1august News

  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View 1august News as PDF for free.

More details

  • Words: 3,458
  • Pages: 11
1 AUGUST

ဒိုင်ယာရီ

မြန်မာပြည် နျူကလီးယား ဓာတ်ပေါင်းဖိုအတွက် မြောက်ကိုရီးယားနိုင်ငံက ကူညီနေ

AFP

သတင်းဌာန

ဇူလိုင် ၁၊ ၂၀၀၉ မြောက်ကိုရီးယားနိုင်ငံက မြန်မာပြည်တငွ် နျူကလီးယား ဓာတ်ပေါင်းဖို နှင့် ငါးနှစ်အတွင်း အဏုမြူ ဗုံး တလုံး တည်ဆောက်ရန် ရွှေ့ပြောင်းနိုင်သည့် ပလူတိုနီယမ် စက်ရုံ တို့ကို လျှို့ဝှက် တည်ဆောက်ရေးအတွက် အကူအညီ ပေးနေသည်ဟု သိရသည်။ မြန်မာပြည်မှ ထွက်ပြေးလာသူများကို ကိုးကားပြီး ယနေ့ ထွက်ပေါ်လာသော သတင်းတပုဒ်တငွ် ဖော်ပြထားခြင်း ဖြစ်သည်။ အဆိုပါ ဓာတ်ပေါင်းဖိုသည် မြန်မာပြည် မြောက်ပိုင်း Naung

Laing

အရပ်ရှိ တောင်တန်းများအတွင်း လျှို့ဝှက် တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊

ရုရှနိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ထားသည့် အရပ်ဘက် နျူကလီးယား ဓာတ်ပေါင်းဖိုအနီးတွင် ရှိနေကြောင်း

Sydney Morning Herald

သတင်းစာတွင် ရေးထားသည်။ မြောက်ကိုရီးယားက မြန်မာနိုင်ငံကို နျူကလီးယား နည်းပညာ လွှဲပြောင်းပေးမည်ကို စိုးရိမ်ရကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ထုတ်ဖော်ပြောကြားပြီး မကြာမီမှာပင် ဤသတင်းပေါက်ကြားမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။ မြန်မာအစိုးရတွင် နျူကလီးယား ရည်မှန်းချက်ကြီး ရှိနေကြောင်း မိုးကြိုး နှင့် တင်မင်း ဟု အမည်ခံထားကြသည့် မြန်မာပြည်မှ ထွက်ပြေးလာသူများက သြစတေးလျ သုတေသီ မစ္စတာ ဒက်စမွန်ဘော ဆိုသူကို ပြောပြကြသည်ဟု ဆိုသည်။

“သူတို့ပြောတာကတော့ ကျန်းမာရေးအတွက်ရည်ရွယ်တယ်၊ ဆေးရုံတွေမှာ

သုံးဖို့ ဆေးပစ္စည်းတွေ ထုတ်လုပ်မယ်လို့ ပြောတာပဲ” ဟု တင်မင်း ဆိုသူကို

ကိုးကားပြီး ပြောပြသည်။

“နျူကလီးယားသိပ္ပံ နည်းပညာကို သုံးတ့ေဲ ဆးရုံ မြန်မာပြည်မှာ

ဘယ်နှစ်ခု ရှိလို့လဲ” ဟု တင်မင်းက ပြောသည်။ “မြန်မာပြည်မှာ လျှပ်စစ်မီးတောင် ပုံမှန်

ရတာမဟုတ်ဘူး” ဟု ဆိုသည်။ တပ်မတော် အရာရှိအဖြစ် တာဝန်ယူခသ့ဲူ မိုးကြိုးကလည်း တပ်သား တထောင် ပါဝင်သည့် “နျူကလီးယား ရေးရာ တပ်ဖ”့ွဲ ကို ကိုင်တယ်ွရန်အတွက် သင်တန်းတက်ခဲ့ဖူးသည်ဟု ဆိုသည်။ မြန်မာပြည်က မြောက်ကိုရီးယား နှင့် အီရန်နိုင်ငံတို့ကို ယူရေနီယံ သတ္တုများ တင်ပို့ခသ့ဲ ည်ဟု ဆိုသည်။

သင်္ဃန်းညီနောင် တံတားကျိုးဂိတ်တငွ် ရတခ - စစ်ဗျူဟာမှူး ကိုယ်ကျိုးရှာနေ စောသိန်းမြင့် (ကေအိုင်စ)ီ သြဂုတ် ၁၊ ၂၀၀၉ ကရင်ပြည်နယ် သင်္ဃန်းညီနောင်ရှိ ကော့ကရိတ-် မြ၀တီကားလမ်း တံတားကျိုး စခန်းမှ အရှေ့တောင်တိုင်း စစ်ဌာနချုပ် အခြေချ စစ်ဗျူဟာမှ တာဝန်ခံ စစ်ဗျူဟာမှူးတဦး သည် အဖွဲ့ အစည်း အမည်ခံကာ ကိုယ်ကျိုးရှာ အခွန်ကောက်ခံလျက် ရှိသည်ဟု သိရသည်။ အဆိုပါ စစ်ဗျူဟာမှူး ဗိုလ်မှူးခင်မောင်ဝင်းသည် ၂၀၀၈ခုနှစ်မှစ၍ ယခုအချိန်ထိ ထိုင်း-မြန်မာနယ်စပ် မြ၀တီမှ တင်သငွ်းလာသော လိုင်စင်မဲ့ ဂျပန် မော်တော်ယာဉ်ကားများကို ကားအမျိုးအစား အပေါ် မူတည်ပြီး တစီးလျှင် ကျပ် ၂သိန်းမှ ၅သိန်းအထိ ကောက်ခံနေသည့် အပြင် တရားမ၀င် တင်ဆောင်လာသော ကန့်သတ် ကုန်တင်ကားများကိုလည်း ကုန်ပစ္စည်းအပေါ် မူတည်ပြီး တစီးလျှင် ကျပ်(၃)သိန်းမှ (၁၀)သိန်း အထိ ကောက်ခံလျက် ရှိကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူများက ပြောသည်။ အမည်မဖော်လိုသည့် တံတားကျိုးစခန်း အနီးတ၀ိုက်တငွ် နေထိုင်သူတဦးက “အဲဒီကောက်ခံမှု အတိုင်းအတာဟာ တနေ့ကို ဆိုလို့ရှိရင် ကျပ် သိန်း (၂၅၀)ကနေ (၃၀၀)အထိ ရတယ်။ အဲဒီ ကောက်လို့ရတဲ့ ငွေတွေကို ဗျူဟာမှူးခင်မောင်ဝင်းက ကိုယ်ကျိုးအတွက် သီးသန့်သုံးစွေဲ နတယ်” ဟု ပြောသည်။ မြ၀တီမြို့မှ တင်ဆောင်လာသော ၎င်း လိုင်စင်မဲ့ကားများကို မော်လမြိုင်စက်မှုဇုံနှင့် ရန်ကုန်စက်မှုဇုံသို့ နည်းမျိုးစုံဖြင့် ယူဆောင် မောင်းနှင်သွား လျှက်ရှိသည်ဟု အဆိုပါနယ်မြေခံက ဆက်ပြောသည်။ ထိုဂိတ်၏ စစ်ဆေးရေးအဖွဝဲ့ င်တဦးက “အရင်က ဒီဂိတ်ဟာ နိုင်ငံရေးသမား၊ ဖောက်ခွေဲ ရးသမားတွေကို စောင့်ကြည့်စစ်ဆေးတယ်။ အခု အဲဒီလို မဟုတ်တော့ဘူး။ လိုင်စင်မဲ့ကားတွေ၊ ကန့်သတ်ကုန် တင်ဆောင်တဲ့ ကားတွေကိုပဲ အဓိက စစ်ဆေးနေတယ်” ဟု ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၁ရက်နေ့တွင် စစ်ဗျူဟာမှူး ခင်မောင်ဝင်း၏ အမိန့်ဖြင့် တံတားကျိုး စစ်ဆေးရေးဂိတ်ရှိ အကောက်ခန်ွအဖွဲ့ ၊ ရဲအဖွဲ့ ၊ စရဖ အဖွဲ့ ၊ စသုံးလုံးအဖွဲ့ နှင့် ရဲအထူးအဖွဲ့ တို့ကို ခေါ်ပြီး ၎င်းတို့တပ်ဖွဲ့ သည် ပြည်သူလူထုထံမှ ငွေကောက်ခံမှုမရှိကြောင်းကို အာမခံ သဘောတူ လက်မှတ်

ရေးထိုးခိုင်းကြောင်း၊ ယင်းအဖွဲ့ များကလည်း ဗျူဟာမှူးကို ကြောက်ကြသဖြင့် လက်မှတ်ရေးထိုးခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။ ယခုလို အဖွဲ့ အစည်းအမည်ခံ၍ မတရား ငွေကောက်ခံခြင်းသည် တခြား အဖွဲ့ အစည်းများကို နိုင်ထက်စီးနင်း အတင်း အဓမ္မ လက်မှတ် ရေးထိုးခိုင်းသည့်အပေါ် ကျန်အဖွဲ့ များက မကျေမနပ် ဖြစ်ကြသော်လည်း တိုင်ကြားမှု တစုံတရာမှ မလုပ်ရြဲ ကကြောင်း တံတားကျိုးရှိ ဒီကေဘီအေ ဗဟိုစစ်ဦးစီး ဌာနမှ အရာရှိတဦးက ပြောသည်။

“အမှန်ကတော့ ဂိတ်ဆိုတာကတော့ ကောက်မှာပဲလေ။ မကောက်န့လဲို့

မဆိုလိုချင်ပါဘူး။ ဒါပေမဲ့ သူ့ဟာနဲ့သူ တန်ရာတန်ရာတော့ ကောက်ပေါ့။

ငါးသိန်းဆိုငါးသိန်း၊ ဆယ်သိန်းဆို ဆယ်သိန်း သတ်မှတ်ပါ။ အခုဟာက ရရင် ရသလို တောင်းလိုက်၊ ကောက်လိုက် လုပ်တာဟာ တခြားအဖွဲ့ တွေကို သက်သက် နှိမ်တာပဲ။ အဲဒီကိစ္စကို ဘယ်သူမှလည်း မကျေနပ်ကြပေမယ့် အထက်ကို တိုင်ကြားဖို့လည်း မလုပ်ရြဲ ကဘူး ဖြစ်နေတယ်။ ဘာဖြစ် လို့လဲ ဆိုတော့ ဒီနယ်စပ်မှာ တာဝန် ထမ်းဆောင်ရဖို့ အခွင့်အရေး မနည်း ဖားထားရတာကိုး။ အထက် တိုင်ကြားတာတွေ လုပ်လို့ ပြဿနာတက်ရင် ခင်ဗျားတို့ကောင်တွေ နယ်စပ်မှာ အနေမတတ်လို့ ဆိုပြီး အဖြုတ်ခံရမယ်။ ဒါကြောင့် မတိုင်ရဲကြတာ”ဟု ၎င်း ဒီကေဘီအေအရာရှိက ပြော သည်။ ကားကုန်သည်တဦးက “အဲဒီဂိတ်မှာက ဗျူဟာမှူး ခင်မောင်ဝင်းရဲ့ စေခိုင်းချက်နဲ့ ဗိုလ်ကြီးမြတ်ဇော်ဦးက သူ့တပည့် ကျော်တိတ် ခေါ် ဘိတ်သား ဆိုတဲ့တယောက်ကို စက်မှုဇုံပို့မဲ့ လိုင်စင်မဲ့ ကားတွေကို ဂိတ်ဖြတ်ခ အကြီးအကျယ် ကောက်ခိုင်းနေတာ။ ကျနော်တို့က သူတို့ကိုလည်း ပေးရ၊ ဒီကေဘီအေနဲ့ ငြိမ်းချမ်းရေး အဖွဲ့တွေကိုလည်း ပေးရသေးတယ်”ဟု ဆိုသည်။ မြ၀တီ-ကော့ကရိတ် တောင်ပေါ်ကားလမ်းတွင် အဖွဲ့စုံ ဂိတ်ကြီးအချို့နှင့် ကင်းတဲဂိတ်များ အပါအ၀င် ဂိတ်ပေါင်း (၂၈)ခုရှိရာ အခြားဂိတ်များက တော်ရုံလောက်သာ ကောက်ခံကြသော်လည်း ဗျူဟာမှူး ဗိုလ်မှူးကြီးခင်မောင်ဝင်း ဦးစီးကြီးကြပ်သည့် တံတားကျိုး စစ်စခန်းဂိတ် တခုတည်းက ၎င်းတို့စိတ်ကြိုက် ကောက်ခံလျှက်ရှိသည်။

