31122008 News

  • December 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View 31122008 News as PDF for free.

More details

  • Words: 2,757
  • Pages: 35
www.yeyintnge.blogspot.com ပြည်တငွ်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်ပြည်သူများကိုကူညီကြပါ။

အမိမြေသို့

မာမာအေး ဒီဇင်ဘာ ၃၁၊ ၂၀၀၈ အို … အမိမြေ လွမ်းနေသူ မယ့်အား၊ ခွင့်သနားတာဖြင့် လျှောက်ကြားသည့်အရေး၊ နားလည်ပေးနော်။ ထွန်းပေါ်နေထွက်၊ ရေတက်ဖွားမှာ ကျောသား ရင်သား၊ မခြား ကြည်ဖြူ တေးကြူချိုအေး၊ ငြိမ်းချမ်းရေး ချစ်၊ ပြည်သူ့ ချစ်ခဲ့။ ရှင်ချစ်သာသနာ၊ ယဉ်ကျေးရာနှင့် စာပေမြှင့်တိုး၊ ထမ်းပိုးလက်ကမ်း ကိုယ်စွမ်းသလောက်၊ လမ်းဖောက်ပါလည်း ငရဲလမ်းပြ၊ လူ့အန္ဓတို့ ပိတ်ကြ တားကြ၊ ပညာပြလို့ ပြန်ရသေးဘူး … ကျေးဇူးသစ္စာ၊ အမိမြန်မာကို စောင့်မှာစိတ်ချ ဒေါင်းမမ။



မြန်မာ့နိုင်ငံရေး ညီညွတ်ကြရန် ရွှေကျင်ဂိုဏ်းချုပ် ဆရာတော်ကြီး သတိပေး NEJ/ ၃၁ ဒီဇင်ဘာ ၂၀၀၈

ယနေ့ မြန်မာ့နိုင်ငံရေးကိုကြည့်လျှင် မိမိ မြန်မာနိုင်ငံထွက် မုန့်ပြားသလက်လေးကိုပင် ညီညီညွတ်ညွတ် တစားပွဲတည်းထုငိပြီး အတူမစားနိုင်သည့်အဖြစ် ရောက်နေသည်မှာ ၀မ်းနည်းစရာကောင်းသည်ဟု သက်တော် (၉၀) ကျော် မန္တလေးမြို့ ရွှေကျင်သာသနာပိုင်ချုပ် ဆရာတော်ဘုရားကြီး ဦးအဂ္ဂိယက ခေတ်ပြိုင်သို့ အမိန့်ရှိသည်။ မြန်မာပြည်သူများအတွက် ၂၀၀၉ နှစ်ဆန်း သြ၀ါဒကထာမြွက်ကြားပါရန် ခေတ်ပြိုင်မှ လျှောက်ထားရာ ဆရာတော်ဘုရားကြီး ဦးအဂ္ဂိယက ယခုကဲ့သို့ မိန့်ကြားခြင်းဖြစ်သည်။ ပရိတ်ကြီးနိဒါန်းလာ သမဂ္ဂါ ဆိုသည့်အတိုင်း ညီညီညွတ်ညွတ်ရှိကြရန် ဆရာတော်ဘုရားကြီးက တိုက်တွန်းလိုက်သည်။ ယင်းသို့ ညီညွတ်ရေး ဆုံးမခြင်းကိုပင် အချို့က နိုင်ငံရေးလုပ်သည်ဟု ဆရာတော်ကြီးအပေါ် အထင်မှားနေကြောင်းကိုလည်း ယခုကဲ့သို့ မိန့်ကြားသည်။ “ဒါကြောင့် ဘုန်းကြီးကတော့ မန္တလေးမှာ တခါတခါ ပြောပါတယ်။ တို့က ညီညတ်ွရေးပြောဟော မင်းတို့ အဲဒါ နိုင်ငံရေးထင်နေ ခက်တယ်ကွလို့။ ဘယ်သူ့ရယ်လို့မဟုတ်ဘူး အဲဒါတွေ တခါတခါ ထည့်ပြောဖူးတယ်။ ညီညွတ်ရေးလုပ်တယ်ဆိုတာ နိုင်ငံရေးလုပ်တာမဟုတ်ဘူး။ နိုင်ငံရေးလုပ်ချင်ရင် လူထွက်ပြီးတော့ နိုင်ငံရေးလုပ်မှာပေါ့ကွလို့။ ရုံးတွေဘာတွေ ထိုင်ရအောင် လုပ်မှာပေါ့ကွလို့။ လူထွက်ပြီးတော့လည်း နိုင်ငံရေးမလုပ်ပါဘူးလို့။ သင်္ကန်းဝတ်နဲ့လည်း နိုင်ငံရေးလုပ်တာမှုတ်ဘူး။ ညီညွတ်ရေးပြောတာကွလို့။ ညီညွတ်ရေးနဲ့ နိုင်ငံရေးနဲ့ ကွဲပြားဖို့ အရေးကြီးတယ်လို့။ အမေအဖေနဲ့ သားသမီးတည့်အောင်ပြောနေတာ မင်္ဂလာတရားနဲ့ နိုင်ငံရေးတရားနဲ့ မတူဘူးကွလို့။ တို့ကတော့ ဘယ်ပါတီ ကောင်းစားပါစေ၊ ဘယ်သူကတော့ တက်ပါစေ၊ ဘယ်သူက ထိပ်တန်းကျပါစေ။ တို့ကတော့ မျှတတယ်ကွလို့” ဟု ဆရာတော်ကြီးက မိန့်ကြားသည်။ သို့သော် မြန်မာ့နိုင်ငံရေးမှာ စစ်အစိုးရနှင့် အတိုက်အခံ ယခုထိ ညီညွတ်ပုံမရဟု ဆရာတော်ကြီးက ယူဆသည်။ စားပွဲထိုင်ပြီး မဆွေးနွေးနိုင်ဖြစ်နေသည့် မြန်မာ့နိုင်ငံရေးအခြေအနေကို ရည်ညွှန်းပြီး “အကုန်လုံး ညီညီညွတ်ညွတ်နဲ့ စားပွဲကြီးတခုပေါ်မှာ နှစ်ဘက်က တက်ရင် ဟိုဘက် (၄) ယောက် ဒီဘက်က (၄) ယောက်

