SWINE FLU ဝက်တုတ်ကွေးရောဂါအကြောင်း သိကောင်းစရာများ ဝက်တုပ်ကွေး ရောဂါသည် မျိုးရိုးဗီဇ ၄ မျိုး ပေါင်းစပ်၍ ဖြစ်ပေါ်လာသော ဗိုင်းရပ်စ်ပိုးသစ် ဖြစ်သည်။ ပထမအသုတ်
ဆေးထုတ်လုပ်ရန်အတွက်
၆
လခန့်
အချိန်ယူရမည်ဖြစ်ပြီး
ပမာဏများများအတွက်
ယခုထက် အချိန်ပိုယူရမည်ဖြစ်သည်။ ဤရောဂါသည် ရောဂါဖြစ်ပွားသော ဝက်ကို ထိတွေ့ကိုင်တွယ်မိရာက ကူးစက်ခြင်းဖြစ်ကာ
လူမှ
လူသို့
ကူးစက်နိုင်သော
ရောဂါဖြစ်သဖြင့်
ဆားစ်အဆုတ်ရောဂါကဲ့သို့ပင်
လျင်မြန်စွာ ကူးစက်ပွားမှု ဖြစ်နေသည်။ ဧပြီလ ၁၃ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော မက္ကဆီကို နိုင်ငံတွင် ဤတုပ်ကွေးကြောင့် လူ ၂ဝ အသက် ဆုံးရှုံးရသည်ကိုသာ အတည်ပြုနိုင်သော်လည်း စုစုပေါင်း ၁၄၉ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ကြောင်း အစောပိုင်းက ကြေညာခဲ့သည်။ သေဆုံးသူများမှာ အသက် ၂ဝ နှစ်မှ ၅ဝ နှစ်ကြားများ ဖြစ်ကြသည်။ အခြားနိုင်ငံအချို့တွင်လည်း ရောဂါဖြစ်ပွားသူများ တွေ့လာနေရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဤ ရောဂါနှင့် ပတ်သက်၍ အဆင့် ၄ အဆင့်ဟု ကြေညာထားရာ လူမှ လူသို့ ကူးစက်မှု ဖြစ်ပွားနိုင်ပြီး လူမှုအဖွဲ့ အစည်းအတွင်း ကပ်ဘေးအန္တရာယ် ဖြစ်လာနိုင်သည်ဟု ဆိုခြင်းဖြစ်သည်။ ဝက်တုပ်ကွေး၏ လက္ခဏာများ - ကိုယ်ပူခြင်း၊ နှာရည်ယိုခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ ကိုယ်လက် မအီမသာဖြစ်၍ ကိုက်ခဲခြင်း၊ ခေါင်း ကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူကြပ်ခြင်းတို့ ဖြစ်သည်။ ရှောင်ရန် အထက်ပါ ရောဂါလက္ခဏာဖြစ်လျှင် မိမိနေအိမ်တွင်သာ အနားယူရန်၊ လိုအပ်လျှင် ဆေးရုံ၊ ဆေးခန်းသို့ ပြသ၍ ကုသမှုခံယူရန်၊ အဖျားကြီးခြင်း၊ ချောင်းဆိုးကြာရှည်ခြင်း၊ အသက်ရှူ ခက်ခဲ၍ မောပန်းခြင်း စသည့် ပြင်းထန်သော ရောဂါလက္ခဏာများ ခံစားရလျှင် ဆေးရုံ၊ ဆေးခန်းသို့ ပြသရန် လိုအပ်သည်။ လူတိုင်းလိုက်နာ ဆောင်ရက်ွသင့်သည်မှာ… (၁) နှာချေ ချောင်းဆိုးလျှင် လက်ကိုင်ပုဝါဖြင့် ဖုံးအုပ်ခြင်း (၂) လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောခြင်း (၃) တကိုယ်ရေသန့်ရှင်းမှု ဂရုပြု ဆောင်ရွက်ခြင်း (၄) ကောင်းစွာ အိပ်စက်အနားယူခြင်း (၅) အာဟာရ ပြည့်ဝသည့် အစားအစာများ စားသုံးခြင်း (၆) ကိုယ်လက်လှုပ်ရှားမှု မှန်မနှ် ပြုလုပ်ခြင်း (၇) လေကောင်းလေသန့် ရရှိအောင် ဆောင်ရွက်နေထိုင်ခြင်း တုပ်ကွေးရောဂါ ဖြစ်ပွားသည်ဟု သံသယရှိသူများနှင့် ပြုစုစောင့်ရှောက်သူများသည် နှာခေါင်းစည်းများ တပ်ဆင်ရန် လိုအပ်သည်။
