05042009 News

  • April 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View 05042009 News as PDF for free.

More details

  • Words: 3,589
  • Pages: 19
www.yeyintnge.com မြောက်ကိုးရီးယားမှ ယနေ့ မနက် tepondo 2ဒုံးကျည်ပစ်လွှတ်ခြင်း

ယနေ့ ဂျပန်စံတော်ချိန် မနက် ၁၁း၃၀ နာရီ တွင် မြောက်ကိုးရီးယားရီးယားဘက်မှ ပစ်လွှတ်လိုက်သောTepondo Missile (2) ဒုံးကျည်သည် ဂျပန်နိုင်ငံကို ကျော်ဖြတ်၍ Akita ဒေသ အနောက်ဖက် ၂၈၀ကီလိုမီတာ ဂျပန်pacific ပင်လယ်သို့ကျရောက်သွားကြောင်းသိရပါသည်။ မြောက်ကိုးရီးယားဘက်မှ satteliteဂြိုလ်တု ပစ်လွှတ်ရန် ၎င်းဒုံးကျည်ကို အသုံးချခဲ့ပြီး ဂြိုလ်တုပစ်လွှတ်မှု အောင်မြင်သည် မအောင်မြင်ဆိုသည်ကို ဂျပန်အစိုးရဘက်မှ သတိအနေအထားနှင့် စောင့်ကြည့်နေကြောင်းသိရပါသည်။

အကြောင်းတခုခုကြောင့် ဂျပန်နိုင်ငံသို့ ဒုံးကျည်သော်၎င်း ၊ ဂြိုလ်တုပျက်ကျမှုကို၎င်း ကာကွယ်ရန် နိုင်ငံအနှံ့ akita ။ iwate စသော မြို့များတွင် ဒုံးခွင်းဒုံးဖြင့် ဝေဟင်တင်ွဖြိုခွရဲ န်ယခုအချိန်တငွ် အသင့်စောင့်နေလျှက်ရှိပါသည်။ မနေ့က အာကာသထဲကို ဒုံးကျည်လွှတ်တင်မယ့် အစီအစဉ်ကို မြောက်ကိုရီးယားဘက်က ဆိုင်းငံ့လိုက်ရတာဟာ ဒုံးကျည်လွှတ်တင်မယ့်နေရာအနီးတ၀ိုက်မှာ တိမ်ထူပြီး လေပြင်းတိုက်ခတ်နေတဲ့အတွက် ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။

မြန်မာနိုင်ငံတစ်ဦးချင်း တစ်နှစ်ဝင်ငွေ ကျပ်ငါးသိန်း နီးပါး တိုးမည်ဟုဆို Saturday, April 04, 2009 7:00 AM မြန်မာနိုင်ငံတငွ် ၂၀၀၈ -၂၀၀၉ ခုနှစ်၌ လူတစ်ဦးချင်း၏ တစ်နှစ်ဝင်ငွေအနေဖြင့် ကျပ် ၄၉၈၀၀၀ ကျော်သို့"တိုးတက် ရရှိနိုင်မည်ဖြစ်ကြောင်း ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က မတ်လ ၃၁ ရက်နေ့က နေပြည်တော်မြို့"တော်ခန်းမတွင်ပြုလုပ်သော ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း"ချုပ် UMFCCI ၏ (၁၈)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင်ပြောကြားသည်။ မြန်မာနိုင်ငံ၏ လူတစ်ဦး"ချင်း တစ်နှစ်ဝင်ငွေမှာ ၂၀၀၇ -၂၀၀၈ ဘဏ္ဍာရေးနှစ်တငွ် ၄၀၅၈၁၇ ကျပ်ရှိခဲ့ကြောင်း၊ ယခု ၂၀၀၈ -၂၀၀၉"ဘဏ္ဍာရေးနှစ် ယာယီစာရင်းများအရ စီးပွားရေးတိုးတက်သည်ဟုဆိုနိုင်ပြီး ထုတ်လုပ်မှုကဏ္ဍတွင် ၈.၈ ရာခိုင်"နှုန်း၊ ၀န်ဆောင်မှုကဏ္ဍတွင် ၁၅ ရာခိုင်နှုန်း၊ကုန်သွယ်မှုကဏ္ဍတွင် ၉.၉ ရာခိုင်နှုန်း တိုးတက်နိုင်ဖွယ်ရှိသည်ဟု"ခန့်မှန်းထားကြောင်းနှင့်လယ်ယာ၊ သား၊ ငါး၊ စက်မှုလက်မှုကဏ္ဍတို့တငွ် အဓိက တိုးတက် ထုတ်လုပ်နိုင်၍ ၀န်"ဆောင်မှုကဏ္ဍတွင်မူ အဓိကအနေဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတို့ တိုးတက်ဆောင်ရွက်နိုင်သည်"ကို တွေ့ရှိရကြောင်း ၎င်းကပြောကြားသည်။ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကာလတိငုါးနှစ်"စီမံကိန်းများဖြင့် ဆောင်ရွက်လျက်ရှိရာ စတုတ္ထကာလတို ငါးနှစ်စီမံကိန်း၏ တတိယဘဏ္ဍာနှစ် ၂၀၀၈ ၂၀၀၉"အတွက်ပြည်တွင်းအသားတင်ထုတ်လုပ်မှု(GDP)ကျပ် ၁၇၁၄၂ ဒသမ ၇ ဘီလီယံနှင့်(GDP)တိုးတက်မှုနှုန်း ၁၀"ဒသမ၇

ရာခိုင်နှုန်းရရှိရန်ရည်မှန်းထားရာ ၂၀၀၉ခုနှစ် ဇန်န၀ါရီလအထိ ကျပ် ၁၃၃၅၄ ဒသမ၁ဘီလီယံနှင့် တိုး"တက်မှုနှုန်းမှာ ၁၀ ဒသမ ၄ ရာခိုင်နှုန်းရရှိထားပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး သိန်းစိန်က ပြောကြားသည်။ ယခု"စတုတ္ထကာလတို ငါးနှစ်စီမံကိန်းမှာ ၂၀၀၆-၂၀၀၇ ဘဏ္ဍာနှစ်မှ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်အထိ သတ်မှတ်ထာ"ပြီး ဖွံ့ဖြိုးတိုးတက်မှုနှုန်းအနေဖြင့် တစ်နှစ်လျှင် ပျှမ်းမျှ ၁၂ရာခိုင်နှုန်း တိုးတက်ရန်ရည်မှန်းထားကြောင်းလည်း"၀န်ကြီးချုပ်က ဆက်လက် ပြောကြားခဲ့ကြောင်း ၂၀၀၉ ခုနှစ် ဧပြီလ ၆ ရက်နေ့ထုတ် The Voice ဂျာနယ်တငွ်"ဖော်ပြထားပါသည်။