လက်ဖက်ရည်သောက်နေတာ၊ ပေါင်မုန့်အတူစားနေတာ တို့က ကြိုက်တာပါ။ မုန့်ပြားသလက် အတူတူစားနေတာ ကြိုက်တာပါ။ ခုတော့ ကိုယ့်နိုင်ငံကထွက်တဲ့ မုန့်ပြားသလက်လေးကို လူ (၈) ယောက် (၉) ယောက် ၀ိုင်းမစားနိုင်တဲ့အဖြစ်ရောက်နေရတာ အဲဒါဝမ်းနည်းတာပါကွလို့။ ကိုယ့်နိုင်ငံကထွက်တဲ့ မုန့်ပြားသလက်လေးကို စားကြည့်စမ်းပါ ညီညီညွတ်ညွတ်နဲ့။ အချင်းချင်းကွာ” ဟု ရွှေကျင်သာသနာပိုင်ချုပ် ဆရာတော်ကြီးက တိုက်တွန်းလိုက်သည်။ မန္တလေးမြို့ ဘုန်းကြီးကျောင်းများမှ လိုင်စင်မဲ့ကားများ သိမ်းသည့်အချိန်တငွ် ရွှေကျင်သာသနာပိုင်ချုပ် ဆရာတော်ဘုရားကြီး ဦးအဂ္ဂိယကျောင်းမှ ကားများကိုလည်း စစ်အစိုးရ သိမ်းယူထားရာ ယခုထိ ပြန်မပေးသေးကြောင်း ဆရာတော်က အမိန့်ရှိသည်။ နိုင်ငံခြားရေဒီယိုအချို့နှင့် ဆရာတော်ကြီး တချိန်က မေးမြန်းလျှောက်ထားချက်အချို့နှင့် ပတ်သက်ပြီး စစ်အစိုးရကို ပုတ်ခတ်သည်ဟု အစွပ်စခွဲံရမှုများနှင့် ပတ်သက်၍လည်း “မင်းကို တို့က ပုတ်ခတ်တာမဟုတ်ဘူး။ အစိုးရကို ပုတ်ခတ်တာမဟုတ်ပါဘူး၊ အစိုးရကို တို့က မြှင့်တင်တာပါ။ အစိုးရကို တို့က ဂုဏ်ပြုတာ။ ကံနဲ့တောင်တူတဲ့မင်း။ မင်းနဲ့တူတဲ့ကံ။ ကံမင်းပြုက ခံရရှာသည်။ အဲတော့ ကံက မင်းနဲ့တူလိုက်၊ ဆရာနဲ့တူလိုက်၊ အဖေနဲ့တူလိုက်၊ အမေနဲ့တူလိုက်၊ ဘာနဲ့တူလိုက်၊ ညာနဲ့တူလိုက်နဲ့။ ဒီလိုဆိုရင် ကံက ဘယ်ကစဖြစ်တာလဲ။ ကံဘယ်က စပေါ်တာလဲ။ ကံမင်းပြုတာ ခံရရှာသည်။ ကံဟာ ဘယ်ကဖြစ်ကုန်ကြဟု တွေးဆသောခါ ကံဖြစ်ရာသည် ကိုယ်သာပြုသည့်အမှုတည်း--တဲ့” ဟု ဆရာတော်က ရှင်းပြသည်။ နေပြည်တော် အာဆီယံကောင်စစ်ဝန်ရုံးဆောက်ဖို့ ကြံစိုက်ခင်းတွေသိမ်း ခိုင်မင်း/ ၃၁ ဒီဇင်ဘာ ၂၀၀၈ နေပြည်တော်ဒေသတွင်း ပါဝင်သော ပြန်ကပြေး၊ တောက်ထိန်နှင့် လက်ပံခါးလှ ကျေးရွာများမှ ကြံစိုက်ခင်းဧက (၁,၀၀၀) ကို အာဏာပိုင်များက သိမ်းယူလိုက်ပြီဖြစ်ကြောင်း သတင်းရရှိ သည်။ ယင်းသို့ သိမ်းယူရခြင်းမှာ အာဆီယံနိုင်ငံများဆိုင်ရာ ကောင်စစ်ဝန်ရုံး တည်ဆောက်ရန် အတွက်ဟု သိရပြီး ဒီဇင်ဘာလလယ်ခန့်က အဆိုပါ ကျေးရွာများမှ ကြံတောင်သူများကို ဆင့်ခေါ်ကာ ကြံစိုက်မြေများကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း၊ အဆိုပါ ကြံစိုက်ခင်းများအတွင်း သို့ ၀င်ရောက်ခြင်း၊ ကြံခုတ်ခြင်းများ မပြုလုပ်ကြရန်လည်း အမိန့်ဖြင့် တားမြစ်ခဲ့သည်ဟု ဆိုသည်။ “အစကတည်းက သတင်းသဲ့သဲ့တော့ ကြားရတယ်။ အခုလောက် မြန်မြန်ကြီး ဖြစ်လာမယ်မထင်ဘူး။ ကျနော်တို့က အခုချိန်ဟာ ကြံရာသီဖြစ်လို့ သိမ်းမယ်ဆိုရင်လည်း ကြံတွေခုတ်ပြီးမှ သိမ်းပါလို့ မေတ္တာရပ်ခံကြည့်သေးတယ်။ ဒါအထက်အမိန့် မရဘူးလို့ ပြောတယ်။ အခုဟာက ကိုယ်စိုက်ခဲ့တဲ့ ကြံတောင် ကိုယ်မပိုင်တော့ဘူး ဖြစ်သွားတယ်။ တဧကကို ကြံစိုက်နိုင်ဖို့ ထယ်ခ၊ ထွန်ခ၊ ပျိုးခတွေ နည်းတာမဟုတ်ဘူး။ ဒီနှစ်အတွက် စရိတ်တွေ ပြန်မရတော့ဘူး” ဟု လက်ပံခါးလှ ကျေးရွာမှ ကြံတောင်သူတဦးက ပြောသည်။ ယခုအခါ အာဏာပိုင်များက သိမ်းယူထားသည့် ကြံစိုက်ခင်းများကို မြေထိုးစက်ဖြင့် ရှင်းလင်းလျက်ရှိရာ ဒေသခံ ကြံတောင်သူများမှာ နှမြောသဖြင့် စိတ်မချမ်းမသာဖြစ်လျက် ရှိကြောင်း သိရသည်။ ယခုတည်ဆောက်မည့် အာဆီယံနိုင်ငံများဆိုင်ရာ ကောင်စစ်ဝန်ရုံးကြီးကို တရုတ်နိုင်ငံ အခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီတခုက တာဝန်ယူဆောက်မည်ဟုလည်း သတင်း ရရှိသည်။

( ) NEJ / ( )

(

)

/

(

)

( )

( )

( )

(

)

“ ”





(

)

“ ”

( )

( , (

)

)

(

)





(

)

/





















(

) “

” “

(



“ “

” ”

( -

(

)

)



(



)

ဟားမားစ် ဟားမားစ်နဲ့ အပစ်ရပ် ကမ်းလှမ်းချက်များ အစ္စရေးလ်ပယ်ချ 31 December 2008

၂၀၀၉ ထဲ ဆန္ဒပြမှုထပ်လုပ်မယ်လို့ ထိုင်းအစိုးရ ဆန့်ကျင်ရေး အင်အားစုများက ပြောဆို 31 December 2008

၂၀၀၈ နာဂစ်အလွန် ငါတို့အားလုံးရဲ့ မျက်နှာများ

မိုးမခ အထောက်တော် (ရန်ကုန်) ဒီဇင်ဘာ ၃၁၊ ၂၀၀၈ ၂၀၀၈ မေလ ၁၅၊ လပွတ်တာ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေရတုန်း စစ်တပ်က ဒုက္ခသည်စခန်းသို့ မရွေ့ခင် သူတို့တွေရဲ့ မျက်နှာတွေ၊ ၂၀၀၉ သို့အ၀င်မှာ တင်ဆက်လိုက်ပါတယ်။ “ဘာလဲ … ဟက်ပီး နယူးယီးယား … သူတို့တွေကို ဘယ်မှာရှာပြီး အဲဒီ ဆုမွန်ကောင်း သွားတောင်းပေးရမှာလဲ

…”

ရွှေပြည်ဌာန သာချင်စွ

မိုးချိုသင်း

ဒီဇင်ဘာ ၃၁၊ ၂၀၀၈ ဒီနှစ်သစ်မှာ … လိုရာဆန္ဒ ပြည့်စုံ ပျော်ရွှင်နိုင်ကြပါစေ။ မိသားစု၊ ကိုယ်ချစ်ခင်သူများနဲ့ ဝေးကွာနေရသူများ အမြန်ဆုံး ပြန်လည် ဆုံဆည်း နိုင်ကြပါစေ။ မတရားမှုတွေ အနိုင်ကျင့်မှုတွေ ကွယ်ပျောက်၊ တရားမျှတမှုတွေ အောင်ပခွဲံတဲ့ နှစ်သစ် မင်္ဂလာဖြစ်ပါစေ။ မေတ္တာတရား လွှမ်းခြုံပြီး ရန်လို ငြူစူ စောင်းမြောင်းခြင်း ကင်းတဲ့ နှစ်သစ် မင်္ဂလာ ဖြစ်ပါစေ။ ကျန်းမာ အေးချမ်း ပျော်ရွှင်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ နှစ်သစ် ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ နှစ်သစ်ကူး လက်ဆောင်အဖြစ် အခုလက်ရှိကိုယ့် ခံစားချက်နဲ့ ကိုက်ညီနေတဲ့ အဖေ့ ကဗျာလေး တပုဒ် လက်ဆောင်ပေးချင်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။ ရွှေပြည်ဌာန သာချင်စွ တင်မိုး

အိပ်ရာဝင် ဘုရားဖူးစဉ် တရားဦး ဓမ္မစကြာကို မြတ်စွာ ဗုဒ္ဓ ဟောညွှန်ပြရာ မိဂဒါဝုန် သားမျိုးစုံသည့် ရဂုံမြိုင်တလျှောက် ငါ ကိုယ်တိုင် ရောက်ဘိသကဲ့သို့ တအောက်မေ့မေ့ ချမ်းမြေ့မြေ့နှင့် လွမ်းငွေ့ဝေရ လပြည့်ည။ ဗုဒ္ဓ ဓမ္မ သံဃာ့ အရိပ် မိရိပ် ဖရိပ် ဆရာရိပ်၌ အိပ်စက်ခဲ့ဖူး ထိုကျေးဇူးကို ကြည်နူး ချမ်းမြ သတိရ သြကာသ သြကာသ။ အခွင့်ပန်၍ မာန်ကို လျှော့ဖြေ မေတ္တာဝေခိုက် ကိုယ့်မြေရှိရာ ဦးချကာ ကျန်းမာ ချမ်းသာ ပန်းပမာ သဗ္ဗေ သတ္တာ အဝေရာ မင်္ဂလာသုခ အရကြီး ရ

အဆိပ်မှန်သမျှ လျှောကာကျ သားရွှေအိုးထမ်း အိမ်ပြန်လှ ရွှေပြည်ဌာန သာချင်စ။ွ

လဲနေသူကို ထူ၊ အားနည်းသူကို အားပေးဖို့

မောင်ရစ် ဒီဇင်ဘာ ၃၁၊ ၂၀၀၈ မိုးမခ ၀ိုင်းတော်သားတွေကိုတော့ စာမူတောင်းထားပါရဲ့။ ၂၀၀၈ ကနေ ၂၀၀၉ အကူး ဘာလေးတွေများ ရေးချင် ပြောချင်ပါလိမ့် ဆိုပြီးတော့။ ကိုယ်တိုင်လည်း ရေးရဦးမှာပါပဲ။ ၂၀၀၈ ထင်မြင်ချက်ပေးတာက

နာဂစ်အလွန်မှာ -

စစ်တပ်က

ပြည်ပစေတနာ့ဝန်ထမ်းကူညီသူတွေထဲက မြန်မာပြည်သူတွေရဲ့

စိတ်ဓာတ်တွေကို

တချို့

တစစီဖြစ်အောင်

ရိုက်ချိုးပစ်လိုက်တာပဲ တဲ့။ နာဂစ် အပျက်အစီးပုံ၊ အလောင်းပုံအောက်က ကုန်းရုန်းထလာရတဲ့ ပြည်သူတွေမှာ

