25042009 News

  • April 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View 25042009 News as PDF for free.

More details

  • Words: 9,209
  • Pages: 41
www.yeyintnge.com

အိုင်စီ ( Iron Cross ) အဖွဲ့ ဂျပန် ရောက်ရှိ မြန်မာပြည် ၏ ထင်ရှား အကျော်ကြားဆုံး ရော့ခ် တေးဂီတအဖွဲ့ ဖြစ်သည့် အိုင်စီ (Iron Cross rock band) အဖွဲ့သည် ဂျပန်နိုင်ငံ နာရီတာ နိုင်ငံတကာ လေဆိပ် တိုကျိုမြို့သို့ ဧပြီလ ၂၅ ရက် (စနေနေ့) ယနေ့ နံနက်ပိုင်း တွင် ရောက်ရှိ လာပြီ ဖြစ်ကြောင်း သိရှိရသည်။ အိုင်စီ အဖွဲ့သားများ လူစုံတက်စုံ ပါဝင်လာပြီး အိုင်စီ မန်နေဂျာ ဒေါက်တာ ကိုကိုလင်ွမှာ မိသားစု နှင့် အတူ ဖြစ်ပြီး ဘေ့(စ်) ဂစ်တာ ခင်မောင်သန့် ၏ ဇနီးသည် တို့လည်း လိုက်ပါလာခဲ့ပြီး ယခုအခါ တိုကျိုရှိ အိခဘဲုခုရို ရပ်ကွက်တငွ် ခေတ္တ တည်းခိုနေပြီး ၁၀ ရက်ကျော်ကြာ နေထိုင် မည်ဟု သိရှိရသည်။ အိုင်စီ ၏ ပင်တိုင် အဆိုတော်များ ဖြစ်သည့် လေးဖြူ၊ အငဲ့၊ မျိုးကြီး၊ ဝိုင်ဝိုင်း တို့နှင့် အတူ အမျိုးသမီး အဆိုတော်များ အဖြစ် ကြိုးကြာ နှင့် မေစံပယ်ညို တို့လည်း မြိုင်ဆိုင်စွာ သီဆိုမှာ ဖြစ်ပြီး ဂျပန်နိုင်ငံမှ လာသော သတင်းများအရ ထိုလူမှုရေး ရံပုံငွေ Live Show ပွဲကို ကြေငြာထားသည့် နေ့ရက်နှင့် အချိန်အတိုင်း အတိအကျ အိုင်စီအဖွဲ့ ၏ မူအတိုင်း ကျင်းပမည် ဟု ပွဥဲီးဆောင် စီစဉ်သူ မှ ပြောဆိုလိုက်သည်။ ယခုအခါ အထူးတန်း လက်မှတ်များ ကုန်ဆုံး သွားပြီ ဖြစ်ပြီး ရိုးရိုးတန်း ယန်း ၈၀၀၀ တန်း နှင့် ယန်း ၇၀၀၀ တန်း လက်မှတ်ဝယ်ယူဖို့ အခက်အခဲ ဖြစ်နေသည့် အိုင်စီ ပရိတ်သတ်များအတွက် ပွဲကျင်းပမည့်နေ့၊ ကျင်းပရာ အိုဂျီ ဆာကူရာ ခန်းမတွင် နေ့လည် ၁း၃၀ နာရီမှ စတင်၍ ရောင်းချ ပေးသွားမည်ဟုလည်း သိရှိရသည်။ ထို လိုက်(ဖ်)ရှိုး အား ဧပြီ ၂၆ ရက် (တနင်္ဂနွေနေ့) ညနေ ၄းဝဝ နာရီမှ ည ၈းဝဝ နာရီအထိ ဖျော်ဖြေမည် ဖြစ်ပြီး Oji Sakura ခမ်းမတွင် ဖြစ်ကာ, Oji ဘူတာမြောက်ဖက် ထွက်ပေါက်မှ လမ်းလျှောက်လျှင် ၂ မိနစ်ခန့် နှင့် ရောက်သည်ဟု ဤပွေဲ တာ် စီစဉ်သူမှ လူထု အသံသို့ ဖြေဆိုသည်။ ကျော်ကျော်နိုင် ( တိုကျို )

ယနေ့နံနက် တိုကျို နာရီတာလေဆိပ်သို့ ရောက်ရှိလာသော အိုင်စီ အဖွဲ့သားများ စုံလင်စွာ © ကျော်ကျော်နိုင် ( တိုကျို )

လူမှုရေး ရံပုံငွေ Live Show ပွဲ ကြေငြာ © ကျော်ကျော်နိုင် ( တိုကျို ) တောင်းဆိုထားသောအဖြေမရမချင်း နအဖ၏မေးခွန်းကိုလည်းဖြေရန်မရှိဟု ၀ အရာရှိပြော စနေနေ့၊ 25 ဧပြီလ 2009 သျှမ်းသံတော်ဆင့် ဝပြည်သွေးစည်းရေး တပ်မတော်အဖို့ နအဖ နေပြည်တော်၏ နိုင်ငံရေးလောင်းရိပ်အောက်သို့ ခိုဝင်ရန် တောင်းဆိုချက် အပေါ် တုန့်ပြန်မှုပေးရန် အမြဲဖိအားပေးခြင်းခံလာရသော်လည်း မိမိတို့၏လိုလားချက်များအတွက် နေပြည်တော်ထံမှ အဖြေ မရမချင်း ဝ ဖက်မှ အဖြေပေးရန်မရှိဟု အမည်မဖေါ်လိုသူ ဝအုပ်ချုပ်ရေးနှင့်စည်းရုံးရေးအရာရှိတဦးကဆိုသည်။ “သူတို့ကို ကျနော်တို့မေးတုန်းကတော့ သူတို့အဖြေမပေးခဲ့ဘူး၊ ခုကျတော့ သူတို့မေးခွန်းတွေအတွက်သူတို့အဖြေလိုချင် နေတယ်ဆိုတာ မတရားဘူးလေ” ဟုသူကပြောသည်။ အပစ်ရပ် UWSA သည် မဟာမိတ်အဖွဲ့ ဝင်များနှင့်အတူ ၁၉၉၃ မှ ၂၀၀၈ အထိကျင်းပခဲ့သော အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့ကြပြီး သံလင်ွအရှေ့ဘက်ခြမ်း တရုတ်နယ်စပ်တလျောက် နယ်မြေများအား ဝအုပ်ချုပ်ရေးဒေသအဖြစ် သတ်မှတ်ပေးရန် အဆိုပြုတင်သငွ်းခဲ့သည်။ “အဲဒီအတွက် ကျနော်တို့ ဘာတုန့်ပြန်မှုမှ မရခဲ့ဘူး။ သူတို့ဖွဲ့ စည်းပုံအခြေခံထက်ွလာတဲ့ အချိန်မှာ ကျနော်တို့ တောင်းဆို ထားတဲ့ အချက်အလက်တွေနဲ့ကိုက်ညီတာ ဘာတခုမှ မရှိဘူး။ ဒီ နအဖရဲ့ ဖွဲ့စည်းပုံ နဲ့ လာမဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျနော်တို့ ထောက်ခသံ လားဆန့်ကျင်သလားဆိုတာ ပြောဖို့မလိုပါဘူး။ ကျနော်တို့ အနေနဲ့ တခြားအဖွဲ့ အစည်းတွေလို တရားဝင် ထုတ်ပြန်ကြေညာချက် မလုပ်တာပဲရှိတယ်” ဟု၎င်းကဆိုသည်။ ပြီးခဲ့သည့်၂၀၀၈နှစ်ဦးပိုင်းက တောင်းဆိုဆွေးနွေးခဲ့မှုကို အစပြန်ဖေါ်ရန် ၂၀၀၉ ဇန်နဝါရီလ၌နအဖ ကိုယ်စားလှယ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် ပန်ဆန်းသို့ ထပ်မံလာရောက်ဆွေးနွေးခဲ့ကြောင်း ‚င်းကပြန်ပြောပြသည်။ “ကျနော်တို့ လက်နက်ချဖို့မလိုဘူးတဲ၊့ ဒါပေမဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ဒါမှမဟုတ် တပ်နာမည်တခုခုပြောင်းဖို့ ရယ်၊ သက်ကြီး ပိုင်းတွေ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ရယ်-ပြောတယ်။ အရည်အသွေးပိေု ကာင်းတဲ့ လက်နက်တွေတောင် ကျုပ်တို့ ထုတ်ပေးဦးမယ်။ နောက်ပြီး ကျုပ်တို့ဗမာ့တပ်မတော်ထဲက ပညာတတ်သင်တန်းမှူးတွေခင်ဗျားတို့ကို ကူညီဖို့လွတ်ပေးဦး မယ်လို့ပြောသေးတယ်။ ကျနော်တို့ဆီက

ဘာတုန့်ပြန်မမှုမှမရတော့ ခင်ဗျားတို့ စစ်ရေးပြင်ဆင်မှုတွေ လုပ်နေတယ်လို့ သတင်းတွေထွက်နေတယ်၊ ဒါက ကျုပ်တို့ရဲ့ ကမ်းလှမ်းမှုကို ငြင်းတဲ့သဘောလားလို့ထပ်မေးတာပေါ့။ အဲဒီမှာလဲ ကျနော်တို့ ခေါင်းဆောင်တွေ ဘာမှ အင်းမလုပ် အဲမလုပ်တော့ သူဘာမှ မရပဲပြန်သွားရတယ်လေ”ဟု အဆိုပါ အရာရှိက ဗိုလ်ရဲမြင့်၏ ပြောစကားကိုပြန်လည်ကိုးကားပြခဲ့သည်။ အကယ်၍ အရေးပေါ်အခြေအနေနှင့်ရင်ဆိုင်ရမည်ဆိုပါက ဝ တပ်မတော်အဖို့ ဖြေရှင်းရန်နည်းလမ်းရွေးခြယ်ထားမူများ ရှိသလား ဆိုသည့်မေးခွန်းအပေါ် ၄င်းက “ရှိပါတယ်၊ ဒါပေမဲ့ အဲဒီအချိန်ရောက်တဲ့ထိကျနော်တို့ ဘာမှမပြောနိုင်သေးဘူး” -ဟုဖြေကြားသွားသည်။ ဝပြည်သွေးစည်းရေးတပ်မတော် UWSA သည် ယခင်ကထက်ပိုမိုစည်းလုံးညီညွတ်မှုရှိလာပြီး လူမျိုးရေးခွဲခြားရေးလည်းမရှိ၊ ၀ပြည်အတွင်းရှိ တိုင်းရင်းသားပေါင်းစုံတန်းတူမူကို ဦးစားပေးကြောင်းလည်း ‚င်းက သျှမ်းသံတော်ဆင့်အား ထပ်မံပြောပြ သည်။ ၁၉၈၉ ကတည်းက ဝတပ်မတော်သို့ ဝင်ရောက်ပူးပေါင်းခဲ့သော ဝေ့ရှော်ကန်း၏အခဏ်းကဏ္ဍကိုမေးမြန်းရာ ၄င်းက “တကယ်တမ်းဆိုရင် ဝေဟာနောက်ပေါက်ရွှေကြာပင်ပါ၊ သူကစီးပွါးရေးပဲ ဦးစားပေးတယ်လေ၊ နအဖက သူ့ကို စည်းရုံး ဖဲ့ထုတ်လွမ်းမိုးချုပ်ကိုင် ဖို့ကြိုးစားနေတာ ကျနော်တို့သိတာပဲ” ဒါပေမဲ့ ကျနော်တို့ကို သူပစ်မသွားတန်ကောင်းပါဘူး။ နောက်ဆုံး သူကွဲထွက်သွားခဲ့တယ်ဆိုရင်တောင် ကျနော်တို့အတွက်အကြီးအကျယ် ထိခိုက်စရာမရှိပါဘူး” ဟုပြောပြ သွားသည်။ မည်ကာမတ္တငြိမ်းချမ်းရေးအဖြစ် အပစ်ရပ်ခဲ့ခြင်း၏ အကောင်းအဆိုးအကျိုးအပြစ်ကိုလည်း ၎င်းကဤသို့ရှင်းပြခဲ့သည်။ “ခြုံပြီးကြည့်ရင်တော့ အရှူံးထက် ကျနော်တို့ အမြတ်ပိုများတယ်လို့ထင်တာဘဲ ။ ပြည်သူလူထုအဖို့ စစ်မဲ့ဘေးကင်းပြီး ငြိမ်းချမ်းစွာ လုပ်ကိုင်စားသောက်နေရတာ ကျနော်တို့ သမိုင်းတလျှောက် ဒါဟာပထမဦးဆုံးပဲ။ လူထုတွေပညာရေး ဗဟုသုတပိုမိုကျယ်ပြန့်လာပြီး ကျန်းမာလာကြတယ်။ တစုံတရာချို့ယငွ်းချက်ရယ်လို့ပြောနိုင်တာကတော့ကျနော်တို့ က စီးပွားရေး-ဒေသဖွံ့ဖြိုးရေးကိုဘဲ အသားပေးဆောင်ရွက်ခဲ့တာကြောင့် နိုင်ငံရေးဖက် သိပ်အာရုံမစိုက်နိုင်တဲ့အချက်ပါဘဲ” ဟု၎င်းကပြောသွားသည်။ မဟာမိတ်တပ်ဖွဲ့ များထဲမှ ကချင်ဒီမိုကရေစီသစ်တပ်မတော်( NDA-K) မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA )၊ အမျိုးသားပေါင်းစုံဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-သျှမ်းပြည်အရှေ့ပိုင်း (NDAA-ESS ) နှင့် ဝ တပ်မတော်( UWSA )တို့သည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တပ်ဦး (PDF ) ၏ အဖွဲ့ ဝင်များဖြစ်ကြသည်။ ၄င်းက “နိုင်ငံရေး အပိုင်းမှာ ကျနော်တို့လုပ်ဖို့ တော်တော်လေးလိုအပ်နေသေးတယ်။ တခြားအပစ်ရပ်တပ်ဖွဲ့ အများစုကဖက်ဒရယ် စနစ်ကို ကြွေးကြော်တောင်းဆိုခြဲ့ ကပေမဲ့ ကျနော်တို့ဖက်က နအဖနဲ့ ထိပ်တိုက်တိုးဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ယူဆခဲ့ တယ်၊ နောက်ပြီး ၁၉၉၉ အစည်းအဝေးတခုမှာ အဖွဲ့ အသီးသီးက နိုင်းငံရေးမူဝါဒလမ်းစဉ် ရပ်တည်ချက်တွေတင်ပြခဲ့ကြ ပေမဲ့ အားလုံးအတူတကွ သဘောတူလုပ်ဆောင်လို့ရတဲ့ ရည်ရွက်ချက်တွေကိုတော့ မည်သူကမှ မတင်သငွ်းနိုင်ခဲ့ကြပါဘူး“ဟုသူကပြန်ပြောပြသည်။ ”အဲဒီကတည်းက ဘယ်သူကမှ အလေးအနက်မထားနိုင်တော့ပဲ အချိန်တွေကုန်လွန်ခဲ့တာပါ” ဟု သူကဆက်ပြောသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ မှခွဲထွက်သည်နှင့် ၀ပြည်သွေးစည်းရေး တပ်မတော် UWSA ကို ၁၉၈၉ ဧပြီ ၁၇ရက်နေ့ တွင် ပန်ဆန်းဌာနချုပ်၌ဖွဲ့စည်းထူထောင်ခဲ့သည်။ ၀ တပ်ဖွဲ့သည် မူးယစ်ဆေးဝါးနှင့်ပက်သက်လာ၍ နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သည်။ သို့သော်လည်း လူထုအပေါ်မည်ကဲ့သို့ သြဇာလွမ်းမိုးနိုင်မည်ကို သိလာသည့်နောက်ပိုင်း နအဖအားတော်လှန် တိုက်ခိုက်နေသော တပ်ဖွဲ့ဝင်အများနှင့် ရံဖန်ရံခါ နားလည်မူယူ ချိတ်ဆက်ပူးပေါင်းလာခဲ့သည်။ မြန်မာနိုင်ငံတငွ် အင်တာနက်သုံးစွသဲူ အရေအတွက် တစ်သိန်း ကျော်ရှိလာ 24/Apr/2009 ၂၀၀၉ခုနှစ်မတ်လအထိကောက်ယူခဲ့သောစာရင်းများအရ မြန်မာနိုင်ငံတင်ွအင်တာနက်သုံးစွသဲူအရေ အတွက်လူဦးရေ တစ်သိန်းကျော်ရှိလာခဲ့ကြောင်း နိုင်ငံအလိုက် အင်တာနက်သုံးစွသဲူ အရေအတွက် များကိုတွက် ချက်ဖော်ပြလေ့ရှိသော နိုင်ငံတကာဝက်ဘ်ဆိုက်များတွင် ဖော်ပြထားသည့်ကိန်းဂဏန်းများအရသိရှိရပါသည်။ မြန်မာနိုင်ငံ၌ အင်တာနက်ကို ၂၀၀၀ပြည့်နှစ်တငွ် စတင်သုံးစွခဲ့ပြီးစတင်သုံးစွခဲ့စဉ်ကအင်တာနက်သုံး စွဲနိုင်သူလူဦးရေ ၁၀၀၀ဝန်းကျင်ခန့် သာရှိခဲ့ရာမှာယခုအချိန်တင်ွသုံးစွသဲူအရေအတွက် တစ်သိန်းကျော် ရှိလာခဲ့ ခြင်ဖြစ်ကြောင်း သိရှိရသည်။ နိုင်ငံအလိုက်

အင်တာနက်သုံးစွသဲူ အရေအတွက်ကို တွက်ချက်ဖော်ပြထားသော

ဝက်ဘ်ဆိုက်များ၏ ဖော်ပြချက်အရ မြန်မာနိုင်ငံတင်ွအင်တာနက်သုံးစွသဲူအရေအတွက်သည်နိုင်ငံလူဦးရေနှင့်နှိုင်း ယှဉ်ပါက ၂၀၀၀ပြည့်နှစ်က ၀.၀၀၂ရာခိုင်နှုန်းသာရှိခဲ့သော်လည်း ယခုအချိန်တင်ွနိုင်ငံလူဦးရေ၏ ၂ရာခိုင်နှုန်းခန့်

ရှိလာခဲ့ကြောင်း သိရှိရပါသည်။ ကမ္ဘာ့အင်တာနက် သုံးစွသဲူအရေအတွက်တငွ် အာရှတိုက်သည် အင်တာနက်သုံး စွသဲူအရေအတွက် အများဆုံးရှိလာသော ဒေသဖြစ်လာပြီး အင်တာနက်သုံးစွသဲူစုစုပေါင်း၏ ၄၁ ရာခိုင်နှုန်းသည် အာရှတိုက်ကဖြစ်ကြောင်း ၂၀၀၉ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တင်ွဖော်ပြထားပါ သည်။ အရေးကြီးသော သတင်းအချက်အလက်များ နေစိုးမြဆီ မှ တစ်ဆင့်စစ်အစိုးရ ရရှိသွားခြင်းသည် ဒီမိုကရေစီ အင်အားစုများအတွက် စိုးရိမ်ဖွယ်ရာဖြစ် April 25, 2009 · ၂၅ ဧပြီ မဲဆောက်၊

၊Freedom News Group

စောဖိုးစီ ကလောင်အမည်ဖြင့် သတင်းစာတွင် ရေးသားနေမှုများ မကြာသေးခင် က ထော့ကော် ကိုး ရှိ ကရင်ငြိမ်းချမ်းရေး ကောင်စီ နှင့် သွားရောက် ပူးပေါင်းခဲ့သော ဗိုလ်ချူပ်မြ၏ သားဖြစ်သူ စောနေ စိုးမြ ဆီမှ ရရှိသော သတင်းအချက် အလက်များကို အခြေခံပြီး သတင်းစာ များတွင် စောဖိုးစီ ဆိုသော ကလောင် အမည်ခံထားသည့် ပုဂ္ဂိုလ် တစ်ဦးက နယ်စပ်အခြေအနေ များကို ရေးသားနေ ခြင်းသည် ဒီမိုကရေစီ အင်အားစုများအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်သည် ဟု ထိုင်း-မြန်မာ နယ်စပ်တငွ် အခြေစိုက် သော တိုင်းရင်းသား အဖွဲ့ အစည်းတစ်ခု မှ ခေါင်းဆောင် တစ်ဦး Freedom News Group သို့ ပြောသည်။ နေစိုးမြ တို့ အုပ်စု ဘက်ပြောင်းသွားပြီးကတည်းက စစ်အစိုးရ တပ်များမှ KNU တပ်မဟာ ၆နယ်မြေတွင်းသို့  တရပ်စပ် ထိုးစစ်ဆင်လာ နိုင်ခြင်းဖြစ်သည် ဟု မဲဆောက် အခြေစိုက် အတိုက်အခံအများစုက ယုံကြည်နေ ကြသည်။ နေစိုးမြသည် KNU/KNLA ၏ အရေးကြီးနေ ရာ ဌာန များအပြင် ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အတိုက်အခံ အဖွဲ့ အစည်းများ၏ နေရာ ဌာန များစွာကို သိသော သူ တစ်ယောက် ဖြစ်သောကြောင့်နေစိုးမြ ဆီမှ သတင်းအချက်အလက်များ စစ်အစိုး ရ ရရှိသွားလျှင် ဒီိမို ကရေစီ အင်အားစု များအတွက်စိုးရိမ် ဖွယ်ရာ ဖြစ်သည် ဟု နယ်စပ်အခြေစိုက် အဖွဲ့ အစည်းများတွင် ပြောဆိုနေကြသည်။ စစ်အစိုးရ ထိန်းချုပ် ထားသောမီဒီယာများမှ တစ်ဆင့် စောနေစိုးမြ ဘက်ပြောင်းသွားမှု သတင်းကို နေ့ စဉ် ၀ါဒဖြန့် ထုတ်လွှင့် လျှက်ရှိသည်။ ထိုင်းနိုင်ငံ တွင် မငြိမ်မသက် မှုများကြောင့် မြန်မာနိုင်ငံ သို့ ကမ္ဘာလှည့် ခရီးသည် ၀င်ရောက်မှုကျဆင်း April 25, 2009 · ၂၅ ဧပြီ ရန်ကုန်၊

၊ယူကွန်

ရန်ကုန်မြို့ လည်ရှိ ဆူးလေဘုရားကို ဧပြီလ ၂၄ ရက်နေ့ ကတွေ့ ရစဉ် ဓာတ်ပ-ုံ AFP ဧပြီ လဆန်းမှ စတင်ခဲ့သည့် ထိုင်းနိုင်ငံ တွင်း မငြိမ်မသက် မှုများ၏ ဂယက်ကြောင့် မြန်မာ နိုင်ငံသို့  ကမ္ဘာ လှည့်ခရီးသွား ၀င်ရောက် မှု မှာ သိသိသာသာ နည်းသွားကြောင်း Sun Far ခရီးသွားလာရေး ဧဂျင်စီ မှ ၀န်ထမ်းတစ်ဦးက Freedom News Group သို့ ပြောသည်။ ထိုင်းနိုင်ငံ တွင် အနီဝတ် ဆန္ဒပြ သူများကြောင့် ထိုင်းနိုင်ငံ သို့ လာရောက်မည့် ကမ္ဘာလှည့် ခရီး သည် များ ၎င်းတို့ ၏ အစီအစဉ် များကို ဖျက်သိမ်းခဲ့သည်။ကမ္ဘာ လှည့်ခရီးသွားများ အစီအစဉ် ဖျက်သိမ်းမှု ကြောင့် အမေရိကန် ဒေါ်လာ ၆ ဘီလျှံ ထိုင်း ဘတ်ငွေ ၁၉၀ ဘီလျှံ ခန့် ဆုံးရှုံးခဲ့ သည် ဟု အစိုးရ ပြောခွင့် ရပုဂ္ဂိုလ် ၀ချရာ ကာနီကာ က သတင်းထုတ်ပြန်သည်။

ထိုင်းနိုင်သို့ လာရောက် လည်ပတ်ရန် ဖျက်သိမ်းခဲ့သည့် ခရီး သည် များတွင် အချို့မှာ မြန်မာ နိုင်ငံ သို့ခရီးဆက်မည့် သူများဖြစ်သည်။မြန်မာ နိုင်ငံ သို့ လာရောက် လည်ပတ်သော ကမ္ဘာလှည့် ခရီးသွားများ ၏ ၇၀ ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံမှ တစ်ဆင့် လာခြင်းဖြစ်သည်။ Sun Far ခရီးသွားလာ ရေးဧဂျင်စီ မှ ၀န်ထမ်းက “မြန်မာ သင်္ကြန် လာလည် ဖို့ စာရင်းပေးပြီးထားတဲ့ တူးရစ်တွေ အခု ထိုင်းမှာ ဖြစ်နေ တဲ့ ပြဿနာ တွေကြောင့် မလာ နိုင်တော့ဘူးလို့ အကြောင်းပြန်တယ်” ဟု ဆိုသည်။ ကမ္ဘာ့ စီးပွားရေး ပျက်ကပ် ကြောင့် ယခု နှစ်ဆန်း ပိုင်းကတည်း က ကမ္ဘာ လှည့် ခရီးသည် များ မြန်မာ နိုင်ငံသို့ ဝင်ရောက် မှု နည်းသွား သည် ဟု ဇန်န၀ါရီလ က ရိုက်တာ သတင်းတစ်ရပ် တွင် ဖေါ် ပြထားသည်။ ထိုင်းနိုင်ငံ တွင် မငြိမ်မသက် မှုများကြောင့် ကမ္ဘာလှည့် ခရီးသည် ၀င်ရောက် မှု ၃၅ ရာခိုင်နှုန်းကျ ဆင်းခဲ့သည်။ မိတ္တူ အကြွေးဖြင့် ကူးပြီးလျှောက်ဖြန့်နေ သော နေမျိုးဝေ ၏ အသိပေးတင်ပြခြင်းစာ တမ်းကို စစ်အစိုးရလိုလားသူများကပင် ရှုံချ April 25, 2009 · ၂၅ ဧပြီ ရန်ကုန်၊

၊တင်ကျော်ကျော်စိုး

ဂူးဂလ် အင်တာနက် စာမျက်နှာ တစ်ခု ဖွင့် လှစ်၍ ဘလောဂ်ဂါ ယောင် ယောင် ၊နိုင်ငံရေး သမား ယောင် လုပ်နေ သော နေမျိုးဝေ ဆိုသူ ၏ အသစ်ထွက် ရှိလာ သော “မီဒီယာ၊ပြည်သူ၊နိုင်ငံရေး လောက ၊တည်ဆဲ အစိုးရ သို့ တင်ပြ ခြင်းဆို ”သည့် စာတမ်းမှာ အနှောင့် အသွား မလွတ်သော ဝေဖန် သုံးသပ် ချက်များ နှင့် သူ၏ ထေ့ငေါ့ သော အမြင်များ ကြောင့် ၂၀၁၀ ရွေးကောက်ပွဲ ၀င် မည့် စစ်အစိုးရ ထောက်ခံ သူ များပင် သူ့ ကို မုန်းတီး နေသည် ဟု ဆို သည်။ သူ၏ စာတမ်းပါ သုံးသပ် ချက်များကြောင့် အလံနီ ဟောင်း ဦးလှမြင့် နှင့် ဒေါ်ချိုချို ကျော်ငြိမ်းတို့က ဒေါသ ထွက်နေ သည် ဟု သိရသည်။နေမျိုးဝေ ၏ ထို စာရှည်တငွ် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ မျိုးဆက်သစ် လူငယ်အစည်းအရုံး(GW) တို့ အားဝေဖန် တိုကခိုက် ထား၍ ကာ စစ်အစိုးရ လိုလား သော ကိုအေးလွင် တို့ အဖွဲ့ နှင့် ၀ံသာနူ NLD ဒေါက်တာ စိုးလင်းတို့ ကို ပါ လှောင် ပြောင်သရော်ထားသည်။ ထိုစာတမ်းကို လှည်းတန်း နှင့် မြေနီကုန်း တွင် ဖြန့် ဝေပြီး လှည်းတန်း ရှိ မွန်သစ် လက်ဖက်ရည် ဆိုင် တွင် ဝေစဉ် က စာရွက် ကုန်သွား၍ ပြည်မြန်မာ ကုန် တိုက်ရှိ မိတ္တူ ဆိုင်တငွ် သွား အကြွေးဖြင့် အစောင် ၅၀ သွားရောက် ကူးပြီးနောက် ယခုထိ လာမပေးသေးကြောင်း ထိုဆိုင် မှ ၀န်ထမ်းတစ်ဦး က Freedom News Group သို့ ပြောသည်။ ထိုရှစ် မျက် နှာပါ စာတမ်းကို ဖတ်ရှု ရသူ တစ်ဦး က စာတမ်းမှာ ပညာရှင် ဆန်သော အမြင်မျိုးမရှိ ပဲ တောရမ်းမယ်ဘွဲ့ များ သာကဲ သည် ဟု ဆိုသည်။စာတမ်းရှင် နေ မျိုးဝေက စစ်အစိုးရ နှင့် လက် ကိုင် ဒုတ် အဖွဲ့အစည်းများ အပြင် The Voice ဂျာနယ် မှ သင်တန်းပေးထား သော E-Gress အုပ်စု ကို မူ ချီးကျူးထော ပနာ ပြုထားသည်။ မြန်မာနိုင်ငံအတွင်း ရေအား လျှပ်စစ် စီမံကိန်းအတွက် အိန္ဒိယကုမ္မဏီ NHPC ဆောင်ရွက်ဖွယ်

အိန္ဒိယနိုင်ငံ အခြေစိုက် ဟိုက်ဒရိုအလက်ထရစ် NHPC ကုမ္မဏီလိုဂို © NHPC မြန်မာ နှင့် ဘူတန် နိုင်ငံများတွင် ရေအား လျှပ်စစ် ထုတ်လုပ်မှု စီမံကိန်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံရှိ ဟိုက်ဒရို အလက်ထရစ် NHPC ကုမ္မဏီက ကြေညာလိုက်သည်။ အိန္ဒိယနိုင်ငံ အခြေစိုက် ကုမ္ပဏီကြီး သည် နိုင်ငံအတွင်း ရေအား လျှပ်စစ်စီမံကိန်း အတွက် အကြီးမားဆုံး ကုမ္မဏီကြီး အဖြစ် ရပ်တည် လျက်ရှိသည်။ အိန္ဒိယ ရူပီးငွေ (၄၃၀) ဘီလျံမျှထိ ကုန်ကျဖွယ် ရှိသော စီမံကိန်းများ ကို မြန်မာနိုင်ငံ အတွင်း ဆောင်ရွက်သွားရန် ညှိနှိုင်းနေကြောင်း ကုမ္မဏီ အကြီးအကဲ ဂက်က သတင်းထောက်များထံ ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ အတွင်း ရေစီး အားကောင်းသော မြစ်ချောင်း အင်းအိုင်များ ပေါများခြင်းကြောင့် ရေအား လျှပ်စစ် စီမံကိန်းအတွက် ကောင်းမွန်သော အရင်းအမြစ်များ ပင်ဖြစ်ကြောင်း၊ ၎င်းတို့ အနေနှင့် ကွင်းဆင်း လေ့လာမှုများ ဆက်လက် ပြုလုပ် သွားမည် ဖြစ်ကြောင်း ဂက် ကဆိုသည်။ ထို့အပြင် အိန္ဒိယ အစိုးရထံမှ ခွင့်ပြုမိန့် ကိုလည်း ရယူဦးမည်ဟု ဂက်က ပြောကြား သွားသည်။ NHPC အနေနှင့် အိန္ဒိယ နိုင်ငံ အတွင်း ရေအား လျှပ်စစ် သာမက နေ နှင့် လေ တို့မှ စွမ်းအင် ထုတ်နိုင်ရန်ပါ ကြံဆဆောင်ရွက် နေကြောင်း သတင်း ရရှိသည်။ မလေးရှားတွင် လူသတ်မှုနှင့် စွချဲက်တင် ခံရသည့် မြန်မာနိုင်ငံသား လွတ်မြောက်

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော် တရားရုံးချုပ် အဆောက်အဦး © ditour မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့တော် တရားရုံးချုပ် က လူသတ်မှုဖြင့် စွချဲက်တင် ခံထားရသည့် မြန်မာ အမျိုးသား ယောနယ် အား အပြစ် မရှိကြောင်း ဆုံးဖြတ်ကာ လွှတ်ပေး လိုက်ပြီဟု သိရှိရသည်။ တရားသူကြီး ဇိုင်နယ် အက်ဇာမန် အက်ဒူအဇစ် က လွန်ခဲ့သော (၆) နှစ်က လုပ်ဖော်ကိုင်ဖက် တဦးအား သတ်ဖြတ် ခဲ့သည် ဆိုသော စွချဲက် အတွက် မြန်မာနိုင်ငံသား ယောနယ် တွင် အပြစ် မရှိကြောင်း ပြောကြား ခဲ့သည်။ လီဇီဖွန်း အား သတ်ဖြတ်ရန် ယောနယ် အနေနှင့် အားထုတ် ကြိုးပမ်းခဲ့သော သက်သေ အထောက် အထားမျိုး လုံးဝ မတွေ့ရဟု အဇစ်က ဆိုသည်။