အတားအဆီးတွေကြား အဲန်အယ်လ်ဒီ လက်မှတ် ဆက် စုဆောင်း 05 April 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုကို ရန်ကုန်တိုင်း တွံတေးမြို့နယ်ထဲက ကျေးရွာတွေမှာပြုလုပ်ခဲ့ရာမှာ အာဏာပိုင်တွေက လိုက်လံတားဆီးပိတ်ပင်တာ အနှောက်အယှက်ပေးတာတွေ လုပ်နေပေမယ့်လည်း အခုအခါမှာတော့ လက်မှတ်ရေးထိုးတဲ့ လူဦးရေး လေးသောင်းကျော် ရှိသွားခဲ့ပါပြီ။ တွံတေးမြို့ကရရှိထားတဲ့ ဒီသတင်းကိုတော့ ဗီအွိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။ သူတို့ရဲ့ လက်မှတ်ရေးထိုးလှုပ်ရှားမှုကို ပြုလုပ်တဲ့အခါမှာ အနှောက်အယှက်ပေးမှုတွေအပြင် လက်မှတ်ရေးထိုးခဲ့တဲ့ ပြည်သူတွေကို ခြိမ်းခြောက်တာတွေ ကျေးရွာအာဏာပိုင်တွေက ပြုလုပ်ခဲ့တဲ့အကြောင်း တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ လူငယ်တာဝန်ခံ ကိုရဲထဋ်ွခေါင် က အခုလို ပြောပြပါတယ်။ “လူငယ်တွေကို ကျေးရွာတွေမှာ လိုက်လံနှောက်ယှက်တာတွေ ရှိတယ်။ သူတို့ တည်းတဲ့အိမ်တွေကို ဧည့်စာရင်း မပေးဘူး။ နောက်ပြီးတော့ လူငယ်တွေက ဘုန်းကြီးကျောင်းမှာ သွားပြီးတော့ တည်းခိုရတဲ့အဆင့်ရှိတယ်။ နောက် သူတို့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းတွေက စောင့်ကြည့်တာတွေရှိတယ်။ လိုက်လံပြီးတော့ စောင့်ကြပ်တာတွေ ရှိတယ်ပေါ့။ ကျနော်တို့ လက်မှတ်ရေးထိုးနေတဲ့အချိန်မှာတော့ ဘာမှမပြောဘူး။ လက်မှတ်ရေးထိုးပြီးတော့ အဲဒီအိမ်ကနေ ထွက်သွားပြီးဆိုရင် အဲဒီအိမ်ကို ၀င်ပြီးတော့ သူတို့ ပြောတယ်။ လက်မှတ် မထိုးရဘူး။ ဒါဟာ တရားမ၀င်ဘူး။ လက်မှတ်ရေးထိုးပေးရင် ဒါ ခင်ဗျားတို့ကို ဖမ်းမယ်။ အခုတောင် ခင်ဗျားတို့ကို တရားစွဲလို့ရတယ်လို့ ပြောတယ်။ နောက်ပြီးတော့ လက်မှတ် သွားထိုးမယ့် နေရာလမ်းကြောင်းတွေမှာ သူတို့က ပိတ်ဆို့ထားတယ်။ တချို့ ရယက တွေဆိုရင် လမ်းထဲကို ၀င်ခငွ့် မပေးဘူး။ ဌာန ဆိုင်ရာ ခွင့်ပြုချက်မရှိဘူး။ အဲန်အယ်လ်ဒီပါတီဝင်တွေ ၀င်ခငွ့်မရှိဘူး ဆိုပြီးတော့ ပိတ်ဆို့တာ တားမြစ်တာ ရှိတယ်။” အခုအခါမှာတော့ လက်မှတ်ရေးထိုး တောင်းဆိုတဲ့သူပေါင်း လေးသောင်းကျော် ရသွားပြီဖြစ်ကြောင်းကိုလည်း ဆက်ပြော သွားပါတယ်။ “အခုဆိုရင် အားလုံး စုစုပေါင်း ၁၇၃ နဲ့ အုပ်စု ၅ စု ဆုံသွားပြီပေါ့ခင်ဗျာ။ လက်မှတ်ပေါင်း လေးသောင်းကျော် ရတယ်။ လေးသောင်းကျော်ရတာကို ကျနော်တို့က ဘယ်အထိ ဆက်လုပ်မလဲဆိုရင် ၆ လပိုင်းအကုန်အထိ ဆက်လုပ်မယ်။” အခုလိုမျိုး လက်မှတ်ရေးထိုးမှုတွေ လုပ်ခဲ့တဲ့ တွံတေးမြို့ပေါ်က မိဘမေတ္တာ ငါးဒိုင် က ငါးဒိုင်ပိုင်ရှင်တဦးကိုတော့ ဧည့်စာရင်းမှုနဲ့ တရားစွဲပြီး ထောင်တပတ်ချတာတွေ လုပ်ခဲ့ပါတယ်။ သူ့အိမ်အနီးတ၀ိုက်မှာဆိုရင် ရဲများက မကြာခဏ စောင့်ကြည့်နေတာတွေ လုပ်နေပြီး ပတ်ဝန်းကျင်ကနေ သူနဲ့မပတ်သက်ရေဲ အာင် လုပ်နေတယ်လို့လည်း ဆိုပါတယ်။

မြောက်ကိုရီးယားဒုံးကျည် မပစ်လွှတ်ဖြစ်သေး 04 April 2009

ဧပြီလ ၄ ရက်ကနေ ဧပြီလ ၈ ရက်အတွင်းမှာ ပစ်လွှတ်မယ်လို့ မြောက်ကိုရီးယားက ကြေညာထားတဲ့ ဒီကနေ့ ပထမနေ့မှာ တာဝေးပစ်ပဲ့ထိန်းဒုံးကျည်ကို မပစ်လွှတ်သေးဖို့ မြောက်ကိုရီးယားက ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုဆုံးဖြတ်ရတာဟာ ရာသီဥတုကြောင့် ဖြစ်နိုင်တဲ့အကြောင်း ဗွီအိုအေ သတင်းထောက် Kurt Achin သတင်းပေးပို့ထားပါတယ်။ မနန္ဒာချမ်းက တင်ပြထားပါတယ်။ စနေနေ့မှာ အာကာသထဲကို ဒုံးကျည်လွှတ်တင်မယ့် အစီအစဉ်ကို မြောက်ကိုရီးယားဘက်က ဆိုင်းငံ့လိုက်ရတာဟာ ဒုံးကျည်လွှတ်တင်မယ့်နေရာအနီးတ၀ိုက်မှာ တိမ်ထူပြီး လေပြင်းတိုက်ခတ်နေတဲ့အတွက် ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ ဒီနေ့ စောစောပိုင်းတုန်းကတော့ မြောက်ကိုရီးယား အစိုးရသတင်းဌာနကနေ - ဒုံးကျည်ကို လွှတ်တင်ဖို့အတွက် ပြင်ဆင်မှုတွေဟာ အပြီးသတ်နေပြီဖြစ်ပြီး မကြာခင်မှာ လွှတ်တင်နိုင်တော့မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း တောင်ကိုရီးယားရဲ့ ယုံဟတ်သတင်းဌာနမှာတော့ - မြာက်ကိုရီးယားဟာ ဒုံးကျည်ပစ်လွှတ်ချိန်မှာ ဖွင့်ရတဲ့ ရေဒါ စနစ်ကိုတောင်မှ မဖွင့်ခဲ့ဘူးလို့ အမည်မဖော်လိုတဲ့ ကာကွယ်ရေးအရာရှိတချို့ရဲ့ ပြောဆိုချက်တွေကို ကိုကားပြီး ဖော်ပြထားပါတယ်။

ဧပြီလ ၄ ရက်ကနေ ၈ ရက်အကြားမှာ အာကာသထဲကို ဆက်သွယ်ရေးဂြိုလ်တုတစ်လုံး လွှတ်တင်မယ်လို့ မြောက်ကိုရီးယားဘက်က ပြီးခဲ့တဲ့လတုန်းကပဲ နိုင်ငံတကာအစိုးရတွေကို အသိပေးခဲ့တာပါ။ အမေရိကန်၊ တောင်ကိုရီးယား နဲ့ ဂျပန်နိုင်ငံတို့ကတော့ - မြောက်ကိုရီးယားဟာ အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း တော်တော်ဝေးဝေးထိကို ရောက်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့မယ်ဆိုရင် ဒါဟာ ရန်စတဲ့စမ်းသပ်မှုပဲလို့ မြင်ကြပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ဆိုးလ်မြို့တော်မှာလည်း မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုကို ရှုတ်ချတဲ့အနေနဲ့ လူတချို့ဟာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားက ပစ်လွှတ်မယ့်ဒုံးကျည်ဟာ မြောက်ကိုရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းကနေ ဂျပန်နိုင်ငံ မြောက်ဖျားစွန်းအထိ ဖြတ်သွားမယ်လို့ မျှော်လင့်ထားတဲ့အတွက် တောင်ကိုရီးယားက လေယာဉ်တွေ သဘောင်္တွေကို အဲဒီ ဒုံးကျည်လမ်းကြောင်းကို ရှောင်ပြီး သွားလာစေခဲ့တာပါ။ ဒီလိုအခြေအနေတွေကြောင့်မို့ တောင်ကိုရီးယားသမ္မတ အီမြှောင်ဘတ် ဟာလည်း စနေနေ့မှာ နာရီပေါင်းများစွာကြာတဲ့အထိ အရေးပေါ် အစည်းအဝေးထိုင်ပြီး နိုင်ငံတကာ လုံခြုံရေးကိစ္စရပ်တွေအတွက် တောင်ကိုရီးယားဝန်ကြီးတွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ နှစ်နိုင်ငံပေါင်းစည်းရေးဆိုင်ရာ တောင်ကိုရီးယားဝန်ကြီးဌာန ပြောရေးဆိုခငွ့်ရှိသူ ကင် ဟို ညွန်း ကလည်း - အလုပ်အကိုင်နဲ့ရော အလည်အပတ်ပါ မြောက်ကိုရီးယားမှာ ရောက်ရှိနေကြတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်လို့လည်း အထူး ပြင်ဆင်မှုတွေ လုပ်နေပါတယ်လို့ အခုလို ပြောဆိုခဲ့ပါတယ်။ “မြောက်ကိုရီးယားမှာရှိနေကြတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေအနေနဲ့ မလိုဘဲ မြောက်ကိုရီးယား နိုင်ငံသားတွေနဲ့ ဆက်သွယ်ပြောဆိုတာတွေ မလုပ်ဖို့၊ ပြီးတော့ - မြောက်ကိုရီးယားနိုင်ငံသားတွေ လုပ်နေပြောဆိုနေတာတွေကိုလည်း သတိထားဖို့ မှာကြားထားတယ်။” - လို့ သူက ပြောသွားတာပါ။ ဒါ့အပြင် တောင်ကိုရီးယားနိုင်ငံသားတွေအနေနဲ့ သွားလာတာတွေကိုလည်း လျှော့ပြီး - ညဘက်မှာ အပြင် မထွက်ဖို့ကိုလည်း မှာထားတယ်လို့ သူက ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားက အခုလို ဒုံးကျည်ပစ်လွှတ်မယ့်ကိစ္စနဲ့ပတ်သက်လို့ ဒါဟာ ၂၀၀၆ ခုနှစ်တုန်းက မြောက်ကိုရီးယားကနေ နျူကလီးယားစမ်းသပ်မှုတွေ လုပ်ခဲ့ပြီးတဲ့နောက် - မြောက်ကိုရီးယားအပေါ် လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တာဖြစ်တဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စု နဲ့ ဂျပန်တို့ကနေ တင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့်လည်း တရုတ်နဲ့ ရုရှား နှစ်နိုင်ငံကနေ မြောက်ကိုရီးယားအပေါ် အရေးယူဒဏ်ခတ်မှုအသစ်တွေ လုပ်ဖို့ကို တုန့်နှေးကောင်း တုန့်နှေးနိုင်ပါတယ်။ အကြောင်းကတော့ မြောက်ကိုရီးယားဘက်ကနေ သူတို့ရဲ့ အခု စမ်းသပ်ပစ်လွှတ်မှုဟာ နိုင်ငံတကာအခွင့်အရေးအရ - အာကာသအတွင်း ငြိမ်းချမ်းတဲ့သုတေသန လုပ်တာသာ ဖြစ်တယ်လို့ ပြောဆိုထားတာကြောင့်ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာတုန်းက မြောက်ကိုရီးယားက ဒီလို တာဝေးပစ် ဒုံးကျည်ပစ်လွှတ် စမ်းသပ်တုန်းကတော့ ပစ်တင်ပြီး စက္ကန့်ပိုင်းအကြာမှာပဲ မြေပြင်ကို ပြန်ကျလာခဲ့တာပါ။ အခုလည်း ဒီလို မအောင်မြင်မှုမျိုး ဖြစ်မှာကို မြောက်ကိုရီးယားက ရှောင်ရှားလိုပုံရတာကြောင့် အခုတကြိမ် ဒုံးကျည်ပစ်လွှတ်ဖို့မှာ ရာသီဥတုကောင်းအောင် စောင့်ဆိုင်းနေတာ ဖြစ်နိုင်တယ်လို့ ယုံကြည်ရပါတယ်။ မြောက်ကိုရီးယားဟာ အခု ဒုံးကျည်ပစ်လွှတ်ဖို့ကို ရာသီဥတုကောင်းအောင် စောင့်ဆိုင်းနေတာဖြစ်နိုင်တယ်လို့ ယုံကြည်ရပါတယ်။ မိုးလေ၀သခန့်မှန်းသူတွေကလည်း - ရာသီဥတုဟာ တနင်္ဂနွေမှာ သာယာလာနိုင်ပြီး တနင်္လာနေ့မှာ ပိုလို့တောင် သာယာနိုင်တယ် လို့ ဆိုကြပါတယ်။