သူတို့

အသက်ကလေး

ပြန်မွေးရဖို့အရေး

စစ်အာဏာပိုင်တွေအောက်မှာ

အောက်ကျို့ဝပ်တွားနေလိုက်ရတာ … တဲ့။ ငါတို့မှာလည်း မင်းတို့ပြည်သူတွေကို ကယ်ရဖို့အရေး မင်းတို့စစ်အာဏာရှင် မျက်စောင်းအောက်မှာ မျက်မွှေးတောင် မော်မကြည့်ရဘဲ ၀င် ကယ်နေရပါ သတဲ့။

ပြီးတော့ နာဂစ်ဘေးသင့် ပြည်သူတွေနဲ့ အစိုးရ ယန္တရားကို ကယ်တင် ထူထောင်ဖို့ထက် သူတို့ အခြေခံဥပဒေကို အတည်ပြုဖို့အရေးနဲ့ အာဏာလက်မလွတ်ရေးက အဓိကဖြစ်နေတော့ နေ့ချင်းညချင်းပဲ နာဂစ်မုန်တိုင်းရဲ့ မြန်မာပြည်သူ အလောင်းပုံအပေါ်မှာ ၂၀၀၈ စစ်အစိုးရ အခြေခံဥပဒေ အလံကို စိုက်ထူလိုက်တော့ အမိုက်တကာ မိုက်ထိပ်ခေါင်တင်တွေ ဆိုတာ ပိုပြီး ထင်ရှားခဲ့တာပေါ့။ ဒါ့အပြင် အမျိုးသားရေးတက်ကြွသူတွေ၊ ရဲရင့်သူတွေကို ၂၀၀၈ အောက်တိုဘာက စတင်ပြီး ပြင်းထန်တဲ့ ထောင်ဒဏ်တွေ ချမှတ်ပြီး အရေးယူ၊ တရားဥပဒေကြောင်းအရ လိုက်ပါဆောင်ရွက်သူ ရှေ့နေတွေကိုပါ ရန်ရှာ၊ ထောင်ချ။ ဒါ့အပြင် ပြင်ပက မိသားစုတွေ လက်လှမ်းမမီတဲ့ အဝေးက အစွန်အဖျားထောင်တွေကိုပါ ပို့ပစ်ခဲ့ပါတယ်။ နိုင်ငံတကာရဲ့ ဖိအားနဲ့ တောင်းဆိုမှုတွေကို သူတို့က ဖီဆန်ပြီး ဖိနှိပ်ချုပ်ချယ်မှုတွေ တိုးမြှင့်ခဲ့လို့ ကုလသမဂ္ဂရဲ့

ဆက်သွယ်ရေး

လမ်းကြောင်းတွေတောင်

ရပ်ဆိုင်းကုန်ရပြီ

ဖြစ်ပါတယ်။

သံဃာတော်တပါးကတော့ ကုလအတွင်းရေးမှူးချုပ်ကို မြန်မာပြည်ကို သွား တောင်းဆိုစေချင်ပါသတဲ့။

သွားလည်း မထူးပါဘူးလို့ ပြန်ပြောလိုက်တော့ အဲဒါကို ထင်ရှားစေချင်လို့ သူ့ကို သွားစေချင်တာတဲ့။ ဒါမှ လုံခြုံရေးကောင်စီကို မြန်မာစစ်အစိုးရကို အရေးယူပေးဖို့ ထပ်မံ တောင်းဆိုနိုင်မှာ တဲ့။ အဲဒါကို မြန်မာအရေး ကျွမ်းကျင်သူ မိတ်ဆွေတွေကို မေးကြည့်တော့ သူတို့က လုံခြုံရေး ကောင်စီတင်တော့လည်း ဟိုဖက်က စစ်အာဏာရှင်မိတ်ဆွေ ဗီတိုပါဝါရှင်တွေက ပယ်ချမှာပါပဲ တဲ့။ သို့သော် လုံခြုံရေးကောင်စီမှာ “မြန်မာအရေးလမ်းဆုံး” ကို အစကတည်းက မတင်လာနိုင်အောင် ထို ဗီတိုတွေက ကုလအတွင်းရေးမှူးချုပ်ကြီး မသွားအောင် ကြိုတင် ကာဆီးထားပုံ ရတယ် လို့ သူတို့က ပြောပါတယ်။ သွားလည်း ဘေးပတ်ဝန်းကျင်ကို

မထူး၊ မေး

မသွားလည်း

မထူးတဲ့အတူ

ကြည့်လိုက်တော့

တချို့က

ဘာတွေ ဒီစစ်အစိုးရနဲ့

လုပ်ကြရမှာလဲ

လို့

လက်တွဲကြဖို့အရေး

ဗျို့ဟစ်လာကြတာကလည်း တမှောင့် ဖြစ်လာပါတယ်။ သူတို့က “အင်ဂိတ်” လုပ်ကြပါစို့ … တဲ့။ ၂၀၀၈ တနှစ်တည်းရဲ့ မှတ်တမ်းတွေနဲ့တင် မြန်မာပြည် စစ်အစိုးရကို လက်ဖျားခါနေရချိန်မှာမှ သူတို့က

(တချို့က)

စစ်အစိုးရနဲ့

အင်ဂိတ်

(Engage)

လုပ်မယ်ဆိုလာတော့

အမှန်တရားနဲ့

တရားမျှတမှုတို့ခင်ဗျာ ဒီခေတ်ကြီးထဲ တော်တော် ခေတ်မစားတော့ပါကလားလို့ သတ္တုချရတော့ မလို ဖြစ်လာပါတယ်။

အမှန်တရားနဲ့

တရားမျှတမှုတို့ဟာ

မြန်မာပြည်က

အဖိနှိပ်ခံ

မျက်နှာမွဲများနဲ့

တတန်းစားတည်း ဖြစ်ပြီး သူတို့တွေ ကျောခိုင်းခြင်း ခံလိုက်ရပါလား လို့ တွေးမိပါတော့တယ်။ မဖြစ် ဖြစ်တဲ့နည်းနဲ့ မြန်မာပြည်ကို ဒီမိုကရေစီဇာတ်သငွ်းကြရာဝယ် အာဏာရှင်ခြုံစောင်ထဲ တိုးဝင်ပြီးမှ

“တိုးတိုးတိတ်တိတ်”

ဒီမိုကရေစီဆေး

တိုက်ကျွေးကြရေးကို

ပြည်တငွ်း

ပြည်ပက

တချို့တလေက လက်သီးလက်မောင်းတန်းပြီး ပြောလာတာကို တွေ့ရပါတယ်။ မီးတောင်မှ လာအောင် လုပ်မပေးနိုင်တဲ့ အာဏာရှင်ကို အမှောင်ထဲ ခြုံစောင်အောက် (အာဏာရှင်လက်ပါးစေတို့ရဲ့ အရေကို ခြုံပြီး) ဒီမိုကရေစီဆေး သွားတိုက်ကြမယ်ဆိုတော့ အပေါက်နဲ့ အလမ်း တည့်ကြပါ့မလားလို့ ဆင်ခြေလေး ထုတ်မိပါတယ်။ ပါးစပ်ပေါက်ထဲမ၀င်ဘဲ အပေါက်တလွဲ မျက်စိထဲ ခပ်မိလို့ မျက်ခမ်းတွေစပ်လှချည်ရဲ့လို့ ခပ်ထုတ်ခံကြရမှဖြင့်ပေါ့နော်။ “အင်ဂိတ်” ဆက်လုပ်ကြရမှာက အဖိနှိပ်ခံပြည်သူတွေကို ဖြစ်ပါတယ်။ အာဏာ၊ ပါဝါ၊ ငွေကြေး ဥစ္စာကို မက်လို့ ဒါနဲ့ ပြစားပြီး သူတို့ကို ဒီမိုကရေစီဇာတ် သွင်းစရာကို မလိုတဲ့ အမှန်အကန် ပြည်သူတွေ မိဘတွေ ကျောင်းသား လူငယ်တွေပါ ခင်ဗျာ။ သူတို့က အမှန်တရားနဲ့ တရားမျှတမှုကို အရိုးအရှင်းအတိုင်းလေးပဲ လိုချင်တာပါ။ နှစ်စဉ် လစဉ်တိုင်းမှာ သူတို့ဆုံးရှုံးခဲ့ရတဲ့ သားသမီး မိဘတွေကို ရည်စူး ဆွမ်းသွတ်ရင်းနဲ့ ကြံ့ကြံ့ခံနေတဲ့

ပြည်သူတွေ၊

အပတ်စဉ်

ရှိစုမဲစုကို

လမ်းစရိတ်လုပ်၊

ထောင်ဝင်စာ

ထုတ်ပိုးပြီး

မတရာအကျဉ်းကျနေတဲ့

သားချင်းတွေအတွက်

အံခဲထားတဲ့

ဆွေမျိုးသားချင်းတွေ၊

ရပ်နီး

ရပ်ဝေးတွေမှာ မိဘ သားသမီးတွေနဲ့ ခွခွဲာပြီး မင်းဘေး မင်းဒဏ်သင့်လို့ ရှောင်တိမ်းပြေးလွှားနေရတဲ့ အပြစ်မဲ့တဲ့ အဖိနှိပ်ခံတွေကို အခုလို အချိန်မျိုးမှာ ပိုလို့ ဆထက် ထမ်းပိုးတိုးလို့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အဖက်ဖက်က ပိုပြီး “အင်ဂိတ်” လုပ်ကြဖို့ မလိုပေဘူးလားဗျာ။ ကိုယ့်အိမ်