ကျေးလက်သျှမ်းရွာ ၁၀ ရွာကျော်အား စစ်အစိုးရတပ် မီးရှို့ဖျက်ဆီး အဓမ္မမောင်းထုတ် စနေနေ့၊ ၀၁ သြဂုတ်လ ၂၀၀၉ သျှမ်းသံတော်ဆင့် .သျှမ်းပြည်အလယ်ပိုင်း၌ လှုပ်ရှားသော စစ်အစိုးရတပ်များ ကျေးလက်လူထု၏ရပ်ရွာ၊ နေအိမ်၊ စပါးကျီများ ဆက်တိုက် မီးရှို့ဖျက်ဆီးကာ ဒေသခံသျှမ်းလူထုအား ရပ်ရွာမှမောင်းထုတ်၊ ဖမ်းဆီးရိုက်နက်ကြောင်း သျှမ်းပြည်အလယ်ပိုင်း သတင်းရပ် ကွက်ကဆိုပါသည်။

“နမ့်ဇန်၊ လွယ်လင်၊ ပင်လုံ၊

လဲချား မိုင်းကိုင်၊ ကျေးသီး၊ မိုင်းနောင်အကြား တောရွာတွေဘက်မှာလှုပ်ရှားနေတဲ့ လွယ်လင် အခြေစိုက် ခလရ ၉ ၊ ခလရ ၁၂ ၊

လဲချားအခြေစိုက် ခလရ ၆၄၊ ခမရ ၅၁၅ ၊ မိုးနဲအခြေစိုက် ခလရ ၂၄၈ တွေပေါ့။ အဲဒီတပ် တွေဘဲ ၂၇/၀၇/၀၉ စပြီး ရွာတွေကိုလိုက်ပြီးမီးရှို့နေတာ”

-

ဟု

အမည်မဖေါ်လိုသည့် ပင်လုံမြို့သားတဦးက ဆိုသည်။ ခမရ ၅၁၅ က မိုင်းယိုင်းကျေးရွာအုပ်စုရှိ ကျေးရွာသုံးရွာအား အဓမ္မမောင်းထုတ်မှုကြောင့် လဲချားမြို့နယ် ပန်ဖုန်းကျေးရွာ ဘက်သို့ အိမ်ခြေ ၂၀ ကျော်ထွက်ပြေးကြကြောင်း၊ ခလရ ၆၄ က အသက် ၁၅ နှစ်အောက် ယောက်ျားလေး အပါအ၀င် ဇီးဇေါ့ရွာ သား ၁၄-၁၅ ယောက်ကို မေ့မျောသည်အထိ ဖမ်းဆီးရိုက်နှက်ပြီး အဓမ္မရပ်ရွာပြောင်းခိုင်းကြောင်း၊ ခလရ ၂၄၈ က ကွန်ဟိန်းမြို့နယ် နောင်တောဝ်းမိုင်းလုံး လားဟူရွာ သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုတိုင် ပြန်လွတ်ပေး ခြင်းမရှိသေးကြောင်း၊ ထို့အတူ ခလရ ၉ လွယ်လင် ကလည်း ဟိုခိုင်းရွာသူ/သားများအား အဓမ္မပြောင်းရွေ့ခဲ့ကြောင်း စစ်အစိုးရလှုပ်ရှားမှု စောင့်ကြည့်လေ့လာသည့်အသိုင်းအ၀ိုင်းက ဆိုသည်။ အမည်မဖေါ်လိုသည့် အသက် ၃၀ ကျော် လဲချားမြို့သူတဦးက -“၂၉ ရက်နေ့မနက် လဲချားအရှေ့မြောက်ဘက် ၀မ့်တတ် မောက်၊ ကွန်ဟုန်း၊ ဟိုလုံး(မ်း) ရွာတွေကို မီးရှို့တာက ခလရ ၉၉ မဟုတ်ဘူး လွယ်လင်အခြေစိုက် ခလရ ၁၂ ဖြစ်တယ်။ ရွာသုံးရွာ အိမ်ခြေစုစုပေါင်း ၂၀၀ ကျော် မီးထဲအားလုံးပါသွားတယ်။ ဘာမှမကျန်အောင်ရှို့တယ်ဆိုတော့ စပါးကျီ အိမ်မွေး ကြက်ခြံ/၀က်ခြံလအဲ လွတ်မထားဘူး၊ ကျွဲ နွား တွေလဲ သတ်စားတဲ့အပြင် တွေ့သမျှပစ္စည်းတွေ လဲယူသေးတယ်”

-

ဟုဆို၏။

သျှမ်းပြည်တပ်မတော် တပ်မှူးတဦးက စစ်အစိုးရတပ်လုပ်ရပ်သည် ကုလားမနိုင်ရခိုင်မဲ ဆိုသည့်စကားအတိုင်း သျှမ်းပြည် တပ်မတော်ကို မတိုက၀်ံ့ဘဲ ကျေးလက်လူထုကိုပစ်မှတ်ထား အနိုင်ကျင့်နှိပ်စက်ခြင်းသည် ယုတ်ညံ့သည့်လုပ်ရပ်ဖြစ် ကြောင်း၊ အမှတ် ၂ စကခ မှူး ဗိုလ်မှူးကြီးကျော်ဇံမြင့် ပြောသည့်

“စစ်ဗျူဟာ ၂ ခု

အသုံးပြုပြီး သျှမ်းပြည်တပ်မတော်ကို အပြင်းအထန် တိုက်ခိုက်ချေမှုန်းမယ်” ဆိုသည့်ကြွားလုံးသည်

ကျေးလက်လူထု၏ဥစ္စာပစ္စည်းကိုမီးရှို့ဖျက်ဆီးခြင်းသာဖြစ် ကြောင်း၊ သျှမ်းပြည်တပ်မတော်ကလည်း ပြည်သူ့ကိုယ်စား ဆက်လက်လက်စားချေ တန်ပြန်တိုက်ခိုက်သွားမည်ဖြစ် ကြောင်း ထပ် ပြော၏။ သျှမ်းပြည်မျိုးချစ်ပုဂ္ဂိုလ်တဦးက - ယခုအချိန်သည် သျှမ်းပြည်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များ စုစည်း၍ နယ်ချဲ့ စစ်အစိုးရ/စစ်အာဏာရှင်အား တွန်းလှန်တိုက်ခိုက်ရန် အချိန်ရောက်ပြီဖြစ်ကြောင်း၊ တော်လှန်ရေးတပ်များအနေဖြင့် ထိရောက်သည့်အောင်ပခွဲံ တိုက်ပမျွဲိုးမဆင်နနွှဲိုင်သရွှေ့ စစ်အစိုးရကလူထုအပေါ် လူ့အခွင့်အရေးဆက်လက် ချိုးဖေါက်နေ မည် မလွေဲ ကြာင်း - ပြောဆိုသုံးသပ်ပါသည်။ စစ်အစိုးရနှိပ်စက်ညှင်းပမ်းမှုဒဏ်မှထွက်ပြေးနေသည့် သျှမ်းပြည်အလယ်ပိုင်းဒုက္ခသည်အများအပြားသည် မည်သူ့ထံမှ ကူညီစောင့်ရှောက် ထောက့်ပံ့မမှုမရ။ ဆွေမျိုးမဲ့သူများ တောတောင်ထဲ ပုန်းခိုနေထိုင်ရခြင်း၊ အချို့လည်း မြို့တွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ခိုကိုးနေထိုင်ရခြင်း၊ ကျေးရွာမီးရှို့ဖျက်ဆီးအဓမ္မပြောင်းရွေ့သည့် စစ်အစိုးရဘက်မှ တစုံတရာ ကူညီဆောင်ရက်ွပေးမှု မရှိခြင်းတို့သည်သာမက ဒုက္ခသည်ရွာသားများ၏ ပစ္စည်းများလည်း အဓမ္မလုယူနေသေး ကြောင်း ဆိုသည်။ ၂၀၀၉ မေ ၂၁ မှ စ၍ှဗ တောင်ပိုင်းတပ်ဖွဲ့ နှင့် နအဖ စစ်တပ်အကြား တိုက်ပြွဲ ကီးငယ် အကြိမ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်အစိုး ရတပ်ဘက်က (ဗိုလ်ကြီး၊ ဗိုလ်မှူးအဆင့်အထိပါဝင်)၂၀ ကျော်သေဆုံးကာ၊

SSA

က လက်နက်ကြီးငယ် ၃၀ ကျော် သိမ်းဆည်းရမိကြောင်း၊

SSA

ဘက်မှ ( ၂၀၀၈ နိဝု င်ဘာ မှ ၂၀၀၉ ဂျွန်

အထိ

SSA

၏ ခြောက်လပတ်အစည်းအဝေး မှတ်တမ်း အရ) တပ်မတော်သား ၂ ယောက်ကျဆုံးပြီး လက်နက် ၁ လက် ဆုံးရှုံးကြောင်း ဆိုပါသည်။

အဆိုပါ တိုက်ပွဲများမှ စစ်အစိုးရဆုံးရှုံးမှုများသောကြောင့် မိုင်းနောင်အခြေစိုက် ဒကစမှူးဗိုလ်မှူးကြီး ကျော်ဇံမြင့် က ၎င်း လက်အောက်ခံ ခမရ၊ ခလရ တပ်မှူးများအားလုံး ခေါ်ယူပြီး ဂျူလိုင် ၂၀ ရက်နေ့က အရေးပေါ်အစည်း အဝေးခေါ်ယူ ကျင်းခဲ့ပါသည်။ ထိုအစည်းအဝေးမှာ တောင်ပိုငှ်းဗ တပ်ဖွဲ့ အား အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ရန် စစ်ဗျူဟာနှစ်ခု ပြင်ဆင်ဖို့ အမိန့်ပေးခဲ့သည့်နောက်ပိုင်း ကျေးရွာမီးရှို့ ဖျက်ဆီးမှု ပထမဆုံး စတင်လာခဲ့ခြင်းဖြစ်သည်။

ပြည်သူ့စစ် အသွင်ပြောင်းရန်

SSA-N

ခေါင်းဆောင်ထပ်မံခေါင်းခါ

စနေနေ့၊ ၀၁ သြဂုတ်လ ၂၀၀၉ သျှမ်းသံတော်ဆင့်

.

၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ပြည်သူ့စစ်တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းရန်အပစ်ရပ် သျှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း တပ်ဖွဲ့ ဥက္ကဌ အား လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း (ရမခ) တိုင်းမှူးက လားရှိုးစစ်တိုင်းရုံးသို့ထပ်မံခေါ်ယူတွေ့ဆုံ တိုက်တနွ်းထိအားပေးခဲ့ကြောင်း မြောက်ပိုင်းသျှမ်းပြည်သတင်းရပ်ကွက်က ဆိုသည်။

“ပြီးခဲ့တဲ့ ၂၇ ရက်နေ့ကပေါ့၊

လားရှိုးတိုင်းမှူးဆင့်ခေါ်လို့ ဥက္ကဌကြီး စ၀်လယွေ် မာဝ် စစ်တိုင်းရုံး ရွှေလီရိပ်သာအထိ သွားတွေ့ ရတယ်၊ ပြည်သူ့စစ်တပ်ဖွဲ့

အဖြစ်ပြောင်းဖို့ ထပ်ပြောတယ်ဆိုဘ”ဲ - ဟု လားရှိုးစစ်တိုင်းရှုံးအရာရှိများ နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ဆိုသည်။

အပစ်ရပ်

SSA မြောက်ပိုင်းတပ်ဖွဲ့ ၏ ဥက္ကဌ စ၀်လွယ်မောဝ်

ထိုတွေ့ဆုံပ၌ွဲ လားရှိုးစစ်တိုင်းမှူးဗိုလ်ချုပ်အောင်သန်းထွဋ်က အပစ်ရပ် SSA မြောက်ပိုင်း ဥက္ကဌအား ပြည့်သူ့စစ်တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းရန် အဆင်သင့်ဖြစ်မဖြစ် မေးမြန်းခဲ့ကြောင်း၊ စ၀်လွယ်မောဝ်ကလည်းသျှမ်းပြည်တပ်မတော်အပစ်ရပ် တပ်ဖွဲ့ အနေဖြင့် ဂျွန် ၂၃ ရက်နေ့က ဗိုလ်ချုပ်ရဲမြင့်ထံ အခြေအနေမှန် အားလုံးတင်ပြခဲ့ပြီးဖြစ်ကြောင်း၊ အောက်ခြေ အဆင့်လူငယ် အရာရှိများ/တပ်မှူးများက အစိုးရ၏စေတနာအပေါ်နားလည်ရန် အချိန်ယူရှင်းပြနေရကြောင်း၊အလယ် အလတ် စစ်ရေး ခေါင်းဆောင်အများစု လက်မခံနိုင်သေးသဖြင့် ဘာမျှမတတ်နိုင်ကြောင်း၊ ရွေးကောက်ပွဲပြီး၍ ဒီမိုကရေစီ အစိုးရသစ်ပေါ် ပေါက်လာမှသာလျှင် အသွင်ပြောင်းရေးကိစ္စ ပြန်လည်ဆွေးနွေးစေလိုကြောင်း၊ စိတ်ရှည်သီးခံရန် မေတ္တာရပ်ခံလိုကြောင်း ပြောကြားခဲ့သည်ဟု ဆို၏။

“စ၀်လွယ်မောဝ်ကအဲဒီလိုလှည့်ပတ်ငြင်းတော့ တိုင်းမှူးကြီးက

ဘာမှဆက်မဆွေးနွေးတော့ဘူး၊ အခြားအပစ်ရပ်အဖွဲ့ တော် တော် များများကလဲလက်ခံဘူး

ကျနော်တို့လဲလက်မခံနိုင်သေးဘူးလို့ အဓိပ္ပါယ်ပေါက်တဲ့ အချက်အလက်တွေလေဲ ပြာ တယ်”- ဟု အဆိုပါပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်သို့ပြောပြပါသည်။

(စစ်အစိုးရ၏

နိုင်ငံတော်ပုန်ကန်မှုအပြင် အခြားအမှုပေါင်းများစွာ စွပ်စမွှဲုဖြင့် ခန္တီးထောင်၌ ထောင်ဒဏ် ၁၀၆ နှစ် ပြစ်ဒဏ် ကျခံရသူ)

SSA ခေါင်းဆောင်

ဗိုလခ်ျုပ်ဆေထဲန် နှင့် န၀တ အစိုးရတို့ ၁၉၈၉ စက်တင်ဘာ ၂၄ ရက်က - ၁။ နှစ်ဦးနှစ် ဘက် အပစ်အခတ်ရပ်စထဲားရန်၊ ၂။ ဒေသဖွံ့ဖြးရေးလုပ်ငန်းများကို နှစ်ဖက်ပူးပေါင်းလုပ်ဆောင်ရန်၊ ၃။ နိုင်ငံရေး ကိစ္စများကို နောင် တက်လာမည့် ဒီမိုကရေစီ အစိုးရသစ်နှင့်သာပြောဆိုဆွေးနွေးရန်စသည့် သဘောတူညီချက်များဖြင့် အပစ်ရပ်ခဲ့ ကြောင်း - ဆိုပါသည်။ ဤအချက်အလက်များကို အပစ်ရပ်သျှမ်းပြည်တပ်မတော် တပ်မှူးများ၊ အရာရှိများ ခိုင်ခိုင်မြဲမြဲစကွဲိုင်ကျင့်သုံးသောကြောင့် ပြည်သူ့စစ်အသွင်ကူးပြောင်းရေးကို လက်ခံလာအောင် စည်းရုံးနိုင်ရန် များစွာအခက်အခဲရှိကြောင်းလည်း ၂၃/၆/၀၉ စရဖ အရာရှိချုပ် ဗိုလ်ရြဲ မင့်ထံပေးစာ၌ အတိအလင်းဖေါ်ပြခဲ့သည်ဟုဆို၏။

ဒီကေဘီအေမှ ဗိုလ်နှုတ်ခမ်းမွှေး ထိုးစစ်အတွက် ဖားပြကျေး ရွာသို့ ရောက်ရှိ ဇူလိုင်လ ၃၁ရက်။ စောသိန်းမြင့် (ကေအိုင်စ)ီ

ဒီကေဘီအေ တပ်မဟာ (၅)မှူး ဗိုလ်မှူးချုပ်စောလားပွယ် (ခေါ်) ဗိုလ် နှုတ်ခမ်းမွှေးသည် ကေအဲန်ယူတပ်မဟာ (၆)နယ်မြေကို ထိုးစစ်ဆင် ရန်အတွက် ဇူလိုင်လ ၂၉ရက်နေ့က ၀င်းရေးမြို့နယ်၊ ဖားပြ ကျေးရွာတွင် ရောက်ရှိနေပြီဟု ဒေသခံများ က ပြောသည်။

“မနေ့ည (၈)နာရီလောက်မှာ သူ့လူအယောက်(၁၂၀)နဲ့ ဖားပြရွာကို

ရောက်လာပြီးတော့ ရွာလယ်ဘုန်းကြီးကျောင်းမှာ တည်းတယ်။ အဲဒီ ထဲမှာ (၉၀၁)၊ (၉၀၆)၊

(၉၀၇)တပ်ရင်းတွေပါတယ်လို့ ကျနော်တို့ သိရ တယ်။ တပ်မဟာ(၆)ကို မနေ့က တည်းက ထိုးစစ်ဆင်

စတင်နေ ပြီလေ။ ဟိုးနည်းနည်း ဒီနည်းနည်းပဲဆိုတော့

ကေအဲန် အယ်လ်အေကလည်း ဒီအတိုင်းပဲ ကြည့်နေသေးတယ်”ဟု နယ်မြေခံ တဦးက ပြောသည်။ ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆)မှ အရာရှိတဦးက “ကျနော်တို့ ဘက်ကတော့ ကရင်အချင်းချင်း သွေးထွက်သံယို မဖြစ်ချင်တဲ့ အပေါ်မှာ အတတ်နိုင်ဆုံး ရှောင်နေမှာပဲ။ ဒါပေမဲ့ ကျနော်တို့နယ်မြေကို မွှေနှောက်လှုပ်ရှား လာမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ကာကွယ်တ့အဲ နေနဲ့ ကျနော်တို့ တိုက်ပွဲဆင်နရွဲ မှာပဲ”ဟု ကေအိုင်စီကို ပြောသည်။ ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်သည့် ဒီကေဘီအေ တပ်မဟာ(၅)တပ်ဖွဲ့ သည် ဖားပြရွာသို့ ဇူလိုင် (၂၉)ရက်နေ့ညနေတွင် ရောက်ရှိခြဲ့ ပီး ထိုနေ့မနက်ပိုင်းတွင် နအဖ၊ ဒီကေဘီအေနှင့် ကေပီအက်ဖ်တို့ ပူးပေါင်းထားသောတပ်ဖွဲ့ သည် ကေအဲန် အယ်လ်အေ တပ်ရင်း(၁၆)တပ်ဖွဲ့ နှင့် ဖားပြအ၀င်ဝနှင့် ကျုံခွန်ကျေးရွာ၌ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတငွ် ကေအဲန်ယူဘက်မှ ထိခိုက်ဒဏ်ရာရမှု တစုံတရာ မရှိသော်လည်း နအဖနှင့် ပူးပေါင်းတပ်တို့ဘက်က ထိ ခိုက်မှုများရှိသည်ဟု ကေအဲန်ယူ တပ်မဟာ (၆)သတင်းများအရ သိရသည်။ ယင်းထိုးစစ်အတွက် ဒီကေဘီအေ တပ်မဟာ (၅)မှ တပ်ရင်း (၅)ရင်း၊ နအဖ တပ်မ(၂၂)နှင့် (၇၇)တို့၏ လက်အောက်ခံ တပ်ရင်းများ ပါဝင်ရမည်ဖြစ်ပြီး ဒီကေဘီအေ (၉၉၉)နှင့် (၃၃၃)တပ်မဟာများက စစ်ကူအဖြစ် လိုက်ပါရမည်ဟု နအဖမှ စီစဉ်ထားကြောင်း ဘုရားသုံးဆူမှ ကေပီအက်ဖ် ထိပ်ပိုင်းခေါင်းဆောင်တဦးက ပြောသည်။ ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်မည့် ဒီကေဘီအေတပ်များသည် ကေအဲန်ယူ တပ်မဟာ(၆) ထိန်းချုပ်နယ်မြေများဖြစ်သည့် မဲ့ကသာဂွင်၊ ကိုဒူကွဲဂင်ွနှင့် ဘုရားသုံးဆူရှိ ကျွန်းချောင်းဂွင်များကို ထိုးစစ်ရန်အတွက် ပထမပစ်မှတ်အဖြစ် ဘုရားသုံးဆူ ဂွင်ကို ဦးစွာ ရှင်းလင်းသွားမည်ဖြစ်ပြီး ဇူလိုင် (၃၁)ရက်နေ့ မွန်းလွဲပိုင်းတွင် ဗိုလ်နှုတ်ခမ်းမွှေးက ဒီကေဘီအေ တပ်မဟာ (၅၅၅)၊ (၃၃၃)၊(၉၉၉)ထံမှ စစ်ကူကြိုတင်တောင်းထားသည်ဟု သတင်းရရှိသည်။ အဆိုပါထိုးစစ်စတင်မည့် သတင်းကြောင့် နယ်စပ်ဒေသတွင် ဖြစ်ပွားလာမည့် တိုက်ပမျွဲားအပေါ် ဒေသခံ ရွာသူရွာ သား များမှာ စိုးရိမ်ထိတ်လန့်မှုများရှိနေကြသည်ဟု နယ်စပ်သတင်းများအရ သိရသည်။ ဒီကေဘီအေ တပ်မဟာ(၅)ကို တပ်ရင်း(၅)ရင်းဖြင့် ယခုနှစ်မေလတွင် အသစ်ဖ့စွဲ ည်းကာ ယခင် ကလိုထူးဘော ဗျူဟာ မှူး ဗိုလ်နှုတ်ခမ်းမွှေးကို တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဗီဇာပိတ် စာရင်းဝင်သူများကို စိစစ်ရန် ဝန်ကြီးဌာန ညွှန်ကြား နန်းဒေဝီ သောကြာနေ့၊ ဂျူလိုင်လ ၃၁ ရက် ၂၀၀၉ ခုနှစ် ၁၆ နာရီ ၅၇ မိနစ်

နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာနိုင်ငံသို့ ခရီးသွားလုပ်ငန်း ကုမ္ပဏီများမှတဆင့်

Arrival Visa ခေါ် ဆိုက်ရောက်ဗီဇာ လျှောက်သည့် နိုင်ငံခြားသား

ခရီးသွားများအနက် ဗီဇာပိတ်ပင် စာရင်းဝင်သူများ ပါဝင်ခြင်း ရှိမရှိ စိစစ်သွားရန် ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာနက ညွှန်ကြားထားသည်။

“ကန့်သတ်စာရင်း ဆိုတာက Black list ခေါ်တာပေါ့ဗျာ။ လဝက (လူဝင်မှုကြီးကြပ်ရေး) မှာ စာရင်းက ရှိပြီးသား။

အဲဒီလူတွေကို ဆိုလိုတာပါ” ဟု

နေပြည်တော် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအုန်းမြင့်က မဇ္ဈိမကို ပြောသည်။ လဝက ၏ ဗီဇာ ပိတ်ပင်ခံရသူများ ဖြစ်နေပါက Arrival

Visa ရရှိနိုင်မည် မဟုတ်သဖြင့် ခရီးသွား

ကုမ္ပဏီများက လဝက ထုတ်ပေးထားသည့်

Arrival Visa

ပုံစံ ၃ စုံအနက် လျှောက်လွှာတစုံကို ရန်ကုန်ရှိ လဝက ရုံးသို့ ၆ ရက် ကြိုတင်၍ ပေးပို့်ရမည်ဖြစ်ကြောင်း ညွန်ကြားစာတွင် ဖော်ပြထားသည်။

Arrival Visa လျှောက်သည့် ခရီးသွားများကို စိစစ်ခြင်းမှာ Visa

အဓိကအားဖြင့် နိုင်ငံရေးနှင့် ကင်းရှင်းသူ ဟုတ်မဟုတ် စစ်ဆေးခြင်းသာဖြစ်ကြောင်း

Arrival

ဝန်ဆောင်မှုပေးနေသည့် ရန်ကုန်ရှိ နာမည်ကြီး ခရီးသွားကုမ္ပဏီ တခု၏ ဦးဆောင်ညွှန်ကြားရေးမှူး မဇ္စျိမကို ပြောသည်။

သူက “ကျနော်တို့ ကုမ္ပဏီကနေ ဒီကိုလာမယ့် ဧည့်သည်ရဲ့ ကိုယ်ရေးရာဇဝင် အချက်အလက် အသေးစိတ်ကို လဝက ကို ပို့ပေးဖို့ပေါ့ဗျာ။ အဓိက သူတို့ လိုချင်တာက နိုင်ငံရေး ကင်းရှင်းတဲ့ ဧည့်သည် ဟုတ်မဟုတ် စိစစ်တာပါပဲ။

Black list

ဆိုတာက သူတို့ဆီမှာပဲ ရှိတယ်။

confidential (လျှို့ဝှက)် ပေါ့ဗျာ”

ဟု ပြောသည်။ မြန်မာပြည်တငွ်း ဝင်ရောက်မည့် ဧည့်သည်များအနေဖြင့် မိမိနိုင်ငံရှိ မြန်မာသံရုံးတွင် ဗီဇာကို ကြိုတင်၍ လျှောက်နိုင်သော်လည်း တနိုင်ငံမှ တနိုင်ငံသို့ ဝင်ထွက်လည်ပတ်နေသဖြင့် ကြိုတင်ဗီဇာယူရန် အခက်အခဲ ရှိသူများအနေဖြင့် သက်ဆိုင်ရာ ကုမ္ပဏီများနှင့် ကြိုတင်ချိတ်ဆက်ထားရန် လိုကြောင်း ခရီးသွား

ကုမ္ပဏီတခုမှ ညွှန်ကြားရေးမှူးတဦးက ပြောသည်။ သူက “အရမ်း အလုပ်ရှုပ်လို့ ဗီဇာမယူလာတဲ့သူတော့ ဒီလေယာဉ်ကငွ်းမှာ ဆိုက်ရောက်ဗီဇာ ပေးတယ်။ ဒါပေမဲ့ ဒီကို မလာခင်ကတည်းက အဲဒီဧည့်သည်က ကျနော်တို့ ဒီက ကုမ္ပဏီတခုခုနဲ့တော့ ချိတ်ပြီးသား ဖြစ်နေဖို့လိုတယ်။ ကိုယ့်ဧည့်သည်ကို တာဝန်ယူရတဲ့ သဘောပါ” ဟု ပြောသည်။ ယမန်နေ့ထုတ် ဝန်ကြီးဌာန ညွှန်ကြားချက်တငွ် ခရီးသွားလုပ်ငန်းရှင်များ ပေးပို့ထားသည့် ဧည့်သည်စာရင်းများကို လဝကရှိ ထောက်ခံစာရင်းတွင် ရှိမရှိကို မြန်မာ့ခရီးသွားလုပ်ငန်းတွင် စုံစမ်းနိုင်ပြီး၊ ထောက်ခံသည့်စာရင်းတွင် မပါရှိသူများအတွက် စောဒကတက်ခြင်း မရှိစေဘဲ သက်ဆိုင်ရာခရီးသည်သို့

Visa

Arrival

မရရှိကြောင်း ကုမ္ပဏီက ခရီးသည်ကို အကြောင်းကြားရန် ညွှန်ကြားထားသည်။

ထို့အပြင်

Arrival Visa စနစ်သည်

မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွားများ လွယ်ကူသက်သာစွာ လာရောက်နိုင်ရန် ရည်ရယ်ွဆောင်ရွက်ခြင်းဖြစ်၍

ခရီးသွားကုမ္ပဏီများအနေဖြင့် ဧည့်သည်များအပေါ်မှ ဝန်ဆောင်မှုကြေးများကို အလွန်အမင်း ရယူခြင်းနှင့် နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်ငွေ (ဝင်ငွေ၏ ၇ ရာခိုင်နှုန်း) ကို ရှောင်ကြဉ်ခြင်းများ မပြုလုပ်ရန်လည်း ဆိုထားသည်။ အလားတူ “ကုမ္ပဏီများအား နိုင်ငံတနိုင်ငံသည် မိမိနိုင်ငံသို့ နိုင်ငံသားများ ဝင်ရောက်ခြင်းကို လက်ခံခြင်း၊ လာရောက်လိုသည့် ဧည့်သည်အပေါ် အကြောင်းကိစ္စရှိခဲ့ပါက အကြောင်းပြချက်ပေးရန် မလိုအပ်ဘဲ တားမြစ်ပိတ်ပင်နိုင်ခြင်း စသည့် အခွင့်အရေးများ ရှိသည်ကို ကြိုတင်သိထားရန် လိုအပ်ကြောင်း” ကိုပါ ထည့်သငွ်းပြောဆိုထားသည်။

ဖိလစ်ပိုင်သမ္မတဟောင်း အကွီနို ကွယ်လွန်

01 August 2009

ဖိလစ်ပိုင် သမ္မတဟောင်း ကိုရာဇွန် အကွီနို (Corazon

Aquino)

ကွယ်လန်ွသွားပြီလို့ သူ့မိသားစုက ကြေညာလိုက်ပါတယ်။ မစ္စစ် အကွီနို ဟာ

အူမကြီးကင်ဆာ ရောဂါ တနှစ်ကျော်ကြာ ခံစားခဲရ့  ပြီး အခု အသက် ၇၆ နှစ်မှာ ကွယ်လန်ွခ့တဲာပါ။ သူ့ရဲ့ သား ဘန်နီနို အကွီနီု ဂျူနီယာ (Benigno

Aquino Junior)

ဟာ လက်ရှိ အထက်လွှတ်တော်အမတ် တဦးဖြစ်ပြီး သူကပဲ ဒီကနေ့ အစောပိုင်းမှာ

နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ မစ္စ အကွီနို သေဆုံးကြောင်း ကြေညာခဲ့ပါတယ်။ ဖိလစ်ပိုင်နငိုငံကို အနှစ် ၂၀ ကျော် အုပ်ချုပ်လာခဲ့တဲ့ ဖာဒီနန် မားကို့စ် (Ferdinand

Marcos)

ကို ၁၉၈၆ ခုနှစ်မှာ ကိုရာဇွန် အကွီနို ဦးဆောင်တဲ့

ပြည်သူ့အာဏာ လှုပ်ရှားမှုက ပြုတ်ကျစေခဲ့ပါတယ်။ အဲဒီအပြင် မစ္စ အကွီနိုဟာ ကမ္ဘာပေါ်က တခြား အကြမ်းမဖက် လှုပ်ရှားဆန္ဒပြသူတွေနဲ့ ကွန်မြူနစ် စနစ်ကို ဆန့်ကျင်သူတွေအတွက် နမူနာကောင်း ဖြစ်ခဲ့သူပါ။ မစ္စစ် အကွီနိုဟာ သမ္မတ အဖြစ် တာဝန်ယူခဲ့တဲ့ ၁၉၉၂ ခုနှစ်အထိ သူမဆီက ၆ ကြိမ်ထက်မက အာဏာသိမ်းဖို့ ကြိုးစားတာ တွေကို ရင်ဆိုင်ခဲ့ရပါတယ်။ သူမဟာ ၁၉၈၃ ခုနှစ်မှာ လုပ်ကြံခံခဲ့ရပြီး ကွယ်လွန်သွားခဲ့တဲ့ အတိုက်အခံ ခေါင်းဆောင် ဘန်နီနို အကွီနိုရဲ့ ဇနီး ဖြစ်ပါတယ်။ မစ္စ ကိုရာဇွန် အကွီနိုဟာ သူ့ကိုယ်သူ ရိုးရိုး အိမ်ရှင်မ တဦးပါပဲ လို့ ပြောဆိုခ့တဲ့ သဲူပါ။ ၁၉၈၃ ခုနှစ်တုန်းက ဖိလစ်ပိုင်နိုင်ငံရဲ့ အတိုက်အခံ ခေါင်းဆောင်ဖြစ်တဲ့ သူ့ရဲ့ ခင်ပွန်း ပြည်ပကနေ တိုင်းပြည်ကိုပြန်အလာ လေဆိပ်မှာ လုပ်ကြံခံခ့ရဲ ပြီး နောက်ပိုင်း သူဟာ တိုင်းပြည်မှာ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် သူရေဲ ကာင်း တဦးလည်း ဖြစ်လာခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာတော့ တိုင်းပြည်မှာ နှစ်အတော်ကြာအောင် အုပ်ချုပ်လာခဲ့တဲ့ သမ္မတ ဖာဒီနန် မားကို့စ် ကို ယှဉ်ပြိုင်အံတုပြီး ကိုရာဇွန် အကွီနို က သမ္မတ အဖြစ် ၀င်ပြီးတော့ အရွေးခံခဲ့ပါတယ်။ အဲဒီ ရွေးကောက်ပွဲဟာ သမ္မတ မားကို့စ် က သူပဲ အနိုင် ရအောင် စိတ်ကြိုက် စီစဉ်ခ့တဲာလို့ စွပ်စမွှဲုတွေ ပေါ်လာပြီးနောက်ပိုင်း မကျေနပ်တဲ့ စွပ်စွဲမှုတွေကို ကိုရာဇွန် အကွီနိုက ဦးဆောင်ခဲ့ပါတယ်။ သူ့ရဲ့ ဦးဆောင်မှုကြောင့် ထောင်သောင်းချီတဲ့ ဖိလစ်ပိုင်ပြည်သူတွေဟာ အာဏာရှင် မားကို့စ်ကို ဖြုတ်ချဖို့ လမ်းမတွေပေါ် ထွက်ခြဲ့ ကပါတယ်။ အဲဒီလှုပ်ရှားမှုကို သူက