အသက် (၄၀) အရွယ်ရှိ ယောနယ်သည် မူလက လီအား ဓားနှင့် ထိုးသတ်ခဲ့ကြောင်း စွပ်စခွဲံထား ရသူဖြစ်သည်။ အဇစ်က လီ နှင့် ယောနယ်တို့သည် အပြန်အလှန် သတ်ပုတ်ခဲ့ကြောင်း၊ မည်သူက မည်သူ့ကို ဓား နှင့် ထိုးခဲ့သည်ကို မျက်မြင် သက်သေများ ကိုယ်တိုင် မပြောနိုင်ကြောင်း ပြောကြား ခဲ့သည်။ ထို့ကြောင့် ယောနယ် အနေနှင့် မိမိကိုယ်ကိုယ် ခုခံ ကာကွယ်ပိုင်ခငွ့် ၏ အကျိုးကို ခံစားခွင့် ရရှိခဲ့ခြင်းဟု တရားရုံး ကဆိုသည်။ လီ ကဲ့သို့ အလုပ်သမားတဦး သေဆုံးခဲ့ ရခြင်းအတွက် လက်မခံ လိုသော်လည်း အပြစ် ရှိကြောင်း ထင်ထင်ရှားရှား သက်သေ မပြနိုင်ဘဲ ယောနယ် ကို ပြစ်ဒါဏ် ချမှတ်ရန်မှာ မသင့်တော်ကြောင်း တရားသူကြီး အဇစ် က ထုတ်ဖော် ပြောဆိုသွားသည်။

၁၀၅ မိုင်တငွ် ကုန်သွယ်ရေး စည်းမျဉ်း တင်းကျပ်လာ မျိုးကြီး စနေနေ့၊ ဧပြီလ 25 2009 22:48 - မြန်မာစံတော်ချိန် ရွှေလီ (မဇ္ဈိမ) ။

။ ရှမ်းပြည်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ သွင်းကုန်လိုင်စင်ကိစ္စ အပါအဝင် တင်းကျပ်သည့် စည်းမျဉ်းတချို့ကို

နယ်စပ်ကုန်သွယ်ရေးဌာနက ယခုလ ၇ ရက်နေ့တငွ် ချမှတ်ခဲ့သည်။ ကုန်ပစ္စည်းအမျိုးအစား ၃ဝ အရွယ်အစား ပြောင်းလဲခငွ့် မပေးတော့ခြင်း၊ သွင်းကုန်လိုင်စင် လျှောက်ထားလျှင် စာရွက်စာတမ်းများနှင့် တိကျစွာ တိုက်ဆိုင်စစ်ဆေးခြင်းနှင့် လိုင်စင်သက်တမ်း ကုန်ဆုံးသည့်နေ့တငွ် နောက်ကျရက် ခွင့်မပြုခြင်းတို့ ရှိရမည်ဟု ထုတ်ပြန်ခြင်းဖြစ်သည်။ ဤသည်မှာ ယခုလ ၁ ရက်နေ့က နယ်စပ်ကုန်သွယ်ရေး ဦးစီးအရာရှိ အသစ်များ ပြောင်းလဲခန့်အပ်ခဲ့ပြီးနောက်၊ အဆိုပါ ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကုန်သည်များအကြား ၇ ရက်နေ့တငွ် ကျင်းပသည့် ညှိနှိုင်းစည်းဝေး၌ ယခု စည်းမျဉ်းစည်းကမ်း အသစ်များ ချပြလိုက်ခြင်းလည်း ဖြစ်သည်။ ”လူပြောင်းရင် မူပြောင်းသလို ဖြစ်နေတာ ၄ လ တခါ ပြောင်းနေတဲ့ လူတွေပ။ဲ တကယ်တမ်း ဒါ သူတို့ လုပ်ပိုင်ခငွ့်ပေါ့ဗျာ။ ငါတို့ ဒီအဆင့်၊ ဒါတွေ လုပ်လို့ရတယ်ဆိုတာ ပြချင်နေတာပေါ့ဗျာ။ သူတို့ ပြချင်တာကတော့ ကုန်သည်တွေ ဒုက္ခရောက်နေတာပေါ့ဗျာ” ဟု မူဆယ် ကုန်သည်တဦးက ပြောသည်။ နောက်ထပ် မူဆယ်ကုန်သည်တဦးက ”အခုက ပေါ်လစီအရကို ခက်နေတာ။ ဆိုဒ်အရွယ်အစားဆိုရင် - ဥပမာ သံချောင်းလိုင်စင် လျှောက်တယ်ဆိုပါစို့ အရင်က ကားဝန်းထဲ ရောက်နေရင်၊ ၆ လက်မ သံချောင်းလိုင်စင်ဆိုရင် ၅ လက်မလည်း ရတယ်၊ ၄ လက်မလည်း ရတယ်၊ ၃ လက်မလည်း ရတယ်။ ၈ လက်မတော့ မရဘူးပေါ့နော်။ အခုက ၆ လက်မဆို တခြားဟာ လုံးဝကို မဖြစ်ရတော့ဘူး” ဟု ပြောသည်။ သွင်းကုန်လိုင်စင် လျှောက်ရာတွင် ယခင်က ခွင့်ပြုခဲ့သည့် ပစ္စည်းများကို ယခုအခါ စာရွက်စာတမ်းများနှင့် အတိအကျ စစ်ဆေးပြီး ပစ္စည်းအမျိုးအမည်များကို ကျွမ်းကျင်နားလည်မှု မရှိဘဲ မူဝါဒနှင့် မကိုက်ညီကြောင်း၊ မှားယွင်းကြောင်း ပြောဆိုကာ ခွင့်မပြုပြန်သဖြင့် အခက်ကြုံရသည်။ ထို့အပြင် စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တငွ် လိုင်စင်လျှောက်ရာ၌လည်း လူအပြောင်းအလဲ ရှိသဖြင့် အခက်အခဲက ဖြစ်ရပြန်သည်။ ”လိုင်စင်လျှောက်ရင် တင်သငွ်းပြီးသား ဈေးနှုန်း ရှိရမယ်။ ဈေးနှုန်းမရှိရင်တော့ တင်သငွ်းလို့ မရဘူး။ ဈေးနှုန်းအသစ် ပြန်တင်ပေါ့ဗျာ။ တင်ရင်လည်း ခက်ခဲတယ်။ ဈေးနှုန်းအသစ်ဆိုတာ ကိုယ်တင်တဲ့ ဈေးနှုန်း ရချင်မှ ရတာ။ တကယ်ဖြစ်နေတဲ့ ဈေးနှုန်းလည်း ဟုတ်ချင်မှ ဟုတ်တာ။ တခါတလေကျရင် သူတို့ သတ်မှတ်တဲ့ ဈေးနှုန်းပေါ့ဗျာ။ ကုန်သည်ကြီးများအသင်း ကာစတန် (အကောက်ခွန်)၊ နကသ (နယ်စပ်ကုန်သွယ်ရေးဌာန)၊ တခြားဌာနဆိုင်ရာတွေ ပါတယ်။ အဲဒါတွေနဲ့ တင်သငွ်းတဲ့ ဈေးနှုန်းကို အဲလိုဖြတ်တာ။ ဖြတ်ပြီးမှ ဒီပစ္စည်းကို လိုင်စင်လျှောက်၊ အခွန်ဆောင်၊ ကားတင်ပြီးမှ သွင်းခွင့်ရတာ။ ဒါက အပေါ်ယံပဲ ရှိသေးတယ်” ဟု ပထမ ကုန်သည်က ပြောသည်။ လိုင်စင်သက်တမ်း တိုးရာ၌ ယခင်က အကြောင်းကိစ္စ ကြီးငယ်ကြောင့် ရက်နောက်ကျပါက ခွင့်ပြုခဲ့သော်လည်း ယခု တရက်နောက်ကျလျှင်ပင် ခွင့်ပြုနိုင်မည် မဟုတ်ကြောင်း အစည်းအဝေး၌ ဌာနဆိုင်ရာက ပြောဆိုကြောင်း သိရသည်။ ကမ္ဘာ့ငွေကြေး ပြဿနာကြောင့် နိုင်ငံတကာက အခွန်လျှော့ပေါ့ပေးခြင်း အပါအဝင် ကုန်သွယ်မှု မူဝါဒကို ထိန်းသိမ်းဆောင်ရွက်နေစဉ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တငွ် တင်းကျပ်သည့် စည်းမျဉ်းများ ချမှတ်လာသဖြင့် ကုန်သွယ်ရေး ကျဆင်းလာနိုင်ကြောင်း ပထမ ကုန်သည်က သုံးသပ်သည်။ သူက ”ဒီမူဝါဒတွေနဲ့ ဆက်သွားနေရင် ကျမှာပေါ့။ တခြားနိုင်ငံတွေမှာ အခွန်တွေကို တရစပ် လျှော့ပေါ့ပေးနေတဲ့ အချိန်၊ ကျနော်တို့ဆီမှာ မလျှော့တဲ့အပြင် ပိုဆိုးသလို ဖြစ်တဲ့အခါကျ အတက်ဘက်ကို မရှိဘူးပေါ့ဗျာ။ ကျသွားဖို့ပဲ ရှိတာပေါ့။ ကုန်သွယ်မှု ထိခိုက်ရင် မိသားစုပေါင်းများစွာ ထိခိုက်မယ်လေ။ ကုန်ဈေးနှုန်း ကြီးသွားရင် စားသုံးသူပဲ ဒုက္ခရောက်မယ်။ ကုန်ထမ်းတဲ့ အလုပ်သမားကအစ အရောင်းစာရေးမ အဆုံး ကားသမားအလယ် အကုန် ထိခိုက်မယ်” ဟု ပြောသည်။

လူကုန်ကူးသည့် မလေးရှား အာဏာပိုင်များကို တရားစွဲမည် ကိုဝိုင်း စနေနေ့၊ ဧပြီလ 25 2009 22:47 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။

။ မလေးရှားတွင် မြန်မာအလုပ်သမားများကို လူကုန်ကူးသူများထံ ရောင်းစားနေသော မလေး အာဏာပိုင်များကို

ဥပဒေကြောင်းအရ တရားစွဆဲိုနိုင်ရန် အန်ဂျီအို ခေါ် အစိုးရ မဟုတ်သော အဖွဲ့များက စီစဉ်နေသည်။ လူကုန်ကူးခံရသူ အမြောက်အမြားရှိနေကြောင်း အထောက်အထားများ အခိုင်အမာ ရှိနေကာ သက်ဆိုင်ရာ အာဏာပိုင်များကို တရားစဲဆွိုရေးအတွက် မိမိတို့ အပါအဝင် အန်ဂျီအို ၄ ဖွဲ့က မလေး-ထိုင်း နယ်စပ်၌ လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ အစိုးရက မည်သို့ဆောင်ရွက်နေသည်ကို လေ့လာပြီး အသေးစိတ် အချက်အလက်များ စုဆောင်းနေကြောင်း မလေးရှား ရှေ့နေများကောင်စီ လက်အောက်ရှိ လူ့အခွင့်အရေးကော်မတီက ပြောဆိုခြင်းဖြစ်သည်။ “အစိုးရက ဖွဲ့ထားတဲ့ The Council for Anti-Trafficking (လူကုန်ကူးမှု ဆန့်ကျင်ရေး ကောင်စီ) ကို ရှေ့နေကောင်စီက သွားတွေ့ပြီးတော့ ကျမတို့ရဲ့ အထောက်အထားတွေ မကြာမီ တင်မှာပါ။ သူတို့ ဘာတွေ လုပ်ပေးနိုင်မလဲဆိုတာ မေးမြန်း စောင့်ကြည့်ရပါမယ်။ သူတို့က ဘာမှ ဆောင်ရွက်မပေးဘူးဆိုရင် ကျမတို့က လွှတ်တော် ဒါမှမဟုတ် အစိုးရထဲမှာ လှုံ့ဆော်မှုတွေ လုပ်သွားပါမယ်” ဟု ကော်မတီ အတွင်းရေးမှူး Ms. Renoka က မဇ္ဈိမကို ပြောသည်။ မလေးရှားရှိ မြန်မာအလုပ်သမား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (BWRPC) မှ တွဲဖက်အတွင်းရေးမှူး ကိုကျော်ထူးအောင်က “ကျနော်တို့နဲ့ အန်ဂျီအို ၄ ဖွဲ့ တွဲဖက်လုပ်နေပါတယ်။ ကျနော်တို့လက်ထဲမှာ သက်သေတွေ ရှိနေပြီ။ ဒီမှာက ကျနော်တို့ အလုပ်သမားအဖွဲ့ဟာ တရားမဝင်အနေနဲ့ ရပ်တည်ထားတာပါ။ ကျနော်တို့ အဖွဲ့အနေနဲ့ တရားစွဲလို့ မရဘူး။ ဒီနိုင်ငံမှာရှိတဲ့ လူ့အခွင့်အရေးတို့၊ migrant workers (ရွှေ့ပြောင်းလုပ်သား) အခွင့်အရေးတို့ လိုက်လုပ်ပေးနေတဲ့၊ မှတ်ပုံတင်ထားတဲ့ မလေးရှား အန်ဂျီအိုတွေနဲ့ ပေါင်းပြီး တရားစွဲဖို့ လုပ်နေတယ်” ဟု မဇ္ဈိမကို ပြောသည်။ မလေးရှား ရဲနှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ အကျင့်ပျက်ဝန်ထမ်းများက မြန်မာအလုပ်သမားများကို ဖမ်းဆီး၍ လူကုန်ကူးသူများထံ တဦးလျှင် မလေးရှား ရင်းဂစ်ငွေ ၂,၅ဝဝ-၂,၈ဝဝ ဖြင့် မလေးရှား ပိုင်နက်အတွင်း၌ ပြန်ရောင်းနေကြောင်း BWRPC က ထုတ်ပြန်ပြောဆိုထားသည်။ မလေးရှားအစိုးရက ၂ဝဝ၇ ခုနှစ်တငွ် ထုတ်ပြန်ခဲ့သည့် လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေ ACT 670 ဖြင့် တရားစွဆဲိုမည် ဖြစ်ကာ၊ ဥပဒေအရ တိုက်ရိုက် အပြစ်ကျူးလွန်သူသည် ထောင်ဒဏ် အနည်းဆုံး ၅ နှစ်၊ အများဆုံး ၁ဝ နှစ် ကျခံရမည်ဖြစ်ပြီး၊ လူကုန်ကူးမှုတငွ် သွယ်ဝိုက်၍ ပတ်သက်နေသူလည်း ပြစ်ဒဏ်အဖြစ် မလေးရှားရင်းဂစ်ငွေ ၅ဝဝ,ဝဝဝ ပေးဆောင်ရမည်ဟု သိရသည်။ မလေးရှားတွင် အင်ဒိုနီးရှား၊ နီပေါ၊ ဖိလစ်ပိုင်မှ နိုင်ငံခြားသား အလုပ်သမားများ ရှိသော်လည်း ၎င်းတို့၏ သက်ဆိုင်ရာ အစိုးရများက တာဝန်ယူဆောင်ရွက်ပေးပြီး မြန်မာစစ်အစိုးရကမူ မြန်မာအလုပ်သမားများကို လျစ်လျှူရှုထားသဖြင့် မြန်မာနိုင်ငံသားများသာ လူကုန်ကူးခံနေရကြောင်း ကိုကျော်ထူးအောင်က ပြောသည်။ ထိုင်းနယ်စပ်သို့ ပြန်ပို့ခံရသော မလေးရှားနိုင်ငံရှိ တရားမဝင် မြန်မာအလုပ်သမားများသည် ငွေမပေးနိုင်ပါက ထိုင်းနိင်ုငံရှိ ငါးဖမ်းလှေများ၊ ပြည့်တန်ဆာရုံများတွင် အဓမ္မခိုင်းစေခံနေရကြောင်း အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီကလည်း ‘Trafficking and Extortion of Burmese Migrants in Malaysia and Southern Thailand’ အမည်ဖြင့် မကြာသေးမီက အစီရင်ခံစာတစောင် ထုတ်ပြန်ခသဲ့ ည်။ မလေးရှားရှိ အန်ဂျီအိုများ၊ လူထုအခြေပြုအဖွဲ့များက မလေးရှားအစိုးရအနေဖြင့် လူကုန်ကူးမှုပြဿနာကို တစုံတခု ဆောင်ရွက်ပေးရန် တောင်းဆိုထားသောကြောင့် ရဲဌာနက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသော်လည်း နယ်စပ်တငွ် လူကုန်ကူးမှုများမှာ ကြီးထွားနေဆဲပင်ဖြစ်ကြောင်း သိရသည်။ ပျောက်ဆုံးနေသော အန်အယ်ဒီ အဖွဲ့ဝင် ၃ ဦး အင်းစိန်ထောင်တငွ် ရောက်ရှိ ဖနိဒါ စနေနေ့၊ ဧပြီလ 25 2009 17:25 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။

။ ဖမ်းဆီးခံရပြီး တလကျော် ပျောက်ဆုံးနေသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၄ ဦးမှ ၃ ဦးသည် ယခုလအတွင်း

အင်းစိန်ထောင်တငွ် ထိန်းသိမ်းခံထားရကြောင်း သိရသည်။

ပြီးခဲ့သည့်လအတွင်း အဖမ်းခံရသူ အန်အယ်ဒီ အဖွဲ့ဝင် ဦးစိန်လှိုင် (စမ်းချောင်း)၊ ဦးရွှေဂျိုး (လှိုင်)၊ မချို ခေါ် ဒေါ်မြင့်မြင့်စန်း (အလုံ) နှင့် ဦးကြည်လငွ် (တောင်ဒဂုံ) တို့ကို မည်သည့်နေရာတွင် ထားရှိသည်ကို မသိရှိရဘဲ ပျောက်နေရာ ယခုလ ၂ဝ ရက်နေ့ကမှ အင်းစိန်ထောင် သီးသန့်ဆောင်သို့ ရောက်ခဲ့ကြောင်း ယမန်နေ့က ထောင်ဝင်စာ သွားတွေ့သူ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များက သိခဲ့ရခြင်း ဖြစ်သည်။ ဖမ်းဆီးခံရသူ ၄ ဦးထဲမှ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှ အန်အယ်ဒီ စည်းရုံးရေး အဖွဲ့ဝင်ဟောင်း ဦးကြည်လင်ွမှာ ယခုလ ၈ ရက်နေ့က တောင်ငူစစ်ကြောရေးမှ ပြန်လွတ်ခဲ့သူ ဖြစ်သည်။ သူမှအပ ကျန် ၃ ယောက်ကို ယခု အင်းစိန်ထောင်တငွ် ပြန်တွေ့ရခြင်းဖြစ်သည်။ “ုအင်းစိန်ထောင် သီးသန့်ဆောင်မှာ ရောက်နေတယ်လို့ ပြောတယ်။ ၄ ရက်ရှိသွားပြီခင်ဗျ။ တနင်္လာနေ့ (ဧပြီ ၂၀ ရက်နေ့) က ညဘက်ရွှေ့လာတယ်လို့ ပြောတယ်။ သူတို့ ၃ ယောက်လုံးပဲ။ ကျနော်တို့ အင်းစိန်ထောင်မှာ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေကနေပြီးတော့ ထောင်ဝင်စာ သွားတွေ့ရင်း တွေ့ခဲ့တာ။ ဒီနေ့ပဲ သိရတာပါ” ဟု ရန်ကုန်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးက ယမန်နေ့က မဇ္ဈိမကို ပြောသည်။ အန်အယ်ဒီ ဗဟို လူမှုအထောက်အကူပြု အဖွဲ့ဝင်ဖြစ်သည့် အလုံမြို့နယ်မှ မချို ခေါ် ဒေါ်မြင့်မြင့်စန်းအား ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့တငွ် အာဏာပိုင်များက အန်အယ်ဒီရုံးချုပ်မှအပြန် လမ်းတွင် ဖမ်းဆီးခဲ့သည်။ စမ်းချောင်းမြို့နယ် စည်းအဖွဲ့ဝင် ဦးစိန်လှိုင်နှင့် လှိုင်မြို့နယ်မှ ဦးရွှေဂျိုးတို့ကို မတ်လ ၆ ရက်နှင့် ၈ ရက်နေ့တို့တငွ် နေအိမ်များမှာ ဖမ်းဆီးခဲ့သည်။ လာမည့် ဧပြီလ ၂၇ ရက်နေ့တငွ် ဖမ်းဆီးခံရသည့် မိသားစုများနှင့် အန်အယ်ဒီ အဖွဲ့ဝင် တချို့က အင်းစိန်ထောင်သို့ သွားရောက်၍ စုံစမ်းမေးမြန်းရန် စီစဉ်နေသည်ဟု ပါတီအဖွဲ့ဝင်တဦးက ပြောသည်။ သူက “လောလောဆယ်တော့ သူတို့ အထဲမှာ ရောက်နေတယ်ဆိုတာ သိရပြီ။ ဒါပေမဲ့ သူတို့ကို ဘာကြောင့် ဖမ်းထားတယ်ဆိုတာ မသိသေးတော့ မိသားစုဝင်တွေနဲ့ အရင်တွေ့ပြီးမှ သိရမယ်” ဟု ပြောသည်။ သို့သော် ဦးစိန်လှိုင် အင်းစိန်ထောင်တငွ် ရောက်ရှိနေကြောင်း သိရသော်လည်း အမဖြစ်သူ နှစ်ဦးမှာ နာမကျန်းဖြစ်နေပါသဖြင့် သွားရောက်တွေ့ဖြစ်မည် မဟုတ်ကြောင်း အမ ဒေါ်ခင်ဝင်းက ပြောသည်။ “အန်တီတို့ကတော့ ဘယ်မှာ ရှိတယ်ဆိုတာ အခုထိ မသိဘူး။ အင်းစိန်မှာ ရောက်နေတယ် ဆိုရင်လည်း အမ တယောက်က သူ ဖမ်းခံရတဲ့ နောက်နေ့မှာပဲ လေဖြတ်သွားတယ်။ လက်တဖက် ကပ်သွားတာ။ တပိုင်းသေ ဖြစ်သွားတယ်။ အန်တီလည်း နေမကောင်းဘူးလေ” ဟု ပြောသည်။ ဆက်လက်ပျောက်ဆုံးနေသူ အသက် ၅၃ နှစ်အရွယ် ဦးကြည်လင်ွမှာမူ လေဖြတ်ထားသဖြင့် လွန်ခဲ့သည့် တနှစ်ခခွဲ န့်ကတည်းက မြို့နယ်စည်း အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ထားသူ ဖြစ်သော်လည်း ရဲ သတင်းအထူးတပ်ဖွဲ့ (SB)၊ ရပ်ကွက်ကောင်စီဝင်များနှင့် စွမ်းအားရှင် စုစုပေါင်း ဦးရေ ၃ဝ ခန့်က မေးမြန်းရန်ဟုဆိုကာ နေအိမ်မှ ပြီးခဲ့သည့် မတ်လအတွင်းက ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည်။ ဒုက္ခရောက်မြန်မာတွေ ရောင်းစားမှု မလေးအရာရှိများပါဝင် 25 April 2009 မြန်မာပြည်မှာ စီးပွားရေးကျပ်တည်းတာကြောင့်မိုလို့ မလေးရှားနိုင်ငံကို စွန့်စွန့်စားစား ထွက်အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံသားတချို့ဟာ မလေးရှားအာဏာပိုင်တချို့ရဲ့ ဖမ်းဆီးတာကို ခံရပြီးတော့ မလေးရှားနဲ့ ထိုင်းနယ်စပ်တွေမှာ လူမှောင်ခိုပွဲစားတွေရဲ့ လက်ထဲကို ရောင်းစားတာခံနေရပါတယ်။ သူတေို့ တွဟာ ဘယ်လိုပုံစံတွေနဲ့ ဘယ်လိုနေရာတွေမှာ ရောင်းစားခံနေကြရတယ် ဆိုတာကို စုံစမ်းထားတဲ့ မအေးအေးမာ က တင်ပြထားပါတယ်။

မလေးရှားနိုင်ငံမှာ ရောင်းစားခံနေရတဲ့မြန်မာတွေဟာ နေ့စဉ်ရာဂဏန်းနဲ့ ရှိနေပြီး မလေးရှားလူဝင်မှုကြီးကြပ်ရေးက ၀န်ထမ်းတွေက လူပွဲစားတွေထံကို ရောင်းစားနေကြောင်း အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီရဲ့ တွဲဖက်အတွင်းရေးမှူး ကိုကျော်ထူးအောင်က အခုလို ပြောပါတယ်။ “လ၀က က ထိန်းသိမ်းပြီးတော့ သူတို့ကို နယ်စပ်ခေါ်သွားတယ်။ နယ်စပ်ရောက်လို့ရှိရင် အဲဒီခေါ်သွားတဲ့ လ၀က တွေကပဲ လူမှောင်ခိုကူးတဲ့သူတွေ လက်ထဲကို ဒီ ပြန်ပို့ခံရတဲ့သူတွေကို လွှေဲ ပးလိုက်တယ်။ ပိုက်ဆံငွေရေးကြေးရေးကအစ သူတို့ဘယ်အချိန်မှာ လူဘယ်နှစ်ယောက်လာပို့မယ် ဆိုတာကအစ သူတို့ နောက်ကွယ်မှာ ရှိနေတယ်။ နောက်ကွယ်ကနေ သူတို့ အဆက်အသွယ် လုပ်ထားပြီးတော့မှာ သူတို့ သွားပို့တယ်။ သွားပို့ပြီးတော့ လွှေဲ ပးပြီးတော့မှ ပြန်လာတယ်။ ပြန်လာပြီးတဲ့နောက် အဲဒီနောက်ပိုင်း ပြန်ဝင်လာတဲ့အချိန်မှာလည်း ဒီနိုင်ငံက အစိုးရ၀န်ထမ်းတွေ ပါဝင်ပတ်သက်မှု ရှိနေတယ်။ အဲဒါကိုလည်း ကျနော်တို့က သက်သေအထောက်အထားတွေ ဘာတွေ ရထားပြီးပြီ။ ဒီမှာရှိတဲ့ အစိုးရကို ကျနော်တို့ကိုယ်တိုင်ကတော့ ပြောလို့မရဘူးပေါ့။ ဒီမှာရှိတဲ့ အဲန်ဂျီအိုတွေနဲ့ ပေါင်းပြီးတော့ သူတို့ကို ပြန်ပြီးတော့ ပြောမယ်။” ထိုင်း-မလေး နယ်စပ်မှာ မြန်မာတွေ လူပွဲစားတွေလက်ထဲ ရောက်သွားခဲ့ရတဲ့ အခြေအနေတွေကို ပြောပြခဲ့ရာမှာတော့ “သူတို့ကို လ၀က ကနေပြီးတော့ လူမှောင်ခိုကူးတဲ့သူတွေ လက်ထဲကို လွှေဲ ပးလိုက်ပြီဆိုရင် သူတို့က သုံးခုကို သူတို့ ပြောပြတယ်ပေါ့။ တစ်နည်းက ဒီမလေးရှားထဲကို ပြန်ဝင်မလား၊ နောက်တစ်နည်းက မြန်မာပြည်ကို ပြန်သွားမလား၊ နောက်တစ်နည်းက ပိုက်ဆံမပေးနိုင်လို့ရှိရင် လှေမှာ အရောင်းစားခံမလား။ အများသောအားဖြင့် ရောင်းစားတာက ယောက်ျားလေးတွေဆိုရင် ငါးဖမ်းလှေကို ရောင်းတယ်။ မိန်းကလေးတွေဆိုရင် ပြည့်တန်ဆာလုပ်ငန်းတွေဘက်မှာ သူတို့ ရောင်းပစ်လိုက်တယ်ပေါ့။ ဒီ ထိုင်းဘက်က။ အကုန်လုံးက ပြန်ဝင်လာတဲ့သူတွေပဲ များတယ်။ မြန်မာပြည်ကိုလည်း သူတို့ မပြန်ဘူး။ ပိုက်ဆံမရှိလို့ရှိရင်တော့ လှေမှာ အရောင်းစားခံရတယ်။ ပိုက်ဆံရှိတဲ့သူတွေကတော့ ဒီမှာ သူငယ်ချင်း အဆက်အသွယ်၊ ဆွေမျိုးမိဘ အဆက်အသွယ်တွေကနေတဆင့် အကူအညီတောင်းပြီးတော့ မလေးရှားထဲကို ပြန်ဝင်လာကြတယ်။” ငွေကြေးမပေးနိုင်တဲ့သူတွေဟာ ရိုက်နှက်ခြင်းကိုပါ ခံရတယ်လို့ ဆိုပါတယ်။ “ပိုက်ဆံမပေးနိုင်တဲ့သူတွေဆိုတာတောင်မှ အဲဒီလို မပေးနိုင်တဲ့သူတွေထဲမှာ သူတို့သတ်မှတ်ထားတဲ့ ရက်ပြည့်လို့မှ သူတို့ဖုန်းဆက်လို့ ပိုက်ဆံပေးဖို့မသေချာဘူး ဆိုလို့ရှိရင် အရိုက်ခံရတာတွေ ရှိတယ်။ အဲဒီလိုမျိုးလူတွေလည်း ကျနော်တို့ဆီမှာ ရှိနေတယ်။ အရိုက်ခံရတာတို့ အထိုးခံရတာတို့၊ သူတို့ ပိုက်ဆံရဖို့ ရက်နည်းနည်းကြာသွားလို့ရှိရင် ဒီလူတွေကို ထမင်းတွေဘာတွေ မကျွေးတော့ဘဲ အငတ်ထားတဲ့ဟာမျိုးတွေပါ ရှိပါတယ်။” တခြားနိုင်ငံသားတွေကို ဖမ်းမိတဲ့အခါမှာ သူတို့ရဲ့ သက်ဆိုင်ရာနိုင်ငံတွေက တာဝန်ယူပြီး ပြန်ပြီးတော့ လက်ခံတာတွေ ရှိနေပေမယ့် မြန်မာကတော့ လက်ခံတာတွေ မရှိတဲ့အတွက် ရောင်းစားတာကိုပဲ ခံနေရကြောင်းတွေကိုလည်း ပြောပြသွားပါတယ်။ မြန်မာဒုက္ခသည် လူကုန်ကူးခံရမှုတိုက်ဖျက်ရေး အမေရိကန် တောင်းဆို 25 April 2009 ပြီးခဲ့တဲ့နှစ်တွေအတွင်း ထိုင်း-မလေးရှား နယ်စပ်ဒေသတွေမှာ လူကုန်ကူးခံနေရတဲ့ မြန်မာနိုင်ငံသား ထောင်နဲ့ချီပြီး ရှိနေတယ်၊ ဒီလို လူကုန်ကူးမှုတွေမှာ မလေးရှားအစိုးရ အရာရှိတွေကိုယ်တိုင် ပါဝင်ပတ်သက်နေတယ်လို့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီရဲ့ အစီရင်ခံစာသစ်ထဲမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် မလေးရှားနဲ့ ထိုင်းနိုင်ငံတွေအနေနဲ့ ဒီဒုက္ခသည်တွေကို အကာအကွယ်ပေးရေးဆိုင်ရာ မူတွေကို ချမှတ်ဆောင်ရွက်ပေးဖို့ လိုနေပြီလို့ နယူးယောက်အခြေစိုက် လူအ့  ခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ပြောပါတယ်။ အပြည့်စုံကို စုံစမ်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီက မြန်မာနိုင်ငံသားတွေ မလေးရှားနဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ လူကုန်ကူးခံရတာနဲ့ ခြိမ်းခြောက် ငွေညှစ်ခံရတာတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတစ်စောင်ကို ကြာသပတေးနေ့မှာ ထုတ်ပြန်လိုက်တာပါ။ မြန်မာနိုင်ငံက ရွှေ့ပြောင်းလာတဲ့ ဒုက္ခသည်တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေ၊ အစိုးရတာဝန်ရှိသူတွေကို မေးမြန်းစုံစမ်းပြီး ကော်မတီဝန်ထမ်းတွေကိုယ်တိုင် တနှစ်ကြာ