ကိုယ့်ယာကို

မီးကလေး

ရေကလေးတောင်မှ

တဆိတ်

မှန်မှန်လာအောင်

မလုပ်ပေးနိုင်ဘဲ အစိုးရမင်း တက်လုပ်နေသူတွေကို “အင်ဂိတ်” လုပ်ကြမယ့်အစား အဖိနှိပ်ခံ အပယ်ခံ ကျောခိုင်း

မေ့ပစ်ခြင်းခံထားရတဲ့

သပိတ်မှောက်

နိုင်ငံရေး

သံဃာတော်တွေ၊

မိဘ

အကျဉ်းသားတွေ၊ သားချင်းတွေ၊

အတိုက်အခံခေါင်းဆောင်တွေ၊ ကျောင်းသား

လူငယ်တွေကို

ပွဲကြည့်ပရိသတ်ပြည်သူလူထုကြီးက အာဏာရှင်မျက်စောင်းကို ဖီဆန်ပြီး ၀ိုင်းဝန်း အားပေး လက်တွဲ ရပ်တည်ကြရေးကို

အရှိန်မြှင့်ကြဖို့

တဆိတ်ကလေးများ

မလိုကြဘူးလားလို့

ပညာရှိကြီးများကို

ရွှေနားတော်သငွ်းလိုက်ချင်ပါရဲ့။ “လဲနေသူကို ထူပေးပါ။ အားနည်းသူကို အားပေးပါ။ ပြိုင်တူတွန်းလျင် ရွေ့နိုင်ပါသည် …” ဆိုတာ မူလတန်းဖတ်စာမှာကတည်းက သင်ခဲ့ရတာပါ။ “လူမိုက်ဆိုလျင် ရှောင်သွေလလွဲို့ မမှီဝဲနဲ့ ကင်းအောင်နေ

…”

ဆိုတာကလည်း

ငယ်ငယ်ကပဲ

သင်ခဲ့ရတာပါ။

ကျနော်တို့

မူလတန်းစာလောက်တော့ သေစာ ရှင်စာလေး ဖြစ်ဖြစ် ကျေခဲ့ကြမယ် ထင်ပါရဲ့ …။

ခင်ဗျားတို့



၂၀၀၈ နှစ်ထဲက အရှေ့တောင်အာရှ

ဥတ္တရမွန်း ဒီဇင် ဇင်ဘာ ၃၁၊ ၂၀၀၈ ၂၀၀၈ ဟာ အရှေ့တောင်အာရှဒေသအတွင်း မထင်မှတ်တဲ့ နိုင်ငံရေး အပြောင်းအလဲတွေ၊ သဘာဝဘေးဒုက္ခတွေ ကြုံတွေ့ခဲ့ရတဲ့နှစ် ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာတော့

မြန်နှုန်းမြင့်

အင်တာနက်ဆက်သွယ်ရေး

ကွန်ရက်

ဆောက်လုပ်ရေးအတွက် တရုတ်ပြည် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုနဲ့ စာချုပ်ချုပ်ဆိုခဲ့တဲ့ ကိစ္စမှာ ဖိလစ်ပိုင်သမ္မတ ဂလိုရီယာအာရိုယို(Gloria Arroyo)နဲ့ သူမရဲ့မိသားစုလည်း ပါဝင်ပတ်သက်သလို ရှိခဲ့တဲ့ လာဘ်စားမှုကိစ္စဟာ သတင်းကျော်ကြားသွားပါတယ်။

မလေးရှားမှ အန်ဝါ အီဘာရာဟင်(Anwar Ibrahim) ဟာ လိင်တူဆက်ဆံမှု အမှုနောက်တစ်ခုနဲ့ စွပ်စွဲခြင်းခံနေရပေမယ့်လည်း သြဂုတ်လ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး People's Justice Party ရဲ့ ခေါင်းဆောင် ပြန်ဖြစ်လာပါတယ်။ ကမ္ဘောဒီးယားက ဟွန်ဆန်(Hun Sen) ၀န်ကြီးချုပ်ရာထူးနဲ့ ထပ်မံ အရွေးခံရတယ်။ အရှေ့တီမောနိုင်ငံရဲ့ သမ္မတ Jose Ramos-Horta ကလည်း ဖေဖေါ်ဝါရီလက လုပ်ကြံခံရမှုမှာ ဒဏ်ရာရခဲ့ပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံအတွက်တော့ ထိုင်းဝန်ကြီးချုပ်

နှစ်ယောက်ကို

ပြဿနာ

အရှုပ်အထွေးတွေ

ရာထူးကနေ

များပြားခဲ့တဲ့နှစ်

ဖယ်ရှားပစ်ခဲ့တယ်၊

ဖြစ်ပါတယ်။

နယ်စပ်ပြဿနာကြောင့်

ကမ္ဘောဒီးယားနဲ့ စစ်ဖြစ်ခါနီးအထိ ဖြစ်ခဲ့တယ်၊ ပြီးတော့ မကြာခင်ကမှ ပြီးဆုံးသွားတဲ့ ထိုင်းလေဆိပ် ပြဿနာကလည်း ကမ္ဘာ့ခရီးသည်လုပ်ငန်းကို ထိခိုက်စေခဲ့ပါတယ်။ ၂၀၀၈ ရဲ့ လူထုဆန္ဒပြပွဲေ တွထဲမှာ အောင်မြင်မှု အရှိဆုံးကတော့ ထိုင်းနိုင်ငံ PAD(People Alliance for Democracy) ပါတီက ဦးဆောင်ခဲ့တဲ့ လူထုဆန္ဒပြပွဲပဲ ဖြစ်ပါတယ်။ ပီအေဒီဟာ ထောင်ပေါင်းများစွာသော လူထုကို သြဂုတ်လ ကနေ ဒီဇင်ဘာလ အထိ စုစည်းနိုင်ခဲ့ပြီး ပါလီမန် အဆောက်အအုံကို သိမ်းပိုက်နိုင်ခဲ့ပြီး နောက်ဆုံး ထိုင်းနိုင်ငံရဲ့ နိုင်ငံတကာလေဆိပ် နှစ်ခုကိုပါ ပိတ်ဆို့နိုင်ခဲ့ပါတယ်။

သူတို့ရဲ့

အထောက်အကူပြုခဲ့ပါတယ်။

ခိုင်မာတဲ့စိတ်ဓာတ်က

ဝန်ကြီးချုပ်ကို

ဖယ်ရှားနိုင်တဲ့

အထိ

လူမှုသတင်း

ဝက်ဆိုက်များဖြစ်တဲ့

Twitter,

Youtube,

နဲ့

Flickr

တို့ကို

သုံးစွဲပြီး

ဖြစ်ရပ်မှန်တွေကို မှတ်တမ်းတင်ခဲ့ပါတယ်။ ဥပမာ မြန်မာနိုင်ငံ နာဂစ်ဆိုင်ကလုံးမုန်တိုင်း သတင်းနဲ့ ဆန္ဒပြသူများ ထိုင်းလေဆိပ်ကို သိမ်းပိုက်တဲ့ အဖြစ်အပျက်တွေကို ကမ္ဘာအနှံ့ ဖြန့်ဖြူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သတင်း လွတ်လပ်စွာစီးဆင်းမှုကို ချုပ်ချယ်ပိတ်ပင်တဲ့ကိစ္စ ဒေသတခွင်မှာ ရှိခဲ့တယ်လို့

မှတ်တမ်းတင်ထားပါတယ်။

ဘလော့ဂါတချို့နဲ့

မလေးရှားနဲ့

သတင်းထောက်များကို

မြန်မာနိုင်ငံတို့က

ဖမ်းဆီးမှုများ

နာမည်ကျော်ကြားတဲ့

ပြုလုပ်ခဲ့ပါတယ်။

ဗီယက်နမ်မှာ

ဘလော့နဲ့ပတ်သက်တဲ့ စည်းမျဉ်းဥပဒေသစ်ကို ထုတ်ပြန်ခဲ့ပြီး၊ ထိုင်းနိုင်ငံမှာ ထိုင်းဘုရင်ကို ပုတ်ခတ်တဲ့ ၀က်ဆိုက်တွေကို အင်ဒိုနီးရှားနိုင်ငံ

ပိတ်ပင်ထားပါတယ်။ ဂျကာတာမြို့မှာရှိတဲ့

ဆိုက်ဘာပြစ်မှု

(cyber

အင်တာနက်ကဖေးမှာ

crime)

ကို

တားဆီးဖို့ဆိုပြီး

အင်တာနက်သုံးစဲသွူရဲ့

နာမည်နဲ့

မှတ်ပုံတင်နံပါတ်တွေကို မှတ်တမ်းတင်ခိုင်းပါတယ်။

မေလမှာ မြန်မာပြည်ကို ကျရောက်ခဲ့တဲ့ နာဂစ် ဆိုင်ကလုံးမုန်တိုင်းမှာ လူပေါင်း ၁ သိန်းနီးပါး သေဆုံးခဲ့ရပါတယ်။ နာဂစ်ဒုက္ခသည်များဟာ ယခုထိ အစားအစာမလုံလောက်မှု၊ ဖျားနာမှု စတဲ့ ဒုက္ခတွေကို ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။ မြန်မာအစိုးရရဲ့ အတွေ့အကြုံ နဲ့ အစွမ်းအစ ကင်းမဲ့ခြင်းဟာ