ဝက်မွေးမြူသူများ၊ ရောင်းဝယ်သူများနှင့် စားသုံးသူများ လိုက်နာရန် (၁) ဝက်များ၌ ဖျားနာသည့် လက္ခဏာများ တွေ့ရှိပါက လူနှင့် တိုက်ရိုက် မထိစေဘဲ၊ လူနှင့် အနီးနား၌ မထားဘဲ သီးခြားထားရှိရန် (၂) ဝက်ခြံလုပ်ငန်း ဆောင်ရွက်ပြီးတိုင်း ခြေ၊ လက်များ စနစ်တကျ စင်ကြယ်စွာ ဆေးကြောရန် (၃) နှာခေါင်း၊ ပါးစပ်အကာ လက်အိတ်များ အသုံးပြုကိုင်တွယ်သွားရန် (၄) မကျန်းမာသော ဝက်များအား ဈေးကွက်သို့ ရောင်းချခြင်း မပြုရန် (၅)
မူရင်းဇစ်မြစ်မသိသော
ဝက်များကို
ရောင်းချခြင်း
မပြုရန်၊
အထူးသဖြင့်
နယ်စပ်ဖြတ်ကျော်၍
ဝင်ရောက်လာသော ဝက်များကို ဝယ်ယူရောင်းချခြင်း မပြုရန် (၆) ဝက်သားနှင့် ဝက်သားထွက် ပစ္စည်းများကို ချက်ပြုတ်စားသောက်လိုလျှင် အပူချိန် ၇ဝံ C အထက် ချက်ပြုတ်စားသောက်ရန် _________________________________________-
ကမ္ဘာ့နိုင်ငံများသို့  ပြန့် နှံ့ နိုင်တဲ့ စိုးရိမ်ဖွယ် ၀က်တုပ်ကွေးရောဂါ (Swine Flu) အကြောင်း သိရှိစေရန် ဖေါ်ပြအပ်ပါတယ်။
Swine Flu ဆိုတာ ဘာလဲ Swine Flu ဟာ ဝက်တွေမှာဖြစ်တဲ့ Influenza ဗိုင်းရပ်စ်အမျိုးအစား A H1N1 virus အမျိုးအစားကြောင့် ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာရောဂါ ဖြစ်ပါတယ်။ လူတွေအနေနဲ့ ဝက်တွေကနေ တိုက်ရိုက် ကူးစက်ဖို့ ခဲယဉ်းပေမယ့် ဒီရောဂါပိုးရထားတဲ့သူကနေတဆင့် အခြားသူတဦးကို ကူးစက်နိုင်ပါတယ်။
Swine Flu ဖြစ်ရင် ဘယ်လို ရောဂါလက္ခဏာတွေ တွေ့ မြင်ရနိုင်ပါသလဲ။ Swine Flu ဖြစ်တဲ့သူမှာ အပူချိန်အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခန္ဒာကိုယ် ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ချမ်းတုန်းခြင်း၊ မောပန်းခြင်းတို့ ဖြစ်လေ့ရှိပါတယ်။ အချို့သောသူတွေမှာ ဝမ်း လျှောခြင်း၊ အန်ခြင်းတို့လည်း ဖြစ်တတ်ပါတယ်။ စိုးရိမ်ဖို့အနေနဲ့ကတော့ အဆုတ်ရောင်ခြင်းနဲ့ အသက်ရှူ လမ်းကြောင်းပိတ်ဆို့ ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။
Swine Flu ဟာ ကူးစက်ရောဂါ ဖြစ်ပါသလား Swine Flu ဟာ လူတဦးကနေ တဦးထံ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် ချောင်းဆိုးခြင်းနှင့် နှာချေခြင်းမှ ကူးစက်နိုင်ပါတယ်။ ထို့အပြင် Swine Flu ရောဂါရရှိထားသူ၏ နှာခေါင်း၊ ပါးစပ်နဲ့တံထွေးများမှာ Swine Flu ဗိုင်းရပ်စ်ပိုး တွယ်ကပ်နေနိုင်တာကြောင့် အဆိုပါနေရာများကို ထိတွေ့မိပါကလည်း ကူးစက်နိုင်ပါတယ်။