နယူးယောက်ခ်ပစ်ခတ်မှု ၁၄ ဦး သေဆုံး 04 April 2009

အမေရိကန်နိုင်ငံ နယူးယောက်ခ်က ဘင်ဟမ်တန်မှာရှိတဲ့ အေစီအေ လူဝင်မှုကြီးကြပ်ရေး ဗဟိုဌာနမှာ သေနတ်သမားတဦး ရဲ့ ပစ်ခတ်မှုကြောင့် လူပေါင်း ၁၃ ဦး သေဆုံးခဲ့ရပါတယ်။ သောကြာနေ့ သေနတ်ပစ်ခတ်မှုအပြီး အလောင်း ၁၄ လောင်း တွေ့ရတယ်လို့ ဘင်ဟမ်တန်ရချဲုပ် ဂျိုးဇက် ဇီကပ်စ်ကီး (Joseph Zikuski) က ပြောပါတယ်။ သေဆုံးသူတွေထဲမှာ သေနတ်န့ပဲ စ်ခတ်သူပါ ပါနေမယ်လို့ အာဏာပိုင်တွေက ယုံကြည် ပေမဲ့ အတည်မပြုသေးပါဘူး။ ဘာကြောင့်ပစ်ခတ်တယ်ဆိုတာလည်း မပြောသေးပါဘူး။

ပစ်ခတ်သူဟာ အေစီအေရုံးအနောက်ဘက် တံခါးပေါက်ကို သူ့ကားနဲ့ ပိတ်ရပ်ခြဲ့ ပီး အရှေ့တံခါးမက၀င်ပြီး ပစ်ခတ်ခဲ့တယ် လို့ ရဲတွေက ပြောပါတယ်။ အရှေ့ပေါက်က ဧည့်ကြို ၂ ဦးကို အရင်ပစ်ခတ်ခြဲ့ ပီး အမေရိကန်နိုင်ငံသား ခံယူဖို့ သင်တန်း တက်နေသူတွေရဲ့ အခန်းကိုအရောက် သင်တန်းသားတွေကို ထပ်မံပစ်ခတ်ခ့တဲာ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲက ဧည့်ကြိုတဦးမှတပါး ကျန်အားလုံးရဲ့ အလောင်းတွေကို သင်တန်းခန်းမထဲမှာ တွေ့ရတယ်လို့ ရဲတွေက ပြောပါတယ်။ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဒီဖြစ်ရပ်အတွက် ထိတ်လန့်တုန်လှုပ်မိသလို သိပ်ကို ၀မ်းနည်းမိတယ်လို့ ပြောကြားပါတယ်။ အေစီအေရုံးဟာ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့အခြေချသူတွေနဲ့ လာရောက် ခိုလှုံနေထိုင်သူတွေ အခြေကျဖို့၊ နိုင်ငံသား ဖြစ်ဖို့နဲ့ မိသားစုပြန်လည်ဆုံဆည်းဖို့ ကိစ္စတွေကို ဆောင်ရွက်ပေးနေတဲ့ရုံး ဖြစ်ပါတယ်။

နယ်စပ်များမှ တရားမဝင် တင်သငွ်းလာသော ဆေးဝါးများ ဖမ်းဆီးရမိ Saturday, April 04, 2009 7:00 AM နယ်စပ်များမှ တရားမဝင်တင်သငွ်း၍ ဖမ်းဆီးရမိသော အောက်ဖော်ပြပါဆေးများမှာ မြန်မာနိုင်ငံတင်ွမှတ်ပုံ"တင်ထားခြင်းမရှိသော ဆေးဝါးများဖြစ်ပါကြောင်းနှင့် ဆေးဝါးများမှာ အရည်အသွေး အာနိသင် အာမခံချက် မရှိ"ပါကြောင်းအသိပေးအပ်ပါသည်။" Premobrom Tablet"(Brimhxime HCI 8mg)Public P'cal Lab Co.,Ltd. Thailand. Diclonac Tablet (Diclofenac Sodium 25mg)Lachmann Co.,Ltd. Thailand. Vagilan Tablet (Metronidazole 200mg)Union Drug Labs Ltd. Thailand. Cardenol 40 Tablet (Propanolol 40mg)T.O pharma Co.,Ltd. Thailand. Newtamol Tablet (Paracetamol 500mg)New Life Pharma Co.,Ltd. Thailand. အများပြည်သူတို့အနေဖြင့် မြန်မာနိုင်ငံတင်ွမှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများကို ဝယ်ယူသုံးစွဲခြင်း မပြု"ကြရန်နှင့်မြန်မာနိုင်ငံတင်ွမှတ်ပုံတင်ထားသောဆေးဝါးများကိုသာစူးစမ်းဝယ်ယူသုံးစွဲပါရန်နှိုးဆော်အပ်ပါသည်။"ဆေးဝါးတင်သငွ်းဖြန့်ဖြူးသည့် ကုမ္ပဏီ၊ ဆေးဝါးရောင်းချသည့် ဆေးဆိုင်များသည် မြန်မာနိုင်ငံတင်ွမှတ်ပုံတင်"ထားခြင်းမရှိသော ဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများတင်သငွ်း ဖြန့်ဖြူးရောင်းချခြင်း လုံးဝမပြုရန်"နှင့်လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက တည်ဆဥဲ ပဒေအရအရေးယူမည်ဖြစ်ကြောင်း ၂၀၀၉ခုနှစ်ဧပြီလ ၄ရက်နေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။ တိုင်းရင်းဆေးဝါးနှင့် ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေး ကြေညာချက် Saturday, April 04, 2009 7:00 AM ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော တိုင်းရင်း"ဆေးဝါးများကို အများပြည်သူတို့သုံးစွရဲ န်စဉ်ဆက်မပြတ်စစ်ဆေးလျက်ရှိပါသည်။ ယင်းသို့ စစ်ဆေးရာတွင် ဈေး"ကွက်အတွင်းရောင်းချလျက်ရှိသော အောက်ဖော်ပြပါ တိုင်းရင်းဆေးဝါးများ၌ အဆိပ်အတောက်ဖြစ်စေနိုင်သည့်"သတ္တုမာ(Heavy Metal)များပါဝင် ဖော်စပ်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ စစ်ဆေးတွေ့ရှိသည့်အတွက်"အများပြည်သူ သုံးစွရဲ န် အန္တရာယ်ရှိသော တိုင်းရင်းဆေးဝါးများ ဖြစ်ကြောင်းနှင့် ပြည်သူအများ သုံးစွရဲ န် မသင့်"လျော်ကြောင်းအသိပေးအပ်ပါသည်။ ၁။ဒေါ်ထွေးအမှတ်တံဆိပ် ဂေါမုတ္တဆေးတရုတ်တန်းလမ်း၊ ဘုရားကြီးရပ် မုံရွာမြို့အာဆင်းနစ် ၂။ဒေါ်ကျင်၏ ကလေး သူငယ်နာလေပုပ်ထုတ်ဆေးအမှတ်(၇/၇၆၇)၊ သုမင်္ဂလာလမ်း၊ တောင်ဥက္ကလာပ၊ ရန်ကုန်မြို့အာဆင်းနစ် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အများပြည်သူတို့ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဈေးကွက်အတွင်းရှိ"တိုင်းရင်းဆေးဝါးများကို ဆက်လက်စစ်ဆေး ဖော်ထုတ် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၂၀၀၉ ခုနှစ်ဧပြီလ ၄"ရက်နေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။

