trsdK;orD;rsm; tzG@J csKyfrS a':oif;oif;atmifeJ@ awG@qHk ar;jref;jcif; ,ae@jrefrm/ Edk0ifbm 4 &uf/ 2009? ယနေ့မြန်မာသတင်းဌာနအနေနဲ့ ၂၀၀၉ အောက်တိုဘာ ၁၄ ရက်နေ့ ညနေပိုင်းက
နယူးယောက်မြို့မှာ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ ဒေါ်သင်းသင်းအောင်နဲ့ တွေ့ဆုံပြီး အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ လက်ရှိလုပ်ငန်းများ၊
မြန်မာစစ်အစိုးရခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးကို တင်ဖို့
အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) အနေနဲ့ ကြိုးစား ဆောင်ရွက်မှုများနဲ့ ပတ်သက်ပြီး အောက်ပါအတိုင်း မေးမြန်းဖြစ်ခဲ့ပါတယ်။
ယနေ့မြန်မာသတင်းဌာနက တွေ့ဆုံ မေးမြန်းစဉ် ပထမဆုံး မေးမြန်းဖြစ်တာကတော့ အပြည်ပြည်ဆိုင်ရာမိသားစုအနေနဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို
ဘယ်အတိုင်းအတာအထိ အရေးယူနိုင်မလဲ။ မြန်မာ့အရေး လုပ်ကိုင်နေသူတွေက ဘာတွေ လုပ်နိုင်မလဲဆိုတာပဲ ဖြစ်ပါတယ်။
အခုလိုမျိုးပေါ့နော်။ မြန်မာနိုင်ငံလိုမျိုး ပြည်တွင်းက တရားရေးစနစ်တွေက တကယ့်
တရားဥပဒေစိုးမိုးမှု မရှိဘူး၊ တရားမျှတမှုလည်း မဖော်ဆောင်ပေးနိုင်တဲ့ နိုင်ငံတွေပေါ့နော်၊ အဲဒီလိုနိုင်ငံတွေရဲ့ အာဏာရှင်တွေ၊
စစ်ခေါင်းဆောင်တွေကို ထုံးစံအားဖြင့် ပဋိပက္ခတွေကို လွန်တဲ့အခါမှာ လွန်သွားတဲ့အခါကျလို့ရှိရင် အဲဒီမှာ နိုင်ငံတကာအစိုးရတွေ နိုင်ငံတကာဥပဒေတွေနဲ့ အရေးယူလို့ ရတာတွေ ရှိပါတယ်။ အဲဒီတော့ ဥပမာ ကျမတို့အနေနဲ့ ဗိုလ်ချုပ်သန်းရွှေနဲ့ အပေါင်းအပါတွေကို နိုင်ငံတကာခုံရုံးမှာတင်ဖို့အတွက် လိုအပ်တယ်လို့ ကျမတို့ ယူဆပြီးတော့မှ ပြောနေတာဟာ ဘာဖြစ်လို့လဲဆိုတော့ အခု ဒီ သန်းရွှေကို
ဆူဒန်မှာရှိတဲ့ လက်ရှိ စစ်ခေါင်းဆောင် သမ္မတ ဘာရှီးပေါ့နော်၊ ဆူဒန်နိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှု ခုံရုံးရဲ့ အဖွဲ့ဝင်မဟုတ်သော် ငြားလည်း နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ တွန်းအားပေးမှုနဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီကနေပြီးတော့မှ သူ့ကို