23 July News

  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View 23 July News as PDF for free.

More details

  • Words: 9,153
  • Pages: 34
J ULY 23 ဒို င် ယာ ရီ Thursday, July 23, 2009

“ဘယ်သူခခွဲ

တို့မကွဲ အမြဲစည်းလုံးမည်”

Thursday, 23 July 2009 16:23 STEPHFF ပြည်တငွ်းအခွန်ရုံးများ နေပြည်တော် ပြောင်းရွှေ့

NEJ /

၂၃ ဇူလိုင် ၂၀၀၉

ဘဏ္ဍာအခွန်ဝန်ကြီးဌာနလက်အောက်မှ ပြောင်းရွှေ့ရန် ကျန်နေသေးသည့် ပြည်တငွ်းအခွန်များ ဦးစီးဌာနရုံးအသီးသီးကို ဇူလိုင် (၂၃) ရက်နေ့မှ စတင်ပြောင်းရွှေ့နေပြီဖြစ်ကြောင်း ပန်းဆိုးတန်း ဝင်ငွေခွန်ဌာနခဲမွှ ဦးစီးအရာရှိတဦးက ပြောသည်။ ၎င်းက “လက်ရှိ ကျနော်တို့ပြောင်းဖို့ အမိန့်ကျတာ ပန်းဆိုးတန်းလမ်း အလယ်ဘလောက် ပုံစံ (၁၉) ထုတ်ပေးတဲ့ ရုံးအပေါ်ထပ်က ဝင်ငွေခွန်ဌာနခဲ၊ွ အောက်ဘလောက်မှာရှိတဲ့ ကုမ္ပဏီများ မှတ်ပုံတင်ရုံး၊ ငွေစာရင်းဌာနခွဲ စတဲ့ ရုံးတွေပါတယ်။ ရန်ကုန်မှာ ပုံစံ (၁၉) ထုတ်ပေးနေတဲ့ ရုံးရယ်၊ အောင်ဘာလေသိန်းဆုဌာနရုံးရယ် (၂) ရုံးပဲ ကျန်ခဲ့မယ်။ ဘယ်ဝန်ထမ်းကမှ နေပြည်တော် မပြောင်းချင်ဘူး။ ဒါပေမယ့် အမိန့်အရ မပြောင်းမနေရဆိုတော့ ပြောင်းကြရတယ်။ နောက်ပိုင်း ပြည်တငွ်းအခွန်ဌာနခွဲနဲ့ ဆက်သယ်ွဖို့လိုတဲ့ ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေအားလုံး နေပြည်တော်ကို လာပြီး လုပ်စရာရှိတာ လုပ်ကြရတော့မယ်” ဟု ပြောသည်။ ယခုပြောင်းရွှေ့သွားသည့် ရုံးများမှာ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များ၏ ဝင်ငွေခန်ွဆိုင်ရာ၊ မှတ်ပုံတင်ခြင်းနှင့် မှတ်ပုံတင်သက်တမ်းတိုးခြင်းဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ပေးနေသည့်အတွက် အစိုးရအခွန်ဌာနနှင့် မဖြစ်မနေ ဆက်သယ်ွရမည့် ကုမ္ပဏီမှ ပုဂ္ဂိုလ်အမြောက်အမြား နေပြည်တော်သို့ သွားရောက်ရတော့မည်ဖြစ်သည်။ သတ္တုတူးဖော်ရေးကုမ္ပဏီတခုမှ မန်နေဂျာတဦးက “နေပြည်တော်မှာ အဓိက ခက်ခတဲာက သွားရေး လာရေးပဲ။ တနေရာက တနေရာ သွားရတာ တော်တော်ခက်တယ်။ နေပြည်တော်က တက္ကစီကားတွေ ငှားရင် လွယ်လင့်တကူ ငှားလို့ မရတဲ့အပြင် တနာရီကို ကျပ် (၂) သောင်းခွဲ (၃) သောင်းလောက် ပေးရတာမို့ စရိတ်တော်တော်ကုန်တယ်။ နောက် သက်ဆိုင်ရာ ဝန်ကြီးဌာန အရာရှိတွေကို ပျဉ်းမနားခေါ်ပြီး ကာရာအိုကေနဲ့ စားသောက်ဆိုင်၊ အနှိပ်ခန်း ခေါ်ယူပြုစုရတဲ့ စရိတ်ကလည်း ရန်ကုန်ထက် ပိုကုန်တယ်။ ပြည်တငွ်းအခွန်ဦးစီးဌာနက ရန်ကုန်ရုံးတွေ ထပ်ပြီးရွှေ့လိုက်ရင် နောက်ထပ်သွားဖို့ ကိစ္စတွေ များလာဦးမှာဖြစ်တယ်” ဟု ပြောသည်။ စစ်အစိုးရက ယခုကဲ့သို့ အစိုးရရုံးများကို နေပြည်တော် ပြောင်းရွှေ့လိုက်သော်လည်း ပြည်သူများ သွားလာရ လွယ်ကူရေးကိုမူ ဘာမှဆောင်ရွက်မပေးကြောင်း၊ ပုံမှန် အသုံးပြုနေကျ ပျဉ်းမနား ဘူတာကိုလည်း ယခုနောက်ပိုင်း အသုံးပြုခွင့်မပေးတော့ဘဲ နေပြည်တော်၊ ပျဉ်းမနားနှင့် အလွန်ဝေးသည့် ဘူတာသစ်ကြီးကို အတင်းအကျပ် ပြောင်းလဲအသုံးပြုခိုင်းခဲ့ကြောင်း၊ နိုင်ငံခြားတွင် ကျောင်းသွားတက်ရန် (၁ဝ) တန်းအောင် သို့မဟုတ် ဘဲ့ရွ ကြောင်း ထောက်ခံစာတစောင် ရရန်အတွက်ပင် ပြည်သူအများ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနအထိ အချိန်ကုန် ငွေကုန်ခံပြီး သွားနေရကြောင်း ပြည်သူအများက ဝေဖန်ပြောဆိုနေကြသည်။ ဇူလိုင် (၂၃) နေ့ခင်းပိုင်းမှစပြီး ပန်းဆိုးတန်း အလယ်ဘလောက် ဝင်ငွေခန်ွရုံးရှေ့တွင် စစ်ကားကြီး (၇) စီး ထိုးဆိုက်ကာ ရုံးသုံးပစ္စည်းများ တင်ဆောင်နေကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။ လောလောဆယ် ပုံစံ (၁၉) ထုတ်ပေးရာရုံးကိုမူ ပြောင်းရွှေ့မှု မလုပ်သေးပေ။

ဗန်းမော်ခရိုင် ခယကအဖွဲ့ နယ်စပ်ကုန်သွယ်ရေးတွင် ဝင်စွက်

လာဘ်ငွေယူပြီး ပြန်လွှတ်

NEJ /

၂၃ ဇူလိုင် ၂၀၀၉

တရုတ-် မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတခုဖြစ်သည့် လွယ်ဂျယ်-ဗန်းမော်လမ်းကြောင်းတွင် ဗန်းမော် ခရိုင်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (ခယက) အဖွဲ့က ကုန်ကားများ ရှောင်တခင်စစ်ဆေးမှုများလုပ်နေပြီး တရားမဝင်ကုန်ပစ္စည်းများ ဖမ်းမိလျှင်လည်း ငွေတောင်းပြန်လွှတ်နေသည်။ တရုတ-် မြန်မာနယ်စပ် လွယ်ဂျယ်မြို့ နယ်စပ်ကုန်သွယ်ရေး စစ်ဆေးရေးစခန်းမှ ဖြတ်ကျော်လာသည့် ကုန်ကားများကို ဗန်းမော် ခယကအဖွဲ့က ယခင်က တားဆီးစစ်ဆေးမှုမျိုးမရှိသော်လည်း ယခုအခါ ဗန်းမော်မြို့အတွင်း ရှောင်တခင်စစ်ဆေး နေသကဲ့သို့ ဗန်းမော်နှင့် လွယ်ဂျယ်အကြားရှိ ကိုက်ထိပ်ကျေးရွာအထိ သွားရောက်ကာ စစ်ဆေးနေသည်ဟု ဗန်းမော်မြို့မှ ကုန်သည်တဦးက ပြောသည်။ ၎င်းက “ဒီလိုလုပ်တာ အခုလ (၁၄) ရက်နေ့က စတာပဲ။ ဗန်းမော်၊ မင်းကုန်းရပ်ထကဲ ဂိုဒေါင်တခုကို ခယကဥက္ကဋ္ဌအဖွဲ့ ဝင်စစ်လို့ ဂျူတီမဆောင်ထားတဲ့ ပိတ်စအုပ်တွေ ဖမ်းမိတယ်။ အဲဒီမှာ ကာစတန်တွေကော ရောက်လာတာပေါ့။ နောက်တော့ ကာစတန်က ကြားကညှိပေးနဲ့ နောက်ဆုံး သိန်း (၅ဝ) ဂါဝရပြုလိုက်ရတယ်။ ဒီမှာ လာဘ်ပေးတာကို ဂါတယ်လို့ ခေါ်တယ်။ ပုံး (၅ဝ) ဂါလိုက်လို့ ခယက ပါးစပ်ပိတ်သွားတဲ့သတင်း ဗန်းမော်တမြို့လုံး ဟိုးလေးတကျော် ဖြစ်နေပြီ။ အဲဒီကစလို ဝါးလို့ရမှန်းသိတော့ ခယကအဖွဲ့က အခုလိုလုပ်နေတာ” ဟု ပြောသည်။ ဗန်းမော် ခယက အာဏာပိုင်များက ကုန်ကားများကို စစ်ဆေးနေခြင်းသည် နယ်စပ်ကုန်သယ်ွရေးစခန်း၏ ဆောင်ရက်ွနေမှုများ ကို မယုံကြည်၍ ဝင်ရောက်စွက်ဖက်လုပ်ကိုင်လာခြင်းဖြစ်သကဲ့သို့ တရားမဝင်ပစ္စည်း ရှာတွေ့လျှင် လာဘ်ငွေယူနေသဖြင့် ဗန်းမော်မြို့ခံများအကြား ဝေဖန်ပြောဆိုနေကြသည်။ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှာ တရုတ်- မြန်မာနယ်စပ်ကုန်သယ်ွရေးတွင် မူဆယ်ကုန်သယ်ွရေးဇုန်ပြီးလျှင် ဒုတိယ ကုန်သယ်ွမှု အများဆုံးလုပ်နေသည့် နေရာလည်းဖြစ်ပြီး လာဘ်ပေး လာဘ်ယူမှုနှင့် ပတ်သက်၍ ဝန်ထမ်း အဖမ်းအဆီးခံရမှု မရှိသလောက်ဖြစ်ကာ ကုန်သည်နှင့် နကသဝန်ထမ်းများအကြား တစုံတရာ ပြဿနာမရှိကြောင်း အဆိုပါကုန်သည်က ပြောသည်။ ၎င်းက “မူဆယ်လိုင်းလို သိပ်မကျပ်ဘူး။ ကုန်ကုန်ပြောမယ်ဗျာ တချို့ကုန်သည်တွေဆို လိုင်စင်တွေ ထပ်ထပ်ခါခါသုံးနေတာ။ ဟိုကလည်း နားလည်မှုနဲ့ လွှတ်ထားတာ။ ကားတစီးမှာ ကုန်တဝက်လောက်က နှစ်ဘက်ညှိပြီး ဖရီးရိုက်လာတာ။ ဆိုလိုတာက ဂျူတီ သိန်း (၅ဝ) လောက် ကုန်မယ်ဆိုပါစို့။ သိန်းနှစ်ဆယ်ပဲ ဂျူတီဆောင် တဆယ်ကို သူတို့အိတ်ထဲ ထည့်ပေးတော့ သိန်းနှစ်ဆယ်လောက် သက်သာသွားတာပေါ့” ဟု ပြောသည်။ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ကုန်သည်များအကြား လာဘ်ပေးလာဘ်ယူမှု ရှိနေသည့်အပေါ် ယခုက့သဲို့ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးမှုများ ရှိနေသော်လည်း ဗန်းမော် ခယကအဖွဲ့က ကုန်သည်များနှင့် ကုန်ပစ္စည်း ဖမ်းဆီးခြင်းများ မရှိသေးကြောင်း အဆိုပါကုန်သည်က ပြောပြသည်။

မြစ်ကြီးနားမြို့နယ်တငွ် သွေးလွန်တုပ်ကွေးဖြစ်သူ များပြား

NEJ /

၂၃ ဇူလိုင် ၂၀၀၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ကလေးသူငယ်များသာမကပဲ ဆယ်ကျော်သက်လူငယ်များပါ သွေးလွန်တုပ်ကွေး ဖြစ်ပွားနေပြီး အသက်ဆုံးပါးမှုများ ရှိနေကြောင်း မြို့ခံများက ပြောသည်။ ပြီးခဲ့သည့် တပတ်ခန့်မှစ၍ မြစ်ကြီးနားဆေးရုံကြီးနှင့် ပြင်ပဆေးခန်းများတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားနေသည့် ကလေးသူငယ် အများအပြား ကုသမှုခံယူနေရပြီး နေရာမဆန့်အောင်ထိ လူနာများပြားနေကြောင်း မြစ်ကြီနားမြို့ခံတဦးက ပြောသည်။ ၎င်းက “အခုက (၁၅)၊ (၁၆) နှစ် အရွယ်တွေတောင် ဖြစ်နေတာ။ ဆေးရုံရော အပြင်ဆေးခန်းတွေမှာပါ သွေးလွန်တုပ်ကွေးကြောင့် ရောက်နေတဲ့သူတွေ အများကြီးပဲ။ သေဆုံးမှုဆိုတာက ကျနော်သိတာ ပြီးခဲ့တဲ့ရက်ပိုင်းက အေးမြသာယာမှာ (၂) ယောက်၊ ခေမာသီရိ ရပ်ကက်ွမှာ (၂) ယောက် ကလေးတွေချည်းပဲ။ ကျန်တဲ့နေရာမှာလည်း ဆုံးပါးမှုတွေ ရှိနေတယ်လို့ ကြားနေရတယ်။ နယ်ဘက်ကျတော့ တချို့က ဆေးမီးတိုနဲ့ ကုရင်းနဲ့ ဆုံးပါးရတယ်။ ဘယ်လောက် သေတယ်ဆိုတာ စာရင်းဇယား တိတိကျကျရှိတာ မဟုတ်ဘူး” ဟု ပြောသည်။ နှာခေါင်းမှ သွေးယိုကျခြင်း၊ သွေးပေါင်ကျခြင်းနှင့် ကိုယ်ပူတက်ခြင်း လက္ခဏာများဖြစ်ကာ ဆေးကုသမှု မခံယူနိုင်သည့် ကလေးများအနေဖြင့် ရက်ပိုင်းအတွင်း သေဆုံးနေရသည်ဟု အဆိုပါ ဒေသခံက ပြောသည်။

“မြစ်ကြီးနားမှာက

ခြင်တွေက ဆယ့်နှစ်ရာသီပေါနေတာ၊ ရေမြောင်းတွေက ပိတ်ဆို့နေတာ၊ ရပ်ကက်ွသန့်ရှင်ရေးတွေလည်း မလုပ်နိုင်တာကြာပြီ။

ဆေးဖြန်းတာတွေ ဘာဆို ဘာမှမရှိဘူး။ အခုလိုဖြစ်နေလို့ ကျန်းမာရေးဌာနက ပညာပေး ဟောပြောတာ၊ စာရွက်ဝေတာ၊ အသိပေးစာကပ်တာ ဘာမှမရှိဘူး” ဟု ၎င်းက ပြောသည်။ ယခုကိစ္စနှင့်ပတ်သက်၍ မြစ်ကြီးနား ပြည်နယ်ဆေးရုံကြီးသို့ ဖုန်းဆက်သယွ်၍ မရရှိပါ။

မွမ်းမံသင်တန်း (၁) လ တက်ရုံဖြင့် ဆရာဝန်မှတ်ပုံတင်ရမည် မင်းနိုင်သူ / ၂၃ ဇူလိုင် ၂၀၀၉

ဆေးတက္ကသိုလ်ဘွဲ့ရများအနေဖြင့် အလုပ်သင်ဆရာဝန်အဖြစ် (၁) နှစ်လုပ်ကိုင်ပြီးပါက (၁) လတာ မွမ်းမံသင်တန်း တက်ရောက်ရုံမျှဖြင့် ဆရာဝန်မှတ်ပုံတင်

(ဆမ) လက်မှတ်ရရှိတော့မည်ဖြစ်သည်။ အဆိုပါမွမ်းမံသင်တန်းကို သြဂုတ် (၈) ရက်တငွ် စတင်မည်ဖြစ်ကာ တက်ရောက်လိုသူများအတွက် လျှောက်လွှာများ ဆေးတက္ကသိုလ် (၁) ၌ စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း မြောက်ဥက္ကလာပမြို့နယ်ရှိ ဆေးတက္ကသိုလ် (၂) မှ လက်ထောက် ကထိကတဦးက ပြောသည်။ ပုံမှန်အားဖြင့် ဆေးတက္ကသိုလ်ဘွဲ့ရပြီးသူများသည် အလုပ်သင်ဆရာဝန်အဖြစ် (၁) နှစ်လုပ်ကိုင်ကာ ဆရာဝန် မှတ်ပုံတင် (ဆမ) လက်မှတ်ရရှိရန် အစိုးရ၀န်ထမ်းအဖြစ် (၃) နှစ် တာဝန်ထမ်းဆောင်ကြရသည်။ ယခုကဲ့သို့ ပြောင်းလဲလိုက်ခြင်းအပေါ် ဆေးတက္ကသိုလ်ကျောင်းဆင်း အဆိုတော် ဆောင်းဦးလှိုင်က “ဒီသတင်းက ဆရာဝန်လောကမှာ တော်တော်အပြောများနေပါတယ်။ ဆမလက်မှတ်ဆိုတာ တကယ်တော့ ဆေးကျောင်းပြီးပေမယ့် ဒီတိုင်းပြည်ထမှဲာ ဆေးကုခငွ့်ကို အစိုးရက ချထားပေးမှရတဲ့ လက်မှတ်ပေါ့ဗျာ။ အဲဒါကို အရင်ဆေးကျောင်းပြီးတဲ့ လူတွေ အနေနဲ့ကတော့ အလုပ်သင်ဆရာဝန်အဖြစ် (၁) နှစ်လုပ်ပြီးတဲ့အပြင် ဒီလက်မှတ်ရဖို့ အစိုးရ၀န်ထမ်း (၃) နှစ်လုပ်ကြရတာ။ အခုတော့ တလမွမ်းမံသင်တန်းတက်တာနဲ့ ရမယ်ဆိုတော့ ကောင်းတာပေါ့။ ဒါပေမယ့် ဒီစနစ်က ဘယ်အချိန်အထိ တည်မြဲမလဲ ဆိုတာတော့ မသိဘူး” ဟု ဆိုသည်။ အစိုးရ၀န်ထမ်းအဖြစ် မလုပ်ကိုင်လိုသော ဆရာဝန်အချို့သည် ဆေးပညာရပ်များ သင်ယူထားသော်လည်း ပြည်တငွ်း၌ တရားဝင်ဆေးကုသခွင့် မရရှိပေ။ ထို့ကြောင့် ဆေးဘွဲ့ရအချို့သည် ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်ခြင်း၊ ပြည်တငွ်းအခြားလုပ်ငန်းရပ်များ၌ ၀င်ရောက် လုပ်ကိုင်ခြင်းများဖြင့် ရပ်တည်ကြသည်။ ယခုကဲ့သို့ အစိုးရ၀န်ထမ်းအဖြစ် (၃) နှစ်လုပ်ကိုင်ရန် မလိုဘဲ (၁) လ သင်တန်းတက်ရုံဖြင့် ဆမ လက်မှတ်ရရှိမည်ဆိုပါက သင်တန်းတက်မည့်ဦးရေ များနိုင်သည်ဟု အလုပ်သင်ဆရာဝန်တဦးက ပြောသည်။ သို့သော် သင်တန်းတက်ရောက်နိုင်သည့် ဦးရေကို ကာလအပိုင်းအခြားဖြင့် အစိုးရက ကန့်သတ်ထားသည်။

“၁၉၉၄ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အတွင်း ဘွဲ့ရထားတဲ့

ကျောင်းသားတွေအတွက်ကိုပဲ ဒီသင်တန်းမှာ လက်ခံမယ်။ အဲဒါပြီးရင် ဆမ ရမယ်။ သင်တန်းကို

ရန်ကုန်မှာပဲ တက်ရမှာပါ။ ကျန်တာတွေ သိချင်ရင်တော့ ကျောင်းသားကိုယ်တိုင် ဒီကိုလာစုံစမ်းပါ” ဟု ဆေးတက္ကသိုလ် (၁) မှ တာဝန်ရှိသူတဦးက ပြောသည်။ အဆိုပါတာဝန်ရှိသူက လျှောက်လွှာကြေး၊ လူဦးရေအကန့်အသတ်၊ သင်တန်းတွင် ပို့ချမည့် ဘာသာရပ် စသည်တို့ကို ထုတ်ဖော်ပြောဆိုပိုင်ခငွ့်မရှိဟု ဆိုသည်။ မလေးရှားနိုင်ငံတငွ် ရောက်ရှိနေသည့် ၂၀၀၅ ခုနှစ်တငွ် (M.B.BS) ဘွ့ရဲ ခဲ့သူတဦးက “သင်တန်းမှာ ဆေးပညာနဲ့ မဆိုင်တဲ့ နိုင်ငံရေးပေါ်လစီတွေကို စစ်ဘက်အရာရှိတွေက လာရောက်ပို့ချမယ်လို့ကြားတယ်။ ဖောင်ကြီးသင်တန်းလိုမျိုးပေါ့။ အစိုးရက ၂၀၁၀ ရွေးကောက်ပအွဲ တွက် စည်းရုံးတဲ့သဘောဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။ ယင်းစနစ်သည် ၂၀၁၀ ရွေးကောက်ပအွဲ မီ ပညာတတ်ဝန်ထမ်းများအား စည်းရုံးနေခြင်းသာဖြစ်ပြီး ၂၀၁၀ ကျော်လန်ွသွားပါက ယခင်အတိုင်း အစိုးရ၀န်ထမ်း (၃) နှစ်လုပ်ပြီးမှသာ ဆမလက်မှတ် ပြန်ထုတ်ပေးသည့်စနစ်ကို ပြန်လုပ်နိုင်ကြောင်း ရန်ကုန်ရှိ အလုပ်သင်ဆရာဝန်အချို့က ပြောဆိုနေကြသည်။

“ငွေတွေအများကြီးကုန်၊

နှစ်တွေအများကြီးသင်ပြီး ဆေးကုခငွ့်လက်မှတ်လေးရဖို့ အစိုးရ၀န်ထမ်း (၃) နှစ်လုပ်ရတာဆိုတော့ အတော်များများက

ဆရာဝန်အလုပ်ကို စွန့်လွှတ်သွားကြတယ်။ အစိုးရ၀န်ထမ်းအဖြစ် လုပ်ရင်လည်း လစာနဲ့မလောက်။ ဆေးတက္ကသိုလ်တချို့က ဆရာတချို့တောင် ပြည်ပထွက်သွားကြတာတွေ ရှိတယ်လေ။ အဲဒါတွေကြောင့်လည်း ပါမယ်” ဟု မြောက်ဥက္ကလာပဆေးရုံကြီးမှ အလုပ်သင်ဆရာဝန်တဦးက ပြောသည်။ မြန်မာစစ်အစိုးရ တလလျှင် ကလေးစစ်သားလေးရာခန့် စုဆောင်း ခွန်အောင်မြတ်။ ဇူလိုင်လ ၂၂ ရက်၊ ၂၀၀၉ ခုနှစ်။ မြန်မာစစ်အစိုးရတပ်အတွင်း ကလေးစစ်သားများကို တလလျှင် အယောက် ၄၀၀ ကျော် စုဆောင်းနေသည်ဟု ထိုင်းနိုင်ငံ နယ်စပ်အခြေစိုက် ရိုးမ(၃) သတင်းဌာနက ထုတ်ဝေသည့် ကလေးစစ်သား အစီရင်ခံစာတွင် ထောက် ပြထားသည်။

“မြန်မာ့သားကောင်းများအတွက် ၀မ်းနည်းဖွယ်ရာ ကလေးစစ်သားများ” ယနေ့စတင်ဖြန့်ချိခဲ့ ခြင်းဖြစ်သည်။

အမည်ရှိ အစီရင်ခံစာကို ရိုးမ(၃) သ တင်းဌာနက သတင်းစာရှင်းလင်းပွဲကျင်းပကာ

အစီရင်ခံစာ ထုတ်ရခြင်းနှင့်ပတ်သက်၍ ရိုးမ(၃)သတင်းဌာန အယ်ဒီတာ ကိုငြိမ်းလူက ယခုလို ပြောသည်။

“နအဖ

စစ်အစိုးရအနေနဲ့ သူတို့တိုင်းပြည်ရဲ့ စစ်တပ်အတွင်းမှာ ကလေးငယ်တွေ စုဆောင်းခြင်း မရှိ ဘူးလို့ အမြဲတမ်း နိုင်ငံတကာနဲ့ ကုလသမဂ္ဂကို

လိမ်ညာပြောဆိုနေတာ ဖြစ်တယ်။ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရက်ွနေပါတယ် ဆိုပေမယ့်လည်း ဒီပူးပေါင်း ဆောင်ရက်ွမှုမှာ ဘာမှအကောင်အထည် ဖော်တာ မရှိပဲနဲ့ အခုနောက်ပိုင်းနှစ်တွေမှာ ပိုမိုပြီးတော့ စစ်သားစုဆောင်းရာမှာ အဲဒီ အရွယ်မရောက် သေးတဲ့ ကလေးငယ်တွေကို ပိုမို များပြားလာတာကို တွေ့ရတယ်။ ဒါကိုကျနော်တို့က နိုင်ငံတကာနဲ့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာနဲ့ လူ့အခွင့်အရေး အဖွဲ့ အစည်းတွေကို တင်ပြနိုင်ဖို့ ဒီအစီရင်ခံ စာကို ထုတ်ပြန် ခြင်းဖြစ်ပါတယ်။” မြန်မာနိုင်ငံတငွ် ကလေးစစ်သားစုဆောင်းမှု မရှိကြောင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့ အစည်းများကို မြန်မာ စစ်အစိုးရက ငြင်းဆိုနေခြင်းသည် ဗြောင်လိမ်ခြင်းသာ ဖြစ်သည်ဟု ကိုငြိမ်းလူက ပြောသည်။

“ကလေးစစ်သားစုဆောင်းရေးတခုက တလအတွင်းမှာကျနော်တို့လေ့လာတွေ့ရှိချက်အရ

ကလေးစစ် သား တရာခန့် ပါဝင်နေတာကို တွေ့ရတယ်။ အဲတော့

ကလေးစစ်သား စုဆောင်းရေးတပ်က လေးခု ရှိပါတယ်။ နောက်ပြီး ဒီ့အပြင်နယ်လှည့်စုဆောင်းရေး တပ်ခွဲ ဆိုပြီးတော့ မြို့နယ်ပေါင်း (၃၇)မြို့နယ် မှာ လှည့်လည်ပြီးတော့ ကလေး စစ်သားစုဆောင်း နေတာတွေ ရှိပါတယ်။ ဒီစစ်သားစုဆောင်းရေး တပ် လေးခုလုံးကနေပြီးတော့ တကယ် စုဆောင်းမယ်ဆိုရင် တလအတွင်းမှာ လေးရာနဲ့ ငါးရာကြား မှာ ရှိနိုင်ပါတယ်။ နယ်လှည့် စုဆောင်းရေးတပ်တွေမှာလည်း အလားတူ ရာခိုင်နှုန်းတွေ ရှိနိုင်ပါတယ်။” စာမျက်နှာ ၇၄ မျက်နှာပါ အစီရင်ခံစာအား အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့် ရေးသားပြီး ၂၀၀၈ ခုနှစ် ဇန္န၀ါရီမှစ၍ မြန်မာစစ်အစိုးရတပ်အတွင်းမှ တာဝန်ထမ်းဆောင်နေသည့် တပ်မှူးတပ်သားများ၊ စစ်မှုထမ်းဟောင်းများနှင့် ပူးပေါင်းပြီး အချက်အလက်များ၊ ဖိုင်တမျွဲား၊ ဓာတ်ပုံမှတ်တမ်းများကို စုဆောင်းထည့်သငွ်းထားသည်။ ကမ္ဘာ့လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human

Rights Watch)အဖွဲ့ ၏ ၂၀၀၃

ခုနှစ် တွင် ထုတ်ပြန်ခ့သဲ ည့် အစီရင်ခံစာတွင်

မြန်မာစစ်အစိုးရတပ်အတွင်းတွင် ကလေးစစ်သား ခုနှစ်သောင်း(၇၀၀၀၀) ခန့်ရှိသည်ဟု ဖော်ပြ ထားသည်။

လက်ဖက်ပိတ်ပင်မှုကြောင့် လက်ဖက်တောင်သူများ နစ်နာဆုံးရှုံးမှု အစီရင်ခံစာတစောင် ထုတ်ပြန်