KNU သောင်းကျန်းသူအဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိ စောနေစိုးမြ ဦးစီးသည့် စုစုပေါင်း အင်အား ၁၅၉ ဦး လက်နက်မျိုးစုံ (၂၄)လက်နှင့် အတူ ထို့ကော်ကိုးကျေးရွာသို့ လာရောက်ပူးပေါင်း Saturday, April 04, 2009 7:00 AM နိုင်ငံတော်အစိုးရကချမှတ်ထားသည့် မူဝါဒလမ်းစဉ်များအပေါ် နားလည်ယုံကြည်မှုရှိပြီး နိုင်ငံတော်၊ ပြည်သူ"နှင့်တပ်မတော်တို့၏စေတနာမှန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများကိုတွေ့မြင်သိရှိလာခြင်း၊ နယ်"မြေအေးချမ်းမှုကြောင့် ဒေသဖွံ့ဖြိုး တိုးတက်မှုများအပေါ် ဒေသခံပြည်သူများ ဝမ်းမြောက်ဝမ်းသာ ရှိနေခြင်းနှင့်"တရားဥပဒေဘောင်အတွင်းဝင်ရောက်ခဲ့ပြီးသောတိုင်းရင်းသားအဖွဲ့အစည်းများအပေါ်နိုင်ငံတော်ကစောင့်ရှောက်"ပေးထားမှုများကို မျက်မြင်သိရှိနားလည်ယုံကြည်လာခြင်းများကြောင့် KNU သောင်းကျန်းသူအဖွ့မှဲ ကွယ်လွန်သူ"KNU/KNLA ဥက္ကဋ္ဌဟောင်းစောဘိုမြ၏သားဗိုလ်ကြီးအဆင့်ရှိ စောနေစိုးမြဦးစီးအင်အား ၇၁ဦး၊ မှီခိုသူမိသားစုဝင်"၈၈ဦးစုစုပေါင်းအင်အား ၁၅၉ဦးတို့သည် လက်နက်မျိုးစုံ ၂၄ လက်နှင့်အတူ မတ် ၃၀ ရက်တငွ် KNU/KNLA ငြိမ်း"ချမ်းရေးကောင်စီအဖွဲ့ရှိရာ ထို့ကော်ကိုးကျေးရွာသို့ လာရောက် ပူးပေါင်းခဲ့ကြကြောင်း သိရှိရသည်။ တရားဥပဒေ"ဘောင်အတွင်း ဝင်ရောက်လာသော စောနေစိုးမြနှင့်အဖွဲ့အား တာဝန်ရှိသူများနှင့် ဒေသခံများက လှိုက်လှိုက်လ"ှဲ လှဲဝမ်းပန်းတသာ ကြိုဆိုခဲ့ကြကြောင်းနှင့် စောနေစိုးမြနှင့် အဖွဲ့ဝင်မိသားစုများအတွက် နိုင်ငံတော် အစိုးရကနေ"အိမ်များဆောက်လုပ် နေရာချထားပေး ပြီး လိုအပ်သည့် အခြားထောက်ပံ့မှုများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိ"ကြောင်း ၂၀၀၉ ခုနှစ်ဧပြီလ ၄ ရက်နေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။ ကျောက်ဖြူ- ကူမင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းမည် Saturday, April 04, 2009 7:00 AM မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့များကို အိမ်နီးချင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်သို့ဦးတည်"ကာပို့လွှတ်မည့် ပိုက်လိုင်း သွယ်တန်းမည်ဖြစ်ကြောင်း တရုတ်စွမ်းအင်ဌာနမှ အဆင့်မြင့် အရာရှိကြီးတစ်ဦး ၏"ပြောဆိုချက်ကို ကိုးကား၍ China Daily သတင်းစာကြီးကရေးသားဖော်ပြသည်။ ကျောက်ဖြူမြို့အနီးပင်လယ်"မှ အဆိုပါပိုက်လိုင်းများစတင်မည်ဖြစ်ပြီး ယူနန်ပြည်နယ်၊ ရိုင်လီခရိုင်၊ကူမင်းခရိုင်တို့ကို ဖြတ်ကာကွမ်ကျိုးပြည်"နယ်၊ ချူကင်းပြည်နယ်သို့ ဦးတည်သွယ်တန်းမည်ဖြစ်သည်။ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်မှုစရိတ်"မှာ အမေရိကန်ဒေါ်လာ ၁ဘီလီယံဖြစ်ပြီး ရေနံပိုက်လိုင်း မှာ ၁.၅ဘီလီယံဖြစ်သည်။ အဆိုပါစီမံကိန်း၏ ၅၀. ၉"ရာခိုင်နှုန်းကို တရုတ်နိုင်ငံအစိုးရပိုင် အမျိုးသားရေနံ ကော်ပိုရေးရှင်းကထည့်ဝင်ကျခံမည်ဖြစ်ပြီး ကျန်ရှယ်ယာ"များကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့အင်တာ ပရိုက်စ်ကရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမည့် ယွမ်"ငွေ ၇၂ ဘီလီယံ၏ ကနဦးခြေလှမ်းအဖြစ် ယူနန်နယ်တငွ် ယခုနှစ်ဝက်အတွင်း ပိုက်လိုင်းတည်ဆောက်မှုကို စ"တင်တော့မည်ဖြစ်ကြောင်း တရုတ်မီဒီယာများကဆိုသည်။ တရုတ်နိုင်ငံ၏ လောင်စာ တင်သငွ်းမှု၏ ၈၀ ရာခိုင်"နှုန်းသည် မလက္ကာ ရေလက်ကြားကိုဖြတ်ကာ ရေကြောင်းဖြင့် ၀င်ရောက်ရခြင်းဖြစ်ရာ အကြမ်းဖက်မှုနှင့် ပင်"လယ်ဓားပြမှုများကထိုလမ်းကြောင်းကိုနှောင့်ယှက်လျက်ရှိသဖြင့်တရုတ်အာဏာပိုင်များကယင်းလမ်းကြောင်း"အသုံးပြုမှုကို လျှော့ချလိုသည်။ ယခုတရုတ-် မြန်မာပိုက်လိုင်း များပြီးစီးလျှင် မလက္ကာရေလက်ကြားအပေါ် မှီ"ခိုနေရမှုကို သိသိသာသာလျှော့ချနိုင်မည်ဖြစ်သည်။ မြန်မာ နိုင်ငံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ရေ"နံနှင့် သဘာဝဓာတ်ငွေ့ နယ်စပ်ဖြတ်ကျော်ပိုက်လိုင်းသွယ်တန်းပြီး နှစ်နိုင်ငံ လောင်စာကုန်သွယ်မှု ကြာမြင့်ချိန်"လျှော့ချရန်အတွက် သဘောတူညီချက်ရရှိပြီးဖြစ်သည်ဟု တရုတ်အစိုးရအင်တာနက်စာမျက်နှာ gov.cn တွင်"ဖော်ပြထားသည်။ ရေအား လျှပ်စစ်စီမံကိန်းများ ပူးပေါင်းဆောင်ရွက်ရန်လည်း သဘောတူစာချုပ်များ ချုပ်ဆို"ထားပြီးဖြစ်သည်ဟု အဆိုပါ ၀က်ဘ်ဆိုက်ကဆိုသည်ဟု၂၀၀၉ ခုနှစ် ဧပြီလ ၆ ရက်နေ့ထုတ် The Voice ဂျာ"နယ်တင်ွဖော်ပြထားပါသည်။

ထောက်လှမ်းရေးအရာရှိဟောင်း သမီး အသတ်ခံရ မဇ္ဈိမသတင်းဌာန စနေနေ့၊ ဧပြီလ 04 2009 20:09 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။

။ ဗိုလ်တထောင်မြို့နယ်တငွ်း ဖြစ်ပွားသော နှစ်လောင်းပြိုင် လူသတ်မှုတငွ် အသတ်ခံရသူမှာ ယခင်

