒရေးရာတွေကို ပြောင်းလဲပစ်ဖို့အတွက်ကန်ွဂယက်မှာ-သူသွားချင်တဲ့လမ်းကြောင်းကိုအမြန်ဆုံးရအောင်ချမှတ်နိုင်ခဲ့တယ်။ ရီပတ်ပလင်ကန်ပါတီကအတိုက်အခံလုပ်နေပေမဲ့၊ ပညာရေး၊ ဆေးကုသရေးအတွက်အာမခံချက်ရရေးတွေကိုတလှမ်းချင်းလှမ်းတယ်။ သူ့ကိုလူအများက သုံးသပ်ခဲ့သလို သူ့ရဲ့နိုင်ငံရေးအယူအဆဟာ ၊အစိုးရရဲ့အခန်းကဏ္ဍကိုတိုးချဲ့ပြီး အောက်ခြေလူတန်းစားအကျိုးစီးပွားကိုပိုဇောင်းပေးတဲ့ ( Center-Left) ခေါင်းဆောင်ဆိုတာ၊ ပိုမိုထင်ရှားလာခဲ့တယ်။ အလုပ်လက်မြဲ့ ဖစ်မှုတွေဟာ ၂၀၀၉ ဂျွန်လ တလထဲမှာတင် ( ၆ ) သိန်းကျော်ရှိပေမဲ့ ဒီပြဿနာတွေဟာ နောက်တနှစ်လောက်ကျရင်တည်ငြိမ်သွားလိမ့်မယ်လို့မျှော်လင့်နေကြတယ်။ နိုင်ငံတကာမြင်ကွင်းမှာသူရဲ့အဖွဲ့ကို မောက်မာတဲ့အစိုးရတရပ်အဖြစ်မမြင်အောင်ဘာသာဗေဒအသုံးအနှုန်းကအစသေသေချာချာသုံးတယ်။ သူ့ရဲ့လက်ထက်မှာ-ဘုရှ်အစိုးရနဲ့ ၂၀၀၃ အီရတ်စစ်ပမွှဲာ- မကျေမလည်ဖြစ်ခဲ့ရတဲ့ ရုရှားခေါင်းဆောင်တွေနဲ့ပြန်လည်အဆင်ပြေလာခဲ့ပြီး၊ အာဖကန်စစ်ပွဲကိုတင်ပို့မဲ့လက်နက်ပစ္စည်းတွေအတွက်ရုရှားမြေကိုအသုံးပြုခွင့်ရခဲ့သလို၊ ရုရှားပြည်ထောင်စုကလည်း၊ မြောက်အတ္တလန်တိတ်သဘောတူညီမှု ( NATO) နဲ့ စစ်ရေးအရပြန်လည်လက်တွဲလုပ်ကိုင်မဲ့ အစည်းအဝေးတွေဆီကိုပြန်ရောက်လာတယ်။ တကယ်တော့-တကမ္ဘာလုံးမှာဖြစ်နေတဲ့စီးပွားရေးပျက်ကပ်ဟာနိုင်ငံရေးအခင်းအကျင်းသစ်တခုကိုပြောင်းလဲလာတော့မယ်လို့တွက်ချက်နေခဲ့ကြတယ်။ ဥပမာ-အာရှကျားများလို့နာမည်ကြီးခဲ့တ့ေဲ တာက်ပြောင်နေတဲ့နိုင်ငံတွေ၊ မှေးမှိန်သွားမယ်။ တရုတ်ပြည်ကတော့ဒဏ်ရာနဲနဲနဲ့ကျော်လွှားနိုင်မယ်။ ( ဒီအကြပ်အတည်းမှာ-သူကအောင်မြင်သူတယောက်အဖြစ်ဟစ်ကြွေးနိုင်လိမ့်မယ်)၊ရေနံနဲ့ကမ္ဘာကြီးဆီကိုအင်အားကြီးနိုင်ငံတွေအဖြစ်ပြန်လာချင်တဲ့ ရုရှား၊ အီရန်လိုနိုင်ငံတွေရဲ့အကြပ်အတည်းကိုကုစားနိုင်ဖို့အချိန်ယူရမယ်။ အဆိုးဝါးဆုံးထိတဲ့နိုင်ငံတွေကတော့ တတိယကမ္ဘာကနိုင်ငံတွေဖြစ်တယ်။ တချို့နိုင်ငံတွေမှာဆို-အမျိုးသမီးတွေအလုပ်မရှိ၊စားစရာမရှိတော့လို့ ခန္ဓာကိုယ်ကိုရင်းစားနေရတဲ့အဖြစ်တွေအရမ်းများပြားလာခဲ့တယ်။ လူဦးရေ (၅၃) သန်းကျော်ဟာ ငတ်ပြတ်ဆင်းရဲမွေတေမှုတွေန့ရဲ င်ဆိုင်ရမယ်လို့ကမ္ဘာ့ဘဏ်ကသတိပေးနေတယ်။ အမေရိကန်ပြည်ထောင်စုစီးပွားရေးအကြပ်အတည်းနဲ့ရင်ဆိုင်နေရတာကိုဝမ်းသာအားရနဲ့မြန့်မာ့အလင်းသတင်းစာမှာနေ့တိုင်းထည့်နေတဲ့မြန်မာစစ်အစိုးရကိုတခုလောက် ပြောချင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာအလုပ်အကိုင်တွေမကောင်းပေမဲ့-သူတို့က အဲ့ဒီအကြပ်အတည်းကိုအချိန်တိုတိုလေးမှာကျော်လွှားသွားနိုင်မှာပါ။ အလုပ်မရှိတဲ့ပြည်သူတွေကိုအစိုးရကထောက်ပံ့ကြေးပေးထားတယ်။ Food Stamps လို့ခေါ်တဲ့ အစားအစာဝယ်ယူလို့ရတဲ့၊ထောက်ပံ့မှုကဒ်တွေကိုပေးထားတယ်။ အစိုးရရဲ့ထောက်ပံ့ကြေးရထားတဲ့- ပြည်သူတွေက ဈေးဝယ်မပျက်ဘူး။ ပျော်ပျော်ရွှင်ရွှင်စုံဆုံချက်စားကြတဲ့ ပါတီတွေ ကလည်းအခုလိုအားလပ်ရက်တွေမှာဆိုပိုတွေ့ရမယ်။ ဓါတ်ဆီဈေးတွေတက်နေပေမဲ့ ဒစ်စနေလန်း၊ ဟောလီဝုဒ်၊ ပင်လယ်ကမ်းခြေအပမ်းဖြေစခန်းတွေ၊ ပြည်နယ်ခြား အပန်းဖြေပန်းခြံ၊ တောတန်းတွေ၊မှာလူတွေစည်ကားနေသလို၊ သောကြာနေ့ကားသစ်တင်တိုင်း ရုပ်ရှင်ရုံတွေမှာ၊ လာရောက်ခံစားနေကြဆဲ၊ ဆူပါမားကက်တွေမှာ သတ်မှတ်ရက်ကုန်သွားလို့ပိုလျှံတဲ့အစားအစာတွေကို ဘုရားကျောင်းတွေ၊ ဆင်းရဲတဲ့လူတန်းစားတွေအတွက် အလှူအတန်းပေးနေကြတယ်။-တချို့ကစာသင်ကျောင်းတွေမှာခေတ္တယာယီပြန်လာပြီးစာသင်နေကြဆဲဖြစ်တယ်။ စီးပွားရေးပျက်ကပ်ဆိုတာ-တတိယကမ္ဘာကဆင်းရဲတဲ့နိုင်ငံတွေကိုပိုထိပါတယ်။ မိမိတိုင်းပြည်မှာ-ထမင်းတနပ်စားရဖို့အတွက်တောင်အခက်အခဲရှိနေတဲ့ပြည်သူလူထုရဲ့ ဘဝကိုလေးလေးနက်နက်မစဉ်းစားပဲ၊ သူများတွေရဲ့မကောင်းသတင်းတွေကိုလျှောက်ပြောနေတာကတော့ဥနှောက်နည်းလွန်းရာရောက်ပါတယ်။
အကြပ်အတည်းတွေ-လွန်မြောက်သွားတဲ့အခါ Laissez-faire စီးပွားရေးစံနစ်တခုကတော့ပြီးဆုံးခဲ့ပါပြီ။ Anglo-Saxon တွေရဲ့လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးစံနစ်ဟာကမ္ဘာလောကတခုလုံးဆီကို နှစ် (၃၀) ကျော်နီးပါး ပျံ့နှံ့နေခဲ့တယ်။ အစိုးရတွေရဲ့အခန်းကဏ္ဍတွေဟာမှေးမှိန်ခ့ရဲ တယ်။ စည်းမျဉ်းစည်းကမ်းတွေလျော့ချခဲ့တယ်။ ပုဂ္ဂလိကပိုင်ဆိုင်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုတွေရဲ့ နယ်နမိတ်မျဉ်းတွေဟာထိန်းချုပ်မှုမ့စွဲာ စီးဆင်းခဲ့တယ်။ အရှေ့အာရှ၊ အိုင်ယာလန်၊ မက္ကစီကိုအပါအဝင်နိုင်ငံတော်တော်များများဟာ- ဥရောပအလယ်ပိုင်းနဲ့ အရှေ့ပိုင်းနိုင်ငံတွေလိုပဲ လွတ်လပ်တ့ကဲုန်သယ်ွမှုမော်ဒယ်ကိုလက်ခံခြဲ့ ကတယ်။ ဒီလှုပ်ရှားမှုဟာ အမေရိကန်ပြည်ထောင်စုအတွက် စီးပွားရေးအရအဓိကအင်အားကြီးဖြစ်မှုကို ဖြစ်စေခဲ့ရပြီး၊ နေထိုင်မှုအဆင့်အတန်းမြင့်မှုတွေ၊ ကွန်ဆာဗေးတစ်မူဝါဒတွေကနှစ်လိုဘွယ်ကောင်းခဲ့တယ်။ ဒီစံနစ်ကိုကျင့်သုံးခဲ့တဲ့အစိုးရတွေကိုမရေမတွက်နိုင်တ့လဲူ့အဖွ့အဲ စည်းတွေကထောက်ခံခဲ့ကြတယ်။ နိုင်ငံတော်အစိုးရကိုဗဟိုပြုပြီးစီးပွားရေးစံနစ်တွေကိုလည်ပတ်လေ့ရှိတြဲ့ ပင်သစ်၊ ဂျာမဏီလိုနိုင်ငံတွေဟာနောက်ဆုတ်နေခဲ့ရတယ်။ ခုတော့ စာမျက်နှာတွေကပြောင်းလဲခ့ပဲါပြီ။Anglo-Saxon တွေရဲ့စီးပွားရေးစံနစ်ဟာကျဆုံးသွားခဲ့ပြီလို့လူတော်တော်များများကရှုမြင်နေခဲ့ကြတယ်။ လူသားတွေရဲ့ကစင့်ကလျားဖြစ်နေမှု၊ ရပ်တည်ချက်မတည်ငြိမ်မှုတွေဟာကမ္ဘာလောကကြီးတခုလုံးကိုအောက်ဘက်ဆီကိုစောက်ထိုးဆင်းသွားစေခဲ့တယ်။ အမေရိကန်ပြည်ထောင်စုအပါအဝင်၊ကမ္ဘာတဝှမ်းလုံးဟာ နိုင်ငံရေးဒီရေအသစ်တခုကိုဦးတည်စေခဲ့တယ်။ ဈေးကွက်ကိုပြန်လည်ထိန်းချုပ်ခြင်းနဲ့အတူ၊ အစိုးရရဲ့အခန်းကဏ္ဍတွေကိုချဲ့ထွင်လာခဲ့တယ်။ အမေရိကန်သမ္မတဘရက်အိုဘားမားရဲ့အစိုးရအခန်းကဏ္ဍကိုတက်တက်ကြွကြွပူးပေါင်းပါဝင်ခြင်းဟာသက်သေပြချက် တခုလိုဖြစ်နေခဲ့တယ်။ ဘဏ်လုပ်ငန်းတွေကိုပြည်သူပိုင်သိမ်းမှု၊ ကားထုတ်လုပ်မှုစက်မှုလုပ်ငန်းတွေ၊ တုံ့ဆိုင်းနေတဲ့စီးပွားရေးလုပ်ငန်းတွေကိုပြုပြင်ပြောင်းလဲရေး တွေလုပ်ခဲ့တယ်။ အိုင်ယာလန်၊ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု၊ အပါအဝင်ကမ္ဘာတဝှမ်းလုံးမှာအစိုးရပိုင်လုပ်မှုတွေကိုပိုမိုတွေ့မြင်ရမှာဖြစ်တယ်။ “ တိုင်းပြည်အစိုးရတွေရဲ့အခန်းကဏ္ဍဟာပြန်ရောက်လာပြီ” “ လူထုရဲ့ပါဝါမဲ့မှုအတွေးအခေါ်တွေကိုအဆုံးသတ်စေမှု” ဖြစ်တယ်လို့ ပြင်သစ်သမ္မတ နီကိုးလတ်စ်ဆာကိုဇီ က ကြေငြာချက်ထုတ်ပြီးအောင်ပွဲခံခဲ့တာကိုကြည့်ခြင်းအားဖြင့်ရှင်းပါတယ်။ ဒုတိယအချက်အနေနဲ့ကတော့ ဂလိုဘယ်လိုက်ဇေးရှင်းဟာ လက်တွေ့မှာရောအယူအဆရေးရာမှာပါနောက်ဆုတ်ခဲ့ရတယ်။ နေရာတော်တော်များများကဂလိုဘယ်လိုက်ဇေးရှင်းကို နာကျင်မှုတခုအဖြစ်ခံစားရှုမြင်ခဲ့ကြတယ်။ အထူးသဖြင့်ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံတွေအတွက် အရင်းအနှီးမြှုပ်နှံမှုတွေ၊ လွတ်လပ်တဲ့ကူးသန်းရောင်းဝယ်မှုတွေဟာ လက်တွေ့မှာတော့ ဒဏ်ရာအနာတရတွေပေးခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ဘာသာသီးသန့်၊အားကောင်းအောင်ပြင်ဆင်ထားတဲ့ အိန္ဒိယလိုနိုင်ငံတွေမှာတော့ ဒဏ်ရာရမှုနည်းခဲ့တယ်။ ခုတော့ထုတ်ကုန်ပစ္စည်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ အလုပ်အကိုင်တွေရဲ့ဂလိုဘယ်ပျံ့နှံမှုဟာပြောင်းပြန်ပြောင်းလဲနေခဲ့တယ်။ ကမ္ဘာ့လုံးဆိုင်ရာနိုင်ငံခြားပို့ကုန်တွေကျဆင်းလာခဲ့တယ်။ ကမ္ဘာ့ဘဏ်ရဲ့ အဆိုအရ- တရုတ်၊ ဂျပန်၊ မက္ကစီကို၊ ရုရှား၊ အမေရိကန်ပြည်ထောင်စု ရဲ့ နိုင်ငံခြားပို့ကုန်တွေဟာ ၂၀၀၉ ဖေဖေါ်ဝါရီလအထိ၊ ၂၅ % ဒါမှမဟုတ် အဲ့ဒီထက်ပိုတ့ပဲ မာဏာတွေကျဆင်းခဲ့တယ်။ ရင်းနှီးမျြုပ်နှံမှုတွေကလည်း ထိုးကျသွားခဲ့ရတယ်။ ၂၀၀၈ ခုနှစ်တုံးက ဈေးကွက်တွေမှာရင်းနှီးမြှုပ်နှံခ့တဲ့ တဲ န်ဘိုးဟာ ၄၆၁ ဘီလျှံ ရှိခဲ့ပေမဲ့ ၂၀၀၉ ခုနှစ်မှာတော့ ၁၆၅ ဘီလျှံ သာရှိတော့တယ်။ တကမ္ဘာလုံးမှာငွေကြေးစံနစ်တွေ၊ ကူးသန်းရောင်းဝယ်ပေးမှုတွေကိုကာကွယ်ပေးမှုတွေကိုဆက်တိုက်လုပ်လာခဲ့တာကိုတွေ့ရမယ်။ ကမ္ဘာ့ဘဏ် နဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းတွေရဲ့တင်ပြချက်တွေအရ၊ ဘရာဇီး၊ အိန္ဒိယ၊ ရုရှားလိုနိုင်ငံတွေမှာ-အကောက်အခွန်စည်းကြပ်နှုန်းတွေ၊ အကောက်ခန်ွကင်းလွတ်မှုအများအပြားလုပ်မှုတွေကိုစိတ်ဓါတ်မကျဆင်းအောင်ပြုလုပ်ပေးခဲ့ကြတယ်။ အတားအဆီးတွေကိုဖွင့်ပေးခဲ့တယ်လို့ဆိုတယ်။ နိုင်ငံတော်တော်များများမှာ၊ “ပြည်တွင်းဖြစ်ကိုအားပေးပါ” ဆိုတ့လှဲုံ့ဆော်မှုတွေကိုပြုလုပ်နေခဲ့ကြတယ်။ နိုင်ငံခြားသားအလုပ်သမားတွေအပေါ်ခြွဲ ခားဆက်ဆံမှုတွေဟာပျံ့နှံ့ကြီးထွားလာခဲတယ်။ ဒီအကျပ်အတည်းရဲ့သားကောင်တွေကတော့ နိုင်ငံရပ်ခြားအလုပ်သမားတွေပဲဖြစ်တယ်။ ဂျပန်၊ စပိန်လိုနိုင်ငံတွေမှာငွေကြိုပေးပြီးမိမိဒေသဆီကိုပြန်သွားကြဖို့ကမ်းလှမ်းနေခဲ့ကြသလို၊ မလေးရှားနိုင်ငံကတော့ အင်အားသုံးနှင်ထုတ်ခဲ့တယ်။ တတိယအချက်အနေနဲ့ကတော့ ကမ္ဘာကြီးဟာ ခေါင်းဆောင်မှု၊ ပူးပေါင်းဆောင်ရက်ွမှု၊ စည်းလုံးညီညွတ်မှုနည်းလာတဲ့အဆင့်တခုကိုရောက်လာခဲ့တယ်။ ဘာလင်တံတိုင်းပြိုကျအပြီး၊အင်အားကြီးနိုင်ငံတခုကလွှမ်းမိုးထားတဲ့ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတခုဆီကဝေးရာကိုရွေ့လျားနေခဲ့တယ်။ ဒါပေမဲ့ ဒီအကျပ်အတည်းကပဲဖြစ်စဉ်တွေကိုအရှိန်မြှင့်လိုက်တယ်။ အလုပ်လက်မဲ့ပြဿနာတွေ၊ စီးပွားရေးဖိအားတွေနြဲ့ ကုံတွေ့နေရတဲ့အမေရိကန်ပြည်ထောင်စုကလည်းပြည်တွင်းရေးကိုသာဦးတည်ခဲ့ရတယ်။ အမေရိကန်ပြည်ထောင်စုရဲ့စီးပွားရေးပုံစံဟာအခုတော့လူကြိုက်နည်းနေကြတယ်။ အမေရိကန်သမ္မတ-ဘရက်အိုဘားမားရဲ့ နိုင်ငံရပ်ခြားခရီးစဉ်ဟာ အောင်မြင်မှုရရှိခဲ့သလို၊ နိုင်ငံတော်တော်များများရဲ့ပြည်သူတွေကြားမှာရေပန်းစားလူကြိုက်များခဲ့ကြတယ်။ ဒါပေမဲ့ အမေရိကန်သမ္မတအနေနဲ့ဘဏ်စံနစ်တည်ငြိမ်အောင်၊ဘတ်ဂျက်ကိုထိန်းချုပ်ကိုင်တွယ်နိုင်အောင်၊ ကျန်းမာရေးကုသမှုအာမခံချက်တွေပြုပြင်ပြောင်းလဲမှုတွေ ကိုဦးစားပေးလုပ်ဆောင်ရမှာဖြစ်တယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကတော့ အောင်မြင်မှုကိုဟစ်ကြွေးနိုင်ခ့တဲ ယ်။ သူအပါအဝင်တခြားနိုင်ငံတွေရဲ့တိုးတက်မြင့်မားနေမှုကိုတွေ့ရမယ်။ အမေရိကန်ပြည်ထောင်စုရဲ့ဦးဆောင်မှုကလည်းတဖြည်းဖြည်းကျဆင်းနေခဲ့ပြီးအလယ်အလတ်အန်းစားအဆင့်လောက်ကိုရောက်ရှိလာခဲ့တယ်။
ဒါပေမဲ့ စီးပွားရေးတိုးတက်နေတယ်ဆိုတ့တဲ ရုတ်ပြည်အပါအဝင်၊နိုင်ငံတွေဟာ ကမ္ဘာကြီးကိုအလုံးစုံဦးဆောင်မယ်ဆိုတဲ့အင်အားတော့မရှိကြသလို၊ အကြပ်အတည်းကိုကျော်လွှားနိုင်တ့ထဲိရောက်တ့ချဲဉ်းကပ်မှုမျိုးလည်းကြည်လင်ပြတ်သားစွာရှိမနေခဲ့ပါ။ လန်ဒန်ထိပ်သီးဆွေးနွေးပွဲကိုကြည့်ခြင်းအားဖြင့် G-7 နဲ့ G-20 လိုအဖွ့နှဲစ်ခုလုံးဟာလည်းထိရောက်တဲ့ကုစားမှုမျိုးမပြုလုပ်နိုင်ခဲ့တာကိုအထင်အရှားတွေ့ရတယ်။ အဲ့ဒီနိုင်ငံတွေမှာ IMF