NEJ /

၂၃ ဇူလိုင် ၂၀၀၉

မြန်မာအာဏာပိုင်များက လက်ဖက်ပြဿနာများအပေါ် မမှန်မကန်ကိုင်တယ်ွမှုကြောင့် ရှမ်းပြည်နယ်တငွ်းရှိ လက်ဖက်တောင်သူ (၅) သိန်းခန့် နစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရကြောင်း ပလောင်တိုင်းရင်းသားများအရေး ဆောင်ရက်ွနေသည့် လုပ်ငန်းအဖွ့မျဲားက ပြောသည်။ ယင်းအဖွဲ့က နအဖ၏ လက်ဖက်စားသုံးရန် တားဆီးပိတ်ပင်မှုကြောင့် လက်ဖက်တောင်သူများ နစ်နာဆုံးရှုံးရမှုများကို ဖော်ပြထားသည့် လက်ဖက်ဖျက်ပိုးအမည်ရှိ အစီရင်ခံစာတစောင် ထုတ်ပြန်ကာ ယနေ့သတင်းစာရှင်းလင်းပြွဲ ပုလုပ်သည်။ လက်ဖက်များတွင် ကျန်းမာရေးထိခိုက်စေနိုင်သည့် ဓာတုဗေဒ ဆိုးဆေး (အော်ရာမင်းအု)ိ ပါဝင်သောကြောင့် စားသုံးရန်မသင့်ဟု နအဖကျန်းမာရေးဝန်ကြီးဌာနက ယခုနှစ် မတ်လတွင် ပိတ်ပင်ခ့သဲ ည်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး အလုပ်မှုဆောင်ကော်မတီဝင် မိုင်းဘုန်းကျော်က “ပြည်သူလူထုရဲ့ ကျန်းမာရေး အတွက် ကြိုတင်ကာကွယ်ရတာဖြစ်ပေမယ့် နအဖအာဏာပိုင်တွေရဲ့ မှားယွင်းသော စီမံခန့်ခမွှဲု၊ အကျင့်ပျက်လာဘ်စားမှု တို့ကြောင့် ပြည်သူတွေ အန္တရာယ်ကင်းတဲ့ အစားအသောက် မရတဲ့အပြင် လက်ဖက်တောင်သူ (၅) သိန်းဟာ ကြီးမားတဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်” ဟု ပြောသည်။ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကေဲ ရးဌာနက လက်ဖက်တငွ် အ၀ါရောင်ဆိုးဆေးပါဝင်သည်ကို တွေ့ရှိခ့သဲ ည်မှာ (၂) နှစ်ကျော်ပြီဟု ညွှန်ကြားရေးမှူး ဒေါက်တာကျော်လင်းက ပြောကြားခဲ့ကာ ပြီးခဲ့သည့် မတ်လ (၁၂) တွင် ရုတ်တရက် ပိတ်ပင်တာဆီးပြီး လက်ဖက်များကို သိမ်းယူဖျက်ဆီးခဲ့ခြင်းကြောင့် လက်ဖက်ကုန်သည်နှင့် တောင်သူများ ကျပ်သိန်း ထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်ဟုလည်း ၎င်းက ပြောသည်။

“အဓိကလက်ဖက်နဲ့

အသက်မွေးဝမ်းကြောင်းပြုတဲ့ လက်ဖက်တောင်သူ ပလောင်တွေက ဆိုးဆေးမသုံးပါဘူး။ ဆိုးဆေးသုံး တာက လက်ဖက်

အရောင်လှအောင်လို့ ပွရဲုံတွေ၊ လုပ်ငန်းရှင်တွေ လုပ်တာဖြစ်တယ်။ လက်ဖက်တွေ ဖျက်ဆီးခံရတော့ ကုန်သည်တွေ တစုံတရာထိခိုက်မှု ရှိခဲ့ပေမယ့် တကယ်ထိခိုက်တာကတော့ လက်ဖက်တောင်သူတွေပါ။ ဘာဖြစ်လို့လဆဲိုတော့ လက်ဖက်ဝယ်ယူမယ့်လူ မရှိတော့ဘူး။ နအဖက ဖျက်ဆီးလိုက်တဲ့ လက်ဖက်ပမာဏ ကျပ်သိန်းပေါင်း (၅) ထောင်ကျော်ဟာ ကုန်သည်တွေက (၂၅) ရာခိုင်နှုန်းလောက်ပဲ ထိခိုက်တယ်။ အရင်းခံ ထိခိုက်တာကတော့ လက်ဖက်တောင်သေူ တွပဲဖြစ်တယ်။ ဒါကြောင့် လက်ဖက်ဖျက်ပိုးဆိုတာ ဗိုလ်သန်းရွှေလို့တောင် ပြောလို့ရတယ်” ဟု မိုင်းဘုန်းကျော်က ဖြည့်စွက်ပြောကြားသည်။ နမ့်ဆမ်မြို့နယ်အတွင်းရှိ ဒေသခံလက်ဖက်တောင်သူများနှင့် ကုန်သည်များ သိုလောင်ထားသည့် လက်ဖက်ပိဿာချိန် (၂) သိန်းကျော်ကို အာဏာပိုင်များက ဖျက်ဆီးခဲ့ရာ ကာလပေါက်ဈေး ကျပ်သိန်း (၄၀၀) ကျော် ဆုံးရှုံးခဲ့သည့် စာရင်းဇယားများကို လည်း အစီရင်ခံစာတွင် အတိအကျဖော်ပြထားသည်။

ဆေးဝါးသုံးစွဲမှု ရှိမရှိ စုံစမ်းစစ်ဆေးမှုမလုပ်ဘဲ လက်ဖက်မှန်သမျှကို သိမ်းယူဖျက်ဆီးခြင်းဖြစ်သော်လည်း နအဖအာဏာပိုင်များ နှင့် နီးစပ်သည့် လက်ဖက်ခြောက် စက်ရုံမှူး ဗိုလ်ကြီးသန်းထွန်း၊ ဦးခွန်ပငွ့်နှင့် ပြည်သူ့စစ်ခေါင်းဆောင် ထွန်းမြလေးတို့၏ လက်ဖက်များ ဖျက်ဆီးခြင်းမခံရသည်ကို ဓာတ်ပုံမှတ်တမ်း စာရင်းဇယားများနှင့် ဖော်ပြထားသည်။ ပလောင်ကျောင်းသားနှင့် လူငယ်များအစည်းအရုံး၊ ပလောင်အမျိုးသမီးအစည်းအရုံး၊ ပလောင်ပြည်နယ်လတ်ွမြောက်ရေးတပ်ဦး စသည့်လုပ်ငန်းအဖွဲ့များက ရှမ်းပြည်နယ်အတွင်း လက်ဖက်အများဆုံးထွက်ရှိရာ ပလောင်ဒေသများဖြစ်သည့် နမ့်ဆမ်၊ နမ့်ခမ်း၊ မန်တုံ စသည့်ဒေသများသို့ ကွင်းဆင်း၍ သုတေသနပြုလုပ်ထားချက်များကို အစီရင်ခံစာတွင် ဖော်ပြထားသည်။ လက်ဖက်တောင်သူများ၏ အခြေအနေများနှင့်ပတ်သက်၍ ပလောင်အမျိုးသမီးအစည်းအရုံး၏ တွဖဲ က်အတွင်းရေးမှူး (၂) လွေးပိုးညိုဝ်းက “ဒီမတိုင်ခင်က လက်ဖက်တောင်သူတွေ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးပိုင်းတွေမှာ ပြေပြေလည်လည်နဲ့ ဖြေရှင်းနိုင်ခ့တဲ ယ်။ အခုဆိုရင် လုံးဝပဲ။ ကိုယ့်ဘာသာကိုယ် ဖြေရှင်းနေရတယ်။ ဥပမာ ကလေးကျောင်းမပို့နိုင်တာတွေ၊ ကျန်းမာရေးအတွက် ဆေးရုံ ဆေးခန်း မပို့နိုင်တဲ့ အခြေအနေတွေဖြစ်ခ့တဲ ယ်” ဟု ပြောသည်။ လက်ဖက်များ သိမ်းဆီးခံခဲ့ရသဖြင့် လက်ဖက်ဈေးကွက်ပျက်ကာ ငွေကြေးလည်ပတ်မှုများ မရှိတော့သည့် လက်ဖက်တောင်သူများမှာ ကုန်သည်များထံမှ ငွေတိုးဖြင့် ကြိုယူထားသည့် ငွေကြောင့် အကြွေးပိုမိုများပြားလာပြီး လက်ဖက်ဝယ်သူ မရှိသလောက်ဖြစ်သောကြောင့် ပလောင်ဒေသရှိ လက်ဖက်တောင်သူ အနည်းဆုံး (၃) သိန်းကျော်မှာ အခြေခံစားကုန်တို့ကို ပုံမှန၀် ယ်ယူခြင်းမပြုနိုင်သည်အထိ အကြွေးနွံနစ်ခ့ရဲ သည်ဟု လွေးပိုးညိုဝ်းက ပြောသည်။ လာရှိုးတိုင်းမှူးနှင့် ဒေသခံအာဏာပိုင်များက ၎င်းတို့နယ်မြေအတွင်း လက်ဖက်စားသုံးသူနှင့် လက်ဖက်အစိုအခြောက် လုပ်ငန်းရှင်းများအား ခေါ်ယူ၍ လက်ဖက်ထဲ ဆိုးဆေးထည့်လျှင် ထောင် (၃) နှစ်ချမည်ဟု ပြောဆိုခ့ေဲ သ်ာလည်း ဆိုးဆေးနှင့် ပတ်သက်၍ ပညာရှင်များနှင့် ယနေ့တိုင် ထိရောက်သည့် ပညာပေးဆွေးနွေးမှုများ မလုပ်ဆောင်ဘဲ လျစ်လျူရှုထားသည်ဟု ဒေသခံတဦးက ပြောသည်။ လက်ဖက်ပြဿနာကြောင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အဘက်ဘက်တငွ် အတိဒုက္ခရောက်နေသည့် လက်ဖက်တောင်သူများ၏ ဘ၀ဖြစ်ရပ်မှန် အချက်အလက်များကို အာဏာပိုင်များအပါအ၀င် ပြည်သူလူထုနှင့်နိုင်ငံတကာက သိရှိနားလည်ရန်အတွက် အစီရင်ခံစာအား ထုတ်ဝေရခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

မစ္စ ကလင်တန် ပြောဆိုမှုအပေါ် အပြုသဘောဆောင်သင့်ဟု သုံးသပ်သူများ ပြော နန်းဒေဝီ ကြာသပတေးနေ့၊ ဂျူလိုင်လ ၂၃ ရက် ၂၀၀၉ ခုနှစ် ၂၂ နာရီ ၁၃ မိနစ်

နယူးဒေလီ (မဇ္စျိမ) ။ ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ လတ်တလော ဖိအားပေး တောင်းဆိုနေမှုအပေါ် မြန်မာစစ်အစိုးရ အနေဖြင့် အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်များဖြင့် ပြသသင့်ပြီဟု မြန်မာ့အရေး လေ့လာသုံးသပ်သူများက ပြောသည်။ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ဝန်ကြီး မစ္စကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေး၊ ဒေသတွင်း လုံခြုံရေး ထိပါးလာမှုနှင့် အာဆီယံအဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းရန် တောင်းဆိုခြင်းတို့အပေါ် မြန်မာစစ်အစိုးရဘက်က အပြုသဘော လုပ်ဆောင်ချက်များ လုပ်ပြသင့်ကြောင်း ပြောဆိုကြခြင်း ဖြစ်သည်။

“ဒီလို

ပြင်းပြင်းထန်ထန် ပြောဆိုလိုက်တဲ့ အခြေအနေမှာ စစ်အစိုးရအနေနဲ့ အပြုသဘောမဆောင်ဘူး၊ တစုံတရာ လက္ခဏာမပြဘူးဆိုရင်ကတော့ ပိုပြီးတော့

အတင်းအကျပ်၊ ထိရောက်စွာ အရေးယူလာမယ့် အနေအထားကို ဦးတည်လာနေတယ်လို့ ယူဆတယ်” ဟု ထိုင်းအခြေစိုက် မြန်မာ့စစ်ရေးနှင့် နိုင်ငံရေး လေ့လာသူ ဦးဌေးအောင်က မဇ္ဈိမကို ပြောသည်။ သူက “နအဖ အနေနဲ့ တိုင်းပြည်အေးချမ်းသာယာမှု၊ တိုးတက်မှုကို အစစ်အမှန်သာ လိုလားတယ်ဆိုရင် သူ့အနေနဲ့ အားလုံးနဲ့ အဆင်ပြေအောင် လိုက်လျောဆက်ဆံသွားဖို့ တာဝန်ရှိတာပေါ့” ဟု ပြောသည်။ လက်ရှိအချိန်သည် အမေရိကန်သမ္မတသစ် မစ္စတာအိုဘားမား တာဝန်ယူသည့် အချိန်မှစပြီး မြန်မာနိုင်ငံအပေါ် ထားရှိသည့် အမေရိကန် နိုင်ငံခြားရေး မူဝါဒကို ပြန်လည်သုံးသပ်ရေးအတွက် စောင့်ကြည့်နေချိန် ဖြစ်နေကာ၊ မြန်မာနှင့် မြောက်ကိုးရီးယားအကြား စစ်ရေးဆက်နယ်ွမှု ကြီးမားလာနေခြင်းဖြင့် ဒေသတွင်း လုံခြုံရေးကို ထိပါးလာနေသည့်အပြင် နိုင်ငံတကာ လုံခြုံရေးကိစ္စအတွက်ပါ စိုးရိမ်နေရသည့် အခြေအနေ ဖြစ်နေကြောင်း လေ့လာသူအများက သုံးသပ်ပြောဆိုကြသည်။ မြန်မာစစ်အစိုးရ ဦးဆောင်ပြုလုပ်မည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို နိုင်ငံတကာ အသိုင်းအဝိုင်းက ယုံကြည်မှု ရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ကုလသမဂ္ဂ၊ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် လူ့အခွင့်အရေး စောင့်ကြည့်သူများက ဆက်တိုက်ဆိုသလို ဖိအားပေး တောင်းဆိုနေခဲ့သော်လည်း မြန်မာစစ်အစိုးရကမူ ဆက်လက်ငြင်းဆန်နေဆဲ ဖြစ်သည်။

“အခုအနေထားမှာလည်းပဲ ဘယ်နိုင်ငံက တောင်းဆိုတောင်းဆို၊ သူတို့အနေနဲ့ တရုတ်၊ အိန္ဒိယနဲ့ အဆင်ပြေနေမယ်၊ သူတို့အတွက် ရပ်တည်နိုင်စွမ်း ရှိနေအုံးမယ်လို့ ယူဆနေသရွှေ့ကတော့ မစ္စကလင်တန် မပြောနဲ့ လုံခြုံရေးကောင်စီက အရေးယူပိတ်ဆမိှု့တွေ လုပ်လာရင်တောင် သူတို့ ဂရုစိုက်မယ် မထင်ဘူး” ဟု ဦးဌေးအောင်က ပြောသည်။

ထို့အပြင် ယနေ့ထုတ် စစ်အစိုးရသတင်းစာတွင် အမေရိကန်အခြေစိုက် အင်တာနက်အန်ွလိုင်း နိုင်ငံခြားသတင်းဌာန

The Huffington Post

တွင်

စာရေးသူ

Virginia M.Moncrieff



“The future of Burma Cannot Be Tied to Aung San Suu Kyi

ဆောင်းပါးကို

ဘာသာပြန်ထားသည့် “မြန်မာနိုင်ငံ၏ အနာဂတ် ဒေါ်အောင်ဆန်းစုကြည်နှင့် မပတ်သက်နိုင”် ခေါင်းစီးဖြင့် ပြန်လည်ဖော်ပြထားသည်ကို တွေ့ရသည်။ ဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေကို ချိုးဖောက်ခ့သဲူဖြစ်ကြောင်းနှင့် မြန်မာအစိုးရကို အထီးကျန်ဖြစ်အောင် ထားရမည်၊ မြန်မာနိုင်ငံကိုလည်း တင်းကျပ်သည့် ပိတ်ဆို့အရေးယူမှုများ လုပ်ရမည် ဟူသော နည်းဗျူဟာကို တရားသေ ဆုပ်ကိုင်ထားသူဖြစ်ကြောင်း ရေးသားထားသည်။ ထို့အပြင် တပ်မတော်အစိုးရ၏ ကမ်းလှမ်းမှုမှန်သမျှကို ငြင်းဆိုနေခြင်းမှာ အများ ပြက်ရယ်ပြုစရာ ဖြစ်လာခဲ့ပြီး သူမအနေဖြင့် တပ်မတော်အစိုးရ၏ အရပ်သားလွှတ်တော် ခေါ်ယူရေးကိစ္စကို လုံးဝငြင်းဆိုသည့်အပြင် ယင်းသို့ ငြင်းဆိုနေမည်ဆိုလျှင် မြန်မာ့အရေးသည် မည်သို့မျှ မတိုးတက်နိုင်ကြောင်း ဆောင်းပါးက ဆိုသည်။ အဆုံးသတ်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည့်အမှု ပြီးဆုံးချိန်တငွ် သူမ၌ အပြစ်မရှိကြောင်း တရားရုံးက ဆုံးဖြတ်လိမ့်မည်ဟု မျှော်လင့်ထားသူ ဦးရေမှာ နည်းလှသည်ဟု ရေးသားထားသည်။ ယခုလို ရေးသားဖော်ပြထားခြင်းသည် မြန်မာစစ်အစိုးရအနေဖြင့် ပြည်သူ့ဆန္ဒ၊ အမြင်သဘောထားများနှင့် ထပ်တူမျှ ဖြစ်နေသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအမြင်၊ ဆန္ဒတို့ကို ပယ်ဖျက်လိုသည့် သဘောသာဖြစ်ကြောင်း အတိုက်အခံ အဖွဲ့အစည်းကြီးတခုဖြစ်သည့် ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုမှ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ပြောသည်။ သူက “ဒေါ်အောင်ဆန်းစုကြည်ဟာ လူပုဂ္ဂိုလ်တယောက် မဟုတ်တော့ဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောနေတဲ့စကားတွေ၊ ဆန္ဒတွေ၊ လုပ်ချင်တဲ့ ကိစ္စတွေအားလုံးက ပြည်သူတွေရဲ့ ဆန္ဒဖြစ်နေလို့ ပြည်သူ့ခေါင်းဆောင် ဖြစ်နေတာ” ဟု ပြောသည်။ သူမကို မြန်မာစစ်အစိုးရက မတရား အမှုဆင် ထိန်းသိမ်းထားခြင်းဖြင့် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပကွဲို ဝင်ခငွ့်ပိတ်ပင်ခြင်းသာ ဖြစ်ကြောင်း ဦးဌေးအောင်က ယခုလို မှတ်ချက်ပေးသည်။

“ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အခု အနေအထားတွေအရ

လွှတ်ပေးစရာလည်း အကြောင်းမရှိဘူး။ ထောင်ချဖို့ ပြင်ဆင်နေတာလည်း ထင်ထင်ရှားရှား

ဖြစ်လာတယ်။ တကယ်လို့ လွှတ်ပေးခဲ့အုံးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နည်းနဲ့မှ ရွေးကောက်ပဝွဲ င်ဘို့ ခွင့်ပြုမှာ မဟုတ်ဘူးလေ” ဟု သူက ပြောသည်။ ဦးဌေးအောင်က ဆက်ပြီး “အဲဒီတော့ စစ်အစိုးရအတွင်းမှာ အပြောင်းအလဲတွေ မရှိသရွေ့ကတော့ စစ်အစိုးရ သူတို့ပြောနေတဲ့ လမ်းအတိုင်းပဲ မျက်လုံးစုံမှိတ်ပြီးတော့ ဆက်လျှောက်အုံးမယ် ထင်ပါတယ်” ဟု ပြောသည်။ မြန်မာ့နိုင်ငံရေး တိုးတက်ပြောင်းလဲရန် ကုလသမဂ္ဂ၊ အာဆီယံအဖွ့ဝဲ င်နိုင်ငံများက မြန်မာစစ်အစိုးရကို ယခင်ကထက် ပိုမိုတနွ်းအားပေးသည့် အနေအထားသို့ ရောက်ရှိနေသော်လည်း မြန်မာ့နိုင်ငံရေး ပြောင်းလဲနိုင်မည့် အဆင့်ထိ ရောက်ရှိရန်အတွက် လုပ်ဆောင်ရာတွင် အခြေအနေ ဝေးကွာနေသေးကြောင်း ဦးဌေးအောင်က ပြောသည်။ ထို့ကြောင့် စစ်အစိုးရအတွင်း အပြောင်းအလဲ မရှိသရွေ့ ၎င်းတို့ရေးဆွထဲားသည့် လမ်းပြမြေပုံအတိုင်းသာ မျက်စိစုံမှိတ်ကာ ဆက်လျှောက်မည့် အနေအထားရှိကြောင်း သူက ဆိုသည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေးကို စိုးရိမ် ဥဆာ ဖိချိုင်း ကြာသပတေးနေ့၊ ဂျူလိုင်လ ၂၃ ရက် ၂၀၀၉ ခုနှစ် ၂၂ နာရီ ၁၁ မိနစ်

ဖူးခက်၊ ထိုင်းနိုင်ငံ (မဇ္ဈိမ)။ ။ မြောက်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံသို့ နျူကလီးယားနည်းပညာ လွှေဲ ပြာင်းပေးဖွယ် ရှိသည့်အတွက် သူ့အနေနှင့် အလွန်အမင်း စိုးရိမ်ပူပန်သည့် အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က ထုတ်ဖော် ပြောဆိုသည်။ သို့သော် အရှေ့တောင်အာရှတငွ် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်း ဆောင်ရွက်မည်ဟုမူ သူက ကတိပေးပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ တောင်ပိုင်းပြည်နယ် ဖူးခက်တငွ် ကျင်းပနေသော ၄၂ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဆွေးနွေးဘက်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ သတင်းစာရှင်းလင်းပွတဲ ငွ် ထိုသို့ ပြောဆိုသွားခြင်း ဖြစ်သည်။

''အာဆီယံအဖွဲ့ကြီးနဲ့ ပိုမိုနက်ရှိုင်းပြီး ပိုမိုလှုပ်ရှားတက်ကြွတဲ့

လက်တွေဲ ဆာင်ရက်ွမှုတွေ လုပ်နိုင်လိမ့်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။ ဒါကြောင့် ကျမ ဒီနေရာကို

ရောက်ရှိနေခြင်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံဟာ အရှေ့တောင်အာရှ ဒေသကို ပြန်လည်ရောက်ရှိလာပါပြီ။ ဒီဒေသဟာ ကမ္ဘာလုံးဆိုင်ရာ တိုးတက်ရေး၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးတို့အတွက် အလွန်အရေးကြီးတယ်လို့ သမ္မတကြီး မစ္စတာအိဘုားမားကရော၊ ကျမကပါ ယုံကြည်ထားကြပါတယ်။ ကျမတို့ဟာ အာဆီယံ လက်တွေဲ ဖ်ာနိုင်ငံများနဲ့ ကျမတို့ကို ထိပ်တိုက် ရင်ဆိုင်စိန်ခေါ်နေတဲ့ အလွန်ကျယ်ပြောလှတဲ့ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး၊ စီးပွားရေးအကျပ်အတည်း၊ လူ့အခွင့်အရေး၊ ရာသီဥတု ပြောင်းလဲမှု စတဲ့ အကြောင်းအရာပေါင်းစုံမှာ အပြည့်အဝ ပူးပေါင်းလက်တွဲ ဆောင်ရွက်လျက်ရှိပါတယ်'' ဟု သူက ပြောသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားရာ၌ မစ္စကလင်တန်က ''အာဆီယံဟာ သူတို့ ကတိကဝတ်ပြုထားတဲ့ လူ့အခွင့်အရေးကိစ္စတွေမှာ ပိုမိုအလေးပေး ဆောင်ရွက်နေပြီး အလွန်အပြုသဘောဆောင်တဲ့ လမ်းကြောင်းအတိုင်း သွားနေပါတယ်။ ဒါကို ကြိုဆိုပါတယ်'' ဟု ပြောကြားသွားသည်။

''မြန်မာနိုင်ငံကတော့ အခြားအာဆီယံနိုင်ငံများနဲ့

ဆန့်ကျင်ဘက်လမ်းကြောင်းအတိုင်း သွားနေပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ မြန်မာစစ်အစိုးရ အပြုအမူ

ပြောင်းလဲတာကို မြင်တွေ့လိုကြောင်း အလွန်ပဲ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ နျူကလီးယား လက်နက်တွေ အပါအဝင် ထိုးစစ်သုံး လက်နက်တွေ ရရှိရေးအတွက် မြောက်ကိုရီးယားနဲ့ မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရက်ွမှုတွေ ရှိနေတာကို စိုးရိမ်ပူပန်တ့အဲ ကြောင်း ဘန်ကောက်မှာ ကျမ ထုတ်ဖော်ပြောဆိုခဲ့ပြီးပါပြီ'' ဟု သူက ဆိုသည်။ ထို့အပြင် စစ်အစိုးရအုပ်ချုပ်နေသော နိုင်ငံတငွ် နိုင်ငံရေးဝန်းကျင် အပြောင်းအလဲ ဖြစ်လာပါက အမေရိကန်နှင့် မြန်မာ နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် တိုးတက်မှုများ ရှိလာနိုင်ကြောင်း ကလင်တန်က အရိပ်အမြွက် ပြောကြားခဲ့သည်။ အမေရိကန် တနိုင်ငံတည်း အတွက်သာမက ဒေသတခုလုံးအတွက် မြန်မာနိုင်ငံက ကိုင်တွယ်ဆောင်ရွက်ပေးနိုင်သော ပြဿနာများစွာ ရှိသည်။ အမေရိကန်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေးအတွက် တောင်းဆိုသည်။ အကြောင်းမူ ဤကိစ္စမှာ အလွန်အရေးကြီးသည်ဟု ကျမတို့ ယုံကြည်၍ ဖြစ်သည်ဟုလည်း ပြောသည်။

''သူမကို လွှတ်ပေးခဲ့ပါက မြန်မာနိုင်ငံတငွ်

ရင်းနှီးမြှုပ်နှံမှုတွေ အပါအဝင် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ အမေရိကန်နိုင်ငံအတွက်

အခွင့်အလမ်းသစ်တွေ လမ်းပွင့်လာမှာ ဖြစ်ပါတယ်။ အထီးကျန် မနေဘဲ သူတို့ရဲ့ ပြည်သူတွေကို ပိုမိုကောင်းကောင်းမွန်မနွ် ဆက်ဆံမယ်ဆိုရင်၊ နောက်နှစ်မှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွေဲ တွ လုပ်ပေးခဲ့မယ်ဆိုရင် မြန်မာပြည်က ခေါင်းဆောင်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ရှိမယ့်အကြောင်း ကျမတို့ သူတို့ကို သဘောပေါက်အောင် လုပ်တဲ့အလုပ်ကို အဓိက ကြိုးစားလုပ်ဖို့ လိုပါတယ်'' ဟု ကလင်တန်က ဆက်လက်ပြောဆိသွုားခဲ့သည်။ ထိုင်းနိုင်ငံ လူထုဆက်သွယ်ရေးအဖွဲ့နှင့် တွေ့ဆုံမေးမြန်းခန်း တီဗီလွိုင်းအမှတ် ၉ တွင် ဗုဒ္ဓဟူးနေ့က ပြုလုပ်ရာ၌ ကလင်တန်က မြန်မာနိုင်ငံသို့ နျူကလီးယားလက်နက် နည်းပညာများ လွှေဲ ပြာင်းနိုင်ခြေ ရှိနေသည်ကို အမေရိကန်နိုင်ငံက စိုးရိမ်ပူပန်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

''မြောက်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံကို

နျူကလီးယားနည်းပညာတွေ လွှေဲ ပြာင်းပေးမှာကို ကျမတို့ စိုးရိမ်ပူပန်ပါတယ်'' ဟု သူက ပြောဆိုသည်။

နျူကလီးယား အစီအစဉ်သည် အမေရိကန်နှင့် ယင်း၏ မဟာမိတ်များအတွက် အလွန်ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်သည်။ အကယ်၍ မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားလက်နက် စမ်းသပ်မှုများ ပြုလုပ်ခဲ့ပါက ကျန်ရှိသည့် ကမ္ဘာ့အခြားနေရာများတွင်လည်း ''သံကြိုးကွင်းဆက် တုံ့ပြန်မ'ှု ' ဖြစ်ပွားသွားမည်ဖြစ်ပြီး အခြားနိုင်ငံများကလည်း ထိုကဲ့သို့သော လက်နက်မျိုးများကို စုဆောင်းထားရှိကြတော့မည် ဖြစ်သည်။

နောက်ဆုံး လျှောက်လချဲက်အတွက် ရှေ့နေများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ခငွ့်ရ မုံပီးနှင့် မြင့်မောင် ကြာသပတေးနေ့၊ ဂျူလိုင်လ ၂၃ ရက် ၂၀၀၉ ခုနှစ် ၁၉ နာရီ ၅၁ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ အင်းစိန်ထောင် အထူးတရားရုံး၌ မနက်ဖြန်တငွ် တင်သငွ်းရမည့် နောက်ဆုံးလျှောက်လချဲက်အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ ရှေ့နေများနှင့် ယနေ့ တွေ့ဆုံခငွ့်ရခဲ့သည်။ အမှုအတွက် ဥပဒေအကျိုးဆောင်များဖြစ်သည့် ဦးကြည်ဝင်း၊ ဦဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့သည် အကျဉ်းထောင်အတွင်း၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၂ နာရီကြာမျှ တွေ့ဆုံခငွ့်ရခဲ့ခြင်း ဖြစ်သည်။

''မနက်ဖြန် (သောကြာနေ့) မှာ ဒီလျှောက်လချဲက်ကို တရားရုံးကို

တင်သငွ်းမှာ ဖြစ်ပါတယ်။ ဦးလှမျိုးမြင့်က သူ့ (ဒေါ်အောင်ဆန်းစုကြည်) ကို ကာကွယ်ပြောကြား

လျှောက်လဲမှာ ဖြစ်ပါတယ်'' ဟု ရှေ့နေ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။ အကျိုးဆောင်အဖွဲ့သည် အတိုက်အခံခေါင်းဆောင်နှင့် ယမန်နေ့က တွေ့ဆုံခငွ့် မရခဲ့ပါ။ သို့သော် နောက်ဆုံး လျှောက်လချဲက်မူကြမ်းကို တိုင်ပင်ဆွေးနွေးရန် လိုအပ်နေသေးသဖြင့် တွေ့ဆုံခငွ့်ပြုရန် ပြန်လည်လျှောက်ထားခဲ့ရာ နောက်ဆုံးတွင် တွေ့ဆုံခငွ့်ရခဲ့ကြောင်း ဦးကြည်ဝင်းက ပြောသည်။