လေ့လာတွေ့ရှိချက်တွေအပေါ် အခြေခံထုတ်ပြန်ခဲ့တဲ့ ဒီအစီရင်ခံစာကို ဧပြီလဆန်းပိုင်းက လွှတ်တော်မှာ ဆွေးနွေးခဲ့ရာမှာ မကြာခင်နှစ်တွေအတွင်း မလေးရှား၊ ထိုင်းနယ်စပ် ဒေသမှာ လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသားဟာ ထောင်နဲ့ချီပြီးရှိနေတယ်လို့ ဆိုပါတယ်။ မလေးရှားနိုင်ငံကို ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို မလေးရှားအာဏာပိုင်တွေက ဖမ်းပြီး ထိုင်းနိုင်ငံဘက်ကိုပို့ရာမှာ ငွေမပေးနိုင်ရင် ထိုင်းနိုင်ငံမှာ ပြည့်တန်ဆာ အလုပ်လုပ်ဖို့၊ ငါးဖမ်းလှေတွေမှာ အသက်နဲ့ရင်းပြီး အလုပ်လုပ်ဖို့၊ စားသောက် ဆိုင်နဲ့ တခြားအလုပ်ကြမ်းတွေ လုပ်ဖို့အတွက် ရောင်းစားတာကို ခံနေရတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီလိုလုပ်ဆောင်နေသူတွေထဲမှာ မလေးရှားအစိုးရ အရာရှိတွေပါ ပါဝင်ပတ်သက်နေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Rights Watch) ရဲ့ အာရှဆိုင်ရာ လက်ထောက် အကြီးအကဲ အီလိန်း ပီယာဆင် (Elaine Pearson) ကတော့ ဒီပြဿနာတွေ ဖြစ်ပွားနေတာ ကြာလှပြီမို့ ဒီနိုင်ငံတွေမှာ ဒုက္ခသည်ဆိုင်ရာ ထိရောက်တဲ့မူတွေကို ချမှတ်ပြီး ဆောင်ရွက်ဖို့လိုအပ်နေပြီလို့ ပြောပါတယ်။ “အဲဒီမှာပြဿနာတွေဖြစ်နေတာ ကြာပါပြီ။ အခုအချိန်မှာ မလေးရှားအစိုးရကရော ထိုင်းအစိုးရကပါ ဒုက္ခသည်တွေအတွက် အကာအကွယ်မပေးဘဲနေတာမျိုးကို ပြန်ပြီးသုံးသပ်ဖို့ သင့်နေပါပြီ။ သူတို့နိုင်ငံထဲကိုရောက်လာတဲ့ နိုင်ငံရေး ခိုလှုံခငွ့် တောင်းခံသူတွေနဲ့ ဒုက္ခသည်တွေရဲ့ ရပိုင်ခငွ့်တွေနဲ့ပတ်သက်ပြီး စံပြလုပ်ဆောင်ဖို့ ပုံစံသစ်တွေ ချမှတ်ဖို့ လိုအပ်နေပါ တယ်။” - လို့ ပြောသွားတာပါ။ အခုလို မြန်မာနိုင်ငံကနေထွက်ခွာလာသူတွေ ထိုင်း-မလေးရှား နယ်စပ်ဒေသတွေမှာ ဒုက္ခခံစားနေရတာနဲ့အတူ လူကုန်ကူးမှု ပြဿနာနဲ့ပတ်သက်ပြီးမလေးရှားအစိုးရ အာဏာပိုင်တွေက စတင်ပြီး စုံစမ်းစစ်ဆေးနေပြီလို့ ကော်မတီဝင် လွှတ်တော်အမတ် ရစ်ချတ်လူဂါ (Richard Luger) ရဲ့ ပြောဆိုချက်ကိုလည်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီရဲ့ အခုထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး မလေးရှား ၀န်ကြီးချုပ် နာဂျစ်ရာဇက် (Najib Razak) က အရေးယူဆောင်ရွက်မယ်လို့ သောကြာနေ့မှာပြောဆိုကြောင်း မလေးရှားက လာတဲ့ အေပီသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ လူ့အခွင့်အရေး အဖွဲ့ကြီးကတော့ မလေးရှားဝန်ကြီးချုပ်သစ် အနေနဲ့ အရင်မလေးရှား အာဏာပိုင်တွေနဲ့မတူဘဲ လူ့အခွင့်အရေးဆိုင်ရာ အရေးယူပြောဆိုမှုတွေ ရှိနေတာကို တွေ့ရတာမို့ ဒီပြဿနာအတွက် သိပ်ကိုမျှော်လင့်ထားပေမဲ့ မလေးရှားနိုင်ငံရဲ့ လူဝင်မှု ကြီးကြပ်ရေးဥပဒေဟာလည်း ပြဿနာတခုလို့ မြင်ကြောင်း အခုလို ပြောပါတယ်။ “ပြဿနာက မလေးရှားနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေကြောင့်လို့ ထင်ပါတယ်။ ဒီဥပဒေအရဆိုရင် နိုင်ငံရေး ခိုလှုံသူ တွေ၊ ဒုက္ခသည်တွေနဲ့ စာရွက်စာတမ်း မရှိတဲ့ ရွှေ့ပြောင်းလာသူတွေကြားမှာ ကွဲကွဲပြားပြား ခွဲခြားထားတာမျိုး မတွေ့ရပါ ဘူး။ ဒါကြောင့် မလေးရှားနိုင်ငံမှာ ဒုက္ခသည်အဖြစ်နဲ့ ကုလသမဂ္ဂက အသိအမှတ်ပြုထားပေမယ့် ဒီဒုက္ခသည်ကိုဖမ်းမိရင် မလေးရှားအရာရှိတွေအနေနဲ့ ဖမ်းချုပ်ထားနိုင်ပြီး ပြန်ပို့ဖို့ လုပ်နိုင်ပါတယ်။ ဒီဖမ်းချုပ်ထားသူတွေကို ကုလသမဂ္ဂ မဟာ မင်းကြီးရုံးက တွေ့ခငွ့်မရတဲ့အတွက် ဒီဒုက္ခသည်တွေကို ကယ်တင်နိုင်တဲ့ အခွင့်အလမ်း မရှိပါဘူး။” - လို့ ပြောသွားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံသားတွေ အခုလိုဒုက္ခနဲ့ ရင်ဆိုင်နေရတာနဲ့ပတ်သက်ပြီး မြန်မာစစ်အစိုးရမှာ အများဆုံး တာဝန်ရှိပါ တယ် လို့လည်း ပြောပါတယ်။ “အခုလို မြန်မာနိုင်ငံထဲကနေ တခြားနိုင်ငံတွေကို ထွက်ခွာစေတဲ့အကြောင်းရင်းဖြစ်တဲ့ ဖိနှိပ်ညှင်းပမ်းမှုတွေကို မြန်မာ စစ် အစိုးရအနေနဲ့ မလုပ်ဆောင်ဖို့ ပြောချင်ပါတယ်။ ဒီအစီရင်ခံစာထွက်လာတဲ့နောက်ပိုင်း မလေးရှားနဲ့ ထိုင်းအစိုးရတွေအနေနဲ့ မြန်မာစစ်အစိုးရအပေါ်မှာ ဖိအားတွေ ပေးကြဖို့ စဉ်းစားလာမယ်လို့ မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံထဲက လူနည်းစု တိုင်းရင်းသားတွေ တခြားနိုင်ငံတွေကို စွန့်ခွာပြီး ဒီလို အန္တရာယ်ရှိတဲ့ အခြေအနေမျိုး ဖြစ်နေတာကို သူတို့က ၀ိုင်းပြီး ဆောင်ရွက်ကြမှဖြစ်မှာပါ။” - လို့ လူ့အခွင့်အရေးအဖွဲ့ကြီးက မစ္စ ပီယာဆင် က ပြောသွားတာဖြစ်ပါတယ်။ မြန်မာ ဒုက္ခသည်များ "ပြည့်တန်ဆာလုပ်ငန်းတွင် ရောင်းစားခံရ" Finacial Times ဧပြီ ၂၅၊ ၂၀၀၉ မြန်မာ ဒုက္ခသည်များ ပြည့်တန်ဆာလုပ်ငန်းသို့ ရောင်းစားခံရသည့် ကိစ္စတငွ် မလေးရှား အစိုးရ အရာရှိများ ပါဝင်နေသည်ဟု အမေရိကန် လွှတ်တော်အမတ် တဦးက စွပ်စွဲလိုက်သည်။ ထိုင်း မလေးရှား နယ်စပ်ဒေသတွင် လူကုန်ကူးသူများ၏ လက်အတွင်းသို့ လွဲေ ပြာင်းခံရသည့် မြန်မာ ဒုက္ခသည်များနှင့် ပတ်သက်ပြီး တနှစ်ကြာ အချိန်ယူ စုံစမ်း ရေးသားထားသော အ စီရင်ခံစာကို နိုင်ငံခြားဆက်ဆံရေးကော်မတီတငွ် တာဝန်ရှိသော လွှတ်တော် အမတ် Richard Lugarက မလေးရှား အစိုးရကို အင်္ဂါနေ့က ပေးအပ်လိုက်သည်။ အစီရင်ခံစာတွင် တတိယနိုင်ငံတခုကို သွားရောက်ရေးအတွက် မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂရုံးသို့ ဆက်သွယ်ရန် ကြိုးစားသော မြန်မာပြည်သားများအကြောင်းကို ဖော်ပြထားသည်။

စုံစမ်းမှုများအရ မလေး အရာရှိများက ထိုမြန်မာပြည်သားများကို ဖမ်းဆီးပြီး နယ်စပ်သို့ ပြန်လည် ပို့ဆောင်ခေ့ဲ ကြာင်း၊ ပြန်ပို့ခံရသူများထဲတငွ် ဒုက္ခသည်အဖြစ် အသိအမှတ် ပြုခံထားရသူများလည်း ပါဝင်ကြောင်း၊ ထိုအချိန်တငွ် ငွေမပေးနိုင်သူများမှာ လူကုန်ကူးသူများထံသို့ လွဲေ ပြာင်းခံရကြောင်း ရေးထားသည်။ "ငွေမပေးနိုင်သူများသည် ထိုင်းနိုင်ငံရှိ လူကုန်ကူးသူများ လက်သို့ ရောက်သွားသည်၊ ငါးဖမ်းလှေ၊ ပြည့်တန်ဆာအိမ် စသည့် လုပ်ငန်းမျိုးစုံသို့ ရောက်သွားရသည်" ဟု အစီရင်ခံစာက ဆိုသည်။ လူကုန်ကူးသူများ၏ စော်ကားခြင်း ခံရသည့် အမျိုးသမီးများအကြောင်းကိုလည် ဖော်ပြထားသည်။ တချို့မှာ ၎င်းတို့၏ ခင်ပွန်းသည်များရှေ့တွင်ပင် စော်ကားခံရသည်ဟု ဆိုသည်။ "ဘယ်သူမှ ၀င်ပြီး မပြောရဲဘူး၊ ပြောရင် သေနတ်နဲ့ အပစ်ခံရမယ်၊ ဒါမှမဟုတ် ဓားနဲ့ အခုတ်ခံရမယ်" ဟူသော အကူအညီပေးရေး အဖွဲ့တခုမှ ၀န်ထမ်းတဦး၏ ပြောကြားချက်ကိုလည်း ကိုးကားထားသည်။ ဒုက္ခသည်တဦးကလည်း "(အမျိုးသမီးတွေက) ကြည့်ပျော်ရှုပျော် ရှိတယ် ဆိုရင် ပြည့်တန်ဆာလုပ်ငန်းကို အရောင်းခံရတယ်။ ရုပ်မချောတ့သဲူတွေဆိုရင်တော့ သူတို့က (လူကုန်ကူးသူတွေက) စားသောက်ဆိုင်တခုမှာ ရောင်းလိုက်နိုင်တယ်" ဟု ပြောသည်။ အဆိုပါ စွပ်စချွဲက်များကို မလေးရှား ရဲတပ်ဖွဲ့က စုံစမ်းမည် ဟူသော ဆုံးဖြတ်ချက်ကို လွှတ်တော် အမတ် Richard Lugarက ကြိုဆိုလိုက်သည်။ ဤကိစ္စများနှင့် ပတ်သက်ပြီး တစုံတရာ တုံ့ပြန်ပြောဆိုရန် ဆက်သွယ်သည့်အခါ မလေးရှား ၀န်ကြီးချုပ်ရုံးက အကြောင်းပြန်ခြင်း မရှိပေ။ မြန်မာ- ထိုင်းနှစ်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေးနားလည်မှု စာချွှန်လွှာ လက်မှတ် ရေးထိုးပွဲ ကျင်းပ 25/Apr/2009 မြန်မာ-ထိုင်းနှစ်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး နားလည်မှုစာချွှန်လွှာလက်မှတ်ရေးထိုးပွအဲ ခမ်း အနားကို ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီတငွ် နေပြည်တော်ဟိုတယ်ဇုန်ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပခဲ့ သည်။ ရှေးဦးစွာ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌပြည်ထေဲ ရး ၀န်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ် မောင်ဦးက အမှာစကားပြောကြားရာတွင် လူကုန်ကူးမှုပြဿနာသည် ရှုပ်ထွေးသည့်ပြဿနာတစ်ရပ်ဖြစ်၍ နှစ် နိုင်ငံအကြားပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ COMMIT MoUအရ မဲခေါင်မြစ်ဝှမ်းဒေသတွင်းရှိ နိုင်ငံများနှင့် အတူ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုများကို တိုက်ဖျက်သွားရန် သန္နိဌာန်ချထားပါကြောင်းဖြင့်ပြောကြားသည်။ ထို့ နောက်ထိုင်းနိုင်ငံလူမှုဝန်ထမ်းနှင့်လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာန၀န်ကြီး Mr.Issara Somchai ကနားလည်မှုစာချွန် လွှာအရ လုပ်ငန်းစီမံချက်ကို မကြာမီရေးဆွဲပြဌာန်းပြီးထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါကြောင်းနှင့်အစိုးရဌာနများ၊ NGO အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လူကုန်ကူးမှုပြဿနာကို ပူးပေါင်းလက်တွဲတိုက်ဖျက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသွားသည်။ အဆိုပါ နားလည်မှုစာချွန်လွှာတွင် လူကုန်ကူးမှု ပုံစံအမျိုးမျိုးတို့ကို ပူးပေါင်းတိုက်ဖျက်သည့် လုပ်ငန်းကဏ္ဍများ၊ ကြို တင်ကာကွယ်ရေး၊ကာကွယ်စောင့်ရှောက်ရေး၊ပြန်လည်ထူထောင်ရေး၊တားဆီးနှိမ်နင်းရေးအဖွဲ့များ၊ပြစ်မှုဆိုင် ရာတရားစီရင်ရေးကိစ္စရပ်များနှင့် နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့ထူထောင်၍ အကောင်အထည်ဖော်ရေး ကိစ္စရပ် များပါဝင်ကြောင်း ၂၀၀၉ခုနှစ်ဧပြီ ၂၅ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။ ယခုနှစ် သင်္ကြန်ရက်များ အတွင်း ရန်ကုန်မြို့၌ ယာဉ်တိုက်မှု ၂၂မှုဖြစ်ပွားခဲ့ကာ သေဆုံးသူနှင့် ဒဏ်ရာရရှိသူ ယခင်နှစ်ကထက် ပိုမိုများပြား 24/Apr/2009 ယခုနှစ်သင်္ကြန်အကြိုနေ့မှအတက်နေ့အထိ ရန်ကုန်မြို့တော်၌ယာဉ်မတော်တဆမှု ၂၂မှုဖြစ်ပွားခဲ့ကာ သေဆုံးသူငါးဦးနှင့် ဒဏ်ရာရရှိသူ ၄၅ရှိခဲ့ပြီး ပြီးခဲ့သည့်၂၀၀၈ ခုနှစ်သင်္ကြန် ကာလအတွင်း ဖြစ်ပွားခဲ့သော ယာဉ် တိုက်မှု၊ သေဆုံးနှင့်ဒဏ်ရာရရှိသူအရေအတွက်ထက်ပိုမိုများပြားခဲ့ကြောင်းသတင်းရရှိသည်။ ယခုနှစ်သင်္ကြန်ရက် များအတွင်း ဖြစ်ပေါ်ခဲ့သောယာဉ်တိုက်မှုများအနက်သင်္ကြန်ရေပက်ကစားရာမှဖြစ်ပေါ်ခဲ့သောယာဉ်မတော်တဆမှု မှာ လေးမှုရှိခဲ့ပြီးသေဆုံးသူနှစ်ဦးနှင့်ဒဏ်ရာရရှိသူ ၂၂ဦးရှိခဲ့သည်ဟုသိရသည်။ ရေပက်ကစားမှုကြောင့်မဟုတ်ဘဲ သင်္ကြန်ကာလအတွင်းဖြစ်ပေါ်ခဲ့သော ရိုးရိုးယာဉ်မတော်တဆမှုမှာ၁၈မှုဖြစ်ပေါ်ခဲ့၍သေဆုံးသူသုံးဦးနှင့်ဒဏ်ရာရရှိ သူ၂၃ဦးရှိခဲ့သည်။ ရေပက်ကစားမှုကြောင့် ယာဉ်တိုက်မှု လေးမှုသာဖြစ်ပေါ်ခဲ့သော်လည်း သေဆုံးသူမှာ နှစ်ဦးနှင့် ဒဏ်ရာရရှိသူမှာ ၂၂ဦးထိရှိခဲ့ပြီးသာမန် ယာဉ်တိုက်မှုများကြောင့် သေဆုံး၊ ဒဏ်ရာရရှိသည့်နှုန်းထားနှင့်ကွာခြားမှု မရှိခဲ့ကြောင်းသိရသည်။ ယခုနှစ်သင်္ကြန်ကာလမတိုင်မီ အချိန်ကာလတွင်ယာဉ်မောင်းသူများ၊ ရေပက်ကစားကြ မည့်သူများလိုက်နာရန် စည်းကမ်းချက်များ၊ သတိပေးနှိုးဆော်ချက်များ ကြိုတင် ထုတ်ပြန်ခဲ့သော်လည်း သင်္ကြန် ကာလအတွင်းတွင် ရေပက်ကစားမှုကြောင့်သာမက သာမန် ယာဉ်တိုက်မှုများလည်းဖြစ်ပေါ်ခဲ့ပြီး သေဆုံးနှင့်ဒဏ်

ရာရရှိသူဦးရေမှာ ယခင်နှစ်ထက်

ပိုမိုများပြားခဲ့သည်ဟုသိရှိရကြောင်း ၂၀၀၉ ခုနှစ်ဧပြီလ ၂၄ ရက်နေ့ထုတ်

Bi Weekly Elevenဂျာနယ်တင်ွဖော်ပြထားပါသည်။

မယ်လဒုက္ခသည်စခန်းတွင် ကြက်မွေးမြူခွင့် ပိတ်ပင် ခွန်အောင်မြတ်။ ဧပြီလ ၂၄ ရက်၊ ၂၀၀၉ ခုနှစ်။ ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းတွင် ကြက်ငှက်တုတ်ကွေး ရောဂါဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် စခန်း ထဲတငွ် ကြက်မွေးမြူခြင်းမပြုရန် ဒုက္ခသည် အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်လိုက်သည်။ ယခုလ ၂၁ ရက်နေ့က ထိုင်းကျန်းမာရေးဝန်ကြီးဌာနသည် မယ်ဒုက္ခသည်စခန်းသို့ လာရောက် စစ်ဆေးပြီး ကြက်ငှက်တုတ်ကွေးရောဂါ ဖြစ်ပွားမည့် အလားအလာရှိကြောင်း ပြောဆိုသဖြင့် ယနေ့မှစ၍ စခန်းအုပ်ချုပ်ရေး မှူးက ကြက်မွေးမြူခြင်းကို ပိတ်ပင်လိုက် သည်ဟု ထိုင်းအာဏာပိုင် ဒုက္ခသည်စခန်းအုပ်ချုပ်ရေးမှူး အခရဖန် ဖွန်စီက ပြောသည်။ “ကြက်နှစ်ကောင်သေတယ်။ အဲဒါ ကျန်းမာရေးဌာနကို ပို့ပြီး စစ်ဆေးတော့ ဘာမှမဖြစ်ဘူး တဲ့။ အခုစခန်းထဲမှာ ကြက်တွေ ပေးမမွေးတော့ဘူး။ ကြက်မွေးတဲ့သူတွေကို သတိပေးထားတယ်။ မမွေးကြဖို့စခန်းထဲမှာ။ စစ်ဆေးလို့ တွေ့တယ်ဆိုရင် အကုန်ရှင်းပစ်မှာပဲ။ ကြက်တွေကိုလည်း ရှင်းမယ် အရေးလည်းယူမယ်။ သေတဲ့ကြက်က သံသယရှိလို့ပါ။” ယနေ့နံနက်တငွ် စခန်းအာဏာပိုင်များက စခန်းတွင်းတွင် ကြက်မွေးသူများ စခန်းပြင်သို့ သွားမွေးရန် လော်စပီ ကာဖြင့် သတိပေးကြေညာသည်ဟု စခန်းလုံခြုံရေးမှူးက ပြောသည်။ “အခု လက်ရှိ ကြက်မွေးနေတဲ့လူတွေကတော့ ကျန်းမာရေးအခြေအနေကတော့ ထိုင်းနိုင်ငံက ကြက်ငှက်တုတ်ကွေး ဆရာဝန်တယောက်က လာပြီးတော့ အဲသလို ဒီနေရာ လူနေမှု ထူထပ်တယ်။ ဒီနေရာ စိုးရိမ်စရာ အများကြီးရှိတယ် ဆိုပြီးတော့ အစည်းအဝေးထဲမှာ သူပိတ်သွားတယ်။ နောက် ပလပ်(စခန်းအုပ်ချုပ်ရေးမှူး)ကို သူအကြောင်းကြားတယ်။ ပလပ်မှာ ပြန်ညွှန်ကြားတယ်။ ဒီနေ့မှာ ပြန်ညွှန်ကြားတယ်။” ယနေ့နံနက်ပိုင်းမှစ၍ ထိုင်းအာဏာပိုင်နှင့်စခန်းလုံခြုံရေးတို့ ကြက်မွေးမြူမှုများကို လိုက်လံ စစ်ဆေးနေသည်ဟု ၎င်းက ဆက်ပြောသည်။ ကြက်ငှက်တုတ်ကွေးပညာပေးနှင့် ပတ်သက်၍ ဒုက္ခသည်တဦးက “တော်တော်များများတော့ သိကြတယ်။ ကြက်ငှက်တုတ်ကွေးနဲ့ပတ်သက်လို့ရှိရင်လေ။ ဒါပေမယ် ပထမအရင် တခေါက်ကတော့ မမွေးဖို့ ပြောပြီးသွားပြီ။ ကြာတော့ ကြာနေပြီပေါ့နော်။ အခု သူတို့ ပြန်မွေးတယ်ပေါ့နော်။ ပြန်မွေးတယ် ဆိုပေမယ့်လည်း လူနည်းစုပ။ဲ အခု အဲဒီဟာကို အားလုံးကို ပြန်ဖျောက်ခိုင်းတာပဲ။ ဒါပေမယ့် စားတာ ကတော့ ပုံမှန်ပဲ စားနေကြတာပဲ။ ကြက်သားတော့ ပုံမှန်ပဲ ရောင်းတယ်။ ထိုင်းကြက်တွေလေ ထိုင်း တွေ သူတို့လာရောင်းတယ်။ ဒါပေမယ့် အဲဒီမွေးတာကိုကျတော့ သူတို့ပိတ်တယ်။” ဟု ပြောသည်။ မယ်လဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် ၂ နှစ်ကတည်းက စခန်းတွင်း ကြက်မွေးမြူမှု ပိတ်ပင်ထားခဲ့သည်။ ယခုလ ၂၀ ရက်နေ့ကလည်း မယ်လဒုက္ခသည်စခန်းတွင် မြန်မာပြည်မှ ထုတ်ဝေသည့် ခဲဆိပ်ပါဝင်သည်ဟု ယူဆရသော လူသုံးကုန်ပစ္စည်းနှင့် တိုင်းရင်းဆေးအပါအ၀င် ပစ္စည်း ၉ မျိုးကို သုံးစွဲခြင်းမပြုရန် ပိတ်ပင် ထားသည်။

မိုးသီးရွာချမှုကြောင့် လက်ဖက်တောင်သူများ အခက်အခဲကြုံနေ ဇော်ကြီး။ ဧပြီလ ၂၄ ရက်၊ ၂၀၀၉ ခုနှစ်။ ရှမ်းပြည်မြောက်ပိုင်း နမ့်ဆမ်မြို့နယ်တငွ် မိုးနှင့်မိုးသီးများသည်းထန်စွာ ရွာသွန်းမှုကြောင့် လက်ဖက်ခင်းများ ပျက်စီးသွားပြီး ဒေသခံလက်ဖက်တောင်သူများ အခက်အခဲဖြစ်နေ ကြသည်။ ရှမ်းပြည်မြောက်ပိုင်းတွင် လွန်ခဲ့သည့် မတ်လ ၂၆ ရက်နေ့က မိုးသည်းထန်မှုနှင့်အတူ မိုးသီးများ ရွာချလာမှု ကြောင့် နမ့်ဆမ်မြို့ နယ်အတွင်းရှိ လက်ဖက်စိုက်ခင်းများ ပျက်စီးသွားသည်ဟု ပလောင်(တအာင်း)ကျောင်းသား နှင့် လူငယ်များ အစည်းအရုံး က သတင်းထုတ်ပြန်သည်။

ရွှေဖီမိုးလွတ် လက်ဖက်ခူးချိန်တငွ် ရွာချလိုက်သည့်မိုးကြောင့် လက်ဖက်ခင်း ၇၀ ရာခိုင်နှုန်း ခန့် ပျက်စီးသွားပြီး ဒေသခံလက်ဖက်တောင်သူများ အခက်အခဲ ဖြစ်နေကြသည်ဟု ပလောင်(တအာင်း) ကျောင်းသားနှင့် လူငယ်များအစည်းအရုံး အထွေထွေအတွင်း ရေးမှူး မိုင်အောင်ကိုက ယခုလိုပြောသည်။ “အကုန်လုံးကို ခန့်မှန်းခြေနဲ့ပြန်တွက်မယ်ဆိုရင် တရာမှာဆိုရင်ပေါ့နော် အားလုံးကို ခြုံကြည့်လိုက် လို့ရှိရင် ၇၀ ရာခိုင်နုန်းဟာ ဒီမိုးသည်းထန်မှုကြောင့် အဲလောက်ကြီး ဆုံးရှူံး သွားတာတွေ့ရတယ်။ ဆိုတော့ အဓိကဖြစ်တာက ဒီကျနော်တို့ရဲ့ ပလောင်ပြည်သူတွေပေါ့။ သူတို့က ဒီမိုးသီးကျတော့ အဓိကအားကိုးရတာက ဒီရွှေဖီချိန်ပရှဲိတာကိုး။ ရွှေဖီချိန်မှာ ကျတော့ ဒီလိုမိုးသီးကြွေလိုက်တဲ့အချိန်မှာ သူတို့ရဲ့ စားဝတ်နေရေးအတွက်က တကယ့်ကို မှပဲ ဒုက္ခနဲ့ ရင်ဆိုင်နေရတယ်။” ထိုမိုးသီးရွာသွန်းသည့် သတင်းကြောင့် လားရှိုးတိုင်းမှူး ဗိုလ်မှူးချုပ်အောင်သန်းထွဋ် နမ့်ဆမ်မြို့သို့ လာရောက် ကြည့်ရှုကာ နမ့်ဆမ်တမြို့နယ်လုံးအတွက် ဆန်အိတ် ၅၀ သာ ကူညီပေးခဲ့သည်ဟု ၎င်းတို့ သတင်းထုတ်ပြန်ချက် တွင် ဖော်ပြသည်။ လက်ဖက်တငွ် အ၀ါရောင်ဆိုးဆေးများ ပါဝင်နေသည်ဟု မြန်မာစစ်အစိုးရမှ ကြေညာပြီး နောက်ပိုင်း လက်ဖက် ဈေးနှုန်း ကျဆင်းလာခြင်းကြောင့် အရောင်းမသွက်ဖြစ်နေသည်ဟု ၎င်းကဆက်ပြောသည်။ “ခါတိုင်းဆိုရင် ဒီရွှေဖီချိန်တို့ဘာတို့ဆိုရင် လက်ဖက်လာဝယ်တဲ့ ကိုယ်စားလှယ်တွေက တော်တော်များ တယ် ခါတိုင်းနှစ်ဆိုရင်လေ။ ဒီနှစ်ကျတော့ သူတို့က ဒီအ၀ယ်ကသိပ် မလိုက်ဖူးဖြစ်နေတယ်။ အရောင်းမသွက်ဖူးဖြစ်နေတယ်။ လာဝယ်တဲ့ ကုမ္ပဏီကလည်း နည်းတယ်လေ။ တချို့ကလည်း စိုးရိမ်တယ် ဘာညာဆိုပြီးတော့ သိပ်မ၀ယ်ကြတော့ဘူး။” ယခင်ကလက်ဖက်အစို တစ်ပိဿာလျှင် ကျပ် ၁၀၀၀ ခန့်ရပြီး ယခု ၃၅၀ ကျပ် သာရ၍ ယခင်လက်ဖက်ခြောက် တစ်ပိဿာလျှင် ကျပ် ၆၀၀၀ ခန့်ရှိရာမှ ယခုကျပ် ၂၀၀၀ ခန့်သာ ရသည့်အတွက် တောင်သူများ စားဝတ်နေရေး ကြပ်တည်းမှုနှင့် ကြုံတွေ့နေကြသည်။ ဒေသခံလက်ဖက်တောင်သူများ၏ အဓိကအားထားရာအချိန်၌ သဘာဝဘေးအန္တရာယ် ဒဏ်ကိုခံလိုက်ရခြင်း၊ လက်ဖက်တငွ် အ၀ါရောင်ဆိုးဆေးများပါဝင်နေသည်ဟု မြန်မာစစ် အစိုးရမှ ကြေညာလိုက်ခြင်းတို့ကြောင့် လက်ဖက်တောင်သူများအနေနှင့် ပိုမို၍ဒုက္ခရောက် ကြရသည်ဟု ပလောင်(တအာင်း)ကျောင်းသားနှင့် လူငယ်များအစည်းအရုံး က သုံးသပ်ပြောဆိုသည်။

ရန်ကုန်ရပ်ကွက်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ သတိပေးချက်များ အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော် ရန်ကုန်မြို့တော်လူနေထူထပ်သော မြို့နယ်များရှိ ရပ်ကွက်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါသတိပေးချက် များကို သက်ဆိုင်ရာ ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီများက အသံချဲ့စက်ဖြင့် ကြေညာပြီး ရောဂါကာကွယ်ရေးနှိုးဆော်လျက်ရှိကြောင်း မရမ်းကုန်းမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးမှ သိရှိရသည်။ မတ်လမှစပြီးရန်ကုန်တိုင်းသာကေတမြို့နယ်တငွ် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုကြောင့် သာကေတ၊ ဒေါပုံ၊သင်္ဃန်းကျွန်း၊ မရမ်းကုန်အပါအဝင်မြို့နယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါသတိပေးနှိုးဆော်ချက်လိုက် လံကြေညာခြင်းဖြစ်ကြောင်း ထိုသို့ကြေညာမှုက ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်ပြီးလူအများ သတိပြုရန် လိုအပ်သောအနေအထားရောက်ရှိနေသည်ကို မီးမောင်းထိုးပြနေခြင်းဖြစ်ကြောင်း မရမ်းကုန်းမြို့နယ်မှရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်တစ်ဦးက ပြောကြားသည်။ ဝမ်းပျက်ဝမ်းလျှောရောဂါသည် မိုးရာ သီတိုင်း ဖြစ်ပွားလေ့ရှိသည့်ရောဂါဖြစ်ပြီးလူအများ၏ ကျန်းမာရေးအသိပညာအားနည်းမှုကြောင့်ဖြစ်ပွားခြင်းဖြစ် ကြောင်း၊ သာမန် ဝမ်းပျက်ဝမ်းလျှော ရောဂါသည် E.coil ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပြီး ပြင်းထန်သော ကာလ ဝမ်းရောဂါမှာ Vibrio ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေါက်တာမြင့်ဦးက ဆိုသည်။ “ဝမ်းပျက်ဝမ်းလျှောရောဂါရလာရင်နီးစပ်ရာကျန်းမာရေးဌာနဆီသွားပြတာအကောင်းဆုံးပဲ။ကိုယ့်ဘာသာကိုယ် သောက်မယ်ဆိုရင်လည်း ၂၄နာရီကျော်လို့မသက်သာရင်ဆေးခန်းကိုပြရမယ်။ ၇၂နာရီကျော်လို့ မသင်္ကာရင်အ သက်အန္တရာယ် ထိခိုက်နိုင်လို့ပါ” ဟု၎င်းကရှင်းပြကြောင်း ၂၀၀၉ခုနှစ် ဧပြီလ ၂၇ရက်နေ့ထုတ် The Voice ဂျာ နယ်တင်ွဖော်ပြထားပါသည်။ လယ်စာရင်းငှားများစာချုပ်တငွ် မုန်တိုင်းလွတ်ရာ ရွှေ့ပြောင်းပေးရေး ထည့်သငွ်းချုပ်ဆို 25/Apr/2009 ယခုနှစ်မုတ်သုံရာသီ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက်ငှားရမ်းသည့်စာရင်းငှားလယ်လုပ်သားငှား ရမ်းသည့် သဘောတူညီချက် စာချုပ်တငွ် မုန်တိုင်း သတင်းကြားလျှင် လယ်ပိုင်ရှင်အနေဖြင့် ဘေးလွတ်ရာသို့ တာဝန်ယူရွှေ့ပြောင်းပေးရမည်ဆိုသည့်သဘောတူညီချက်ကိုပါထည့်သငွ်းချုပ်ဆိုကြကြောင်းလပွတ္တာမြို့နယ် ဘီတွတ်ကျေးရွာမှလယ်သမားကြီးတစ်ဦးကပြောကြားသည်။ ၄င်းအနေဖြင့်လယ်ဧက၁၀၀ခန့်လုပ်ကိုင်ရန်ရှိပြီး စာရင်းငှား ခြောက်ဦးခန့်လိုအပ်ကြောင်း စာရင်းငှားအလွယ်တကူ မရသဖြင့် တစ်ဦးလျှင် လယ်တစ်ခွက် (တစ် ဧကကျော်) တစ်ရာသီလုပ် ကိုင်စားသောက်ခွင့်ပေး၍ ငှားရကြောင်းထို့အပြင်မုန်တိုင်း ရှိကြောင်းသတင်းကြား