ဒုက္ခကို

ပိုကြီးမားစေခဲ့တယ်။

လိုအပ်ချက်များကို

အစိုးရရဲ့

ကယ်ဆယ်ရေးလုပ်ငန်းဟာ

မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။

ပြည်ပက

အလွန်နှေးကွေးခဲ့ပြီး

အကူအညီတွေကိုလည်း

ငြင်းဆန်ဖို့

ကြိုးစားခဲ့ပါသေးတယ်။ နိုဝင်ဘာလမှာလည်း ရေလွှမ်းမိုးမှုကြောင့် မလေးရှားနိုင်ငံ

ဗီယက်နမ်နိုင်ငံရဲ့

၂၅

မြောက်ပိုင်းနဲ့

အလယ်ပိုင်းဒေသမှာ

ကွာလာလမ်ပူမြို့မှာ

ယခုလက

ဆောက်လုပ်ရေးကုမ္ပဏီများရဲ့

တာဝန်မဲ့ခြင်းနဲ့

အစိုးရရဲ့

နှစ်အတွင်း

အကြီးမားဆုံးဖြစ်တဲ့

လူများစွာ

သေဆုံးခဲ့ရပါတယ်။

ဖြစ်ပွားခဲ့တဲ့

မြေပြိုမှုဟာလည်း

လျစ်လျုရှုခြင်းတို့ကြောင့်

ဖြစ်ပါတယ်။

စက်တင်ဘာလမှာလည်း အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားဒေသမှာ ငွေအလှူလက်ခံဖို့ တန်းစီနေကြတဲ့ လူတန်းရှည်ကြီး အလုအယက် တွန်းတိုးရာမှ လဲကျဖိမိပြီး လူ ၂၁ ဦး သေဆုံးခဲ့ရပါတယ်။ ၂၀၀၈ ရဲ့ သတင်းခေါင်းကြီးအဖြစ် အရှေ့တောင်အာရှနိုင်ငံရဲ့ အားကစားသမားများ ပြီးခဲ့တဲ့ တရုတ်အိုလံပစ်ပြိုင်ပွဲမှာ

ပါဝင်ခဲ့တာကိုလည်း

ထည့်သငွ်းသင့်ပါတယ်။

ကြက်တောင်ပြိုင်ပွဲမှာ

မလေးရှားနိုင်ငံရဲ့ ၁၂ နှစ်အတွင်း ပထမဆုံးသော အိုလံပစ်ငွေတံဆိပ်နဲ့ စားပွဲတင်တင်းနစ်ပြိုင်ပွဲမှာ စင်ကာပူက

၄၈

နှစ်အတွင်း

ပထမဆုံးသော

အိုလံပစ်ငွေတံဆိပ်

တစ်ခုကို

ရခဲ့ပါတယ်။ တရုတ်ပြည်ရဲ့ နွားနို့နဲ့နို့မှုန့် အဆိပ်သင့်ပြဿနာကလည်း ၂၀၀၈ ရဲ့ သတင်းကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ အမေရိကန်သမ္မတ ရွေးကောက်ပသွဲ တင်းကိုလည်း အရှေ့တောင်အာရှ နိုင်ငံများက မျက်ခြည်မပြတ်စောင့်ကြည့်ခဲ့ပါတယ်။

အိုဘားမားနဲ့

ဂျွန်မက်ကိန်း

နှစ်ဦးစလုံးကို

လူကြိုက်များကြပါတယ်။ အိုဘားမားရဲ့ ရွေးကောက်ပွဲ အောင်မြင်မှုဟာ ပြည်သူတွေကို သူတို့နိုင်ငံရဲ့ ပြောင်းလဲရေး

လိုအပ်ချက်တွေကို

ပြန်လည်

တွေးတောလာစေတဲ့အထိ

ကူးစက်ခဲ့ပါတယ်။ နိဂုံးချုပ်အနေနဲ့ ၂၀၀၈ နှစ်ဟာ အရှေ့တောင်အာရှ နိုင်ငံများအတွက် ဘေးအန္တရာယ်များ (သဘာဝနဲ့

လူလုပ်တဲ့ဟာ)

ရှိခဲ့တဲ့

နှစ်ဖြစ်ပါတယ်။

ဆန်မလုံလောက်မှု

ဖြစ်ခဲ့တယ်၊

နို့ထွက်ပစ္စည်းတွေကလည်း အဆိပ်သင့်တယ်၊ အလုပ်အကိုင် ဆုံးရှုံးကြတယ်၊ ဘလော့ဂါသမားများ အဖမ်းခံရတယ်၊ အိမ်တွေဖျက်ဆီးခံရတယ်။ ဒါပေမယ့် အခြေအနေတွေက အရှေ့တောင်အာရှ နိုင်ငံများအတွက် မျှော်လင့်ချက်မရှိဘူးလို့ မဆိုနိုင်ပါဘူး။ လူထုတွေက

ပြည်သူတွေက စုစည်းဖို့

နိုင်ငံအတွင်း

စည်းရုံးဖို့

အသင့်

ပြုပြင်ပြောင်းလဲရေးကို ရှိနေကြတယ်။

နောက်ပြီး

မျှော်လင့်လာကြတယ်၊ နိုင်ငံအကြီးအကဲများ

သတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေ လုပ်တဲ့အခါမှာ လိုအပ်ရင် ဖိနပ်နဲ့ ပေါက်ဖို့လည်း အဆင်သင့် ရှိနေကြပါတယ်။ ။

ကျော်ဝင်ပြီးမှ ကြည့်လို့ရတဲ့ ၀က်ဆိုက်တွေကို (RSS) အာရ်အက်စ်အက်စ်နဲ့ ကြည့်ရအောင်

တင့်လငွ် ဒီဇင်ဘာ ၃၁၊ ၃၁၊ ၂၀၀၈ နေ့စဉ်လိုလို ၀င်ကြည့်နေတဲ့ သတင်းဝက်ဆိုက်တွေကို နေ့စဉ် (Proxy) ပရောက်စီနဲ့ ကျော်နေရတဲ့ ဒုက္ခ၊ လိုင်းနှေးးရင် သတင်းခေါင်းစဉ်တခုမှ တခု၊ (web page) ၀က်ပေ့ခ်ျ တခုမှတခု ပြောင်းရင်းနဲ့ စိတ်မရှည်နိုင်တော့ပဲ ရပ်လိုက်ရတဲ့ ဒုက္ခတွေက

လွတ်ကင်းတဲ့

သတင်းတွေကိုလည်း

နည်းတနည်းရှိပါတယ်။ အချိန်ကုန်လည်းသက်သာပြီး နာရီပိုင်းအလိုက်

ခေါင်းစဉ်နဲ့

အကျဉ်းချုပ်

အလိုအလျောက်

ထပ်ထပ်ပြီး

ဖြည့်

ထပ်မံဖြည့်စွက်တဲ့

စွက်ပေးသွားတဲ့

အတွက်

အလုပ်မရှုပ်တော့ပါဘူး။ အဲဒါက ဂျီမေးလ် သုံးစွရဲ င်းနဲ့ ဂျီမေးလ်မှာ တွဲလျက်ပါရှိတဲ့ ရီဒါ (reader) ဆိုတဲ့ ဖီချာ တခုပါ။ တကြိမ် ဖြည့်စွက် ထားလိုက်ရုံနဲ့

မိမိမေးလ်

သုံးစွရဲ င်းနေ့စဉ်ကြည့်လိုတဲ့

သတင်းစာတွေ၊

သတင်းဝက်ဆိုက်တွေ

ဒီနေ့တော့ဖြင့်

ဘာတွေထူးလဲဆိုတာကို ကလစ်တချက် လုပ်ရုံနဲ့ ချက်ခြင်းသိနိုင်ပါတယ်။ အချို့လည်း သိရှိပြီးသား ဖြစ်ကောင်းဖြစ်မှာပါ။ မသိရသေးသူတွေ အတွက်တော့ လုပ်ဆောင်ချက် အသစ်တခု ဖြစ်မှာပါ။

လုပ်ဆောင်ရမှာကတော့ (GMail) ဂျီမေးလ် standard view အနေအထားမှာ လက်ဝဘဲ က် အပေါ်ဆုံးထောင့်က ခေါင်းစဉ်ငယ်

(features)

တွေထကဲ

၅ခုမြောက်

reader

ကို

ကလစ်လုပ်လိုက်ပါ။

အဲဒီနောက်

ရီဒါ

ဝက်စာမျက်နှာပေါ်လာရင် လက်ဝဘဲ က် အပေါ်နားမှာ ရှိတဲ့ Add subscriptions ဆိုတဲ့ အကွက်ကို ကလစ်လုပ်လိုက်ပြီး ပေါ်လာတဲ့ url ဘောက်စ်ထမှဲာ မိမိနေ့စဉ်ကြည့်လိုတဲ့ ၀က်ဆိုက် လိပ်စာများကို ဖြည့်သငွ်းနိုင်ပါတယ်။

