a':atmifqef;pk=unfu oHwrefrsm;tm; vufcH awG@qHk atmufwdkb m 9 &uf/ 2009 မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၉ အောက်တိုဘာ ၉ ရက်နေ့ မနက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့
သြစတေလျသံတမန်များကို တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ သတင်းများအရ သိရပါတယ်။ ထိုသို့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သံတမန်များဟာ မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ ယူဆရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေထံ စက်တင်ဘာ ၂၅ ရက်နေ့က စာတစောင် ပေးပို့ခဲ့ရာ ကြပ်ပြေးနေပြည်တော်နေ ဗိုလ်ချုပ်သန်းရွှေက အောက်တိုဘာ ၁ ရက်နေ့မှာ လက်ခံရရှိခဲ့ကြောင်း အောက်တိုဘာ ၄ ရက်နေ့ထုတ် စစ်အစိုးရအာဘော်သတင်းစာမှာ ဖော်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှ
ဗိုလ်ချုပ်သန်းရွှေထံ ရေးသားထားတဲ့ စာထဲမှာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားမှုများနဲ့ ပတ်သက်ပြီး မြန်မာစစ်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်လိုမှုကို တင်ပြပြီး ဖြစ်ကြောင်း၊ ဒါ့ကြောင့် ပိတ်ဆို့မှုအားလုံးကို သိနားလည်ရေး၊ နစ်နာမှု အတိုင်းအတာကို
သိရှိနိုင်ရေး၊ ပိတ်ဆို့မှု ပြုလုပ်တဲ့ နိုင်ငံများရဲ့ သဘောထားကို သိရှိရေးတို့အတွက် ဆောင်ရွက်ဖို့ လိုအပ်မှာ ဖြစ်ကြောင်း စတင်
ရေးသားထားပါတယ်။ ဒ့ါကြောင့် သူ့အနေနဲ့ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနဲ့ သြစတေလျနိုင်ငံဆိုင်ရာ အဆင့်မြင့် သံတမန်များနဲ့ တွေ့ဖို့ လိုအပ်ကြောင်း တောင်းဆိုထားပါတယ်။
ထိုသို့ စာရေးသား တောင်းဆိုထားစဉ် ဒေါ်အောင်ဆန်းစုကြည်အား မတရား အမှုဆင် ထောင်ချမှုနဲ့ ပတ်သက်တဲ့ အယူခံကို
မြန်မာစစ်အစိုးရက အောက်တိုဘာ ၂ ရက်နေ့မှာ ပယ်ချခဲ့ပါတယ်။ ထို့နောက် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီးဆိုသူ ဦးအောင်ကြည်ကို ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၃ ရက်နေ့နဲ့ ၇ ရက်နေ့များမှာ လက်ခံ တွေ့ဆုံခဲ့ပါတယ်။ ထိုသို့ တွေ့ဆုံပြီးနောက်
အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ သြစတေလျသံတမန်များနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံတဲ့သတင်းများ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အမေရိကန်တာဝန်ရှိသူများနဲ့ မြန်မာစစ်အစိုးရဆိုင်ရာ ပုဂ္ဂိုလ်များဟာ လာမည့်လအတွင်း စင်ကာပူမှာ ပြုလုပ်မယ့် အာရှပစိဖိတ်ဆိုင်ရာ ညီလာခံပြင်ပမှာ တွေ့ဆုံဖို့ ရှိကြောင်း၊ အမေရိကန်သမတ ဘာရတ်အိုဘားမားက အာစီယံခေါင်းဆောင်များအား တွေ့ဆုံရာမှာ
မြန်မာစစ်အစိုးရ ၀န်ကြီးချုပ်ဆိုသူ ပါဝင်နိုင်ဘွယ်ရှိကြောင်း သတင်းများ ၂၀၀၉ အောက်တိုဘာ ၈ ရက်နေ့ နယူးယောက်စံတော်ချိန် ညနေပိုင်းက ထွက်ပေါ်ခဲ့ပါတယ်။ ကနဦးသတင်းများမှာတော့ အမေရိကန်သမတနဲ့ အာစီယံခေါင်းဆောင်များ တွေ့ဆုံစဉ် မြန်မာစစ်အစိုးရတာဝန်ရှိသူ ပါဝင်မှာ မဟုတ်ဘူးလို့ ဖော်ပြခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ မြန်မာစစ်အုပ်ချုပ်သူများအပေါ် ပိတ်ဆို့မှုများအား ဆက်လက်ပြုလုပ်ထားမှာ ဖြစ်သလို ထိတွေ့ဆက်ဆံမှုများ လည်း ပြုလုပ်သွားမှာဖြစ်ကြောင်း စက်တင်ဘာ ၂၈ ရက်နေ့က ထုတ်ပြန် ကြေငြာခဲ့ပါတယ်။ ထိုသို့ ကြေငြာခဲ့ပြီးနောက် အမေရိကန်
အဆင့်မြင့်အရာရှိတဦးက မြန်မာစစ်အစိုးရ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဆိုသူ ဦးသောင်းကို စက်တင်ဘာ ၂၉ ရက်နေ့က နယူးယောက်မှာ တွေ့ဆုံခဲ့ပါတယ်။
အခုရက်ပိုင်းအတွင်း မြန်မြန်ဆန်ဆန် ပြောင်းလဲနေတဲ့ မြန်မာ့အရေးကိစ္စများကတော့ အနည်းငယ် စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
pmrsufESm - 1
rlydkif - ,ae@jrefrm