လျှင်ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးရမည့်သဘောတူညီချက်ပါထည့်သငွ်းချုပ်ဆိုရကြောင်း၎င်းကဆက်လက် ရှင်းပြသည်။ ပုံမှန်အားဖြင့် စာရင်းငှားများဖြင့် စာချုပ်ချုပ်ဆိုရာတွင်ကြိုတင်ငွေမည်မျှထုတ်ပေးမည်၊မည်သည့် ကာလအထိ လုပ်ကိုင်ရမည်၊ နယ်ပြီးလှေ့ပြီးအထိလုပ်ကိုင်ပေးရမည်စသဖြင့် လယ်ပိုင်ရှင်များကချုပ်ဆိုလေ့ရှိ ကြောင်း ယခင်က တစ်ရာသီလုံးအတွက် စားစရိတ် အပါအဝင် ကျပ်လေးသောင်းပေးရကြောင်း၊ ယခုနှစ်တငွ် စားစရိတ်အပါအဝင် စပါးတင်းလေးဆယ်ကျော်ခန့် ပေးငှားသော်လည်း စာရင်းငှားရရန် မလွယ်ကြောင်း စပါး တင်းလေးဆယ်မှာ ကျပ်တစ်သိန်းခွခဲ န့်ရှိကြောင်း၎င်းကဆိုသည်။ ပြီးခဲ့သည့်နာဂစ်မုန်တိုင်းဒဏ်ကြောင့် သေ ဆုံးရသူအများစုတငွ် ခွက်ကောက်ခေါ်ကျပန်းလုပ်သားများနှင့် လယ်စာရင်းငှားများ ပါဝင်ကြောင်း၊ အကာအ ကွယ်မဲ့ လယ်ကငွ်းပြင်ကြီးထဲတငွ် နေထိုင်ကြရပြီးတစ်ဦးတည်းဆိုလျှင်အကြောင်းမဟုတ်သော်လည်း မိသား စုများကလေးများပါ၍ လေတိုက်မည်ဆိုလျှင် စိုးရိမ်ရကြောင်းမောင်ငယ်ချောင်းရွာမှစာရင်းငှားတစ်ဦးကပြော ကြားကြောင်း ၂၀၀၉ခုနှစ် ဧပြီလ ၂၇ရက်နေ့ထုတ် The Voice ဂျာနယ်တင်ွဖော်ပြထားပါသည်။ နယ်စပ် အငြင်းပွားမှု နစကနှင့် ဘီဒီအာရ် တွေ့ဆုံ 4/24/2009 တာကလူး မြန်မာဘက်မှ နတ်မြစ်ကမ်းခြေ တလျောက်တငွ် တည်ဆောက်နေသော ခြံစည်းရိုး ကာရံမူ အပေါ် ဖြေရှင်းနိုင်ရန် မြန်မာနှင့် ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံ နယ်ခြား စောင့်တပ်ဖွဲ့ များသည် ကြာသပတေးနေ့က တောင်ပြို နစကစခန်းတွင် တွေ့ဆုံပြီး အလံတင် ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပ ပြုလုပ်ခဲ့ကြသည်။ ဆွေးနွေးပွသဲို့ မြန်မာဘက်မှ နစကနယ်မြေ(၃) နယ်မြေမှူး ဗိုလ်မှုးသန်းဌေး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ နှင့် ဘင်္ဂလာဒေ့ရှ်ဘက်မှ ဘီဒီအာတပ်ရင်း(၁၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဆ(ခ်)၀ပ်ဟူဆိန်းဦးဆောင် သော ဘင်္ဂလာ ကိုယ်စားလှယ် အဖွဲ့ တို့ တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွမှဲာ တစ်နာရီကြာမြှင့် သော်လည်း တစုံတရာ ပြေလည်မူ မရရှိခဲ့ကြောင်း နစက သတင်း ရပ်ကွက်က ပြောသည်။ မြန်မာဘက်မှ ခြံစည်းရိုးကာရံရန် နယ်စပ် (ဇီရို) မျဉ်းကြောင်းမှ ကိုက် ၈၀ အတွင်း တာရိုးများ တည်ဆောက်နေသည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့ပြီး ဘင်္ဂလာဒေ့ရှ်ဘက်မှ ကန့်ကွက်မူများ ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ နှစ်နိုင်ငံ အလံတင် အစည်းအဝေး ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယခုကဲ့သို့ နယ်စပ်တငွ် မြန်မာဘက်မှ တာရိုးများ တည်ဆောက်နေမူနှင့် ပတ်သက်ပြီး နှစ်ဘက် နိုင်ငံအကြား သဘောတူညီမူ မရသဖြင့် နှစ်နိုင်ငံနယ်စပ် အခြေအနေမှာ ပြန်လည် တင်းမာ လာခဲ့သည်။ ထိုဆွေးနွေးပွဲတငွ် မြန်မာနစကဘက်မှ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများ၏ ၁၉၉၈-ခု သဘောတူညီချက် အတိုင်း ဆည်တည်ဆောက်နေခြင်းဖြစ်ကြောင်း တင်ပြခဲ့ကြပြီး၊ ဘင်္ဂလာဒေ့ရှ်ဘီဒီအာဘက်မှ ယခု တာရိုး တည်ဆောက်နေခြင်းမှာ နယ်ခြားမျဉ်းမှ ကိုက် ၅၀ အတွင်းတွင် ရှိနေသဖြင့် အဆိုပါ ကိစ္စကို ဖြေရှင်းရန်အတွက် ရက်အနည်းငယ်ကြာ ရပ်ဆိုင်းထားရန် တောင်းဆိုတင်ပြခဲ့သည်ဟု သိရသည်။ အဆိုပါဆည်ကို မောင်တော စည်ပင်မှ တည်ဆောက် နေခြင်းဖြစ်ပြီး၊ မည်သည့် လက်နက်ကိုင် အဖွဲ့ အစည်းမှ တည်ဆောက်နေခြင်း မဟုတ်ကြောင်း၊ ဘင်္ဂလာဒေ့ရှ်အနေနှင့် လွန်ကဲစွာ မပြုမူသင့်ကြောင်းကို နစကမှ ဘီဒီအာအား သတိပေး ပြောကြားခဲ့သည်ဟု ဘင်္ဂလာမှ သတင်းတရပ်တငွ် ဖေါ်ပြသည်။ မြန်မာနှင့် ဘင်္ဂလာနယ်စပ်မှာ ကီလိုမီတာ (၃၀၀) ကျော်ရှည်လျားပြီး အများဆုံးအပိုင်းကို နတ်မြစ်က ပိုင်းခြာထားသည်။ မျက်မြင်သက်သေများ၏အဆိုအရ အဆိုပါဆည်ကို နယ်စပ်ခြံစည်းရိုး ကာရံရန် အတွက် တည်ဆောက်နေခြင်း ဖြစ်ပြီး လွန်ခဲ့သောရက်အနည်းငယ်အတွင်း ပေ (၃၀၀)ကျော် တည်ဆောက် ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သောနှစ် နိုဝင်္ဘာလတွင် မြန်မာဘက်မှ ရေနံနှင့် သဘာဝဓါတ်ငွေ့ရှာဖွေရန် ဘင်္ဂလာဒေ့ရှ် ရေပိုင်နက် အတွင်းသို့ ချင်းနင်းဝင်ရောက်ခဲ့သည်ဟု ဘင်္ဂလာက စွပ်စွဲမူ ပေါ်ပေါက်ပြီး နောက်ပိုင်း အခင်းဖြစ်ရာ နေရာသို့ ရေတပ် စစ်သင်္ဘောများ စေလွှတ်ခဲ့ကြသည်ထိ နှစ်နိုင်ငံအကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။ သို့သော်လည်း သံတမန်နည်းဖြင့် ဖြေရှင်းခဲ့ကြသဖြင့် ပြဿနာမှာ နောက်ပိုင်းတွင် တစ်စုံတစ်ရာ ပြင်းထန်မူ မရှိဘဲ ပြေငြိမ်းသွားခဲ့သည်။ နတ်မြစ်ကမ်းမှ ပုသင်ွဓါတ် စေတီပွေဲ တာ် လူပေါင်း ထောင်ချီ၍ ပါဝင် ဆင်နွဲ 4/25/2009

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နတ်မြစ်ကမ်းခြေတွင် တည်ရှိသော ဘုရားရှင် ဓါတ်တော် သုံးဆူတငွ် နောက်ဆုံး လက်ကျန် ဓါတ်တော် တဆူ ဖြစ်သော ပုသင်ွဓါတ်တော် စေတီပွဲကို ဧပြီလ ၂၁ ရက်နေ့ကျင်းပရာ ဗုဒ္ဓဘာသာဝင် ထောင်ချီ၍ ပါဝင် ဆင်နခွဲ့သည်။

ဦးဆောင် စီစဉ်သူ တဦးဖြစ်သူ ကိုဘုဘုက �ရခိုင်၊ မာရမာကြီးနဲ့ ဒိုင်းနက် စတဲ့ ဗုဒ္ဓဘာသာဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံက လာတဲ့ ဘုရားဖူးသူတွေလည်း ရှိပါတယ်။� ဟု ပြောသည်။ ပုသင်ွဓါတ်တော် စေတီပွဲကို ယခင်က နှစ်စဉ် နှစ်တိုင်း သင်္ကြန်အလွန် ဧပြီလ ၂၁ ရက်နေ့တွင် ကျင်းပခဲ့သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်က စပြီး ဘုရားပွေဲ တ်ာကို မကျင်းပနိုင်ဘဲ ရှိနေခဲ့ရာမှ နတ်မြစ်ကမ်းခြေရှိ ရခိုင်ကျေးရွာများမှ လူငယ်များ၏ ဦးဆောင်မူဖြင့် ပြန်လည် ကျင်းပနိုင်ခဲ့ရာ ယခုအခါ လေးကြိမ်မြှောက် ဖြစ်ကြောင်း သိရသည်။ သက်တော် ၈၃ နှစ် ၀ါတော် ၆၃ ၀ါရှိ ရခိုင်မာရမာ သံဃာကောင်စီ ဥက္ကဌ မြစ်နားရွာ ဆရာတော် ဦးပဏ္ဍိတက ပုသင်ွဓါတ်တော် စေတီနှင့် ပတ်သက်ပြီး အောက်ပါအတိုင်း မိန့်ကြားသည်။ �စေတီတော်ရဲ့ သက်တမ်းက နှစ်ပေါင်း ၂၀၀ ကျော်ရှိပါပြီ။ ရခိုင်ပြည် ရမ်းဗြဲဘက်က လာတဲ့ လှေသမားတွေ တောင်ပေါ်မှာ ဓါတ်တော် ကွန့်မြူးနေတာကို တွေ့ တော့ အနီးအနားက ရခိုင် ကျေးရွာတွေက လူတွေကို ပြောတယ်။ တောင်ပေါ်မှာ ဘုရားရှင် ဓါတ်တော်ကွန့်မြူးနေတာကို တွေ့တယ်။ သူကြီးရွာက ရွာသားတွေနဲ့ လှေသမားတွေသွားရှာတော့ ဓါတ်တော်ကို တွေ့တယ်။ ပထမတော့ ရွံ့နဲ့ စေတီတော်ကို တည်တယ်။ ဒါပေမယ့် ရေရှည်ခံမှာ မဟုတ်တဲ့ အတွက် စေတီတော်က မြောက်ဘက် (၄) မိုင်အကွာမှာ ရှိတဲ့ မြစ်နားရွာက လူကြီး ဦးရဲဘော်ဦး သော်ဒလီက ကျောက်တွေကို အသုံးပြုပြီး စေတီတော်ကို ပြန်တည်ဆောက်ခဲ့တာ ဖြစ်တယ်။ သမိုင်းအစဉ်အလာအရ ဘုရားရှင်ဟာ ပုသင်ွမင်း ဖြစ်စဉ်က အေးဒီတောင်ပေါ်မှာ ကျင်လည်ကျက်စားခဲ့တဲ့အတွက် ဒါကို အစွဲပြုပြီး ပုသင်ွဓါတ်စေတီလို့ အမည်တင်ွတယ်လို့ သိရတယ်။� ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက်မြို့နယ် နတ်မြစ်ကမ်းခြေတွင် ယခင်က ပုသင်ွဓါတ် စေတီတော် အပါအ၀င် ကိန္ဒရာ ဓါတ်စေတီနှင့် ငန်းတော်ဓါတ်စေတီ များတည်ရှိခဲ့သော်လည်း မသမာသူများ လက်ချက်ကြောင်း အဆိုပါ စေတီတော်နှစ်ဆူမှာ ပြိုပျက်သွားခဲ့ရပြီး ယခုအခါ ပုသင်ွဓါတ် စေတီတော် တဆူသာ ကျန်ရှိနေသည်။ အဆိုပါ ကျန်ရှိနေသော စေတီတော် အနီး ပတ်ဝန်းကျင် အားလည်း ကျူးကျော်သူများက သိမ်းပိုက်ပြီး အိမ်ယာများ ဆောက်လုပေ် နသဖြင့် စေတီတော် ရေရှည်တည်တံ့ရေးမှာ ခြိမ်းခြောက်ခံနေရသည်ဟု သိရသည်။ �အစိုးရနဲ့ ဌာနဆိုင်ရာတွေ ကာကွယ်ပေးမူကြောင့် စေတီတော်က မပြိုမပျက် တည်ရှိနေတာ ဖြစ်ပါတယ်။ ဘုရားဝန်းကျင်က မြေတွေကတော့ ကျူးကျော်သူတွေ လက်ထဲ ရောက်သွား ပါပြီ။ ဘင်္ဂလာဒေခ်ျ့မှာက ဘုရားကျောင်းကန် စေတီ မြေနေရာတွေကို ပိုင်ရှင်နာမည် မရှိဘဲ အများပိုင်မြေ အဖြစ် ထားခဲ့ကြတဲ့ အတွက် ကျူးကျော်သူတွေ အနေနဲ့ ၀င်ရောက် အိမ်ယာ ဆောက်လုပ်ဖို့ သိပ်လွယ်ကူပါတယ်။ တရားရုံးမှာ တရားဆိုဖို့ဆိုတာကလည်း စီးပွားရေး အဆင်မပြေတဲ့ ရခိုင်တွေအဖို့ ဒီနေ့ခေတ်မှာ သိပ်မလွယ်ကူဘူး။ ဘာဘဲ ဖြစ်ဖြစ် ပြိုပျက်သွားတဲ့ စေတီတော်တွေကို ဆက်လက် ပြန်တည်ဆောက်သွားဖိုကအတွက် ကျနော် လုံးပန်းထုတ် ကြိုးစားနေပါတယ်။ ဟု ကိုဘုဘုကပြောသည်။ ယခုနှစ်ဘုရားပွေဲ တ်ာအတွက် နိုင်ငံတကာနှင့် ဘင်္ဂလာဒေခ်ျ့ရှိ ဗုဒ္ဓဘာသာဝင်များမှ တာကာငွေ တသိန်းလေးသောင်းကျော် ထည့်ဝင် လှူဒါန်းခဲ့ပြီး ကုန်ကျငွေမှာ တသိန်းနှစ်သောင်းခန့် ရှိသည်ဟု စေတီတော် ဘဏ္ဍာရေးမှူးက ပွေဲ တ်ာအတွင်း ဘုရားဖူးလာသူများအား

ရှင်းလင်း ပြခဲ့သည်။ ခြံစည်းရိုးကာရံရန် ရောက်ရှိနေသော စစ်အင်ဂျင်နီယာ တပ်ဖွဲ့ ၀င်များနှင့် ဒေသခံများအကြား ရိုက်ပွဲ ဖြစ်ပွား 4/24/2009 မောင်တောမြို့နယ်တငွ် ခြံစည်းရိုးကာရံရန် ရောက်ရှိနေသော စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ စစ်သားများနှင့် ဒေသခံများ အကြား ရိုက်ပွဲ ဖြစ်၍ အများအပြား ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိသည်။ အမည်မဖေါ်လိုသူ ရခိုင် အရပ်သား တဦးက “သူတို့ ရန်ပွဲ ဖြစ်တာက မနေ့က နံနက် ၉ နာရီမှာ ဖြစ်တာပါ။ တနာရီခန့် ကြာပါတယ်။ နှစ်ဘက်စလုံးက ဒဏ်ရာတွေ ရကြတယ်လို့ သိရပါတယ်” ဟု ပြောသည်။ ရန်ပွဲ ဖြစ်ပွားရာ ကျေးရွာမှာ သဲချောင်းဖြစ်ပြီး စစ်သားများမှ အရပ်သားများပိုင်ဆိုင်သော ပုဇွန်မွေးမြူရေး ကန်များမှ ပုဇွန်များကို ခွင့်ပြုချက် မရှိဘဲ ၀င်ရောက် ရှာဖွေရာမှ ရန်ပွဲ စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ “သဲချောင်းဆိုတာက မူဆလင် ဘာသာဝင်တွေ နေထိုင်တဲ့ ကျေးရွာ တရွာ ဖြစ်ပါတယ်။ အဲဒီ ကျေးရွာ အနီးတ၀ိုက်မှာ ပုဇွန်ကန်တွေ အများကြီးရှိပါတယ်။ ခုလို အရပ်သားတွေပိုင်တဲ့ ပုဇွန်ကန်တွေက ပုဇွန်တွေကို စစ်သားတွေက ခွင့်ပြုချက်မရှိဘဲ ဖမ်းယူ စားသောက်နေတာက စစ်သားတွေ ရောက်လာတဲ့ ကတည်းကလို့ သိရပါတယ်။ ကျေးရွာသားတွေက တားပေမယ့် မရတာကြောင့် နောက်ဆုံး ခိုက်ရန် ဖြစ်ပွားတဲ့ အထိ ရောက်ရှိသွားရတာ ဖြစ်ပါတယ်။” ဟု ပြောသည်။ အဆိုပါ ပုဇွန်ကန်များမှာ အရပ်သားများ အနေဖြင့် အစိုးရထံမှ သိန်းရာချီပေးပြီး ဌားရမ်းထားရသော ပုဇွန်ကန်များ ဖြစ်ပြီး ယခုကဲ့သို့ စစ်သားများမှ မတရား ဖမ်းယူနေသဖြင့် စီးပွားရေး ထိခိုက်လာရာမှ မခံမရပ်နိုင်ဖြစ်ပြီး ပုဇွန်ဖမ်းသော စစ်သားများကို ဒေသခံများက တိုက်ခိုက်ရာမှ ရန်ပွဲ စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ၎င်းပြင် နယ်စပ်တငွ် ခြံစည်းရိုးကာရံရန် ရောက်ရှိနေသော စစ်သားများမှာ ရိက္ခာ အလုံအလောက် မရသဖြင့် လူထုထံမှ ကြက်များကို အတင်းတောင်းခြင်းနှင့် ဟင်းသီး ဟင်းရွက်များကို ခွင့်ပြုချက် မရှိဘဲ စိုက်ပျိုးခင်းများသို့ ၀င်ရောက်ပြီး ခူးယူခြင်းများကို ပြုလုပ်လျက်ရှိသည်ဟု သိရသည်။ ရန်ပွဲတငွ် ထိုခိုက်ဒဏ်ရာ ရရှိခဲ့သော စစ်သားများကို မောင်တော ဆေးရုံသို့ ယူဆောင်လာခဲ့သည်ဟု သတင်း ရရှိသော်လည်း မောင်တော ဆေးရုံသို့ ဖုံးအဆက်အသွယ် မရသဖြင့် ဆေးရုံသို့ ပို့သည်ဟူသော သတင်းကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ANTI-SANCTIONS ဘာလဲ၊ ဘယ်လဲ မောင်ရွှေ ဧပြီ ၂၅၊ ၂၀၀၉

" - - - - Sanction လက်နက်ဟာ သင့်လျော်တဲ့ Policy Instrument မဟုတ်ဘူး ဆိုရင် ပိုကောင်းမယ့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ပြီး ကိုယ်တိုင်လည်းကျင့်သုံး၊ အိုဘားမားအစိုးရကိုလည်း အချက်အလက်နဲ့ တင်ပြကြဖို့ တာဝန်က မြန်မာ့ ဒီမိုကရေစီ အရေး လိုလားသူများရဲ့ တာဝန်ဖြစ်ပါတယ်။ မိတ်ဆွေတွေပျက် အင်အားတွေ ပြုန်းတီးသွားရလောက်အောင် အကြီး အကျယ် ငြင်းခုံကြရမယ့် ကိစ္စတစ်ခု မဟုတ်ဘူး- - - -"

ယခုတလော အမေရိကန် အစိုးရရဲ့ မြန်မာ စစ်အစိုးရ အပေါ် ဒဏ်ခတ် အရေးယူမှုများကို ဝေဖန်သံတွေနဲ့အတူ anti-sanction campign တွေ အရှိန်မြင့်ဖို့ ကြိုးစားနေကြတာ တွေ့မြင် ကြားနေရပါတယ်။ အစကနဦးပိုင်း ဝေဖန်မှုများမှာ “U.S Sanctions တွေဟာ ထိရောက်မှု မရှိနိုင်ဘူး၊ မရည်ရွယ်တဲ့ အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်တယ်၊ အမေရိကန် အစိုးရအနေနဲ့ ဒီ sanctions ကိစ္စတွေကို ပြန်လည် သုံးသပ်ဖို့လိုတယ်” ဆိုတဲ့ အသံတွေ ကြားခဲ့ရပါတယ်။ ယခု နောက်ပိုင်းမှာတော့ US sanctions ကို အပြည့်အဝ ထောက်ခံနေတဲ့ NLD ကို ပြစ်မှတ်ထား ရှုတ်ချတဲ့ လှုပ်ရှားမှုတွေ၊ စာတမ်း၊ စာစောင်တွေကို ပြည်တငွ်း/ပြည်ပ နှစ်နေရာစလုံးမှာ မြင်တွေ့လာရပါတယ်။ ဒီတော့ Sanction တွေဘာ ကြောင့် လုပ်ထားတာလဲ၊ Anti-sanction တွေ ဘာကြောင့် ပြန်လုပ်ရတာလဲ၊ ဘယ်ကိုဦးတည်နေတာလဲ၊ NLD က ဘာလို့ ပစ်မှတ်ဖြစ်လာတာလဲ စသဖြင့် တွေးမိပါတော့တယ်။ ဒဏ်ခတ် အရေးယူမှုကို လေ့လာ သုံးသပ်မှုတဲ့ အခါမှာ ဆက်စပ်နေတဲ့ ကွင်းဆက်များ အားလုံးကို လေ့လာမှ ဖြစ်ကြောင်းကုန်စင် သိနိုင်မှာ ဖြစ်သလို မိမိရဲ့ ရပ်တည်ချက် ဘယ်လိုရှိသင့်တယ် ဆိုတာလည်း ကိုယ်ပိုင်အတွေးနဲ့ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ အမေရိကန်ရဲ့ အမျိုးသားရေး အကျိုးစီးပွား၊ ဒါကို အခြေခံတဲ့ အမေရိကန်အစိုးရရဲ့ မြန်မာပြည်ရေးရာ မူဝါဒ၊ အဲဒီ မူဝါဒပါ ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ အကောင်အထည် ဖော်တဲ့ နည်းလမ်းများ၊ စတာတွေဟာ စစ်အစိုးရအပေါ် ဒဏ်ခတ် အရေးယူမှုများနဲ့ ဆက်စပ်နေတဲ့ ကွင်းဆက်များဟာ ထည့်သငွ်း လေ့လာရမယ့် အချက်များ ဖြစ်လာပါတယ်။ အမေရိကန်ရဲ့ အမျိုးသားရေး အကျိုးစီးပွား အကျဉ်းချုပ် ဆိုရရင် လွတ်လပ်မှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ လုံချြုံမှု၊ အခြေခံ လိုအပ်ချက်များ ပြည့်စုံကြွယ်ဝမှု၊ ခိုင်မာ တောင့်တင်းတဲ့ စီးပွားရေး၊ သာယာတဲ့ လုပ်ငန်းခွင်၊ မြင့်မားတဲ့ ဘဝ အရည်အသွေး၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပတ်ဝန်းကျင်၊ နိုင်ငံတကာ မိသားစုနဲ့ အတူအကွ ပူးပေါင်း ဆောင်ရွက်မှု စတဲ့အချက်များဟာ အမေရိကန် ပြည်သူတွေ အတွက် အရေးပါတဲ့ အကျိုးစီးပွားတွေ၊ တနည်းအားဖြင့် အမျိုးသားရေး အကျိုးစီးပွား National Interest တွေ ဖြစ်ပြီးတော့ အမေရိကန်နိုင်ငံရဲ့ ပြည်ပရေးရာမူဝါဒတွေ ချမှတ်မှုအပေါ် လွှမ်းမိုးနေတဲ့ အချက်များပဲ ဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့ မြန်မာပြည်နဲ့ပတ်သက်တဲ့ ရှုမြင်ချက် အမေရိကန် ကွန်ဂရက်ကို တင်ပြတဲ့ မူဝါဒေရေးရာ စာစောင် စာတမ်းများက ဖော်ပြချက်များကို ကြည့်ရင် မြန်မာပြည် အရေးနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ အကျိုးစီးပွားကို အခြေခံတဲ့ ရှုမြင်ချက်များကို နိုင်ငံအဆင့်နဲ့ ဒေသဆိုင်ရာ အဆင့်အဖြစ် နှစ်မျိုး ခွဲခြားနိုင်ပါတယ်။ နိုင်ငံအဆင့်အနေနဲ့ ၁၉၆၂ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တိုင်းပြည်ရဲ့ စီးပွားရေး ယိုယငွ်းကာ နိုင်ငံသားများဒုက္ခ ရောက်ခဲ့ရတယ်၊ ၁၉၈၈ မှာ ကျောင်းသားများ စတင် ဦးဆောင် ခဲ့တဲ့ တိုင်းပြည်ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီရေး လှုပ်ရှားမှုကိုလည်း စစ်အာဏာရှင်များက အင်အားသုံး ဖြိုခွဲခဲ့ကြတယ်၊ ဒီနောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ NLD ပါတီဟာ အဓိက အတိုက်အခံ အဖွဲ့အစည်းအဖြစ် မြန်မာ့ နိုင်ငံရေး နယ်ပယ်မှာ

ပေါ်ထွန်းလာတယ်၊ ၁၉၉ဝ အထွေထွေ ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ် အနိုင်ရခဲ့ ပေမယ့် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အပါအဝင်

ရွေးကောက်

တင်မြောက်ခံအမတ်များ၊

အတိုက်အခံ

နိုင်ငံရေး

သမားများကို

ဖမ်းဆီး

ထိန်းသိမ်းခြင်း၊

နှစ်ရှည်

ထောင်သငွ်း

အကျဉ်းချခြင်းများဖြင့် တုံ့ပြန်ခဲ့တယ်၊ ၂ဝဝ၇ခုနှစ်မှာ လောင်စာဆီဈေးနှုန်း ကြီးမြင့်မှုက အစပြုလို့ အထွေထွေ စီးပွားရေး ကြပ်တည်းလာမှုအပေါ် ငြိမ်းခြမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ ရဟန်းသံဃာများကို အင်အားသုံး ဖြိုခွဲနှိမ်နှင်းခဲ့တယ်၊ စတဲ့ ရှုမြင်သုံးသပ်ချက်များကို တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့

မူးယစ်ဆေးဝါး

ပြဿနာများ၊

နေရပ်ကို

စွန့်ခွာထွက်ပြေးနေရတဲ့

ဒုက္ခသည်ပြဿနာများ၊

HIV/AIDS

အစရှိတဲ့

ကျန်းမာရေးဆိုင်ရာ ပြဿနာများ၊ လက်နက်ကိုင် တော်လှန်ရေးများ အပါအဝင် လုံခြုံရေးဆိုင်ရာ ပြဿနာ များကိုတော့ ဒေသအဆင့်ကို ခြိမ်းခြောက်နေတဲ့ ပြဿနာများအဖြစ် ရှုမြင်သုံးသပ်ထားတာ တွေ့ရပါတယ်။ အမေရိကန်အစိုးရရဲ့ မြန်မာပြည်ဆိုင်ရာမူဝါဒရဲ့ ရည်ရွယ်ချက်များ အမေရိကန်အစိုးရက သူ့ရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒပါ ရည်မှန်းချက်၊ ရည်ရယ်ွချက် အသီးသီးကို ချမှတ်ရာမှာ အထက်ပါ ရှုမြင်သုံးသပ်မှုများကို အခြေခံကာ ချမှတ်ထားတာ တွေ့ရပါတယ်။ ယေဘုယျ ရည်မှန်းချက် (Overall Policy Goal) အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီ နည်းကျတဲ့ ဖွဲ့စည်းမှု ပုံသဏ္ဍာန်တစ်ရပ် ဖြစ်ထွန်းလာဖို့၊ လူ့အခွင့်အရေးနဲ့ ဘာသာရေးဆိုင်ရာ လွတ်လပ်ခငွ့်များအပေါ် လေးစား တန်ဖိုးထားလာစေဖို့၊ UNHCRရဲ့ ကြီးကြပ် စောင့်ရှောက်မှုနဲ့အတူ ဒုက္ခသည်များ၊ နေရပ် ကို စွန့်ခွာထွက်ပြေးနေရသူများ ပြန်လည် အခြေချနိုင်စေဖို့၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး လုပ်ငန်းများမှာ ပူးပေါင်း ပါဝင် ဆောင်ရွက်လာနိုင်စေဖို့၊ ဒေသတွင်း တည်ငြိမ်မှုကို ဆောင်ကြဉ်းပေးနိုင်စေဖို့၊ ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ ပျောက်ဆုံးသွားကြတဲ့ အမေရိကန် ဝန်ထမ်းများ ရှာဖွေရေးမှာ အပြည့်အဝ တာဝန်ယူ နိုင်စေဖို့၊ HIV/AIDS အပါအဝင် ကူးစက်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်စေဖို့၊ လူကုန်ကူးမှုတွေ ပပျောက်စေဖို့၊ လုပ်အားပေး စေခိုင်းမှုများ ရပ်တန့်စေဖို့၊ မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း၊ ကူးသန်းရောင်းဝယ်ခြင်းများ တိုက်ဖျက်ရာမှာ ပိုမို ပူးပေါင်းဆောင်ရွက်စေဖို့ စတဲ့အချက်များကို သတ်မှတ်ထားပါတယ်။ မြန်မာပြည်ဆိုင်ရာ အမေရိကန်မူဝါဒရဲ့ ဦးတည်ရည်ရွယ်ချက်များ (Specific Objectives) ကတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦးတို့ အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ ချက်ခြင်း ပြန်လွှတ်ပေးဖို့၊ နိုင်ငံရေး အဖွဲ့အစည်းများအားလုံး ပါဝင်ကြတဲ့ အမျိုးသား

ပြန်လည်သင့်မြတ်ရေး

လုပ်ငန်းစဉ်များ

စတင်နိုင်ဖို့၊

ကုလ

သမဂ္ဂအဖွဲ့အစည်းများ၊

အစိုးရမဟုတ်သော

အဖွဲ့အစည်းများရဲ့

လူမှုဂရုဏာလုပ်ငန်းများအပေါ် ကန့်သတ်ချုပ်ချယ်ခြင်းများ ဖယ်ရှားနိုင်ဖို့၊ ကုလသမဂ္ဂရဲ့ တာဝန်ရှိသူများ လာရောက်ခြင်း၊ ခရီးသွားလာခြင်းများကို လက်ခံဖို့၊ တာဝန်ယူစေဖို့ စတဲ့ အချက်များ ဖြစ်ပါတယ်။ Sanctions ဆိုတာ Policy Instrument တစ်ခု မူဝါဒတစ်ခု ရေးဆွသဲ တ်မှတ်ပြီးပြီဆိုရင် အဲဒီမူဝါဒကို အကောင်အထည် ဖော်ဖို့အတွက် နည်းလမ်းတွေ (Policy Instruments) ရွေးချယ် သတ်မှတ် ကြပါတယ်။ အကြမ်းအားဖြင့် Policy instrument (၅)မျိုး ရှိပါတယ်။ ဆွေးနွေး၊ ဆွဲေ ဆာင်၊ စည်းရုံးတဲ့ “Advocacy” ဆိုတဲ့ နည်းလမ်း၊ မူဝါဒ အကောင်အထည်ဖော်မှုမှာ ပါဝင်နေတဲ့ အစိုးရဌာနများ၊ ပြည်တငွ်း/ပြည်ပရှိ အဖွဲ့အစည်းများအတွင်း ဆက်သွယ် ဆက်ဆံရေး လမ်းကြောင်းတွေ ပိုကောင်းအောင်လုပ်၊ ပူးပေါင်း ဆောင်ရွက်မှုတွေ မြင့်တင် ဆောင်ရွက်ကြတဲ့ “Network” ဆိုတဲ့ နည်းလမ်း၊ အခွန်အတုတ်များ လျော့ပေါ့/ တိုးမြင့် ကောက်ခံခြင်း၊ လိုအပ်တဲ့ ကဏ္ဍတွေမှာ လိုအပ်သလို ငွေကြေး သုံးစွဲခြင်း၊ ပံ့ပိုးပေးခြင်း စတဲ့ “Money” ဆိုတဲ့ နည်းလမ်း၊ အစိုးရဌာနများက လိုအပ်တဲ့ လုပ်ငန်းများ အသစ် တီတင်ွခြင်း သို့မဟုတ် တိုးချဲ့ ဆောင်ရွက်စေတဲ့ “အစိုးရက တိုက်ရိုက်ပါဝင်ဆောင်ရွက်တဲ့ နည်းလမ်း”၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းတွေ အသစ် ရေးဆွဲခြင်း၊ ပြင်ဆင်ပြောင်းလဲခြင်း၊ အမိန့်ကြေညာချက်များ ထုတ်ပြန် လိုက်နာစေခြင်း ဆိုတဲ့ “ဥပဒေနည်းလမ်း”၊ အစရှိတဲ့ နည်းလမ်း (၅)သွယ်နဲ့ အစိုးရများက သူတို့ရဲ့ မူဝါဒများကို အကောင် အထည် ဖော်ကြပါတယ်။ ဒီတော့ ယခု ဆောင်းပါးရဲ့