ဥပမာ အားဖြင့်

www.mizzima.com , www.burmanet.org , www.voanews.com/Burmese

,

www.rfa.org/Burmese

စသဖြင့်ပါ။

အချို့သော

မြန်မာဘာသာ

သတင်းဝက်ဆိုက်တွေက

အာရ်အက်စ်အက်စ်အတွက် အသင့်လုပ်ပေးမထားလို့ ထည့်သငွ်းလို့ မရတာလည်း အနည်းအကျဉ်းရှိပါတယ်။ သို့ပေမယ့် အများစုကတော့ အာရ်အက်စ်အက်စ် (ရီဒါ) လုပ်ဆောင်ချက် ပါဝင်ကြ ပါတယ်။ မြန်မာသတင်းဝက်ဆိုက်တွေသာမကပဲ မြန်မာဘလော့ဆိုက်တွေကို ထည့်သငွ်းထားရင် အလွန်အဆင်ပြေပါတယ်။ ဘလော့အားလုံးကိုလည်း ကျော်မှပဲ ကြည့်ရတဲ့ သဘောရှိတာမို့လို့ ဘာခေါင်းစဉ် အသစ်တက်သလဲ ဆိုတာမျိုးအတွက်တော့ အချိန်ကုန်သက်သာ၊ စိတ်ပင်ပန်းခံစရာမလိုပဲ ကြည့်ရှုနိုင်မှာပါ။ မိမိ subscribe လုပ်ထားတဲ့ ၀က်ဆိုက်လိပ်စာတွေဟာ မိမိရဲ့ မေးလ်အကောင့်နဲ့တွဲလျက်ရှိနေမှာ ဖြစ်ပါတယ်။

အချို့သော

သတင်းဝက်ဆိုက်များရဲ့

စာမျက်နှာမှာ အ၀ါရောင် သင်္ကေတနဲ့ အာရ်အက်အက်စ် feed ဖီချာပါတာမျိုး လည်း ရှိပါတယ်။ အဲဒီ ၀က်ဆိုက်မျိုးမှာ မိမိအီးမေးလ်ရဲ့ ရီဒါမှာ subscribe လုပ်စရာမလိုပဲ အဆိုပါ ၀က်ဆိုက်က အာရ်အက်စ်အက်စ် သင်္ကေတကို ကလစ်လုပ်ပြီး မိမိအီးမေးလ် လိပ်စာရိုက်ထည့်လိုက် ခြင်းဖြင့်လည်း နေ့စဉ်နာရီပိုင်းနဲ့အမျှ အသစ်တက်တဲ့ ခေါင်းစဉ်တွေ မေးလ် ရီဒါ ထဲကိုအလိုလိုရောက်ရှိလာမှာ ဖြစ်ပါတယ်။ နေ့စဉ်ကြည့် ရှုတ့အဲ ခါမှာတော့ အပေါ်ပိုင်းက Home ကို ကလစ်လုပ်ပြီး ကြည့်ရှုလို့ရသလို မိမိရဲ့ subscriptions တွေကိုကြည့်လိုရင်တော့ အဆိုပါ Home ရဲ့အောက်က subscriptions ဆိုတဲ့ ဖီချာကို ကလစ်လုပ်လိုက်ရင် သူ့အောက်မှာ မိမိတင်ထားတဲ့ ၀က်ဆိုက်လိပ်စာတွေ တန်းစီပေါ်လာပါမယ်။ အဲဒီအထဲက ကြည့်ရှုချင်တဲ့ လိပ်စာကို ကလစ်လုပ်ပြီး ကြည့်ရှုရုံပဲ ဖြစ်ပါတယ်။ အောက်ဖေါ်ပြပါ ၀က်ပေ့ခ်ျ ကတော့ (Google Reader) ဂူဂဲလ်ရဲ့ ရီဒါ နဲ့ မိမိ မှာယူ(subscribed url)ထားတဲ့ ၀က်ဆိုက်များမှ သတင်းခေါင်းစဉ်နဲ့ အကျဉ်းချုပ်များကို မြင်တွေ့ရတာပါ။

မှတ်ချက်၊ ဂျီမေးလ်ကို standard view နဲ့မဟုတ်ပဲ html view မှာတော့ ယခု ဖီချာကို အသုံးချလို့ မရပါဘူး။

ခရစ်စမတ်သစ်ပင်စားသော ဂျာမဏီရောက် မြန်မာ့ဆင် သတင်းဓာတ်ပုံ

ဒီဇင်ဘာ ၃၁၊ ၂၀၀၈ ခရစ်စမတ်သစ်ပင်ကို စားသောက်နေသော မြန်မာပြည်ဖွား ဆင်မကြီး သီဟဖြူ (Thi Ha Phyu) နှင့် သားငယ် မင်းဂျွန် (Ming Jung / My Boy) တို့ကို ယမန်နေ့က တွေ့ရပုံ။ ဆင်မကြီးမှာ အသက် ၂၈ နှစ်ရှိပြီဖြစ်ပြီး ဆင်ပေါက်လေးမှာ ၁ နှစ်ခွဲ ဖြစ်သည်။ ဆင်များကို ခရစ်စမတ်သစ်ပင်များ ကျွေးလျက်ရှိကြောင်း ၎င်းတို့ရောက်ရှိနေသည့် ဂျာမဏီနိုင်ငံ၊ ကိုလုံးမြို့ တိရိစ္ဆာ န်ဥယျာဉ် ညွှန်ကြားရေးမှူးက ရှင်းပြသည်။ ဆင်တကောင်လျှင် ခရစ်စမတ် ထင်းရှူးပင် သုံးပင် နေ့စဉ် စားသုံးကြောင်း၊ ထင်းရှူးပင်ကို စားခြင်းဖြင့် ဆင်တို့၏သွားများ သန့်ရှင်းစင်ကြယ်စေကြောင်း သိရသည်။ (photo: Reuters)

AIU U  E1  E  E  E TUESDAY, 30 DECEMBER 2008 19:15 U UI

  AIU  EIU A  IU EA U E  UIU E   IU  U IU E2 " #2IU% IU" A U AE IU EU  U U E  E E  E1 (

EIU ) E 2IU3% ) E U   "+  A , 2U.   AIU 2IU +# EU12IU  E3 A" E EA E 4  A A1   E ( AIU 5  4 

E E 6 ) E   UI +    #2IU% UIA

EE1E E   ( “EEIU A  IU EA U E % IU2 " IU  E 4 U % ) E.  EA    E 4 E U IU % )  4 . 6 IU E+ IU % )  #E 4 "2. . 4E 4E E  U  1#”U E U" E  ( +IU2A  A , 2U2. "    E 5 EAU U    1 2E  A  . 5A U (78) IU A4 E %# 4  A 

E  .  (9) "2.  4IU   E +. E %#4E1  :  E  ( “ E 5 AU U+4. E 5  (;) .I) A4". (<) IU E  2 " 5EE  IU ) A4 UIE U % ) IU24 5 E E% IU 4IU2 " E 42    4 IU E U % ) E 2 " %E  I EIU A+#A AE IU2 " == E3% ) +4 IU % EIU 4 #2IU% EIU% UIU2 E 4 E U % ) A45 A24 IU UI E) AU+I”4 U E  ( :AIU 2IU +#IU#. 2 "4  (;) IU A  E 2IU3% ) E U   "+  A , 2UIU2 E # 2 " EAU U E2.   4IU2   E IU E IE1  E IU (

နစ်သစ်ကူးကြိုဆိုပတွဲ ငွ် မီးလောင်မှုကြောင့် သေဆုံးသွားသော ဘန်ကောက်မြို သ့ူမြို သ့ားများ

ဘန်ကောက် ဂျေရာပွန် နစ်သစ်ကူး ကြိုဆိုတဲ့အနေနဲ့  ပြစ်ဖေါက်ဖို့ ပြင်ဆင်ထားတဲ့ မီးရှုးမီးပန်းတွေ မီးလောင်ရာက ဘန်ကောက်မြိုလူဂုဏ် တန်တွေ

သွားလေ့ရှိတဲ့

ဆန်တိက

နိက်ကလပ်တခု

မှာ

မီးလောင်မှု

ဖြစ်ပွားခဲ့

တယ်။

မီးလောင်မှုကြောင် ကြာင့်လူပေါင်း၅၅ယောက်သေဆုံးပြီးတရာကျော်ဒဏ်ရာရသွားပါတယ်။ မီးလောင်သေဆုံးရတဲ့အကြောင်းကတော့ မီးခိုးငွေ့ တွေရူရိုက်မိတာနဲ့  မီးလောင်ကျွမ်းခံရမှု ကြောင့်လိုဆိုပါတယ်။ ကံဆိုးခြင်တော့

နိက်ကလပ်

က

ထွက်ပေါက်

တခုသာရှိတယ်လို

့ဆိုတယ်။

နိက်ကလပ်ထဲဝင်ရတာခရစ်ယန်ဘုရားကျောင်းထဲဝင်ရသလိုပဗျဲလို့  မသေပဲလွတ်လာတဲ့သူတဦးကဆိုပါတယ်။ အထဲမှာ က လူတွေ ထောင် ရာနဲ့ချီ ကျပ်ပိတ်နေတယ်လို့  ရဲအရာရှိ ချောက်ချိုင်း ကဆိုပါတယ်။

