a':atmifqef;pk=unf/ trsKd ;om; 'Drdkua&pD tzG@J csKyfeJ@ tar&duefudk,fpm;vS,ftzGJ@ awG@qHkcJh udkudk/ Edk0ifbm 4 &uf/ 2009? မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ ၄ ရက်နေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးရာကော်မတီ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ
လက်ထောက်အတွင်းဝန် မစ္စတာ ကာ့ဒ် အမ်မ် ကမ်ဘဲလ် (Kurt M. Campbell) နဲ့ သူ့ရဲ့လက်ထောက် စကော့ဒ် မာစီယဲလ် (Scot Marciel) တို့ကို ရန်ကုန်မြို့
အင်းလျားကန်ဟော်တယ်မှာ လက်ခံ တွေ့ဆုံခဲ့ပါတယ်။ ထို တွေ့ဆုံပွဲဟာ ၁၄ နှစ်အတွင်း အမေရိကန် အဆင့်မြင့်ပုဂ္ဂိုလ်တဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့
ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ခြင်း ဖြစ်ပါတယ်။ အခု သတင်း ရေးသားချိန်အထိ တွေ့ဆုံပွဲရဲ့ရလဒ် တစုံတရာကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့်
အောင်မြင်မှုရှိတဲ့ တွေ့ဆုံပွဲအဖြစ် သံတမန်အသိုင်းအ၀ိုင်းက သုံးသပ်ကြပါတယ်။ မြန်မာနိုင်ငံကို နိုဝင်ဘာ ၃ ရက်နေ့က ရောက်ရှိခဲ့တဲ့
အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ ကြပ်ပြေးနေပြည်တော်မှာ
စစ်အစိုးရ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်သိန်းစိန်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုလို တွေ့ဆုံတာ ဖြစ်ပါတယ်။
အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနဲ့လည်း တွေ့ဆုံခဲ့ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်
ကော်မတီဝင်များနဲ့ ရန်ကုန်မြို့ရှိ အမျိုးသား ဒီမိုကရေစီ ရုံးချုပ်မှာ တွေ့ဆုံခဲ့ပါတယ်။ Photo AP
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒု ၀န်ကြီးအဆင့်ရှိ ပုဂ္ဂိုလ်နဲ့
ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင်များ
တွေ့ဆုံခြင်းနဲ့ ပတ်သက်ပြီး ပိုမို သိရှိနိုင်ဖို့ ယနေ့မြန်မာသတင်းဌာနအနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦဉာဏ်ဝင်းအား နိုဝင်ဘာ ၄ ရက်နေ့ ဒေသစံတော်ချိန် ည ၈ နာရီခန့်က အောက်ပါအတိုင်း ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များနဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံတဲ့သတင်းအကြောင်း သိပါရစေခင်ဗျာ။
ဒီနေ့ ညနေ ၃ နာရီခွဲမှာ သူတို့ ကိုယ်စားလှယ်အဖွဲ့ လာတယ်။ ကျွန်တော်တို့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေနဲ့ တွေ့တယ်။ တနာရီ ကြာပါတယ်။ အဖွဲ့ချုပ်ရုံး အစည်းအဝေး ခန်းမမှာ တွေ့ပါတယ်။ အဖွဲ့ချုပ်ဘက်က ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးလှဖေ၊ ဦးစိုးမြင့်၊ ဦးခင်မောင်ဆွေ၊ ဦးဝင်းတင်တို့ ခြောက်ဦး တက်ပါတယ်။