''တာဝန်ရှိသူတွေက တွေ့ခငွ့်ပြုတဲ့အကြောင်း ကျနော်တို့က ဒီနေ့

အကြောင်းကြားလာပါတယ်။ ကျနော်တို့ကို (ဒေသစံတော်ချိန)် မွန်းလွဲ ၂ နာရီ လောက်မှာ

အကျဉ်းထောင်ကို ခေါ်သွားပါတယ်။ ကျနော်တို့ တွေ့ဆုံဆွေးနွေးတာ ညနေ ၄ နာရီလောက်မှာ ပြီးပါတယ်'' ဟု ဦးကြည်ဝင်းက ပြောသည်။ သို့သော် နောက်ဆုံးလျှောက်လချဲက်ပါ အကြောင်းအရာများကို ပြောကြားရန်ကိုမူ ဦးကြည်ဝင်းက ငြင်းဆိုခြဲ့ ပီး၊ ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်မရှိကြောင်း သက်သေပြမည်ဟုသာ ပြောဆိုသည်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၏ အမှုကို ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့ကတည်းက စတင်စစ်ဆေးနေသော အင်းစိန်ထောင်ရှိ မြောက်ပိုင်းခရိုင် အထူးတရားရုံးက နှစ်ဖက် နောက်ဆုံးလျှောက်လချဲက်ကို ကြားနာရန် ဇူလိုင်လ ၂၄ ရက်နေ့သို့ ချိန်းဆိုထားသည်။

နောက်ဆုံး လျှောက်လချဲက် ကြားနာရန်နှင့် အမိန့်ချရန်သာ ကျန်တော့သဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှေိ နပြီဖြစ်သည်။ ယခု ရုံးတင်စစ်ဆေးနေခြင်းမှ မည်သည့်ရလဒ် ထွက်ပေါ်လာမည်ဟု မျှော်လင့်ထားပါသလဲဟု မေးမြန်းသည့်အခါ ဦးကြည်ဝင်းက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး၊

''ဒါက ဥပဒေအတိုင်း ဆောင်ရွက်နေတာ ဖြစ်တော့ကာ အမှုမပြီးမချင်း ကျနော် ဘာမှ မှတ်ချက် မပေးလိုပါဘူး။ သည်းခံပါ။ အမှုက သိပ်ကြာမှာ မဟုတ်တော့ပါဘူး'' ဟု ပြောကြားသည်။ သို့သော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခငွ့်ရှိသူ ဒေါက်တာဝင်းနိုင်ကမူ မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဆဲိုနိုင်ရေးအတွက် အကုန်လုံး စီစဉ်ထားသည့်အတွက် ''ကျနော်ကတော့ သူတို့ (စစ်အစိုးရ) က ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချဘို့ တနည်းနည်းနဲ့တော့ လုပ်မှာလို့ပဲ ထင်တယ်'' ဟု ပြောသည်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်သည် သူ၏ အင်းယားကန်ဘေးရှိ နေအိမ်အတွင်း အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်တော မေလဆန်းပိုင်းက ဝင်ရောက်လာသည်ကို လက်ခံခဲ့သည့်အတွက် အကျယ်ချုပ် စည်းကမ်းများ ချိုးဖောက်သည်ဟူသော စွပ်စချွဲက်ဖြင့် တရားစွဆဲိုခံနေရခြင်း ဖြစ်သည်။ ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ခံရနိုင်သည်။ ရွှေဆိုင် လုယက်မှု မိသားစုဝင်များ ဖမ်းဆီးခံရ မေကျော် ကြာသပတေးနေ့၊ ဂျူလိုင်လ ၂၃ ရက် ၂၀၀၉ ခုနှစ် ၁၈ နာရီ ၂၂ မိနစ်

မဇ္ဈိမ (ချင်းမိုင)် ။ ။ မန္တလေးတိုင်း ရမည်းသင်းမြို့ရှိ “ဒေါ်အေးကြည်နှင့် တူမများ ရွှေဆိုင”် ကို ဝင်ရောက်လုယက်ခ့သဲူ စွပ်စခွဲံရသူ ၃ ဦး၏ မိသားစုဝင် ၁၀ ဦးကျော်ကို ရမည်းသင်း ရဲစခန်းက ဖမ်းဆီးထားကြောင်း သိရသည်။ ရမည်းသင်းမြို့ ရွှေဆိုင်ကို ပြီးခဲ့သည့် မေလ ၆ ရက်နေ့က ဝင်ရောက်လုယက်မှုဖြင့် ဖမ်းဆီးခံထားရသူ ၃ ဦး၏ မိသားစုဝင်များကိုလည်း ပူးပေါင်းကြံစည်မှု၊ ထိန်ချန်မှုတို့ဖြင့် ဖမ်းဆီးခဲ့ကာ ရမည်းသင်းထောင်တငွ် ရမန်ဖြင့် ချုပ်ထားခြင်း ဖြစ်သည်။

“အခု ဖမ်းထားတာကတော့ အဓိက တရားခံ ၃ ယောက်ရဲ့

မိသားစုဝင်တွေပေါ့။ ဝမ်းကွေဲ တ်ာစပ်တဲ့ အကိုတွေ ပါတယ်။ မိန်းမလည်း ပါတယ်။ အခုတော့

ရမည်းသင်းထောင်မှာ ရမန်နဲ့ ချုပ်ထားတယ်။ အခု အမှုတွဲမှာ ၁၇ ယောက် ဖြစ်သွားတယ်” ဟု လုယက်ခံရသည့် ရွှေဆိုင် မိသားစုဝင် ဦးမျိုးသိန်းက မဇ္ဈိမကို ပြောသည်။ ရွှေဆိုင်ကို ဝင်ရောက်လုယက်ခဲ့သူဟု စွပ်စွဲဖမ်းဆီးခံထားရသည့် တပ်ထကွ် ညီညီနိုင်၊ ကိုလေး (ခ) မိုးဝင်းနှင့် ခင်မောင်ထွေး (ခ) ဂျပု တို့ကို ရဲက ဖမ်းဆီးခဲ့သလို၊ မိသားစုဝင်များကို တပြိုင်တည်း ဖမ်းဆီးခြင်းမျိုး မဟုတ်ဘဲ သက်သေများ၏ ထွက်ဆိုချက်များကို အခြေခံ၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ သို့သော် သက်သေ ဦးရေ ၁၀၀ ခန့်ကို စစ်ဆေးနေဆဲဖြစ်ပြီး၊ လုယက်သူများအဖြစ် စွပ်စဖွဲ မ်းဆီးခံထားရသူ ၃ ဦးစလုံးနှင့် အမှုတပွဲါ မိသားစုဝင် အားလုံးကိုမူ မစစ်ဆေးသေးပါ။ တပ်ထွက် ညီညီနိုင်ကိုမူ ပြီးခဲ့သည့် မေလ ၄ ရက်နေ့က မကွေးတိုင်း ရေစကြိုမြို့ အခြေစိုက် ခလရ ၂၅၆ မှ လက်နက်တိုက် ဖောက်ထငွ်းမှု အပါအဝင် ရဲဘက်ပြေးမှုအတွက် ထောင်ဒဏ် ၅ နှစ် ချမှတ်ပြီးဖြစ်သည်။ ရမည်းသင်းရွှေဆိုင် လုယက်ရာ၌ မကွေးတိုင်း ရေစကြိုမြို့ အခြေစိုက် ခလရ ၂၅၆ ၏ လက်နက်တိုက်မှ ဖောက်ထငွ်းယူခ့ေဲ သာ သေနတ်အချို့ကို အသုံးပြုခဲ့ကြောင်း ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့သည်။ လုယက်ခံခဲ့ရသည့် ရွှေ ၇ ပိဿာခန့်မှ ၃ ပိဿာနှင့် ၆၀ သားခန့် ပြန်လည်ရရှိပြီးသော်လည်း နောက်ထပ် ရရှိတော့မည် မထင်ကြောင်း ရွှေဆိုင် မိသားစုက ပြောသည်။

လေဘေးဒုက္ခသည်အရေး သတင်းလိုက်သူ ထောင်ထဲမှာ ရောဂါဝေဒနာ ခံစားနေရ ဖနိဒါ ကြာသပတေးနေ့၊ ဂျူလိုင်လ ၂၃ ရက် ၂၀၀၉ ခုနှစ် ၁၆ နာရီ ၃၁ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ နာဂစ် လေဘေး ဒုက္ခသည်များကိစ္စ သတင်းလိုက်ယူသဖြင့် အင်းစိန်ထောင်၌ ထောင်ဒဏ် ၇ နှစ် ကျခံနေရသူ ကိုကျော်ကျော်သန့်သည် ဦးနှောက် အာရုံကြောရောဂါ ခံစားနေရသည်ဟု မိသားစုဝင်များက ပြောသည်။ အသက် ၃၀ နှစ်အရွယ် သူသည် ပြီးခဲ့သည့် လကုန်ပိုင်းမှ စတင်၍ အဆိုပါ ဝေဒနာ ခံစားနေရခြင်းဖြစ်ပြီး ထောင်ဆေးမှူးက ပေးသည့် ဆေးသောက်နေသော်လည်း မသက်သာသဖြင့် မိသားစုက စိုးရိမ်နေကြသည်။

“ညဘက် ခေါင်းတွေကိုက်လို့ အိပ်လို့ မရဘူး။

ဆေးခန်းပြတာလည်း ၃ ခါ ရှိပြီ။ ပထမ တခါ ပြတာ အိပ်ဆေးပေးတယ်။ မသက်သာဘဲ ပိုတောင်

ကိုက်လာတယ်လို့ ပြောတယ်။ နောက်တခေါက်ပြတော့ အားဆေး

B 12 ပေးတယ်။ ပိုဆိုးလာပြီး

မျက်နှာတွေ၊ မျက်လုံးတွေပါ ယောင်လာတယ်။ မျက်နှာ

ချောင်ကျပြီး အားနည်းနေတဲ့ပုံပဲ” ဟု မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။ ယနေ့ ထောင်ဝင်စာ သွားတွေ့ရာ လူချင်းမတွေ့ရဘဲ ပစ္စည်းသာ ပို့ခငွ့်ရခဲ့သဖြင့် ဦးနှောက် အာရုံကြောဆေး၊ အားဆေး၊ အကိုက်အခဲပျောက်ဆေးများ ပေးထားခဲ့သည်။

ရန်ကုန် နည်းပညာ တက္ကသိုလ်မှ

BE (civil)

ဘွဲ့ရထားသူ ကိုကျော်ကျော်သန့်သည် ပြည်တငွ်း ဂျာနယ်အချို့တွင် အယ်ဒီတာနှင့် ဘာသာပြန် လုပ်ငန်းများ

လုပ်ဆောင်ခဲ့သူဖြစ်သည်။ သူသည် ပြီးခဲ့သည့်နှစ် နာဂစ်မုန်တိုင်းအပြီး ဇွန်လ ၁၀ ရက်နေ့တငွ် တောင်ဒဂုံမြို့နယ်မှ လေဘေးဒုက္ခသည် ဦးရေ ၃၀ ခန့်က ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့၌ ရွက်ဖျင်တဲ အကူအညီ တောင်းခံကြသည်ကို သတင်းလိုက်ယူရင်း အဖော်ဖြစ်သူ Ecovision ဂျာနယ်မှ သတင်းထောက် မအိမ့်ခိုင်ဦးနှင့်အတူ အဖမ်းခံခဲ့ရသည်။ ထို့နောက် သူ့အား နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃ (က) တို့ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။ မအိမ့်ခိုင်ဦးမှာမူ ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်ချခံခဲ့ရပြီး အင်းစိန်ထောင်၌ပင် ချုပ်နှောင်ခံထားရသည်။ ကိုကျော်ကျော်သန့်၏ အမှုနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် မေလ၌ အယူခံတင်ခ့ေဲ သ်ာလည်း အရှေ့ခရိုင် တရားရုံးက ပယ်ချခဲ့သည်။ ယခင်လအတွင်းက ရန်ကုန် တိုင်းတရားရုံးသို့ ထပ်မံ၍ အယူခံတင်ရာ ပယ်ချခံရပြန်သည်။ သို့သော် မိသားစုဝင်များက သူ၏ ကျန်းမာရေးကို စိုးရိမ်သဖြင့် ပြင်ပဆေးခန်းတွင် ဆေးကုသခံယူနိုင်ရေး လိုလားနေကြပြီး အယူခံကိုလည်း လာမည့်လတွင် ဗဟိုတရားရုံးသို့ ဆက်လက်၍ တင်သငွ်းသွားရန် ပြင်ဆင်နေကြသည်။

“ဦးနှောက်ထဲ ဖြစ်နေတာကို

သေသေချာချာ

ECG

ဓာတ်မှန်ရိုက်ပြီး ကုသချင်တယ်။ ရောဂါရဲ့ အဖြေက ဆရာဝန်တွေပဲ သိနိုင်မယ်ဆိုတော့ မိသားစုတွေက

စိတ်ပူပန်ရုံကလွဲပြီး ဘာမှ မတတ်နိုင်ဘူး။ အာဏာပိုင်တွေအနေနဲ့ သားသမီးချင်း ကိုယ်ချင်းစာပေးစေချင်ပါတယ်လေ” ဟု အဆိုပါ မိသားစုဝင်က ပြောသည်။ ကိုကျော်ကျော်သန့်၏ အမှုနှင့်ပတ်သက်၍ ဥပဒေအကျိုးဆောင်ပေးခဲ့သူ တရားရုံးချုပ် ရှေ့နေကြီး ဦးခင်မောင်ရှိန်ကိုလည်း အာဏာပိုင်များက တရားရုံးအား မထေမဲ့မြင်ပြုသည်ဟု စွပ်စွဲကာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ထောင်ဒဏ် ၄ လ ပြစ်ဒဏ်ချခဲ့သည်။ ဦးခင်မောင်ရှိန်သည် ဧရာဝတီတိုင်း မြောင်းမြထောင်မှ ယခုနှစ် မတ်လတွင် ပြန်လတ်ွလာပြီးနောက် မေလအတွင်း၌ ရှေ့နေလိုင်စင် ရုပ်သိမ်းခံခဲ့ရသည်။ ယခုအခါ ကိုကျော်ကျော်သန့်၏ အမှုကို တရားရုံးချုပ်ရှေ့နေ ဦးဇော်မင်းက လိုက်ပါ ဆောင်ရက်ွပေးနေသည်။

ပင်မစာမျက်နှာသတင်းဆောင်းပါးအာဘော် အယ်ဒီတာ့အာဘော်သူ့အတွေး သူ့အမြင်အင်တာဗျူးထွေရာလေးပါးစာအုပ်စင်ကဏ္ဍကာတွန်းရုပ်သံကဏ္ဍအထူးကဏ္ဍသောကြာစကားဝိုင်းe-ဂျာနယ်..

Comments (0) အမေရိကန်ကိုယ်စားလှယ် မြန်မာနိုင်ငံခြားရေး ဝန်ကြီးနှင့် ဖူးကက်တင်ွတွေ့ဆုံ

Thursday, 23 July 2009 20:04 ဝေမိုး .ထိုင်းနိုင်ငံ

ဖူးကက်ကျွ န်း တနေရာတွင် ကျင်းပသည့် အာဆီယံအစည်းအဝေးသို့ တက်ရောက်လာသော

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် မေရိကန်ပြည်ထောင်စု၏ အာဆီယံ ရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စကော့ မာရှယ်တို့သည် ယမန်နေ့က တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဖူးကက်ကျွန်း တနေရာတွင် ကျင်းပသည့် အာဆီယံအစည်းအဝေးသို့ တက်ရောက်လာသော မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် မေရိကန်ပြည်ထောင်စု၏ အာဆီယံရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စကော့ မာရှယ် (ဓာတ်ပုံ - ရိုက်တာ)

“သူတို့ မနေ့ ညနေပိုင်းက တွေ့ကြတယ်၊ အမေရိကန် နိုင်ငံခြားရေးဌာနက အဖွဲ့ ဝင်တချို့နဲ့ မြန်မာအဖွဲ့ တို့ တွေ့ကြပါတယ်”ဟု ယင်းအာဆီယံ အစည်းအဝေးပွေဲ ရာက် အမေရိကန် အဆင့်မြင့် အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။ ထိုသို့တွေ့ဆုံရာတွင် အမေရိကန် အရာရှိများသည် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ အရ မြောက်ကိုရီးယားကို အရေးယူမှုနှင့်ပတ်သက်ပြီး မြန်မာအဖွဲ့ ကို ထုတ်ဖော်ပြောဆိုခဲ့သည်ဟု ၎င်း အမေရိကန် အရာရှိကပြောဆိုသည်။ မြောက်ကိုရီးယားသည် ပြီးခဲ့သည့် မေလ က နျူကလီးယားလက်နက် စမ်းသပ်ခ့သဲ ည့်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကိုချမှတ်ပြီး အရေးယူခြင်းခံရသည့် နိုင်ငံဖြစ်သည်။ ယခု တွေ့ဆုံသည့် တနာရီခခွဲ န့် ကြာမြင့်ချိန်အတွင်း၌ မြန်မာဘက်က အဖွဲ့ ခေါင်းဆောင် နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းအနေနှင့် များစွာပြောဆိုမှုမရှိကြောင်း၊ အမေရိကန်ဘက်က ဆွေးနွေးချက်များကို နေပြည်တော်ရှိ နိုင်ငံတော်အကြီးအကဲများကို ပြန်လည်၍ အစီရင်ခံမည်ဟု ပြောဆိုခ့ေဲ ကြာင်း၊ မြန်မာအဖွဲ့ အနေနှင့် နားထောင် ရုံသာ ဖြစ်ကြောင်းလည်း အဆိုပါ အမေရိကန် အဆင့်မြင့်အရာရှိက ပြောဆိုသည်။

အမေရိကန်ဘက်က မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ပြန်လည်သုံးသပ်ရေးနှင့် ပတ်သက်၍လည်း “ဒေါ်အောင် ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား၂၁၀၀ ကျော်ပြန်လွှတ်ရေး တောင်းဆိုထားသည့်အပေါ် အပြောင်း အလဲ မရှိကြောင်းနှင့် လာမည့် ၂၀၁၀ ရွေးကောက်ပသွဲ ည် အားလုံးပါဝင်နိုင်သော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန်လိုအပ်ကြောင်း”တို့ကို ပြောကြားသည်ဟု သိရသည်။ ယင်းသို့ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံသည့် စကော့ မာရှယ်သည် လက်ရှိတငွ် အရှေ့အာရှ နှင့် ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်အတွင်းရေးမှူးနှင့် အမေရိကန်ပြည်ထောင်စု၏ အာဆီယံရေးရာ အထူးကိုယ် စားလှယ် ဖြစ်သည်။ အဆိုပါ အာဆီယံ အစည်းအဝေးသည် ဇူလိုင်လ ၁၇ ရက်နေ့မှ ဇူလိုင် ၂၃ ရက် ယနေ့အထိ ကျင်းပ ပြီးဆုံးခဲ့ သည်။ ဤ သတင်းအား ဧရာဝတီ သတင်းထောက် ဝေမိုး က အာဆီယံအစည်းအဝေးကျင်းပသည့် ထိုင်းနိုင်ငံ ဖူးကက် ဒေသမှ ပေးပို့ခြင်းဖြစ်သည်။

လက်ဖက်တောင်သူ ၅ သိန်းကျော် စားဝတ်နေရေး ကျပ်တည်းနေ

Thursday, 23 July 2009 20:01 အေးလဲ့ .လက်ဖက် လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကြောင်းပြုနေသော လက်ဖက်တောင်သူ ၅ သိန်းကျော်

တို့မှာ

အစိုးရက လက်ဖက်တံဆိပ် ၄၀ ကျော်ကို အန္တာရယ် ဖြစ်နိုင်၍ စားသုံးရန် မသင့်ကြောင်း ကြေညာပြီးနောက်စားဝတ် နေရေး အကျပ်အတည်းတို့နှင့် ရင်ဆိုင်နေရကြောင်း ပလောင်အဖွဲ့ က ယနေ့တငွ် သတင်း ထုတ်ပြန်ထား သည်။ တအောင်း (ပလောင်) လုပ်ငန်း အဖွဲ့ဆိုသည့် အဖွ၃ဲ့ ဖွဲ့ပါရှိသည့် “လက်ဖက်ဖျက်ပိုး” အမည်ရှိ အစီရင်ခံစာ အရ ထောင်နှင့်ချီသည့် လက်ဖက်တောင်သူများသည် အခြားဒေသများသို့ ရွှေ့ပြောင်း အလုပ်ရှာဖွေရခြင်း၊ ၎င်းတို့၏ သားသမီးများကို ပညာရေးတွင် အထောက်အပံ့မပေးနိုင်သည့် အခက်အခဲတို့နှင့် ရင်ဆိုင်နေရခြင်း တို့ကို ဖော်ပြထားသည်။ စာမျက်နှာ ၂၃ မျက်နှာပါရှိသော ၎င်းအစီရင်ခံစာတွင် နမ့်ဆန်မြို့၊ မန်တုန်မြို့၊ နမ့်ခမ်းမြို့၊ ကျောက်မြဲ မို့ အစရှိသည့် မြို့များမှ လက်ဖက်ခြံပိုင်ရှင်၊ လက်ဖက်ခြောက် စက်ရုံ ပိုင်ရှင်၊ ကုန်သည် ပွဲစား နှင့် ပွရဲုံပိုင်ရှင်၊ လက်ဖက် အဝယ်ကိုယ်စားလှယ်၊ စားသုံးသူ၊ လက်ဖက်ခူးသူ၊ ဒေသခံအာဏာပိုင် စသူတို့ စုစုပေါင်း ၁၆၂ ဦးကို ဧပြီလမှ မေလအတွင်း စစ်တမ်း ကောက်ယူမေးမြန်းထားကြောင်း သိရသည်။ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး၏ အထွေထွေအတွင်းရေးမှူး မိုင်းအိုက်ဖုန်းက“လက်ဖက် တောင် သူ ထောင်ပေါင်းများစွာ စီးပွားပျက်ကပ်နဲ့ ရင်ဆိုင်ကြုံတွေ့နေတာ နအဖ စစ်အုပ်စု တို့က ပြည်သူ လူထု ဖွံ့ဖြိုး ရေးတိုးတက်ရေး၊ လုံခြုံဘေးကင်းရေး အတွက် အမှန်တကယ် စီမံခန့်ခွဲ အုပ်ချုပ် နိုင်စွမ်း မရှိဘဲ ပြည်သူလူထု အပေါ် တာဝန်ခံမှု တာဝန်ယူမှု လုံးဝမရှိတဲ့ စစ်အုပ်ချုပ်ရေး စနစ်သာ ဖြစ်ကြောင်း သက်သေပြ နေတာပါပဲ” ထုတ်ပြန်ချက်တငွ် ပြောဆိုထားသည်။ လက်ဖက်တောင်သူ အနည်းဆုံး သုံးသိန်းကျော်မှာ အခြေခံစားသောက်ကုန် ဖြစ်သော ဆန်၊ ဆီ၊ ဆား ကိုပင် ပုံမှန် မဝယ်ယူ နိုင်တော့ကြောင်းလည်းပါရှိသည်။ တအောင်းလူမျိုးတို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အဓိကနေထိုင်ကြပြီး၊ ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်း၊ ကလော၊ ပင်လောင်း အစရှိမြို့များရှိ တောင်တန်းများပေါ်တွင် နေထိုင်ကြပြီး ဘိုးစဉ်ဘောင် ဆက် လက်ဖက်လုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်းကြောင်း နေသည့် တိုင်းရင်းသား လူမျိုးစုဖြစ်သည်။ လူဦးရေ ၅ သိန်းကျော်နေထိုင်ကြပြီး မြန်မာတနိုင်ငံလုံးအနှံ့ နှစ်စဉ်လိုအပ်သော လက်ဖက်စို၊ လက်ဖက် ခြောက်၊ အချိုခြောက် တို့ကို အဓိကထုတ်လုပ်ပေးလျှက်ရှိကြောင်းလည်း သိရသည်။ ယင်း အစီရင်ခံ ထုတ်ပြန်သော တအောင်း (ပလောင်) အဖွဲ့သည် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီး နောက် ပိုင်း မှစကာ အမျိုးသားလွတ်မြောက်ရေး လက်နက်ကိုင်လှုပ်ရှားမှု၊ နိုင်ငံရေးလှုပ်ရှားမှုများကို ယနေ့ အချိန် အထိ နှစ်ပေါင်းများစွာ တော်လှန် လှုပ်ရှားနေကြောင်းလည်း သိရှိရသည်။ အစားအစာများ ဆွဲေ ဆာင်မှု ရှိစေရန် ဆိုးဆေးများ အသုံးပြုနေကြခြင်းကို ယခုနှစ် မတ်လမှ စပြီး ကျန်းမာရေး ဝန်ကြီးဌနက စစ်အစိုးရသတင်းစာ၌ အန္တရာယ်ရှိကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က နာမည်ကျော် အရီးတောင်း၊ ပင်ပျိုရွက်နု အပါအဝင် လက်ဖက် တံဆိပ် ၄ဝ ကျော်ကို စားသုံးရန် မသင့်ဟု ကြေညာချက် ထုတ်ပြန်ပြီးနောက် လက်ဖက် အရောင်းအဝယ် လုပ်ငန်းများ အေးသွားခဲ့ခြင်း ဖြစ် သည်။

ရန်ကုန် ကားဝပ်ရှော့များ မြို့ပြင်ပြောင်းခိုင်း

Thursday, 23 July 2009 15:50

ဟိန်းဇော် .ရန်ကုန်မြို့တွင်းရှိ ကားဘော်ဒီရုံများနှင့် ကားဝပ်ရှော့ လုပ်ငန်းများကို ဇူလိုင် ၂၀ ရက်နေ့ မှ စတင်၍

ရန်ကုန်မြို့ ပြင်သို့ ရွှေ့ပြောင်း ခိုင်းစေမှုကြောင့် လုပ်ငန်းရှင်များနှင့် ကားပြင်ဆင် လိုသူများ အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

ရန်ကုန်မြို့တွင်းရှိ ကားဝပ်ရှော့ တခု (ဓာတ်ပုံ -

flickr.com/clkr)

ထိုသို့ စီစဉ်ခြင်းမှာ လုပ်ငန်းများတစ်စုတစ်စုတည်းဖြစ်သွားစေရန်နှင့် ဆင်ခြေဖုံးရပ်ကက်ွများတွင် ကားဘော်ဒီရုံ များ ၏ အသံဆူညံမှုတို့သည် ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေခြင်း၊ မြို့တော် အင်္ဂါရပ်နှင့် ကိုက်ညီမှု မရှိ ခြင်းတို့ ကြောင့် ဖြစ်ကြောင်း အလုံမြို့ နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦး

ကပြောသည်။ ယင်းလုပ်ငန်းများ ရန်ကုန်မြို့ ပြင်ရှိ ရွာသာကြီးသို့ ပြောင်းရွှေ့ ဖယ်ရှားခြင်းကို အလုံမြို့ နယ်တငွ် စတင် ဆောင် ရွက်ခြင်းဖြစ်ပြီး ထို့နောက် ဒေါပုံ၊ သာကေတ၊ ရန်ကင်း၊ လှိုင်၊ မရမ်းကုန်း စသောမြို့နယ်များတွင် ပြောင်းရွှေ့ရန် အစီအစဉ်များရှိကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ အခုရုံပိတ်လိုက်ရတယ်။

ရွာသားကြီးမှာနေရာပေးမယ်ပြောတယ်။ မြို့ ထနဲ့ ဝေးတော့ အဆင် မပြေ နိုင်ဘူး။ ဆိုင်ခန်းခလည်း

ပြန်သငွ်းရမယ်ဆိုတော့ မလွယ်ဘူး”ဟု အလုံမြို့ နယ်တငွ် ခြောက်နှစ်နီးပါး ကားဝပ်ရှော့ လုပ်ငန်း လုပ်ကိုင်သူ တစ်ဦး က ပြောသည်။ ယာဉ်မောင်း တစ်ဦးကလည်း“လမ်းပေါ်မှာ ကားသွားရင်းနဲ့ စက်တခုခုချွ တ်ယငွ်းသွားလို့ ရှိရင် အခုဆို ဘယ်နေရာ ၀င်ပြင်ပြင်ရတယ်။ ဒီလိုမြို့ ထဲ နဲ့ ဝေးတဲ့ နေရာမှာထားရင် အခက်အခဲဖြစ်သွားနိုင်တယ်။ လေထိုးကျွတ်ဖာဆိုင် တွေကိုပါ ပြောင်းခိုင်းမယ် ဆို ရင် ကားသမားတွေ အတွက်ကော လုပ်ငန်းရှင် တွေအတွက်ပါ အဆင်မပြေနိုင် ဘူး”ဟု ပြောသည်။ ကားဝပ်ရှော့လုပ်ငန်းကြီးများ ဖြစ်သော ကားအင်ဂျင်ပြုပြင်ခြင်း၊ ကားဘော်ဒီ ဆေးမှုတ်ခြင်း၊ စသည့် အချိန်ကြာ မြင့်စွာ လုပ်ရသော လုပ်ငန်းများအတွက် လက်ရှိပြောင်းရွှေ့ရန် စီစဉ်နေသော ရွာသာကြီးရှိ ပေ ၄၀ × ၆၀ မြေ ကွက် ဆိုင်ခန်း နေရာ အကျယ်အ၀န်းများသည် အဆင်ပြေနိုင်သော်လည်း လေထိုး၊ ကျွတ်ဖာ ကဲ့သို့ သော လုပ်ငန်းအသေးစား လုပ် ကိုင်နေသူများမှာ ဆိုင်ခန်းစရိတ်၊ အလုပ်သမားစရိတ်၊ အထွေထွေ စရိတ်များ ကြောင့် ငွေကြေးအခက်အခဲ ရှိ ကြောင်း သာကေတမြို့ နယ်ရှိ ကားဘော်ဒီရုံလုပ်ငန်းရှင် တစ်ဦးက ပြောဆိုသည်။ ယင်းသို့ ပြောင်းရွှေ့ခံရသောအလုံမြို့ နယ်မှ လုပ်ငန်းရှင်တစ်ဦးက ရွာသာကြီးတွင် လုပ်ငန်းပြောင်းဖွင့်ရန်အတွက် စည်ပင်ကမြေတစ်ကွက်ကို ကျပ် သိန်း ၆၀ ဖြင့်ရောင်းချနေကြောင်း၊ စည်ပင်အနေဖြင့် ၎င်းတို့၏ဘတ်ဂျတ် ပြည့်မီ ရန် ယခုက့သဲို့ ပေါက်ဈေးထက်မြင့်သော ဈေးဖြင့် ရောင်းချခြင်းဖြစ်နိုင်ကြောင်း ပြောသည်။ ရန်ကုန် စည်ပင်သာယာရေးကော်မတီမှ စီစဉ်သည့်နေရာသို့ ပြောင်းရွှေ့ခြင်း မပြုသော ကားဘော်ဒရီုံနှင့် ဝပ်ရှော့ များကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းအရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီ မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဒါ စည်ပင်တွေ သက်သက် ဖန်တီးတာပါ။ သိန်း ၆၀ ကို