People’s Power ပြည်သူ့အာဏာ လှုပ်ရှားမှုလို့

ခေါ်ပါတယ်။

ကိုရာဇွန် အကွီနိုဟာ ဖိလစ်ပိုင်နိုင်ငံမှာ ပထမဦးဆုံး အမျိုးသမီး သမ္မတ လည်း ဖြစ်ပါတယ်။

သမ္မတဟောင်း အကွီနို အတွက် ၀မ်းနည်းခြင်း ၁၀ ရက် သတ်မှတ်

01 August 2009

ဖိလစ်ပိုင်နိုင်ငံမှာ လူထုကန့်ကွက်ဆန္ဒပြပွဲကြီးများနဲ့ အာဏာရှင်ကို ဖြုတ်ချတဲ့ ပြည်သူ့အာဏာ ခေါင်းဆောင် သမ္မတ ဟောင်း ကိုရာဇွန် အကွီနို (Corazon

Aquino)

ကွယ်လွန်သွားတဲ့အတွက် ၀မ်းနည်ကြေကွဲဖွယ်ရာ ၁၀ ရက်အဖြစ် သတ်မှတ် လိုက်ပါတယ်။ အမေရိကန်နိုင်ငံကို လောလောဆယ် ရောက်ရှိနေတဲ့

သမ္မတ ဂလိုရီယာ အရိုယို က ဖိလစ်ပိုင်နိုင်ငံ အန္တရာယ်ကြီး ကျရောက်နေတဲ့အချိန်မှာ တရားဥပဒေစိုးမိုးရေး ပြန်ဖြစ်အောင် လုပ်ဆောင်ပေးခဲ့သူအဖြစ် ကိုရာဇွန် အကွီနို ကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ ကိုယ်တိုင်ကလည်း အထက်လွှတ်တော်အမတ် ဖြစ်တဲ့ သားဖြစ်သူက မိခင် ကိုရာဇွန် အသက် ၇၆ နှစ်အရွယ်မှာ အူမကြီး ကင်ဆာ ရောဂါကို တနှစ်ကျော် ခံစားခဲ့ရပြီးတဲ့နောက် နှလုံးခုန် ရပ်သွားပြီး စနေနေ့မနက်က ကွယ်လွန်သွားကြောင်း ကြေညာခဲ့တာပါ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ကလည်း ဖိလစ်ပိုင်နိုင်ငံမှ ဆယ်စုနှစ်များစွာ အာဏာရှင် အုပ်စိုးမှု ကနေ ဒီမိုကရေစီ ပြန်လည်ရရှိအောင် စွမ်းဆောင်ခဲ့မှုနဲ့ ကိုရာဇွန် အကွီနို ကို ဂုဏ်ပြုလိုက်ပြီး သူ ကွယ်လနွ် သွားတဲ့အတွက် ၀မ်းနည်းကြောင်း မိသားစုဝင်များနဲ့ ဖိလစ်ပိုင် နိုင်ငံသားများထံကို ၀မ်းနည်းစကား အမှာပါးလိုက်ပါတယ်။ အနှစ် ၂၀ ကျော် ဖိလစ်ပိုင်နိုင်ငံကို အုပ်စိုးနေတဲ့ အာဏာရှင် ဖာဒီနန် မားကို့စ် (Ferdinand

Marcos)

ကို လူသန်းပေါင်း များစွာကို ဦးဆောင်ပြီး ကိုရာဇွန်

အကွီနို က ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြပြီး တော်လှန်ဖြုတ်ချခဲ့တဲ့ ၁၉၈၆ ခုနှစ် ပြည်သူ့ အာဏာ လှုပ်ရှားမှုဟာ ကမ္ဘာတ၀ှမ်း အလားတူ အကြမ်းမဖက်တဲ့ လှုပ်ရှားမှုများကို အားကျ အတုယူစေခဲ့တယ်လို့ ဆိုပါ တယ်။ ၁၄ နှစ်တာကြာကာလ၌ မွန်ပြည်သစ်ပါတီ၏ အပစ်ရပ်စေဲ ရး ခရီးဆုံးတော့မှာလား

Wed 29 Jul 2009,

နိုင်မာန်

မွန်ပြည်သစ်ပါတီနှင့် နအဖ စစ်အစိုးရတို့၏ အပစ်အခတ်ရပ်စေဲ ရး ကာလ သည် ယခုအခါ ၁၄ နှစ်တာ ကြာသောအချိန်တငွ် စစ်အစိုးရက မွန်လွတ် လပ်ရေးတပ်မတော်ကို နယ်ခြားစောင့်တပ်အဖြစ်သို့ အသွင်ကူးပြောင်းရန် ဖိအားပေးလျှက်ရှိသည်။ ၂၀၀၉ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် နှစ်ဖက်စလုံး၏ အပစ်အခတ်ရပ်စဲ ရေးကာလကို ၁၄ နှစ်သို့ပြည့်သွားပါပြီ။ သည် ၁၄ နှစ်ကြာကာလတွင် အကွေ့အကောက် အခက်အထန်များစွာဖြင့် နိုင်ငံရေးခရီးကြမ်းကို ဖြတ် သန်းလာခဲ့ရသော မွန်ပြည်သစ်ပါတီနှင့် ၄င်း၏မွန်အမျိုးသားလွတ် မြောက်ရေး တပ်မတော်တို့၏ ဂုဏ်သိက္ခာနှင့် သြဇာသိက္ခမ ကျဆင်း လာတာကို တွေ့ရှိရသည်။ လွန်ခဲ့သည့် ဇွန်လ (၈) ရက်နေ့တွင် အရှေ့တောင်တငိုးစစ်ဌာနချုပ်မှ တိုင်းမှူးဗိုလ်ချုပ်သက်နိုင်ဝင်းနှင့် မွန်ပြည်သစ်ပါတီ၏ ထိပ်ပိုင်း ခေါင်း ဆောင်များနှင့် တွေ့ဆုံပြီး မွန်ပြည်သစ်ပါတီအား နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် နအဖ ဖက်က ဆွေးနွေးကမ်းလှမ်းခဲ့ပါသည်။ ထိုကိစ္စ နှင့်ပတ်သက်၍ မွန်ပြည်သူများက အကြောင်းစုံကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း မွန်ပြည်သစ်ပါတီကို များစွာ ဂယက်ရိုက်ခတ် သွားပါသည်။ မွန်ပြည်သစ်ပါတီ၏ အပစ်အခတ်ရပ်စေဲ ရး နှစ်ပတ်လည်နေ့ အခမ်းအနား ကို မနှစ်ကတည်းက အခမ်းအနားအစီအစဉ်ကို လျှော့ချကာ ကျင်းပခဲ့ပြီး ယခုနှစ် နှစ်ပတ်လည်နေ့ အခမ်းအနားကိုလည်း မော်လမြိုင်မြို့မပေါ်ရှိ ဗဟိုအလုပ်မှုဆောင်နှင့်အဖွဲ့ တို့က ပါတီဥက္ကဌကြီး နိုင်ရွှေကျင်၏ စာ ကြည့်တိုက်ခန်းမဆောင်၌ ဆွမ်းကြွေးပွသဲာ ပြုလုပ်ကျင်းပခဲ့ပါသည်။ နအဖ၏ ကမ်းလှမ်းချက်အပေါ် မွန်ပြည်သစ်ပါတီဘက်က လက်ခံမည်၊ မခံဘူးစသဖြင့် ၄င်း၏ရပ်တည်မှုကို တရားဝင်သဘောထား မထုတ်ပြန် ရသေးသော်လည်း မွန်ပြည်သစ်ပါတီခေါင်းဆောင်များက မွန်ပြည်သူ လူထုထံများမှ ဆန္ဒခံယူပကွဲို ဒေသအလိုက် ဆွေး နွေးပွကျဲင်းပ လျှက်ရှိပါသည်။

မွန်ပြည်သစ်ပါတီအနေနှင့် နအဖ စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်မ ခံစေဖို့ရန်နှင့် ဆန့်ကျင်သွားရန်

MAU ခေါ်

မွန်အမျိုးသားရေးရာအဖွဲ့ ချုပ်၊

ပြည်တငွ်းရှိမွန်အဖွဲ့ အစည်း၊ သံဃာတော်နှင့် မွန်လူငယ်များ အဖွဲ့ အစည်း များတို့က လွန်ခ့သဲ ည့်ဇန်ွလ (၁၀) ရက်နေ့တွင် မွန်ပြည်သစ်ပါတီအား ပူးတွဲပန်ကြားလွှာတစ်ဆောင် ပေးပို့ခဲ့ကြပါသည်။ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းဖို့ရန် လွန်ခ့သဲ ည့် ဧပြီလကတည်းက နအဖစစ် အ စိုးရက စတင်လှုပ်ရှားခဲ့ပြီး အဓိကအားဖြင့် အင်းအားကြီးအဖွဲ့ အစည်း ဖြစ်ကြသည့် “ဝ”၊ ကချင်နှင့် မွန်အဖွဲ့ အစည်းတို့ကို အလေးတယူ ဖိအားပေးပြီး ဆောင်ရွက်ခဲ့ပါသည်။ အသွင်ကူးပြောင်းစေဖို့ နအဖ၏ ကမ်းလှမ်းချက်ကို အပြတ်အသား လက်မ ခံလိုကြောင်းဖြင့် “ဝ” တပ်ဖွဲ့ တို့က ထုတ်ပြန်ကြေညာခဲ့ပြီဖြစ်သည်။ ကချင် တပ်ဖွဲ့ တို့ကမူ ကမ်းလှမ်းချက်ကို လက်မခံလိုကြောင်း အတိအလင်း မ ထုတ်ပြန်ရသေးသော်လည်း “အသွင်ကူးပြောင်းဖို့ အစီအစဉ်ကို ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးဆုံးသွားသည့်အခါကျမှ ဆွေးနွေးလိုကြောင်း၊ ယခုအခါဆွေးနွေး အဆုံးအဖြတ်ပေးရန် မသင့်တော်သေးကြောင်း” စသဖြင့် ထုတ်ပြန်ထားပါသည်။ မွန်ပြည်သစ်ပါတီက နအဖကမ်းလှမ်းချက်အပေါ် ရှင်းရှင်းလင်းလင်း မ ထုတ်ပြန်ရသေးသော်လည်း ကမ်းလှမ်းချက်ကို လက်ခံသွားရန် အ လားအလာမရှိသေးကြောင်း ပါတီဥက္ကဌဖြစ်သူ နိုင်ထောမွန်က သူ၏ အမြင်ကို မွန်ဆရာတော်ကြီးများအား လျှောက်ထား တင်ပြထားပါသည်။