ရဲ့ချဲ့ထွင်မှုဟာအရေးပါပေမဲ့၊ ဂလိုဘယ်ပူးပေါင်းဆောင်ရွက်မှုအပေါ်လှုံ့ဆော်မှု၊ ဘဏ္ဍာရေးဆိုင်ရာပြဿနာတွေအပေါ်ခြုံငုံသုံးသပ်မှု၊ အာဖကန်နစ္စတန်စစ်ပွဲအပေါ်မှာပါဝင်ဆောင်ရက်ွမှုတွေကတော့တူညီတ့အဲ မြင်တွေမရခဲ့ကြပါဘူး။ ထိပ်သီးဆွေးနွေးပွဲလည်းပျက်သုဉ်းခဲ့ရပါတယ်။ တကယ်တော့ တရုတ်ပြည်ပါဝင်မှုမရှိတဲ့ G-7 ဟာ ခေတ်မှားနေတဲ့ကမ္ဘာလောကထဲကအဖွဲ့အစည်းတခုဖြစ်ပြီး၊ G-20 ကတော့အဖွဲ့ဝင်နိုင်ငံတွေများလွန်းလှတယ်။ အီရန်ပြဿနာ၊ အာရပ်-အစ္စရေးပဋိပက္ခတွေအပေါ် နည်းမျိုးစုံချဉ်းကပ်မ့အဲ ယူအဆတွေဟာလည်းနောက်ကိုဆုတ်သွားပြီးခေါင်းရှောင်နေခဲ့ကြတယ်။ အမေရိကန်ပြည်ထောင်စု ရဲ့ ဦးဆောင်လှုံ့ဆော်မှုအပေါ်ပြန်လည်သဘောထားပေးတုံ့ပြန်မဲ့ နိုင်ငံတွေဆီကအသံတွေကလည်းဆွံ့အ တိတ်ဆိတ်နေခဲ့တယ်။ အုပ်ချုပ်ရေးယန္တရားတခုလုံးပျက်စီးသွားနိုင်တဲ့ နျူကလီးယားလက်နက်န့အဲ န္တရာယ်ပြုနိုင်တဲ့ ပါကစ္စတန်လိုနိုင်ငံမှာ အမေရိကန်ပြည်ထောင်စုတခုသာ သံတမန်ရေးရာအရတက်ကြွမှုရှိနေခဲ့တယ်။ စတုတ္ထအချက်အနေနဲ့ကတော့- ဒီလိုစီးပွားရေးအကြပ်အတည်းဖြစ်မှုတွေဟာ ပထဝီဝင်နိုင်ငံရေးမတည်ငြိမ်မှုတွေကိုဖြစ်ပေါ်စေလိမ့်မယ်။ အမျိုးသားထောက်လှမ်းရေးအဖွဲ့ရဲ့ဒါရိုက်တာ Dennis Blair က “ အနိမ့်ဆုံးအဆင့်မတည်ငြိမ်မှုတွေဟာ ကမ္ဘာရဲ့ လေးပုံတပုံမှာဖြစ်ပေါ်နေခဲ့ကြပြီး ကမ္ဘာကြီးဟာ အောက်ကိုထိုးဆင်းနေပြီ” လို့ပြောကြားခဲ့သလို၊ IMF လိုအဖွဲ့အစည်းတွေကလည်း “ သန်းချီပြီးလူတွေအလုပ်လက်မဲ့ဖြစ်နေအုံးမယ်။ ဆင်းရဲမွဲတေမှုတွေကိုကြုံတွေ့ရမယ်။ လူမှုရေးအုံကြွမှုတွေပေါ်ပေါက်လာပြီး၊ စစ်မက်ဖြစ်ပွားတာတွေအထိကြုံတွေ့ကြရနိုင်တယ်” လို့သတိပေးနေခဲ့တယ်။ ပေါများလှတဲ့ရေနံ နဲ့သဘာဝအရင်းအမြစ်တွေကိုအဓိကရောင်းနိုင်တဲ့ ရုရှားနဲ့အီရန်နိုင်ငံဟာပထဝီဝင်နိုင်ငံရေးကိုထိန်းချုပ်ထားနိုင်ခဲ့ကြတယ်။ ဒါပေမဲ့ အခုတော့ စီးပွားရေးအကြပ်အတည်းတွေကသူတို့ကိုဖိအားပေးနေခဲ့တယ်။ ရုရှားနိုင်ငံမှာဆိုရင်-အလုပ်လက်မဲ့ ၁၂ ရာခိုင်နှုန်းအထိရောက်ခဲ့ရပြီး၊ ပြည်သူ (၅) သန်းကျော်ဆင်းရဲမွဲတေခဲ့ရတယ်။ ရုရှားနိုင်ငံဟာသူ့နိုင်ငံအတွက်လုံလောက်ပြည့်စုံတဲ့အင်အားကြီးနိုင်ငံတခုဖြစ်နေပေမဲ့ အရံလျာထားတဲ့ငွေကြေးပမာဏ တဝက်နီးပါးကို အစိုးရပိုင်စီးပွားရေးလုပ်ငန်းတွေနလံပြန်ထဖို့ကျားကန်ကူညီပေးနေရတယ်။ အီရန်နိုင်ငံ ရဲ့ ရေနံနဲ့သဘာဝဓါတ်ငွေ့ဆီကရောင်းချရရှိတဲ့ဝင်ငွေဟာ ၂၀၀၇ ခုနှစ်မှာ (၈၂) ဘီလျှံ ရှိခဲ့ပေမဲ့၊ ဒီနှစ်မှာတော့ ၃၃ ဘီလျှံကိုထိုးကျသွားခဲ့တယ်။ လတ်တလော၊ကမ္ဘာ့ရေနံဈေးနှုန်းတန်ဘိုးအရ- အီရန်နိုင်ငံဟာ ငွေကြေးလိုငွေပြမှုကို ရင်ဆိုင်နေရတယ်။ ငွေကြေးဖောင်းပွမှုကလည်း (၂၀) ရာခုန်နှုန်းအထိထိုးကျလာခဲ့သလို၊ ၂၀၀၉-၂၀၁၀ မှာစီးပွားရေးကြီးထွားလာဖို့ဆိုတာကလည်းသိတ်ပြီးလွယ်ကူလှမယ်မထင်ပါ။ သူ့ရဲ့နျူကလီယားစီမံကိန်းအိပ်မက်တွေအပေါ်နိုင်ငတံ ကာရဲ့စီးပွားရေးပိတ်ဆို့မှုဖိအားတွေကလည်းများပြားလာနေခဲ့တယ်။ အာဖရိကလိုနိုင်ငံတွေကတော့အဆိုးဝါးဆုံးထိခိုက်မှုတွေကိုရင်ဆိုင်နေကြရတယ်။ တကမ္ဘာလုံးမှာကြုံတွေ့နေရတဲ့စီးပွားရေးအကြပ်အတည်းတွေဟာ၊ လူမှုရေးမတည်ငြိမ်မှုတွေနဲ့မြင့်မားနေတဲ့ကျိုးပဲ့ကြေမွသွားတော့မ့နဲိုင်ငံတွေလိုဖြစ်နေတဲ့ ကွန်ဂိုဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ နဲ့အာဖရိကအလယ်ပိုင်းပြည်သူ့သမ္မတနိုင်ငံတွေ ဆီကိုပိုမိုနာကျင်အောင်သွေးထိုးလှုံ့ဆော်ပေးနေသလိုဖြစ်ခ့ရဲ တယ်။ နိုင်ငံခြားအရံငွေတွေဟာလည်းလျော့ပါးမှေးမိန်နေခဲ့သလို၊ အစားအစာ နဲ့ လောင်စာတွေကို တိုင်းပြည်အတွက်တင်သွင်းနိုင်စွမ်းမရှိတော့ပါ။ အာဖရိကအလယ်ပိုင်းပြည်သူ့သမ္မတနိုင်ငံတွေမှာ အစိုးရဝန်ထမ်းတွေကိုလခပေးစရာငွေလည်းမရှိတော့။ အာဖရိကနိုင်ငံတွေဟာနိုင်ငံတကာဈေးကွက်ဆီကို ၆၅ ဘီလျှံကျော်ရောင်းချခဲ့ပေမဲ့၊ ဒီနှစ်မှာတော့ သုည အဖြစ်ထိုးစိုက်သွားခဲ့တယ်။ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေ (၉၀) ရာခိုင်နှုန်းကျဆင်းခဲ့တယ်။ ဗြိတိန်နိုင်ငံမှာရှိတဲ့ကမ္ဘာရပ်ခြားဖွံ့ဖြိုးရေးတက္ကသိုလ်က Think-tank တွေရဲ့အဆိုတခုမှာတော့ နိုင်ငံတကာရဲ့ကူညီပံ့ပိုးမှုဟာ (၂၀) ဘီလျှံအထိကျဆင်းလာမယ် လို့ တွက်ချက်ပြခဲ့သလို၊ ကမ္ဘာ့ဘဏ်ကလည်း “ လူဦးရေ (၅၃) သန်းဟာဆင်းရဲငတ်ပြတ်မှုကိုကြုံတွေ့ရမယ်။ စီးပွားရေးကြပ်တည်းမှုကြောင့်၂၀၁၅ ခုနှစ်မှာ၊ ကလေး (၄)သိန်းကျော်၊ ပိုမိုသေဆုံးနိုင်ဘွယ်ရှိတယ်သတိပေးခဲ့တယ်။
တရုတ်ပြည်မော်ဒယ် တရုတ်ပြည်တနိုင်ငံတည်းသာ ဒီအကြပ်အတည်းကြားမှာအောင်မြင်သူအဖြစ်ဟစ်ကြွေးနိုင်ခဲ့တယ်။ လွန်ခဲ့တဲ့ကာလတွေတုံးက တရုတ်ပြည်ရဲ့ကြီးထွားမှုဟာ အရှိန်လျော့လာခဲ့ပေမဲ့။ အခုတော့ပြန်လည်အသက်ဝင်အရှိန်ရလာခဲ့ပြန်ပါတယ်။ မကြာသေးခင်ကာလအတွင်းမှာ၊ လျှပ်စစ်ဓါတ်အားသုံးစွဲမှု၊ ကုန်တင်ပို့မှု၊ ကားအရောင်းအဝယ်လုပ်ငန်းတွေ ပြန်လည်သွက်လာခဲ့တယ်ငွေရေးကြေးရေးစံနစ်တွေကိုပြန်လည်ကျားကန်ထားခဲ့တယ်။ ပီကင်းရဲ့အရင်းရှင်တပိုင်း၊ ကွန်မြူနစ်တပိုင်း စံနစ်တခုဟာ ဒီအကြပ်အတည်းတွေကို ထိထိရောက်ရောက်ဖြေရှင်းနိုင်ခဲ့တယ်။ နိုင်ငံခြားငွေ (၂.