Swine Flu ကို ဘယ်လိုကာကွယ်တားဆီးမလဲ ကာကွယ်တားဆီရန် ကြိုတင်ပြုလုပ်ထားသင့်သည်များမှာ အသက်ရှူလမ်းကြောင်းမှ မဝင်ရောက်စေရန် နှာခေါင်းနဲ့ပါးစပ်အား ကာကွယ်ထားပေးသော ပါးစပ်ဖုံး နှာခေါင်းအုပ်များအား ဝတ်ဆင်ထားသင့်ပါတယ်။ လက်အား
တခုခုကိုင်တွယ်ပြီးပါက
မကြာခဏ
ဆပ်ပြာဖြင့်
ဆေးကြောသန့်ရှင်းရပါမယ်။
ကိုယ်ခန္ဓာ
ကျန်းမာရေး အားကောင်းပြည့်စုံနေစေရန် ဂရုစိုက်ဖို့ လိုပါတယ်။ အိပ်စက်အနားယူချိန် ပြည့်ပြည့်ဝဝ ရရန် လိုပါတယ်။ စိတ်ဓါတ်ကျဆင်းမှုနဲ့ အားနည်းစေမှုများကို ရှောင်ရှားရန် လိုပါတယ်။ ရေ ဝဝလင်လင် သောက်သုံးရန် လိုပါတယ်။ အာဟာရပြည့်စုံသော အစားအသောက်များ စားသုံးရန် လိုအပ်ပါတယ်။
Swine Flu ရရှိထားသူ နေမကောင်းသူများအနေနဲ့  လိုက်နာသင့်တာတွေက ဘာပါလဲ မိမိထံမှ Swine Flu ဗိုင်းရပ်စ်ပိုး အခြားသူထံ မကူးစက်စေရန် ကာကွယ်မှု ပြုလုပ်ပေးသင့်ပါတယ်။ မိမိ ချောင်းဆိုး၊ နှာချေတဲ့အခါမှာ လက်ကိုင်ပုဝါသန့်သန့် (သို့) စက္ကူတစ်ရှူးများနဲ့ ကာကွယ်ပြီးမှ ချောင်းဆိုး သင့်၊
နှာချေသင့်ပါတယ်။
မိမိရဲ့
မျက်စိ၊
နှာခေါင်း၊
ပါးစပ်တို့ကို
ရောဂါပိုး
ကပ်တွယ်နေနိုင်သော
လက်ဖြင့် ကိုငတ်ွယ်ခြင်း မပြုလုပ်သင့်ပါဘူး။ မိမိရဲ့လက်ကို မကြာခဏ ဆပ်ပြာဖြင့် ဆေးကြောသန့်စင်ရပါ မယ်။ မိမိ ချောင်းဆိုး၊ နှာခြေရာတွင် သုံးသော စွန့်ပစ်ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းသင့်ပါတယ်။ မိမိ နေထိုင်မကောင်းပါက လူအများရှိသော နေရာများဖြစ်တဲ့ ဈေး၊ ကျောင်း၊ အလုပ်တို့ကို သွားရောက်ခြင်းမှ ရှောင်သင့်ပါတယ်။
ဒီ Swine Flu ဖြစ်သူများအနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာ ဆရာဝန်နှင့် အမြန်တွေ့သင့် ပါသလဲ Swine Flu ကြောင့် နေမကောင်းဖြစ်ပြီဆိုကတည်းက ဆရာဝန်များ၏ ကုသမှုကို ခံယူသင့်ပါတယ်။ အရေးပေါ်အနေနဲ့ အောက်ဖေါ်ပြပါ လက္ခဏာများကို တွေ့ရှိရပါက လျှင်မြန်စွာ ဆေးရုံဆေးခန်းများသို့ သွားသင့်ပါတယ်။ - အထူးသဖြင့် Swine flu ဖြစ်နေသူ ကလေးများအနေနဲ့ အသက်ရှူနှုန်း အလွန်ပြင်းထန်လာခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အသားအရေ အပြာယောင်သမ်းလာခြင်း၊ ရေ လုံးဝမသောက်ခြင်း၊ အိပ်မောကျနေ ကာ နိုး၍လှုပ်၍မရခြင်း၊ ချောင်းတအားဆိုးခြင်းနှင့် ကိုယ်ပူချိန်အဖျားကြီးခြင်း။ - Swine flu ဖြစ်နေသူ လူကြီးများအနေဖြင့် အသက်ရှူခက်ခဲခြင်း၊ အသက်ရှူရာတွင် နာကျင်ခြင်း၊ ရင်ဘတ်နှင့် ဝမ်းဗိုက်တွင် နာကျင်ခြင်း၊ ရုတ်တရက် မူးဝေခြင်း၊ အမြင်ဝေဝါးခြင်း၊ အဆက်မပြတ်အန်ခြင်းတို့ ဖြစ်ပါက ဆေးရုံဆေးခန်းသို့ အမြန်သွားရောက် ပြသသင့်ပါတယ်။