ဒီကေဘီအေ တပ်ဖွဲ့ တို့ကလည်း စောစောပိုင်း သတင်းထွက်ပေါ် လာတာ က နအဖ၏ကမ်းလှမ်းချက်ကို လက်ခံခ့သဲ ည်ဆိုသော်ငြားလည်း နောက် ပိုင်းတွင်မူ ၄င်းတို့အဖွဲ့ အစည်း၏ အထက်နှင့်အောက် အမြင်ချင်း ကွဲပြား ခဲ့မူကြောင့် ယင်းကမ်းလှမ်းချက်ကို လက်မခံလိုတော့ကြောင်း စသဖြင့် ၄င်းတို့နှင့်နီးစပ်သည့် သတင်းပြောပြချက်အရ သိရှိရသည်။ ပြည်တငွ်းရှိ မွန်အမျိုးသားခေါင်းဆောင်များနှင့် မွန်ပြည်သစ်ပါတီ၏ အ ပစ်အခတ်ရပ်စေဲ ရး နှစ်ပတ်လည်နေ့ အခမ်းအနားကို တက်ရောက်ကြ သော ကိုယ်စားလှယ်များက “နအဖနှင့် မွန်ပြည်သစ်ပါတီတို့၏ အပစ်အ ခတ်ရပ်စေဲ ရးကာလသည် ဒီမှာဘဲခရီးဆုံးပြီး ရပ်တန့်သွားနိုင်တယ်” ဟု ပျက်လုံးတွေထုတ်သွားခဲ့ကြသည်။ နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲကို အယုံအကြည်နည်းပါးသောကြောင့် ပြည်တငွ်းရှိ ဒီမိုကရေစီအဖွဲ့ အစည်းများနှင့် အပစ်အခတ်ရပ်စေဲ ရးကို ရယူ ထားသည့် လက်နက်ကိုင်အင်အားစုများတို့က နအဖ လက်အောက်ခံ မနေချင်ကြ၍ နောက်ကျောဘက်သို့ ခြေလှမ်းဆုတ်ရန် ပြင်ဆင်နေကြ ရသည်။ ထို့ကြောင့် မွန်ပြည်သစ်ပါတီနှင့် နအဖတို့၏ အပစ်အခတ်ရပ်စေဲ ရးသည် ပုံမှန်ဖြစ်စဉ်အတိုင်း ဆက်လက်ရပ်တည်သွားဦးမှာလား သို့မဟုတ် ပြန် လည်ပစ်ခတ်ကြတော့မှာလား စသဖြင့် စိတ်ဝင်စားကြသူများက အကဲ ခတ်နေကြလျှကရှ်ိသည်။ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်ဟောင်းတဦးဖြစ်သူ နိုင်တင်အောင်က “ဒီတခါတော့ နအဖနှင့် မွန်ပြည်သစ်ပါတီတို့သည် တဖက်နှင့်တဖက် မပစ် ခတ်ချင်ပေမဲ့လည်း ပစ်ရတာပဲ။ ဘာဖြစ်လဆဲိုတော့ ပြည်တငွ်းမှာ ဆက် ဆံရေးရုံးများနှင့် မြို့နယ်တပ်ဖွဲ့ ရုံးများတည်ရှိနေပါသေးလို့ ပြည်သူများနှင့် နီးစပ်ပြီးစည်းရုံးရေးလုပ်လို့ရတယ်။ ဒါကြောင့် နအဖက ပြည်သူတွေကို စိတ်ကြိုက်လုပ်လို့မရတော့ဘူး။ ဒီအတွက် ပြန်ပစ်ကောင်း ပြန်ပစ် ခတ်နိုင်ခြေရှိတယ်” ဟု ထင်မြင်ချက်ကို ပေးသွားပါသည်။ အချို့နိုင်ငံရေးသမားများ သုံးသပ်သွားတာက ဒေါ်အောင်ဆန်းစုကြည်ကို အင်စိနေ် ထာင်သို့ ပို့ပြီးနောက် ကမ္ဘာက မြန်မာ့နိုင်ငံရေးကို ပို၍အာရုံစူး စိုက်လာကြသည်။ အကယ်၍ အပစ်ရပ်လက်နက်ကိုင်အင်အားစုများနှင့် အဆင်မပြေ၍ သေနတ်သံပြန်လည်ပေါ်ပေါက်လာလျှင် နအဖ စီစဉ် ထားသည့် ၂၀၁၀ ရွေးကောက်ပအွဲ တွက် နိုင်ငံရေးပါတီများ ဖွဲ့ စည်းရန် အခက်အခဲကြုံတွေ့နိုင်သည်။ ကမ္ဘာကလည်း မြန်မာပြည်ကို ပို၍အကွက် ရရှိသွားလိမ့်မည် ဖြစ်သည်။ သည်အတွက်ကြောင့် အပစ်အခတ်ရပ်စေဲ ရး သဘောတူညီမှုကို မပျက်စီးသွားဖို့ ထိန်းသိမ်းသွားရန်သာ ဖြစ်ပြီး ထို့မှ တဆင့် ရွေးကောက်ပွဲကို ကျင်းပသွားနိုင်မည်ဖြစ်ကြောင်း စသဖြင့် သုံး သပ်ကြသေးသည်။ နအဖစစ်အစိုးရနှင့် အပစ်အခတ်ရပ်စေဲ ရးရယူထားသော တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအကြား တည်ရှိနေသော အခြေအနေသည် အဆုံးသို့ နီးကပ်နေပြီဖြစ်ပြီး နောက်ထပ်အခြေအနေများက ကောင်း သည်ဖြစ်စေ ဆိုးသည်ဖြစ်စေ နအဖအပေါ်မှာသာ မူတည်ပါသည်။ တိုင်းရင်းသားများ အဖွဲ့ အစည်းဖြစ်ကြသည့် “ဝ” ၊ ကချင်နှင့် မွန်တို့က အကယ်၍ နအဖဘက်က စစ်ရေးအရ အရေးယူဆောင်ရက်ွသွားလျှင် အချိန်မီ ခုခံနိုင်ရေးအတွက် အဖွဲ့ အစည်းအလိုက် ပြင်ဆင်ထားကြပါသည်။ ထို့ကြောင့် နအဖနှင့် မွန်ပြည်သစ်ပါတီတို့၏ ၁၄ နှစ်တာကြာကာလ၌ အထိမ်းအမှတ်ပြုလုပ်ခြင်းအားဖြင့် ရှေ့ဆက်ပြီး ဘယ်လိုများဖြစ်သွား နိုင်မှာလဲ သို့မဟုတ် အပစ်ရပ်စေဲ ရး၏ကာလ ကုန်ဆုံးသွားတော့မှာ လားကို တွေးတောရင်း တင်ပြလိုက်ရပါသည်။

တရုတ်ကို အတုယူခိုးချသော နအဖ စစ်တပ်

ဘိုဘိုကျော်ငြိမ်း စနေနေ့၊ သြဂုတ်လ ၀၁ ရက် ၂၀၀၉ ခုနှစ် ၁၉ နာရီ ၀၇ မိနစ် ဒုံးပျံလက်နက်များနှင့် အနုမြူဗုံးပိုင်ဆိုင်ခငွ့်ရလာသော နိုင်ငံသည် ထိုအနုမြူဒုံးပျံများအား လုံခြုံစွာ ထိန်းသိမ်းရန်နှင့် မတော်တဆ ပစ်ခတ်မှုသော်လည်းကောင်း၊ လူဆိုးဗိုလ်ချုပ် (Rogue-General) (သိ)ု့ ဗိုလ်ချုပ်တဦးဦးက ရူးပြီး ပစ်မိန့်မပေးနိုင်အောင် ထိန်းသိမ်းရန် တာဝန်ရှိလာပါသည်။ အမေရိကန်စနစ်တငွ် အမေရိကန်သမ္မတကပဲ ပစ်မိန့်ပေးနိုင်ပါသည်။ ထို့ကြောင့် အမေရိကန်သမ္မတအနီးတွင် လျှို့ဝှက်ကုတ် (code) များ သယ်ဆောင်ထားသည့် စစ်ဗိုလ်တဦး အမြဲရှိနေရပါသည်။ လူနှစ်ဦး ပြိုင်တူဖငွ့်မှ အနူမြူလက်နက်များကို လက်နက်တပ်ဆင်နိုင်ပါသည်။ အမေရိကန်စနစ်မှာ အနုမြူလက်နက်များကို ကုန်းမှပစ်ရန်၊ ရေမှပစ်ရန်၊ လေမှပစ်ရန်ဆိုပြီး ခွဲထားပါသည်။ ထို့ကြောင့် ကြည်းတပ် ရေတပ် လေတပ်ပိုင် အနုမြူလက်နက်များရှိသလို ကိုယ့်ဆိုင်ရာဌာနအတွက် (Research

& Development)

ဟုခေါ်သည့် သုသေသနပြုမှုနှင့် ဖော်ထုတ်တည်ဆောက်မှုကို ဆိုင်ရာဌာနများက ဦးစီးဆောင်ရွက်ရပါသည်။

တရုတ်စနစ်တင်ွမူ အနုမြူလက်နက်အားလုံးသည်

Second Artillery Corp ဒုတိယ အမြောက်တပ်အစု အောက်မှာရှိပါသည်။ အနုမြူလက်နက်အတွက်

သုတေသနနှင့် ဖော်ထုတ်မှု၊ လက်နက်တပ်ဆင်မှု၊ ဖြန့်ဝေမှုအားလုံးသည် ဤဌာနအောက်တငွ် ရှိပါသည်။ နအဖ စစ်ဗိုလ်ချုပ်များ ခိုးချထားသော စစ်အတွေးအခေါ်

Military Doctrine

ဖြစ်သည့် ခေတ်သစ်အခြေအနေအောက်ရှိ ပြည်သူ့စစ် People’s

War Under Modern Condition

အကယ်၍ ရန်သူစစ်တပ်များ ဝင်တိုက်ခဲ့လျှင် ခံစစ်ဖြင့် တင်းခံပြီး၊ ပြောက်ကျားစစ်ဖြင့် ရန်သူ၏ စိတ်ဓာတ်ကို ချေမှုန်းကာ ရန်သူအား တန်ပြန်ထိုးစစ်ဖြင့် တိုင်းပြည်မှ မောင်းထုတ်ရန် ဖြစ်ပါသည်။ ဤအတွေးအခေါ်အရ ရန်သူများ၏ ထိုးစစ်ကို တင်းခံရာ၌ တရုတ်စစ်သည်နှင့် စစ်လက်နက်ပစ္စည်း ဆုံးရှုံးမှု အနည်းဆုံးဖြစ်ရန်Tunnel-War-Fareဟုခေါ်သောလှိုဏ်ခေါင်းတူးစစ်ဆင်ရေးကို ထည့်သငွ်းဖော်ထုတ်ကြပါသည်။

အရ

ယခုခေတ်ကို

information-age

သတင်းအသိပညာ ခေတ်ဟု ခေါ်ပါသည်။ ရန်သူ၏ အနေအထား၊ ကိုယ့်တပ်များ၏ အခြေအနေကို တိုက်ပွဲကိုဦးစီးရသော

ဗိုလ်ချုပ်များက ချက်ချင်းသိရှိနိုင်၍ အဆုံးအဖြတ် အမိန့်ပေးနိုင်စမွ်း ရှိပြီဖြစ်၏။ ထို့ကြောင့် ယနေ့ စစ်အတွေးအခေါ်သစ်တခုမှာ Network