အခု တွေ့ဆုံပွဲရဲ့ အခြေအနေကို ဦးဉာဏ်ဝင်းတို့ ဘယ်လိုမျိုး သုံးသပ်ပါသလဲ ခင်ဗျာ။ ဒီ တွေ့ဆုံပွဲကနေပြီးတော့ မြန်မာနိုင်ငံ နိုင်ငံရေး၊ စီးပွားရေးတွေ အပြောင်းအလဲ ဖြစ်ဖို့အတွက် ပထမခြေလှမ်းလို့ သုံးသပ်ပါတယ်။
pmrsufESm - 1
rlydkif - ,ae@jrefrm
ဟုတ်ကဲ့ခင်ဗျ။ အမေရိကန် ကိုယ်စားလှယ်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ခဲ့တယ်ဆိုတော့ အဲဒီအကြောင်း တစုံတခုများ ဦးဉာဏ်ဝင်းတို့ ကြားသိရပါသလား ခင်ဗျာ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ ၂ နာရီလောက်ကြာအောင် တွေ့တယ်လို့ ကြားသိရပါတယ်။ ဆွေးနွေးတဲ့အကြောင်းအရာတွေကို ကျွန်တော်တို့ ဘာမှ မသိပါဘူး။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရန်ကုန်တိုင်းရုံး ပြန်လည် ဖွင့်လှစ်ရေးနဲ့ ပတ်သက်ပြီး စစ်အစိုးရ တာဝန်ရှိသူတွေနဲ့ အဖွဲ့ချုပ် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ် ခင်ဗျ။ အဲဒီလို တွေ့ဆုံတဲ့ အခြေအနေကို ဦးဉာဏ်ဝင်းတို့ ဘယ်လို သုံးသပ်မိပါသလဲ ခင်ဗျ။ အလားအလာ ဘယ်လို ရှိပါသလဲ ခင်ဗျ။
ကျွန်တော်တို့ ရန်ကုန်တိုင်းရုံး ပြန်လည် ဖွင့်လှစ်ရေးနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းရုံးက သက်ဆိုင်ရာ အာဏာပိုင်တွေဆီကို စာ တင်တယ်။ တနေ့က အာဏာပိုင်တွေနဲ့ တွေ့တယ်။ ဒီဘက်က တင်ပြတာတွေလည်း မှန်တယ်ဆိုတာကို သူတို့ ပြောတယ်။ ဒါကို ဆက်လက်
တင်ပြမယ်ဆိုပြီးတော့ ပြောတယ်။ ကျွန်တော်တို့က အဲဒီ တင်ပြတဲ့ အခြေအနေက ဘာ အဖြေထွက်မလဲဆိုတာကို စောင့်နေတဲ့သဘောပါပဲ။ ဟုတ်ကဲ့။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရှေ့နေ ၄ ဦးစလုံးနဲ့ မတွေ့ရဘူးလို့ ကြားရပါတယ်။ အဲဒီ အခြေအနေကရော ဘာ တိုးတက်မှုများ ရှိပါသလဲ ခင်ဗျ။
ရှေ့နေ ၄ ဦးစလုံးနဲ့ တွေ့ဆုံနိုင်ဖို့ ကျွန်တော်တို့ကို ညွှန်ကြားပါတယ်။ အကြောင်းပြချက်လည်း ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအာဏာပိုင်တွေကို စာရေး တင်ပြဖို့ စီစဉ်ထားပါတယ်။ လောလောဆယ်တော့ မပို့ရသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်ပြုပြင်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အင်ဂျင်နီယာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။ အဲဒါ ဘယ်လို အကြောင်းကြောင်းကြောင့်ပါလဲ ခင်ဗျ။ နောက်ထပ် ဖြစ်ပေါ်တိုးတက်မှုများ ရှိပါသလားခင်ဗျ။
မတွေ့ရတဲ့အကြောင်းက ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အမိန့်နဲ့ ထိမ်းသိမ်းထားတာကိုး။ အဲဒါကြောင့် လုပ်ကိုင်တဲ့ အာဏာပိုင်တွေအနေနဲ့ ဘာကိုမှ တိတိကျကျ အဖြေမပေးနိုင်ပါဘူး။ လောလောဆယ်အားဖြင့် အိမ် ပြန်လည် ပြင်ဆင်ရေးအတွက်
သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေးကော်မတီက ခွင့်ပြုချက် ပေးပြီလို့ သိရပါတယ်။ အဲဒီ ခွင့်ပြုချက်နဲ့ ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းရပါဦးမယ်။