၃) ထွီလျှံ လောက်အရံငွေအဖြစ်သိမ်းဆည်းထားနိုင်ခဲ့တယ်။ ( ကမ္ဘာမှာဘယ်နိုင်ငံမှသူတို့လောက်နိုင်ငံခြားရေလျာထားချက်မှာ-ချမ်းသာကြွယ်ဝမှုမရှိပါ) ဒီအရာအားလုံးဟာတရုတနိုင်ငံကိုပထဝီဝင်နိုင်ငံရေးမှာအရေးပါမှုကိုပိုမိုတိုးမြင့်ခိုင်မာစေခဲ့တယ်။ အနောက်အုပ်စုတစုလုံးစီးပွားရေးအကြပ်အတည်းကြောင့်ဝရုန်းသုန်းကားဖြစ်နေချိန်မှာတရုတ်နိုင်ငံကတော့အဲ့သလိုမခံစားရခဲ့ပါ။ ပုံမှန်အားဖြင့်တော့တရုတ်နိုင်ငံဟာ သူ့ရဲ့အာရုံကိုပြည်တွင်းမှာစူးတိုက်ထားခဲ့ပေမဲ့၊ အခုဖြစ်ပျက်နေတဲ့နိုင်ငံရေးဇာတ်ခုံကိုကောင်းကောင်းအသုံးချနိုင်ခဲ့ပါတယ်။ ကျောက်မီးသွေးဖြည့်ဆီးမှုကလွဲလို့သဘာဝအရင်းအမြစ်မှာဆင်းရဲနေခဲ့ပေမဲ့၊ အနာဂတ်အတွက်လုံခြုံအောင် ရုရှား၊ ဗင်နီဇွဲလားနိုင်ငံတွေဆီက ရေနံကို ဝယ်ယူဖြည်ံဆည်းထားခဲ့တယ်။ သဘာဝဓါတ်ငွေ့အတွက်-ကမ်းလွန်ဒေသရင်းနှီးမြှုပ်နှံမှုတွေကိုလုပ်ကိုင်ခဲ့တယ်။
ဒါကြောင့်-အမေရိကန်ပြည်ထောင်စုန့တဲ ရုတ်နိုင်ငံနှစ်နိုင်ငံဆက်ဆံရေးဟာ ဘာကြောင့်အရေးကြီးဆုံးအဆင့်ကိုရောက်လာတယ်ဆိုတာရှင်းပါတယ်။ နှစ်နိုင်ငံလုံးမှာတူညီတဲ့ ပထဝီဝင်နိုင်ငံရေးအကျိုးစီးပွားအမြင်တွေရှိပါတယ်။ နှစ်နိုင်ငံလုံးဟာ အီရန်နိုင်ငံရဲ့နျူကလီးယားပိုင်ဆိုင်မှုကြိုးပမ်းမှုတွေကိုအလိုမရှိကြဘူး၊ မြောက်ကိုရီးယားနိုင်ငံမတည်မငြိမ်ဖြစ်သွားမှာကိုမမြင်ချင်ကြဘူး။ ပါကစ္စတန်နိုင်ငံဟာ အစိုးရအုပ်ချုပ်မှုယန္တရားပျက်စီးသွားပြီးဖရိုဖရဲနိုင်ငံတခုဖြစ်သွားမှာကို အလိုမရှိကြဘူး။ ဒီအင်အားကြီးနိုင်ငံနှစ်ခုဟာ ဂလိုဘယ်တည်ငြိမ်ရေးပူးပေါင်းဆောင်ရွက်မှု ကိုလုပ်နိုင်တဲ့နိုင်ငံနှစ်ခုဖြစ်တယ်ဆိုတာဘယ်သူမှမငြင်းနိုင်ပါဘူး။ ဒီ-စီးပွားရေးအကြပ်အတည်းဟာ တကမ္ဘာလုံးကိုလှုပ်ခါစေတဲ့ဖြစ်ရပ်တခုဖြစ်တယ်။ နှစ် (၃၀) ကျော်မြင့်တက်နေခဲ့တဲ့ အရင်းရှင်ဝါဒဈေးကွက်စီးပွားရေး၊ ဂလိုဘယ်လိုက်ဇေးရှင်း နဲ့ ထိန်းချုပ်မှုလျော့နည်းခြင်းများဟာ-အခုတော့ပြီးဆုံးသွားခဲ့ပါပြီ။ ဂလိုဘယ်စီးပွားရေးနဲ့ဘဏ္ဍာရေးစံနစ်တွေဟာပြောင်းပြန်အဖြစ်ရောက်ရှိသွားခဲ့တယ်။ နိုင်ငံတော်ရဲ့အခန်းကဏ္ဍတွေပိုမိုတိုးချဲ့လာခဲ့တယ်။ ချမ်းသာပြီးသားနိုင်ငံတွေဟာဒီိဖြစ်ပျက်နေတဲ့အကြပ်အတည်းတွေကိုကန့်သတ်နိုင်ဖို့အတွက်၊ စံနမူနာအဖြစ်ကြိုးစားလုပ်ဆောင်ပြရပါမယ်။ သူတို့ရဲ့အဓိကလုပ်ရမဲ့အရာတွေကတော့- ပထမအချက်အနေနဲ့-သူတို့နိုင်ငံတွေမှာတွန့်ဆုတ်ရပ်တန့်နေတဲ့စီးပွားရေးလုပ်ငန်းတွေကိုအချိန်တိုအတွင်းပြန်လည် အသက်ဝင်စေရမယ်။ ပိုမိုတက်ကြွတ့လှဲုံ့ဆော်မှုတွေကိုမြှင့်တင်ရမယ်။ ကမ္ဘာကြီးကိုပြန်လည်ကြီးထွားအောင်လုပ်ရမယ်။ တကယ်တော့ ပီကင်း၊ လန်ဒန်၊ ဝါရှင်တန် အားလုံးဟာအထင်ကြီးစရာကောင်းလောက်အောင်ရွေ့လျားနေတာကိုတွေ့ရမယ်။ ဒုတိယအချက်အနေနဲ့-ဈေးကွက်ထိန်းချုပ်မှုမြဲ့ ပီးလက်လတ်ွစပယ်လတ်ွပေးတဲ့အရာတွေကိုသင့်တော်တဲ့ပြုပြင်ပြောင်းလဲရေးတွေနဲ့ပြန်လည်အစားထိုးချုပ်ကိုင်ရမယ်။ ဒီလိုလုပ်ခြင်းအားဖြင့်ဈေးကွက်ထိန်းချုပ်မှုအပေါ်မတရားနှိပ်စက်မှုတွေ၊ ကျဆုံးမှုတွေကိုတားဆီးနိုင်မယ်။ ဝါရှင်တန်က ဥပဒေပြုမှုတွေကိုကြိုးပမ်းရမယ်။ ဥရောပဟာပိုမိုမြန်ဆန်စွာရွေ့လျားနေတယ်။ တတိယလုပ်ရမဲ့အချက်ကတော့-ဘရက်အိုဘားမားနဲ့သူနှစ်သက်တဲ့ဂလိုဘယ်ဆန္ဒပဲဖြစ်တယ်။ သူ့မှာ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ဈေးကွက်လတ်ွလပ်မှုကိုထိန်းသိမ်းပေါင်းစည်းမဲ့၊ ထူးထူးခြားခြားလွှမ်းမိုးနိုင်တဲ့နိုင်ငံရေးစင်မြင့်တခုရှိပါတယ်။ သူကအဲ့ဒီစင်မြင့်ကိုအသုံးချနိုင်မလားဆိုတာမကြာခင်မှာသိလာရပါလိမ့်မယ်။ သူလုပ်လိမ့်မယ်လို့လည်းမျှော်လင့်နေပါတယ်။ Roger C. Altman ဟာ - အမေရိကန်ပြည်ထောင်စုရဲ့ ၁၉၉၃-၉၄ Deputy Treasure Secretary ဖြစ်သလို၊ Evercore Partners ရဲ့ ဥက္ကဌလည်းဖြစ်တယ်။ Foreign Affair ဂျာနယ် ( ဂျူလိုင်-သြဂတ်) ထဲက After the Crisis အခန်းကဏ္ဍမှာ၊ သူ့ရဲ့ဆောင်းပါးဖြစ်တဲ့ Globalization in Retreat : Further Geopolitical Consequences of the Financial Crisis ကိုအဆင်ပြေသလိုဘာသာပြန်ပေးလိုက်ပါတယ်။
ဆွေးနွေးစရာတော့ရှိပါတယ်။ (၁) အစိုးရ က ပုဂ္ဂလိကပိုင်ဆိုင်သူတွေရဲ့လုပ်ငန်းတွေကို အကူအညီပေးတဲ့အနေနဲ့ ဝင်ရောက်ပါဝင်ရခြင်းဖြစ်တယ်။ အတင်းအဓမ္မသိမ်းယူခြင်းမဟုတ်တာကြောင့် ဆိုရှယ်လစ်နိုင်ငံတွေ နဲ့ လူမှုဖူလုံရေးကိုဦးစားပေးလုပ်ကိုင်တ့နဲိုင်ငံတွေ ( Welfare States) ကြားကကွာခြားမှုကို သဘောပေါက်စေချင်ပါတယ်။ တကယ်တော့ ပြည်သူလူထုရဲ့ စားဝတ်နေရေးဖူလုံမှုကိုဦစားပေးလုပ်ကိုင်တဲ့နိုင်ငံတွေအများအပြားရှိပါတယ်။ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန်--- စတဲ့ ဆိုရှယ်ဒီမိုကရက်တစ်နိုင်ငံတွေ နဲ့ ဆိုရှယ်လစ်ဒီမိုကရေစီ ကျင့်သုံးတဲ့နိုင်ငံတွေကြားက ကွာခြားမှုဟာ ဘာတွေပါလဲ။ (၂) ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာ ယူဆမှုတရပ် ဖြစ်တယ်။ ဝါဒအတွေးအခေါ်တရပ်မဟုတ်ပါ။ ဒါကြောင့် Roger Altman ရဲ့ဆောင်းပါးမှာ ဂလိုဘယ်လိုက်ဇေးရှင်းကိုသုံးသပ်တ့အဲ ခါ၊ တင်ပြမှုတခုလိုနေသေးတာကိုမြင်ရပါမယ်။ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ကောင်းတဲ့အကြောင်းအရာတွေကို ငြင်းပယ်လို့မရပါ။ သတင်းမီဒီယာပုံသဏ္ဍန်တွေပြောင်းလဲသွားတာ။ ကမ္ဘာလောကတခုလုံးဖြစ်ပျက်နေမှုကိုမြန်မြန်ဆန်ဆန်သိရတာ၊ ဝါဒဖြန့်ချီရေးလက်နက်အဖြစ်အသုံးပြုနိုင်တာတွေ၊ တဘက်မှာတော့ တိုးတက်တဲ့နည်းပညာတွေဟာ အခြေခံဝါဒီတွေရဲ့အမှောင်တွေကိုဆွဲဖွင့်နိုင်ခဲ့ပါတယ်။ မိတ်ဆွေတွေက- အပြန်အလှန်ဆွေးနွေးတဲ့အခန်းလေးလုပ်ပေးပါဆိုလို့၊ အထက်ပါမေးခွန်းတွေကို ထပ်ပြီးဆွေးနွေးလိုက်ရတာပါ။