တစ်နှစ်အတွင်း ပေးရမယ်။မပေးတဲ့ သူတွေကို မလုပ် ခိုင်းဘူးလို့ ကြားတယ်။ ကျနော်တို့ လည်းပြောင်းဖို

့စာကျလာပြီ။ လုပ်ကိုင်စားသောက်ရတာ သူတို့ ကိုကြောက် နေရတယ်ဗျာ”ဟု သာကေတမြို့ နယ်မှ ကားပြင်ဝပ်ရှော့ဆရာ တစ်ဦးကပြောသည်။ ရန်ကုန်မြို့ တငွ်းမှကားဘော်ဒီရုံများ၊ ကားဝပ်ရှော့ များ ကို ပြောင်းရွှေ့ ရန် ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းက တစ်ကြိမ်၊ ဇွန်လ ဆန်းပိုင်းက ဒုတိယအကြိမ်အဖြစ် စည်ပင်ဝန်ထမ်းများမှ လိုက်လံပြောကြားခဲ့ ကြောင်း သိရသည်။

“အဲဒီလိုမြို့ ပြင်သာပြောင်းရမယ်ဆိုရင်

လုပ်ငန်းအခက်အခဲတွေ ဖြစ်လာနိုင်တယ်။ ကားပိုင်ရှင်တွေ ကားပျက်တာ ပဲ ဖြစ်ဖြစ်။ကားတိုက်လို့ ဘော်ဒီပြင်တာပဲ

ဖြစ်ဖြစ် မြို့ ပြင်ထွက်လာမှ ဖြစ်မယ်လေ။ လုပ်ငန်းရှင်တွေရော ကားပိုင် ရှင်တွေပါ အခက်အခဲရှိလာနိုင်ပါတယ်”ဟု သုဝဏ္ဏမြို့ မှ ကားပိုင်ရှင်တစ်ဦး က ဆိုသည်။

နောက်ဆုံး လျှောက်လချဲက်အတွက် ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများနှင့် တွေ့ခွင့်ရ

Thursday, 23 July 2009 19:03

သန်းထိုက်ဦး .ဒေါ်အောင်ဆန်း စုကြည်အား ၎င်း၏အမှုနှင့် ပတ်သက်ပြီး နောက်ဆုံး အတည်ပြုထားသော

လျှောက်လချဲက်ကို တင်ပြရန် အတွက် ရှေ့နေများက တွေ့ခွင့်တောင်းသည်ကို နအဖ စစ်အစိုးရ အာဏာပိုင်များက ယနေ့ ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အတည်ပြုထားသော လျှောက်လချဲက်အား ဒေါ်အောင်ဆန်စုကြည်ကို တင်ပြရန်အတွက် အရေးကြီးသောကြောင့် ရှေ့နေ့များက ယမန်နေ့တငွ် ထပ်မံ၍ တွေ့ခွင့်တောင်းရာ ခွင့်ပြုလိုက်သည်ဟု ရှေ့နေကြီး ဦးကြည်ဝင်း က ဧရာဝတီသို့ ပြောသည်။

“စာတင်ပြီးတော့ ကျနော်တို့ တော်တော်အရေးကြီးပါတယ်၊ အဲဒါတော့

ခွင့်ပြုမှဖြစ်မယ်၊ အဲဒါကြောင့် ဒီနေ့ ခွင့် ပြု လိုက်တာ”ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်စုကြည်ကို တွေ့ခွင့်တောင်ထားသော်လည်း ထောင်အာဏာပိုင်များက ယမန်နေ့က တွေ့ခွင့်မပြုခဲ့ပေ၊ သို့ သော် ယနေ့ တွေ့ခွင့်ပေးသောကြောင့် မွန်းလွဲ ပိုင်းတွင် ချက်ချင်းသွားရောက်တွေ့ဆုံခဲ့ရကြောင်း ရှေ့နေကြီး ဦးကြည်ဝင်း က ဆိုသည်။ အတည်ပြုထားသော လျှောက်လချဲက်ထဲတငွ် မည်သည့် အကြောင်းအရာများ ရေးသားထားသည်ကိုမူ မသိရှိရပေ။ ၎င်း ဒေါ်အောင်ဆန်းစုကြည်၏ အမှုနှင့် ပတ်သက်ပြီး နောက်ဆုံးအကြိမ် ၂ ဘက်လျှောက်လဲကြားနာရန်အတွက် တရားရုံးက လာမည့် ဇူလိုင်လ ၂၄ ရက်နေ့တငွ် ချိန်းဆိုထားသည်။

ဒေါ်အောင်ဆန်စုကြည်ကို အင်းစိန်ထောင် အကျဉ်း ဦးစီဌာန၏ ရုံးတွင် အမျိုးသားဒီမိုကရေစီအဖွ့ချဲုပ်(

NLD )

ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း၊ ရှေ့နေ

ဒေါ်ခင်ဌေးကြွယ် နှင့် ဦးကြည်ဝင်း တို့က ယနေ့သွားရောက်တွေ့ဆုံခ့သဲ ည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း တောင်းဆိုထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန် ဟူသောအချက်မှာ ဖြစ်နိုင်ဖွယ်ရာမရှိကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ် ဝင်းက ထိုင်းနိုင်ငံတငွ် ကျင်းပသော အာဆီယံအစည်းအဝေး ညစာစားပွဲတငွ် ပြောကြားထားသည်။

ထို့အပြင် ယနေ့ထုတ် စစ်အစိုးရ မြန်မာ့အလင်း သတင်းစာတွင“် သူရင်ဆိုင်နေရသည့် အမှု ပြီးဆုံးချိန်တွင် ဒေါ်အောင်ဆန်း စုကြည် ၌ အပြစ်မရှိကြောင်း တရားရုံးက ဆုံးဖြတ်လိမ့်မည်ဟု မျှော်လင့်ထားသူ ဦးရေမှာ နည်းလှသည်။ မည်သို့ပင်ဖြစ်စေ ၄၈ သန်းသော မြန်မာပြည်သူတို့၏ အကျိုးစီးပွားအတွက် စတင်ဆောင်ရွက်သင့်ပြီဖြစ်ပါ သည်”ဟု ဖော်ပြထားသည်။

အဆိုပါ ဖော်ပြချက်များသည် အမေရိကန် ပြည်ထောင်စုအခြေစိုက်

Burma Cannot Be Tied to Aung San Suu Kyi”

The Huffington Post

သတင်းစာ၌ ရေးသားဖော်ပြ ထားသော

“The Futurs of

အမည်ရှိ ဆောင်းပါးမှ ထုတ်နုတ် ထား ခြင်းဖြစ်သည်။

သို့သော် ယနေ့ပြီးဆုံးသွားသည့် ထိုင်းနိုငင်ံ ဖူးကက်ကျွန်းတနေရာတွင် ကျင်းပသော အာဆီယံ အစည်းအဝေး ကာလ အတွင်း၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် အပါအဝင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနှင့် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးတို့က မြန်မာအစိုးရကို ပြစ်တင် ဝေဖန်၍ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပြော ဆိုခဲ့ကြသည်။ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆ၀ူ မ်(Surin

Pitsuwan)

ကလည်း မြန်မာနိုင်ငံတငွ် ပြုပြင်ပြောင်းလဲ မှုကိစ္စနှင့် ပတ်သက်၍ ဒေသ အဖွဲ့ အစည်း၏

ဂုဏ်သိက္ခာကို ကျဆင်းစေကြောင်း တနင်္လာနေ့က သတင်းထောက်များကို ပြောကြားခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏အိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခ့ေဲ သာ ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ် သက် ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်း ထောင် သို့ ခေါ် ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဆဲိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြ သက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တင်ွမှ ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပယဲ င်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တငွ် ယခုကဲ့သို့ တရားစွဆဲို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။

ဝက်တုပ်ကွေး ထိန်းချုပ်ရေး နိုင်ငံခြားပြန်များကို စောင့်ကြည့်နေ

Thursday, 23 July 2009 17:17 ကြည်ဝေ .ရန်ကုန်တိုင်းအတွင်း ၀က်တုပ်ကွေး ရောဂါ (H1N1)

ထိန်းချုပ်နိုင်ရေး အတွက် ပြည်ပမှ

ပြန်လာသူများအား မြို့နယ်၊ ရပ်ကွက် အာဏာပိုင်များကို စောင့်ကြည့်ခိုင်းမှုများ ပြုလုပ်နေ ကြောင်း သိရှိရသည်။ မြို့နယ်အသီးသီးမှ ရယကများသည် ရပ်ကွက်တငွ်းတွင် ပြည်ပမှပြန်လာသူများနှင့် ဖျားနာ၊ နေမကောင်းဖြစ်သူ များစာရင်းကို ကောက်ယူထားရခြင်း၊ ဆေးခန်းများမှ လူနာများစာရင်းကို ကောက်ယူထားခြင်းတို့ ပြုလုပ်ပြီး မယကများထံသို့ သတင်းပို့ခြင်းတို့ကို ဆောင်ရက်ွလျက်ရှိကြောင်း တာမွေမြို့နယ် ရယက တဦးထံမှ သိရှိရ သည်။

“ကျနော်တို့က အဓိက နိုင်ငံခြားက ပြန်လာတဲ့လူနာတွေကို ပိုသတိထားရတယ်၊ သူတို့ရဲ့ လိပ်စာ ယူထားပြီး ဖျားတာနာတာရှိမရှိ

စောင့်ကြည့်ရတယ်၊ ဖျားတယ်

ကြားရင် မြို့နယ်ရုံးကိုသတင်းပို့ရတယ်”် ဟု ထို ရယက က ပြောသည်။ ပြည်ပမှပြန်ရောက်လာသူများအား လေဆိပ်တငွ် စစ်ဆေးပြီးဖြစ်သော်လည်း၊ ရောဂါပိုး တွေ့ရှိခ့သဲူ ၄ ဦး စလုံးမှာ လေဆိပ်စစ်ဆေးမှုတငွ် ရောဂါလက္ခဏာ မပေါ်ခဲ့ဘ၊ဲ နေအိမ်ရောက်ပြီး နောက်ပိုင်းမှ ပေါ်လာခဲ့ခြင်းကြောင့် ဖြစ် ကြောင်း သိရှိရသည်။ ရယက များအနေနှင့် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများ၏ လိပ်စာများကို မှတ်သားထားကာ၊ ရက် သတ္တပတ် ၂ ပတ်ကြာသည်အထိ စောင့်ကြည့်ကြရကြောင်း၊ နေ့စဉ်ပုံမှန်စောင့်ကြည့်ရန် မလွယ်ကူသည့်အတွက် အနီး တ၀ိုက် တွင် နေထိုင်သူများအား ထိုအိမ်မှ နေမကောင်းဖြစ်သူရှိပါက လာပြီးအကြောင်းကြားပေးရန် မှာထား ရ ကြောင်း၊ အကြောင်း ကြားပါက သွားရောက် စစ်ဆေးမေးမြန်းရမည် ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ်မှ ရယက တဦးက ပြောပြသည်။

“နေ့တိုင်းဘယ်သွားကြည့်နိုင်မှာလည်း အဲဒီအိမ်က

တယောက်ယောက်ဖျားတာ ရှိမရှိ ၊ ရှိရင် လာအကြောင်းကြား ဖို့ ဘေးပတ်ဝန်းကျင် အိမ်တွေကိုပဲ

မှာထားလိုက်တယ်၊ ခုချိန်ထိတော့ ဘယ်သူမှ လာအကြောင်းမကြားကြသေး ပါ ဘူး”ဟု အဆိုပါ ရယက ကပြောသည်။

ရယကများအနေနှင့် ကျန်းမာရေးအသိပညာနည်းပါးသူဖြစ်ပါက သာမန်တုပ်ကွေးဖျာနာသူများ၊

A(H1N1) ရောဂါပိုး

ရှိသူများနှင့်တွေ့ဆုံမေးမြန်းခြင်းပြုပါက

ရောဂါပိုးကူးစက်နိုင်သော အခြေအနေနှင့်တွေ့ကြုံနိုင်ကြောင်း မြန်မာနိုင်ငံအထွေထွေရောဂါကုဆရာဝန်အသင်းမှ တာဝန်ရှိသူတဦးက သုံးသပ်ပြောဆိုသည်။

“ရယကတွေက ကျန်းမာရေးဝန်ထမ်းတွေလည်း

မဟုတ်ဘူး၊ ကျန်းမာရေးမှူးတွေလည်း မဟုတ်ဘူး သူတို့ကို ဒီလို တာဝန်မျိုးပေးပြီး စောင့်ကြည့်ခိုင်းတာ

မသင့်တော်ဘူး၊ တကယ်ပိုးရှိတဲ့သူကို သူတို့သွားကြည့်မေးမြန်းတယ် ဆိုရင်ပဲ သူတို့မှာ ကူးစက်နိုင်တ့အဲ နေအထားရှိတယ်” ဟု အထက်ပါ တာဝန်ရှိသူ က ပြောသည်။ မြန်မာနိုင်ငံတငွ် ကြက်ခြေနီအဖွဲ့ များ၊ ကျန်းမာရေးဝန်ထမ်းများ အရေအတွက်မှာ အလွန်နည်းပါးနေသည်ကို တွေ့ရပြီး၊ လူထု ကျန်းမာရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရန်အတွက် အင်အားနည်းပါးခြင်း၊ အခွင့်အာဏာ နည်းပါးခြင်း၊ ကျန်းမာရေးဆိုင်ရာ

ပညာပေးဟောပြောပွဲပြုလုပ်မည်ဆိုပါက ရယက၊ မယက များမှ တဆင့် တိုင်း အဆင့်ထိ စာတင်ရခြင်း စသည်တို့ကြောင့် အာဏာပိုင်များအနေနှင့် ယခုကဲ့သို့ မယကများ၊ ရယကများကို စောင့်ကြည့်စေခိုင်းရခြင်းဖြစ်ကြောင်း ပြည်တငွ်း သတင်းအယ်ဒီတာ တဦးက ဆိုသည်။

“ကျန်းမာရေးဝန်ထမ်းတို့၊ ကြက်ခြေနီတို့ဆိုတာက

တမြို့နယ်လုံးမှာမှ တယောက်လောက်ရှိတာ မရှိတဲ့ မြို့နယ် တွေတောင်ရှိတာပဲ၊ပြီးတော့ သူတို့မှာ ဘာမှ

လုပ်ပိုင်ခငွ့်ဆိုတာ ရှိတာမဟုတ်ဘူး၊ ရယကကို သွားပြီး သတင်းပို့ ရတဲ့ အဆင့်လောက်ပဲ ထားတာ”ဟု ၄င်းက ပြောပြသည်။ ထို့အပြင် သူက ယခင်ရောဂါပိုး တွေ့ရှိသူများအနေနှင့် လေဆိပ်ရှိ စစ်ဆေးရေးကိရိယာတွင် မပေါ်ခဲ့ခြင်းမှာ အသေ အချာမစစ်ဆေးခြင်းကြောင့် လည်းကောင်း၊ စစ်ဆေးရေးကိရိယာ၏ အားနည်းချက်ကြောင့် သော်လည်း ကောင်း ဖြစ်နိုင်ကြောင်း ၊ ထို့အပြင် ယခုက့သဲို့ ရယကများအား စောင့်ကြည့်ခိုင်းရုံဖြင့် ကူးစက်ရောဂါပြန့်ပွားမှုကို ကာကွယ်ထိမ်းချုပ်နိုင်လိမ့်မည် မဟုတ်ဟုလည်း သူက ဆိုသည်။ မြန်မာနိုင်ငံတငွ် ၀က်တုပ်ကွေးA(H1N1)ရောဂါပိုး ရှိသူ ၄ ဦးရှိသွားပြီဖြစ်ကြောင်း ၊ ထိုသူများမှာ နိုင်ငံခြားမှ ပြန်ရောက်လာသူများသာ ဖြစ်ကြောင်း အစိုးရပိုင်သတင်းစာများမှ ထုတ်ပြန်ကြေငြာခဲ့သည်။

နိုင်ငံခြား ဆန်တင်ပို့မှု ဦးပိုင် ဆက်လက်ထိန်းချုပ်

Thursday, 23 July 2009 17:15 ရန်ပိုင် .စပါးစိုက်ရာသီ

ဖြစ်သောကြောင့် ဆန်ပြတ်လပ်မည်စိုး၍ နိုင်ငံခြားသို့ ဆန်တင်ပို့မှု ပါမစ်များကို

ပိတ်ပင်မည်ဟု ဆန်ကုန်သည် များအတွင်း သတင်းများ ပျံ့နေသော်လည်း ယခုအခါတွင် စစ်အစိုးရနှင့် နီးစပ်သော ကုမ္ပဏီများက ဆက် လက်ပို့ဆောင်နေကြောင်း သိရသည်။ စစ်အစိုးရနှင့် နီးစပ်သူများဖြစ်ကြသော ဆန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦး နှင့် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက် (UMEHL

)

ဒါရိုက်တာ

ဗိုလ်ချုပ်ကြီးတင်အေး၏ သား ဦးဇော်မင်းအေးတို့မှ ဆန်တင်ပို့ခငွ့် ပါမစ်များရရှိပြီး ဆန်တင်ပို့နေ ကြောင်းသိရသည်

“ပထမတုန်းက စပါးစိုက်တဲ့ ရာသီဖြစ်တဲ့အတွက်

ပြည်တငွ်းဆန်ပြတ်လပ်မှာစိုးလို့ဆန်အိတ်စ်ပို့ တွေ ကို ပိတ်မယ် လို့ကြားတာ ၊ ဒါပေမယ့် အခုတော့

တချို့ကုမ္ပဏီတွေ အထူးသဖြင့် စစ်အစိုးရနဲ့ နီးစပ်တဲ့သူတွေဖြစ်တဲ့ ဥက္ကဋ္ဌ ဦးအောင်သန်းဦး ၊ ဦးပိုင်လီမိတက် က ဒါရိုက်တာ ဗိုလ်ချုပ်ကြီးတင်အေးသား ကိုဇော်မင်းအေးတို့၊ အတွင်းရေးမှုး ( ၁ ) ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး သား ပိုင် ဧရာဟင်္သာကုမ္ပဏီတို့ လက်ရှိပို့နေတယ်၊ ဗိုလ်ချုပ်ကြီးသူရရွှေမန်းသား ကုမ္ပဏီတောင် မပါဘူး၊ ဘာကြောင့်ပြန်ဖငွ့်ပေးထားတယ် မသိဘူး၊ ဒီနေ့ သဘောင်္ကပ်မယ်”ဟု ဘုရင့်နောင်ဆန်ပရွဲုံမှ ဆန်ကုန်သည်တဦးက ပြောသည်။ တင်ပို့သည့် ဆန်များသည် အမာဆန် ၂၅မှတ် ဧည့်မထ အမျိုးအစား ဖြစ်ပြီး လက်ရှိပေါက်ဈေးမှာ ဆန်တအိတ်လျှင် မြန်မာငွေ ၁၃၅၀၀ ကျပ် ရှိသည်ဟု သိရသည်။ အဆိုပါ ဆန်များကို ရန်ကုန် -ပြည် ကားလမ်းတလျှောက် တွင် ၀ယ်ယူ နေပြီး ၊ ဖိလစ်ပိုင် ၊ ဘင်္ဂလားဒေ့ရှ် ၊ အင်ဒိုနီးရှား နိုင်ငံများ သို့တင်ပို့နေကြောင်းသိရသည်။

“ပြည်မြို့မှာလည်း

ကုန်သည်အတော်များများက ဧရာဟင်္သာကုမ္ပဏီနဲ့ ပေါင်းပြီးတော့ ခေတ္တရာဟင်္သာအမည်နဲ့ ဆန်ကိုအိတ်စ်ပို့တင်ခငွ့် ရထားတယ်၊ ဒါပေမယ့်

နိုင်ငံခြားက၀ယ်တဲ့ဈေး တော့ တိုက်ရိုက်မရဘူး၊ ဧရာဟင်္သာက ချုပ်ထား တယ်၊ သူတို့ကုမ္ပဏီကိုသာ ဆန်ကိုသငွ်းရတယ်”ဟု အဆိုပါဆန်ကုန်သည် ကပြောသည်။ ဧရာဟင်္သာ ကုမ္ပဏီသည် အတွင်းရေးမှူး ( ၁ ) ဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦးသား၊ တပ်မတော်မှ အငြိမ်းစားယူထားသော ဗိုလ်ကြီးဟောင်း ပိုင်သည့် ကုမ္ပဏီဖြစ်သည်။

ထို့အတူ စစ်အစိုးရနှင့် နီးစပ်မှု မရှိသည့်

Promised Land ကုမ္ပဏီ ကဲ့သို့ ဆန် အိတ်စ်ပို့ လုပ်ကိုင်နေသူများရှိ ကြောင်း ကိုလည်း

အဆိုပါ ကုန်သည်က

ဆက်လက်ပြောပြသည်။ ပြီးခဲ့သောလအတွင်း နှစ်နိုင်ငံနယ်စပ်ဂိတ်များမှ အကောက်ခွန်နှုန်းများတိုးမြှင့်လိုက်သောကြောင့် မြ၀တီမှ တဆင့် ထိုင်းနိုင်ငံသို့ ဆန်တင်သငွ်းခြင်း မပြုလုပ်နိုင်ဘဲ ရန်ကုန်ဆိပ်ကမ်းမှသာပြုလုပ် နေကြောင်းသိရသည်။

“ရခိုင်ဆန်လည်း ဘင်္ဂလားဒေ့ရှ်

ကို နယ်စပ်ဂိတ်တွေကနေ မသွားဘဲနဲ့ ပြည်ကမှ တဆင်ဝ့  င်နေတယ်”ဟုအဆိုပါ ကုန်သည်က ပြောသည်။

ဗိုလ်ချုပ်ကြီးတင်အေးသား ဦးဇော်မင်းအေးသည် အနုပညာလုပ်ငန်းဖြစ်သော ပန်းချီ ကား အရောင်းအဝယ် ဈေးကွက် တွင်လည်း ၀င်ရောက်လုပ်ကိုင်ခဲ့သူဖြစ်သည်။ ယခင်က နိုင်ငံခြားဆန်တင်ပို့မှုနှင့် ပတ်သက်၍ စစ်အစိုးရနှင့်နီးစပ်သူ ဦးတေဇပိုင် ထူးကုမ္ပဏီ နှင့် ဗိုလ်ချုပ်ကြီး သူရရွှေမန်း သား ပိုင်ဆိုင်သည့် ဧရာရွေဝွှါကုမ္ပဏီ နှင့် ဦးပိုင်လီမီတက် (UMEHL

)

တို့သာ လုပ်ကိုင်ခဲ့ကြသော်လည်း ယခုအခါတွင် တခြားသော ဗိုလ်ချုပ်ကြီးများ၏ သားသမီးများပါ ဆန်ဈေးကွက် အတွင်းသို့

ဝင်ရောက်လုပ်ကိုင်လာကြောင်း သိရသည်။ မြန်မာနိုင်ငံအတွင်း လူ ၅သန်းခန့် စားနပ်ရိက္ခာ အခက်အခဲနှင့် ရင်ဆိုင်နေရသော်လည်း စစ်အစိုးရက ဇန်န၀ါရီလမှ စတင် ၍ ပြည်ပသို့ ဈေးအနိမ့်ဖြင့် ဆန်အမြောက်အမြားတင်ပို့မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော ဇန်န၀ါရီလ ၂၂ ရက်နေ့က ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP

)

နှင့် ကမ္ဘာ့စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့ (FAO

)

တို့၏ ပူးတွဲထုတ်ပြန်သည့်

အစီရင်ခံစာတွင် မြန်မာနိုင်ငံအတွင်း လူပေါင်း ၅ သန်း ကျော် စားနပ်ရိက္ခာ ရှားပါးမှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း ဖော်ပြထားသည်။ ယင်းထုတ်ပြန်ချက်တငွ် မြန်မာနိုင်ငံ ပြည်နယ် ၅ ခုနှင့် တိုင်း၂တိုင်း တွင် စားနပ်ရိက္ခာ တန်ချိန် ၁၈၆၀၀၀ ခန့် လိုအပ်သည် ဟုပါရှိသည်။

မြောက်ကိုရီးယားအပေါ် ကုလ အရေးယူမှု စစ်အစိုးရ လိုက်နာဖို့ ကတိပြု

23 July 2009

ထိုင်းနိုင်ငံ ဖူးခက် ပင်လယ်အပန်းဖြေ စခန်းမြို့မှာ ကျင်းပနေတဲ့ အာဆီယံ ဒေသတွင်း လုံခြုံရေး အစည်းအဝေးမှာ အမေရိကန်အစိုးရ ကိုယ်စားလှယ်တချို့နဲ့ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်တချို့တို့ဟာ ဗုဒ္ဓဟူးနေ့ညက ထူးထူးခြားခြား သီးခြားတွေ့ဆုံခ့ပဲါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ မြန်မာစစ်အစိုးရအနေနဲ့ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂက ကုန်သွယ်ရေးအရ ပိတ်ဆို့ဒဏ်ခတ်တဲ့ ဆုံးဖြတ်ချက် ၁၈၇၄ ကို ပါဝင် အကောင်အထည်ဖော်ဖို့ အမေရိကန် အရာရှိတွေက တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင် တရားရုံးမှာ စွချဲက်တင် ခံနေရတာနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးဖြစ်ခ့ပဲါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ ပတ်သက်ပြီး တရားရုံးရဲ့ စီရင်ချက်ဟာ အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးအပေါ်မှာ အကျိုးဆက်တွေ အများကြီး သက်ရောက်မှုရှိနိုင်မှာ ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ပြောခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary

Clinton)

ကိုယ်တိုင်တော့ မြန်မာကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတဲ့ အစည်းအဝေးမှာ

လိုက်ပါသွားခြင်း မရှိခဲ့ပါဘူး။ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်တွေက ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယားအပေါ် ကုန်သယ်ွရေးအရ ပိတ်ပင်ဒဏ်ခတ်တာကို လိုက်နာဆောင်ရွက်ဖို့ ကြိုးစားသွားမယ်လို့ ပြန်လည် တုံ့ပြန်လိုက်တဲ့ အပေါ်မှာတော့ ၀န်ကြီး ကလင်တန်က ကြိုဆိုလိုက်ပါတယ်။ ဒေသတွင်း လုံခြုံရေး အစည်းအဝေး မစတင်ခင် ဗုဒ္ဓဟူးနေ့တုန်းကလည်း ၀န်ကြီး ကလင်တန်က မြန်မာစစ်အစိုးရလက်ထဲ မြောက်ကိုရီးယားက နျူကလီးယား လက်နက်ဆိုင်ရာ နည်းပညာတွေ ရောက်သွားနိုင်ခြေ ရှိတဲ့အပေါ်မှာ အင်မတန် စိုးရိမ်ကြောင်း ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံကို အာဆီယံကနေ ထုတ်သင့်သလားလို့ဆိုပြီး သတင်းထောက်တွေက သူ့ကိုမေးတော့ ၀န်ကြီး ကလင်တန်က ဒါဟာ စဉ်းစားသင့်တဲ့ မူဝါဒေရေးရာ ပြောင်းလဲမှုတရပ် ဖြစ်နိုင်တယ်လို့ ဖြေကြားခဲ့တာ ရှိပါတယ်။ ဒီကနေ့မှာတော့ ထိုင်း ၀န်ကြီးချုပ် အဘီဆစ် ၀တ်ချာချီဝ (Abhisit

Vejjajiva)

က

ဒေါ်အောင်ဆန်းစုကြည်အမှု တခုတည်းနဲ့ ပတ်သက်တာလောက် နဲ့တော့ မြန်မာနုငိငံကို အာဆီယံကနေ ထုတ်ပစ်ဖို့ အာဆီယံ အသင်းကြီးက စဉ်းစားမှာ မဟုတ်ဘူးလို့ ပြန်လည် တုံ့ပြန် လိုက်ပါတယ်။

အပြီးသတ်လျှောက်လဲဖို့ ရှေ့နေတွေ ဒေါ်စုနဲ့ ဆွေးနွေး

23 July 2009

လက်ရှိ ရန်ကုန် အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရပြီး နေအိမ်အကျယ်ချုပ် စည်းကမ်း ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စချွဲက်တွေနဲ့ တရားစွဆဲို ခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ အကျိုးဆောင်ရှေ့နေတွေဟာ ဒီကနေ့ နေ့လယ်ပိုင်းက အင်းစိန်ထောင်တငွ်း ဧည့်ရိပ်သာဆောင်တခုမှာ ၂ နာရီကြာ တွေ့ခွင့်ရခဲ့ပါတယ်။ မနက်ဖြန် သောကြာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဆဲိုထားတဲ့ အမှုနဲ့ပတ်သက်လို့ နှစ်ဖက်ရှေ့နေတွေက အပြီးသတ် လျှောက်လချဲက် တင်ကြရတော့မှာမို့ အခုလို အာဏာပိုင်တွေက တွေ့ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အစောပိုင်းတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေက ဗုဒ္ဓဟူးနေ့မှာ တွေ့ခွင့်တောင်းခံခ့ေဲ ပမယ့် အာဏာပိုင်တွေဘက်က ခွင့်မပြုခဲ့ပါဘူး။ ဒီကနေ့ တွေ့ခွင့်ပေးတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတိုင်ပင်ခ့တဲာတွေနဲ့ ပတ်သက်လို့ အကျိုးဆောင်ရှေ့နေကြီး ဦးဉာဏ်ဝင်းက ဗွီအိုအေကို အခုလို ပြောပြခဲ့ပါတယ်။

“ကျနော်တို့ အဓိကကတော့ ၂၄ ရက် မနက်ဖြန်အတွက် အပြီးသတ်

လျှောက်လချဲက်ကို နောက်ဆုံး ညှိနှိုင်းတာပေါ့။ ပြင်သင့်တာလည်း ပြင်၊

ထပ်တိုးသင့်တာလည်း တိုးတာပေါ့။ အဲဒီညှိနှိုင်းချက်တွေကို ကျနော်တို့က မနက်ဖြန်အမီ စာတွေဘာတွေ ရိုက်ကြရမယ်လေ။ ဒီနေ့ နောက်ဆုံး ညှိနှိုင်းတာပဲ။” ဒီကနေ့ ဆွေးနွေးမှုအတွင်း အကျိုးဆောင် ရှေ့နေတွေဘက်ကနေ မနက်ဖြန် လျှောက်လဲတင်သငွ်းမယ့် အချက်အလက်တွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြင်ဆင်ခဲ့တာတချို့ ရှိတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပြခဲ့ပါတယ်။