ထောက်လှမ်းရေး အရာရှိတဦး၏ သမီးဖြစ်သည်ဟု ရဲသတင်းရပ်ကက်ွနှင့် ပတ်ဝန်းကျင်နေသူများ အပြောအရ သိရသည်။ ဒေါ်အေးအေးဝင်း (အသက် ၄၃ နှစ်) သည် ဖျက်သိမ်းခံရပြီးသော ထောက်လှမ်းရေးအဖွ့မှဲ ထိပ်တန်းအရာရှိတဦး၏ သမီးတဦးဖြစ်ပြီး အတူသေဆုံးနေသူ ခင်ပနွ်းဖြစ်သူ ဦးခင်မောင်လေး (အသက် ၄၆ နှစ်) သည် သင်္ဘောသား တဦးဖြစ်ပြီး မာလိန်မှုး စာမေးပွဲ ဖြေဆိုထားသူ ဖြစ်သည်ဟု အမည်မဖော်လိုသူ ရဲတဦးက ပြောသည်။ ဒေါ်အေးအေးဝင်းသည် လွန်ခ့သဲ ည့် လေးနှစ်ခန့်က ပြောင်းရွှေ့လာခြင်းဖြစ်ကာ ပတ်ဝန်းကျင်နှင့် ဆက်ဆံရေး နည်းပါးသူဖြစ်သည်ဟု အိမ်နီးချင်းများက ပြောသည်။

အနံ့ထွက် ပုပ်ပွေ နသော ရုပ်အလောင်းများကို ဧပြီလ ၂ ရက်နေ့က အိမ်နီးနားချင်းများက တွေ့ပြီး ရဲကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ မတ်လ ၃၀ ရက်နေ့ည ၁၁ နာရီခန့်က အခင်းဖြစ်ပွားရာ နေအိမ်မှ ရုန်းရင်းဆန်ခတ်သံများကြားခဲ့ရပြီး အမျိုးသမီးတဦး၏ သတ်ပါ၊ သတ်ပါ ဆိုသော အသံကိုလည်း ကြားခဲ့ကြရသည်ဟု အိမ်နီးချင်းများက ပြောသည်။

မြန်မာနိုင်ငံသားများကို ဘင်္ဂလား နယ်ခြားစောင့်တပ်က ပြန်လွှတ် ငြိမ်းချမ်း စနေနေ့၊ ဧပြီလ 04 2009 20:07 - မြန်မာစံတော်ချိန်

ဒါကာ (မဇ်ၥိမ)။

။ မြန်မာဘက်မှ တရားမ၀င် ၀င်ရောက်လာသော မြန်မာများကို ဖမ်းဆီးရမိသည့်အခါ ဘင်္ဂလားဒေ့ရှ်

နယ်ခြားစောင့်တပ်က တရားစွမှဲုများ မပြုလုပ်တော့ဘဲ မြန်မာနိုင်ငံဘက်သို့ ပြန်လွှတ်လိုက်သည်။ မြန်မာနိုင်ငံသား (၆) ဦးဖြစ်တဲ့ အာလီအဟာမတ် (Arli Ahamet)၊ နော်ဘီဟူဆင် (Norbi Hossion) ၊ နိုဒူဟူဆင် (Nodu Hossion)၊ ရှောဘီအဟာမတ် (Shorbi Ahamet)၊ အိုင်နာအူဒင် (Aina Udin) နှင့် ရှာဟာအူဒင် (Sharha Udin)တို့ကို ယခုလ ၂ ရက်နေ့တငွ် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။ ၄င်းတို. (၆) ဦးအား မြန်မာနိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသည့်အတွက် တက္ကနာမြို.နယ် ဘာဇာပါရာတွင် နယ်ခြားစောင့်တပ် (BDR) က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း တက္ကနာ အခြေစိုက် အမှတ် (၄၂) BDR တပ်ရင်းမှ ဗိုလ်မှူး အာဘဒူလ်ခါလက် (Abdu Khalet) ကပြောသည်။ “သူတို.ကို ကမ်းခြေနဲ. ကိုက် ၃၀၀ လောက်ဝေးတဲ့နေရာအထိ ကျွန်တော်တို.ဘက်က လိုက်ပို.ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ထွက်ခွါသွားဖို့ ပြောကြားပြီး ပြန်လွှတ်ပေးလိုက်တယ်” ဗိုလ်မှူး အာဘဒူလ် ခါလက် (Abdu Khalet) ကပြောသည်။ BDR ဗိုလ်မှူး အနေဖြင့် ဖမ်းဆီးရမိသော မြန်မာများကို ပြန်လွှတ်ပေးခြင်းနှင့် ပတ်သက်၍ တစုံတရာ မှတ်ချက်ပေးပြောဆိုခြင်း မရှိသော်လည်း တက္ကနာမြို.မှ အမည်မဖေါ်လိုသည့် ထောက်လှမ်းရေးတဦးက “မြန်မာဘက်က လာတဲ့လူတွေကို ဖမ်းပြီးပြန်လွှတ်တာ ဒါပထမဆုံးအကြိမ်ဖြစ်တယ်။ ဖမ်းပြီးထောင်ကိုပို.ရင်လည်း မလိုလားတဲ့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်လာတဲ့ အတွက် ဖြစ်နိုင်တယ်” လို.ပြောသည်။ မြန်မာနိုင်ငံသားများအား ဖမ်းဆီးပြီး တရာစွဆဲိုကာ ထောင်ချလိုက်သည့်အခါ မြန်မာစစ်အစိုးရမှ ပြန်လည်ခေါ် ယူခြင်း မရှိသည့် အတွက် အကျဉ်းထောင်များအတွင် လွှတ်မြောက်နေသော မြန်မာသားပေါင်း များစွာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကျဉ်းထောင်များတွင် သောင်တင်နေခဲ့ကြောင်း အကျဉ်းထောင်မှ ထောင်ဝန်ထမ်းတဦး က ပြောသည်။ “မြန်မာနိုင်ငံက အကျဉ်းသား (၉၀)လောက် ရှိနေတယ်။ ကိုမီလာနဲ့ စစ်တကောင်း တွေမှာ ၅၀၀-၆၀၀ လောက်ရှိတယ်၊ မြန်မာအစိုးရကလည်း ခေါ်ချင်တ့အဲ ခါပြန်ခေါ်တယ်၊ မခေါ်ချင်ရင်လည်း မခေါ်ဘူး။ အကျဉ်းသားတွေမှာ ထောင်ဝင်စာ တွေ့မဲ့လူမရှိတဲ့ အတွက် အခက်အခဲ မျိုးစုံန.ဲ ရင်ဆိုင်နေကြရတယ်” ဟု ကာဆင်းများ (Kashainmyar) ဟု သူ့ကိုယ်သူ မိတ်ဆက်သော ထောင်ဝန်ထမ်းက ပြောသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကျဉ်းထောင်များ အတွင်းရှိ လွှတ်မြောက်နေသော မြန်မာ အကျဉ်းသားများသည် မိမိတို.အား မြန်မာနိုင်ငံသို. ပြန်ပို.ရန် (သို.) ပြစ်ဒဏ်ကျခံရသည့်ရက် ကုန်ဆုံးသွားသည့် အတွက် အကျဉ်းထောင်အတွင်းမှ လွှတ်ပေးရန် အစာငတ်ခံ ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်လေ့ ရှိသည့်အတွက် မြန်မာ အကျဉ်းသားများကိစ္စမှာ အကျဉ်းထောင် အရာရှိများမှာ ပြဿနာတရပ် ဖြစ်နေသည်။

သမ္မတ အိုဘားမား ရဲ့ အာဖဂန်ဗျူဟာ နေတိုးအဖွဲ့ ထောက်ခံ 05 April 2009

အမေရိကန်အစိုးရရဲ့ အာဖဂန်နစ်စတန် ဆိုင်ရာ မဟာဗျူဟာသစ်ကို နေတိုး အဖြွဲ့ ကီးက တညီတညွတ်တည်း တခဲနက်ထောက်ခံခဲ့ကြတယ်လို့ အမေရိကန် သမ္မတ ဘရက်အိုဘားမားက မနေ့က ပြင်သစ်နိုင်ငံ စထရက်စ်ဘို့ မြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောလိုက်ပါတယ်။ နေတိုးအဖွဲ့ရဲ့ နှစ်ခြောက်ဆယ် ပြည့် အထိန်းအမှတ်အဖြစ် ကျင်းပခဲ့တဲ့ နှစ်စဉ်အစည်းအဝေး အဆုံးသတ်ချိန်မှာ အခုလို ပြောခဲ့တာလည်း ဖြစ်ပါတယ်။ သမ္မတ အိုဘားမား က အာဖဂန်နစ်စတန်ပြဿနာကို အောင်မြင်စွာ ဖြေရှင်းနိုင်ဖို့ အတွက် အမေရိကန်တနိုင်ငံတည်းပဲ ဖြေရှင်းလို့မရဘူး။ နေတိုးအဖွဲ့ရဲ့ ရုပ်ဝတ္ထု ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ လိုအပ်တယ် လို့ ပြောခဲ့ပါတယ်။ အာဖဂန်နစ္စတန် နဲ့ ပါကစ္စတန်နိုင်ငံက အယ်ခိုင်းဒါး လက်နက်ကိုင်အဖွဲ့တွေကို ပရက်မြို့သို့ ရောက်ရှိလာသည့် အမေရိကန် သမ္မတ အိုဘားမား (၀ဲ) နှင့် ချက်သမ္မတ နိုင်ငံ သမ္မတ ဗားဆလပ် ကလက် (ဧပြီလ ၄၊ ၂၀၀၉)