အိန္ဒိယ ရေနံ ကုမ္ပဏီ Essar ကစစ်တွေမြို့နယ်တငွ် လယ်သိမ်းပြီး ရေနံ တူးရန် စတင်

12/30/2008 ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ရေနံရှာဖွေခငွ့်ရထားသော အိန္ဒိယ ရေနံ ကုမ္ပဏီ Essar သည် ယခုလ ပထမ အပတ်မှ စတင်ပြီး စစ်တွေမြို့နယ် စပါးထားကျေးရွာ အနီးတွင် ရေနံ စတင်တူးဖေါ်ရန် စီစဉ် နေပြီ ဖြစ်ကြောင်း သတင်းရသည်။ ဒေသခံ တဦးက “သူတို့က အခု လမ်းတွေ ဖေါက်နေတယ်။ အဆောက်အဦးတွေ ဆောက်နေတယ်။ သင်္ဘောတွေ ဆိပ်ကပ်ဖို့ ဆိပ်ခံ တံတား တခု ဆောက်နေတယ်။

အဆောက်အဦးတွေ ဆောက်နေတယ်။ သင်္ဘောတွေ ဆိပ်ကပ်ဖို့ ဆိပ်ခံ တံတား တခု ဆောက်နေတယ်။ ဒါတွေ ပီးရင် သူတို့ ရေနံ စတင် တူးပါလိမ့်မယ်။” ဟု ပြောသည်။ ရေနံတူးဖေါ်မည့် နေရာတွင် မြေတူးစက်များ၊ လမ်းလုပ်သည့် ထရပ်ကားများ ရောက်ရှိနေပြီး အိန္ဒိယမှ အင်ဂျင်နီယာများလည်း ရောက်ရှိနေသည်ဟု သိရသည်။ အိန္ဒိယမှ အင်ဂျင်နီယာများမှာ စစ်တွေ နိုဗို တည်းခိုရိပ်သာတွင် တည်းခိုနေပြီး ထိုမှ တဆင့် စက်လှေဖြင့် အသွားအပြန် လုပ်ကာ အဆိုပါ စီမံကိန်းအား စတင် ဆောင်ရွက် လုပ်ကိုင် နေသည်ဟု အဆိုပါ ဒေသခံက ပြောသည်။ ယခုအိန္ဒိယ ရေနံ ကုမ္ပဏီမှ ရေနံတူးဖေါ်မည့် နေရာမှာ စပါထားကျေးရွာနှင့် တဘက်တကမ်းတွင် တည်ရှိသော “ညိုရောင်ချောင်း” ကျေးရွာ အနီးတွင် ဖြစ်သည်။ ယခု ရေနံတူးဖေါ်မည့် နေရာမှာ ညိုရောင်ချောင်းကျေးရွာမှ လယ်သမားများပိုင်သော လယ်မြေတွင် ဖြစ်သည်ဟု သိရသည်။ လယ်မြေမှာ ၂၀ ဧက နီးပါးခန့်ရှိပြီး ဒေသခံ လယ်သမား ၁၀ ဦးခန့်က ပိုင်ဆိုင်သော လယ်မြေများ ဖြစ်သည်။ လွန်ခဲ့သော နှစ်ကတည်းက စစ်အာဏာပိုင်များက ရေနံတူးရန် အဆိုပါ လယ်ဧက ၂၀ ကို သိမ်းထားခဲ့သည်။ “အစပိုင်းကတော့ လျော်ကြေးပေးမယ်ဆိုပီး ပြောပါတယ်။ နောက်ပိုင်းမှာ လျော်ကြေးလည်း မပေးပါဘူး။ ဒါကြောင့် အထက်အာဏာပိုင်တွေကို လျော်ကြေးရဖို့ တိုင်တန်းထားပါတယ်။” ဟု အဆိုပါ ဒေသခံ ပြောသည်။

လွတ်ရက်စေ့ မြန်မာ အကျဉ်းသား ၁၀၅ ဦး ကော့ဘဇားထောင်တငွ် အိမ်ပြန်ခငွ့်မရဘဲ ၂ နှစ်ကျော်ကြာ

12/30/2008 မောင်သစ်အောင် (နိရဉ္စရာ) လွတ်ရက်စေ့ မြန်မာ့ အကျဉ်းသား ၁၀၅ ဦးမှာ မြန်မာ့ စစ်အစိုးရမှ လက်မခံသဖြင့် အိမ်မပြန်နိုင်ဘဲ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့ဘဇား ထောင်တငွ် နေထိုင် နေရသည်မှာ ၂ နှစ်ကျော် ရှိနေပြီ ဖြစ်သည်။ မြန်မာနိုင်ငံမှ အကျဉ်းသား ၁၀၅ ဦးအား မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ၂၀၀၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံ နယ်စပ် အနီးတွင် တည်ရှိသော

ကော့ဘဇားထောင်သို့ ဘင်္ဂလာ အစိုးရမှ ပို့ဆောင်ထားခဲ့သည်။ သို့သော်လည်း မြန်မာ စစ်အစိုးရမှ လက်ခံရန် ငြင်းပယ်သဖြင့် ယခုအချိန်ထိ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင် နိုင်ခြင်း မရှိသေးဘဲ ဖြစ်နေဟု ထောင်အာဏာပိုင် တဦးက ပြောသည်။ ဘင်္ဂလာဒေခ်ျ့ အစိုးရ အနေဖြင့် မြန်မာနိုင်ငံ ထောင်သားများ အတွက် နိုင်ငံတော် ဘတ်ဂျက်မှ နှစ်စဉ် အပို ကုန်ကျခံနေရပြီး ထောင်ထဲတင်ွလည်း နေရာထိုင်ခင်း မလုံလောက်သဖြင့် မြန်မာ ထောင်သားများကို နေရပ် တိုင်းပြည်သို့ အမြန်ဆုံး ပြန်ပို့ရန် လိုလားနေသည်ဟု သိရသည်။ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့ထောင်တငွ် မြန်နိုင်ငံမှ ထောင်သား ၄၀၀ နီးပါး ရှိပြီး ထိုအထဲတငွ် လွတ်ရက် စေ့နေသူ ထောင်သား ၁၀၅ ဦး ရှိနေသည်။ မြန်မာနိုင်ငံသား ထောင်သားများမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတငွ် ပြစ်မူမျိုးစုံနှင့် အဖမ်းခံနေရပြီး အများစုမှာ တရားမ၀င် ခိုးဝင်မူကြောင့် ဖြစ်သည်။ ဘင်္ဂလာဒေခ်ျ့နိုင်ငံတငွ် မြန်မာနိုင်ငံသား ထောင်သား အရေအတွက်မှာ ယခုအခါ တဖန် ပြန်တိုးပွားလာပြီး ဦးရေ ၁၅၀၀ ထိရှိလာကြောင်း ထောင်သတင်း ရပ်ကွက်အရ သိရသည်။ လွတ်ရက်စေ့ မြန်မာနိုင်ငံသားများကို ပြန်ပို့လိုကြောင်း ဘင်္ဂလာ အာဏာပိုင်များက ဆက်သွယ်တိုင်း မောင်တော လ၀ကနှင့် စစ်အာဏာပိုင်များက စစ်ဆေးရန် လိုသေးကြောင်း ပြောပြီး လက်ခံရန် အမြဲငြင်းဆိုလေ့ရှိကြောင်း သိရသည်။

ဘင်္ဂလာဒေခ်ျ့ ရွှေးကောက်ပွဲ အ၀ါမီလိဂ် ပါတီ တခဲနက် အောင်ပခွဲံ

12/31/2008 ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အထွေထွေ ရွှေးကောက်ပွဲကို ဒီဇင်္ဘာလ ၂၉ ရက်နေ့က ကျင်းပရာ ရှစ်ဟာဆီးနာ ဦးဆောင်သော ၁၄ ပါတီ မဟာမိတ် တပ်ပေါင်းစုက အပြတ်အသတ် အနိုင်ရရှိပြီး တခဲနက် အောင်ပခွဲံခဲ့သည်။ ဘင်္ဂလာဒေခ်ျ့နိုင်ငံတငွ် ပါလီမန် အမတ် နေရာ ၃၀၀ ရှိရာ ၂၆၂ နေရာကို အ၀ါမီလိဂ် ပါတီ ဥက္ကဌ ရှစ်ဟာဆီးနာ ဦးဆောင်သော ၁၄ ပါတီ မဟာမိတ် တပ်ပေါင်းစုက အနိုင် ရရှိခဲ့သည်။