Swine Flu ကို ဝက်သားစားခြင်းနှင့် ဝက်မှထုတ်လုပ်သော အစားအသောက်များကြောင့် ကူးစက်နိုင်ပါသလား ဝက်သားအပါအ၀င် မည်သည့်အစားအသောက်ကမှ Swine flu မကူးစက်နိုင်ပါ။ သို့သော် Swine flu ဖြစ်နေသော ဝက်များအား ထိတွေ့ ကိုင်တွယ်ခြင်းကိုမူ ရှောင်ရှားရပါမည်။
Swine Flu ဖြစ်ရင် မည်သည့်ဆေးဝါးသုံးစွဲသင့်ပါသလဲ
အမေရိကန်ပြည်ထောင်စု ကူးစက်ရောဂါပြန့်ပွားမှုထိန်းချူပ်ရေးဌာနမှ ကျွမ်းကျင်သူဆရာဝန်များက ပြော တာကတော့ Tamiflu နဲ့ Relenza ဆေးများဟာ Swine Flu ကာကွယ်ကုသဖို့အတွက် အသုံးပြုနိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။
Swine Flu ဖြစ်တဲ့ နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလဲ ဒီ Swine Flu ရောဂါဖြစ်ပွားသူ - အမေရိကန်ပြည်ထောင်စုမှာ မနေ့ကထိ စုစုပေါင်း အယောက် ၂၀၊ ကနေဒါမှာ ၆ ယောက်၊ မက္ကဆီကိုမှာ အယောက် ၁၃၈၄ ဦး - သေဆုံးသူ ၈၁ ဦးတို့ဖြစ်ပြီး ရောဂါ သံသယရှိဖွယ်တွေ့ရှိမှုမှာ ပြင်သစ်မှာ ၁ ဦး၊ အစ္စရေးမှာ ၁ ဦး၊ နယူးဇီလန်မှာ ၁၀ ဦး၊ စပိနမှ်ာ ၇ ဦးတို့ ဖြစ်ပါတယ်။ __________________________________________-
Swine တုပ်ကွေး ဥရောပတိုက်သို့ပါ ပြန့်နှံ့လာ ဝက်များတွင်သာ ဖြစ်ပွားတတ်သော Swine တုပ်ကွေးတမျိုးသည် လူများကိုပါ ကူးစက်လျက်ရှိရာ အဓိက ဖြစ်ပွားသည့် မက္ကဆီကိုနိုင်ငံတွင် သေဆုံးသူ ၁၀၃ ယောက်ထက်မနည်း ရှိလာနေပြီး အမေရိကန်၊ ကနေဒါ တို့တွင်သာမက တိုက်ချင်းခြားလျက်ရှိသော ဥရောပတိုက် စပိန်နိုင်ငံတွင်ပါ ဖြစ်ပွားလာနေသည်ဟု သတင်း များအရ သိရသည်။ မက္ကဆီကို နိုင်ငံနငှ့် အမေရိကတိုက်တွင် ဖြစ်ပွားနေသော Swine တုပ်ကွေးရောဂါ ခံစားနေရသူတဦးကို စပိန်နိုင်ငံတွင် တွေ့ရှိခဲ့ပြီးနောက် ဥရောပနှင့် အာရှဒေသများအတွက်ပါ စိုးရိမ်စရာဖြစ်လာခဲ့ပြီး သက်ဆိုင်ရာ အစိုးရများနှင့် အဖွဲ့အစည်းများက ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြရန် နှိုးဆော်လျက်ရှိသည်။ Swine တုပ်ကွေးကြောင့် မက္ကဆီကို တနိုင်ငံတည်းတွင် သေဆုံးသူ ၁၀၃ ဦးရှိပြီဖြစ်ပြီး သံသယရှိဖွယ်ရာ ဖျားနာ နေသူ ၁၆၀၄ ဦးရှိသည်ဟု မက္ကဆီကို ကျန်းမာရေးဌာနက သတင်းထုတ်ပြန်သည်။ အမေရိကန်နိုင်ငံ၏ ပြည်နယ် ၅ ခုတွင်လည်း ရောဂါဖြစ်ပွားနေသူ ၂၀ ဦးရှိသည်ဟု ရောဂါထိန်းချုပ်ရေးအဖွဲ့က ကြေညာခဲ့ပြီး