အမြစ်ဖြုတ် တိုက်ခိုက် နိုင်ဖို့အတွက် နောက်ထပ်စစ်သားအင်အား ၅,၀၀၀ ကို ထပ်ပို့ပြီး ထောက်ပံ့ငွေ ဒေါ်လာ သန်းနဲ့ချီပြီး သုံးစွဲဖို့လိုအပ်တယ်လို့လည်း သမ္မတ အိုဘားမား က ပြောခဲ့ပါ တယ်။ ဒါ့အပြင် နေတိုးအဖွဲ့အနေနဲ့ ရုရှားနိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဆက်ပြီး ထိန်းသိမ်းထားဖို့ကိုလည်း သမ္မတ အိုဘားမား က တိုက်တွန်းခဲ့ပါတယ်။ နေတိုးအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ်သစ်ဖြစ်သူ ဒိန်းမတ်

ဝန်ကြီးချုပ် အဲန်ဒါစ် ဖို ရက်စ်မြူဆန် (Anders Fogh Rasmussen) ကိုလည်း ဂုဏ်ပြုပြောဆိုခဲ့ပါတယ်။ နေတိုးအစည်းအဝေး အပြီးမှာတော့ သမ္မတ အိုဘားမား ဟာ ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေး ကျင်းပဖို့ရှိတဲ့ ချက်သမ္မတ နိုင်ငံကို မနေ့ကပဲ ခရီးဆက်ခဲ့ပါ တယ်။ အဲဒီ ထိပ်သီးအစည်းအဝေးမှာ သမ္မတ အိုဘားမား က အဖွင့်မိန့်ခွန်း ပြောကြားဖို့လည်း ရှိပါတယ်။

စစ်တွေမှ နာမည်ကြီး နေရာ ၄ ခုတငွ် လုံခြုံ အထူးတင်းကျပ် 4/4/2009 မင်းအောင် (နိရဉ္စရာ) ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့မှ အထင်ကရ နေရာ ၄ ခုတငွ် လုံခြုံရေးကို ယနေ့တွင် အထူးတင်းကျပ်ထားလိုက်သည်ဟု သတင်းရရှိသည်။ အမည်မဖေါ်လိုသူ ရှေ့နေ တဦးက “အဓိက ရဲတွေကို အပြည့်ချပြီး လုံခြုံရေးကို တင်းကျပ်လိုက်တာ ဖြစ်ပါတယ်။ ဘာကြောင်း တင်းကျပ်လိုက်သလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး”ဟု ပြောသည်။ လုံခြုံရေး တင်းကျပ်လိုက်သော နေရာများမှာ ဦးဥတ္တမ ပန်းခြံ၊ ဘုရားကြီး၊ ဝေသာလီ အားကစားကွင်းနှင့် ရဲချုပ်ရုံးတို့ဖြစ်သည်။ “ကျနော် အထင်တော့ နေရာ တခုစီမှာ ရဲသား ရာဂဏန်းလောက်စီ ရှိမယ် ထင်ပါတယ်။ ၀တ်စုံပြည့်နဲ့ စောင့်ကြပ်နေပါတယ်။ ဦးဥတ္တမ ပန်းခြံမှာတော့ ဒုရဲမှူးကြီး သက်နိုင်ကိုယ်တိုင် စောင့်နေတာကို တွေ့ရပါတယ်”ဟု အဆိုပါ ရှေ့နေမှ ပြောသည်။ မည်သည့် အတွက်ကြောင်း လုံခြုံရေးကို တိုးမြှင့် ချထားသည်ကို မသိရှိရသေးသော်လည်း ယနေ့တွင် ဘူးသီးတောင်မှ ပြန်ရောက်မည့် ပြည်ထေဲ ရး ဒုဝန်ကြီး ဖုန်းဆွေ ခရီးစဉ်နှင့် သက်ဆိုင်နိင်ကြောင်း အမည်မဖေါ်လိုသူ မြို့ခံ တဦးက ပြောသည်။ ပြည်ထေဲ ရး ဒုဝန်ကြီး ဖုန်းဆွေမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ သွားရောက်ခဲ့ပြီး မောင်တော နယ်စပ်တငွ် ကာရံနေသည့် ခြံစည်းရိုးကို စစ်ဆေးခဲ့သည်ဟု အရပ်ဘက် ဆိုင်ရာ သတင်းရပ်ကွက်အရ သိရသည်။ ယခုအပတ်အတွင်း နဖအ ၀န်ကြီး အများအပြား ရခိုင်ပြည်နယ်သို့ လာရောက် လည်ပတ်ခဲ့ရာ ထိုအထဲတငွ် ပြည်ထေဲ ရး ဒုဝန်ကြီး အပါအ၀င် လျှပ်စစ် (၁) ၀န်ကြီးနှင့် ပို့ဆောင် ဆက်သွယ်ရေး ၀န်ကြီးလည်း ပါဝင်ခဲ့သည်။

ဘုရားဖူးကား တိမ်းမှောက်၍ လူ ၁၇ ဦးသေဆုံး ၃၇ ဦးဒဏ်ရာရ 4/4/2009 ရန်ကုန်မှ ရခိုင်ပြည်နယ်သို့ လာရောက်သော ဘုရားဖူး ကားတစီး အမ်းမြို့အလွန်တွင် တိမ်းမှောက်သွားသဖြင့် လူ ၁၇

ဦးသေဆုံးပြီး ၃၇ ဦးဒဏ်ရာ ရရှိသွားသည်။ အမည်မဖေါ်လိုသူ အရာရှိတဦးမှ “ ၁၅ ဦးကို ပွချဲင်းပီး သေဆုံးပြီး ၂ ဦးက အမ်းဆေးရုံမှာ သေဆုံးသွားပါတယ်။ ၃၇ ဦးက ပြင်းပြင်း ထန်ထန် ဒဏ်ရာ ရရှိသွားပါတယ်” ဟု ပြောသည်။ အဆိုပါ သေဆုံးသွားသူများထဲတငွ် မိန်းမကြီးများဖြစ်ပြီး မရမ်းကုန်းမြို့နယ်မှ များကြောင်း အဆိုပါ အရာရှိက ပြောသည်။ “ ကားက အမ်းအလွန် မဲတောင်အတက်မှာ ချော်ကျပြီး သောကြာနေ့ နေ့လည်က မှောက်သွားတာ ဖြစ်ပါတယ်။ ခု အလောင်းတွေကို အမ်းဆေးရုံကို ယူလာပြီး ဒဏ်ရာ ရသူတွေကိုလည်း အမ်းဆေးရုံမှာဘဲ တင်ထားပါတယ်။” ဟု သူက ဆက်ပြောသည်။ တခြား သတင်းရပ်ကွက် အဆိုအရ သေဆုံးသူမှာ ၂၃ ဦးရှိသွားပြီ ဖြစ်ပြီ အာဏာပိုင်များအနေဖြင့် သတင်းကို အမှောင်ချထားသည်ဟု ပြောသည်။ ရခိုင်ပြည်နယ်တငွ်းရှိ စစ်တွေ ရန်ကုန်ကားလမ်းမှာ အထူး ယိုယငွ်းပျက်စီးနေပြီး ပြုပြင်မူ မရှိသဖြင့် ကားများ မကြာခဏ တိမ်းမှောက်လေ့ရှိကြောင်း၊ သို့သော်လည်း ယခုကဲ့သို့ လူအများအပြား သေဆုံးမူ ယခင်က မရှိကြောင်း သိရသည်။