Warfare

ဟု ခေါ်ပါသည်။ ကွန်ပြူတာ တခုနှင့် တခု ဆက်သယ်ွထားသည်ကို

Network

Centric

သတင်းကွန်ယက် ဟု ခေါ်သည်။ ဤသတင်းကွန်ယက်ကို

ဗဟိုပြုသော စစ်တိုက်နည်းဟု အဓိပ္ပာယ်ရပါသည်။

ယခင်က စစ်တပ်တခုတငွ် အရေးကြီးဆုံးမှာ

Command & Control ဟု ခေါ်ပါသည်။ ယခုခေတ်စနစ်တငွ် Command, Control,

Communication, Computers and Intelligence (C4I) System

စနစ်ဟု ခေါ်ပါသည်။ ဥပမာ ဒုတိယ ကမ္ဘာစစ်က ဌာနချုပ်မှ အမိန့်ကို

ရှေ့တန်းစစ်မျက်နှာသို့ အမိန့်ပေးရာတွင် ရေဒီယိုကိုသာ သုံးကြရပါသည်။ ရန်သူက ကြားဖြတ်နားထောင်သော် နားမလည်နိုင်ရန်

Military Code

ဟု

ခေါ်သော စစ်ဘက်ဆိုင်ရာ စကားဝှက်စနစ်ကို သုံးရပါသည်။ ဒုတိယကမ္ဘာစစ်က အမေရိကန်ဖက်က ဂျပန်တို့၏ စစ်သုံးစကားဝှက်လို ဖောက်နိုင်၍ ပုလဆဲိပ်ကမ်းကို ဦးစီးတိုက်ခိုက်ခဲ့သော ရေတပ်ဗိုလ်ချုပ် ရာမာမိုတို၏ လေယာဉ်ပျံကို ပစ်ချကာ ကလဲ့စားချေနိုင်ခ့ပဲါသည်။ အမေရိကန်တို့က အမေရိကန် နာဗါဟို ရက်ဒ်အင်ဒီယန်း

American-Navaho-Red-Indian

များကို ပစိဖိတ်စစ်မျက်နှာတွင် အသုံးပြုခဲ့ရာ ဂျပန်တို့က ဘာပြောနေမှန်း မသိကြပါ။

မြန်မာနိုင်ငံ၏ အနောက်မြောက်တငွ် ကွန်မြူနစ်များ ကြီးစိုးစဉ်က ၎င်းတို့၏ ဌာနချုပ်တငွ် အင်ဒိုနီးရှား ကွန်မြူနစ်နှင့် အခြားကွန်မြူနစ်များ လေ့လာရန် ရောက်ရှိနေရာ အချို့စစ်ပွဲများတွင် အင်ဒိုနီးရှားလို ဆက်သွယ်ကြရာ မြန်မာစစ်ဗိုလ်တွေ ဦးနှောက်ခြောက်ဖူးသည်ဟု ကွန်မြူနစ် ဌာနချုပ်သို့ ရောက်ခဲ့ဖူးသော နိုင်ငံခြားသားသတင်းသမားတဦးက ပြန်ပြောဖူးပါသည်။

ယနေ့ခေတ်တငွ်

Encryption

ဟုခေါ်သော သိပ္ပံနည်းအရ တီထင်ွထားသော စကားဝှက်ကို

သတင်းပို့ဆောင်ချက်တငွ် ထည့်သငွ်းထား၍ လုံခြုံသော ဆက်သယ်ွမှု

Satellite

Data Transmission

Secure Transmission

ဟု ခေါ်သော

စနစ်ကို သုံးကြပါပြီ။ ဆက်သယ်ွရာတွင် ဝေဟင်မှ

ဂြိုလ်တုများမှလည်းကောင်း၊ တခုနှင့်တခု ဝါယာနှင့် ဆက်သယွ်၍လည်းကောင်း အသုံးပြုကြပါသည်။ တခုနှင့်တခု ဝါယာနှင့် ဆက်သွယ်ရာတွင်

Fiber Optic Cable

များကို အသုံးပြုကြရပါသည်။ ဥပမာ - လေယာဉ်ပစ်စနစ်များတွင် ကျူးကျော်လာသော လေယာဉ်ကို ရေဒါ (Radar) စခန်းများက

ကြိုတင်သိရှိနိုင်၍ ပစ်မှတ်ကို ရေဒါက လေယာဉ်ပစ် ဒုံးပျံများကို သတင်းပေးပို့ရပါသည်။ လျှပ်တပြက်အတွင်း ပစ်မှတ်ကိုချိန်၍ သတင်းပို့ရသဖြင့် တချို့လေယာဉ်ပစ်စနစ်များတွင် ဆက်သွယ်မှုမှာ

Fiber Optic Cable

များဖြစ်သလို

C4I

စနစ်တွင်လည်း ဤကေဘယ်များကိုပင် အသုံးပြုရပါသည်။

ထို့ကြောင့် ကေဘယ်များကို လုံခြုံသော လှိုဏ်ခေါင်းများတွင် သွပ်သငွ်းထားတတ်ပါသည်။ ဒုတိယအီရပ်စစ်ပွဲမဖြစ်ခင်အီရပ်တို့၏စစ်သုံး-Fiber-Optic-Cable များကိုတပ်ဆင်ခဲ့ သူများ မှာတရုပ် ကုမ္ပဏီများဖြစ်သည်။ ထို့ကြောင့်ဒုတိယအီရပ်စစ်ပအွဲ ပြီး တရုတ်စစ်တပ်ကပြန်လည်သုံးသပ်မှုပြုရာတွင် အားနဲ ချက်များကိုကောင်းကောင်းသုံးသပ်နိုင်ခဲ့ သည်။

Cable

Fiber Optic

လိုင်းများလုံခြုံရေးကိုသဘောပေါက်ခဲ့ ကြသည်။

ကျနော်သည် မြို့ပြအင်ဂျင်နီယာဘွဲ့ကို မြန်မာပြည်မှ ရခဲ့၍ ဘွဲ့လန်ွကို အမေရိကားမှရကာ ဆက်သယ်ွရေး ကဏ္ဍတွင် ၂၅ နှစ်ကျော်ကျော် အတွေ့အကြုံရခဲ့ပါသည်။ ထို့ကြောင့် ဒီဗီဘီ DVB

TV

က နအဖ၏ လှိုဏ်ခေါင်း (Tunnel) များအကြောင်းကို ဆက်သွယ်မေးမြန်းခဲ့ရာ DVB က

ရရှိထားသော သတင်းဓာတ်ပုံများတွင် နအဖတိ၏ု့

Fiber Optic Cable မြေပုံ ပါရှိပါသည်။

ချရန် ပြထားသော မြေပုံဖြစ်သည်။ အရပ်သားဆက်သွယ်ရေးတွင်လည်း

အဆင့်ဆင့် မြန်မာတပြည်လုံး

Fiber Optic Cable

Fiber Optic Cable

များ

ကို သုံးလေ့ရှိပါသည်။ သို့သော် မြန်မာနိုင်ငံမှ

ပြင်ပကိုဆက်သွယ်ထားသော ဆက်သွယ်ရေးလင်ခ့် (Link) သည် ကမ္ဘာ့အဆင့်အတန်းနှင့် ပြောရလျှင် လွန်စွာ နှေးပါသည်။ ဂျက်လေယာဉ်ခေတ်တငွ် နွားလှည်းနှင့် ခရီးသွားသည့်အဆင့်ပဲ ရှိပါသေးသည်။ စစ်တပ်အတွက်သုံးသော ဆက်သွယ်ရေး

Fiber Optic Cable

ချရသော စရိတ်မှာလည်း မသေးလှပါ။ နအဖ အစိုးရသည် ၎င်းတို့၏

Network

မှာ သီးသန့်ဖြစ်ပါသည်။

Fiber Optic Cable Network

တချို့ကို

လုံခြုံစိတ်ချရစေရန် လှိုဏ်ခေါင်းများထဲတငွ် ချထားရန်စီစဉ်နေပုံရသည်။ မောင်အောင်မျိုး၏ စာအုပ် ဒုတိယအခန်းဖြစ်သော စစ်ရေးအတွေးအခေါ်နှင့် ဗျူဟာအခန်း၏ နောက်ဆုံးကောက်ချက်တငွ်-

While the Tatmadaw continue to train its troops in anti-guerrilla warfare for counter-insurgency , it has been taking necessary measures for “ guerrilla warfare ” and “ tunnel warfare to deal with external threat ဟုဆိုထားပါသည်။ ဆိုလိုသည်မှာ ပြည်တငွ်းအန္တရာယ်အတွက် တန်ပြန်ပြောက်ကျား စစ်ဆင်ရေးကို တပ်မတော်တငွ် ဆက်လက်၍ သင်တန်းပို့ချပြင်ဆင်နေသော်လည်း ပြည်ပအန္တရာယ်အတွက် ပြောက်ကျားစစ်နှင့် လှိုဏ်ခေါင်းစစ်အတွက် လိုအပ်သော ပြင်ဆင်မှုများကို တချိန်ထမှဲာ ဆောင်ရက်ွလျက်ရှိသည်ဟု ကောက်ချက်ချထားပါသည်။ ထို့ကြောင့် နအဖ စစ်အစိုးရသည် မြန်မာပြည်တပြည်လုံးတွင် လှိုဏ်ခေါင်းများ တူး၍ နိုင်ငံခြားမှ ကျူးကျော်စစ်ကို ခုခံရန် ငွေအကုန်အကျခံ၍ ပြင်ဆင်လျက်ရှိသည်။

မောင်အောင်မျိုး၏ အဆိုအရ မြန်မာ့တပ်မတော်သည်

Electronic warfare

နှင့်

Information Warfare

လျှပ်စစ်နှင့် သတင်းစစ်ပွဲကိုလည်း

စိတ်ဝင်စားသည်ဟု ဆိုပါသည်။ ယနေ့ခေတ်တငွ် ကွန်ပြူတာများသည် မရှိမဖြစ်သော ကိရိယာများ ဖြစ်သလို ဆက်သွယ်ရေးသည် လွန်စွာအရေးကြီးပါသည်။ ထို့ကြောင့် ခေတ်ပေါ် ဗုံးတခုမှာ အဆောက်အဦးများကို ဖျက်ရန်မဟုတ်ဘဲ

Electromagnetic radiation ကြောင့်

လျှပ်စစ်ပစ္စည်းများ အလုပ်မလုပ်

လောင်ကျွမ်းအောင် ဆောင်ရွက်ခြင်း ဖြစ်သည်။

electromagnetic bomb (e-bomb)

ထို့ပြင် ယ္ခုခေတ်တငွ် ဗုံးများသည်လေထဲမှအရမ်း ကြဲခြသည့်ဗုံးများမဟုတ်တော့ပါ။ ပစ်မှတ်ကိုတိတိကျကျပစ်နိုင်သောဗုံးများ ဖြစ်သည် ထိရောက်မှုရှိရန် ထို့ကြောင့်

GPS

ဂြိုလ်တုနှင့်ဆက်သွယ်မှု ကိုဖျက်စီးသော

စစ်လေယဉ်များပျံသန်းရာတွင်

Ground Control

Precision Bomb

ဟုခေါ်သော

GPS (Global Positioning System) ဂြိုလ်တုမှ တဆင့်အသုံးပြုကြရပါသည်။

GPS Jammer

စစ်သုံးပစ္စည်းများပေါ်လာပါသည်

ဟုခေါ်သော မြေပြင်မှ ရန်သူ့လေယဉ်များကိုရေတာနှင့်ရှာ၍ ထိန်းကြောင်းပေးရပါသည်။

အမေရိကန်လေတပ်တငွ်ဤစံနစ်တခုလုံးကိုလေယဉ်ပေါ်တင်ထားသော များရှိပါသည် ထို့ကြောင့်

ဟုခေါ်ပါသည်။

AWAC (Airborne Warning And Control System) လေယဉ်

AWACS Jammer များပေါ် လာပါသည်

Information Warfare

ဆိုသည်မှာရန် သူ့

Network

အတွင်း ဝင်၍ သတင်းစုဆောင်းခြင်း - သတင်းမှားပေးခြင်း၊ အမိန့်အမှားပေးခြင်း ဖျက်ဆီးခြင်းတို့