“သူက လျှောက်လချဲက်ထဲမှာ

ကျနော်တို့ရေးထားတဲ့ တချို့ကိစ္စတွေမှာ တစုံတဦး ထိခိုက်နစ်နာမယ့် ဟာမျိုးဆိုရင် သူ ဖြုတ်ခိုင်းပါတယ်။ သူ့အပေါ်မှာ

အာဃာတနဲ့ တရားစွဲတယ်ဆိုတဲ့ အချက်တွေ၊ ဒါတွေကို ရေးတဲ့နေရာမှာ ကျနော်တို့က တခြား ပုဂ္ဂိုလ်တဦးဦး ထိခိုက်စေမယ့် သဘောမျိုးဆိုရင် သူ မထည့်ပါဘူး၊ ဖြုတ်ခိုင်းပါတယ်။ မှတ်မှတ်ရရ ပြောရရင် အဲဒါတော့ သူလုပ်ပါတယ်။”

ဒါ့အပြင် အာဏာပိုင်တွေဘက်က အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးတာကို ကပ်ပြီး အကြောင်းကြားခဲ့တဲ့ အတွက်လည်း ရှေ့နေတွေ ၄ ဦးစလုံးတွေ့ဖို့ အခက်အခဲ ရှိခဲ့တဲ့အကြောင်း ဦးဉာဏ်ဝင်းက ပြောပြပါသေးတယ်။

“ကျနော်တို့ မနေ့က စာတစောင် ပြန်တင်တယ်။ အကျိုးအကြောင်း ဖော်ပြတယ်၊ ဘာကြောင့် တွေ့ချင်တယ်၊ ဒါ အရေးကြီးတယ် ဆိုတဲ့ဟာကို တင်တယ်။ ဒီနေ့ ၁၂ နာရီခွဲမှာ တွေ့ခွင့်ပြုတယ်လို့ တယ်လီဖုန်းနဲ့ အကြောင်းကြားတယ်၊ ၂ နာရီမှာ တွေ့ရမယ်ဆိုပြီးတော့။ ကျနော်တို့ကလည်း အားချင်း ပြင်ဆင်ပြီး သွားကြရတာ။ တွေ့ခွင့်ရတာတော့ ၄ ယောက်စလုံးပဲ။ ဒါပေမယ့် ၂ နာရီတွေ့ဖို့ကို ၁၂ နာရီခမွှဲ သိတော့ ဦးလှမျိုးမြင့်ကို ကျနော်တို့ ဆက်သွယ်လို့ မရတော့ဘူး။ သူကလည်း အပြင်သွားနေတာနဲ့ ကျနော်တို့ ဘယ်လိုမှ လုပ်မရတော့ သူတယောက် ကျန်ခ့ပဲါတယ်။ ဒါက မပါတာ မဟုတ်ဘူး၊ ပါပါတယ်။ အချိန်နည်းနည်းလေးဆိုတော့ ကျနော်တို့ အားလုံး ဆက်သွယ်လို့ မရပါဘူး။” ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျန်းမာရေးကောင်းမွန်ပြီး အမြဲ ပန်းပန်လေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအမှု စတင်ကတည်းက အခုထိ ပန်းမပန်တော့တဲ့ အကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောပြခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နေအိမ်အကျယ်ချုပ် သက်တမ်း ၆ နှစ်ပြည့်ခါနီး ရက်ပိုင်းအလိုမှာ အင်းစိန်အကျဉ်းထောင်ကို ပြောင်းရွှေ့ ချုပ်နှောင်ခဲ့တာဖြစ်ပြီး နေအိမ်အကျယ်ချုပ် စည်းကမ်း ဖောက်ဖျက်မှုနဲ့ အခုလို တရားစွဆဲိုခ့တဲာ ဖြစ်ပါတယ်။ သူ့အမှုကို မေလ ၁၈ ရက်နေ့မှာ စတင်ကြားနာခဲ့တာဖြစ်ပြီး မနက်ဖြန်မှာ နှစ်ဖက်ရှေ့နေတွေကနေ အပြီးသတ် လျှောက်လချဲက် ပေးရတော့မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့အပေါ် စွဆဲိုထားတဲ့ အမှုနဲ့ပတ်သက်လို့ သူ့မှာ အပြစ်မရှိတ့အဲ ကြောင်း တရားရုံးတော်ကို ထွက်ဆိုခဲ့ပြီးသားပါ။ တဆက်တည်းမှာပဲ အင်းစိန်ထောင်အနီး သီရိလမ်းနဲ့ လှိုင်မြစ်လမ်းထောင့်မှာရှိတဲ့ မီးရထားဝန်ထမ်း ဆေးရုံက လူနာအားလုံးကို အာဏာပိုင်တွေကနေ ဒီမနက်မှာ ပြောင်းရွှေ့ခိုင်းခဲ့တယ်လို့ အင်းစိန်ထောင်နဲ့ နီးစပ်သူတချို့က ဗွီအိုအေကို ပြောပြပါတယ်။ အတွင်းလူနာအဖြစ် ကုသနိုင်တဲ့ ဆေးရုံအဆောင်ကြီး ၂ ခုမှာ ဆေးကုသနေကြတဲ့ လူနာတွေထဲက တချို့ကို တခြားဆေးရုံတွေဆီ ပြောင်းရွှေ့ခဲ့ပြီး တချို့ကိုတော့ အိမ်ပြန်လွှတ်ခ့တဲာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို ဖြစ်လေ့ဖြစ်ထ မရှိတဲ့အတွက်လည်း အများကတော့ မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု နောက်ဆုံးကြားနာမယ့်ရက်နဲ့ တိုက်ဆိုင်နေတာမို့ လုံခြုံရေးအရ ကြိုတင်ရှင်းထားတာ ဖြစ်နိုင်တယ်ဆိုပြီးတော့လည်း သုံးသပ်ပြောဆိေု နကြပါတယ်။

ဟာ့ဂ်ျဘုရားဖူး သွားသူတွေအတွက်

A H1N1 တုပ်ကွေး အန္တရာယ် သတိပေး

23 July 2009

ကမ္ဘာတ၀န်း

A H1N1

ဝက်တုပ်ကွေးရောဂါ ကူးစက်ပျံ့နှံ့မှုကို စိုးရိမ်တာကြောင့် ဒီနှစ် ဆော်ဒီအာရေးဗီးယားက ဟာ့ဂ်ျ (Hajj) ဘုရားဖူး ခရီးစဉ်မှာ

လူတချို့ကို လာရောက်ခငွ့်မပြုဖို့ အာရပ်နိုင်ငံက ကျန်းမာရေးဝန်ကြီးတွေက သဘောတူလိုက်ပါတယ်။ အသက် ၆၅ နှစ်နဲ့အထက်၊ အသက် ၁၂ နှစ်အောက်နဲ့ နာတာရှည် မကျန်းမာတဲ့ရောဂါ ရှိသူတွေကို ဒီနှစ် ဆော်ဒီအာရေးဗီးယားမှာ ကျင်းပမယ့် ဟာ့ဂ်ျဘုရားဖူး အခမ်းအနားကို လာခွင့်မပြုဘို့ အာရပ် ကျန်းမာရေးဝန်ကြီးတွေက ပိတ်ပင်ခ့တဲာ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီး (WHO) ရဲ့ ပြောခွင့်ရသူ မစ္စတာ အီဘရာဟင်မ် အယ်လ်-ကာဒါနီ (Mr. တွေ့ဆုံပြီး

WHO

Ibrahim al-Kerdani)

က ပြောခဲ့ပါတယ်။ မနေ့က အာရပ်နိုင်ငံက ကျန်းမာရေးဝန်ကြီးတွေနဲ့ အီဂျစ်နိုင်ငံမှာ

အကြီးအကဲက အခုလို ပြောခဲ့တာပါ။

အခုလို အာရပ် ကျန်းမာရေးဝန်ကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုနိုင်ဖို့အတွက် သူတို့ရဲ့ သက်ဆိုင်ရာ အစိုးရတွေက သဘောတူညီရဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

WHO

ရဲ့ မြေထဲပင်လယ် အရှေ့ပိုင်း ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးရဲ့ အဆိုအရ ဆော်ဒီအာရေးဗီးယား အစိုးရအနေနဲ့ ဒီဆုံးဖြတ်ချက်ကို

လက်ခံလိမ့်မယ်လို့ သူမျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့အထိ ကမ္ဘာတ၀န်းမှာ ၀က်တုပ်ကွေး ကူးစက်ခံရသူပေါင်း ၁၂၅,၀၀၀ ရှိပြီး သေဆုံးသူပေါင်း ၇၀၀ ရှိပြီးဖြစ်ပါတယ်။

အာဆီယံနှင့်ဆွေးနွေးဖက်များ မြန်မာ့အရေးညှိနှိုင်း

22 July 2009

ထိုင်းနိုင်ငံ ဖူးခက်မြို့မှာ ပြုလုပ်နေတဲ့ အာဆီယံနိုင်ငံခြားရေး ၀န်ကြီးတွေနဲ့ မိတ်ဖက်နိုင်ငံတွေအကြား ဆွေးနွေးပဲမွှာ အဓိကထား ဆွေးနွေးနေကြတဲ့ အကြောင်းအရာတွေကို ပြောပြချင်ပါတယ်။ အမေရိကန် အပါအ၀င် အာဆီယံ အရှေ့ တောင် အာရှ နိုင်ငံတွေရဲ့ မိတ်ဖက်နိုင်ငံတွေအကြား ဆွေးနွေးမှုတွေကို မနေ့ကစပြီးတော့ ဆက်တိုက်ပြုလုပ်နေတာမှာ အာရှဒေသ ထဲက စီးပွားရေးအင်အားကြီးတွေ ဖြစ်ကြတဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံတွေအနေနဲ့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေ ဆွေးနွေးခဲ့ကြပါတယ်။ အာဆီယံ

plus 3လို့ သိကြတဲ့ အဲဒီ မိတ်ဖက်နိုင်ငံတွေကြား

ဆွေးနွေးပဲမွှာ စားနပ်ရိက္ခာ ဖူလုံရေးက

စလို့၊ စီးပွားရေး၊ အကြမ်းဖက်မှုပြဿနာ၊ မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်တွေအပြင်၊ မြန်မာနိုင်ငံ မှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုမရှိသေးတဲ့အချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါတယ်။ ဂျပန်နဲ့ တရုတ် နှစ်နိုင်ငံကလည်း သီးသန့်တွေ့ဆုံပြီးတော့ မြောက်ကိုရီးယားနိုင်ငံနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကို ဖွင့်ထားဖို့ သဘောတူခြဲ့ က တယ်လို့ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးရဲ့ ပြောခွင့်ရသူ ကာဆူအို ခိုဒမ က

ပြောခဲ့ပါတယ်။

“မြောက်ကိုရီးယား

နျူကလီးယား လက်နက်နိုင်ငံတခုဖြစ်လာတာကို ဂျပန်နဲ့ တရုတ် နှစ်နိုင်ငံစလုံးက သည်းညည်းမခံနိုင် ကြပါဘူး။ မြောက်ကိုရီးယား

ပဲ့ထိန်းတပ် ဒုံးလက်နက်နည်းပညာတွေ တိုးမြှင့် တပ်ဆင်နေတာကိုလည်း လက်မခံနိုင်ပါဘူး။ ဒီကိစ္စ နှစ်ရပ်စလုံးဟာ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်မှုကို အပြင်းအထန် ခြိမ်းခြောက်နေပါတယ်။” မြောက်ကိုရီးယား အစီအစဉ်ဆိုင်ရာ ၆နိုင်ငံပါဝင်တဲ့ နုငိငံစုံ ဆွေးနွေးပြွဲ ဖစ်မြောက်ရေး စီစဉ်ပေးနိုင်ဖို့ကို ထိုင်းနိုင်ငံကလည်း မျှော်လင့်နေပါတယ်။ သူတို့အပေါ်ကို ဝေဖန်ကြမှာကို အကာအကွယ်ပေးဖို့ အစည်းအဝေးပွဲကို အိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ထိုင်းနိုင်ငံဆီမှာ တောင်းဆိုထားတဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ်တွေ ထိုင်းတာဝန်ရှိသူတွေအပြင် ဘယ်သူတွေနဲ့ တွေ့ဆုံခဲ့သလဲဆိုတာ သေသေချာချာ မသိရဘူးလို့ ဖူးခက်မှာ သတင်းယူဖို့ ရောက်နေတဲ့ ဗွီအိုအေ သတင်းထောက် ဒန်နီယမ် ရှဖ် က ပြောပါတယ်။ မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရက်ွမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေအပေါ် စိုးရိမ် ကြောင်းကို သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး စတီဗင် စမစ် က ပြောပါတယ်။ မြန်မာနဲ့ မြောက်ကိုရီးယား ပူးပေါင်း ဆောင်ရက်ွနေတာဟာ ဒေသတွင်းအတွက် ခြိမ်းခြောက်မှုဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ကလည်း အင်္ဂါနေ့က ပြောပါတယ်။ သြစတေးလျပိုင် ရီယိုတင်ဒို သတ္တုတွင်းလုပ်ငန်းရဲ့ သြစတြေးလျ အမှုဆောင် အရာရှိတယောက်ကို သူလျှိုလုပ်တယ်ဆိုပြီး တရုတ်နိုင်ငံက ဖမ်းဆီးထားတဲ့ ကိစ္စကိုဆွေးနွေးဖို့ တရုတ် နိုင်ငံခြားရေး ၀န်ကြီး ယန်ယိချီနဲ့ သီးသန့်တွေ့ဆုံနိုင်ဖို့ တောင်းဆိုထားတယ်ဆိုတာကိုလည်း မစ္စတာ စမစ် က ပြောပါတယ်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်နေ့လောက်မှာ နိုင်ငံခြားရေး ၀န်ကြီး

ယန်းနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရဖို့ ကျွန်တော် မျှော်လင့် ထားပါတယ်။ ဒါ့ထက်ပို

အရေးကြီးတာက ဒီကိစ္စနဲ့ ပတ်သက်ပြီး နှစ်ဘက်အရာရှိကြီးတွေ ဆက်လက်ပြီး၊ အဆက်အသွယ် ရှိနေကြဖို့ ဖြစ်ပါတယ်။ ကျွန်တော် သြစတြေးလျမှာ မကြာခဏပြောခဲ့ဖူးသလိုပါပဲ ဒီကိစ္စဟာ ကျွန်တော်တို့တွေကြား ရေရှည် ပြဿနာ ဖြစ်နေလေမလားဆိုတာ ကျွန်တော် သိပ်ကို သံသယ ၀င်နေပါတယ်။” အာဆီယံနဲ့ မိတ်ဖက်နိုင်ငံများ ဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့အထဲက ဂျပန်နိုင်ငံခြားရေး ၀န်ကြီးနဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းတို့နဲ့လည်း တွေ့ဆုံကြပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ဆန္ဒတွေကို မြန်မာအစိုးရက နားထောင်ဖို့ ဂျပန် နိုင်ငံခြားရေး ၀န်ကြီး ဟိရိုဖူမီ နာကာဆိုနီ က တိုက်တွန်း ခဲ့တယ်လို့ ၀န်ကြီးရဲ့ ပြောခွင့်ရသူ မစ္စတာ အိုဒမ က ပြောပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ ဖိအားတွေ မြန်မာစစ်အစိုးရက ခံနေရပါတယ်။ ဒါပေမဲ့ ဒီဖိအားတွေကို မြန်မာစစ်ခေါင်းဆောင်တွေက မှုပုံမရပါဘူး။ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေ တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထမှဲာ နိုင်ငံခြားက ဖိအားတွေ၊ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ အနှောက်အယှက် ဖြစ်နေရတယ်လို့ မြန်မာဘက်က ပြောခဲ့ပါတယ်။

အ၀ိုင်းမှ သုံးထောင့်သို့ ပြောင်းခ ကညန မှ ၆၁၅၀၀ ကျပ် ကောက်ခံ

7/23/2009

မင်းဆက်ခိုင် (နိရဉ္စရာ) စစ်တွေတငွ် ကုန်လမ်း သယ်ယူပို့ဆောင်ရေး ကညနမှ သုံးဘီး မော်တော် ဆိုင်ကယ်များ၏ ယခင် နံပတ် ကဒ်ပြား အ၀ိုင်းကို ဖျက်သိမ်းပြီး သုံးထောင့် ကဒ်ပြား အသစ်များ ထုတ်ပေးရာတွင် ဆိုင်ကယ် တစီးစီမှ ငွေ ၆၁၅၀၀ ကျပ် ကောက်ခံနေသည်။ အမည်မဖေါ်လိုသူ ပိုင်ရှင် တဦးက “အရင်က အ၀ိုင်း၊ အခုထုတ်ပေးတာက သုံးထောင့်၊ ဒါဘဲ ကွာပါတယ်။ နံပတ်လည်း အတူတူပါဘဲ။ ဒါကို ၆၁၅၀၀ ကျပ်ပေးသွင်း ရမယ်ဆိုပြီး အမိန့်ထုတ်တဲ့အတွက် သုံးဘီး ပိုင်ရှင်တွေက အထူးကို အခက်ကြုံနေကြရပါတယ်” ဟု ပြောသည်။ ယခင် သုံးဘီး ဆိုင်ကယ် တစီးစီမှ အ၀ိုင်း နံပတ် ကဒ်ပြားများ အတွက် ကျပ်ငွေ (၂) သိန်းစီ ကောက်ခံခြဲ့ ပီး ယခု တဖန် အ၀ိုင်းကို သုံးထောင့် လုပ်ကာ ကညနမှ ကျပ်ငွေ နောက်ထပ် ၆၁၅၀၀ ကောက်ခံနေခြင်း ဖြစ်သည်။

“တနှစ်ရင်းလို့မှ ကျပ်ငွေ တသိန်း အမြတ် ရရှိဖို့ နေနေသာသာ၊ ဒီအထဲမှာ တခါ အ၀ိုင်းကနေ သုံးထောင့်ကို ပြောင်းလိုက်၊ ပြောင်းခအတွက် ငွေတွေ အဆမတန်ကောက်၊ ဒါတွေအားလုံးက သူတို့ စားပေါက်ထင်ွတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။ ယခုကဲ့သို့ နံပတ် ကဒ်ပြား သုံးထောင့်များကို ထုတ်ပေးပြီး ငွေ ၆၁၅၀၀ ကျပ်ကို စစ်တွေရှိ ကညန၊ မထသနှင့် ပို့ဆက် အဖွဲ့ သုံးဖွဲ့ မှ ပြုလုပ်ခြင်း ဖြစ်သည်ဟု သိရသည်။ ၎င်းပြင် သုံးဘီး ဆိုင်ကယ်မောင်းသူ တဦးမှလည်း “ယဉ်ထိန်း ရဲတွေက နံပတ်ကဒ်ပြား အသစ်မပါရင် ဖမ်းဆီးမယ် ဆိုပြီး ပြောဆိုထားတဲ့အတွက် အခုအခါ နံပတ်ကဒ်ပြား အသစ် မပါဘဲ မောင်းဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။ ကညန အရာရှိများမှလည်း သူတို့တောင်းခံထားသော ကျပ်ငွေ ၆၁၅၀၀ ကိုမပေးလျှင် အဆိုပါ သုံးဘီး ဆိုင်ကယ်များကို အိမ်တငွ် အသုံးပြုရန်နှင့် လူတင်မူများ မပြုလုပ်ရန် ပြောကြားထားသည်ဟု သိရသည်။ ရခိုင်ပြည်နယ် အနှံ့ စီးပွားရေး အကျပ်အတည်း ဆိုက်ရောက်နေချိန်တငွ် ယခုက့သဲို့ သုံးဘီး ဆိုင်ကယ်များမှ ကဒ်ပြား အသစ်လခှဲ ကျပ်ငွေ ၆၁၅၀၀ ကျပ်ကောက်ခံနေသဖြင့် ပိုင်ရှင်များမှာ အထူး ဒုက္ခရောက်နေကြရသည်ဟု သိရသည်။

ရမ်းဗြဲဥက္ကဌ အကောက်ကြမ်း၍ လူထုများ ဒုက္ခရောက်

7/23/2009

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် မယက ဥက္ကဌကြီး ဦးအောင်ကျော်ဇော ငွေအကောက် ကြမ်းသဖြင့် မြို့နယ်နေ လူထုမှာ အထူး ဒုက္ခ ရောက်နေ ကြရသည်ဟု သတင်းရရှိသည်။ အမည်မဖေါ်လိုသူ ရမ်းဗြဲမြို့ခံ တဦး အပြောအရ ဇွန်လ တလတည်းအတွင်းတွင်ပင် ရမ်းဗြဲမြို့နယ် မယက ဥက္ကဌမှ အနည်းဆုံး လူ (၅)ဦးထံမှ ငွေများကို မတရား တောင်းခံ ကောက်ယူခဲ့သည်ဟု ပြောသည်။

“ဦးအောင်ချစ်သန်းဆိုတဲ့ ကားပိုင်ရှင်ပေါ့နော်။ ရန်ကုန်နဲ့

ရမ်းဗြဲအကြား ပြေးဆွေဲ နတဲ့ လူစီးကား သီးသန့် ပိုင်ရှင်ပါ။ မယက ဥက္ကဌက သူ့မှာ

ငွေလိုအပ်တယ်ဆိုပြီး အတင်း ငွေ (၁)သိန်း အတင်း ကောက်ယူသွားပါတယ်။ မပေးရင် ကားလိုင်စင်တွေကို အကြောင်း အမျိုးမျိုးပြပြီး သိမ်းဆည်းသွားနိုင်တယ်ဆိုတော့လည်း ပေးလိုက်ရတာပေါ့။” ဦးအောင်ချစ်သန်းကဲ့သို့ တခြား ကားပိုင်ရှင်များကိုလည်း ခေါ်ယု ခြိမ်းခြောက်သဖြင့် မယက ဥက္ကဌထံသို့ ငွေများပေးလိုက်ရသည်ဟု သူက ပြောသည်။



ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ် စပါးတုံကျေးရွာမှ

BM

ကားပိုင်ရှင် ဦးထွန်းဝေမှ ကျပ်ငွေ တသိန်းနဲ့ ရမ်းဗြဲ အမှတ် (၁) ရပ်ကက်ွက ထွေလာဂျီပိုင်ရှင်

ဦးညိုဝင်းဆီက တသိန်းစီ ပေးလိုက်ရပါတယ်။ သူတို့ကို ဥက္ကဌက တွေ့ဆုံဖို့ခေါ်တဲ့အခါ နောက်ကျတဲ့အတွက် ဒဏ်ရိုက်တာ ဆိုပြီး ကောက်ယူ သွားတာ ဖြစ်တယ်လို့ သိရပါတယ်။” ၎င်းပြင် ရမ်းဗြဲ အမှတ် (၅) ရပ်ကွက်မှ ရယက ဥက္ကဌ ဦးသန်းကျော် ထွေလာဂျီနှင့် ကိုသန်းမင်းနိုင် ဆိုက်ကားတို့ မယက ဥက္ကဌ ဆိုင်ကယ်နငှ့် သွားနေစဉ် ရှေ့မှ ဖြတ်သန်း သွားသဖြင့် ဒဏ်ငွေ ၅၀၀၀ စီရိုက်ခဲ့သည်ဟု သိရသည်။ ရမ်းဗြဲမြို့မှ ပေးပို့သော သတင်းအရ အဆိုပါ ငွေများကို မယက ဥက္ကဌ ရံပုံငွေ အတွက် မယက ဥက္ကဌ ကိုယ်ပိုင်ဖငွ့်သော ဘဏ်ငွေစာရင်းတွင် သွင်းပေးခဲ့ရသည်ဟု သိရသည်။ ယခုကဲ့သို့ ငွေတောင်းခံ ကောက်ယူမူ ကြမ်းတမ်းနေသဖြင့် မယက ဥက္ကဌ တောင်းသော ငွေကို မပေးနိုင်သဖြင့် ကျောက်နီမော် ရယက ဥက္ကဌ ဦးစံကျော်မှာလည်း များမကြာခင်က ဥက္ကဌ ရာထူးမှ နုတ်ထွက် သွားခဲ့သည်ဟုလည်း အဆိုပါ ရမ်းဗြဲ မြို့ခံက ပြောသည်။ ယခုကဲ့သို့ ဆိုးသွမ်းနေသော မယက ဥက္ကဌကို နေပြည်တော်ထိ ရမ်းဗြဲမြို့နယ်သူ မြို့နယ်သားများမှ တိုင်ကြားသော်လည်း တစုံတရာ စစ်ဆေး အရေးယူခြင်း မရှိသဖြင့် ဒေသခံများ အနေဖြင့် မယက ဥက္ကဌ အကြောင်း အမျိုးမျိုးပြ တောင်းခံသည့် ငွေကိုသာ ပေးနေကြသည်ဟု ဒေသခံများက ပြောသည်။

ဆက်ဆံရေး တိုးတက်ခိုင်မာလာစေရန် ရေပြင်ပိုင်နက် အငြင်းပွားမူနှင့် ဒုက္ခသည် ပြဿနာကို မြန်မာက ဖြေရှင်းပေးရန်လို

7/23/2009

ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာနိုင်ငံ အကြား ဆက်ဆံရေး တိုးတက် ကောင်းမွန်လာစေရန် ရေပြင်ပိုင်နက် အငြင်းပွားမူနှင့် ရိုဟင်ဂျာ ဒုက္ခသည် ပြဿနာကို မြန်မာဘက်က ဖြေရှင်း ပေးရန် လိုကြောင်း ဘင်္ဂလာဒေခ်ျ့ ထိပ်တန်း အစိုးရ အရာရှိ တဦးက ပြောသည်။

ဘင်္ဂလာဒေခ်ျ့ စားနပ်ရိက္ခာနှင် သဘာဝ ဘေးအန္တရာယ် ၀န်ကြီး ဒေါက်တာ

MD Abdur Razzak

က မြန်မာ သံအမတ် ဦးဖေသန်းဦးနှင့် တွေ့ဆုံစဉ်

ယမန်နေ့က ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ မြန်မာ သံအမတ် ဦးဖေသန်းဦးသည် ယမန်နေ့က အဆိုပါ ၀န်ကြီးကို သူ၏ ရုံးခန်းတွင် သွားရောက် တွေ့ဆုံခ့သဲ ည်။ ၀န်ကြီး ဒေါက်တာ ရာဇက်က မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ဒုက္ခသည်များမှာ ဒေသခံများနှင့် ရောနှောသွားခဲ့သော်လည်း သူတို့ကို လူသားချင်း စာနာမူအရ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတငွ် ခိုလုံခငွ့်ပေးခဲ့သည်။ တချို့ ရိုဟင်ဂျာများသည် ဘင်္ဂလာဒေခ်ျ့ နိုင်ငံကူး လက်မှတ်များကို အသုံးပြုပြီး နိုင်ငံပေါင်း မြောက်မြားစွာသို့ ထွက်ခွာ သွားပြီး ရောက်ရှိသည့် နိုင်ငံများတွင် ရာဇ၀တ်မူများကို ကျူးလွန်နေသဖြင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်နေသည်ဟု ပြောဆိုသည်။ သို့အတွက် ၀န်ကြီးမှ မြန်မာ သံအမတ်အား အဆိုပါ ဒုက္ခသည် ပြဿနာကို အိမ်နီးချင်း (၂) နိုင်ငံ အနေဖြင့် အေးဆေးစွာ ဖြေရှင်းရန် ပြောကြားခဲ့သည်။

မြန်မာ သံအမတ် ဦးဖေသန်းဦးကလည်း ၀န်ကြီး ပြောကြားစကား အပေါ် လက်ခံခြဲ့ ပီး ဒုက္ခသည် ပြဿနာကို ဖြေရှင်းရန် အတွက် များမကြာမှီ ကော့ဘဇား ခရိုင်အတွင်းရှိ ဒုက္ခသည် စခန်းများသို့ ကိုယ်စားလှယ် တဖွဲ့ စေလွတ်သွားမည်ဟု ပြောကြားခဲ့သည်ဟု သတင်းများက ဖေါ်ပြသည်။

ဒီကေဘီအေတပ်သား ကေအန်ယူမှ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရ

Thu 23 Jul 2009, IMNA ယမန်နေ့ နံနက်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယ)ူ လက်အောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန် အယ်လ်အေ) က ဒီကေဘီအေ တပ်သား (၂) ကို ဖမ်းဆီးလိုက်ပြီး တပ် သား (၁) ဦးကို သတ်ဖြတ်ခ့သဲ ည်ဟု ဘုရားသုံးဆူမှလာသည့် သတင်း အရ သိရသည်။ ကရင်ပြည်နယ် ကြားအင်ဆိပ်ကြီးမြို့နယ် ချောင်းဝကျေးရွာမှ လှေဖြင့် တက်လာသော ကလိုထူးဖော ဗဟိုလုံခြုံရေးတပ်ရင်း တပ်ခွဲ (၁) မှ ဒီ ကေဘီအေ တပ်သား(၂) ဦးကို ကျွန်းချောင်းလှေဂိတ်တငွ် အခြေစိုက် သော ကေအန်အယ်လ်အေ တပ်မဟာ (၆) တပ်ရင်း (၁၆) ရှေ့တန်း လှုပ်ရှားမှုအဖွဲ့ ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။

“ကလိုထူးဖော ဗဟိုလုံခြုံရေးက တပ်သား (၂) ဦးကို

တပ်ခွဲမှုး စောအေ ဝမ်းက ဘုရားသုံးဆူကို တက်ဖို့ခေါ်လာတာ။ လမ်းမှာ ကေအန်ယူတပ်က ဖမ်းပြီးတော့

သတ်လိုက်တယ်။ တချို့လူတွေ ပြောတာကတော့ ကေအန် ယူက ကရင်ငြိမ်းချမ်းရေးအဖွဲ့

KPF

DKBA

နှင့်

KNU

နဲ့ မြန်မာစစ်အစိုးရတပ်ကို မကျေနပ်လို့ အခုလိုသတ်လိုက် တာ” ဟု

၏ ပြောပြချက်အရ သိရသည်။

လွန်ခဲ့သော ဇူလိုင်လ (၈) ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး

DKBA

DKBA

DKBA

နှင့် မြန်မာအစိုးရတပ်တို့ ပူးပေါင်းပြီး ဘုရားသုံးဆူနှင့် မဲကသာကြားရှိ တဲသုံးလုံးခေါ်