ယခင် အစိုးရ ဖြစ်ခဲ့သော ခါလစ်ဒါဇီယာ ဦးဆောင်သည့် ဘင်္ဂလာဒေခ်ျ့ အမျိုးသား ပါတီ (ဘီအန်ပီ)မှာ အမတ်နေရာ ၃၂ နေရာသာ ရရှိခဲ့ပြီး သမိုင်းတွင် မကြုံဖူးအောင် အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။ တခြား နေရာ ၅ နေရာအား တခြားပါတီငယ် တခုနှင့် တသီးပုဂ္ဂလ ယှဉ်ပြိုင်သူများမှ အနိုင်ရရှိခဲ့ပြီး အမတ်နေရာ ၁ နေရာတွင် လုံခြုံရေး အခြေအနေကြောင်း ကျင်းပနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ယခုပြုလုပ်သော ရွှေးကောက်ပွဲမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတငွ် ကိုးကြိမ်မြှောက် ဖြစ်ပြီး ပါတီပေါင်း ၃၈ ခုမှ အမတ်လောင်း ၁၅၅၅ ဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ဘင်္ဂလာဒေခ်ျ့ ရွှေးကောက်ပွဲ ကော်မရှင်၏ တရားဝင် ထုတ်ပြန်ချက်အရ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတငွ် မဲဆန္ဒပေးပိုင်ခငွ့် ရှိသူ ကျား ၃၉၈၂၂၅၄၉ ရှိပြီး မ ၄၁၂၃၆ ၁၄၉ ဦးရှိသည်။ ယခုပြုလုပ်သော ရွှေးကောက်ပွဲမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတငွ် တရားမျှတမူနှင့် အအေးချမ်းဆုံး ရွှေးကောက်ပွဲ တခုဖြစ်ပြီး နိုင်ငံတကာ အပါအ၀င် ပြည်တငွ်းမှ လေ့လာအကဲခတ်သူ ၂ သိန်း ခန့် ပါဝင် အကဲခတ်ခငွ့် ရရှိ ခဲ့သည်။ သို့သော်လည်း ရွှေးကောက်ပွဲတငွ် အရှုံးကြီး ရှုံးနိမ့်ခဲ့ရသည့် ဘင်္ဂလာဒေခ်ျ့ အမျိုးသား ပါတီ ဥက္ကဌ ခါလစ်ဒါဇီယာကမူ ရွှေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုရန် ငြင်းဆိုနေသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတငွ် ၂၂၄ နှစ်မြောက် ရခု ရခိုင် အချုပ်အချာ အာဏာ ကျဆုံးသည့်နေ့ အခန်းအနား ကျင်းပပြုလုပ်

12/31/2008 သျှင်ထွီးခိုင်(နိရဉ္စရာ) ဘင်္ဂလားဒေ့ခ်ျ နိုင်ငံတငွ် ရောက်ရှိနေသည့် ရခိုင် အမျိုးသားများက ၂၂၄ နှစ်မြှောက် ရခိုင်နိုင်ငံတော် အချုပ်အချာ အာဏာ ကျဆုံးသည့်နေ့ကို ဒက္ကားမြို့တော်တငွ် ယနေ့ ကျင်းပ ပြုလုပ်ခဲ့ကြသည်။ အခန်းအနားသို့ နိုင်ငံရေးပါတီအဖွဲ့ အစည်းများမှ ခေါင်းဆောင်များ ကျောင်းသား လူငယ်များနှင့် အမျိုးသမီးအဖွဲ့ များမှ စုစုပေါင်း အင်အား ၅၀ ခန့် တက်ရောက်ခဲ့သည်။ အခန်းအနားကို နေ့လည် ၁ နာရီတငွ် စတင်ဖငွ့်လှစ်ခဲ့ပြီး ရှေ့ဦးစွာ နှစ်ပေါင်း ၂၂၄ နှစ် အတွင်း ရခိုင် အမျိုးသား လွှတ်မြှောက်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြသော ရခိုင်အာဇာနည်များအား တမိနစ်ခန့် ငြိမ်သက်စွာ အလေးပြုပြီး ဂါရ၀ ပြုခဲ့ကြသည်။

၎င်းနောက် တက်ရောက်လာသူများအထဲမှာ ကိုကျော်မြသာ၊ ကိုအနီမောင်နှင့် ကိုခိုင်မြတ်ကျော်တို့မှ သဘာပတိများ အဖြစ် နေရာယူကြသည်။ သဘာပတိများ နေရာယူ၍ အပြီးတွင် သဘာပတိအသီးသီးမှ အဖွင့်အမှာ စကားများ ပြောကြားကြပြီး တက်ရောက် လာသူများမှလည်း ၁၇၈၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရခိုင်အမျိုးသားတို့၏ အချုပ်အချာ အာဏာကျဆုံးခဲ့ရပုံများကို ဟောပြောကြသည်။ သဘာပတိအဖြစ်ဆောင်ရွက်သူ ဝါရင်နိုင်ငံရေး သမား တဦးဖြစ်သူ ဦးကျော်မြသာက အခန်းအနားတွင် ယခုကဲ့သို့ ပြောသည်။ “ရခိုင်လူမျိုးတို့၏ ထီးနန်း အချုပ်အချာအာဏာ ကျဆုံးရပုံကို လေ့လာကြည့်မယ် ဆိုရင် အလွန် ၀မ်းနည်းစရာ ကောင်းကြောင်း၊ ဗမာ ဘုရင်တပ်များ ရခိုင်ကို တောင်ကုတ်လမ်းမှ တဆင့် စတင် ၀င်ရောက်လာရာတွင် တပြည်စစ်ကို တဦးတည်း တိုက်၍ မနိုင်ကြောင်း၊ သို့အတွက် တောင်ကုတ်စား ကျားရီဝတ် ဗိုလ်ကျော်ထွီးမှ မြောက်ဦးနန်းကို စိုးစံသော မဟာသမတရာဇာအား စစ်ကူပို့ရန် တောင်းဆိုခဲ့ကြောင်း၊ သို့သော်လည်း ကျားရီဝတ် ဗိုလ်ကျော်ထွီးမှာ မြောက်ဦးထီနန်းကို ဆန့်ကျင်သူ ဖြစ်သည်ဟု ဆိုကာ မြောက်ဦးထီးနန်းမှ စစ်ကူ မပို့ခဲ့ကြောင်း၊ သို့တွင် တောင်ကုတ်စား ဗိုလ်ကျော်ထွီးမှာ ဗမာဘုရင် တပ်ကို စစ်မခံနိုင်၍ ဗမာဘုရင်တပ်များ ၀င်ရောက်လာပြီး နောက်ဆုံး မြောက်ဦးထီးနန်းကျခဲ့ရကြောင်း” စသဖြင့် ပြောကြားသည်။ ၎င်းအပြင် အမျိုးသား သစ္စာဖေါက်ဆိုသည်မှာ မိမိ အမျိုးသားရေးကို မိမိအမျိုးသား အတွင်း မဖြေရှင်းဘဲ လူမျိုးခြားများကို ခေါ်၍ ဖြေရှင်းခြင်းသည် အမျိုးကို သစ္စာဖေါက်ဟု ခေါ်ခြင်း ဖြစ်ပြီး ငသံတွေနှင့် မောင်ထွန်းစံ၏ လုပ်ရပ်မှာ အမျိုးသား သစ္စာဖေါက် လုပ်ရပ် ဖြစ်ကြောင်း သူက ပြောကြားသည်။ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဒုဥက္ကဌ ဦးအနီမောင်ကလည်း “ရခိုင်တမျိုးသားလုံး သူ့ကျွန်ဘဝ ကျရောက်လာသည်မှာ နှစ်ပေါင်း ၂၀၀ ကျော်လာပြီးဖြစ်သော်လည်း ယခုတိုင် ရခိုင်အမျိုးသား များ စည်းလုံးမှုမရရှိနိုင်သေးကြောင်းနှင့် ယခုအချိန်တငွ် ရခိုင်အမျိုးသား အဖွဲ့ အစည်းများ အားလုံး စည်းလုံးညီညွတ်သင့်ကြောင့်၊ ရခိုင်ပြည်အချုပ်အချာအာဏာ ပြန်လည်ရရှိရေးသည် ရခိုင်လူမျိုးတို့ အတွက် စည်းလုံးညီညွတ်ရေးသည် အဓိက ဖြစ်ကြောင်း” ပြောကြားသည်။ နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ်ဦးခိုင်မြတ်ကျော်မှလည်း “အတွင်းရန်သည် အပြင်ရန်ထက် ကြောက်စရာ ကောင်းကြောင်း၊ ရခိုင်အမျိုးသားအတွင်း ဖြစ်ပေါ်ခဲ့သော အတွင်းရန်ကြောင့် တိုင်းပြည် ပြိုကွဲပျက်စီးခဲ့ရခြင်း ဖြစ်သည်” ဟု ပြောကြားသည်။ ရခိုင့်နိုင်ငံတော် အချုပ်အချာ အာဏာကျဆုံးသည့် ၂၂၄ နှစ်ပြည့်နေ့အခမ်းအနားတွင် အဖွဲ့ အစည်း အသီးသီးမှ တက်ရောက်လာသော ကိုယ်စားလှယ်များကလည်း အသီးသီး အမှာစကားများ ပြောကြားခဲ့သည်။ အခန်းအနားတွင် အင်္ဂလိပ်၊ ရခိုင် နှစ်ဘာသာဖြင့် ရေးသား ရိုက်နှိပ်ထားသည့် “၂၂၄ နှစ်မြောက် ရခိုင်နိုင်ငံတော် အချုပ်အချာအာဏာ ကျဆုံးသည့်နေ့” ထုတ်ပြန်ကြေငြာချက် ကိုလည်း ဖြန့်ဝေခဲ့သည်။

အခမ်းအနားမှာ ညနေ ၅ နာရီတငွ် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

Related Documents

31122008 News
December 2019 12
News
November 2019 45
News
April 2020 33
News
November 2019 45
News
October 2019 46