တရားမ၀င် ၀င်ရောက်လာသူ ၆ ဦးကို ဘင်္ဂလား အာဏာပိုင်များမှ မြန်မာဘက်သို့ ပြန်ပို့ 4/3/2009 မောင်အေး (နိရဉ္စရာ) တရားမ၀င် ၀င်ရောက်လာသည့် မြန်မာနိုင်ငံသား ခြောက်ဦးကို ဘင်္ဂလားရိုင်ဖယ်တပ်ဖွဲ့ မှ ဖမ်း ဆီးပြီး သူတို့နှင့်အတူပါလာသည့် ကုန်ပစ္စည်းများကိုသိမ်းဆည်းကာ မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင်လိုက်သည်။ အဆိုပါ မြန်မာနိုင်ငံသား ခြောက်ဦးကို ယမန်နေ့နေ့လည်ပိုင်းက ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တက်ကနက် နယ်စပ် မြို့နယ် ဘာဇာပါရာမှ ဖမ်းဆီး ရမိခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများမှာ အာလီအာဟာမတ် ၃၀ နှစ်၊ နော်ဘီဟောဆန်း ၃၄ နှစ်၊ နရုလ်ဟောဆန် ၃၈ နှစ်၊ ချော်ဘီအာဟာမတ် ၃၅ နှစ်၊ အိုင်နော်အုန္ဒီ ၃၇ နှစ်နှင့် ရှာဟာအုန္ဒီ တို့ဖြစ်သည်။ သူတို့ခြောက်ဦးမှာ မြန်မာနိုင်ငံဘက်မှ စက်တပ်လှေနှစ်စီးနှင့် ၀င်ရောက်လာခြင်းဖြစ်ပြီး သူ တို့ထံမှ စက်လှေ နှစ်စီးနှင့် အတူ မြန်မာနိုင်ငံဘက်သို့ ယူဆောင်သွားမည့် ကွမ်းသီးခြောက် ၃၅ အိပ်၊ ဒီဇယ်ဆီ ၁၂၀ လီတာ၊ ပဲဆီ ၁၃၅ လီတာ ၊ နှမ်းဆီး ၁၁၀ လီတာ ၊ သီဟိုရ် သရက်သီး ခြင်းတောင်း ၂၂ ခြင်းနှင့် အင်ဂျင်စက်တလုံးကို သိမ်းဆည်းရမိကြောင်း ရဲအဖွဲ့ ပြောသည်။ ယခုဖမ်းဆီးရမိသည့် စုစုပေါင်းတန်ဖိုးမှာ တာကာငွေ ၁၉ သိန်းဖိုးရှိပြီး ယင်းပစ္စည်းများကို ယခုအခါ တက်ကနာခ် ရဲစခန်းကို လွေဲ ပြာင်းပေးအပ်လိုက်ပြီဖြစ်ကြောင်း အမှတ် ၄၂ ရိုင်ဖယ် တပ်ရင်းမှ လပ်ပတိန်းကာနယ် အာဘဒူလ်ခါလောက်မှ ပြောသည်။ မြန်မာနိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသူများကို ဘင်္ဂလာဘက်မှ ဖမ်းဆီးရမိသော်လည်း ယခင်ကကဲ့သို့ တရားစွဆဲိုပြီး ထောင်ချအပြစ်ပေးခြင်း မရှိဘဲမြန်မာဘက်သို့ ပြန်လည်ပို့ နေသည်မှာ လွန်ခဲ့သည့်နှစ် အလည်ပိုင်းကတည်းကဖြစ်သည်။ မြန်မာနိုင်ငံသားများကို ဖမ်းဆီးပြီး အပြစ်ပေးထောင်ချလျင် နှစ်ပြည့်ပြီး မြန်မာဘက်သို့ လွဲ ပြောင်းသည့်အခါ မြန်မာအာဏာပိုင်များမှ လက်မခံသည့် အတွက် နှစ်ရှည်လများ ထောင်ချထားရသဖြင့် မြန်မာနိုင်ငံသားများကို ယခုကဲ့သို့ ဖမ်းဆီး တရားမစွဘဲ ချက်ချင်းပြန် ပို့ပေးခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

မတ်လ ပြောစရာများ အသဲကတွဲ့ဲ မဲတမဲနှင့် စကားပြောခြင်း မောင်ရစ် ဧပြီ ၄၊ ၂၀၀၉ တမ္ဘာလုံး စီးပွားပျက်လို့ဆိုလား လူတွေ အိုးအိမ်တွေပစ်၊ အလုပ်တွေပစ် ဖြစ်နေကြချိန်မှာ သွေးပျက်ပြီး သေနတ်နဲ့ သူများတွေကို ပစ်၊ ကိုယ့်ကိုယ်လည်း ပစ်နေကြချိန်မှာ - ကြက်ဆူပင်က မီးတကျီကျီလုပ်တယ်လို့ ပြောကြမယ် ထင်တယ်။ ၂၀၁၀

ရွေးကောက်ပွဲ

ဒါကိုစဉ်းစားကြပုံရပါတယ်။

ဘာလဲ၊

ဘယ်လေဲ ပါ့လေ။

စာတမ်းရေးနိုင်တ့သဲူတွေရေး၊

ဖြစ်ပုံက

စင်ပေါ်တက်

၂၀၀၈

နှစ်ကုန်ကတည်းမှာ

ဟောနိုင်တ့သဲူတွေက

စပြီး

ဟော၊

နှစ်ဖက်စလုံးက ရေဒီယိုကတဆင့်

ပြောနိုင်တဲ့သူကလည်း ပြောပေါ့လေ။ အဓိကကတော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ဒါကို အရင်ဆုံး လိုအပ်ချက်တခုအဖြစ် ပြောနေကြပုံရပါတယ်။ နောက်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ကြဖို့။ အင်န်အယ်လ်ဒီပါတီနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့။ (တရားမျှတ လွတ်လပ်တဲ့) တရားဥပဒေစနစ် စိုးမိုးပြီး အာမခံချက်ရှိဖို့။ နိုင်ငံရေးအင်အားစုတွေ အကုန်လုံး (အားလုံး) ပါဝင်နိုင်ဖို့။ စတာတွေ ပြောဆိုဆွေးနွေးနေကြတယ် ထင်ပါတယ်။ မေးမိတဲ့ မေးခွန်းတခုက ၁၉၈၈ အရေးတော်ပုံက မွေးဖွားလိုက်တဲ့ အင်န်အယ်ဒီ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေး အတိုက်အခံအင်အားစုများ ၀ိုင်းဝန်းပါဝင်ပတ်သက်ခြဲ့ ကပြီး ပြည်သူတွေရဲ့ တခဲနက်သော အသဲထကဲ မဲတပြားနဲ့ ထောက်ခံခဲ့ကြလို့ ပေါ်ထွန်းလာတဲ့ ၁၉၉၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပရွဲ့ဲ ရလဒ်ကြီးကို ဘယ်လိုများ လုပ်ကြမှာလဲ ဆိုတာပါ။ အဲဒီရလဒ်ကြီးကို အနှစ် ၂၀ နီးပါး ထမ်းပြီး တိုက်ပ၀ွဲ င်နေခဲ့တ့ဆဲီမှာ သေတဲ့လူတွေ၊ ဘ၀ပျက်တဲ့လူတွေ၊ ပျောက်ဆုံး ပျက်စီးကုန်ကြတဲ့သူတွေ အများကြီးပါပဲ။ အဲဒီ အရိုးတွေ တောင်လိုပုံနေခဲ့ပြီး အနှစ် ၂၀ ခန့်အကြာမှာ လာပြန်ပြီ … ကဲ … ၂၀၁၀ ရွေးကောက်ပွဲကြီး ဆိုပါကလား။ ကဲ ဘယ်လိုလုပ်ကြမှာလဲ ဆိုတဲ့ မေးခွန်းပါ။ နောက်မေးခွန်းတခုကတော့ အဲဒီ ၂၀၁၀ ရွေးကောက်ပြွဲ ကီးက (မပြောကောင်း မဆိုကောင်း) ဖြစ်မြောက်အောင်မြင်သွားလို့ အဲဒီကရွေးချယ်တင်မြှောက်လိုက်တဲ့

ရလဒ်ကြီးတခု

ပေါ်ထွန်းလာခဲ့မယ်ဆိုရင်

အဲဒီ

၂၀၁၀လူကြီးလူကောင်းများက

၁၉၉၀

ရွေးကောက်ပွဲက မွေးဖွားပေးခဲ့တဲ့ ပါတီတွေ၊ အတိုက်အခံ လူထုလူတန်းစားတွေကို ဘယ်လိုများ မျက်နှာချင်းဆိုင်ကြမှာပါလိမ့်။ ဘယ်လိုမျိုးသော လက်ကမ်းကြိုဆိုမှုတွေ၊ အာမခံချက်တွေ ပေးမှာပါလိမ့် ဆိုတာက မေးခွန်းပါ။ ၁၉၉၀ ခုနှစ်တုန်းကလည်း ပြည်သူတွေက အသဲကြားက မဲတပြားကို ထုတ်သုံးခဲ့ကြရပါတယ်။ ၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲမှာကတော့ဖြင့် စစ်အာဏာရှင်တွေက ပြည်သူ့အသဲခြွဲ ပီး မဲကို လိုရာဆွသဲုံးခဲ့ပြီးပြီ ဖြစ်ပါတယ်။ ကဲ … လာတော့မယ့် ၂၀၁၀ ဒုတိယအကြိမ်မြောက် ပါတီစုံရွေးကောက်ပြွဲ ကီးမှာတော့ဖြင့် ပြည်သူတွေမှာ အသဲကွေဲ နတဲ့ မဲတမဲနဲ့ ဆင်နွှဲကြရမှာ ဖြစ်တယ်လို့ မြင်ယောင်မိပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ အခု ၂၀၁၀ မှာ ပေါ်ထွန်းလာမည့် ငါတို့လွှတ်တော်ကြီး၊ ငါတို့ အစိုးရအဖွဲ့ကြီးကနေပြီးတော့ သပိတ်မှောက်နေတဲ့၊ သင်ပုန်းချေပါအံ့။