လွှဲပြောင်းပေးလိုက်တယ်။ အဲဒါကြောင့် အခု သူ့ကို ဖမ်းဝရမ်း ထုတ်လိုက်တာပေါ့နော်။ အဲဒီလိုမျိုး ဖမ်းဝရမ်းထုတ်ခဲ့သလိုပဲ ဗိုလ်ချုပ်သန်းရွှေကိုလည်း အဲဒီလိုမျိုး နိုင်ငံတကာ ရာဇ၀တ်မှု ခုံရုံးကိုတင်ဖို့အတွက်ကို ဖမ်းဝရမ်းထုတ်တဲ့ဟာမျိုးအထိကို ရမယ်ဆိုလို့ရှိရင်တော့ အကောင်းဆုံးပေါ့။
ဘာလို့လဲဆိုတော့ ဒါဟာ တကယ့်တရားမျှတမှု ကျမတို့ရတယ်လို့ ယုံကြည်တယ်။ ဒါနဲ့တချိန်ထဲမှာပဲ အဲဒီလိုမျိုးရဖို့က နှစ်ပေါင်းများစွာ
ကြာတယ်၊ ချက်ချင်းရမှာမဟုတ်ဘူး။ ဘာရှီးကိုတောင်မှ ဖမ်းဝရမ်းထုတ်တာလည်း နှစ်ပေါင်းများစွာ အများကြီး ကြာခဲ့တယ်။ ဒါပေမယ့် ကျမတို့က ဆက်ပြီးတော့မှ ကြိုးစားပြီးတော့မှ ကြွေးကြော်သွားမှာ။ ဘာလို့လဲဆိုတော့ ဒါဟာ အဲဒီလိုမျိုးပြောခြင်းအားဖြင့်
သန်းရွှေကိုယ်တိုင်ပဲဖြစ်ဖြစ် သူ့အနေနဲ့ ဒါဟာ တစုံတရာသော စိုးရိမ်မှု ဖြစ်လာမယ်။ ဆက်ပြီးတော့မှ ဒီလိုမျိုး နိုင်ငံတကာအဆင့်
ရာဇ၀တ်မှုတွေ ကျူးလွန်လာတာကို သူ လျော့ကျလာမယ်။ တချိန်ထဲမှာပဲ သူ့ရဲ့လက်အောက်ငယ်သား စစ်ဗိုလ်အငယ်တွေ၊ သူ့ စစ်တပ်ထဲက နောက်မျိုးဆက်တွေအနေနဲ့ ဘာပဲပြောပြော ဗိုလ်ချုပ်သန်းရွှေရဲ့ အာဏာစက်နဲ့ သူ့ရဲ့အမိန့်ကို လိုက်နာဖို့ရာ နဲနဲ လက်တွန့်လာတွေဖြစ်မယ်။ အဲဒါတွေပြီးတော့ တဖြေးဖြေးနဲ့ သူ့ရဲ့အပေါင်းအသင်းတွေ၊ သူ့ရဲ့အိမ်နီးနားချင်းက အစပေါ့နော်၊ ဒီလိုမျိုး နိုင်ငံတကာကနေပြီးတော့
နိုင်ငံတကာဥပဒေတွေ အသစ်အသစ်တွေ ပေါ်လာတာကို ကိုင်ပြီးတော့ ဒီလို တရားစွဲလို့ရတယ်ဆိုတာကို သူတို့ နားလည်လာကြလိမ့်မယ်။
ဒါဆိုရင် ချက်ခြင်းတော့ မဟုတ်ဘူးပေါ့။ တဖြေးဖြေးနဲ့ ခပ်ခွာခွာ နေလာတာတွေ ဖြစ်လာလိမ့်မယ်။ နောက်ပြီးတော့ သူ့ရဲ့မိတ်ဆွေတွေလည်း လျော့လာမှာပေါ့။ ဒါဟာ ဘာပဲပြောပြော သူ့အပေါ်မှာ သက်ရောက်မှုရှိတယ်။ အဲဒါကြောင့်မို့လို့ သန်းရွှေရဲ့ (သူလုပ်သလိုပဲပေါ့) သူ့ရဲ့
စိတ်ဓါတ်စစ်ဆင်ရေးလိုပဲ ကျမတို့အနေနဲ့ ဆက်ပြီးတော့မှ ဖိအားပေးသွားတာနဲ့ နိုင်ငံတကာကို လှုံ့ဆော်တာတွေဟာ သူ့အတွက်လည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ဖြစ်လာမယ်လို့ ကျမ ယုံကြည်တယ်။ သူ အဖမ်းမခံရခင် အထိ ပေါ့နော်။
pmrsufESm - 1