KNU

တပ်မ ဟာ (၆) ကို

ဘက်က တပ်သား (၂) ဦး ကျဆုံးခဲ့သည်။

အကြားပဋ္ဋိပက္ခတွေဖြစ်ပွားပြီးနောက် ဘုရားသုံးဆူမြို့ ပေါ်မှာလည်း မြန်မာစစ်အစိုးရက လုံခြုံရေးတွေပိုမို ချထားသည်ဟု ဘု

ရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

“KNU

က

DKBA

DKBA

တပ်သား (၁) ယောက်ကို ဘယ်မှာရှိလဲ ဆိုတာကိုတော့ သေသေချာချာ မသိဘူး” ဟု

တပ်သား (၂) ယောက်ကို ဖမ်းပြီး တပ်သား (၁) ယောက်ကို သတ်လိုက်တယ်ဆိုတာကို ကျွန်တော်တို့ကြားတယ်။ ဒါပေမယ့် ကျန်တဲ့

နယ်စပ်ဒေသမှာ ဝက်တုပ်ကွေး

KNU

နှင့် နီးစပ်သည့် ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

A(H1N1) ရောဂါစစ်ဆေးမှုများ ပိုမိုတင်းကျပ်လာ

Thu 23 Jul 2009, IMNA ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ကမ္ဘာ့လူတုပ်ကွေး

A(H1N1) ရောဂါ

မကူးစက်ပြန့်ပွားသွားအောင် ထိုင်းနိုင်ငံမှ ဘုရားသုံးဆူမြို့ ဝင်ပေါက်များကို

စစ်ဆေးမှုများ ပိုမိုတင်းကျပ်ထားကြောင်း သိရသည်။ ၄င်းနယ်စပ်ဝင်ပေါက်သည် လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်က ထိုင်းအစိုးရနှင့် မြန်မာအစိုးရတို့က တရားဝင်ပိတ်ထားသည်ဟု ဆိုသော်လည်း ယခုချိန်ထိ နားလည်မှုဖြင့် နယ်စပ်ပြည်သူတို့က ဝင်ပေါက်သုံးပေါက်ဖြင့် သွားလာနေကြသည်။

“ဇူလိုင် ၂၀ ရက်နေ့မတိုင်ခင်က အဓိက ထိုင်းဘက်ကမ်းမှာ

အလုပ်လုပ်နေတဲ့သူတွေ ကျောင်းတက်နေတဲ့ကျောင်းသားတွေ ဝင်ထက်ွသွားလာနေတဲ့

ဝင်ပေါက်မှပဲ ကျန်းမာရေးဌာနကနေ စစ်ဆေးတာရှိတယ်၊ ဝက်တုပ်ကွေးရောဂါနဲ့ပတ်သက်ပြီးတော့ ပညာပေးအစည်းဝေးခေါ်ထားပြီး ယခုဆိုရင် စစ်ဆေးမှုတွေ ပိုတင်းနေတယ်” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။ ဇူလိုင်လ ၂၀ ရက်နေ့က မြို့နယ်မယကဥက္ကဌနှင့် ဘုရားသုံးဆူရှိ မြန်မာအစိုးရ အဖွ့ေဲ ပါင်းစုံ ၂၅ ဖွ့တဲို့မှ ဝက်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေးအစည်းဝေးပြုလုပ်ပြီးနောက် ထိုင်းဘက်ကမ်းနှင့် မြန်မာဘက်ကမ်းသို့ဝင်ထက်ွသွားလာနေသည်များကို ရောဂါစစ်ဆေးမှုများ ပြုလုပ်နေသည်။ မြန်မာဘက်ကမ်းနှင့် ထိုင်းဘက်ကမ်းသို့သွားလာနေသည့် ဝင်ပေါက်များမှာ ဂျပန်ရေတွင်းမှ ဝင်ရောက်နိုင်သည့်လမ်းတစ်လမ်း၊ ထိုင်းဘက်မှာ အလုပ်လုပ်နေသူများ ကျောင်းသားများ၊ ထိုင်းလူမျိုးများဝင်ရောက်နိုင်သည့် အထက်တန်းကျောင်းလမ်းနှင့် ကေဘီအက်ဖ်ဂိတ်လမ်းတို့ဖြစ်ကြသည်။

“ထိုင်းဘက်ကမ်းကနေ ဝင်လာတဲ့လူမှန်သမျကို

ကျန်းမာရေးဌာကနေ ရောဂါစစ်ဆေးနေတယ်၊ ထိုင်းလူမျိုးဆိုရင် လုံးဝ ဗမာဘက်ကမ်းကို မပေးဆင်းဘူး၊

မသကာင်္တဲ့လူကို မပေးဝင်ဘူး” ဟု ၄င်းမြို့ခံက ပြောသည်။ ဝက်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားမည်ကို ကြောက်ရွံ့နေသည့် ဘုရားသုံးဆူမြို့ခံများနှင့် ကျောင်းသူ၊ ကျောင်းသားများတို့က နှခေါင်းပိတ် (Mask) ကို အသုံးလာကြည်သည်။ နှခေါင်းပိတ် (Mask) အသုံးပြုသူများက ၄င်း (Mask) ကို ကျန်းမာရေးဌာနမှ ဖြန့်ဝေပေးခြင်းမရှိပ၊ဲ ဈေးဆိုင်မှ တစ်ခုလျင် (၁၀) ဘတ်ဖြင့် ဒေသခံတို့က ဝယ်ယူအသုံးပြုနေကြကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

ဘုရားသုံးဆူမြို့သည် ထိုင်း-မြန်မာနယ်စပ်မြို့ကလေးတစ်မြို့ဖြစ်ပြီး၊ ကုန်သည် စီးပွားရေးသမားများနှင့် မြန်မာရွေ့ပြောင်းအလုပ်သမားများ နေထိုင်သည့် မြို့ကလေးတစ်မြို့လည်းဖြစ်သည်။ ထိုင်းနိုင်ငံမှ ၂၀ ကီလိုမီတာခန့်အဝေးတွင်ရှိပြီး၊ ဘုရားသုံးဆူမြို့ကို ထိုင်းဘက်ကမ်းနှင့် မြန်မာဘက်ကမ်းဟူ၍ သတ်မှတ်ထားသည်။

နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး မွန်ပြည်သစ်ပါတီ လက်မခံ

2009-07-23 တိုင်းရင်းသားလက်နက်ကိုင် အပစ်ရပ်အဖွဲ့ တွေရဲ့ တပ်တွေကို နယ်ခြားစောင့်တပ် အသွင် ပြောင်းဖို့ မြန်မာစစ်အစိုးရက ဖိအားပေး တိုက်တွန်းနေရာမှာ တချို့အဖွဲ့ တွေက လက်ခံသလို တချို့အဖွဲ့ တွေက လက်မခံတာ တွေ့ရပါတယ်။ အဲဒီလိုလက်မခံတဲ့ အပစ်ရပ်အဖွဲ့ တွေထဲမှာ မွန်ပြည်သစ်ပါတီလည်း ပါဝင်ပါတယ် ၊ စစ်အစိုးရရဲ့ အစီအစဉ်ကို လက်မခံတဲ့ မွန်ပြည်သစ်ပါတီကို ကိုယ်ပိုင် ပြည်သူ့စစ်တပ်ဖွဲ့ ဖွဲ့ စည်းဖို့ စစ်အစိုးရက အကြံပြုထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး စစ်အစိုးရကို အကြောင်းပြန်ဖို့အတွက် ဇူလိုင်လကုန်ပိုင်းမှာ မွန်ပြည်သစ်ပါတီရဲ့ အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးကို ခေါ်ယူထားကြောင်း သိရပါတယ်။ လူကုန်ကူးမှုနှင့် ညူကလီးယား အန္ဈရာယ် အမေရိကန် ဝန်ကြီးဆွေးနွေး

2009-07-23 အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ကလင်တန်ဟာ ထိုင်းနိုင်ငံကို ရောက်ရှိနေချိန်မှာပဲ မနေ့က ဗန်ကောက်မှာရှိတဲ့ နန်းတော်ခန်းမတခုမှာ ထိုင်းနိုင်ငံ

Nation

The

သတင်းဌာနနဲ့ မေးမြန်းခန်း ပြုလုပ်ခဲ့ပြီး ဒီပွဲကို တက်ရောက်ဖို့ ထိုင်းတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတွေ အပါအဝင် မြန်မာ့အရေး

လှုပ်ရှားသူတွေကို ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။

ဒီပွဲကို တက်ရောက်ခဲ့တဲ့ မဲဆောက်မြို့အခြေစိုက် မယ်တော်ဆေးခန်းက ဒေါက်တာ စင်သီယာမောင်က အခုလို ပြောပြပါတယ်။ ဒေါက်တာ စင်သီယာမောင်။ ။ 'သူက လူအယောက် ၂ဝဝလောက် ဖိတ်ကြားထားတယ်လေ။ ကျောင်းသူကျောင်းသားတွေ၊ နိုင်ငံရေးတက္ကသိုလ် တက်နေတဲ့

university student တွေရော၊ အများအားဖြင့်တော့

ထိုင်းနိုင်ငံသားတွေ များတယ်။'

အဓိကအားဖြင့် အရှေ့တောင်အာရှ နိုင်ငံတွေမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာမှာ တိုးတက်မှုတွေ တွေ့ရှိနေရကြောင်း၊ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ အခြေအနေတွေ ပိုမို ဆိုးဝါးလာနေပြီး ဒီကိစ္စအပေါ်မှာ ဒေသတွင်းနိုင်ငံတွေက အဖွဲ့ အစည်းတွေက ပူးပေါင်း ကူညီ လုပ်ဆောင်ကြဖို့ မစ္စ ကလင်တန်က တိုက်တွန်း ပြောဆိုသွားတယ်လို့ သိရပါတယ်။ တချိန်တည်းမှာပဲ နယ်စပ်ဖြတ်ကျော် ဖြစ်ပွားနေတဲ့ လူကုန်ကူးမှုပြဿနာ နဲ့ မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံတို့ရဲ့ ညူကလီးယား လက်နက်ကိစ္စတွေဟာ ဒေသတွင်း လုံခြုံရေးကို ထိပါးလာနိုင်တဲ့ အခြေအနေတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးသွားတယ်လို့ ဒေါက်တာ စင်သယီာမောင်က ပြောပြပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ဆွေးနွေးပြောဆိုမှုအပေါ် ကျေနပ်အားရမိတ့အဲ ကြောင်း ဒေါက်တာ စင်သီယာမောင်က အခုလို ပြောဆိုပါတယ်။ ဒေါက်တာ စင်သီယာမောင်။ ။ 'အဓိကတော့ သူက ဒီ ထိုင်းပြည်သူလူထု အပါအဝင်ပေါ့နော်၊ ဒီ အရှေ့တောင်အာရှ နိုင်ငံတွေ အားလုံးအပေါ်မှာ အမေရိကန်နိုင်ငံအနေနဲ့ ဒီမိုကရေစီ လူ့အခွင့်အရေး တိုးတက်မှုကို ပိုပြီးတော့ ဆောင်ရက်ွဖို့ ပြောကြားသွားတဲ့အတွက်ကြောင့် အားရပါတယ်။' ဒါကတော့ မနေ့က ပြုလုပ်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ဆွေးနွေးပွနဲ့ဲ ပတ်သက်ပြီး ဒေါက်တာ စင်သီယာ ပြောသွားတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်ပြဿနာ ဖြေရှင်းရေး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာဆွေးနွေး

2009-07-23 ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကို လူသားချင်းစာနာ ထောက်ထားမှု အခြေခံအပေါ်မှာ ခိုလုံခငွ့်ပေးထားတာ ဖြစ်ပေမယ့် ဒီဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး တခြားပြဿနာတွေလည်း ကြုံတွေ့နေရတယ်လို့ ဘင်္ဂလားဒေ့ရှ် စားနပ်ရိက္ခာနဲ့ ကယ်ဆယ်ရေး ဝန်ကြီး

Abdur Razzak

က

ဇူလိုင် ၂၂ရက် မနေ့က ပြောလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဖေသန်းဦးနဲ့ တွေ့ဆုံဆွေးနွေးအပြီးမှာ ကယ်ဆယ်ရေးဝန်ကြီးက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ ဒေသခံတွေနဲ့ ရောနှော နေထိုင်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ မှတ်ပုံတင်အတုတွေ ကိုင်ဆောင်ပြီး ရာဇဝတ်မှုတွေ ကျူးလွန်နေတာတွေ ရှိနေကြောင်း၊ တချို့ဆိုရင် ဘင်္ဂလားဒေ့ရှ် နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်ပြီး တခြားတိုင်းပြည်တွေမှာ ရာဇဝတ်မှု ကျူးလွန်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်အနေနဲ့

နာမည်ပျက်ရကြောင်းလည်း သူက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေ ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတာကို တိတိကျကျ မှတ်တမ်းမရှိကြောင်း စစ်တကောင်းအခြေစိုက် ကုလားတန် သတင်းဌာန အယ်ဒီတာ ဦးတင်စိုးက အခုလို ပြောပါတယ်။ ဦးတင်စိုး။ ။ 'ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရာဇဝတ်မှု ကျူးလွန်တယ်ဆိုပြီးတော့ ဒီ တရားရုံးများ ရှိသလားလို့ က္ဆွန်တော်တို့ မေးတဲ့အခါကျတော့ ဘယ်သူမှ မဖြေကြဘူး၊ တရားရေး ဝန်ကြီးဌာနကလည်း တိတိကျကျ မပြောနိုင်တဲ့ ပုံစံမျိုး ရှိတယ်။ ဒါပေမဲ့ ပတ်စပို့ အတုနဲ့ သွားတယ်ဆိုတာ က္ဆွန်တော်တို့ လက်ခံတယ်၊ အားလုံးကလည်း လက်ခံတယ်။ ဘာဖြစ်လို့လဆဲိုတော့ မြန်မာပြည်က လာတဲ့ လူတွေက ဒုက္ခသည်အနေနဲ့ လာကြတယ်၊ ခိုးဝင်လာကြတယ်၊ ဒီရောက်တော့ ပိုက်ဆံပေးပြီးတော့ ပတ်စပို့ယူပြီးတော့ သူတို့ နိုင်ငံခြားကို သွားတာတော့ အရင်ကတော့ ဟုတ်တယ်၊ အခုကျတော့ ဒီ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပတ်စပို့ကိုလည်း တင်းတင်းကျပ်ကျပ် လုပ်လာတဲ့အခါကျတော့ သူတို့က မလှုပ်နိုင်ဘူး၊ မလှုပ်နိုင်တ့အဲ ခါကျ ဒီရိုဟင်ဂျာတွေက လေယာဉ်နဲ့ သွားလို့ မရတဲ့အချိန်ကျတော့ ဒီလှေနဲ့ပဲ သူတို့ ထွက်ပေါက်ရှာကြတဲ့ ပုံစံမျိုးနဲ့ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားတွေ ရောက်ကြတယ်၊ အိန္ဒိယတွေ ရောက်ကြတဲ့ ပုံစံမျိုးရောက်သွားတာပဲ။' ဘင်္ဂလားဒေ့ရှ်ဝန်ကြီးရဲ့ ဆွေးနွေးပြောဆိုချက်တွေကို မြန်မာသံအမတ် ဦးဖေသန်းက သဘောတူ ထောက်ခံပြီး ကော့ဘဇားမြို့နယ်မှာ ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းကို မြန်မာကိုယ်စားလှယ် အဖွဲ့ တဖွဲ့ စေလွှတ်ဖို့ ကတိပေး ပြောဆိုခ့တဲ ယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲကို ကော့ဘဇား

UNHCR

ဒုက္ခသည်စခန်းက တာဝန်ခံကိုယ်စားလှယ်လည်း တက်ရောက်ခ့တဲ ယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာဒုက္ခသည် ပြဿနာကို

ဖြေရှင်းဖို့အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ အခုထက် ပိုမို နီးနီးကပ်ကပ် ဆက်ဆံပြီး နှစ်ဖက်ဆွေးနွေးပွေဲ တွ လုပ်သွားဖို့ လိုအပ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ အရင့်အရင်ကလည်း အခုလိုပဲ ဆွေးနွေးကြပေမယ့် ဘာမှထူးခြားမှု မရှိတ့အဲ ကြောင်းကို ဦးတင်စိုးက အခုလိုပြောပါတယ်။ ဦးတင်စိုး။ ။ 'ဗမာပြည်က ဝန်ကြီး တယောက်ယောက် လာပြီဆိုရင် ဒီကိစ္စ ထိပ်ဆုံးမှာ ပါလာတာပဲ။ ပါပြီးတော့ ဆွေးနွေးကြတာပဲ၊ ဆွေးနွေးကြရင် လုပ်မယ်၊ ဘာညာ လုပ်မယ်ဆိုပြီး ပြောကြတာပဲ။ နောက်ဆုံးကျတော့ ဘာမှ တခုမှ ဖြစ်မလာဘူး။' စစ်တကောင်း အခြေစိုက် ကုလားတန် သတင်းဌာန အယ်ဒီတာ ဦးတင်စိုး ပြောသွားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာအက်ဥပဒေ သက်တမ်းတိုးရေး အမေရိကန် လွှတ်တော်မှာ အဆိုတင်သငွ်း

2009-07-23 ၂ဝဝ၃ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေကို နောက်ထပ် သုံးနှစ် သက်တမ်း တိုးမြှင့်ဖို့အတွက် အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်မှာ ဇူလိုင် ၂၂ရက် မနေ့က တင်သငွ်းခဲ့တယ်လို့ သိရပါတယ်။

ဒီဥပဒေကို ကွယ်လွန်သူ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဟောင်း Tom

Lantos

က ဦးဆောင် တင်သငွ်းခဲ့ပြီး ၂ဝဝ၃

ခုနှစ်မှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အခုတခါ ဒီ ဥပဒေ သက်တမ်းတိုးဖို့အတွက် အောက်လွှတ်တော် ဒီမိုကရက်အမတ် Joseph

Crowley

ဦးဆောင်ပြီး

တင်သငွ်းခဲ့တာ ဖြစ်ပါတယ်။

ဒီလို တင်သငွ်းခဲ့တာနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်

Mr. Crowley

က သတင်း ထုတ်ပြန် ရာမှာ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်တွေအတွက်

တန်ပြန်အကျိုးဆက်တွေ ရှိတယ် ဆိုတာ ပြသဖို့ အခုလို တင်သငွ်းခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ မြန်မာစစ်အစိုးရဟာ မြန်မာပြည်သူတွေကို ရက်ရက်စက်စက် ဖိနှိပ်ချုပ်ချယ်နေရာမှာ ကျေးရွာပေါင်း သုံးထောင်ကျော်ကို ဖျက်ဆီးခဲ့ပြီး လူပေါင်း တသန်းကျော် ဒုက္ခသည်အဖြစ် နိုင်ငံက ထွက်ပြေးခဲ့ကြရကြောင်း၊ သန်းနဲ့ချီတဲ့ ပြည်သူတွေကို ခေတ်သစ် က္ဆွန်စနစ်တခုလို အဓမ္မ လုပ်အားပေးခိုင်းစေနေကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဥပဒေကို ဘာကြောင့် သက်တမ်းတိုးဖို့ လိုအပ်တယ်လို့ ထင်ပါသလဲလို့ မေးကြည့်တ့အဲ ခါ မှာ

Mr. Crowley

ရဲ့ ပြောခွင့်ရ အမျိုးသမီးက မြန်မာပြည်သူတွေရဲ့

ဒီမိုကရေစီရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လတ်တလောအခြေအနေ အပေါ် အမေရိကန် လွှတ်တော်အပါအဝင် အမေရိကန်ပြည်ထောင်စုက အထူး အာရုံစိုက်နေတယ် ဆိုတာကို ပြသဖို့သာမက မြန်မာနိုင်ငံတငွ်း အခြေအနေတွေ ပိုမိုဆိုးဝါး မလာအောင် နိုင်ငံတကာ အဝန်းအဝိုင်းအနေနဲ့ ဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်နေတာကို မီးမောင်းထိုး ပြဖို့အတွက် အခုလို သက်တမ်းတိုးဖို့ တင်သငွ်းခဲ့တာ ဖြစ်ပါတယ်လို့ ပြောသွားပါတယ်။ ဒီဥပဒေမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူရေး၊ မြန်မာ့ ဒီမိုကရေစီအင်အားစုတွေကို ထောက်ခံကူညီရေးနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ကို တရားဝင် ပြည်သူ့ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုဖို့ အပါအဝင် တခြား လုပ်ပိုင်ခငွ့်တွေ ပြဋ္ဌာန်း ထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာအက်ဥပဒေ သက်တမ်းတိုးရေး အမေရိကန် လွှတ်တော်မှာ အဆိုတင်သငွ်း

2009-07-23 ၂ဝဝ၃ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေကို နောက်ထပ် သုံးနှစ် သက်တမ်း တိုးမြှင့်ဖို့အတွက် အမေရိကန်ပြည်ထောင်စု

အောက်လွှတ်တော်မှာ ဇူလိုင် ၂၂ရက် မနေ့က တင်သငွ်းခဲ့တယ်လို့ သိရပါတယ်။

ဒီဥပဒေကို ကွယ်လွန်သူ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဟောင်း

Tom Lantos

က ဦးဆောင် တင်သငွ်းခဲ့ပြီး ၂ဝဝ၃

ခုနှစ်မှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အခုတခါ ဒီ ဥပဒေ သက်တမ်းတိုးဖို့အတွက် အောက်လွှတ်တော် ဒီမိုကရက်အမတ်

Joseph Crowley

ဦးဆောင်ပြီး

တင်သငွ်းခဲ့တာ ဖြစ်ပါတယ်။

ဒီလို တင်သငွ်းခဲ့တာနဲ့ ပတ်သက်ပြီး လွှတေ် တ်ာအမတ်

Mr. Crowley

က သတင်း ထုတ်ပြန် ရာမှာ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်တွေအတွက်

တန်ပြန်အကျိုးဆက်တွေ ရှိတယ် ဆိုတာ ပြသဖို့ အခုလို တင်သငွ်းခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ မြန်မာစစ်အစိုးရဟာ မြန်မာပြည်သူတွေကို ရက်ရက်စက်စက် ဖိနှိပ်ချုပ်ချယ်နေရာမှာ ကျေးရွာပေါင်း သုံးထောင်ကျော်ကို ဖျက်ဆီးခဲ့ပြီး လူပေါင်း တသန်းကျော် ဒုက္ခသည်အဖြစ် နိုင်ငံက ထွက်ပြေးခဲ့ကြရကြောင်း၊ သန်းနဲ့ချီတဲ့ ပြည်သူတွေကို ခေတ်သစ် က္ဆွန်စနစ်တခုလို အဓမ္မ လုပ်အားပေးခိုင်းစေနေကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဥပဒေကို ဘာကြောင့် သက်တမ်းတိုးဖို့ လိုအပ်တယ်လို့ ထင်ပါသလဲလို့ မေးကြည့်တ့အဲ ခါ မှာ

Mr. Crowley

ရဲ့ ပြောခွင့်ရ အမျိုးသမီးက မြန်မာပြည်သူတွေရဲ့

ဒီမိုကရေစီရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လတ်တလောအခြေအနေ အပေါ် အမေရိကန် လွှတ်တော်အပါအဝင် အမေရိကန်ပြည်ထောင်စုက အထူး အာရုံစိုက်နေတယ် ဆိုတာကို ပြသဖို့သာမက မြန်မာနိုင်ငံတငွ်း အခြေအနေတွေ ပိုမိုဆိုးဝါး မလာအောင် နိုင်ငံတကာ အဝန်းအဝိုင်းအနေနဲ့ ဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်နေတာကို မီးမောင်းထိုး ပြဖို့အတွက် အခုလို သက်တမ်းတိုးဖို့ တင်သငွ်းခဲ့တာ ဖြစ်ပါတယ်လို့ ပြောသွားပါတယ်။ ဒီဥပဒေမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူရေး၊ မြန်မာ့ ဒီမိုကရေစီအင်အားစုတွေကို ထောက်ခံကူညီရေးနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ကို တရားဝင် ပြည်သူ့ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုဖို့ အပါအဝင် တခြား လုပ်ပိုင်ခငွ့်တွေ ပြဋ္ဌာန်း ထားတယ်လို့ သိရပါတယ်။

ကျန်းမာရေးချို့တဲ့သည့် နိုင်ငေံ ရးအကျဉ်းသားကို ထောင်ပြောင်းပေးဖို့ အသနားခံစာတင်

2009-07-22 လွတ်ရက်စေ့တာ တနှစ်ကျော်နေပြီဖြစ်ပေမဲ့ ခုချိန်အထိ ပြန်မလွှတ်ပေးသေးပဲ ခန္ဈီးအကျဉ်းထောင်မှာ အကျဉ်းချခံထားရတဲ့ မန္ဈလေးတိုင်း မတ္တရာမြို့နယ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်အဖွဲ့ဝင် ဦးငြိမ်းမောင်ဟာ ကျန်းမာရေး ဆိုးရွားလာနေလို့ မိသားစုနဲ့ နီးတဲ့ထောင်ကို ပြောင်းရွှေ့ပေးဖို့ အာဏာပိုင်တွေထံကို အသနားခံစာ တင်ထားတယ်လို့ သိရပါတယ်။ အသက် ၇ဝ နီးပါး ရှိနေပြီဖြစ်တဲ့ ဦးငြိမ်းမောင်ဟာ ဆီးချို၊ သွေးချို၊ သွေးတိုးရောဂါတွေအပြင် အဆစ်အမြစ်ကိုက်ခတဲ့ဲ ရောဂါဝေဒနာ ခံစားနေရပြီး ခန္ဈီးအကျဉ်းထောင်မှာ ရာသီဥတုဒဏ်ကြောင့် ကျန်းမာရေး အခြေအနေ ပိုပိုဆိုးလာနေတဲ့အတွက် ခုလိုလျှောက်ထားခဲ့တာ ဖြစ်တ့အဲ ကြောင်း မိသားစုရှေ့နေ ဦးမြင့်သင်ွက

RFAကို အခုလို

ပြောပါတယ်။

ဦးမြင့်သငွ်။ ။ 'ဦးငြိမ်းမောင်မှာ အသက်အန္ဈရာယ် နီးသော ပြင်းထန်သည့်ဝေဒနာ ခံစားနေရပါသဖြင့် မိသားစုနှင့် နီးကပ်ရာတွင် ဆေးဝါးကုသမှု ခံယူပါရန်အတွက် အသနားခံပါသည် ဆိုပြီးတော့ သူတို့လျှောက်ထားတာ ဖြစ်ပါတယ်၊ ကျနော်တို့ နေပြည်တော်ကို ရီဂျစ်စတာနဲ့ စာတိုက်ကနေ ပို့တာပါ၊ ခန္ဈီးထောင်ပိုင်ဆီကိုလည်း မိတ္တူ ပို့ထားပေးပါတယ်။' ဦးငြိမ်းမောင်ကို ၂ဝဝ၆ ခုနှစ်မှာ ဝတ္တရားနှောက်ယှက်မှု ပုဒ်မနဲ့ ထောင်ဒဏ် ၁ နှစ် အပြစ်ပေးခဲ့တာဖြစ်လို့ လွတ်ရက်စေ့ပြီး ဖြစ်ပေမဲ့ ခုချိန်အထိ ပြန်မလွှတ်သေးပဲ ထားတာလို့ သိရပါတယ်။ ကျန်းမာရေး စောင့်ရှောက်ပေးဖို့ မိသားစုဝင်တွေနဲ့ ဝေးကွာနေသလို ဦးငြိမ်းမောင်ရဲ့ ခန္ဓာကိုယ်ကိုလည်း မန္ဈလေးဆေးရုံမှာ လှူဒါန်းထားတာ ဖြစ်လို့ ဆေးရုံနဲ့ နီးတဲ့နေရာကို ရွှေ့ပေးဖို့ တင်ပြထားတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဦးမြင့်သငွ်။ ။ 'ခန္ဈီးထောင်မှာဆိုတော့ သိပ်ဝေးပြီးတော့ မိသားစုကလည်း သွားဖို့လာဖို့ ခက်တာရယ်၊ ကျန်းမာရေး ဆေးဝါးကလည်း ပို့ဖို့ ခက်နေတာ၊ နောက်တခုက ဒီဦးငြိမ်းမောင်က ဒီ မန္ဈလေးဆေးရုံ ခန္ဓာဗေဒ ဌာနမှာ ခန္ဒာကိုယ်ကို လှူထားတယ်လို့လည်း သိရပါတယ်၊ အရေးအကြောင်းဆို တခုခုဖြစ်ခဲ့ရင်လည်း ဆေးရုံနဲ့ နီးအောင်လို့ မိသားစုကနေ ပြောပြီးတော့ အသနားခံထားတယ်လို့ သိရပါတယ်။' အသနားခံစာကို ဇူလိုင်လ ၁ဝ ရက်နေ့မှာ ဦးငြိမ်းမောင်ရဲ့ဇနီး ဒေါ်ခင်ကြည်က လက်မှတ်ရေးထိုး လျှောက်ထားခဲ့တာ ဖြစ်ပြီး ခုချိန်ထိ တစုံတရာ အကြောင်းပြန်တာ မရှိသေးဘူးလို့ သိရပါတယ်။

ဇူလိုင် ၂၆ ရက်နေ့ ထပ်စင်ရဲ့ ၆၀ ပြည့်မွေးနေ့ ဒူဘိုင်းမှာ ကျင်းပမယ်

post by Wednesday, July 22, 2009 ဇူလိုင် ၁၆၊ ၂၀၀၉(ဘန်ကောက်ပို့စ)် ၀န်ကြီးချုပ်ဟောင်း ထပ်စင်ရှီနာဝပ်ထရာရဲ့မွေးနေ့ပွဲကို တက်ရောက်ဖို့ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းကို သွားမယ်လို့