အဓိက

မြန်မာပြည်ဆိုင်ရာမူဝါဒပါ

အကြောင်းအရာဖြစ်တဲ့ ရည်ရွယ်ချက်၊

မြန်မာစစ်အစိုးရအပေါ်

ရည်မှန်းချက်တွေ

အောင်မြင်

ဒဏ်ခတ်

အရေးယူမှု

ပေါက်မြောက်စေဖို့

ဆိုတာဟာ

ဆောင်ရွက်

နေတဲ့

အမေရိကန် Policy

အစိုးရရဲ့ instrument

အမျိုးမျိုးအနက်က “ဥပဒေ” အသုံးပြု အကောင်အထည် ဖော်တဲ့ နည်းလမ်းတစ်ခုသာ ဖြစ်ပါတယ်။ အမေရိကန်အစိုးရနဲ့ Sanction လက်နက် … တကယ်တမ်းကျတော့ Sanctions ဆိုတဲ့ Policy Instrument ဟာ အမေရိကန် အတွက် အသစ်အဆန်းတစ်ခု မဟုတ်ပါဘူး၊ ဒုတိယကမ္ဘာစစ် ကာလအတွင်းမှာ ဝန်ရိုးတန်းနိုင်ငံများအပေါ် ပိတ်ဆို့ အရေးယူမှု၊ ဒဏ်ခတ်မှုများ စီစဉ်ဆောင်ရွက်ခဲ့တဲ့ သမိုင်းနဲ့ အတွေ့အကြုံတွေ ရှိခဲ့ပြီးဖြစ်ပါတယ်။ ၁၉၆ဝ၊ ၁၉၇ဝခုနှစ် များမှာ အမေရိကန်တစ်ဦးတည်းက ဆောင်ရွက်ခဲ့တဲ့ သို့မဟုတ် သူ့ မဟာမိတ်များနဲ့ စီစဉ်ဆောင်ရွက်ခဲ့ကြတဲ့ ဆိုဗီယက်ယူနီယံနဲ့ ဝါဆော စစ်အုပ်စု အဖွဲ့ဝင်တွေ၊ တရုတ်နဲ့ ကျူးဘား နိုင်ငံများအပေါ် ပိတ်ဆို့ အရေးယူမှုများဟာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်ခဲ့ကြတယ်လို့ ဆိုကြပါတယ်။ အောင်မြင်ရတဲ့ အဓိက အကြောင်းများကတော့ အဲဒီအချိန်က ကမ္ဘာနိုင်ငံရေး နယ်ပယ်မှာ အမေရိကန်က သူ့မဟာမိတ်များအပေါ် ဦးဆောင်နိုင်မှု အတိုင်းအတာ၊ သူ့ရဲ့ စီးပွားရေးကဏ္ဍနဲ့ လွှမ်းမိုးနိုင်တဲ့ ဓနအင်အားတွေကြောင့် လို့ ပညာရှင်များက သုံးသပ်ကြပါတယ်။ ဒါပေမယ့်

သမ္မတရီဂင်

လက်ထက်

၁၉၈၂ခုနှစ်မှာတော့

အမေရိကန်ရဲ့

Sanction

လက်နက်

ထိရောက်မှုမရှိ

ဖြစ်ခဲ့ရပါတယ်။

အဖြစ်အပျက်က ပိုလန်နိုင်ငံမှာပါ။ ကွန်မြူနစ်ပိုလန်အစိုးရက စစ်အုပ်ချုပ်ရေး ကြေညာပြီး Solidarity Trade Union ရဲ့ လှုပ်ရှားမှုများကို ပြင်းပြင်း ထန်ထန် နှိပ်ကွပ်လိုက်ပြီးတဲ့နောက်မှာ ပိုလန်နိုင်ငံအပေါ် အမေရိကန်က Sanction လက်နက် သုံးပါတော့တယ်။ ဒါပေမယ့် သူ့ရဲ့ အနောက်ဥရောပ မဟာမိတ်များက အပြင်းအထန် ဆန့်ကျင် ခဲ့ကြလို့ အဆုံးမတော့ အဲဒီ Sanction ကို သမ္မတရီဂင် ပြန်လည် ရုပ်သိမ်းလိုက်ရပါတယ်။ ဒီအဖြစ်အပျက်ကို ကြည့်ပြီး ပညာရှင် အများအပြားက အမေရိကန် အနေနဲ့ သူ့ရဲ့ Unilateral Sanction လုပ်နိုင်တဲ့ စွမ်းရည်တွေ ဆုံးရှုံးခဲ့ပြီ၊ အဓိက အချက်ကတော့ အမေရိကန် စီးပွားရေး အဖွဲ့အစည်းတွေ၊ ဘဏ်လုပ်ငန်းတွေရဲ့ ကမ္ဘာအနှံ့ ဖြန့်ကျက် လုပ်ကိုင်နိုင်စွမ်းဟာ အမေရိကန်အစိုးရရဲ့

ဥပဒေ လွှမ်းခြုံနိုင်မှု ပြင်ပကို အတိုင်းအတာတစ်ခုအထိ ရောက်နေခဲ့ပြီ၊ အမေရိကန်က သူ့ရဲ့ မဟာမိတ်များအပေါ် စီးပွားရေးအရ လွှမ်းမိုးနိုင်မှု အတိုင်းအတာလည်း ကျဆင်းသွားခဲ့ပြီလို့ သုံးသပ်ခဲ့ကြပါတယ်။ ဒီအပြင် ဥပဒေနယ်ပယ် အတွင်းမှာလည်း မေးခွန်းများ ပေါ်ပေါက်လာခဲ့ပါတယ်။ ပြည်ပအစိုးရများ နဲ့ ပူးပေါင်း လုပ်ကိုင်နေတဲ့ အမေရိကန် နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ အနေနဲ့ “အမေရိကန် ပြည်တငွ်းမှာ ရေးဆွဲထားတဲ့ ဥပဒေများကို ပြည်ပမှာ ဘယ်လောက် အတိုင်းအတာအထိ လိုက်နာသင့်ပါသလဲ” ဆိုတဲ့ မေးခွန်းပါပဲ။ အဲဒီနှစ်များကစပြီး ကျဆင်းသွားလိုက်တာ

အမေရိကန်ရဲ့

စစ်အေးကာလ

နိုင်ငံခြားရေးရာမူဝါဒများကို

အလွန်မှာတော့

ဒီ

Sanction

Sanction

လက်နက်ကို

Instrument တွင်တငွ်

သုံးပြီး

ကျယ်ကျယ်နဲ့

အကောင်အထည်ဖော်မှု ပြန်လည်

အသုံးပြုမှုကို

မြင်တွေ့လာရပါတယ်။ အသစ် ရေးဆွဲထားတဲ့ ဥပဒေများမှာ အမေရိကန်ရဲ့ နိုင်ငံစုံ ကော်ပိုရေးရှင်းများကို ရာဇဝတ်ကြောင်းအရ အရေးယူနိုင်တဲ့ အချက်များ ပိုမို ထဲ့သငွ်းလာသလို ပိတ်ပင်ထားတဲ့ နိုင်ငံတွေမှာ လုပ်ငန်းများ ဆောင်ရွက်နေတဲ့ နိုင်ငံခြား အဖွဲ့အစည်းများကိုပါ စီးပွားရေးအရ အရေးယူ ဒဏ်ခတ်နိုင်တဲ့ အချက်များကိုပါ ထည့်သငွ်း လာခြင်းဖြင့် အမေရိကန်တစ်ဦးတည်းက ဆောင်ရွက်တဲ့ Unilateral Sanctions များရဲ့ အာဏာစက် ပိုမိုကျယ်ပြန့် လာအောင် ဆောင်ရွက်ထားတာ တွေ့ရပါတယ်။ အမေရိကန်အစိုးရရဲ့ လက်ရှိ ဆောင်ရွက်နေဆဲ Sanctions များကို ကြည့်ရင် မြန်မာပြည် အပါအဝင် ကျူးဘား၊ မြောက်ကိုရီးယား၊ အီရန်၊ အီရတ်၊

ဆီးရီးယား၊

ဆူဒန်၊

ဇင်ဘာဘွေ၊

လစ်ဗျား၊

ဘော်လကန်အနောက်ပိုင်းက အချို့ ဒေသများ၊

အကြမ်းဖက်သမားနဲ့ အကြမ်းဖက်

အဖွဲ့အစည်းများ၊ စိန်နဲ့ ယူရေနီယမ် ကူးသန်းရောင်းဝယ်မှုများ၊ မူးယစ် ဆေးဝါး ထုတ်လုပ် ရောင်းဝယ်သူများ၊ လူအများ အစုလိုက် အပြုံလိုက် သေကြေ ဒဏ်ရာရစေမယ့် လက်နက်များကို ထုတ်လုပ် ရောင်းဝယ်နေသူများအပေါ် စီစဉ်ဆောင်ရွက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့ Burmese Sanctions Programme ၁၉၈ဝ-၉ဝ ခုနှစ်များက အသားအရောင် ခွဲခြားမှုစနစ်တွေ ချမှတ် ကျင့်သုံးနေတဲ့ တောင်အာဖရိက နိုင်ငံ အစိုးရကို ဒဏ်ခတ် ပိတ်ဆို့ အရေးယူတဲ့ လှုပ်ရှားမှုများရဲ့

အောင်မြင်မှုများက

ဒီ

Sanction

Instrument

ကို

မြန်မာနိုင်ငံအတွက်

အသုံးပြုဖြစ်စေဖို့

တွန်းအားပေးခဲ့တဲ့

နောက်ခံအချက်တစ်ခုလို့ ပြောနိုင်ပါတယ်။ စစ်အစိုးရရဲ့ အတိုက်အခံများအပေါ် ရက်ရက်စက်စက် နှိပ်ကွပ်မှု၊ လူ့အခွင့်အရေးကို တန်ဖိုးမထား၊ မလေးစားမှုတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည် အကျယ်ချုပ် ထိန်းသိမ်းထားတာတွေဟာ တောင်အာဖရိက လူဖြူအစိုးရက လူမည်းများအပေါ် ရက်စက်စွာ နှိပ်ကွပ်မှုများ၊ မင်ဒဲလားလို လူထုခေါင်းဆောင်တစ်ဦးအပေါ် ဆက်ဆံပုံများနဲ့ ထပ်တူညီလှပါတယ်။ ကုလသမဂ္ဂနဲ့အတူ နိုင်ငံတကာ အစိုးရများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများရဲ့ တောင်အာဖရိက အစိုးရ အပေါ် နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍများက စလို့ အားကစားနယ်ပယ် အဆုံး ပိတ်ဆို့ အရေးယူမှု ဒဏ်ခတ်မှုအသီးသီးက တောင်အာဖရိကရဲ့ လွတ်လပ်ရေး ရတဲ့ ၁၉၄၈ခုနှစ် ကတည်းက နိုင်ငံ့ပေါ်လစီ အဖြစ် တရားဝင်ရှိနေခဲ့တဲ့ အသားအရောင် ခွဲခြားတဲ့စနစ်ကို ၁၉၉၄ခုနှစ် ရွေးကောက်ပွဲမှာ နယ်လ်ဆင်မင်ဒဲလားက ပထမဆုံး လူမည်းသမ္မတအဖြစ် ရွေးချယ်ခံရစေခြင်းနဲ့အတူ အဆုံးသတ်စေခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့အတူ Sanction Instrument ရဲ့ အောင်မြင်မှု အသီးအပွင့်များကို မြင်တွေ့လာရတဲ့ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများက စစ်အစိုးရအပေါ်

နိုင်ငံတကာက

အရေးယူ၊

အပြစ်ဒဏ်ခတ်မှုများ

ဆောင်ရွက်ဖို့

နိုင်ငံတကာ

အစိုးရ

များကို

ဆော်သြခဲ့ကြပါတယ်။

အဲဒီလှုပ်ရှားမှုတွေက မြန်မာပြည်မှာ လာရောက် ရင်းနှီးမြှုပ်နှံထားကြတဲ့ Pepsi, Texaco နဲ့ Unocal လို ကုမဏ္ဍီကြီးများ အပါအဝင် အမေရိကန် စီးပွားရေးလုပ်ငန်း ၄ဝ ခန့် မြန်မာပြည်က စွန့်ခွာသွားဖို့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ၁၉၉၅ခုနှစ်မှာ အမေရိကန်ဆီနိတ်တာ Mitch McConnell တင်ပြခဲ့တဲ့ စစ်အစိုးရအပေါ် ဘက်စုံ ထောင့်စုံက ဒဏ်ခတ် အရေးယူရေး အဆိုပြုစာတမ်းက U.S Sanction to Burma လှုပ်ရှားမှုများကို ပိုမို ဆောင်ရွက်ကြဖို့ ဆော်သြလိုက်သလို ဖြစ်ခဲ့ရပါတယ်။ ဒဏ်ခတ် အရေးယူဖို့ လှုပ်ရှားမှုများကို အားဖြည့် ပေးလိုက်တာက ၁၉၉၆-၉၇ ခုနှစ်များအတွင်း NLD ပါတီခေါင်းဆောင်များနဲ့ ပါတီဝင်များ အပေါ် စစ်အစိုးရရဲ့ ပြင်းပြင်း ထန်ထန် နှိပ်ကွပ်မှုများ နဲ့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ အစိုးရများအား စစ်အစိုးရအပေါ် ပိတ်ဆို့ အရေးယူမှုများ ဆောင်ရွက်ကြဖို့ ဆော်သြလိုက်ခြင်းများပင် ဖြစ်ပါတယ်။ ၁၉၉၇ခုနှစ်၊ မေလမှာ အမေရိကန်သမ္မတက Foreign Operations, Export Financing and Related Programs Appropriations Act နဲ့ International Emergency Economic Powers Act ပါ လုပ်ပိုင်ခငွ့်များကို အသုံးပြုပြီး Executive Order (E.O) 13047 ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ရာက စလို့ ယနေ့ မြင်တွေ့ ကြားသိနေရတဲ့ Burmese Sanctions Programme အစပြုခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ၂ဝဝ၃ခုနှစ်၊ ဇူလိုင်လမှာတော့ Burmese Freedom and Democracy Act ကို အတည်ပြု ပြဌာန်းခဲ့ပြီး ယင်း ဥပဒေပါ လုပ်ပိုင်ခငွ့်များ အရ သမ္မတက E.O 13310 ကို ထုတ်ပြန်ခဲ့ပြန်ပါတယ်။ ၂ဝဝ၇ခုနှစ်၊ အောက်တိုဘာလမှာ E.O 13448 နဲ့ ၂ဝဝ၈ခုနှစ်၊ ဧပြီလမှာ E.O 13464 တို့ ထပ်မံ ထုတ်ပြန်ခဲ့ပါတယ်။ ၂ဝဝ၈ခုနှစ်၊ ဇူလိုင်လမှာ Burmese JADE (Junta’s Anti-Democratic Efforts) Act ကို အတည်ပြု ပြဌာန်းခဲ့ပြန်ပါ တယ်။ အထက်ပါ အက်ဥပဒေများနဲ့ သမ္မတရဲ့ Executive Orders များကို အကောင်အထည်ဖော်ဖို့အတွက် အမေရိကန် အစိုးရရဲ့ ဘဏ္ဍာရေးဌာနကြီးက Burmese Sanctions Regulations (BSR) ရေးဆွဲပြုစုပြီး သူ့ရဲ့ ဌာနတစ်ခု ဖြစ်တဲ့ Office of Foreign Assets Control (OFAC) က Burmese Sanctions Programme ကို စီမံခန့်ခွဲပါတယ်။ အမေရိကန်အစိုးရရဲ့ စစ်အစိုးရအပေါ် ဒဏ်ခတ် အရေးယူမှုများကို ကြည့်ရင် အမေရိကန်နိုင်ငံရှိ အဖွဲ့အစည်းများ အပါ အဝင် အခြားသော နိုင်ငံခြားသား၊ နိုင်ငံခြား အဖွဲ့အစည်းများ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအသစ်များ မပြုလုပ်ရန် တားမြစ်ခြင်း၊ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ တင်သငွ်းမှုကို ပိတ်ပင်ခြင်း၊ စစ်အစိုးရပိုင် လုပ်ငန်းများရဲ့ ငွေကြေးလည်ပတ်မှုကို ထိန်းချုပ်ခြင်း၊ စစ်အစိုးရကို အထောက်ပံ့ ပေးနေတဲ့ မြန်မာ စီးပွားရေး လုပ်ငန်းရှင်များ အပါအဝင် စစ်အစိုးရ ခေါင်းဆောင်များ၊ သူတို့ရဲ့ မိသားစုများကို နာမည်ပျက် စာရင်းသွင်းခြင်း၊ ငွေကြေးပိုင်ဆိုင်မှုများ ထိန်းချုပ်ခြင်း စတဲ့ အချက်များ ပါဝင်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

“ - - သူလက်ရှိကြုံတွေ့နေရတဲ့ ပြဿနာတွေကို Sanctions ကြောင့်လို့ အပြစ်တင်ပါတယ် - - “

စစ်အစိုးရအပေါ် ဒဏ်ခတ် ပိတ်ဆို့ရေးယူခြင်းလုပ်ငန်းများအပေါ် ဝေဖန်ချက်များ အမေရိကန်ရဲ့ U.S sanctions on Burma အပေါ် ဝေဖန်မှုများက မြန်မာ စစ်အစိုးရ အပေါ် ပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှုများ ပေါ်ပေါက်လာစေရေး ကြိုးပမ်းမှုအချိန်ကာလကတည်းက ရှိခဲ့ပါတယ်။ အမေရိကန်သမ္မတရဲ့ ပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှု အမိန့်များ ပေါ်ထွက်လာပြီးသည့် နောက်ပိုင်းမှာ အစဉ်တစိုက် ဝေဖန်သူများ ရှိခဲ့ပါတယ်။ ဝေဖန် ရာမှာ ထင်ရှားသူများကတော့ ပါမောက္ခ Robert Taylor, John Badgley, David Steinberg နဲ့ Helen James တို့ ဖြစ်ကြပါတယ်။ အထက်ပါ ပညာရှင်များအပါအဝင် အခြားသောသူများရဲ့ ဝေဖန်မှု အစုစုတို့ကို အစိတ် အပိုင်း(၃)ခု အဖြစ် ခွဲခြား သုံးသပ် တင်ပြပါ့မယ်။ ပထမပိုင်းအနေနဲ့ “Sanction လက်နက်ဟာ သင့်လျော်တဲ့ Policy Instrument မဟုတ်ကြောင်း” ဆိုတဲ့အချက်ကို အသားအရောင်ခွဲခြားမှု၊ လူမည်းများအပေါ် ဖိနှိပ်ချုပ်ချယ်မှုများအတွက် တောင်အာဖရိကအစိုးရအပေါ် အရေးယူ ပိတ်ဆို့မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့စဉ်ကအခြေအနေနဲ့ မြန်မာပြည်ရဲ့

အခြေအနေ

ကွဲပြား

ခြားနားမှုများကို

ရှင်းပြပြီး

တောင်အာဖရိက

စစ်အစိုးရအပေါ် အောင်မြင်မှုရမယ် ဆိုတာ မဖြစ်နိုင်ကြောင်း အစချီလို့

လူဖြူအစိုးရအပေါ်

အောင်မြင်မှုတွေ

ရခဲ့သလို

မြန်မာ

ဥပမာတွေ အမျိုးမျိုးပေးပြီး ဝေဖန် ထောက်ပြကြပါတယ်။ အဓိက

အချက်များအနေနဲ့ �

အချက်အချာကျတဲ့ အစိုးရအဖွဲ့တွေ၊ ကမ္ဘာအဆင့်နဲ့ ဒေသဆိုင်ရာ အဆင့် အဖွဲ့အစည်းများ၊ အိမ်နီးနားချင်း နိုင်ငံများရဲ့ ပူးပေါင်း ပါဝင် ဆောင်ရွက်မှုကိုကြည့်ရင်

တောင်အာဖရိက

အရေးမှာတုန်းက တညီတညွတ်တည်း ပါဝင်ခဲ့ကြပေမယ့် ယခု မြန်မာ့အရေးမှာတော့

မတူညီကြတဲ့ အမျိုးသားရေး အကျိုး စီးပွားများကို

အခြေခံပြီး မတူညီတဲ့ ရှုမြင်သုံးသပ်ပုံနဲ့ မူဝါဒများ၊

ကွဲပြားတဲ့ ဆက်ဆံရေး

အခြေအနေများကြောင့် နိုင်ငံတကာရဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုဟာ မတူညီနိုင်၊ တထပ်တည်း မကျနိုင်တဲ့ အခြေအနေ၊ �

နဝတ/နအဖလက်ထက် ပြည်တငွ်း အသားတင် ထုတ်ကုန် စုစုပေါင်းတန်ဖိုးမှာ ပြည်ပပို့ကုန် အခန်းကဏ္ဍရဲ့ ပါဝင်မှုတန်ဖိုး အတော်နည်းနေတဲ့ အချက်ကို ကြည့်ရင် အမေရိကန် အစိုးရရဲ့ မြန်မာ့ပြည်ပ ပို့ကုန်များကို ပိတ်ပင်တားဆီးမယ့် နည်းလမ်းဟာ စစ်အစိုးရကို ထိရောက်စွာ ဖိအားပေးနိုင်မယ့် နည်းလမ်းတစ်ခု မဖြစ်နိုင်တဲ့ အခြေအနေ၊



နဝတ/နအဖလက်ထက် ပြည်ပ ရင်းနှီးမြှုပ်နှံမှုကဏ္ဍကို ကြည့်ရင် အမေရိကန်နိုင်ငံက စီးပွားရေး လုပ်ငန်း အစုစုတို့ရဲ့ ရင်းနှီးမြှုပ်နှံ ထားရှိမှု

ပမာဏဟာ

အနည်းစုသာ

ဖြစ်လို့

မြန်မာပြည်မှာ

အမေရိကန်ရဲ့

ရင်းနှီးမြုပ်နှံမှုကို

တားဆီးမယ့်

အစီအစဉ်ဟာ

မထိရောက်နိုင်ကြောင်းနဲ့ အမေရိကန်ရဲ့ နေရာကို တရုတ်နဲ့ အာဆီယံနိုင်ငံ များက ရင်းနှီးမြှုပ်နှံမှုများတွေနဲ့ စစ်အစိုးရက အသာလေး ဖြည့်စွက်သွားနိုင်ပုံ၊ �

အဆုံးစွန်အားဖြင့် တချိန်က အနောက်နိုင်ငံများမှာသာ ရရှိနိုင်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုများကို ယနေ့ ကာလမှာ ကမ္ဘာစံချိန်မှီ ဖြစ်နေတဲ့ စင်္ကာပူလို့ နိုင်ငံကနေ စစ်အစိုးရ ခေါင်းဆောင်များနဲ့ သူ့မိသားစုများ ရယူ ခံစားနိုင်တာမို့ အမေရိကန် အစိုးရရဲ့ အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုများကို မြန်မာ စစ်အစိုးရက အလွယ်တကူ ကျော်လွှားသွားနိုင်တဲ့ အခွင့်အလမ်းများ စတဲ့အချက်တွေကို ညွန်ပြ ထောက်ပြ ဝေဖန်သမှု ပြုခဲ့ကြပါတယ်။

Sanction လက်နက်ဟာ မသင့်လျော်ကြောင်း ထောက်ပြကြရာမှာ ပဋိပက္ခအသွင်ဆောင်နေတဲ့ အချက်များလည်း တွေ့ရပါတယ်။ တဖက်က စီးပွားရေးအရ ပိတ်ဆို့ အရေးယူခြင်းဟာ မထိရောက်နိုင်ဘူး သုံးသပ်ကြပေမယ့် အခြား တဖက်မှာ စီးပွားရေးအရ ပိတ်ဆို့ အရေးယူခြင်းကြောင့် စစ်အစိုးရမှာ အခက်တွေ့ပြီး တလွရဲ လဒ်တွေ ဖြစ်လာရတယ် လို့ ပြောကြပြန်ပါတယ်။ ဥပမာ ပါမောက္ခ Robert Taylor ရဲ့ Myanmar’s Political Future: Is Waiting for the Perfect the Enemy of Doing the Possible? ဆောင်းပါးမှာ စီးပွားရေးပိတ်ဆို့ အရေးယူမှုများကြောင့် အခက်တွေ့ရတဲ့ စစ်အစိုးရအနေနဲ့ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများမှာ လူထုအပေါ် အတင်းအကြပ် လုပ်အားပေး စေခိုင်းမှုတွေ၊ နိုင်ငံသားများ၊ စီးပွားရေးလုပ်ငန်းရှင်များထံမှ ပုံစံအမျိုးမျိုးနဲ့ အလှူငွေ ကောက်ခံမှုတွေ၊ ဆောင်ရွက်လာရတာ ဖြစ် တယ်လို့ ကောက်ချက်ချထားပါတယ်။ David Steinberg ရဲ့ တင်ပြချက်တစ်ခုမှာ အမေရိကန်အစိုးရရဲ့ ပို့ကုန် ပိတ်ဆို့အရေးယူမှုကြောင့် မြန်မာအထည်ချုပ်စက်ရုံအချို့ ပိတ်လိုက်ရခြင်းနဲ့အတူ အဆိုပါစက်ရုံများက

အလုပ်သမ

များ

အလုပ်လက်မဲ့ဖြစ်ရခြင်းကို

အခြေခံပြီး

Sanctions

များနဲ့

အလုပ်လက်မဲ့ပြဿနာ၊

လူကုန်ကူးမှု၊

လိင်ဖျော်ဖြေရေး လုပ်ငန်းများမှာ အမျိုးသမီးငယ်များ ပိုမိုဝင်ရောက်လာမှု စတာတွေကို ထောက်ပြထားတာ ရှိပါတယ်။ ဒုတိယအပိုင်းအနေနဲ့ အမေရိကန်အစိုးရရဲ့ Sanction လက်နက်ကြောင့် အမေရိကန်ရဲ့ အမျိုးသား အကျိုးစီးပွားများ ပြန်လည်ထိခိုက် နစ်နာစေခဲ့တဲ့ အချက်များကို ဖော်ထုတ် ဝေဖန် ထောက်ပြကြပါတယ်။ အဓိက အချက်များအနေနဲ့ -



အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှု အစီအစဉ်များဟာ မြန်မာ စစ်အစိုးရကို တရုတ်အစိုးရနဲ့ ပိုမို နီးစပ်စေခဲ့ပြီး တရုတ်ပြည်အတွက် အခွင့်အလမ်းများ ပိုမို ဖြစ်ပေါ်စေခဲ့ကြောင်း၊ ဥပမာအားဖြင့် စီးပွားရေး အဆမတန် ဖွံ့ဖြိုး လာခြင်းနဲ့အတူ အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယမြောက်

လောင်စာစွမ်းအင်

အသုံးပြုမှု

အများဆုံး

ဖြစ်လာတဲ့

တရုတ်ပြည်အနေနဲ့

မြန်မာပြည်ရဲ့

ပထဝီ

အနေအထားနဲ့

လောင်စာတွေ့ရှိမှုများ အပေါ် အမြတ် ထုတ်နိုင်ခဲ့ကြောင်း၊ အရှေ့အလယ်ပိုင်းက ရေနံနဲ့ သဘာဝဓာတ်ငွေ့များကို တရုတ်ပြည်ကို သယ်ဆောင်ရာမှာ

ခြိမ်းခြောက်မှုတွေရှိနေတဲ့ မလက္ကာရေလက်ကြားက

မသယ်တော့ဘဲ မြန်မာပြည်ကနေ

ပိုက်လိုင်းနဲ့ သယ်ယူဖို့

အစီအစဉ်၊ ကိုကိုးကျွန်းမှာ ရေတပ်စခန်းချဖို့ ဖြစ်လာတဲ့ အစီအစဉ်၊ မြန်မာပြည်မှာ အသစ်တွေ့ လာတဲ့ သဘာဝဓာတ်ငွေ့များကို တရုတ်ပြည်အတွက် အသုံးပြုဖို့ အစီအစဉ် စတာတွေကို ထောက်ပြခဲ့ပါတယ်။ �

မြန်မာသည်

အိန္ဒိယအတွက်

လုံခြုံရေးရာ

ခြိမ်းခြောက်မှုများ

မရှိတဲ့

နိုင်ငံအဖြစ်

အိန္ဒိယအစိုးရ

အဆက်ဆက်က

ယူဆသတ်မှတ်ထားခဲ့ကြရာက ယနေ့ တရုတ်နဲ့ မြန်မာစစ်အစိုးရ ဆက်ဆံရေး အခြေအနေသစ်များကြောင့် ပြောင်းလဲလာတဲ့ အိန္ဒိယမြန်မာ ဆက်ဆံရေးသစ်၊ ဗီယက်နမ်အစိုးရရဲ့ လက်ရှိ စစ်တပ်အင်အား လျှော့ချဖို့ ဆောင်ရွက်နေတဲ့ အစီအစဉ်များသာ ပြီးစီးခဲ့ပါက အရှေ့တောင်အာရှမှာ မြန်မာစစ်တပ်က အင်အားအများဆုံး ဖြစ်လာမယ့် အခြေအနေ စသည့်အချက်များဟာ ဒေသတွင်း တည်ငြိမ်မှုကို ထိပါးလာစေမယ့် အခြေအနေများ ဖြစ်လာခဲ့ပြီး အဲဒီလို ဖြစ်လာစေဖို့မှာ အမေရိကန်က လက်ရှိကျင့်သုံးနေတဲ့ Sanction များကြောင့် ဖြစ်တယ်လို့ ကောက်ချက်ချကြပါတယ်။ ဒီကောက်ချက်ချမှုမှာ အရေးပါတဲ့ အခြေခံ ယူဆချက်ကတော့ မြန်မာစစ်အစိုးရသည် အမေရိကန်နဲ့ ပိုပို ပူးပေါင်းလိုတဲ့ ဆန္ဒရှိတယ် ဆိုတဲ့ အချက်ပါ။ အမေရိကန်ရဲ့ Sanction များကြောင့် မြန်မာ-အမေရိကန် ဆက်ဆံရေး ဝေးခဲ့ရပြီး တရုတ်ပြည်နဲ့ နီးစပ်စေခဲ့တယ်။ ဒါအပြင် မြန်မာပြည်မှာ ဆက်လက် ကြီးထွားနေသေးတဲ့ မူးယစ်ဆေးဝါး ပြဿနာမှာ အမေရိကန်က ပါဝင် ဆောင်ရွက်ဖို့ အခက်အခဲများ တွေ့ရတဲ့ အခြေအနေ၊ ပိတ်ဆို့ အရေးယူမှုများကြောင့် HIV/AIDS လို ကူးစက်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများ ထိရောက်စွာ မဆောင်ရွက်နိုင်တော့ခြင်းက အမေရိကန် အပါအဝင် ကျန်တိုင်းပြည်များအတွက် စိုးရိမ်စရာ အခြေအနေ ပြန်ဖြစ်လာစေခဲ့ပုံ၊ အမေရိကန်ရဲ့ National Interests ထိခိုက်ခဲ့ရတဲ့ အခြားအချက်များအဖြစ် ထောက်ပြထားကြပါတယ်။ ဒီတော့ U.S Sanctions to Burma ဟာ အမေရိကန်ရဲ့ National Interests ထိခိုက်ခဲ့ရတယ်၊ အမေရိကန်အတွက် Counter productive ဖြစ်တယ်၊ တနည်းအားဖြင့် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်စေခဲ့တယ်ပေါ့။ တတိယအပိုင်းအနေနဲ့ လက်ရှိ အမေရိကန်ရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒကို ပြန်လည် သုံးသပ်ပြင်ဆင်ဖို့ ထောက်ပြ ဝေဖန်ကြတဲ့ အချက်များကို စုစည်း တင်ပြပါမယ်။ အဓိက အချက်များအနေနဲ့ �

မြန်မာပြည်ရဲ့ ပထဝီဝင်နိုင်ငံရေး အနေအထားသည် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ အာရှ အင်အား ချိန်ခင်ွရှာရဲ့ အရေးပါတဲ့ ဆုံချက်တစ်ခုဖြစ်တယ်၊ အမေရိကန်ရဲ့ လက်ရှိ မြန်မာပြည် ဆိုင်ရာမူဝါဒနဲ့ မူဝါဒပါ ရည်ရွယ်ချက်များသည် အမေရိကန်ရဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး လုပ်ငန်းများကို ကိုယ်စားမပြုနိုင်ဘူးဖြစ်နေတယ်၊



လက်ရှိမူဝါဒသည် မြန်မာပြည် ဒီမိုကရေစီ ထွန်းကားရေးမှာ NLD ဦးဆောင်မှု ကဏ္ဍကိုသာ ဦးတည်ပြီး စစ်တပ်ရဲ့ အခန်းကဏ္ဍကို ဘေးဖယ်ထားတဲ့ အတွက် စစ်တပ် အတွင်းက ပြုပြင် ပြောင်းလဲရေး လုပ်လိုသူ အခြားအရာရှိများနဲ့ အမေရိကန်တို့ ထိတွေ့ ဆက်ဆံနိုင်မယ့် အခွင့်အရေး၊ အနောက်ကို လိုလားတဲ့ စစ်တပ် အရာရှိများကို မွေးထုတ် မြေတောင်မြှောက်ပေးနိုင်မယ့် အခွင့်လမ်းများ ပျောက်ဆုံးနေတယ်၊