rlydkif - ,ae@jrefrm
အခုလိုမျိုး ကြိုးစားတဲ့ကာလတလျောက်မှာဆိုရင် နယူးယောက်က Global Justice Center ကလည်း ဒီ လုပ်ငန်းတွေ လုပ်ကိုင်နေတာ
တွေ့ရတယ်။ ဟားဘတ်တက္ကသိုလ်ကလည်း မြန်မာစစ်အစိုးရရဲ့ ရာဇ၀တ်မှုတွေနဲ့ ပတ်သက်ပြီး ကုလ အစီရင်ခံစာတွေကို မှီငြမ်း စာတမ်း
ပြုစုထားတာ ရှိတယ်။ သို့သော်လည်း ကုလသမဂ္ဂအဖွဲ့အနေနဲ့က ထိရောက်တဲ့ လုပ်ကိုင်မှုတွေ မတွေ့ရသေးဘူး။ နောက်တခါ နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးကို တင်မယ်ဆိုတဲ့ကိစ္စမှာလည်း ကွဲပြားတဲ့သဘောထားတွေ ရှိကြတာကို တွေ့ရတယ်။ ကုလ လုံခြုံရေးကောင်စီမှာဆိုရင်လည်း ပြတ်ပြတ်သားသား မဲခွဲနိုင်တဲ့ အခြေအနေမှာ မရှိဘူး။ ဒီတော့ ဒီ လုပ်ငန်းစဉ်ရဲ့ ရှေ့ရေးနဲ့ ပတ်သက်ပြီး ဒေါ်သင်းသင်းအောင်တို့ ဘယ်လို မျှော်လင့်ထားပါသလဲ။
ကျမတို့ နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးကို တင်ဖို့ ကြိုးစားတာဟာ တနှစ်ပဲ ရှိပါသေးတယ်။ ကုလသမဂ္ဂ မြန်မာကိစ္စက ကြာလှပြီ။ အနှစ် ၂၀
လောက်ရှိပြီ။ ဆုံးဖြတ်ချက်တောင်မှ ၃၇ ခု ရှိသွားပြီ။ ဘာပဲဖြစ်ဖြစ်လေ နှစ်ပေါင်း (၂၀) ကျော်ကြာခဲ့ပြီ။ ကျမတို့က ဒါ တဆင့်တတ်ပြီးတော့မှ နိုင်ငံတကာ တရားဥပဒေအရ ရာဇ၀တ်မှုဖြစ်တယ်ဆိုတဲ့ ရှုဒေါင့်က ပြောင်းပြီး ပြောတာ တနှစ်ပဲ ရှိသေးတယ်။
ကျမတို့တွေဟာ တကယ်ပဲ အားတတ်မှုတွေ ရှိနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ လုံခြုံရေးကောင်စီကိုယ်တိုင်က ပဋိပက္ခတွေကြားထဲမှာ
လိင်မှုဆိုင်ရာ ပြစ်မှု ကျူးလွန်သူတွေကို လုံးဝကင်းလွတ်ခွင့် မပေးရဘူးဆိုတာကို (မကြာသေးခင်ကမှပေါ့) ဆုံးဖြတ်ချက်ချလိုက်တယ်။ အဲဒီဆုံးဖြတ်ချက်က အမျိုးသမီး နိုင်ငံတကာမှာရှိတဲ့ အမျိုးသမီးတွေအားလုံး ထောက်ခံထားတယ်။ အဲဒီတော့
အဲဒီလမ်းကြောင်းကနေပြီးတော့မှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးလုပ်ငန်းအဖွဲ့တွေနဲ့ သူတို့ရဲ့ ထောက်ခံမှုကို ရယူပြီးတော့