Chalerm Yubamrung က ပြောပါတယ်။ ချင်းမိုင်

Puea Thai

ပါတီ ဥက္ကဋ္ဌ

ထပ်စင်ဟာ ဇူလိုင် ၂၆ မှာဆို အသက် ၆၀ ပြည့်ပါပြီ။

Surapong Towichakchaikul မဲဆန္ဒနယ်က Puea Thai

အမတ် ထုတ်ဖော် ကြေငြာသလို အဓိက အတိုက်အခံပါတီကြီးရဲ့

ခေါင်းဆောင်မှုနေရာယူဖို့၊ ချင်းမိုင်ဒေသမှာ ရွေးကောက်ပ၀ွဲ င်ရောက်ယှဉ်ပြိုင်ဖို့နဲ့ တရားဥပဒေဆိုင်ရာ အမှုအခင်းတွေကို ရင်ဆိုင်ဖို့ ထိုင်း နိုင်ငံကိုပြန်လာမယ်၊ ဆိုတာတွေကို ထပ်စင် ဘာရည်ရွယ်ချက်နဲ့ ပြောသလဲဆိုတာတော့ သူ ဘာမှမသိကြောင်း မစ္စတာ

Chalerm

က ပြောပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးနဲ့ ဖဲ့စွ ည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီက အဆိုပြုတင်ပြထားတဲ့

ဖွဲ့စည်းပုံပြင်ဆင်ချက်တွေကို အထက် လွှတ်တော်အမတ် ၄၀ ပါတဲ့အဖဲ့ကွ ဆန့်ကျင်နေတာတွေကိုလည်း မစ္စတာ

ဒီမနက်မှာပဲ၊ ဘန်ကောက်လွှတ်တော်အမတ်

Rossana Tositrakul

Chalerm

က သဘောမတူပါဘူး။

က ကော်မတီကအဆိုပြုတင်ပြထားတဲ့အတိုင်း အခြေခံဥပဒေ

အပြောင်းအလဲလုပ်တာကို တားမြစ်ပေးဖို့ တောင်းဆိုတဲ့စာတစောင်ကို ၀န်ကြီးချုပ်ဆီ တင်သငွ်းခဲ့ပါတယ်။ အဆိုပြုတင်သငွ်းထားတဲ့ ၂၀၀၇ အခြေခံဥပဒေနဲ့ပတ်သက်တဲ့ ပြင်ဆင်ချက်တွေက အထူးသဖြင့် နိုင်ငံရေးသမားတွေကို နိုင်ငံရေးမလုပ်ဖို့ ပိတ်ပင်တားမြစ် ထားတာကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဆိုတာတွေက အပြစ်ပေးခံထားရတဲ့ နိုင်ငံရေးပါတီတွေနဲ့နငိုငံရေးသမားတွေအတွက်သာ အကျိုးရှိတာ ဖြစ်ပြီး၊ ဒါတွေက နောက်ထပ်အကွဲအပြဲတွေသာ ဖြစ်စေမှာ ဖြစ်တယ်လို့ မစ္စတာ

Rossana က ပြောပါတယ်။

၂၀၀၇ အခြေခံဥပဒေမှာပါတဲ့ အပြောင်းအလဲတွေက လူမှုရေးအကဲအွ ပြဲတွေ ဘယ်လို ပိုဖြစ်မှာလဲဆိုတာတော့ သူ့ အနေနဲ့ မသိပါဘူး လို့ မစ္စတာ

Chalerm

က

ပြောပါတယ်။

တောင်ပိုင်း

SSA

တပ်ဖွဲ့ အား ထိုးစစ်ဆင်ရန် ဒကစမှူး အရေးပေါ် အစည်းအဝေးခေါ်

ကြာသပတေးနေ့၊ ၂၃ ဇူလိုင်လ ၂၀၀၉ သျှမ်းသံတော်ဆင့် .သျှမ်းပြည်အလယ်ပိုင်း၌ ထိန်းချုပ်လှုပ်ရှားနေသော SSA တောင်ပိုင်းတပ်ဖွဲ့အားထိုးစစ်ဆင်တိုက်ခိုက်ရန် မိုင်းနောင်အခြေစိုက် ဒကစမှူး က ဒေသအတွင်း ၃-၄ မြို့နယ်မှ ဗမာတပ်မှူးများအားဆင့်ခေါ်ပြီး အရေးပေါ်အစည်း အဝေးတရပ်ကျင်းပခဲ့သည် ဟုဆိုသည်။ ဒကစမှူး ဗိုလ်မှူးကြီးကျော်ဇံမြင့်သည် မိုင်းနောင်၊ ကျေးသီး၊ မိုင်းကိုင်၊ လဲချားမြို့နယ်အတွင်း အခြေစိုက်သည့် ခမရ၊ ခလရ တပ်မှူးများအားလုံးခေါ်ယူပြီး ၂၀၀၉ ဂျူလိုင် ၂၀ ရက်နေ့၌ အရေးပေါ် အစည်းအဝေးတရပ် ကျင်းပခဲ့ရာမှာ သျှမ်းပြည် အလယ်ပိုင်း လှုပ်ရှားသည့် တောင်ပိုင်း

SSA

တပ်ဖ့အွဲား

အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ရန် စစ်ဗျူဟာနှစ်ခုပြင်ဆင် နေကြောင်း သျှမ်းပြည်အလယ်ပိုင်း သတင်းရပ်ကက်ွက ဆိုသည်။

တာဝန်ကျ သျှမ်းပြည်တပ်မတော်သား

“ဒီ တစ်လနှစ်လ အတွင်းမှာဖြစ်ခဲ့တဲ့ တိုက်ပွဲအားလုံးကို

ခြုံကြည့်မယ်ဆိုရင် ဗမာတပ်ဘက် အသေအကျေ အကျအရှုံး တော်တော်များတယ်လို့ပြောရမှာဘဲ၊

ဂျူလိုင် ၁၅ ရက်ကဖြစ်ခဲ့တဲ့နောက်ဆုံးတိုက်ပွဲမှာ ပွချဲင်းပြီးက ၁၀ ယောက်ကျော်တယ်၊ ဆေးရုံမှာ ၅-၆ ယောက် ထပ်သေတယ်ပြောတယ်။ လက်နက်တွေလဲ အများအပြားဆုံးရှုံးတော့ အရမ်းမျက်နှာပျက်တာပေါ့။ အဖတ်ပြန်ဆယ်ဖို့ အခုလိုဆုံးဖြတ်လိုက်တာလဲဖြစ်နိုင်တယ်”- ဟု စစ်ရေးလေ့လာသူတဦးကပြောသည်။ သျှမ်းပြည်အလယ်ပိုင်း၌ လှုပ်ရှားနေသည့် SSA တပ်ဖွဲ့ကိုတိုက်ခိုက်ရန် အသုံးပြုမည့် ဗျူဟာ ၂ ခုမှာ အနည်းဆုံး တစ်ဗျူဟာ လျှင် တပ်ရင်း ၃ ခု ပါမည်ဖြစ်ကြောင်း၊ လတ်တလော စစ်အစိုးရ၏ ရှေ့တန်းထွက်နိုင်သည့် တိုက်ခိုက်ရေးအင်အားမှာ တပ်ရင်းတစ်ရင်းလျှင် ၁၅၆ ယောက် ရှိကြောင်း၊ သျှမ်းပြည်တပ်မတော်ကို ဗျူဟာနှစ်ခုဖြင့်တိုက်ခိုက်မည်ဆိုပါက လူအင်အား ၁၀၀၀ နီးပါး အသုံးပြုဖွယ်ရှိကြောင်း သျှမ်းပြည်တငွ်း စစ်ရေးလေ့လာသည့် ပုဂ္ဂိုလ်တဦးက ပြောပါသည်။

“မိုးတွင်းမှာ စစ်အစိုးရ စတင်ထိုးစစ်ဆင်တာ သိပ်မရှိဘူး။ ၂၀၀၂ မေ

၂၁ ရက်တုန်းက ထိုင်းနယ်ခြား စစ်အစိုးရကင်းစခန်း တခုကို သျှမ်းပြည်တပ်မတော်က

တိုက်ခိုက်သိမ်းပိုက်တဲ့အတွက် သူတို့တန်ပြန်ထိုးဆင်ခဲ့တယ်။ တစ်လလုံးလုံး အချိန်ယူ ပြန်တိုက်ရတဲ့အတွက် ဗမာတပ်ဘက်အများအပြားသေတယ်၊ အခုအခြေအနေလည်း သျှမ်းပြည်မိုးဥတုနဲ့ရေမြေ အနေအထားအရ သူတို့ထပ်သေကြဦးမှာဘဲ”- ဟု အဆိုပါပုဂ္ဂိုလ်က ပြော၏။

ကရင်ပြည်တငွ်

DKBA

ကိုအသုံးချပြီး

KNU/KNLA

အားတက်တိုက်ခိုင်းသကဲ့သို့ သျှမ်းပြည်၌လည်း SSA ခွထဲ ကွ် ဗိုလ်မိုင်းဇင့်အဖွဲ့ (လဲချားမြို့

နမ့်ဟူးဖရားထမ့် နှင့် ၀မ်ပန်နောင်ကား အခြေစိုက)် ကို ရှေ့ ပြေးတပ်အဖြစ်ပါဝင်တိုက်ခိုင်းဦး မည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။ သီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ ဂျူလိုင် ၂၁ ရက်နေ့ကလည်း စစ်အစိုးရလက်အောက်သစ္စာခံ လဲချား - မိုင်းနောင် ကားလမ်းအကြား ၀မ့်ပန်နောင်ကား အခြေစိုက် ဗိုလ်မိုင်းဇင့်တပ်စခန်းတခုအား သျှမ်းပြည်တပ်မတော် က ၀င်ရောက်တိုက်ခိုက်ခ့ေဲ သးသည်ဟု ဆိုပါသည်။ မိုင်းနောင်ခြေစိုက် ဒကစ ၂ (အမှတ် ၂ ဒေသစစ်ဆင်မှုကွပ်ကေဲ ရးဌာနချုပ်) လက်အောက်ရှိတပ်ရင်းများမှာ လွိုင်လင် အ ခြေစိုက် ခလရ ၉၊ ခလရ ၁၂ ၊ လဲချား ခလရ ၆၄၊ ခမရ ၅၁၅၊ နမ့်ဇန်(ခိုလမ်) ခလရ ၆၆၊ ၂၄၇၊ ခမရ ၅၁၆ ၊ မိုးနဲ - ခလရ ၂၄၈၊ ခမရ ၅၁၈၊ ပင်လုံ - ခမရ ၅၁၃၊ မိုင်းကိုင် - ခမရ ၅၁၄ နှင့် မိုင်းပွန် အခြေစိုက် ခမရ ၅၁၇ တို့ ဖြစ်ကြသည်။

ဒီမိုကရေစီကို သိရှိ နားမလည်သော အာဏာရှင်နှင့် သူ၏ လက်ပါးစေများ

. ယနေ့ခေတ်တငွ် နိုငင်ံအုပ်ချုပ်သူ တို့က ဒီမိုကရေစီ အကြောင်း နားမလည်လျှင် အာဏာရှင် နိုင်ငံရေး ဖြစ်သွားတတ်သည်။ ဒီမိုကရေစီကို ဘယ်တုန်းကမှ မလေ့လာ၊ လက်မခံ၊ မကျင့်သုံး သူတို့က ဒီမိုကရေစီနိုင်ငံ ဖြစ်လာအောင် လုပ်နေပါသည် ဆိုလျှင် အတော်ပင် ရီစရာ ကောင်းသည်။

လူစကား မတတ်သော ခွေးက သီချင်းဆိုသည်နှင့် တူနေတော့သည်။ အထက်ပါ စာစုမှာ ၁၅-၇-၂ဝဝ၉ နေ့က ကျေးစေတမန် ဘလော့ဂ်တငွ် တင်ထားသော ဆောင်းပါးများကို အမှတ်မထင် ဖတ်မိရင်း ဝေဖန်ချက် ရေးပေးခဲ့သော စာစုဖြစ်သည်။ ထိုဘလော့ဂ်ရှိ ဆောင်းပါးများမှာ လူထု ပညာပေးရေးအတွက် မဟုတ်ပဲ အာဏာရှင်စနစ် သက်ဆိုးရှည်အောင် ဝါဒဖြန့် ပေးနေသည့် စာများသာ ဖြစ်နေသည်ကို တွေ့ရသည်။ ရှင်းရှင်းပြောရလျှင် ဒီမိုကရေစီနှင့် အပြောတခြား အလုပ်တခြား လမ်းလွေဲ နသော န.အ.ဖ အာဏာပိုင်တို့၏ လုပ်ရပ်များ၊ ထို လုပ်ရပ်များအပေါ် တဘက်သပ် ဝါဒ ဖြန့်ချိမှုများသာ ဖြစ်သည်။ ဒီမိုကရေစီတငွ် လူတဦးချင်းတိုင်း၌ လွတ်လပ်စွာ နေထိုင်ပြုမူ ပြောဆိုပိုင်ခငွ့် ရှိသည်။ သို့သော် မိမိကြောင့် အခြား သူများကို မထိခိုက်စေရန် စောင့်ထိန်းရသည့် ဒီမိုကရေစီ ကျင့်ဝတ်လည်း ရှိသည်။ တိတိကျကျ ပြောရလျှင် အခြားသူတို့၏ လူ့အခွင့်အရေး၊ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ နိုင်ငံ အစ ရှိသည်တို့ကို မထိခိုက်စေရန် ရှောင်ကြဉ်ရသည်။ ကျေးစေတမန်တငွ် ရှိသော တဘက်သပ် ဝါဒဖြန့် စာများကိုကြည့်လျှင် ထိုသို့ ရေးသားသူများသည် “ဒီမိုကရေစီ” အကြောင်း ကို အသေအချာ မသိပဲ ဖြီးဖြန်းနေသည်ကို အထင်းသား တွေ့ရသည်။ တဖန် ထိုစာများ ရေးသား ဖြန့်ဝေရန် ခွင့်ပြုသော အာဏာပိုင် များသည်လည်း ဒီမိုကရေစီကို စိုးစဉ်းမျှ နားမလည်ပဲ အကြောက်ကြီး ကြောက်နေကာ နည်းမျိုးစုံဖြင့် ပိတ်ဆို့လျှက် ရှိနေကြောင်း ဆက်စပ် တွေးတော၍ ရလာသည်။ ဤအတိုင်းသာ ဆက်သွားလျှင် မြန်မာနိုင်ငံ၏ အနာဂတ်မှာ အတော့်ကို စိုးရိမ်စရာ ကောင်းနေတော့သည်။ မြန်မာနိုင်ငံကား ဒီမိုကရေစီ အသွင်ပြောင်းနိုင်ရန် တော်လှန်နေသော (သိ)ု့ ကြွေးကြော်နေသော (သိ)ု့ တောင်းဆိုနေသော နိုင်ငံဖြစ်သည်။ လက်ရှိ ကမ္ဘာ့နိုင်ငံရေး အနေအထားအရ ဖြစ်စေ၊ လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေးအရ ဖြစ်စေ၊ တိုင်းရင်းသားပေါင်း များစွာ စုစည်း နေထိုင်သော မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှု ဓလေ့စရိုက်အရ ဖြစ်စေ “ဒီမိုကရေစီ” မဖြစ်မနေ လိုအပ်သည်။ ဒီမိုကရေစနစ်ကို အမှန်တကယ် ထူထောင်နိုင်မှ လူတိုင်းလူတိုင်း လူ့အခွင့်အရေး ပြည့်ဝမည်။ တရားဥပဒေ စိုးမိုးမှု ရှိမည်။ လက်ရှိတငွ် နိုင်ငံကို အုပ်စိုး နေသူတို့အနေဖြင့် ဒီမိုကရေစီကို မဖြစ်မနေ လက်ခံဖို့လိုသည်။ လေ့လာဖို့ လိုနေသည်။ ကျင့်သုံးတတ်ဖို့ လိုနေသည်။ နိုင်ငံရေး လောကတွင် လူထု ထောက်ခံမှုရလျှင် မည်သူမဆို အောင်မြင်သည်။ လူထုက ဒီမိုကရေစီကို ကြိုက်သည်။ လူထု အကြိုက်ကို လိုက်မည်ဆိုလျှင် ဒီမိုကရေစီမှ တပါး အခြားဝါဒ ဖြန့်ချိစရာ မရှိကြောင်း လက်ရှိ နိုင်ငံအုပ်ချုပ်သူတို့ သာမက အလောင်းအလျာ တို့ကပါ သိထားအပ်သည်။ ဒီမိုကရေစီကို လူထုက မကြိုက်အောင်၊ လက်မခံအောင် မည်သို့မျှ ဝါဒမဖြန့်နိုင်၊ မည်သို့ပင် အာဏာသုံး၍ တားဆီး စေကာမူ မအောင်မြင်နိုင်။ ဤ အသိတရားမျိုး ကင်းမဲ့လျှက် ဆက်လုပ်နေသရွေ့ လူထု ချဉ်ဖတ်၊ လူထု၏ ရန်သူသာ ဖြစ်နေ ပေလိမ့်မည်။ လွင်အောင်စိုး

မြန်မာပြည်အနာဂတ်တငွ် စစ်အာဏာရှင်တို့အတွက် နေရာမရှိ မောင်ဂဏန်းစိန် ဇူလိုင် ၂၃၊ ၂၀၀၉ မြန်မာပြည်၏ စစ်အုပ်စုကို အားလုံးက အစွန်းရောက်အကြမ်းဖက်သမားများအဖြစ် မြင်ကြသည်။ နိုင်ငံတကာတွင် ၎င်းတို့ကို လူ့အခွင့်အရေးချိုးဖောက်သူတို့၏ ထိပ်ခေါင်၊ ဟစ်တလာလက်သစ်အဖြစ် သဘောထားကြသည်။ ထိုသို့သော အခြေအနေ၊ ဖြစ်ရပ်ကြောင့် မြန်မာပြည်နှင့် ပတ်သက်၍ ထိရောက်သော ဆွေးနွေးမှု ပြုလုပ်ကြရေးအတွက် မျှော်လင့်ချက်မှာ မှေးမှိန်လျက်ရှိသည်။ ထို့အပြင် သန်းရွှေဦးဆောင်သော စစ်အာဏာရှင်တို့၏ စစ်အုပ်စုများ၊ အလိုတော်ရိများကို နိုင်ငံတကာက လူကြီးလူကောင်းဆန်ဆန်ဖြင့် ဝေဖန်ပြောဆို၊ ပြစ်တင်ရှုတ်ချခြင်းတို့မှာလည်း ယခုအချိန်တငွ် အာပေါက်ပြီး ကမ်းကုန်လျက် ရှိနေပြီဖြစ်သည်။ သူတို့ကိုယ် သူတို့ တိုင်းပြည်ကို ကယ်တင်စောင့်ရှောက် ကာကွယ်နေရပါသည်ဟု အသံကောင်းဟစ်နေခြင်းဖြင့် တပါးသူတို့၏ ဝေဖန်ထောက်ပြမှုတို့ကို ဥပက္ခာပြုနေသလို ဖြစ်၏။ ၎င်းသည် မြန်မာပြည်ကြီး အလုံးစုံ ပျက်သုဉ်းစေခြင်း၏ အကြောင်းရင်းပင် ဖြစ်၏။ ၎င်းတို့ တပ်မတော်ကြီးက တိုင်းပြည်ကို မည်သို့မည်ပုံ ကယ်တင်စောင့်ရှောက်၊ တည်ဆောက်ပြုပြင်နေသည်ဟု ချဲ့ကား၊ လိမ်ညာပြီး မဟုတ်မဟတ်များ ပြောဆိုစေကာမူ တိုင်းပြည်၏ အနာဂတ်သည် ၎င်းတို့ကြောင့် မျှော်လင့်ချက်မရှိလောက်အောင် အမှောင်တိုက်ကျနေသည်မှာ သိသာလှသည်။ ၎င်းတို့သည် တိုင်းသူပြည်သားများနှင့် တိုင်းပြည်ကို လုပ်ကြံဖျက်ဆီးနေကြသော စစ်အာဏာရှင် ရာဇ၀တ်ကောင်များ ဖြစ်ကြပါသည်။ နိုင်ငံတကာအသိုင်းအ၀ိုင်းက ထိုစစ်အာဏာရှင်များကို သပိတ်မှောက် ကန့်ကွက်မှုများ ပိတ်ဆို့မှုများ ပို၍ တိုးလုပ်ကြဖို့သာ ရှိသည်။ မြန်မာပြည်၏ သန်း ၅၀ သော ဒုက္ခသည်ပြည်သူတို့ဖက်က နိုင်ငံတကာက လူထုက ၀ိုင်းဝန်းရပ်တည်မှုများ တိုးကြရန်သာ ရှိသည်။ အမှန်တကယ်ကတော့ စစ်အာဏာရှင်များဖက်ကို လိုက်ခြင်းသည် နည်းဗျူဟာအခြေခံမှစ၍ မှားယွင်းသော အချက်ဖြစ်သည်။ ပြည်သူလူထုနှင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက အထီးကျန်အောင်၊ အားနည်းအောင် လုပ်နေသည်ကို အားပေးခြင်း ဖြစ်ပါသည်။ စစ်အစိုးရအလိုကျ စီးပွားရေး

အကူအညီများပေးလိုက်ခြင်းကို ထွက်ပေါက်တခုဟု စိတ်ကူးယဉ်ကြည့်နေကြသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် စစ်အာဏာရှင် အစွန်းရောက်အကြမ်းဖက်သမားများကို ပိုမိုအားပေးရာရောက်ပြီး အကာအကွယ်မဲ့နေသော ပြည်သူလူထုနှင့် အတိုက်အခံများအားလုံးကို ဒုတိယကမ္ဘာစစ်မတိုင်မီ ဟစ်တလာက ဂျူးလူမျိုးများကို မျိုးဖြုတ်၊ သုတ်သင်ခဲ့သလိုမျိုး သေတွင်းသို့ ပို့သလို ဖြစ်လိမ့်မည်။ စစ်အုပ်စုအတွင်းက တပ်မတော်သားများ၊ မိသားစုဝင်များကလည်း ယခုအချိန်တငွ် သူတို့၏ စစ်အာဏာရှင်များ၏ အာဏာရူးသွပ်မှုများ၊ စစ်ရာဇ၀တ်မှုများကို သိရှိနေကြပြီ ဖြစ်သည်။ ထိုသို့သော အမှားများကို လူသိရှင်ကြား ဝေဖန်ရန်၊ တားမြစ်ရန်ကိုမူ ၀န်လေးနေကြသည်။ စစ်အုပ်စုက ၀ါဒမှိုင်းတိုက်နေသည်မှာလည်း တပ်မတော်သည် မြန်မာနိုင်ငံအရေးတွင် သူ့နေရာကို ဘယ်သူမှ အစားထိုး ၀င်မယူနိုင်ဟူ၍ ဖြစ်လေသည်။ စစ်အာဏာရှင်များသည် ၁၉၉၀ ပါတီစုံရွေးကောက်ပွဲ ရလဒ်များနှင့် အရွေးချယ်ခံထားရသော လွှတ်တော်ကိုယ်စားလှယ်များကို အသိအမှတ်မပြုရုံသာမက ဖိနှိပ် နင်းခြေ ဖျောက်ဖျက်ဖို့ အစွမ်းကုန် ကြိုးစားလျက်ရှိသည်။ တကယ်တော့ သူတို့ အမှန်တရားနှင့် တရားမျှတမှုကို မရင်ဆိုင်ရ၍ဲ ဖြစ်သည်။ အနှစ် ၂၀ ကျော်သည့်အချိန်အထိ တိုင်းပြည်၏ အကြပ်အတည်းအားလုံးကို စာပွဝဲိုင်းတွင် စေ့စပ်ဆွေးနွေးရန် ငြင်းဆိုနေသူမှာ စစ်အာဏာရှင် အကြမ်းဖက်အုပ်စုသာ ဖြစ်သည်။ တပ်မတော်စစ်အစိုးရဟု ခံယူပြီး နိုင်ငံတကာ၏ ကမ်းလှမ်းမှုမှန်သမျှ ငြင်းဆိုနေခြင်းမှာ အများ ပြက်ရယ်ပြုစရာ ဖြစ်နေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံပါတီများက အရပ်သားလွှတ်တော်ခေါ်ယူရန် တောင်းဆိုနေခဲ့သည်ကို လုံးဝ ငြင်းဆိုနေသည်မှာလည်း ထိုတပ်မတော်စစ်အစိုးရဖြစ်သည်။ ထိုသို့ တဖက်သတ် ငြင်းဆိုနေလျင် မြန်မာ့အရေးသည် မည်သို့မျှ မတိုးတက်နိုင်ပါ။ စစ်အုပ်စု၏ အလိုတော်ရိများနှင့် ဖွဲ့စည်းထားသော တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ရှိကြောင်း ဆုံးဖြတ်နိုင်ဖို့ မတရားကြံစည်လုပ်ကြံနေသည်မှာ ထင်ရှားလှသည်။ သန်း ၅၀ သော ပြည်သူလူထု၏ ဆန္ဒမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်နှင့် ၎င်း မိသားစုများ၏ ဆန္ဒ၊ နိုင်ငံတကာက လူသားချင်းစာနာသော လူပီသသူများ၏ သဘောထားနှင့် တထပ်တည်းဖြစ်သည့် စစ်အာဏာရှင် အစွန်းရောက်အကြမ်းဖက်အုပ်စုများ လက်အောက်က လွတ်မြောက်ရေးနှင့် ဒီမိုကရေစီ ရရှိရေး ဖြစ်ပါသည်။

(ဇူလိုင်လ ၁၆ ထုတ်၊ အမေရိကန်က

ဟတ်ဖင်တန်ပို့ သတင်းစာမျက်နှာတွင် ဖော်ပြထားသော - ဗာဂျီးနီးယား အမ် မွန်ကရစ် ရေး - မြန်မာပြည်အနာဂတ်အတွက်

ဒေါ်အောင်ဆန်းစုကြည် မလိုအပ် - ဆိုသော ဆောင်းပါးကို ပြန်လည် တုံပြန် ရေးသားခြင်းဖြစ်သည်။ )

ကျမသိတဲ့ မစုတို့ ဝန်းကျင်

Monday, 20 July 2009 19:28 administrator . ဒီလိုနေ့ ရောက်ရင် တာဝါလိန်းလမ်းက အိမ်မှာရော ကုက္ကိုင်းက အိမ်ရော သူ့အဖေ ဗိုလ်ချုပ်အတွက် ဆွမ်းသွပ် အမျှဝေ နေကြပါ၊ ဇိုးကနဲ ဇတ်ကနဲ ရွာတတ်တဲ့ ရန်ကုန်မိုးတွင် မကဖူး တပြည်လုံးမှာ အဲဒီနေ့ဆို သူ့အဖေ ကျမတို့ လွတ်လပ်ရေး ခေါင်းဆောင်ကြီး နဲ့ သူရေဲ ကာင်း အပေါင်းအပါတွေ အတွက် ပြည်သူတွေတင် မကဖူး ရာသီဥတု ကပါ တနေ့လုံး ညိုမှိုင်းဆိုင်းလို့ ပြိုမလို ငိုမလိုကို ဖြစ်နေတတ်တာ။ မှတ်မိသေးတယ်၊ ကျမတို့ ငယ်သေးတဲ့ အချိန် ဒီလို အာဇာနည်နေ့မျိုး တာဝါလိန်းလမ်း အိမ်မှာ ဆွမ်းကပ်လို့ ဧည့်ကောင်း ဆောင်ကောင်းတွေ လာကြရင် မစုနဲ့ ကျမက ခလေးတွေဆိုတော့ လာတဲ့ ဧည့်သည် ဖိနပ်တွေ စီပေါ့၊ ဖိနပ်တွေကို အိတ်ကလေးတွေန့ထဲ ည့် နံပါတ်တွေ ရေးထားပေး တတ်တာ၊ လာကြပါတယ် ဧည့်မျိုးစုံပ၊ဲ တခါတော့ ဖိနပ်တွေ စီရင်း ဖိနပ်တဖက်က ရှာမရဖူး၊ မစုရော ကျမပါ ဒေါင်းတောက်အောင်ကို ရှာတာပဲ မတွေ့ခ့ဖဲူး၊ နောက်ဧည့်သည်တွေ ပြန်တော့ အဲဒီဧည့်သည် တယောက်က စစ်ပြန်ကြီး ခြေတဖက် မရှိဖူးလေ ဖိနပ်တဖက်ပဲ စီးပြီး ပြန်တော့ မစုနဲ့ ကျမတို့ ကိုယ့်အဖြစ်ကိုကိုယ် ငိုအားထက် ရယ်အားသန် ဖြစ်ပျက်ခဲ့ကြတာတွေ အခုထိ ခပ်ရေးရေး မှတ်မိ နေပါသေးတယ်။ တခါသား အာဇာနည်နေ့ ဆွမ်းကပ်ယင်း အိမ်နံဘေး လမ်းဟိုဖက် ရွှေကြက်ယက်ကျောင်းက ကိုယ်တော်တွေကို ပင့်ဖိတ်ပါတယ်၊ ရွှေကြက်ယက်က ကိုယ်တော် ဘုန်းကြီး ဝဝကြီးတပါး ဆိုရင် ဒံပေါက်ကပ်တဲ့ နှစ်တိုင်း ဆွမ်းဘုန်းပေးတာ ထမင်းစားပွဲ နံဘေးမှာ ပန်းကန်တွေကို ထပ်လို့ စီထားတာ ၁၀ချပ်လောက်ရှိပြီ ဒီတော့ ဖိနပ် စီရင်း ဆော့ ကစားနေတဲ့ မစုက ကျမကို လက်ကလေး လူမမြင်အောင် မသိမသာ ဝှက်ပြီး ဘုန်းကြီး ဘုန်းပေးတာ ၁၀ ပန်းကန်ရှိပြီလို့ ပြခဲ့ဖူးတာ တရေးရေး ပြန်မြင်ယောင်နေ မိတယ်။ ဒေါ်အောင်ဆန်းစုကြည်လို့ ခေါ်တဲ့ မစုရဲ့ အမေ ဒေါ်ခင်ကြည်နဲ့ ကျမတို့ အမေက ဝမ်းကွဲ ညီအမ တွေပါ၊ ၁၉၅၂ခုနှစ် မြောင်းမြမြို့ကြီး မီးလောင်တော့ ကျမတို့ အမေက ရန်ကုန်တက်ပြီး သူနာပြု ဆရာမလေး လုပ်မယ် ဆိုပြီး ထွက်လာခဲ့တယ်၊ ဒီအချိန် ဒေါ်ခင်ကြည်က လူမှုဝန်ထမ်း ဝန်ကြီး ဖြစ်နေပြီလေ၊ သူတို့တွေ ကုက္ကိုင်း လမ်းဆုံနားက တက္ကသိုလ်ရိပ်သာလမ်း အိမ်ပြောင်းသွားတဲ့ အထိ ဝမ်းကွေဲ တွမို့ တာဝါလိန်းက အိမ်ကြီးမှာပဲ ကျမတို့ မိသားစုကို ပေးနေတာပေါ့လို့၊ ဟိုအရင် အနှစ် ၅၀ကျော်က အဖြစ်တွေကို ဒေါ်အောင်ဆန်းစုကြည်က မနီလို့ ခေါ်တဲ့ ကျောင်းဆရာမဟောင်းကြီး အန်တီနီက ကြိမ်ကုလားထိုင်ကြီး တလုံးမှာ ထိုင်လို့ ကိုလံဘီယာ မြစ်ဆီက ခပ်စိမ့်စိမ့် တိုက်ခတ်လာတဲ့ လေစိမ်းတွေနဲ့ အတူ သူစိမ်းနယ် တနယ်ခြားမှာ တခုတ်တရ ပြန်ပြောင်း ပြောပြ နေပါတော့တယ်။ တကယ် ပြောရယင် မစုတို့ တက္ကသိုလ်ရိပ်သာလမ်း ပြောင်းသွားပြီး ၅နှစ်လောက် အထိ အခု ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်လမ်းလို့ ခေါ်တဲ့ တာဝါလိန်းလမ်းအိမ် အခုလို ပြတိုက် မဖြစ်ခင် အထိ ကျမတို့ နောက်ဆုံးနေခဲ့ ကြတာပါလို့ ဆက်ဆို ပြန်ပါတယ်။ မစုတို့ အိမ်ပြောင်းသွားမှ ကုလားလင်မယား ၂ယောက် အဖေါ်ခေါ်ထားပြီး ကျမတို့ ဆက်နေ ကျန်ခဲ့တယ်။ အဲဒီ အိမ်ကြီးက အရင် ကုလားသူဋ္ဌေး အိမ်ကြီးလို့ အရပ်က ပြောကြတာ