လက်ရှိမူဝါဒသည် ၁၉၉ဝ ရွေးကောက်ပရွဲ လဒ် တွေ့မြင်ရဖို့သာ ဦးစားပေးထားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ အားစုများ နိုင်ငံ အာဏာရပြီးနောက်ပိုင်း ဆောင်ရွက်ရမယ့်၊ ရင်ဆိုင်ရမယ့် အခြေအနေများကို ထည့်သငွ်း စဉ်းစားခြင်း မရှိသေးဘူး၊ အထူးသဖြင့် စစ်တပ် အုပ်ချုပ်မှုကနေ အရပ်ဘက် အုပ်ချုပ်မှုကို အသွင်ပြောင်းတဲ့အခါ အရေးအကြီးဆုံးဖြစ်တဲ့ စွမ်းဆောင်ရည် ကောင်းတဲ့ အစိုးရ ဌာနများ၊ အရပ်ဘက် ဝန်ထမ်းများ ဖြစ်လာစေရေး၊ ငြိမ်းချမ်းရေး ရယူထားတဲ့ သို့မဟုတ် လက်နက် စွဲကိုင်လျက်ရှိတဲ့ အဖွဲ့အသီးသီး နဲ့ ဆက်ဆံရေး၊ ငြိမ်းချမ်းမှု ထိန်းသိမ်း တည်ဆောက်ရေး ဆိုင်ရာ အချက်များကို မူဝါဒမှာ ထည့်သငွ်း စဉ်းစား သင့်တယ် စသည့် အချက်များ ဖြစ်ပါတယ်။

ဝေဖန်မှု ပြုကြသူတွေထဲမှာ နဝတ/နအဖရဲ့ လမ်းကြောင်းပေါ် ရပ်တည်ကြတယ်လို့တောင် ပြောလို့ရတဲ့ ပညာရှင် နှစ်ဦးကတော့ David Steinberg နဲ့ Helen James တို့နှစ်ဦးဖြစ်ပါတယ်။ အထူးသဖြင့် David Steinberg ရဲ့ ‘Burma/ Myanma: A Guide for the Perplexed?’ နဲ့ Helen James ရဲ့ ‘Kind Solomon’s Judgement’ ဆောင်းပါးများကို ဖတ်ကြည့်ရင် နိုင်ငံခေါင်းဆောင်များ၊ မူဝါဒ ချမှတ်သူများကို နအဖရဲ့ လမ်းပြမြေပုံ (၇)ချက်က မြန်မာပြည်မှာ ဒီမိုကရေစီ ထွန်းကားစေဖို့မှာ လက်တွေ့ကျတဲ့ လမ်းကြောင်းတစ်ခု အဖြစ် လက်ခံကြဖို့၊ မြန်မာပြည် ဒီမိုကရေစီ ထွန်းကားဖို့ ဆောင်ရွက်ရာမှာ အတိုက်အခံ အဖွဲ့အစည်းများကို ရှေ့တန်းတင်ခြင်း၊ ခြောက်ပြစ်ကင်း သဲလဲစင် ဒီမိုကရေစီကို မျှော်လင့်ခြင်းဟာ နိုင်ငံခြား အစိုးရများအတွက် မှားယွင်းတဲ့ တွက်ချက်မှုဖြစ်ပြီး တကယ့် ပြုပြင် ပြောင်းလဲမှုကို လုပ်ပေးနိုင်စွမ်းဟာ စစ်တပ်ထဲမှာသာ ရှိကြောင်း ထောက်ပြကာ အစိုးရများအနေနဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒများကို ပြင်လည် သုံးသပ်ပြင်ဆင်ကြဖို့ ဆော်သြထားတာ ဖတ်ရပါတယ်။ ဝေဖန်ချက်များကို ပြန်လည်ဆန်းစစ်ခြင်း မူဝါဒ (policy) နဲ့ မူဝါဒများကို အကောင်အထည်ဖော်ရာမှာ အသုံးပြုတဲ့နည်းလမ်းများ (policy instrument) များကို သီးခြားစီ ခွဲခြားသုံးသပ်ရမှာ ဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့ မြန်မာ စစ်အစိုးရ အပေါ် အသုံးပြုနေတဲ့ Sanction လက်နက်ဟာ သင့်လျော်တဲ့ Policy Instrument မဟုတ်ဘူး ဆိုရင် ပိုကောင်းမယ့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ပြီး ကိုယ်တိုင်လည်းကျင့်သုံး၊ အိုဘားမားအစိုးရကိုလည်း အချက်အလက်နဲ့ တင်ပြကြဖို့ တာဝန်က မြန်မာ့ ဒီမိုကရေစီ အရေး လိုလားသူများရဲ့ တာဝန်ဖြစ်ပါတယ်။ မိတ်ဆွေတွေပျက် အင်အားတွေ ပြုန်းတီးသွားရလောက်အောင် အကြီး အကျယ် ငြင်းခုံကြရမယ့် ကိစ္စတစ်ခု မဟုတ်ဘူးလို့ ထင်မိပါတယ်။ လက်ရှိ အမေရိကန်အစိုးရရဲ့ မြန်မာပြည် ဆိုင်ရာ မူဝါဒရဲ့ ရည်ရွယ်ချက်၊

ရည်မှန်းချက်များဟာ မြန်မာ့ဒီမိုကရေစီအရေး အတွက် တိုက်ပွဲဝင်နေကြသူများရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်များနဲ့ တူညီနေတယ် ဆိုရင် လက်ရှိ အမေရိကန်ရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒ အောင်မြင်မှုဟာ ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေကြသူများ၊ ဒီမိုကရေစီ လိုလားသူများရဲ့ အောင်ပွဲနဲ့ အတူတူပင် ဖြစ်တာကြောင့် အမေရိကန်ရဲ့ policy instrument ထက်စာရင် သူ့ရဲ့ မူဝါဒကို ပိုမို အာရုံစိုက် လေ့လာဖို့လိုပါလိမ့်မယ်။ Sanction နဲ့ပတ်သက်ပြီး ရှေ့နောက်မညီတဲ့ ဝေဖန်ချက်အချို့ကို စာဖတ်သူများ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ အလုပ်လက်မဲ့ ပြဿနာ၊ နယ်စပ်ဒေသများက တရားမဝင် အလုပ်သမားပြဿနာ၊ လူကုန်ကူးမှုပြဿနာ၊ ပြည့်တန်ဆာ ပြဿနာ၊ အတင်းအကြပ် လုပ်အားပေးခိုင်းစေမှု၊ စတဲ့ မြန်မာပြည်ရဲ့

ပြဿနာများဟာ

အမေရိကန်

အစိုးရရဲ့ စစ်အစိုးရအပေါ်ချမှတ်

ထားတဲ့ Sanctions

များကြောင့်

ပိုမိုဆိုးရွားရတယ်ဆိုရင်

Sanctionsတွေ မရှိတော့ ရင် ဒါတွေ ပပျောက်သွားမှာလား ဆိုတဲ့မေးခွန်းကို David Steinberg နဲ့ Robert Taylor တို့ကို ပြန်မေးဖို့ လိုအပ်ပါလိမ့်မယ်။ တကယ်တမ်းက ဒီပြဿနာတွေရဲ့ အရင်းအမြစ်ဟာ စစ်အစိုးရရဲ့ ဆိုးရွားလှတဲ့ ဖိနှိပ် အုပ်ချုပ်မှု၊ ကိုယ်ကျိုးရှာ စီးပွားရေးစနစ်၊ မှားယွင်းနေတဲ့ မူဝါဒတွေ၊ တိုင်းပြည်ဝင်ငွေရဲ့ တစ်ဝက်ကျော်ကို စစ်စရိတ်အဖြစ် သုံးနေတဲ့ အစိုးရဘတ်ဂျက်၊ တနေ့တခြား ဆိုးရွားလာတဲ့ လာဘ်ပေးလာဘ်ယူမှုနဲ့အတူ ညံဖျင်းလှတဲ့ စီမံခန့်ခွဲမှု စတဲ့ အချက်များကြောင့် ဖြစ်ပါတယ်။ Sanctions များ ရုတ်သိမ်းသွားလည်း အထက်က ပြဿနာတွေဟာ ဆက်လက် တည်ရှိ နေဦးမယ့်အပြင် စစ်အစိုးရရဲ့ အုပ်ချုပ်မှုစနစ်အောက်မှာ ပိုမို ဆိုးရွားလာဖို့သာ ရှိပါတယ်။ “ - - ပြေလည်အောင် မဖြေရှင်းနိုင်တဲ့ နအဖရဲ့ ကိစ္စ အရပ်ရပ်အတွက် NLD မှာပဲ တာဝန်ရှိသယောင် ဝါဒဖြန့်ကြပါတယ် - - “ အမေရိကန်အစိုးရရဲ့

Sanction

လက်နက်ကြောင့်

အမေရိကန်ရဲ့

အမျိုးသား

အကျိုးစီးပွားများ

ပြန်လည်

ထိခိုက်

နစ်နာ

စေခဲ့တဲ့အချက်များကို ဝေဖန်ထောက်ပြကြတယ်၊ ပြန်လည်သုံးသပ်ကြတယ် ဆိုတာဟာ သူ့နိုင်ငံသား၊ သူ့ပညာရှင်တွေနဲ့ အေ မရိကန်အစိုးရတို့ သူ့တို့ရဲ့ အမျိုးသား အကျိုးစီးပွားအတွက် သူတို့အလုပ် သူတို့ လုပ်ကြတာပါ။ တနည်းအားဖြင့် အစိုးရတစ်ရပ်ရဲ့ လုပ်ရပ်အပေါ် အကောင်းအဆိုး အကြောင်းအကျိုးတွေကို ပွင့်ပငွ့်လင်းလင်း ဝေဖန် ထောက်ပြကြတာဟာ ဒီမိုကရေစီစနစ်ထဲက ချစ်စရာကောင်းတဲ့ အလေ့အထ တစ်ခုပါ။ ဒီဝေဖန်ချက်ကနေရတဲ့ သင်ခန်းစာက ကျနော်တို့လည်း ကိုယ့်အလုပ် ကိုယ်လုပ် ကြရပါမယ်။ မြန်မာပြည်က လူထုကြီးနဲ့ အကျိုးစီးပွားကို ရှေ့တန်းမတင် အာဏာ စွဲကိုင်ထားနိုင်ရေးနဲ့ မိသားစု အကျိုးစီးပွားကို ဦးထိပ်ထားနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို ပိုမိုဖငွ့်ချကြဖို့၊ အတိုက်အခံ အဖွဲ့အစည်းအသီးသီးက ချမှတ်ထားကြတဲ့ မူဝါဒတွေ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေ၊ အကောင်အထည်ဖော် ဆောင်ရွက်မှုတွေကို ပြန်လည် ဆန်းစစ်ကာ ပိုမိုထိရောက်စေဖို့ အပြုသဘော ဆောင်တဲ့ အကြုံပြုချက်တွေကို မြန်မာ့ ဒီမိုကရေစီ အရေး လိုလားသူ အသိုင်းအဝိုင်းထဲမှာ ပိုမို လုပ်ဆောင်ဖို့ လိုအပ်လာနေပါပြီ။ လက်ရှိ အမေရိကန်အစိုးရရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒကို ပြန်လည် သုံးသပ် ပြင်ဆင်ဖို့ ထောက်ပြ ဝေဖန်ကြတဲ့ အချက်များကို လေ့လာကြည့်ရင် အထက်က တင်ပြခဲ့သလို သူတို့အလုပ် သူတို့လုပ်မှာပဲ ဖြစ်ပါတယ်။ အိုဘားမား အစိုးရက မြန်မာပြည်ဆိုင်ရာ မူဝါဒများကို ပြင်ဆင်ပြောင်းလဲခဲ့လို့ ကိုယ်အဖွဲ့အစည်းရဲ့ မူဝါဒတွေနဲ့ မတူ ကွဲပြားလာခဲ့ရင်လည်း သူမှန်တယ်၊ ကိုယ်မှားတယ် ဖြစ်စရာ အကြောင်း မရှိပါဘူး။ အကျိုးစီးပွား Interest တွေ ကွာခြားရင် ရှုမြင်ပုံနဲ့ ချမှတ်တဲ့ မူဝါဒတွေ ကွာခြားလာမှာ သဘာဝ ဖြစ်ပါတယ်။ ကျနော်တို့ လုပ်ရမှာက ကွာခြားမှုတွေ ရှိလာခဲ့ရင် မိမိအဖွဲ့ အစည်းများရဲ့ မူဝါဒနဲ့ မဟာဗျူဟာပိုင်းဆိုင်ရာ အကောင်အထည် ဖော်မှုတွေအပေါ် ရိုက်ခတ်လာမယ့် စိန်ခေါ်မှု အသစ်တွေ၊ အခွင့်အလမ်း အသစ်တွေကို အသေးစိတ် သုံးသပ် ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ ဒီအချက်တွေကို အခြေခံပြီး ကိုယ့်အဖွဲ့အစည်းရဲ့ မဟာဗျူဟာ ချမှတ်မှုတွေ၊ အကောင်အထည်ဖော်မှု အပိုင်းတွေမှာ လိုအပ်တဲ့ ပြင်ဆင်ပြောင်းလဲမှုတွေ ဆောင်ရွက်သွားနိုင်ပါတယ်။ Anti-sanction campaign နဲ့ ပစ်မှတ်ဖြစ်လာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ယနေ့မြန်မာပြည်ကို ကြည့်ရင် နအဖ စစ်ခေါင်းဆောင်များသာမက သူတို့ရဲ့ သားသမီး၊ မြေးမြစ်များကပါ ဥပဒေအပေါ်မှာ နေကြသူများဖြစ်ပြီး လူထုကတော့ သူတို့သတ်မှတ်ထားတဲ့ ဥပဒေများ အောက်မှာ နေကြရတဲ့ အဖြစ်ပါ။ ဒါပေမယ့် ပိတ်ပင် ကန့်သတ် အရေးယူမှုများကြောင့် နဝတ/နအဖဟာ Sanction ဥပဒေများရဲ့ အောက်မှာ နေထိုင်နေရတဲ့ အဖြစ်ကို ရောက်စေခဲ့ပါတယ်။ ဒီအချက်ဟာ ဥပဒေအပေါ်မှာ နေပြီး လူထုပေါ် စွာချင်တိုင်း စွာနေတဲ့ နအဖ စစ်အုပ်စုနဲ့ သူတို့သားသမီး မြေးမြစ်များအတွက် တကယ် အထိနာစေတဲ့ ရိုက်ချက်များ ဖြစ်ပါတယ်။ စိတ်ဓာတ်ရေးရာ ရှုထောင့်က ကြည့်ရင် အလွန် ထိရောက်တဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်သလို နဝတဟာ လူထုက ရွေးကောက် တင်မြောက်ထားတဲ့ အစိုးရ မဟုတ်ဘူး၊ လက်နက်အားကိုးနဲ့ နိုင်ငံ့အာဏာကို ရယူထားပြီး လူထုကို ဖိနှိပ်အုပ်ချုပ်နေတဲ့ စစ်အုပ်စုအဖြစ် နိုင်ငံတကာ အလယ်မှာ ပိုမို ထင်ရှားပေါ်လွင်စေခဲ့ပါတယ်။ ဒီတော့ နအဖ စစ်အုပ်စုအနေနဲ့ Sanctions ထောက်ခံသူ တွေအပေါ် ရန်သူလိုသဘောထားတာ မဆန်းသလို Antisanction လုပ်ငန်းများကို နဝတ/နအဖ စစ်အုပ်စုက အစတည်းကနေ ယနေ့အထိ အစဉ်တစိုက် နည်းအမျိုးမျိုးနဲ့ လုပ်လာခဲ့တာဖြစ်ပါတယ်။ ယနေ့အချိန်အခါကတော့ နအဖက ပြုလုပ်ပေးမယ်ဆိုတဲ့ ၂ဝ၁ဝ အထွေထွေရွေးကောက်ပွဲ နီးကပ်လာချိန်လည်း ဖြစ်ပါတယ်။ NLD က ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါလာမယ်ဆိုရင် ၂ဝဝ၈ ဖွဲ့စည်းပုံအတွက် အတိုက်အခံပြုမှုတွေ ပြည်တငွ်း/ပြည်ပမှာ အသံတိတ်သွားစေမယ်၊ ၁၉၉ဝ ရလဒ် တောင်းဆိုမှုများလည်း နိဌိတံသွားကြမယ် ဆိုတာ နအဖ စစ်အစိုးရက မြင်ထားပါတယ်။ ဒါကြောင့် NLD ကို ရွေးကောက်ပွဲမှာ ပါစေချင်သလို တချိန်တည်းမှာ ၁၉၉ဝ ရွေး ကောက်ပွဲတုန်းက ရှိခဲ့တဲ့ NLD ရဲ့အင်အားနဲ့ အခြေအနေမျိုး မရှိနိုင်အောင်လုပ်ဖို့လည်း လိုအပ်လာပါတယ်။ ဒီ့အတွက် ဆောင်ရွက်နေတဲ့ နအဖရဲ့ ဗျူဟာအသီးသီးမှာ Sanction ကိုအကြောင်းပြုတဲ့ တချက်ခုတ် သုံးချက်ပြတ် Anti-sanction campaign ကလည်း ဗျူဟာတစ်ခုလို ဆိုနိုင်ပါတယ်။

ပထမအချက်အနေနဲ့ သူလက်ရှိကြုံတွေ့နေရတဲ့ ပြဿနာတွေကို Sanctions ကြောင့်လို့ အပြစ်တင်ပါတယ်။ တနည်းအားဖြင့် စစ်အစိုးရရဲ့ ဆိုးရွားလှတဲ့ ဖိနှိပ်အုပ်ချုပ်မှု၊ မိသားစု အကျိုးစီးပွားကို ဦးတည်တဲ့ စီးပွားရေးစနစ်၊ မှားယွင်းနေတဲ့ မူဝါဒတွေ၊ တိုင်းပြည် ဝင်ငွေရဲ့ တစ်ဝက်ကျော်ကို စစ်စရိတ်အဖြစ် သုံးနေတာတွေ၊ တနေ့တခြား ဆိုးရွားလာတဲ့ လာဘ်ပေးလာဘ်ယူမှု ပြဿနာတွေရဲ့ နောက်ဆက်တွဲ ရလဒ်တွေ ဖြစ်တဲ့ လုပ်အားပေး စေခိုင်းမှု ပြဿနာ၊ အလုပ်လက်မဲ့ပြဿနာ၊ လူကုန်ကူးမှု ပြဿနာ၊ နေရပ်ကို စွန့်ခွာထွက်ပြေးကြရတဲ့ ဒုက္ခသည်များ အရေး၊ မထိရောက်တဲ့ ရောဂါနှိမ်နင်းရေး တို့ဟာ Sanctions တွေကြောင့်လို့ အကြောင်းပြကာ ခေါင်းရှောင်ဖို့ ကြိုးစားပါတော့တယ်။ David Steinberg, Robert Taylor တို့ရဲ့ စာတမ်း၊

စာစောင်များက

နအဖအတွက်

Sanctions

နဲ့

ပတ်သက်ပြီး

သံကောင်းဟစ်ရာမှာ

အသုံးပြုလို့ကောင်းတဲ့

လက်နက်များ

ဖြစ်လာပါတယ်။ ဒုတိယအချက်အနေနဲ့ နိုင်ငံ့အာဏာသုံးရပ်စလုံး သူ့လက်ထဲမှာ ရှိတယ်၊ အကောင်အထည် ဖော်ခငွ့်လည်း သူ့မှာပဲ ရှိတယ်ဆိုတဲ့ ၁/၉ဝ ကြေညာချက်ကို ထုတ်ပြန်ထားတဲ့ နအဖက သူ့ကြောင့် ဖြစ်လာရတဲ့၊ သူဖြေရှင်းရမယ့် အထက် ဖော်ပြပါ မြန်မာပြည်ရဲ့ ပြဿနာတွေဟာ NLD ရဲ့ Sanction အပေါ် ထောက်ခံနေမှုကြောင့် ဆိုပြီး ချိတ်ဆက်ပေးလိုက်ပါတယ်။ ပြေလည်အောင် မဖြေရှင်းနိုင်တဲ့ နအဖရဲ့ ကိစ္စအရပ်ရပ်အတွက် NLD မှာပဲ တာဝန်ရှိသယောင် ဝါဒဖြန့်ကြပါတယ်။ တချိန်က NLD ပါတီဝင် ဖြစ်ခ့ဘဲူးသူများကို ဒီလမ်းကြောင်းပေါ် တင်ပေးပြီး NLD ကို ပြန်တိုက်ခိုက်ဖို့ အားပေး ပါတော့တယ်။ တနည်းအားဖြင့် NLD အင်အားချိနဲ့စေဖို့ ဆောင်ရွက်နေတဲ့ စိတ်ဓာတ်စစ်ဆင်ရေးလုပ်ငန်းများမှာ Sanction ကို ထောက်ခံတဲ့ အချက်ကို ပစ်မှတ်တစ်ခုအဖြစ် ထားကာ လူထုနဲ့ NLD နဲ့ ခွဲဖို့ ကြိုးစားရင်း NLD ပုံရိပ်ရှိခဲ့ဖူးသူ သင်းကွဲ NLD များကို ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ဖို့ အတွက် နည်းအမျိုးမျိုးနဲ့ ကူညီပေးပါတော့တယ်။ တတိယအချက်ကတော့ Sanctions တွေနဲ့ပတ်သက်ပြီး David Steinberg, Robert Taylor, နဲ့ Helen James တို့ရဲ့ အယူအဆနောက် လိုက်ကြသူများကို မြန်မာ့ နိုင်ငံရေး ဇာတ်ခုံမှာ နေရာတစ်ခု ပေးလိုက်ပါတယ်။ သူတို့ရဲ့ အယူအဆက နအဖနဲ့ လက်တွဲကြဖို့ ဆိုလိုရင်း ဖြစ်တာကြောင့် အဲဒီ လမ်းကြောင်း လိုက်သူများအတွက် တဖက်က ကြည့်ရင် စစ်အစိုးရ ထိန်းချုပ်ထားတဲ့ မီဒီယာများကို အသုံးပြုကာ သူတို့ လမ်းကြောင်းကို နည်းအမျိုးမျိုးနဲ့ တင်ပြ စည်းရုံးခွင့် ရကြပေမယ့် စစ်အစိုးရရဲ့ ဖိနှိပ် ရက်စက်မှုများကို ရံရွှာ စက်ဆုတ်ကြတဲ့ လူထုအများစုက ဒီလမ်းကြောင်း လိုက်သူများကို အခွင့်အရေးသမား၊ ဖိနှိပ်သူနဲ့ ပူးပေါင်း လုပ်စားသူများလို့ အမည်တပ်ကြမှာကြောင့် လူထု ထောက်ခံမှု များများ ရနိုင်စွမ်း

မရှိကြပါဘူး။

ဒီအခြေအနေက

နအဖ

အကြိုက်ဆုံး၊

အလိုလားဆုံး

ဖြစ်ပြီး

စုစည်း

ညီညွတ်တဲ့၊

ကာကွယ်ရေး

ဦးစီးချုပ်က

ခိုင်းတဲ့အတိုင်းလုပ်မယ့် တမတ်သား လွှတ်တော်အမတ်အုပ်စုနဲ့ နှစ်ယောက်ရှိရင် အယူအဆ သုံးခု ထွက်မယ့် သုံးမတ်သား လွှတ်တော်အမတ်အုပ်စု အနေအထားကို ဖန်တီးဖို့ အကောင်းဆုံး အခင်းအကျင်း ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ တညီတညွတ်တည်း

Anti-Sanction Campaign အကြောင်းပြုကာ ၁၉၉ဝ ရွေးကောက်ပွဲမှာ NLD က ဦးဆောင်ပြီး အတိုက်အခံများ အနိုင်ရခဲ့တဲ့

အဖြစ်မျိုး

၂ဝ၁ဝ

မှာ

မဖြစ်စေရအောင်၊

ဒီမိုကရေစီ

ပြုပြင်ပြောင်းလဲရေး

အင်အားများကို

စုစည်းပြီး

ဦးဆောင်မှုပေးနိုင်မယ့် အခြေအနေတစ်ရပ် ဖြစ်ပေါ်မလာအောင် စီစဉ်ဆောင်ရွက် နေတဲ့ နအဖရဲ့ ခြေလှမ်းများပင် ဖြစ်ပါတယ်။ အဆုံးသတ်ရရင် .. အထက်က တင်ပြခဲ့တာတွေကို ပြန်လည် စုစည်းရရင် အမေရိကန်က စစ်အစိုးရအပေါ် ဒဏ်ခတ် အရေးယူမှုတွေ လုပ်ရတဲ့ အကြောင်းအရင်း၊ အဲဒီ ဆောင်ရွက်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေဟာ မထိရောက်ဘူး၊ ပြန်သုံးသပ်ဖို့ လိုအပ်တယ်လို့ အမေရိကန်အစိုးရကို ပြောနေကြတဲ့အချက်တွေ၊ ဒီအခြေအနေအပေါ် အခွင့်အလမ်းတစ်ခု အဖြစ် အသုံးချပြီး နအဖက ဆောင်ရွက်နေတဲ့ Anti-sanctions campaigm များရဲ့ တစ်ချက်ခုတ် သုံးချက်ပြတ် ဉာဏ်နီဉာဏ်နက်တွေကို ကဏ္ဍအသီးသီးခွဲလို့ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒီအချက်များကို ကြည့်ရင် Anti-sanctions campaigm များဟာ ဘာလဲ၊ ဘယ်ကို ဦးတည်နေသလဲဆိုတာ စာဖတ်သူများ အထင်အရှား မြင်တွေ့ပြီးပြီလို့ ထင်မိပါတယ်။ ဒီတော့ နအဖရဲ့ Psywar လှိုင်းလုံးတွေထဲမှာ အမျောမခံပဲ နအဖဟာ မြန်မာဒီမိုကရေစီအရေးရဲ့ ဘုံရန်သူဆိုတဲ့ သဘောထား ဆက်လက်စွဲကိုင်ထားကြဖို့၊

ဒီမိုကရေစီအရေးအတွက်

ကွဲပြားတဲ့ရှုမြင်ပုံတွေကို

လက်ခံရင်းနဲ့

ဒီမိုကရေစီအရေး

လိုလားသူများအတွင်း

ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးချဲ့ တည်ဆောက်ကြဖို့၊ အနာဂတ်ကာလ မှာ ပေါ်လာနိုင်တဲ့ စိန်ခေါ်မှုအသစ်တွေအတွက် ကိုယ့်ရဲ့ ဗျူဟာများကို ပြန်လည် သုံးသပ် မွမ်းမံကြဖို့၊ အထူးသဖြင့် အဖွဲ့အစည်းရဲ့ ရပ်တည်မှုဟာ ပြည်ပအစိုးရများရဲ့ အထောက်အပံ့အပေါ် အမှီပြုနေရတယ် ဆိုရင် မိမိရဲ့ မူဝါဒတွေကို ဆက်လက်ပြီး ခိုင်ခိုင်မာမာ စွဲကိုင်ထားနိုင်ဖို့ အထောက်အပံ့တွေ ပေးနိုင်စွမ်းတဲ့ အင်အား အစစ်အမှန်ကို ရှာဖွေပြီး ဆက်လက် ရပ်တည်နိုင်ရေး

ဆောင်ရွက်သွား

ဖြစ်ကြရအောင်”။

ကြဖို့

လိုပါတယ်။

တစ်ခွန်းတည်းသာ

ပြောပါဆိုရင်



၂ဝဝ၉ခုနှစ်၊ ဧပြီလ (၂၃)ရက် ဆန်ဖရန်စစ္စကို ရုပ်ရှင်ပွေဲ တာ်၌ မြန်မာ့မှတ်တမ်းရုပ်ရှင် ပြမည် မိုးမခ အထောက်တော် အမှတ် ၀၀၆ ဧပြီ ၂၅၊ ၂၀၀၉

“ကျနော်တို့တစ်တွေ

Proactive

နှစ်စဉ် ပြုလုပ်မြဲဖြစ်သည့် အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့ နိုင်ငံတကာ ရုပ်ရှင် ပွေဲ တ်ာအတွင်း Burma VJ: Reporting From A Closed Country အမည်ရှိ မြန်မာပြည်နှင့်ပတ်သက်သည့် မှတ်တမ်း ရုပ်ရှင်ကား (Documentary) တင်ဆက် ပြသမည်ဖြစ်သည်။ ဧပြီလ ၂၃ ရက်မှ မေလ ၇ ရက်အထိ ပြုလုပ်မည့် ၅၂ ကြိမ်မြောက် ရုပ်ရှင် ပွေဲ တ်ာအတွင်း အဆိုပါ မှတ်တမ်းကားကို ၃ ကြိမ်ပြသမည်ဖြစ်သည်။ ပြသချိန် ၈၄ မိနစ် ကြာမြင့်သည့် ယင်း မှတ်တမ်းကားတွင် ၂ဝဝ၇ ခုနှစ်က မြန်မာပြည်၌ ဖြစ်ပွားခဲ့သည့် သင်္ကန်းရောင် တော်လှန်ရေး သံဃာ့ အရေးအခင်းအတွင်း သတ္တိခဲ လူငယ် သတင်းထောက်များ ရိုက်ကူး၍ ပြည်ပသို့ လျှို့ဝှက် ထုတ်ယူခဲ့သည့် ဗီဒီယို မှတ်တမ်းများကို အခြေခံ တင်ဆက်ထားသည်ဟု ရုပ်ရှင်ပွေဲ တ်ာမှ ဖြန့်ဝေသည့် စာစောင်ငယ်တငွ် ဖော်ပြထားသည်။ ယင်းမှတ်တမ်းကားကို မေလ ၁ ရက် ညနေ ၆ နာရီခ၊ွဲ မေလ ၂ ရက် ည ၉း၁၅ နာရီ နှင့် မေလ ၆ ရက် ည ၈း၄၅ နာရီတို့တငွ် ဆန်ဖရန်စစ္စကိုမြို့ အမှတ် ၁၈၈၁၊ ပို့စ်လမ်းမ (Post Street) ရှိ Sundance Kabuki Cinemas တွင် ပြသမည်ဖြစ်ပြီး ရုံဝင်ခမှာ အမေရိကန် ၁၂ ဒေါ်လာခွဲ ဖြစ်သည်။ အသေးစိတ် သိလိုပါက www.sffs.org သို့ သွားရောက်ကြည့်ရှုနိုင်ပါသည်။ အဆိုပါ အင်တာနက် စာမျက်နှာ၌ ၁ မိနစ်ခွဲ ကြာမြင့်သည့် မှတ်တမ်းရုပ်ရှင် နမူနာကိုလည်း ပြသထားပါသည်။

စီးပွားရေး ပြန်ဦးမော့စေဖို့ G7 နိုင်ငံတွေ ပူးပေါင်း ဆောင်ရွက်မည် 25 April 2009 ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံက ဘဏ္ဍာရေးဝန်ကြီးများဟာ ကမ္ဘာ့စီးပွားရေးကျဆင်းမှု စတင်လျော့ပြေမယ့် အရိပ် လက္ခဏာများ တွေ့နေရပြီလို့ ပြောပါတယ်။ G7 ခေါ် စက်မှုထွန်းကား ၇ နိုင်ငံ စည်းဝေးပွဲ ၀ါရှင်တန်မြို့မှာ သောကြာနေ့က ပြုလုပ်ပြီး အတူတကွ လက်တွဲလုပ်ဆောင်ကြဖို့ ထပ်မံအတည်ပြုခဲ့ကြပြီးတော့ ကမ္ဘာကြီးကို စီးပွားရေးကျဆင်းနေခြင်းကနေ ပြန်ကယ်တင်မယ်လို့ ဆိုပါတယ်။ လတ်တလောအချက်အလက်များကို လေ့လာကြည့်တဲ့အခါ စီးပွားရေးကျဆင်းမှု နှေးကွေးသွားပုံရကြောင်း အလုပ်အကိုင် ပြန်ဖော်ရေး၊ စီးပွားရေးတိုးတက်ရေး၊ ဒီအကျပ်အတည်းမျိုး နောက်ထပ်မဖြစ်ရေး အတူလုပ်ဆောင်သွားမယ်လို့ ပူးတွဲ ကြေညာချက်ထဲမှာ ဘဏ္ဍာရေးဝန်ကြီးများက ဖော်ပြထားကြပါတယ်။ ကမ္ဘာ့စီးပွားရေးကထွက်လာတဲ့ အမှောင်ထုကြီး ကုန်လွန် လွန်မြောက်ဖို့ ဝေးသေးတယ် လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး တီမိုသီ ဂိုင်(သ်)နာ (Timothy Gaithner) က စည်းဝေးပွအဲ ပြီးမှာ သတိပေးလိုက်ပါတယ်။ နိုင်ငံတွေအနေနဲ့ စီးပွားရေး ဦးမော့ လာရေး အစီအစဉ်များ လုပ်ဆောင်ပြီး စားသုံးသူများနဲ့ စီးပွားရေးလုပ်ငန်းရှင်များ ချေးငွေရရှိရေးလည်း ဆက်လက် လုပ်ဆောင်ရမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးက ပြောဆိုပါတယ်။ သံရိုက်စက်ဖြင့် ခေါင်းအတွင်းသို့ သံရိုက်သငွ်း 25/Apr/2009