အခု အမေရိကန်ကိုယ်စားလှယ်နဲ့ တွေ့ဆုံမှုကို အပြုသဘောဆောင်တယ်လို့ ဦးဉာဏ်ဝင်းတို့က သုံးသပ်တော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်၊ ရှေ့အလားအလာ ဘယ်လို ရှိနိုင်ပါသလဲ ခင်ဗျ။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အဖွဲ့ချုပ်ရဲ့သဘောထားကတော့ ထုတ်ပြန်ခဲ့တဲ့ ရွှေဂုံတိုင်ကြေငြာစာတမ်းမှာ ပါပြီး ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သီးခြား ထပ်ပြောစရာ မရှိသေးပါဘူး။
ဟုတ်ကဲ့ခင်ဗျ။ ရန်ကုန်တိုင်းရုံး ပြန်လည် ဖွင့်လှစ်ရေးကိစ္စ ပြေလည်လာမယ်ဆိုရင် ပြည်နယ်နဲ့ တိုင်းတွေမှာ ရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွေ ပြန်လည် ဖွင့်လှစ်လာနိုင်မယ်လို့ ယူဆပါသလား ခင်ဗျ။
ကျွန်တော်တို့ ဒီလို ပြန်ဖွင့်ဖို့ ကြိုးစားနေတာပါပဲ။ ကျွန်တော်တို့ ကြိုးစားချက်မှာ ကျွန်တော်တို့ မျှော်လင့်ချက် ထားပါတယ်။ ဒါဟာ ပြန်ဖွင့်လာမယ်လို့လည်း ယုံကြည်ထားပါတယ်။
pmrsufESm - 2
rlydkif - ,ae@jrefrm
ဗမာစစ်အစိုးရဘက်က အမေရိကန်နိုင်ငံနဲ့ ဆက်ဆံတဲ့အခါ စီးပွားရေးပိတ်ဆို့မှု ပြန်လည် ရုတ်သိမ်းဖို့ကို သူတို့ဘက်က မျှော်လင့်တယ်လို့ သိရပါတယ် ခင်ဗျ။ ဒီတော့ စီးပွားရေး ပိတ်ဆို့မှု ပြန်လည် ရုတ်သိမ်းရေး၊ လူသားချင်းဆိုင်ရာ အကူအညီပေးရေးကိစ္စတွေနဲ့ ပတ်သက်ပြီး အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ ဆွေးနွေးတာများ ရှိပါသလား၊ ရှေ့အလားအလာ ဘယ်လို ရှိပါသလဲ ခင်ဗျ။ မရှိသေးပါဘူး။ ဒီကနေ့ဖြစ်ပေါ်တိုးတက်မှုများနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များနဲ့ ပြည်သူများကို ဘယ်လိုစကားလက်ဆောင် ပါးချင်ပါသလဲ ခင်ဗျ။
ကျွန်တော် ပြောချင်တာကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပြည်သူလူထုအတွက် အလုပ်လုပ်တယ်။ အရေးကြီးတဲ့ နိုင်ငံရေးအရ ဆုံးဖြတ်ချက်များ ချမှတ်ရန် ရှိတဲ့အခါမှာလည်း အဲဒီသဘောထားနဲ့ ဆုံးဖြတ်ချက်များ ချမှတ် ဆောင်ရွက်တယ်လို့ ပြောကြားချင်ပါတယ်။ အခု ဖော်ပြခဲ့တာတွေကတော့ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ချုပ် ဗဟိုကော်မတီဝင်များနဲ့ အမေရိကန် ဒု နိုင်ငံခြားရေးဝန်ကြီး ကာ့ဒ် ကမ်ဘဲလ်တို့ ရန်ကုန်မှာ တွေ့ဆုံခဲ့တဲ့အကြောင်း ဆက်သွယ် မေးမြန်းချက် ဖြစ်ပါတယ်။
အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ စစ်အစိုးရ ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်သိန်းစိန်ကို ကြပ်ပြေးနေပြည်တော်မှာ တွေ့ဆုံခဲ့သလို တိုင်းရင်းသား အဖွဲ့အစည်း ကိုယ်စားလှယ်များနဲ့လည်း ရန်ကုန်မှာ တွေ့ဆုံခဲ့ပါတယ်။ မြန်မာစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေကတော့ အခု တွေ့ဆုံမှုမှာ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး ဆွေးနွေးချက် မပါဝင်တဲ့အတွက် ကာ့ဒ် ကမ်ဘဲလ်ကို မတွေ့ဆုံဘဲ ဧရာဝတီတိုင်းကို ခရီးထွက်သွားကြောင်း ဝေဖန်သူအချို့က ပြောပါတယ်။
pmrsufESm - 3
rlydkif - ,ae@jrefrm