ဟုတ်မယ်၊ ဝက်သားဟင်း

ချက်ပြီဟေ့ ဆို အိမ်နောက်က မီးဖိုချောင်ထဲ လူမရှိရင် ဝက်သားဟင်းအိုးဖုံး ဖွင့်သံလိုလို ဗြောင်ဆန်နေအောင် ကြားနေရတာပဲ၊ ကျမတို့က ကလေးတွေမို့ လားမသိ ဘာမှ မတွေ့ခဲ့ မကြားခဲ့ရဖူး။ ကျမတို့ အမေ ပြောပြောနေလို့ မှတ်မိနေတာက တချို့က ပြောကြတယ်၊ ဒေါ်ခင်ကြည်က ခရိယာန်တို့ ဘာတို့ တွေပေါ့လေ၊ မဟုတ်ရပါဖူး ဧရာဝတီတိုင်းက ဗမာစစ်စစ် တွေပါ၊ ဒေါ်ခင်ကြည် တို့က မြောင်းမြ ဇာတိပေါ့၊ သူ့အဖေက ယခင်လတ်ွလပ်ရေး မရမီ ကတည်းက လမ်းဗိုလ် ဦးဖိုးညှင်းပါ၊ အမေက ဒေါ်စု မြောင်းမြ ရှမ်းကုန်းပိုင်း အရပ်မှာနေကြတာ သားချင်း ၁၀ယောက် ရှိတယ်၊ အမေက တခါတလေ နောက်ပြီး မှတ်ချက်ပြုတယ် အဖိုးက အဖွားနဲ့ တခါက စကားများ

ရန်ဖြစ်ပြီး ၃နှစ်လုံးလုံး စကားမပြော ခဲ့ကြဖူးတဲ့ ၊ တော်သေးတာပေါ့ ၃နှစ် စိတ်ကောက်နေလို့ တဲ့ မကောက်များ နေခဲ့ရင် သားချင်း ၁၃ယောက်တောင် ရှိမတဲ့၊ အမေက မြောင်းမြမှာ ကျောင်းလာနေလို့ ဒေါ်ခင်ကြည်တို့ အိမ်မှာနေတာတဲ့၊ အဖိုးက ဗမာစစ်ပေမဲ့ ဧရာဝတီတိုင်းက ကရင်တွေ သစ္စာရှိတာ ကြည်ညိုရင်းစွရှဲိလို့ ခရိယာန်ဘာသာထဲ ဝင်လိုက်သတဲ့၊ ဒီတော့ ကျမတို့ က အဖိုးရှေ့မှာ အာမင်၊ အဖွားရှေ့မှာ သာဓုပေါ့၊ ဒါပေမဲ့ ဒေါ်ခင်ကြည်က ဗုဒ္ဓဘာသာဝင်ပါ၊ လူတွေ ထင်ကြေးနဲ့ ပြောကြတာ ဖြစ်မယ် ထင်ပါတယ်လို့ ကျောင်း ဆရာမဟောင်းကြီး အန်တီနီက ပြောပြပါတယ်။ ကျမ တို့နဲ့ မစုတို့က ဝမ်းကွေဲ တွပေမဲ့ ငယ်တုန်းကသာ တအိမ်ထဲ အတူနေခဲ့ကြတာ ဦးနေဝင်း ကန်ထုတ်လို့ သူ့အမေ ဒေါ်ခင်ကြည် အိန္ဒိယသံအမတ်ကြီး အဖြစ်နဲ့လဲ ပြောင်းသွားရော ကျမတို့လဲ ဆွေမျိုးသားခြင်း အဖြစ်က အကြောကို ပြတ်ရောပဲလို့ ဆိုတယ်၊ ကျမက ဒေါ်စုထက် ကြီးပါတယ်၊ ဒေါ်စုက မနီ...လို့ ခေါ်သူပါ၊ အောင်းဆန်းဦးနဲ့က တရွယ်ထေဲ ပါ့၊ သူတကာတွေ တွေးထင်နေတဲ့ အောင်ဆန်းလင်း သေတဲ့ ကိစ္စကလည်း သူတို့အဖေ ဗိုလ်ချုပ်ဆုံးပြီးမှ ဖြစ်တာပါ၊ အချို့ကတော့ ဗိုလ်ချုပ် လုပ်ကြံ မခံရခင်လို့ ထင်မြင်ပုံရတယ်၊ ဖြစ်ကြောင်းရယ် ကုန်စင်က ဒီလို တာဝါလိန်းအိမ်က ဗိုလ်ချုပ်ရှိစဉ် ကတည်းက စိုက်ထားတဲ့ ခြံစည်းရိုး အစပ်က ကင်ပွန်းချဉ်ပင်၊ ဆူးပုပ်ပင်တွေ ဝေညွတ်နေအောင် ထွက်လို့ အရိပ်ရတာကိုး၊ တရက်တော့ မောင်နှမ ၃ယောက် ဒီနေရာလေးမှာ ကစားရင်း ထမင်းစားချိန်မို့ ကုန်းကမူလေး ရှိတဲ့ ရဲတိုက်အိမ်ကြီးဆီ အားလုံး ပြန်အတက်မှာ အောင်ဆန်းလင်းက အပင်တွေ ရေလောင်းဖို့ တူးထားတဲ့ ရေကန်လေး ၁၀ပေ ဝန်းကျင် ကျော်ကျော်လေး ကျယ်ပြီး ၁၅ပေနက်တဲ့ ကန်အစပ်မှာ ကစားစရာ သေနတ်ကျန်ခ့လဲို့ ပြန်အယူ ဒီရေကန်ထကျဲ ရေနှစ်ပြီး ဆုံးတာပါပဲ လူကြီးတွေ သိတဲ့ အချိန်မှာတော့ အသက် မမီတော့ဖူးလေ။ ကျောင်းနေတော့လည်း အောင်ဆန်းဦးက တာမွေ(၄) ခေါ်တဲ့ စိန့်ဖရန့်စစ် မှာ နောက်မှ အ.ထ.က(၆) ဗိုလ်တထောင် (စိန်ပေါလ်) ကို ပြောင်းသွားတာ ကျမလည်း မစုလို စိန်ဖရန်းစစ် မှာပဲ နောက်တော့ သူ အင်္ဂလိပ် မက်သဒစ်( ဒဂံ-ု ၁ ) ကို ပြောင်းသွားတယ်၊ ကျမတို့ ရန်ကင်းကောလိပ် ရောက်တော့ အောင်းဆန်းဦးက ကျောင်းပေါက်ဝက လာလာစောင့်တယ် အဖြစ်က သူ့မှာ ပါတဲ့ ပေါင်မုန့်တို့ ကြက်ဥတို့ မစားချင်တော့ သူ့ထမင်းဘူး ကျမကိုပေးပြီး ကျမရတဲ့ အိမ်က မုန့်ဖိုးသူ ယူပါတယ်၊ ပြီးတော့ အဲဒီမုန့်ဖိုး ငါးမူးနဲ့ ဇီးပေါင်း ခေါ်မလား? ငရုတ်သီးတွေ ဆားတွေနဲ့ နယ်ထားတဲ့ ကတော့ထိုး ဇီးသီးကို ဝယ်, ဝယ်စားတယ်၊ တရက်ကြတော့ သူ ကျမကို ထမင်းဘူးပေးပြီး ညနေအပြန် ထမင်းဘူး ပြန်ယူဖို့ မေ့သွားတယ် ကားပေါ်ရောက်မှ ဒေါ်ခင်ကြည်ရဲ့ အမ သူတို့ရဲ့ ဂျီးဒေါ် ဒေါ်ခင်တင့်ကို ပြောတော့ ကားပြန်လှည့်ပြီး ကျမတို့ ရန်ကင်းအိမ်မှာ ထမင်းဘူးလာယူတာ ဒီအဖြစ်ကို ကျမ အဖေ သိသွားတော့ နောက်နေ့က စပြီး ကျောင်းသွားရင် အောင်ဆန်းဦး ငါးမူး၊ ကျမ ငါးမူးရပါတယ် နောက်သူအင်္ဂလန် ကျောင်းသွားတက်တော့ ကျမ သူ့အတွက်ရတဲ့ မုန့်ဖိုး သူကိုယ်စား ဆက်ရနေသေးတယ် နောက်မှ အဖေသိပြီး မပေးတော့တာ ဒီကနေ စပြီး အောင်ဆန်းဦးနဲ့ အဆက်အသွယ် ပြတ်သွားတာ သူလည်း ဆန်တီရေးဂိုးမှာ ပြောကြတယ် ကျမက အော်ရီဂန်မှာ မြေပုံအရ အထက်နဲ့ အောက်ဆိုတော့ ခရီးကဝေးတာရယ်၊ အရွယ်ကလည်းရ ကျန်းမာရေးက ချူချာတော့ ခုထိ မတွေ့နိုင်ကြ သေးဖူးလေ။ ကျမတို့လည်း ဘွဲ့ရ အလုပ်အကိုင်တွေနဲ့ အိမ်ထောင်ရေး ဝန်တာတွေ ထမ်းနေရတော့ ဆွေမျိုးခြင်း ခပ်ကင်းကင်း ဖြစ်သွားတယ်၊ ဒေါ်စုဆီနောက်ပိုင်း ညီအမတွေပဲ အဆက်အသွယ် လုပ်မယ်ဆိုတော့ အမေဖြစ်သူက တားတယ်၊ နင်တို့က အစိုးရ ဝန်ထမ်းလုပ်နေကြတာ သူက နိုင်ငံရေး လုပ်နေတာ၊ သွား မဆက်လေနဲ့ ဟိုကောင်တွေက စိတ်ချရတာ မဟုတ်ဖူး၊ နင်တို့လို ဝန်ထမ်းဆို တကယ်လုပ်မှာလို့ ပြောရှာတယ်၊ ဒါနဲ့ မဆက်ဖြစ်ပြန်ဖူး၊ နောက်ဆုံး အမေဆုံးတော့ ဒေါ်အောင်းဆန်းစုကြည်လို့ ခေါ်တဲ့ မစု အိမ် ကျမတို့ ညီအမတွေ သွားအကြောင်း ကြားတယ်၊ ကုက္ကိုင်းလမ်းဆုံ ကျော်ပြီး ပြည့်ဝ စားတော်ဆက် နားမရောက်မီ ဂိတ်ကလေးနားက ထမင်းစားမလို့ လုပ်နေတဲ့ ရဲဘော်လေးတွေနဲ့ တွေ့တော့ အကျိုးသင့် အကြောင်းသင့် ပြောပြလို့ နာရေး ဖြစ်နေတာမို့ ခွင့်တောင်းတော့ သွားခွင့်ပြုတယ်၊ ခြံဝရောက်လို့ တံခါးဖွင့် ထွက်လာတဲ့ စစ်ဗိုလ်တယောက် တွေ့ပါလေရော၊ ကျမတို့ ညီအမတွေ ပြောပြတော့ ဒီစစ်ဗိုလ်လေးက မောက်မောက်မာမာကို ပြောဆိုဆက်ဆံပြီး၊ ခင်ဗျားတို့ ဘယ်သူအမိန့်နဲ့ လာတာလဲ? ခင်ဗျား .. တို့ညီမ ဒေါ်စုကြည် က ထောင်ကျ နေတာဗျ !

....သွား....သွား....သွား ... လူမပြောနဲ့ ပုရွက်ဆိတ်တောင် မဝင်ရဖူး! လုံခြုံရေး

အရမို့ ခွင့်မပြုနိုင်ဖူးလို့ ဆိုကာ ရိုင်းပြစွာ ငြင်းလွှတ်ပါတယ်၊ အပြန်ခရီး

လမ်းထိပ်က ဂိတ်တထဲ ထမင်းစားနေတဲ့ စစ်သားတွေ ခမျာမှာ ကျမတို့ကို ခွင့်ပြုမိလို့ မအေနှမ စုံအောင် ကိုင်တုတ်နေတဲ့ စစ်ဗိုလ်ကြီးကို တွေ့လိုက်ရတယ် ဆိုရင်ပ၊ဲ သြော်......ဒီလို ဟီရိသြတ္တပ္ပ တရား နည်းလှတဲ့ လူမျိုးတွေ အုပ်ချုပ်နေတဲ့ နိုင်ငံမျိုး ပြည်သူတွေ တွင်းဆုံး ကျလေပေါ့လို့ ကြိမ်ခါ အဖန်ဖန် တွေးနေမိတော့တယ် ဆိုပြီး ရင်ထဲက လာတဲ့အသံနဲ့ အန်တီနီ တဆစ်ဆစ် နာကျင်သလို ပြောပြနေတော့တယ်။ ကျမတို့လို ဆွေမျိုးသားချင်း တော်သူတွေတောင် နာရေးကိစ္စ လာအကြောင်းကြားတာ ဝင်ခငွ့် မပေးခဲ့တဲ့ မစုတို့ အိမ်ဝင်ခငွ့် တလောကပဲ ကြားလိုက်ပါတယ် ရေဒီယိုတွေမှာ ပွက်လော ရိုက်လို့ပေါ့ အမေရိကားက ဂျွန်ဝီလျံ ယက်ထော( John

William Yettaw )

ဆိုသူ တယောက်ကတော့ ဝင်လိုက်

ထွက်လိုက်တာမှ လျောကနဲ လျောကနဲ ဆိုပ။ဲ ဗိုလ်ချုပ်လှဋ္ဌေးဝင်းလို တပည့်တွေ နာမည်ကျော် စာရေးဆရာ နီကိုရလဲို တပည့်မျိုးတွေ မွေးထုတ်ခဲ့ဖူးတဲ့ ကျောင်းဆရာမဟောင်း အန်တီနီက စစ်ဗိုလ်ကြီးတွေကို မေးချင်စမ်း ပါဘိတဲ့ ... ယက်ထော ... ဘယ် အချိုး၊ ဘယ် တန်ခိုးမျိုးနဲ့ တက္ကသလို ရိပ်သာလမ်း ခြံအမှတ် (၅၄) ကို ဝင်သွားပါလိမ့်။ တွေ့ဆုံမေး - ဒူကဘာ ယခု တွေ့ဆုံမေး ဆောင်းပါး ဖြစ်မြောက်ရန် များစွာကူညီ အမှုပြုခဲ့သူ ဦးမောင်မောင် (ဆေးမှူးကြီး) အော်ရီဂန်အား ကျေးဇူးတင်ရှိပါကြောင်း။http://peoplemediavoice.com/

သီးသန့် ခုံရုံးနဲ့ သီးသန့် ဥပဒေ Thursday, July 23, 2009

မင်းလွင်ဦး ကြာသပတေးနေ့၊ ဂျူလိုင်လ ၂၃ ရက် ၂၀၀၉ ခုနှစ် ၁၉ နာရီ ၃၂ မိနစ် စွပ်စခွဲံရသူများ၏ ခုခံချေပခွင့်နှင့် ပတ်သက်၍ ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေပုဒ်မ ၂ (စ) အမှုတငွ် ခုခံချေပခွင့်နှင့် ဥပဒေအရ အယူခံပိုင်ခငွ့်ပေးခြင်းဟူ၍ ပြဋ္ဌာန်းထားရှိသည်။ ခုခံချေပခွင့်ဆိုသည်မှာ တရားလိုဘက်မှ စွပ်စထွဲားသည့် စွပ်စချွဲက်များကို ခုခံချေပရန် လိုအပ်သည့် ဥပဒေကျွမ်းကျင် နားလည်သူများကို

ငှားရမ်းခွင့် ပြုရုံမျှနှင့်မပြီး၊ စွပ်စခွဲံရသူနှင့် ၎င်း၏အကျိုးဆောင်များက အမှုစစ်ဆေးနေသည့် တရားရုံး တရားသူကြီးများ သံသယကင်းရှင်းစွာဖြင့် ပြစ်မှုမကျူးလွန်ကြောင်း လက်ခံနိုင်စေရန် ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ခုခံချေပရာတွင် စွပ်စခွဲံရသည့် ကာယကံရှင်ဖြစ်သူနှင့် ဥပဒေကို နားလည်တတ်ကျွမ်းသည့် ဥပဒေပညာရှင်များ၏ ဆွေးနွေးတိုင်ပင်ခြင်းသည် လွန်စွာ မှပင် အရေးပါသည်။ စွပ်စသွဲူ တရားလိုများဘက်မှ တရားလိုပြ သက်သေများအဖြစ် ၂၃ ဦး အမည်စာရင်း တင်သငွ်းခဲ့သည်။ ထိုသူများအနက် တရားလိုပြ သက်သေများ စာရင်းတွင် မပါဝင်သည့် ဒုရဲမှူးကြီး ၀င်းနိုင်ထွန်းကိုပင် ကွန်ပြူတာရိုက်ရာတွင် ကျန်ရစ်ခ့သဲ ည်ဟူသည့် အကြောင်းပြချက်ဖြင့် နောက်ဆက်တွဲ သက်သေအဖြစ် ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံး တရားသူကြီးများက လက်ခံခငွ့်ပြုပြီး တရားလိုဘက်မှ သက်သေ ၁၄ ဦးကို စစ်ဆေးခဲ့သည်။ တရားလိုဘက်မှ တင်ပြသည့် သက်သေများအနက် ပြန်ခေါ်သက်သေအဖြစ် ၅ ဦးခေါ်ယူပြီး ၄ ဦးအား ထပ်မံစစ်ဆေးခဲ့သည်။ စွပ်စခွဲံရသည့် တရားခံများဘက်မှ တင်သငွ်းသည့် သက်သေ ၄ ဦးအနက် ဦးကြည်ဝင်းနှင့် ဒေါ်ခင်မိုးမိုးတို့ကိုသာ သက်သေအဖြစ် အစစ်ခံခငွ့်ပြုခဲ့ပြီး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုဥက္ကဋ္ဌဖြစ်သူ ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ကို သက်သေအဖြစ် အစစ်ခံရန်မလိုဟူသည့် အကြောင်းပြချက်ဖြင့် စွပ်စခွဲံရသူ တရားခံ၏ ခုခံချေပခွင့်ကို ကန့်သတ်ခဲ့ပြန်သည်။ မှုခင်းဖြစ်ရပ်များကို စစ်ဆေးပြီးနောက် အပြီးသတ် လျှောက်လချဲက်ပေးရန် နေ့ရက်နီးသည့်အခါ အပြီးသတ် လျှောက်လချဲက်ကို ပြင်ဆင်အတည်ပြုနိုင်ရန်အတွက် တရားခံအဖြစ် စွပ်စခွဲံရသူ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ အကျိုးဆောင်များ တိုင်ပင်ဆွေးနွေးခွင့်ကိုပင် တရားလိုဘက်မှ ခွင့်မပြုခဲ့ပေ။ အမှုကို စတင်စဆွဲိုစဉ်ကပင် ၁၉၇၄ ခုနှစ် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံ၏ ဖွ့စဲ ည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေးကို ကန့်သတ်တားဆီးခဲ့ခြင်း ဖြစ်သည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တငွ် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ထုတ်ပြန်ကျေညာခဲ့သည့် ဖျက်သိမ်းသော ဥပဒေများစာရင်းတွင် မပါဝင်သော်လည်း ၁၉၇၄ ခုနှစ် ဖွ့စဲ ည်းပုံ အခြေခံဥပဒေအရ ဖွ့စဲ ည်းထားသည့် ပြည်သူ့လွှတ်တော်၊ နိုင်ငံတော်ကောင်စီ၊ ပြည်သူ့လုပ်ငန်း စစ်ဆေးရေးအဖွဲ့၊ ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွ့နှဲင့် ပြည်သူ့တရားသူကြီး အဖွ့တဲို့ကို ဖျက်သိမ်းကြောင်း ထိုစဉ်က န၀တ နိုင်ငံတော် ငြိမ၀် ပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ထုတ်ပြန်ကျေညာခဲ့သည့် နိုင်ငံတော် ငြိမ၀် ပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အမိန့်အမှတ် ၁/၈၈ စကားရပ်များ အစားထိုးသည့် ဥပဒေအမှတ် ၈/၈၈ ၊ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၂/၈၈၊ ၃/၈၈ ၊ ကြေညာချက်အမှတ် ၂/၈၈ တို့ အရလည်းကောင်း၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ကြေညာချက်အမှတ် ၁/၉၇၊ ၁၉၉၇ ခုနှစ် စကားရပ်များ အစားထိုးသည့် ဥပဒေအမှတ် ၁/၉၇ တို့ အရလည်းကောင်း၊ သက်သေခံအမှတ် (ခ) ကန့်သတ်မိန့်တငွ် ဖော်ပြထားသော ၁၉၇၄ ခုနှစ်၊ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များသည် ကြေညာချက်အမှတ် ၆/၈၈ တွင် ဖော်ပြထားသော ပယ်ဖျက်ခြင်းအရ ပယ်ဖျက်ပြီးဖြစ်သည်ကို သိပါသလားဟု ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရှေ့နေများက မေးမြန်းရာတွင် - အမှုလိုက် ဥပဒေအရာရှိက ဥပဒေပြဋ္ဌာန်းချက်များ ဖြစ်သဖြင့် သက်သေအား မေးမြန်းရန် မသင့်ပါကြောင်း ကန့်ကွက်တင်ပြသည်။ ကန့်သတ်သည့် ပုဒ်မများဖြစ်သော ၁၄၈(၈)၊ ၁၅၇၊ ၁၅၈၊ ၁၅၉ (က)(ခ) နှင့် ၁၆၀ တို့မှာ ပြည်ထောင်စု ဆိရှုယ်လစ် သမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မများ ဖြစ်သည်ဆိုလျှင် မှန်ပါသည်ဟု တရားလိုဖြစ်သူ ဒုရမှဲူးကြီးဇော်မင်းအောင်က ထွက်ဆိုထားသည့်အတွက် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် သက်ဝင်လှုပ်ရှားခြင်း ရှိ၊ မရှိ ဆိုသည်ကို မေးမြန်းရန် အဓိက လိုအပ်လာသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ အကျိုးဆောင်များက ဆိုရှယ်လစ် ဖွ့စဲ ည်းပုံ အခြေခံဥပဒေ အတည်ဖြစ်လျက် ရှိသည်ဟုဆိုရာ ယခုအချိန်တငွ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌမှ အတည်ပြုထားပြီးဖြစ်၍ ဖွ့စဲ ည်းပုံ အခြေခံဥပဒေ ၂ ရပ် ရှိနေပါသလားဆိုလျှင် - ၂၀၀၈ ခုနှစ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွ့စဲ ည်းပုံ အခြေခံဥပဒေ အာဏာတည်ရှိမှုနှင့် ပတ်သက်၍ မေးမြန်းခြင်းကိုလည်း တရားရုံးက - ဥပဒေအချက်အလက်၊ အမိန့်ညွှန်ကြားချက် မြောက်မြားစွာကို သက်သေအား ဖြေဆိုရန် အတင်းအကျပ် ခိုင်းစေရန်မသင့်ဟု ကျွန်ုပ်တို့ ယူဆသည်။ သို့ဖြစ်၍ အမှုနှင့် တိုက်ရိုက်ပတ်သက်သော အချက်အလက်တခုချင်းကို အဖြေတခုခြင်းဖြင့် မေးမြန်းရန် ကျွန်ုပ်တို့ ဆုံးဖြတ်သည်ဟုဆိုကာ မေးမြန်းခွင့် မပြုခဲ့ပေ။ တရားခံများဘက်မှ အကျိုးဆောင်များက ဥပဒေအချက်အလက်၊ အမိန့်၊ ညွှန်ကြားချက်များကို တခုချင်း မေးမြန်းရာတွင် - သက်သေခံ (ခ) တွင် ဖော်ပြထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရှိသည့် နိုင်ငံတော် အာဏာပိုင်အဖွ့အဲ စည်းများကို ယနေ့မှစ၍ ဖျက်သိမ်းလိုက်ပြီဟု ၁၈-၉-၈၈ ရက်စပွဲါ ကျေညာချက်အမှတ် ၂/၈၈ အရ ကြေညာထားပြီးဖြစ်သည်ကို သိပါသလားဟု ထပ်မံမေးမြန်းခြင်းအပေါ် ခရိုင် ဥပဒေအရာရှိက အမှုနှင့် တိုက်ရိုက်မပတ်သက်သော ကိစ္စရပ်များကို မေးမြန်းခြင်း မပြုရန်၊ အာဏာပိုင် အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး တည်ရှိမှု ရှိ၊ မရှိ မေးမြန်းခြင်းများအား အမှုနှင့် မသက်ဆိုင်၍ မေးမြန်းခွင့် မပြုသင့်ကြောင်း ကန့်ကွက်ခဲ့ပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ လိုက်ပါဆောင်ရွက်သော ရှေ့နေက ကျနော် ပထမဆုံး မေးမြန်းသော မေးခွန်းအပေါ်တွင် တရားရုံးတော်မှ ဥပဒေနှင့် အမိန့်ကြော်ငြာစာများကို တခုချင်း ခွဲခြား၍ မေးမြန်းရန် ညွှန်ကြားခဲ့ပြီးဖြစ်သဖြင့် အဆိုပါ ညွှန်ကြားချက်နှင့် ပထမ မေးမြန်းခဲ့သော မေးခွန်းတွင် ပါရှိသည့် ဥပဒေ၊ အမိန့်များ၊ ကြေညာချက်များကို တခုစီခွဲခြား၍ မေးမြန်းနေခြင်းသာ ဖြစ်သည့်အပြင် သက်သေခံ တင်ပြထားသော သက်သေခံ (ခ) နှင့် တိုက်ရိုက် ပတ်သက်ဆက်စပ်နေသည့် မေးခွန်းများကိုသာလျှင် မေးမြန်းခြင်းဖြစ်သဖြင့် ဥပဒေနှင့်အညီ မေးမြန်းခြင်းကို ခွင့်ပြုပါရန် ခရိုင် တရားရုံး တရားသူကြီးများအား တင်ပြသည်။ သို့သော် ခရိုင် တရားရုံး တရားသူကြီးများက အုပ်ချုပ်မှုအာဏာပိုင်များ၏ ဆောင်ရက်ွချက်များအပေါ် သိ၊ မသိ မေးမြန်းခြင်းဖြစ်၍ အမှုနှင့် တိုက်ရိုက် ပတ်သက်မည်ဟု ဆိုနိုင်မည်မဟုတ်ဟူသည့် အကြောင်းပြချက်ဖြင့် မေးမြန်းခွင့် မပြုကြောင်း ဆုံးဖြတ်သည်။ တရားလိုဘက်မှ သက်သေစာရင်းတွင် မပါသည့် ဒုရဲမှူးကြီးဝင်းနိုင်ထနွ်းကို တရားရုံးက လက်ခံစစ်ဆေးခြင်း မပြုရန် ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က လျှောက်ထားသည့်အခါမှ ကွန်ပြူတာ စာရိုက်ရာတွင် ကျန်သွားသည့်အတွက် ဟူသည့် အကြောင်းပြချက်ကို သီးသန့် ခုံရုံး တရားသူကြီးများက လက်ခံ၍ သက်သေအဖြစ် အစစ်ခံခငွ့် ပြုခဲ့သည်။

ထိုသို့ အစစ်ခံသူ၏ ထွက်ချက်များအပေါ် တရားခံဘက်မှ ခုခံချေပသည့်အခါ ခရိုင် ဥပဒေအရာရှိအဖြစ် လိုက်ပါသူက နည်းအမျိုးမျိုးဖြင့် ကန့်ကွက်၍ တရားရုံးကလည်း မေးမြန်းခွင့် မပြုခဲ့သည်ကို အထင်အရှား တွေ့ရှိရသည်။ ထို့ကြောင့် လက်ရှိ ခရိုင် အထူးသီးသန့် တရားရုံး၏ ဆောင်ရွက်ချက်များသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြစ်ပေးအရေးယူရန် အဓိကထား လုပ်ဆောင်နေသည်မှာ အထင်အရှားပင်ဖြစ်ကြောင်း အမှုတစိတ်တပိုင်းကို တင်ပြလိုက်ရပေသည်။

http://www.mizzimaburmese.com/edop/songpa/3418-2009-07-23-13-21-52.html

Related Documents

23 July News
May 2020 8
Speed News July 23, 2007
August 2019 22
News 23
July 2020 0
Mel News July 17,2008
May 2020 67
24 July News
May 2020 23
News Resume July 2009
May 2020 15