တရုတ်နိုင်ငံသား ချင်လူးသည် သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့သို့ ကျောင်းသားဗီဇာဖြင့်ဝင်ရောက်ခသဲ့ ည်။ ထို့နောက် ဆစ်ဒနီမြို့သို့ ပြောင်းရွှေ့နေထိုင်၍ အိမ်ထောင်ပြုခဲ့သည်။ များမကြာမီ အိမ်ထောင် ပြိုပျက်ခဲ့သည်။ ၎င်း၏သူငယ်ချင်းက ပျောက်ဆုံးကြောင်းတိုင်တန်းသဖြင့် ရဲဘက်မှ လိုက်လံရှာဖွေစုံစမ်းရာ၎င်း၏ရုပ်အလောင်း

ကို မြစ်တစ်ခုအတွင်းတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ဦးခေါင်းနှင့် လည်ပင်းတွင် သံရိုက်စက်ဖြင့်သံချောင်းပေါင်း ၃၄ ချက် ရိုက်သငွ်းထားသည်ကိုတွေ့ရသည်။ တရားခံကို လိုက်လံစုံစမ်းဆဲဖြစ်သည်။ (အေပီ) (၂၅၊ ၄၊ ၂၀၀၉) ရက်၊ နံနက် (၉း၃၀) နာရီ။ ဦးမြင့်သိန်း အာရှ၏ ပထမဦးဆုံး နှလုံးနှင့် အသဲ တပြိုင်တည်း ခွဲစိတ်လဲလှယ်မှု 25/Apr/2009 စင်္ကာပူနိုင်ငံသားအသက် ၅၈ နှစ်အရွယ်ရှိ ခရစ်ယန်တရားဟောဆရာ လော်ချင်ကွီးသည် ထူးဆန်းသော အသဲရောဂါတစ်မျိုးကို ခံစားရလျက်ရှိသည်။ အသဲမှမျိုးဗီဇတစ်ခုသည် ပုံစုံပြောင်းပြီးလျှင် ထူးဆန်းသော ပရို တင်းဓါတ်များ ထုတ်လွှတ်နေသောကြောင့် ကြာသောအခါ အာရုံကြောများကိုထိခိုက်၍ နှလုံး၏ လုပ်ငန်းများ ကိုပါ နှောက်ယှက်မှုပြုလေသည်။ ထို့ကြောင့် စင်္ကာပူအထွေထွေဆေးရုံကြီးသို့ တက်ရောက်၍ ကုသခဲ့ရာ ဆ ရာဝန်များအဖွဲ့ က လူနာ၏နှလုံးနှင့်အသဲကိုတပြိုင်တည်းဖယ်ရှား၍အစားထိုးလဲလှယ်ရန်ဆုံးဖြတ်ခဲ့ကြသည်။ ၁၃ နာရီကြာ ခွဲစိတ်အစားထိုးပြီးနောက် လူနာ၏အခြေအနေမှာ ကောင်းမွန်လာသည်ကိုတွေ့ရှိရသည်။ ယခု ကဲ့သို့ နှလုံးနှင့်အသဲ တပြိုင်တည်းအစားထိုးလဲလှယ်ခြင်းသည် အာရှတငွ် ပထမဆုံးအကြိမ်ဖြစ်သည်။ စင်္ကာ ပူနိုင်ငံသည် အာရှတငွ် အကောင်းဆုံးသော ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်များရှိသဖြင့် နှစ်စဉ် နိုင်ငံ ခြားလူနာများ အများအပြားလာရောက် စမ်းသပ်ခြင်း၊ ကုသခြင်းများပြုလုပ်ကြသည်ကိုတွေ့ရသည်။ (အေအက်ဖ်ပီ) (၂၅၊ ၄၊ ၂၀၀၉) ရက်၊ နံနက် (၉း၃၀) နာရီ။ ဦးမြင့်သိန်း ၂၀၁၀ အရောက်တငွ် ကမ္ဘာ့စီးပွားရေး ပြန်လည် နှိုးထလာမည် 25/Apr/2009

ကမ္ဘာ့စီးပွားရေးသည် ကြီးမားသောအကျပ်အတည်းနှင့် ကြုံတွေ့ခဲ့ရ၍ စီးပွားရေးတစ်ခုလုံးပေါ်တွင် ယုံကြည် မှုများလည်းပျောက်ဆုံးခဲ့ရသည်ဟု IMF ၏ နှစ်ဝက်ကမ္ဘာ့စီးပွားရေးအခြေအနေ စစ်တမ်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။ ယခုနှစ်တငွ် ကမ္ဘာ့စီးပွားရေးသည် ၁.၃% ကျဉ်းကျုံ့သွားမည် ဖြစ်သည်။ သို့သော်လည်း ၂၀၁၀ ခုနှစ် တွင် တဖြည်းဖြည်းချင်း ရှင်သန်တိုးတက်လာ၍ ၁.၉ % တိုးတက်မှုရှိလာမည်ဖြစ်သည်။ ဤတိုးတက်မှုသည် ထွန်း သစ်စနှင့် ဖွံ့ဖြိုးဆဲစီးပွားရေးနိုင်ငံများတို့၏ အဓိကပံ့ပိုးမှုကြောင့်ဖြစ်သည်။ အမေရိကန်အပါအ၀င်ချမ်းသာသောနိုင် ငံများ၏ စီးပွားရေးသည် လာမည့်နှစ်အထိ တိုးတက်မှုပြနိုင်ဦးမည် မဟုတ်ပေ။ ၂၀၀၉ ခုနှစ်အတွင်း G-20 အဖွဲ့ ၏ GDP သည် ၃.၈% တိုးတက်မည် ဖြစ်သည်။ တရုတ်၏ တိုးတက်မှုသည် ယခုနှစ်တငွ် ၆.၅ % ခန့်မှန်းထားသည်။ ကမ္ဘာ့စီးပွားရေးလက်ရှိကြုံတွေ့နေရသော အခက်အခဲများနှင့် မှေးမှိန်လျက်ရှိသော အနာဂတ် မျှော်မှန်းချက်များ ကိုဖြေရှင်းရန် ငွေရေးကြေးရေးနှင့် နိုင်ငံလုံးဆိုင်ရာစီးပွားရေး မူဝါဒများတွင်ထိရောက်အသုံးဝင်သောဆောင်ရွက် ချက်များ အလျင်အမြန်ပြုလုပ်ရန်လိုကြောင်း အတိတ်ဖြစ်ရပ်များက သက်သေပြပြီးဖြစ်သည်ဟုဖော်ပြထားသည်။ (ဆင်ဟွာ)

(၂၅၊ ၄၊ ၂၀၀၉) ရက်၊ နံနက် (၉း၃၀) နာရီ။ ဦးမြင့်သိန်း မက္ကဆီကိုတငွ် H1N1 ၀က်တုပ်ကွေး ရောဂါ ဖြစ်ပွား 25/Apr/2009

မက္ကဆီကိုနိုင်ငံနှင့် အမေရိကန်နိုင်ငံ တောင်ပိုင်းပြည်နယ်နှစ်ခုတို့တငွ် ၀က်တုပ်ကွေးဗိုင်းရပ်စ် (A/H1N1) ပျံ့နှံ့ဖြစ်ပွား၍ အသေအပျောက်များပြားသဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှ ကျွမ်းကျင်သူများကို သောကြာနေ့ က စေလွှတ်ခဲ့သည်။ တုပ်ကွေးရောဂါသည် အများအားဖြင့်ကလေးငယ်များနှင့်သက်ကြီးရွယ်အိုများတွင် ဖြစ် ပွားလေ့ရှိသော်လည်း ယခု ကိစ္စတငွ် ငယ်ရွယ်၍ ကျန်းမာသော လူငယ်များအတွင်း ဖြစ်ပွားသဖြင့် WHO က လွန်စွာစိုးရိမ်လျက်ရှိသည်။ မက္ကဆီကိုတငွ် ဒေသသုံးခု၌ နိုင်ငံသားတစ်ထောင်ခန့်သည် ရောဂါဖြစ်ပွားလျက် ရှိပြီး လောလောဆယ် လူ ၂၀ ခန့်သေဆုံးခဲ့သည်။ အမေရိကန်တငွ် လူ ၈ ယောက်ကူးစက်ခံနေရပြီး အသေ အပျောက်မရှိသေးချေ။ ရောဂါဖြစ်ပွားရာဒေသတွင် ကျောင်းများကိုပိတ်ထားပြီး လူစုလူဝေးများကိုရှောင်ရှား ရန် သတိပေးနှိုးဆော်ထားသည်။ (အေအက်ဖ်ပီ) (၂၅၊ ၄၊ ၂၀၀၉) ရက်၊ နံနက် (၉း၃၀) နာရီ။ ဦးမြင့်သိန်း Calais ဆိပ်ကမ်းမြို့ ဒုက္ခသည် စခန်းများကို ပြင်သစ် ပိတ်သိမ်းမည် 24/Apr/2009

ပြင်သစ်နိုင်ငံသည် အင်္ဂလိပ်ရေလက်ကြားဖြတ် Calais ဆိပ်ကမ်းမြို့ရှိ ရွှေ့ပြောင်းလုပ်သားပျံကျ

စခန်းများကိုယခုနှစ်ကုန်တင်ွပိတ်သိမ်းရန်စီစဉ်ထားကြောင်းသိရသည်။ဗြိတိန်နိုင်ငံသို့ ကူးပြောင်း ၀င်ရောက်သည့် ရွှေ့ပြောင်းလုပ်သားများအတွက် ယာယီခိုလှုံရေး စခန်းများ တည်ရှိသော Calais ဆိပ်ကမ်းမြို့သည် 'the jungle' ဟူ၍ လူသိများထင်ရှားသည်။ Calais မြို့အနီးတွင် လက်ရှိနေထိုင်လျက်ရှိသော ရွှေ့ပြောင်းလုပ်သားများအား လူ သားချင်းဆိုင်ရာထောက်ပံ့ကူညီသောအနေဖြင့် အချက် ၆ ချက်ပါ အစီအစဉ်တစ်ရပ်ကို ပြင်သစ် လူဝင်မှုကြီးကြပ် ရေးဝန်ကြီး မစ္စတာ Eric Besson ကထုတ်ပြန်ထားသည်။ ယင်းအချက်များ၌ ခိုလှုံခငွ့် တောင်းခံသူများအတွက် ဒုက္ခသည်စခန်းသစ်တည်ဆောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအပါအ၀င် အစားအသောက် ထောက်ပံ့ မည့် အစီအစဉ်များလည်း ပါဝင်ကြောင်းသိရသည်။ Calais ဆိပ်ကမ်းမြို့၌ ဒုက္ခသည်ခိုလှုံရေးစခန်းစတင်ဖငွ့်လှစ် သည့် 1999 ခုနှစ်ကစ၍ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံအကြား တင်းမာမှုဖြစ်ပွားစေသောအကြောင်းရင်းတစ်ရပ်ဖြစ်လာ ခဲ့သည်။ ၎င်းဒုက္ခသည်စခန်းမှ ရွှေ့ပြောင်းလုပ်သားများသည်ဗြိတိန်နိုင်ငံသို့ တရားမ၀င်ကူးပြောင်းဝင်ရောက်မှုပြု ခဲ့ကြောင်း ဗြိတိန်အစိုးရက စွပ်စွေဲ ပြာဆိုထားသည်။ (အေအက်ဖ်ပီ) (၂၄၊ ၄၊ ၂၀၀၉) ရက်၊ နံနက် (၉း၃၀) နာရီ။ Cuckoo

ကျည်ကာဘရာစီယာကြောင့် အသက်ဘေးမှ လွတ်မြောက် 24/Apr/2009

အမေရိကန်အမျိုးသမီးကြီးတစ်ဦးသည် ၀တ်ဆင်ထားသော ဘရာစီယာကြောင့် အသက်ဘေးမှ ကံကောင်းထောက်မစွာ လွတ်မြောက်သွားခဲ့သည်။ အမေရိကန်နိုင်ငံ မစ်ရှီဂန်ပြည်နယ် Detroit မြို့ အနောက် ဘက်ပိုင်းတွင်နေထိုင်သော အသက် ၅၇ နှစ်အရွယ်အမေရိကန်အမျိုးသမီးကြီးတစ်ဦးသည်သူမ၏အိမ်နီးချင်းအိမ် တစ်အိမ်၌ အိမ်သားမရှိသည့်အချိန်ဆယ်ကျော်သက်ဖောက်ထငွ်းရေးသမားသုံးဦးမှအိမ်ကိုဖောက်ထငွ်းဝင်ရောက် နေသည့် ဖြစ်ရပ်ကို တွေ့မြင်သွားသဖြင့် ဖောက်ထငွ်းရေးသမားတစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ထို သို့ပစ်ခတ်ပြီးနောက် ဖောက်ထငွ်းရေးသမားများ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ပစ်လွှတ်လိုက်သော ကျည် ဆန်သည် ပြတင်းမှန်ကိုဖြတ်၍ သူမအားထိမှန်ခဲ့ပြီး သူမ၏အတွင်းခံအင်္ကျီတင်ွပါရှိသောသတ္တုဝါယာကြောင့်ကျည် ဆန်ပြန်ကန်ထွက်သွားပြီး၊ ပြင်းထန်သော ဒဏ်ရာရရှိခြင်းမရှိခဲ့ပေ။ (ဘီဘီစီ) (၂၄၊ ၄၊ ၂၀၀၉) ရက်၊ နံနက် (၉း၃၀) နာရီ။ နွေမိုးစက်

ဓါတ်ပုံ ၄ ပုံ

လောအယ်စိုး ဧပြီ ၂၅၊ ၂၀၀၉ တက္ကသိုလ်ပညာရေး ပြီးဆုံးခြင်း (သို့မဟုတ်) ကျနော်တယောက်ဘွဲ့ ရသွားပေပြီ။ ခုနှစ်ကား ၁၉၉၆ ခုနှစ်၊ ၀မ်းသာလိုက်လေခြင်း …။ ဘွဲ့ရလို့ ၀မ်းသာသွားခြင်း မဟုတ်ပါ။ မိမိဖတ်ချင်သောစာများကို လွတ်လွတ်လပ်လပ် ဖတ်ရပေတော့မည်။ ပြီးတော့ ကြီးကြီးမားမား မိမိ၏ရည်ရွယ်ချက်တခုကို စတင်အကောင်အထည် ဖေါ်ရပေတော့မည်။ အဲဒီရည်ရွယ်ချက်ကြီးကတော့ ဓါတ်ပုံပညာကို

ကျနော်

ဓါတ်ပုံသတင်းထောက်

အရှုးအမူး

အလွန်ဖြစ်ချင်သော

ဝါသနာပါခဲ့သည်။

ဆန္ဒပါ။

အသက်

လူတွေရဲ့ဘ၀အကြောင်းကို

ဆယ်နှစ်ကျော်

ဓါတ်ပုံရိုက်၍

အရွယ်ကတည်းက

သရုပ်ဖေါ်တင်ပြလိုသည်။

ကြော်ငြာပစ္စည်းများနှင့်တ၍ွဲ မင်းသားမင်းသမီးများ၏ ဓါတ်ပုံများကို ရိုက်ခြင်းမဟုတ်ပါ။ နေ့စဉ်လူ့လောကကြီးအတွင်း ကျင်လည်နေကြသည့် “ဘ၀” များကို “ကင်မရာ”ဖြင့် ချည်းကပ်လိုသည်။ သူတို့တတွေ၏ ရုန်းကန်မှုနှင့် ရင်ခုန်သံများကို သရုပ်ဖေါ်လိုသည်။ ကျနော်မိတ်ဆွေများသိထားသော ဓါတ်ပုံလောကနှင့်

ကျနော်ခိုင်မာစွာယုံကြည်ပြီး

ရင်ခုန်သည့်

ဓါတ်ပုံအနုပညာကလည်း

မတူ။

အနည်းငယ်သော

မိတ်ဆွေရင်းများကသာ

နားလည်ပြီးအားပေးကြသည်။ ကျောင်းမပြီးသေးခင်ကတော့ ကိစ္စမရှိ အိမ်မှလစဉ်ကျောင်းစရိတ်၊ အဆောင်စာရိတ်တို့အတွက် ထောက်ပံ့သည်။ အခု ကျောင်းကပြီးတော့ အမေက နားလည်ပေမဲ့ ပတ်ဝန်းကျင်ကတော့ အသံထွက်စပြုနေပြီ။ “အဒေါ့်သား…ကျောင်းပြီးတော့ အိမ်မပြန်လာသေးဘူးလား” “အလုပ်တခုခု ၀င်မလုပ်သေးဘူးလား” “ဥပဒေနဲ့ ပြီးတာဆိုတော့ ရှေ့နေဖြစ်ဖြစ်၊ တရားသူကြီးပဲဖြစ်ဖြစ် ဥပဒေ၀န်ထမ်းဖြစ်ရင်တောင် နယ်မှာဆို အဆင်ပြေမှာ” စသည့် … စသည့် ... အသံများ .... နယ်မှ မိခင်ကို တယ်လီဖုန်းဖြင့် အကြောင်းကြားကာ မိမိ တယောက် ဓါတ်ပုံသတင်းထောက်အဖြစ် ဘ၀ကို ရွေးချယ်လိုက်ကြောင်း၊ ထို့ကြောင့်

ရန်ကုန်တငွ်

ဆက်လက်နေထိုင်ပြီး

ကြိုးစားဦးမည်

မိမိကိုနားလည်ပေးပါရန်နှင့်

မျက်နှာပူစွာပင်

လစဉ်

ဆက်လက်ငွေကြေး

ထောက်ပံပေးဖို့ မေတ္တာရပ်ခံခဲ့သည်။ နားလည်စွာဖြင့်ပင် မိခင်က ဘုရားရှင်ကို အရာရာဦးထိပ်ထားပြီး အကောင်းဆုံး ကြိုးစားရန်မှာသည်။ ပြီးတော့ ကျနော် လိုအပ်သည့် အသုံးစရိတ်များအတွက် ပုံမှန် ၎င်း၏ချွေးနဲစာထဲမှ ကျနော်ကို ထောက်ပံ့ပါ၏။ သို့သော်…

“ဒီကောင် ဒီကျောင်းပြီးတာတောင် မိဘကို ဒုက္ခဆက်ပေးနေတုံးပဲလား” “ဘာ… စိတ်ကူးယဉ် တောင်စဉ်ရေမရ ကိစ္စတွေ လျောက်လုပ်နေတာလဲ မသိဘူး” “ကိုယ့်အိမ်အခြေအနေကို ကိုယ်မသိတာလည်းမဟုတ် တကိုယ်ကောင်းဆန်ဖို့ မသင့်တော့ဘူး” “ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရမှာပေါ့” “ထောင်နှုတ်ခမ်းနဲ့ နီးတဲ့အလုပ်ကိုမှ လုပ်ချင်ရတယ်လို့ ... အံ့သြပါတယ်” စသည့်သြဘာသံများ။ သူတို့တတွေကိုလည်း

ကျနော်အပြစ်မဆိုပါ။မိမိကိုယ်တိုင်ကလည်း

ဖြစ်ချင်နေသည်က

နိုင်ငံခြားသတင်းဋ္ဌာနတခုခု၏

ဓါတ်ပုံသတင်းထောက်။ ပတ်ဝန်းကျင်အမြင်မှာကတော့ လွန်စွာမှ ရူးရူးနှမ်းနှမ်း ကိစ္စတခု။ ဘယ်သူတွေ ဘာပဲပြောပြော ကျနော်ကတော့ လုံးဝ စိတ်မပျက်၊ အမေ နားလည်ရင် ပြီးတာပဲ။ ထို့ကြောင့် စားလည်းသည်စိတ်၊ အိပ်လည်း သည်စိတ။် “ဓါတ်ပုံသတင်းထောက်မှ ဓါတ်ပုံသတင်းထောက်” ငါးပြားသားမှ လျော့ကိုမလျော့။ ကျောင်းတက်နေစဉ်အခါတုန်းကတော့ အဆောင်မှာနေ၍ ကိစ္စမရှိ၊ အခုတော့ နေရေးထိုင်ရေးက စကားပြောလာပေပြီ။ ထို့ကြောင့် ဂျက်ဆင်ဘုရားကျောင်းမှ သင်းအုပ်ဆရာကြီး ဦးအာသာကိုလေးကို နေစရာအတွက် မေတ္တာရပ်ခံရပါသည်။ ဆရာ၏ကျေးဇူးကြောင့်

ရန်ကုန်တက္ကသိုလ်ဝင်းထဲရှိ

၎င်း၏အိမ်အနောက်ဖက်

ကားဂိုဒေါင်ထဲတငွ်

နေထိုင်ခငွ့်ရရှိသွားပေပြီ။

ပျော်လိုက်လေဖြစ်ခြင်း … စိတ်ကူးယဉ်ဖြင့် အဓိပတိလမ်းကို ညဖက် လမ်းလျှောက်ခငွ့်၊ ကံ့ကော်တန်း၏အလှနှင့် ရနံကိုဆက်လက်ခံစားနေရခြင်း၊ သာယာလှ၍ လွမ်းမောဖွယ်ကောင်းလှသော ဥသြငှက်ကလေးများ၏ တွန်ကျူးသံများ တို့ကို ဆက်လက်နားဆင်နိုင်ခငွ့် ရသွားပေပြီ။ ချစ်သော မိတ်ဖေါ် ကားဂိုဒေါင်ကြီးက အရှေ့မှ သစ်သားတံခါးမကြီး နှစ်ချပ်၊ အနောက်ဖက် အလင်းရောင်ဝင် ပြတင်းပေါက်လေး သေးသေးတပေါက်၊ မီးခြစ်ဘူးထဲမှာ နေရသလိုပင်။ နွေးနွေးထွေးထွေး။ ပြီးတော့လည်း တက္ကသိုလ်ဝန်ထမ်းတန်းလျားမှ မိသားစုဝင်များနှင့်အတူ အိမ်သာတလုံးတည်းကို စည်းလုံးညီညွတ်စွာ ပျော်ပျော်ပါးပါးသုံးစွရဲ သည်။ မိသားစု ၅ စုနှင့် ကျနော် အပါအ၀င်အတွက် အိမ်သာက တလုံးတည်း။ မနက်မိုးလင်းပြီဆိုလျှင် တန်းစီ၍ စောင့်ရသည်။ အရသာထူး…တမျိုး။ မည်သို့ပင်ဖြစ်စေကာမူ

ကျနော့်အတွက်

ဤကားဂိုဒေါင်ကြီးပင်လျှင်



ဆောင်ပြိုင်

နန်းတော်ကြီးတခု

ဖြစ်၍

နေပေသည်။

အဘယ့်ကြောင့်ဆိုသော် ကျနော်၏ ပြင်းပြင်းထန်ထန် ရည်မှန်းချက်စိတ်ကူးယဉ်မီး (Burning Desire) သည် ဤကားဂိုဒေါင်ကြီးမှ တဆင့် အထက်ကောင်းကင်သို့ ညစဉ်အလျှံတညီးညီး တဟုန်းဟုန်းဖြင့် ထိုးထိုးတက်နေပေသည်။ နောက် အခက်အခဲတခုက ရှိသေးသည်။ ဖြစ်ချင်တာက ဓါတ်ပုံသတင်းထောက်။ ဓါတ်ပုံကို ရိုက်တတ်နေသည်မှာ ၉ နှစ်အတွင်းသို့ ရောက်နေပေမဲ့ ကျနော့်မှာ ကိုယ်ပိုင်ကင်မရာက မရှိ။ လွန်ခဲ့သော ခြောက်နှစ်တာ ကာလတုံးက မိမိမှာ ကိုယ်ပိုင်ကင်မရာ တလုံး ရှိခဲ့သည် သို့သော် အကြောင်းအရာ တစုံတခုကြောင့် ထိုကင်မရာလေးကို ကျနော် နာကျင်စွာ လက်လတ်ွဆုံးရှုံးခဲ့ရသည်။ ဓါတ်ပုံရိုက်တတ်မှန်းသိ၍ မိတ်ဆွေများက ၎င်းတို့နှင့် ပတ်သက်သော သာရေး နာရေး စည်းဝေးမှတ်တမ်း၊ ခရစ်ယာန်တို့၏ နှစ်ခြင်းခံယူသော အစီအစဉ်များ

အတွက်

လာရောက်

အကူအညီတောင်းတတ်ကြသည်။

ထိုအခါ

၎င်းတို့က

နားလည်ပြီး

အလိုက်သိစွာ

ကင်မရာမရှိခြင်းကို

ထူးထူးထွေထွေ

ကျနော်ရိုက်မည့်ကင်မရာကိုလည်း လိုက်လံငှားရမ်းပြီး ရှာဖွေပေးတတ်သည်။ မိမိအတွက်

အကောင်းဆုံး

လက်သွေးရမည့်

နေရာတွေပဲဟု

အကောင်းဆုံး

ခံယူကာ

ဝမ်းနည်းခြင်းမဖြစ်တော့။ သို့သော် ကင်မရာ တလုံးကိုတော့ ပိုင်ဆိုင်လိုလှသည်။ ကျနော်ပြုလုပ်နိုင်သောအရာ

တခုတည်းသာရှိပါသည်။

ထိုအရာကတော့

“ဘုရားကို

မိမိအတွက်

ကင်မရာတလုံးပေးပါရန်

ဆုတောင်းခြင်းတည်း”။ တန်ဖိုးကြီးလှသော ကင်မရာကို မိခင်ကလည်း ၀ယ်ပေးနိုင်စွမ်းမရှိ။ ပြန်ပြောင်းတွေး၍ အမှတ်ရမိသည်။ တနေ့ လှည်းတန်းမှမြို့ထသဲို့ အသွား၊ (၄၈) ဟိုင်းလတ်ကားပေါ် ကျနော်တွယ်၍ လိုက်ရင်း သံဈေးမှတ်တိုင်တငွ်

ကားက

ခရီးသည်များကို

တင်

ချရန်အတွက်

ခေတ္တအရပ်။

ကျနော်ကလည်း ကားကိုတွယ်နေရင်း ပတ်ဝန်းကျင်ကို

မျက်စေ့ကစားလိုက်တော့ လမ်းလျှောက်လာသော နိုင်ငံခြားသားတယောက် လွယ်ထားသည့် ကင်မရာကို သတိပြုမိလိုက်သည်။

အလို…

ကမ္ဘာ့

နံပါတ်



အဆင့်ဝင်

ကင်မရာအမျိုးအစား။

ထိုပုဂ္ဂိုလ်ကလည်း

သတင်းထောက်တဦး

သို့မဟုတ်

အပျော်တမ်းဓါတ်ပုံဆရာတယောက် ဖြစ်ကောင်းဖြစ်နေမည်။ ၎င်းနှင့် တထပ်တည်း သူ၏လည်တင်ွလွယ်ထားသော ကင်မရာက ကျနော့်ရင်ကို ပြင်းပြင်းထန်ထန် မြန်ဆန်သည့်အဟုန်ဖြင့် ခုန်စေသည်။ ထို့ကြောင့်

ကားဆရာကို

“ဟိုး..ထား”

ဟု

အော်လိုက်ပြီး၊

ရှေ့မှတ်တိုင်မရောက်မီ

ကားပေါ်မှ

ဆင်းဖို့ပြင်လိုက်သည်။

ထိုအခါ

အတူပါလာသောသူငယ်ချင်းက “ဟေ့ကောင်… ဆူးလေ မရောက်သေးဘူး လေကွာ” ဆိုတော့ ကျနော်က “လိုက်ခဲ့ … အရေးကြီးတယ်”ဟု ဆိုလိုက်ပြီး ထိုနိုင်ငံခြားသား လမ်းလျောက်လာနေသည့်ဖက်သို့ အနောက်ပြန်လျှောက်သွားကြသည်။ တွေ့ပါပြီး..ကိုယ့်ရှေ့မှာ ဥရောပသားလား အမေရိကန်ကလားမသိ ကျနော်သိတာက ၎င်းလွယ်ထားသောကင်မရာ ကျနော့်မျက်လုံးများ ပြူးပြဲပြီး အငမ်းမရ ကြည့်မိ၏။ ထိုအခါ ၎င်းနိုင်ငံခြားသားက ကျနော်ကို အလစ်သမားထင်၍လားတော့ မသိ၊ ကင်မရာကိုလက်ဖြင့် အမြန်အုပ်ကာ ကင်မရာကြိုးကိုလည်း တဖက်လက်ဖြင့် တင်းတင်းကျပ်ကျပ် ပြန်၍ ကိုင်လိုက်သေးသည်။ ကျနော် လွန်စွာ စိတ်မကောင်းဖြစ်ကာ ၀မ်းနည်းမိသည်။ ပြီးတော့လည်း “သြော် … ငါ့ကို သူက ကင်မရာကို စိတ်ဝင်စား ရူးသွပ်တဲ့လူ ဆိုတာ သိချင်မှ သိမှာ။ ငါ သူ့ရဲ့ ကင်မရာကို အလစ်သုတ်မှာကို စိုးရိမ်ရှာမှာပေါ့” ဟု မိမိကိုယ်ကို ဖြေသိမ့်လိုက်ရပါသည်။ တကယ့်မှတ်မှတ်ရရလေး ... ဘယ်လိုပဲဖြစ်ဖြစ်။ ဘာတွေပဲ ကြုံကြုံ၊ ကျနော့်အတွက် အရာရာကို ဓါတ်ပုံရိုက်ရန်သာ အစဉ် စဉ်းစားမိနေလေတော့သည်။ စိတ်ဓါတ်က မကျသွား။ ကိုညီညီသင်ွကလည်း “ဟေ့ ... မင်းမှာ ကင်မရာမရှိပေမဲ့ စိတ်ဓါတ်ကျဖို့ မလိုပါဘူးကွာ။ မင်းက ဓါတ်ပုံရိုက်တတ်နေပြီပဲ ...။ မဟုတ်လား … သွား (British Council) နဲ့ (American Centre) ကို။ နိုင်ငံတကာ ဓါတ်ပုံဆရာကြီးတွေ ဘယ်လို ဓါတ်ပုံရိုက်ထားတယ်ဆိုတာ လေ့လာကွာ။ ပြီးတော့လည်း မင်းရဲ့မျက်လုံးတွေကို ကင်မရာလို သဘောထားပြီး အမြဲ ရိုက် ရိုက်နေကွာ” သူအကြံပေးတာကလည်း ဟုတ်တုတ်တုတ်။ ဒါကြောင့် မျက်လုံးနှစ်လုံးကို ကင်မရာမှန်ဘီလူးပမာ သဘောထားပြီး မရပ်မနား တရစပ် မျက်လုံးဓါတ်ပုံတွေ ရိုက်နေသောအချိန်။ တနေ့ … ။ မော်လမြိုင်မြို့ အနာကြီးရောဂါပြုစုစောင့်ရှောက်ရေးဆေးရုံမှ ဒေါက်တာစောဝါးထူး၊ တခါတရံ ၎င်း၏မိတ်ဆွေများက ချစ်စနိုးဖြင့် “ဟေ့... အနူဆရာဝန်ကြီး” ဟု ကင်ပွန်းတတ်ခံရသူ၊ အစည်းအဝေးကိစ္စတခုကြောင့် ရန်ကုန်ကို ရောက်နေခိုက်၊ တည ကျနော်နှင့် တနေရာတွင် ဆုံကြသည်။ ဒေါက်တာစောဝါးထူးက “ဟေ့ ... မောင်။ မင်းက ဓါတ်ပုံလေး ဘာလေး ရိုက်တတ်တယ်လို့ ကြားတယ်။ အဲဒါ ... ငါ့ကို တခုလောက် ကူညီစမ်းပါဦး” “ဟုတ်ကဲ့။ ကျနော် ဘာ ကူညီရမလဲ အန်ကယ်” “အေး..နောက် နှစ်ပတ်လောက်ဆိုရင် ငါ အမေရိကန်ကို အနာကြီးရောဂါနဲ့ပတ်သက်ပြီး ညီလာခံတခု သွားတက်ရမှာ။ ဟိုမှာ ... တင်ပြဆွေးနွေးတာတွေ လုပ်ရမှာ။ အခု ငါ့ဆေးရုံမှာ ထူးထူးဆန်းဆန်း ဒီအနာကြီးရောဂါထဲကပဲ ပုံစံအသစ် ထပ်တွေ့ထားလို့ကွာ။ အဲ့ဒါ လူနာရဲ့ ဓါတ်ပုံနဲ့ သူတို့ရောဂါတွေကို ငါ ဓါတ်ပုံရိုက်ချင်တယ်။ ပြီးတော့ သူတို့ကို ဘယ်လို ကုသမှုတွေ ပေးရမလဲဆိုတာ တင်ပြချင်လို့။ မင်း ငါ့နောက် မော်လမြိုင်လိုက်ပြီး ဓါတ်ပုံရိုက်ပေးလို့ မရဘူးလား။ အော် … ဒါနဲ့ အဲ့ဒီဓါတ်ပုံတွေကို ပရိုဂျက်တာနဲ့ ပြမှာဆိုတော့၊ ဆလိုက်ဖလင် (Slide Film) နဲ့ ရိုက်ရမှာနော်” ခက်ပြီ။ မိမိက သွား၍ ရိုက်ပေးနေချင်သည်က ပြော၍ မပြတတ်လောက်အောင်။ ပြဿနာက လက်ထဲတငွ် ကင်မရာက မရှိ။ ခေတ္တ တွေဝေနေမိသည်။ “ဟေ့ ... မင်းက ငါတို့ အနူတွေကို ဓါတ်ပုံ မရိုက်ချင်ဘူးလားကွ” လုပ်ပြီ၊ ဒေါက်တာစောဝါးထူးက အတည်ပေါက်ဖြင့် နောက်သလိုလို၊ တကယ်အတည်ဖြင့် ပြောသလိုလို။ “ငါ … အဲဒီဖလင်ဖိုးနဲ့ မင်းအပြန် ခရီးစာရိတ်တွေ အားလုံး စီစဉ်ပေးမယ်ကွာ။ မင်းသာ ငါ့နောက်လိုက်ပြီး ဓါတ်ပုံ ရိုက်ပေးစမ်းပါ” “ဟုတ်ကဲ့။ ကျနော် လာရိုက်ပေးပါ့မယ်။ ပထမဦးဆုံး ကျနော်ကင်မရာ ငှားရမယ်။ အဲဒါ မိတ်ဆွေတယောက်ကို အကူအညီ တောင်းရဦးမယ်။ သူ့ဆီက ကင်မရာ ရ ရခြင်း ကျနော် မော်လမြိုင်ကို လိုက်လာခဲ့ပါမယ်။ ကျနော် အခု အန်ကယ်နဲ့ ချက်ချင်းကြီး လိုက်လို့ မဖြစ်သေးလို့ပါ”