ဘယ်အချိန်ပဲဖြစ်ဖြစ်ကြာကြာ ဒီလိုမျိုး တရားမျှတမှု ရှာဖွေတဲ့လုပ်ငန်းတွေ ဆက်လုပ်သွားမယ်။ အခုဆိုရင် အမျိုးသမီးအဖွဲ့ ခြောက်ဆယ်ကျော်ကို နိုင်ငံတကာမှာ ကျမတို့ရဲ့ တောင်းဆိုမှုကို လက်မှတ်ထိုးပြီးသွားပြီ။ အဲဒါကို ဆက်လုပ်သွားပါမယ်။ အခု လက်မှတ်ရေးထိုးထားတာတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်ပြပြီးတဲ့အခါ အဲဒီ လူ့အခွင့်အရေး ကောင်စီရဲ့ စိတ်ဝင်စားမှု၊ ကုလလုံခြုံရေးကောင်စီရဲ့ စိတ်ဝင်စားမှုကရော ဘယ် အတိုင်းအတာအထိ ရှိနိုင်ပါသလဲ။
ကျမတို့ ဒီ လက်မှတ်ရေးထိုးထားတဲ့စာတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံက သံရုံးတွေကို ပေးပို့ပါတယ်။ အဲဒီလို ပေးပို့တဲ့အခါ အချို့သံရုံးတွေက စိတ်ဝင်စားပါတယ်။ ဘာလဲဆိုတော့ တချို့နိုင်ငံတွေကျတော့ လူ့အခွင့်အရေးကို စိတ်ဝင်စားတဲ့
နိုင်ငံတွေ ရှိတယ်။ တချို့နိုင်ငံတွေက ရာဇ၀တ်မှုကို စိတ်ဝင်စားတာ ရှိတယ်။ တချို့နိုင်ငံတွေကျတော့ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုကို စိတ်ဝင်စားတာ ရှိတယ်။ သူတို့ဆီကတော့ စိတ်ဝင်စားမှုပြပါတယ်။ သို့သော်လည်းပဲ ဘယ်လောက်အထိ
အကောင်အထည်ဖော်နိုင်မလဲ ဆိုတဲ့နေရာမှာ လိုနေတာကတော့ မြန်မာနိုင်ငံက နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးရဲ့ အဖွဲ့ဝင်နိုင်ငံ မဟုတ်တော့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်အများစုက ထောက်ခံမှသာ မြန်မာစစ်အုပ်စုရဲ့ ရာဇ၀တ်မှုတွေကို နိုင်ငံတကာ ရာဇ၀တ်မှု ခုံရုံးကို စစ်ဆေးဖို့ ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။
အခု ဖော်ပြခဲ့တာကတော့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ ဒေါ်သင်းသင်းအောင်နဲ့ တွေ့ဆုံ မေးမြန်းခဲ့မှု ဖြစ်ပါတယ်။
ဒေါ်သင်းသင်းအောင်ဟာ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး အခြေအနေများကို ကုလသမဂ္ဂမှာ ရှင်းလင်းတင်ပြဖို့အတွက် ရောက်ရှိခဲ့တာ
ဖြစ်ပါတယ်။ သူဟာ နိုင်ငံတကာ အမျိုးသမီးအဖွဲ့များ စုပေါင်း လက်မှတ်ရေးထိုးထားတဲ့ မြန်မာစစ်အုပ်စု ရာဇ၀တ်ကောင်များအား နိုင်ငံတကာ ရာဇ၀တ်မှု ခုံရုံးမှာ တရားစွဲဆိုနိုင်ဖို့ တင်ပြချက်များကိုလည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းကို တင်ပြနိုင်ခဲ့ကြောင်း သိရှိရပါတယ်။
pmrsufESm - 2
rlydkif - ,ae@jrefrm