ဖြစ်သည်။

(မှတ်ချက် - ရှုပ်ကုန်မည်ဖြစ်၍ အသေးစိတ် မရှင်းသည်ကို

ခွင့်ပြုပါ)

ဤအတွက်ကြောင့် နအဖ စစ်အစိုးရသည် ကွန်ပြူတာဘွဲ့ပေးထားသော စစ်ကျောင်းများနှင့် အင်ဂျင်နီယာဘွဲ့ ပေးထားသော စစ်ကျောင်းများကို ထူထောင်ထားခြင်း ဖြစ်သည်။ လက်စမ်းသည့်အနေဖြင့် အတိုက်အခံ သတင်းဌာန ဝက်ဆိုက်များကို မကြာခဏ ဝင်ရောက်တိုက်ခိုက်ခြင်းလည်း ဖြစ်နိုင်စရာ ရှိပါသည်။ မကြာသေးခင်က တရုတ်ပြည်ဟိုင်နန်ကျွန်းတွင် ရေငုပ်သဘောင်္များ သိုလှောင်ရန် ရေအောက်လှိုဏ်ခေါင်းများကို အမေရိကန်တို့က သိရှိခဲ့ကြရ၍ ပွက်လောရိုက်ခဲ့ပါသည်။ မြောက်ကိုရီးယားတို့ကလည်း တရုတ်ပုံစံကို ကူးယူ၍ လှိုဏ်ခေါင်းများတူးကာ ပြင်ဆင်ခြဲ့ ကပါသည်။ ယခုအခါ မြန်မာစစ်တပ်ကလည်း တရုတ်နှင့် မြောက်ကိုရီးယား ပုံစံကို အတုခိုး၍ ပြင်ဆင်လျက်ရှိပါသည်။ အတိုက်အခံသတင်းဌါနများလက်ခံရရှိခဲ့ သောဗိုလ်ချုပ်ရွှေမန်း၏မြောက်ကိုရီးယားလျှိ့ဝှက်ခရီးမှတ်တမ်းတွင် လည်း မြန်မာစစ်တပ်က GPS

AWACS Jammer

Jammer နှင့်

များကိုစိတ်ဝင်စားကြောင်းဖေါ်ပြခဲ့ပါသည်

လက်ရှိ မြန်မာစစ်တပ်၏လှိုဏ်ခေါင်းစီမံကိန်းသည်ပထမအဆင့်မျှပင်ရှိပါသေးသည်။

Command And Control Centers

အမိန့်ပေးနှင့်ကွပ်ကဲမှုဌါနများ ၊ ဆက်သွယ်ရေးစနစ်များနှင့် Logistic ဖြည့်စီးမှုများ အတွက်သာ ရှိပါသေးသည်။ ဖေါက်ထားသည့်လှိုဏ်ခေါင်းများမှာကျင်းမြောင်း၍ကွန်ကရစ်အထူမှာမပြောပလောက်ပါ။ တရုတ်နှင့်မြောက်ကိုရီးယားတို့ကဲ့ သို့ စစ်လေယျဉ်များပါသိုလှောင်လိုပါက စက်ကြီးများအကူနှင့်နက်နက် ကျယ်ကျယ်တူးရပါမည်။ ဗိုလ်ချုပ်ရွှေမန်း၏မြောက်ကိုရီးယားလျှိ့ဝှက်ခရီးမှတ်တမ်းအရမြန်မာစစ်တပ်ကစက်ကြီး များကိုကိုင်တွယ်နိုင်ရန်သင်တမ်းပေးပြီးပြီ၊စက်ကြီးများကိုမဝယ်ရသေးဟုဖေါ်ပြထားပါသည်။ နောက်အဆင့်တွေ အတွက်ပြင်ဆင်ထားသည်မှာထင်ပေါ်ပါသည်။

DVB၏အဆိုအရ

လက်ရှိလှိုဏ်ခေါင်းများအတွက် အသုံးစရိတ်မှာ အမေရိကန်ေးဒ်ါလာ (၉) ဘီလျံ (သန်း၉ဝဝဝ) ကျော်သည်ဟုဆိုပါသည်။

ဤသတင်းသာမှန်ခဲ့ သည်ရှိသော် ပြည်သူတွေဆင်းရဲတငွ်းနက်နေသောကမ္ဘာ့အဆင်းရဆုံးနိုင်ငံတခုဖြစ်သောမြန်မာနိုင်ငံ သည်လှိုဏ်ခေါင်းများအတွက်ဤမျှငွေဖြုန်းရက်သည်မှာအံ့သြစရာပင် ဘိုဘိုကျော်ငြိမ်း

[email protected] This e-mail address is being protected from spambots. You need JavaScript enabled to view it (မှတ်ချက်)်

စစ်အတွေးအခေါ်ကိုစိတ်ဝင်စားသူများအတွက်သာ

တရုတ်စစ်တပ်ကခိုးချထားတဲ့မြန်မာစစ်တပ်ရဲ့ စစ်ရေးအတွေးအခေါ်ဟာမျိုးဆက် (၂) ခုလောက်နောက်ကျကျန် ရစ်ခဲ့ ပါပြီ။ တရုတ်ရဲ့ အတွေးအခေါ်က တိုင်ဝမ်ပြသနာကြောင့်အမေရိကန်နဲ့ထိပ်တိုက်တွေ့နိုင်တယ်လို့ ယူဆ ထားပါတယ်။ တိုင်ဝမ်ကိုအခြေခံတဲ့အတွက်

Local Wars

ဆိုတဲ့ အသုံးအနှုံးကိုရွေးသုံးထားပါတယ်။ တရုတ်ကြီးကတိုးတက်လာတဲ့စစ်ရေးလက်နက်တွေအပေါ်မှီပြီး၎င်းတို့ရဲ့ စစ်ရေးအတွေးအခေါ်တွေကို တိုးတက် သတ်မှတ်ခဲ့ ပါတယ်

Local wars under high-tech conditions

ကနေ

Local wars under the condition of Informationalization

လို့ပြောင်းလဲသတ်မှတ်ခဲ့ ပါပြီ

မြန်မာစစ်တပ်က

Under Modern Conditions

ပဲရှဲိပါသေးတယ်

တရုတ်တွေရဲ့ စစ်ရေးအတွေးအခေါ်ကို လွှမ်းမိုးထားတဲ့အတွေးတခုကလည်း မော်စီတုံး ပြောသွားတဲ့

You fight your way and I fight my way မင်းနည်းနဲ့မင်းတိုက် ငါ့နည်းနဲင့ါတိုက်မယ် ဆိုတဲ့ အတွေးဖြစ်တယ် လို့လည်းဆိုကြပါတယ် တိန်လျောက်ပိန်လမ်းညွှန်သွားတာကိုတော့

24 Character Strategy -

တရုတ် အက္ခရာ (၁၂) ခု ဗျူဟာလို့အမည်တင်ွခဲ့ ပါသည်တဲ့

အင်္ဂလိပ်လိုကတော့

Observe calmly; secure our positions; cope with affairs calmly; hide our capabilities and bide our time; be good at maintaining a low profile; and never claim leadership ဗမာလိုတော့ အေးအေးငြိမ်ငြိမ် ကြည့်မြင်သုံးသပ်ပါ ငါတို့၏နယ်မြေအနေအထားလုံခြုံပါစေ ကိစ္စများကိုအေးအေးငြိမ်ငြိမ်ကိုင်တွယ်ပါ ငါတို့၏ စွမ်းဆောင်နိုင်ချက်ကို ဖုံးကွယ်ထားပြီး အချိန်ကိုဆွဲကစားပါ လူမသိအောင် ရိုးရိုးကုပ်ကုပ်နေနိုင်မှုမှာ ထက်မြက်ပါစေ ဦးဆောင်မှုကိုဘယ်သောအခါမှနေရာယူမကြော်ငြာပါနဲ့ ဒါကြောင့်တရုတ်ကြီးက စစ်အင်အားကိုတဖြေးဖြေးတိုးချဲ့ပြီး တချိန်မှာ စစ်မတိုက်ရဘဲ တိုင်ဝမ်ကို သိမ်းသွင်းပါလိမ့်မယ်။ တိန်လျောက်ပိန်ရဲ့ အမျှော်အမြင်ကြီးမားပုံက ကြောက်စရာပါပေ။ တရုတ်ကြီးက ဟောင်ကောင်ကိုပြန်လည်သိမ်းပိုက်အပြီး တနိုင်ငံထမှဲာစံနစ်(၂)ခု One

systems

Country (2)

ဆိုတဲ့ ပေါ်လစီ ကိုချမှတ်ကျင့်သုံးခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့အဖွဲ့ အစည်းများတွင်တရုတ်ကြီးကဟောင်ကောင်မဲ နှင့် (၂) မဲရနေ ပါသည်။

အချိန်နဲ့အနိုင်ယူပြီး တိုင်ဝမ်ကိုသိမ်းသွင်းပြီးရင် တိုင်ဝမ်မဲပိုလာပါမည်၊ တိုင်းပြည်တပြည်၊ မဲ (၃) မဲနှင့် လူလည် လုပ်ပါလိမ့်မည်။ ကိုးကား

Building the Tatmadaw, Myanmar Armed Forces Since 1948 by Maung Aung Myo Unpublished paper of Maung Aung Myo ANU published papers by Maung Aung Myo Military Power of the People’s Republic of China, Annual report to Congress, Office of the Secretary of Defense.

Theater Ballistic Missiles and China’s doctrine of ‘Active Defense’ by Martin Andrew, China Brief Volme:6, Issue:6 Chinese Nulcear Forces and U.S. Nuclear war planning, Hans M Kristensen, Robert S. Norris, and Matthew G. McKinzie China Nuclear Forces: Operation, Training, Doctrine, Command, Control and Campaign Planning by Larry M. Wortzel China Nuclear Doctrine, Savita Pande, Research Fellow, IDSA Strategic Analysis Report on General Shwe Mann secret trip to North Korea http://www.mizzimaburmese.com/edop/songpa/3495-2009-08-01-13-01-06.html

THE WHITE HOUSE Office of the Press Secretary _________________________________________________________________________________ For Immediate Release July 31, 2009 REMARKS BY PRESIDENT OBAMA AND PRESIDENT ARROYO OF THE PHILIPPINES IN JOINT PRESS AVAILABILITY July 30, 2009 Oval Office 3:47 P.M. EDT PRESIDENT OBAMA: I am very pleased that President Arroyo has made such good progress on dealing with counterterrorism issues. She has initiated a peace process in Mindanao that we think is -- has the potential to bring peace and stability to a part of the Philippines that has been wracked by unrest for too long. We are very grateful of the strong voice that the Philippines has provided in dealing with issues in Asia ranging from the human rights violations that have for too long existed in Burma to the problems that we're seeing with respect to nuclear proliferation in North Korea. PRESIDENT ARROYO: Internationally, we stand foursquare behind the United States on the position that it has taken with regard to Burma and with regard to North Korea's nuclear adventurism. And we -- I think we connected very well also on our position with regard to Burma and Aung San Suu Kyi, with regard to North Korea and nuclear proliferation, with regard to human rights and terrorism. And we welcome President Obama's reaching out to the Muslim world, and also we are very pleased about his -- the importance that he accords to engagement with our part of the world.

Related Documents

1august News
May 2020 2
News
November 2019 45
News
April 2020 33
News
November 2019 45
News
October 2019 46