ဟုပြန်ပြောလိုက်တော့။ “အေး။ အဲဒါဆိုလည်း ပြီးတာပဲကွာ။ လာမယ်ဆိုရင်တော့ ကတိတော့ မပျက်နဲ့။ အဲ့ဒီဓါတ်ပုံက ငါ့အတွက် အရမ်းအရေးကြီးတယ်။ ဒီဓါတ်ပုံတွေ ပါမသွားရင် ငါလည်းခက်မယ်။ မင်း ကတိတော့ တည်ပါစေ” ဆိုပြီး ဒေါက်တာစောဝါးထူးတယောက် ကျနော့်ကို မယုံတ၀က် ယုံတ၀က်ဖြင့် မော်လမြိုင်သို့ ပြန်သွားလေ၏ မိတ်ဆွေတဦးထံ ကင်မရာခေတ္တငှါးရန်အတွက် မေတ္တာရပ်ခံရသည်။ ထို့အပြင် ဖလင်ဖိုးနှင့်လမ်းစရိတ် အတွက်လည်း ချေးငှားမည့်သူကို … “ဟို … မော်လမြိုင် အနာကြီးဆေးရုံမှာ ကုသိုလ် သွားလုပ်မလို့။ အဲ့ဒါ လမ်းစရိတ်လေး နည်း နည်းလိုတာနဲ့ ပြန်လာရင် ဆပ်ပါ့မယ်။” ကျနော် မော်လမြိုင်သို့ လာမည်၊ မလာမည်ကို သံသယရှိသော ဒေါက်တာစောဝါးထူးက လမ်းစာရိတ်နှင့် ဖလင်ဖိုးအတွက် ဘာမှ မချန်ထား။ တကယ်လာမှ ပြန်ပေးမည် ဆိုတာမျိုး။ “ဟေ့ကောင်



မင်း

ငါနဲ့

လိုက်မလား။

မော်လမြိုင်သွားပြီး

ဓါတ်ပုံကုသိုလ်

သွားလုပ်မလို့။

စိတ်ဝင်စားရင်

လိုက်ခဲ့ကွာ၊

ဗဟုသုတလည်းရတာပေါ့” ဆိုပြီး တောင်ကြီးသား ဖိုးပြုံးကို အဖေါ် စပ်လိုက်၏။ သူကား … ဂီတာတီးရလျှင် အမြဲ ပြုံး၍ပျော်နေသူ။ အဲ့ဒီကာလတုန်းက အမောင်ဖိုးပြုံးတွင် ပြင်းပြင်းထန်ထန် ရည်ရွယ်ချက်တခု အသေအချာရှိနေသည်။ ထိုစဉ်က

ကျနော်

ညနေစာစားဖို့

တခါတရံ

အခက်အခဲကြုံလျှင်

သူကကျွေး၍၊

၎င်းငွေပြတ်သောအခါ

မိမိကလည်း

အိမ်မှ

ငွေပို့လာခိုက်နှင့်ကြုံလျှင် နိုင်သလောက် ဝေငှပါ၏။ စုစုရုံးရုံးဖြင့် သူတို့တတွေ ဖိုးပြုံး၊ စောသာဂေး (The Tree Band) မှ ကီးဘုတ်သမားတို့က ယုဒဿန်ရိပ်သာဝင်းမှာနေကြဆဲ။ သာ့သနာ့အရိပ်ကိုနွေးထွေးစွာ

ခိုလှုံနေသောကာလ

ဆိုရင်လည်း

မမှား။

ရန်ကုန်မြို့တော်၏

တိုက်ခန်း

ငှါးရမ်းခဈေးနှုန်းကို

မိမိတို့

လက်လှမ်းမမီသေးသော အချိန်ပါ။ ကွယ်လွန်သွားပြီဖြစ်သော

အဆိုတော်ဒိုးလုံးသည်

ဖိုးပြုံး၏

ဆွေမျိုး

ညီအကို

တော်စပ်သူ

တဦးဖြစ်သည်။

လူငယ်ထုကြား၌

ရိုက်ခတ်အောင်မြင်၍ ပျံလငွ့်လာသော ဒိုးလုံး၏ ဆန်းသစ်သော ဂီတသံစဉ်များကို အဓိကစီမံ၍ တီးခတ်မှုအ၀၀ကို ကြီးကြပ်ခဲ့ရသူသည် ကျနော့်ချစ်သောမိတ်ဆွေ ခွန်ပြုံး ပေတည်း။ သူကား.ဘော့စ်ဂီတာသမား

အရပ်ပုပုနှင့်

ပအိုဝ်တိုင်းရင်းသားတဦး။သူလည်း

ထိုအချိန်က

ဟိုခရစ်ယာန်ဘုရားကျောင်း

ဒီခရစ်ယာန်ဘုရားကျောင်းတို့က မေတ္တာရပ်ခံရင် လိုက်တီးပေးလိုက်၊ သူငယ်ချင်းမင်္ဂလာဆောင်ဆိုရင်လည်း သူ မပါလို့ မဖြစ်။ မိမိတို့ကိုယ်စီ မျှော်မှန်းထားသော အနာဂတ်ကလည်း ဟို … အဝေးကြီး … အဝေးကြီးဟု ထင်နေသည့် ကာလ။ မောင်မင်းကြီးသား ဖိုးပြုံးကို ခရီးဖေါ်အဖြစ် ခေါ်သွားကာ၊ ဈေးအနည်းဆုံး ရန်ကုန် - မော်လမြိုင် ည ခရီးစဉ် အစိုးရဟီးနိုးကားကြီးဖြင့် ချီတက်သွားကြသည်။ နှစ်ဦးစလုံး … အလယ်ခုံမှာသာ နေရာရ၏။ ခရီးသည်တွေက မတန်တဆများတော့ တကယ့်ကို ကျပ်ကျပ် သပ်သပ်။ နောက်တနေ့ နံနက်တငွ် ကျနော်တို့နှစ်ဦး ဒေါက်တာစောဝါးထူး၏ မော်လမြိုင်ရွှေမြို့တော်ကြီးသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားသည်။ တောင်ဝိုင်းအရပ်ရှိ ဒေါက်တာစောဝါးထူး၏နေအိမ်သို့ ရောက်ရှိသွားပြီး၊ ၎င်းကို ၀မ်းသာအားရ သွားရောက်တွေ့ပြီး “အန်ကယ် … ကျနော်ရောက်ပါပြီ။” မိမိ ကတိတည်သည်ဆိုကြောင်း ပြချင်သည့် မာန်ကလေးနှင့်။ ဒေါက်တာစောဝါးထူးက တအံ့တသြဖြင့် … “ဘာကိစ္စရှိလို့ မင်းတို့ မော်လမြိုင်လာကြတာလဲ” ဒေါက်တာစောဝါးထူးတယောက်

ဖောက်လေပြီ။

ခရီးပမ်းနေရသည့်အထဲ

အမောပင်ဆို့သွားသည်။

ကုသိုလ်အတူလာယူသည့်

ဖိုးပြုံးကလည်းမျက်နှာ မလှတော့။ “ဟား



မမှတ်မိတော့ဘူးလား”

အန်ကယ်ပဲ

ကျနော့်ကို

ဒီအနာကြီးဆေးရုံက

လူနာနှစ်ယောက်ကို

ဓါတ်ပုံရိုက်ပေးဖို့

မှာထားတာလေ၊

အန်ကယ်

“ဟုတ်တယ်လေ။ ရှင်ပ ဆဲ ရာနတ်နွယ်၊ ဆရာကျော်အောင်တို့နဲ့ ညနေစာ ထမင်းစားတော့ သူ့ကို ဓါတ်ပုံလာရိုက်ပေးဖို့ မှာထားတာ မဟုတ်လား။ သူ မလာမှာစိုးလို့ ရှင်ပဲ ဟိုပြော သည်ပြော ပြောလိုက်တာလေ” ဟူ၍ ၎င်း၏ မဟေသီက ဒေါက်တာစောဝါးထူးကို ပြောတော့မှသာ … “ဟာ …။ ဟုတ်တာပေါ့ ဆောရီးကွာ။ လူကြီးဆိုတော့လည်း မေ့တတ်တာပေါ့” ဟူ၍ ဒေါက်တာစောဝါးထူးက ခေါင်းကုတ်၍ ပြော၏ အန်တီ ကယ်လိုက်ပေလို့။ ဒေါက်တာစောဝါးထူးသည်

ချစ်စရာလူတယောက်ဖြစ်သည်။

ကျနော်နှင့်

သူ

ရန်ကုန်မှာ

အမှတ်မထင်ဆုံပြီး

၎င်းကဖိတ်ခေါ်၍

ညစာစားပွဲတခုသို့ အတူသွားကြခြင်း ဖြစ်သည်။ စာရေးဆရာကြီး နှစ်ဦးဖြစ်သော ဆရာနတ်နွယ်နှင့်ဆရာကျော်အောင်တို့ကို ၎င်းတို့ဇနီးမောင်နှံက ညစာ ကျွေးခြင်းဖြစ်သည်။ စာရေးဆရာများက သူ့ကို အလွန်ချစ်ကြသည်။ ဆရာပါရဂူ ဆရာမြသန်းတင့်တို့ဆိုလည်း ဒေါက်တာစောဝါးထူး၏ အနာကြီးရောဂါသည်များကို

စောင့်ရှောက်မှု့လုပ်ငန်းအတွက်

သိပ်ပြီး

ပြည်အနာများဖြင့်

ဝါသနာမထုံလှ။

ရိရေ ြဲ နေသာ

ခင်မင်လေးစားကြသည်။

အန်ကယ်စောဝါးထူးသည်

အနာကြီးရောဂါသည်တို့၏

စာပေဖတ်ရှုခြင်းလုပ်ငန်းကို

ခြေလက်အနာများကို

စေတနာဖြင့်

မရွံမရှာ

သုတ်သင်ဆေးကြောပေးခြင်းသည်ကား သူ၏ အနုပညာတခု။ သူ့ဘ၀သည် အနာကြီးရောဂါသည်များကို ကုသရေး၊ အနာကြီးရောဂါသည်များကို ကုသရေးသည်သာ သူ့ဘ၀။ ညစာစားပွဲတငွ် စာရေးဆရာကြီးနှစ်ဦးနှင့် ဒေါက်တာစောဝါးထူး ဘယ်ခရီးအထိ ရေချိန်ကိုက်သွားကြသည်မသိ၊ ယခုကြည့်ပါ သူ့ ကျနော်ကို မော်လမြိုင်သို့လာပြီး ဓါတ်ပုံရိုက်ခိုင်းသည့်ကိစ္စကို မမှတ်မိတော့။ အနာကြီးရောဂါသည်များတို့၏ ဘ၀ထဲတငွ် ဒေါက်တာစောဝါးထူး တယောက် နှစ်ပေါင်း ၃၀ ကျော်ကြာကြာ မိမိကိုယ်ကို မြှုတ်နှံထားသူတဦး ဖြစ်သည်။ တခါတရံ

၎င်း၏ပျော်ရွှင်စွာဖြင့်

မေ့တတ်ခြင်းကို

မိမိက

နားလည်ပေးရမည်သာ။

သူ့မှာ

ချစ်စရာ

လူသားအလွန်ဆန်သော

လုပ်ဆောင်ချက်များက မှတ်ကျောက် မတင်၍ မရ။ “အေး အေး …။ ကောင်းပြီကွာ။ ငါသူနာပြုဆရာမကို မင်းဘယ်လူနာ ဓါတ်ပုံရိုက်ရမယ်ဆိုတာ စီစဉ်ခိုင်းလိုက်မယ်..အကောင်းဆုံးသာ ရိုက်ပေးကွာ” ဆိုပြီး ကျနော့်ကို ဆေးရုံမှ သူနာပြုဆရာမတဦးနှင့် လွှဲလိုက်လေသည်။ ပြီးတော့လည်း အသွားအပြန်လမ်းစားရိတ် ဖလင် ကူးဆေးခတို့ကိုပါ တပါတည်း ထုတ်ပေးလိုက်သည်။ “ဒီမှာ ခဏစောင့်ပါ။ ကျမ ဓါတ်ပုံရိုက်ရမဲ့ လူနာကို သွားခေါ်လိုက်ဦးမယ်” ဟူ၍ သူနာပြုဆရာမက ကျနော်ကိုပြောပြီး လူနာဆောင်ဖက်သို့ ထွက်သွားသည်။ ငါးမိနစ်ခန့်အကြာ သူနာပြုဆရာမနှင့်အတူ အသက် ၂၀ နှင့် ၂၃ နှစ်အကြား အရပ်ခပ်ပြတ်ပြတ် အသားညိုညိုနှင့် လူငယ်တဦးပါလာ၏။ အလို … ၎င်းလူငယ်၏ မျက်နှာတပြင်လုံး အနာကြီးရောဂါ အရှိန်တန်ခိုး အစွန်းကုန်ပြ၍ နေသလားဟု ထင်လိုက်ရသည်။ ရောင်ယမ်း၍ ညိုပုပ်ကာ ပတ်ကြားအက်ကွေဲ နသော မျက်နှာပြင်၊ ပြည်ပုပ် အရည်များကလည်း အပြင်သို့ ပွင့်အန်ထွက်တော့မလို။ ၎င်း၏ညာဖက်လက်မှ အနာများကလည်း အလားတူ။ သူနာပြုဆရာမက.. “ဟုတ်ကဲ့။ ကျေးဇူးပြုပြီး သူရဲ့မျက်နှာနဲ့ ညာဖက်လက်ကိုတြွဲ ပီး ဓါတ်ပုံရိုက်ပေးပါ။ ဆရာကြီးက အဲဒီဓါတ်ပုံကို လိုချင်ပါတယ်” “ကဲ



ညီလေးရေ။

မင်းရဲ့မျက်နှာနဲ့

ညာဖက်လက်ကို

ကပ်ထား။

အကို

ဓါတ်ပုံရိုက်မယ်နော်”

ဟု

အဆိုပါလူငယ်ကို

ကျနော်ပြောလိုက်သောအခါ ၎င်းက တိတ်ဆိတ်စွာဖြင့် ခေါင်းညိတ်ပြပါသည်။ ကျနော်ကင်မရာဖြင့် ၎င်းလူငယ်၏မျက်နှာပြင်သို့ချိန်ပြီး ကင်မရာခလုပ်ကို နှိပ်ရန် ပြင်လိုက်သောအခါ “ဟေ့လူ … ဘာလုပ်တာလဲဗျ။ ဘာဖြစ်လို့ ကျနော့်ကို ဓါတ်ပုံလာရိုက်တာလဲ။ ဒီဓါတ်ပုံကို ခင်ဗျားက ဘာလုပ်မှာလဲ။ ဒီလောက် ကျက်သရေ မင်္ဂလာမရှိတဲ့ပုံကိုမှ ခင်ဗျားတို့ လိုချင်နေရတာလဲ။ ပြီးတော့ … ကျနော့်ပုံကို နိုင်ငံခြားမှာတောင် သွားပြဦးမယ်လို့ဆရာကြီးက ကျနော့်ကိုပြောတယ် ခင်ဗျားတို့ နည်းနည်းကလေးမှ ကိုယ်ချင်းစာနာစိတ် မရှိဘူးလား။ ခင်ဗျားတို့ရ့ပဲုံ ဆိုရင်ကော ခင်ဗျားတို့ ကျနော့်လို အရိုက်ခံပါ့မလား။ မလုပ်ပါနဲ့ဗျာ။ ကျေးဇူးပြုပြီး ကျနော့်ကို ဓါတ်ပုံမရိုက်ပါနဲ့ဗျာ။ ကျနော့်ကို သနားပါဗျာ။ ကိုယ်ချင်းစာစိတ်လေး နည်းနည်းထားပါဗျာ။ နော် … နော် … ကျနော့်ကို ဓါတ်ပုံမရိုက်ပါနဲ့ဗျာ …” ဟူ၍..ဟူ၍…

အဆိုပါ လူငယ်က ၎င်း၏နှုတ်ဖျားမှ တခွန်းမှ မပြောရှာပါ။ သူ့ခမျာ ပြောနိုင်သော အခွင့်လည်း ရှိမည်မထင်ပါ။ သို့သော် ၎င်း၏မျက်လုံးနှစ်လုံးက ကျနော့်ကို ပြင်းပြင်းထန်ထန်နှင့် အကျယ်လောင်ဆုံး အစွမ်းကုန် အော်ဟစ်နေသကဲ့သို့ ကျနော်ရုတ်ချည်းခံစားလိုက်ပါသည်။ ဓါတ်ပုံဆရာတော်တော်များများသည် မျက်လုံးတို့၏ စကားသံကို ဖမ်းနိုင်ပါသည်။ မျက်လုံးများတို့၏ သတင်းစကား အတိမ်အနက်ကို နားလည်နိုင်စွမ်းရှိ၏။ အတွေ့အကြုံများက ကျနော်တို့ဓါတ်ပဆုံ ရာများကို သင်ကြားပေးလိုက်သည်သာ။ အသုဘအခမ်းအနားများနှင့် အချူပ်သားတို့၏ ဓါတ်ပုံအတော်များများကို ကျနော် မှတ်တမ်းတင် ရိုက်ပေးခဲ့ဘူးသည်။ မိသားစု ဆွေမျိုး မိတ်သင်္ဂဟတို့၏

ကြေကွဲဖွယ်ရာ

နောက်ဆုံးခရီးစဉ်ပုံရိပ်၊

အသုဘမှတ်တမ်းဓါတ်ပုံများကို

ကာယကံရှင်များထံသို့

ပြန်၍ပေးသောအခါ

တည်တည်ငြိမ်ငြိမ်ဖြင့် လက်ခံကြသည်လည်း ရှိသည်။ ဒီဓါတ်ပုံက ကောင်း၍ ဟိုဓါတ်ပုံက ဘာဖြစ်လို့ ဒီလို ဖြစ်နေရတာလဲ ဆိုတာမျိုး၊ တခါတရံ ဓါတ်ပုံတွေကိုကြည့်ရင်း

မျက်ရည်လေး

တစမ်းစမ်း။

ပြီးတော့

ဓါတ်ပုံဖိုး

ထုတ်ပေးတတ်ကြသည်။

ကြေကွဲမှုသည်

၎င်းတို့အတွက်

အတိတ်မှာကျန်ခဲ့သည် ဆိုတာမျိုး အတော်များများ။ သွားလေသူကိုတမ်းတခြင်း - ဘယ်လိုပင် ဖြစ်စေကာမူ ထိုမှတ်တမ်းဓါတ်ပုံတွေကို တရိုတသေလေး သိမ်းထားတတ်ကြသည။် ပြန်၍ မထုတ်ကြည့်သည့်တိုင်အောင်ပေါ့။ နယ်မြို့တမြို့တငွ် ကျနော်နေထိုင်ခဲ့သောကြောင့် တခါတရံ ရဲစခန်းက အချူပ်ခံထားရသော အချူပ်သား တရားခံများတို့ကို ဓါတ်ပုံရိုက်ပေးရန် ခေါ်တတ်ကြသည်။ ၎င်းတို့တတွေကို ဓါတ်ပုံရိုက်သောအခါ သူတို့တတွေ၏မျက်နှာပြင်ပေါ်ဝယ် ဒေါသ ရှက်စိတ် တပါးသူကို နာကျည်းနေမှုတို့အပြင် “ငါတနေ့ လွတ်ရင်တော့လားကွာ” ဆိုသော မာနလေးများ၊ မာနကြီးများ ကပ်၍ ပါလာတတ်စမြဲ။ ၎င်းတို့၏ မျက်လုံးများကို ကျနော်သိသည်။ ယခု ကျနော့်အရှေ့ရှိ အနာကြီးရောဂါသည်လူငယ်ကလေးသည် ဤကဲ့သို့မဟုတ် မိမိခံစားနေရသော အနာကြီးရောဂါသည် တစုံတရာသော မိမိ၏ကာယကံမြောက် အပြင်ဖက်၊

ကျူးလွန်မှုတခုခုကြောင့်ရရှိသည့်

ဤမော်လမြိုင်

တောင်ဝိုင်း

ရောဂါလည်းမဟုတ်ပါ။

အနာကြီးဆေးရုံသို့

ထိုရောဂါဆိုးကြောင့်သာ

ရောက်ရှိနေခြင်းဖြစ်သည်။

မိဘ

မိမိသည်

မောင်နှမများကို

လူမှုအသိုက်အ၀ိုင်း၏

သတိရသည်။

တိတ်တခိုး

သံယောဇဉ်တွယ်မိသော သူလေးကို နာကျင်စွာဖြင့် တမ်းတမိပေလိမ့်မည်။ မိမိအတွက် ယခုဘ၀၌ ဘာဆို ဘာ တခုမှ မဖြစ်နိုင်တော့ဆိုသည့် အားငယ်မှုများ။ မျှော်လင့်ချက်များလည်း တစစီ ကွေဲ ကြလျှက်။ မိမိနှင့်နီးစပ် ပတ်သက်ခဲ့သောသူများတွေလည်း လူမှုပတ်ဝန်းကျင်အလည်မှာ မိမိကြောင့် မျက်နှာငယ်ရှာ ရော့မည်။ ယခုလည်း ကြည့်ပါဦး မိမိကို ဓါတ်ပုံရိုက်နေပြန်ပြီ။ ဤရောဂါပျောက်ကင်းသွားသည်ပဲထားဦး မိမိ၏နေရပ်သို့ ပြန်ကာနေဖို့ အခက်ကြုံဦးမည်။ “အနူ ... အနူ” ဆိုပြီး လူတိုင်းက ရွံရှာကြမည်။ ဤအနာကြီးဆေးရုံသည်သာ မိမိ၏ ခိုလှုံရာဖြစ်သွားလေပြီ။ မိမိ၏ဘ၀သည် ဆေးရုံတရုံမှ လူနာလား သို့မဟုတ် ဘယ်သောအခါမှ ပြန်၍ မလွတ်တော့သည့် နံရံတံတိုင်းမဲ့ အကျဉ်းထောင်ထဲမှ တသက်စာ ထာဝရ အကျဉ်းသားတဦးလား စသည် စသည်ဖြင့် နာကျင်စွာ တွေးနေမည်ဟု ကျနော် ခံစားလိုက်ရသည်။ ၎င်းနှင့် ထပ်တူထပ်မျှ ခံစားလိုက်ရပါသည်။ ကျနော် ထိုလူငယ်မျက်နှာကို ဓါတ်ပုံ ၂ ပုံရိုက်လိုက်၏။ “ဟူး…” ဓါတ်ပုံပေါင်း နှစ်ထောင်လောက် ရိုက်လိုက်သလိုမျိုး မောဟိုက် ပင်ပမ်းသွားမိသည်။ “ကဲ - ညီလေး၊ မင်းကို ဓါတ်ပုံရိုက်လို့ ပြီးပြီ၊ မင်းရဲ့ကုတင်ဆီ ပြန်လို့ရပြီနော်” ဟု

ကျနော်ပြောလိုက်သောအခါ

သူသည်

ကျနော်ကို

ဘာမျှ

မပြောပဲ

ခေါင်းညိတ်ကာ

အမျိုးသားလူနာဆောင်ဖက်သိ

ု့ဖြည်းဖြည်းခြင်းလမ်းလျှောက်သွားလေသည်။ “ဓါတ်ပုံဆရာလေး၊ ဒီမှာ ခဏစောင့်ပါဦး။ ကျမ နောက်တယောက် သွားခေါ်လိုက်ဦးမယ်” “ဟုတ်ကဲ့…ဆရာမ” ဟူ၍သာ ကျနော်ဖြေလိုက်ပြီး ကင်မရာကိုလွယ်၍ စောင့်နေလိုက်မိသည်။

လာပြန်ဦးမည် နောက်တယောက်။

ဘယ်လိုလူနာကို တခါ ဓါတ်ပုံရိုက်ရဦးမည်နည်း ဟု ကျနော့်စိတ်ထဲ တွေးမိလိုက်သည်။ ဖြစ်နိုင်လျှင် ကျနော် ဓါတ်ပုံ ထပ်မရိုက်ချင်တော့။ ခုနက လူငယ်တယောက်ပင်လျှင် လုံလောက်ချေပြီ။ အသက် ၁၅ နှင့် ၁၇ နှစ်အကြား အမျိုးသမီးငယ်လေး အသားကဖြူဖြူ ရုပ်ရည်ကလေးကလည်း သနားကမား၊ နုပျိုသော ဆယ်ကျော်သက်။ ဒါလည်း အနာကြီးရောဂါသည်တဦးလား။ မဖြစ်နိုင်ဘူးဟု မိမိတွေးမိလိုက်သည်။ သူမ၏ မျက်နှာပြင်နှင့် လက်တွေမှာ ဘာ အနာရောဂါကိုမှ မတွေ့ရ။

“ဓါတ်ပုံဆရာရေ - သူ့ကိုတော့ အပြင်မှာ ဓါတ်ပုံရိုက်လို့မရဘူး။ အခန်းထဲမှာ ခေါ်သွားရမယ်။ ကဲ လာ ... လိုက်ခဲ့” ဟု သူနာပြုဆရာမက ခေါ်တော့ ကျနော်လည်း ဇဝေဇ၀ါဖြစ်သွားကာ လိုက်ခဲ့ရသည်။ ဆေးရုံ၏ အခန်းလွတ်တခန်းသို့ရောက်တော့ အခန်းထဲတငွ် သူနာပြုဆရာမ၊ အမျိုးသမီးငယ် နှင့် ကျနော်တို့ ၃ ဦးသာ။ သူနာပြုဆရာမက အခန်းတံခါးကို ဂျက်ထိုးလိုက်ပြီး “ကဲ … သမီး မင်းရဲ့ အပေါ်အင်္ကျီကို ချွတ်လိုက်” ဟု အမျိုးသမီးငယ်ကို ပြောလိုက်သည်။ “ဆရာမ … ကျမ မချွတ်ရဘဲူး။ ရှက်တယ်” ဟူ၍ သူ့ခမျာ မျက်နှာတခုလုံး နီမြန်းကာ အလွန်အမင်း ရှက်နေရှာပေသည်။ မှန်ပေသည်၊ အသက် ၂၆ နှစ် အရွယ် ပုရိဿ အမျိုးသား လူငယ်တဦးရှေ့မှာ သူမတယောက် အပေါ်အင်္ကျီကိုချွတ်၍ ဓါတ်ပုံအရိုက်ခံရမည့်အရေးကို မည်သူ၊ တစုံတယောက်ကများ ကြည်ဖြူစွာ ခွင့်ပြုပါ့မည်လ။ဲ “ဒီကလေးမရဲ့အဖေက အနာကြီးရောဂါသည်လေ။ သူ့အဖေရဲ့မျက်နှာ၊ နှာခေါင်း လက်ချောင်းတွေလည်း ဒီရောဂါကြောင့် ပျက်စီးသွားပြီ။ အခု ကလေးမရဲ့အရေပြားပေါ်မှာ ထူးထူးဆန်းဆန်း အဖြူကွက်တွေ ပေါ်လာတော့ ကုသမှုအသစ်အတွက် ဆရာကြီး သုတေသန လုပ်ရဦးမယ်လေ။ ဒါကြောင့် အဲ့ဒီ အဖြူကွက်တွေကို ဓါတ်ပုံရိုက်ရမှာပေါ့” ဟူ၍ သူနာပြုဆရာမက ကျနော့်ကို တဆက်တည်း ပြောပြပါသည်။ ကျန်မာရေးဝန်ထမ်း ဆရာဝန် သူနာပြုများတို့သည် တခါတရံ မိမိ၏ သနားကြင်နာတတ်သော ခံစားချက်များကို ရှေ့တန်းတင်ရန် မဖြစ်ပဲ လူနာကို လူနာတဦးကဲ့သို့ ဆက်ဆံရသည့်အချိန်များလည်း ရှိပေလိမ့်မည်။ ထိုခံစားမှုနှင့် သူနာပြုတို့၏ တာဝန်ဝတ္တရား၊ နှစ်ခုတို့ ထိပ်တိုက်တွေ့ခြင်းတို့က ယခု ကျနော့်ကို ရိုက်ခတ်နေပေပြီ။ “ကဲ ကဲ ။ သမီးရေ ရှက်လို့ မရဘူးနော်။ သမီးရဲ့ရောဂါကို သိမှ၊ ကုသလို့ ရမှာ။ သမီးရဲ့ အောက်ခံ အင်္ကျီကို တ၀က်လောက် လျောချလိုက်နော်။ ဓါတ်ပုံ ရိုက်ရအောင်။ အခုလို လုပ်ရတာ သမီးအတွက်ပ။ဲ ကဲ … ကဲ… ” သနားစဖွယ် အမျိုးသမီးငယ်လေးခမျာ ဆရာမကိုလည်း လွန်ဆန်၍မရ၊ တဖက်မှာလည်း အပျိုစင်တယောက်၏ အဆုံးစွန်သော ရှက်စိတ်။ မည်သို့ပင် ဖြစ်စေကာမူ သူမတယောက် ၁၀၀ ရာခိုင်နှုန်း အပြည့် လိုက်လျော အလျှော့ပေးရရှာပါသည်။ သူမရင်သား၏ အပေါ်ယံတခုလုံးမှာ ဆရာမပြောသည့်အတိုင်း နှင်းပွင့်ကဲ့သို့ ဖွေးဖွေးဖြူနေသည့် အနာကြီးရောဂါ၏ လက္ခဏာများ။ ကျနော်ကင်မရာခလုပ်ကို နှိပ်လိုက်ကာ သုံးပုံမြောက်သော ဓါတ်ပုံရိုက်၍ ပြီးသွားလေပြီ။ “ကဲ … ကဲ … နောက်တပုံပဲ ကျန်တော့တယ်။ သမီး အရှေ့ကို လှည့်ပြီး ထမီကို တ၀က် လျှော့ချလိုက်တော့” ပြဿနာက မပြီးသေး။ ဆရာမက ထပ် ပြောပြန်ပါပြီ။ “ဆရာမ - တော်ပြီ၊ တော်ပြီ၊ကျမ မလုပ်နိုင်တော့ဘူး” “ဟေ့ - မလုပ်လို့ မရဘူးလေ၊ ဒါ ညည်း အတွက်ပ”ဲ ဆိုသော သူနာပြုဆရာမကို သူမ၏ မရမှန်းသိပေမယ့် တိုးရှိုး တောင်းပန်ချက်။ ကျနော်ဓါတ်ပုံဆရာကို ကျောပေးပြီး သူမ ၀တ်ဆင်ထားသည့်ထမီကို ဖြေးဖြေးခြင်း အောက်သို့ လျှော့ချပေးလိုက်သည်။ သူမ၏တင်သား နေရာအနှံ့တငွ် အဖြူရောင်အကွက်များစွာတို့က ထင်ထင်ရှားရှား။ ဤအဖြစ်ဆိုးကြီးကို မိမိမှသာ ကြုံတွေ့ရလေခြင်းဆိုသည့် ဘ၀အပေါ် နာကျည်းမှုနှင့် အပျိုစင်တယောက်၏ မဖေါ်ပြနိုင်လောက်သော အရှက်တရားတို့ဖြင့် သူမတယောက် မွန်းကျပ်နေလေရော့သလား၊ မသိနိုင်တော့။ “ပြီးပြီ ညီမ … ။ ထမီကို ပြန် တင် ၀တ်လို့ရပါပြီ” ဟု ကျနော် နောက်ဆုံး ၄ ပုံမြောက်သော ဓါတ်ပုံကိုရိုက်အပြီး သူမကို စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။ သူမသည် ထမီကို ပြန်၍ ပြင်ကာဝတ်လိုက်ရင်း အတင်းအားယူကာ ကြိုးစားထားရရှာသော အပြုံးဖြင့် တုန့်ပြန်ကာ ကျနော်အား ကြည့်လိုက်၏။ အို … သူမ၏ ပါးပြင်ပေါ်တွင် စီးကျနေသော မျက်ရည်စီးကြောင်းကြီး ၂ ခု ။ ။

Related Documents

25042009 News
April 2020 11
News
November 2019 45
News
April 2020 33
News
November 2019 45
News
October 2019 46