ကနေဒါနိုင်ငံတငွ် ၆ ဦးရှိသည်ဟု သိရသည်။ စပိန်နိုင်ငံတွင် တွေ့ရှိရသည့် ရောဂါကူးစက်ခံ အမျိုးသားမှာ မက္ကဆီကိုမှ ပြန်လာသူဖြစ်သည်ဟု ဆိုသည်။ ဥရောပသမဂ္ဂက ဥရောပ ကျန်းမာရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေးဆင့်ခေါ်ခဲ့ပြီး ရောဂါကူးစက် လာမှု တားဆီးရန် ဆွေးနွေးမှုများ အပူတပြင်း ပြုလုပ်ခဲ့ကြသည်။ အမေရိကန် သမတ အိုဘားမားကလည်း အချိန်မဆိုင်းဘဲ
အထိရောက်ဆုံး
ကာကွယ်ကုသသွားရန်
တိုက်တွန်းလိုက်သည်။
အမေရိကန်တငွ်
တနင်္ဂနွေနေ့ကတည်းက ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကြေညာထားပြီးဖြစ်သည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး (W.H.O)ကလည်း ကမ္ဘာအနှံ့ပြန့်နှံ့ ထိခိုက်နိုင်သည့် တုပ်ကွေးအဖြစ် အထူးသတိပေး လျက်ရှိသည်။ မက္ကဆီကိုနိုင်ငံတွင် ရောဂါကူးစက်မှုအတွက် လူထူထပ်သော နေရာများကို ရှောင်ကြဉ် ကြရန် သတိပေးပြီးနောက် လမ်းမများတွင် ခြောက်ကပ်လျက်ရှိသည်။ မက္ကဆီကိုတွင် တနင်္ဂနွေက ကျင်းပ သွားသော ဘောလုံးပွကဲိုလည်း ပရိသတ်ကြည့်ခွင့်မပေးခဲ့ဘဲ ကွင်းပိတ်ကစားသွားခဲ့သည်။ ထိုင်း၊ အင်ဒိုနီး ရှား၊ တရုတ်နှင့် ရုရှားနိုင်ငံတို့က မက္ကဆီကို၊ အမေရိကန်နှင့် အမေရိကနိုင်ငံများမှ ဝက်သားများ တင် သွင်းခြင်းကို ယာယီပိတ်ပင်ထားလိုက်သည်။ ထိုနိုင်ငံများမှ ပြန်လာသူများကိုလည်း လေဆိပ်တွင် ကျန်း မာရေးစစ်ဆေးခြင်းကို ကမ္ဘာ့နိုင်ငံအများအပြားတွင် ပြုလုပ်လျက်ရှိသည်။ ရောဂါ ကူးစက်လျက်ရှိသော နိုင်ငံများနှင့် နီးစပ်ရာနိုင်ငံများတွင် လမ်းသွားပါက ပါးစပ်နှင့် နှာခေါင်းကို ကာကွယ်သည့် မျက်နှာဖုံးများ
တပ်ဆင်ကြရန် သတိပေးထားသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ပြည်သူများကို အချင်းချင်း ဖက်ခြင်း၊ နမ်းရှုံ့ခြင်း မပြုလုပ်ကြရန် သတိပေးထားသည်ဟု ဒေသဆိုင်ရာ AFP သတင်း တပုဒ်တွင် ပါရှိသည်။ Swine တုပ်ကွေးသည် မတ်လမှ စတင်၍ မက္ကဆီကို နိုင်ငံတွင် ဖြစ်ပွားနေခဲ့ကာ လူများကို ကူးစက်လျက် ရှိပြီး လျင်မြန်စွာ ပြန့်ပွားနေကြောင်း ယခုလ ၂၃ ရက်နေ့တွင် ကြေညာခဲ့သည်။ ရောဂါခံစားရသူသည် အဖျားကြီးခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်းများ ခံစားရသည်ဟု သိရသည်။ အဆိုပါ တုပ်ကွေး သည် ချောင်းဆိုးခြင်း၊ နှာချေခြင်းများမှ တဆင့် ကူးစက်နိုင်သည်။
(ရောဂါလက္ခဏာများကို ကြည့်နိုင်ပါသည်။)
http://upload.wikimedia.org/wikipedia/commons/0/09/Symptoms_of_swine_flu.svg
တွင်