အတိုက်အခံလုပ်နေတဲ့၊ အားလုံး

အတူတကွ

ကဏ္ဍကောစလုပ်နေတဲ့

နိုင်ငံရေးအစုအဖွ့ေဲ တွအားလုံးကို

ဝိုင်းဝန်းတိုင်ပင်ဆောင်ရက်ွပါအံ့လို့

သဘောထားကြီးစွာ

ကြေငြာချက်ထုတ်မှာလား၊

သို့မဟုတ်

မိမိတို့အစိုးရအသစ်က တိုင်းပြည်မျက်နှာကိုထောက်၍ ထိုထိုသော ရန်သူများ၊ ကွန်မြူနစ်များ၊ သူပုန်များ၊ ကိုလိုနီလက်သစ်များကို မတရားအသင်းကြေငြာပြီး နှိမ်နှင်းပေတော့အံ့လို့ ကြေငြာလေမှာလား။ အဲဒါလည်း မေးခွန်းတခု ဖြစ်ပါတယ်။ အနောက်အုပ်စုအနေနဲ့ အာဏာရှင်စနစ်တွေကို ဖိအားတွေပေးနိုင်ခဲ့လို့

ပြန်လှန်

ဆန္ဒမစဲ နစ်ကို ကာပြန်ပြီး

အာဖရိကနိုင်ငံတွေက

အလွန်အလေးထားပါတယ်။

ဖြေရှင်းလေ့ရှိပါတယ်။

အဲဒီစနစ်ကိုသုံးပြီးတော့

အနောက်အုပ်စုတွေက

အကြမ်းဖက်ဝါဒနဲ့

စဉ်ဆက်တစိုက်

တိုက်တွန်းခဲ့လို့၊

အာဏာရှင်တွေဟာ သူတို့နိုင်ငံတွေမှာ (မကျက်တကျက်) ရွေးကောက်ပွေဲ တွကို

အလျင်းသင့်သလို တခြိမ်းခြိမ်းနဲ့ ကျင်းပပေးနေရတာ တွေ့နိုင်ပါတယ်။ တလောကလေးတင်ပဲ

ဇင်ဘာဘွေမှာ

ကျင်းပလိုက်တဲ့

ပါတီစုံရွေးကောက်ပရွဲ လဒ်အဖြစ်နဲ့

အနိုင်ရတဲ့

အတိုက်အခံခေါင်းဆောင်ခင်ဗျာ အာဏာမလွှချဲင်တဲ့ သမ္မတကြီး မူဂါဘီမျက်စောင်းကြောင့် သံရုံးထဲ ၀င်ပြေးလိုက်ရပါသေး။ ပြီးတော့ ပူးတွအဲာဏာခွဲယူကြဖို့ မနည်း သဘောထားတွေယူခ့ရဲ တာ လက်မတင်လေးပေါ့ခင်ဗျာ။ ကံဆိုးမ သွားလေရာ မိုးလိုက်လို့ရွာတဲ့ အဲသည် အတိုက်အခံဝန်ကြီးချုပ်လက်သစ်ခင်ဗျာ ထော်လာဂျီဝင်တိုက်လိုက်လို့ မုဆိုးဖိုလုံးလုံး ဖြစ်ရရှာတယ်။ အာရှက အချို့နိုင်ငံတွေမှာ ဆန္ဒမစဲ နစ်တော့ ရှိပါရဲ့။ အတိုက်အခံအင်အားချည့်နဲ့ ချို့တ့ေဲ နတဲ့အခြေအနေတွေမှာ ကျင်းပကြတဲ့ ရွေးကောက်ပွေဲ တွဆိုတော့

မဲပေးတဲ့ပြည်သူရယ်၊

အာဏာရှင်ရယ်၊

ဘေးက

စောင့်ကြည့်သုံးသပ်စမ်းစစ်

သတင်းပို့၊

အစီရင်ခံစာရေးကြတဲ့ လေ့လာသူတွေ၊ အဖွ့အဲ စည်းတွေရယ်ပဲ ရှိတာဆိုတော့ အသဲမပါတဲ့ မဲဗလာပွေဲ တွလို့ ပြောရမယ် ထင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတောင်

တရားမျှတ၊

ဥပဒေစိုးမိုး၊

လွတ်လပ်မှုအာမခံချက်တွေ

အပြည့်အ၀ရှိနေပါရက်နဲ့

အထက်တန်းလွှာတွေ၊ သီးခြားနိုင်ငံရေးအလွှာတွေရဲ့ လက်ဝါးကြီးအုပ်မှုတွေကြောင့် အမေရိကန်မျိုးဆက်သစ်တွေက မဲဆန္ဒစနစ်ကို အယုံအကြည်မရှိနေတဲ့အချိန်မှာ မဲဆန္ဒစနစ်ဖက်

ကံကောင်းထောက်မလို့

စိတ်လည်ခြဲ့ ကတဲ့

အောင်ပကွဲို

လူရယ်ွခြေရည်တက်

မြန်မာပြည်ပုံစံခက်ွထဲ

ထည့်ဖို့

လူမည်းသမ္မတ

အိုဘားမားကျေးဇူးကြောင့်

ကြိုးစားကြမယ်လို့နဲ့

ထင်ပါရဲ့။

အဲသလိုမျိုး

စိတ်ကူးယဉ်ကြရင် ၂၀၁၀ လား၊ ၂၁၀၀ လား။ အင်း … နောက်ဆုံးတခုကတော့ ကိုယ့်ကိုယ်ကို မေးဖို့ပဲ ရှိတော့တာပါ။ သင့်လက်ထကဲ မဲတပြားနဲ့ မြန်မာနိုင်ငံသား ကာယကံရှင်၊ သင် …။ မြန်မာပြည်မှာမွေး၊ မြန်မာပြည်သားတဦးအဖြစ်ရပ်တည်။ ၂၁ ရာစုအ၀င်ဝမှာ သင် ဘယ်နှစ်ခါ မဲပေးခဲ့ဖူးပြီလ။ဲ ၁၉၉၀ ကဆိုရင်တော့ အနှစ် ၂၀ ကြာခဲ့ပြီ။ ၂၀၀၈ တုန်းကဆိုရင်တော့ အဲသည်ရဲ့ အတည်ပြုချက်ကြောင့် သင် ၂၀၁၀ကို မဲပေးခွင့် ရပေဦးတော့မည်။ ကျနော်တို့ရဲ့ မဲတပြားချင်းစီဖြင့် ကျနော်တို့သမိုင်းကို အသစ်ရေးထိုးနိုင်ခြဲ့ ကပြီလား။ သို့မှမဟုတ် မဲပေးသည်၊ မပေးသည် ဖြစ်စေကာမူ သင်တို့အတွက် စိတ်ကျေနပ်ဖယွ် အပြောင်းအလဲတွေကို ပါဝင်ပတ်သက်နိုင်ပြီလား။ အခု သည်စာကိုရေးနေတဲ့သူက ဒီအသက်ဒီအရွယ်ကြီးရောက်နေပြီ၊ သင်းချိုင်းကုန်း မျက်စောင်းထိုးက အိမ်မှာနေတဲ့သူ။ တခါဖူးမှ မဲမပေးခဲ့ဘူးချေ။ မဲဖြင့် ကောင်းကောင်းပေးဖူးသူလည်း ဟုတ်ဘနဲ့ဲ အခုလိုမျိုး ဘယ့်နှယ် ရှေ့ကလည်း မသွား၊ နောက်ကလည်း မလိုက်နိုင်ဘ၊ဲ ဘေးက တရွတ်တိုက် ပြောနေတဲ့သူကကော ဘာလုပ်မှာလဲဆိုတာလဲ မေးခွန်းတခုပါပဲ။ မည်သို့ပင်ဖြစ်စေကာမူ

မဲရုံတွေ

ရှိရှိမရှိ၊

မဲတွေကို

အသွေးတွေ

အသားတွေကြားထဲက

ထုတ်၍ပဲ

ပေးရ၊

ပေးရ၊

လက်နက်မိုးအောက်က အတင်းအဓမ္မပဲ ပေးရ ပေးရ၊ လက်နက်မ့တဲ့ ၊ဲ အပြစ်မ့တဲ့ ၊ဲ အခွင့်အာဏာသြဇာမဲ့တ့၊ဲ အရင်ကမွေးမွေး၊ အခုပဲ မွေးမွေး၊ နောင်လာမယ့် မြန်မာပြည်သူ၊ ပြည်သားတွေအတွက် ထိန်ဝှက်လို့မရတဲ့ သမိုင်းကို အမှနအ် တိုင်း အရှိတရားအတိုင်း တင်ပြပေးတဲ့အလုပ်ကို ကျနော်တို့ကတော့ ဆက်လုပ်နေရုံသာ ရှိပါသည်။ ကျနော်တို့မှာက အသဲကြားက မဲတပြား ခုထိ ရှိသေးသည်။ အသဲတော့ မကွရဲ သေး။

အလဲဗင်းမီဒီယာ၊ ၀ီစကီနှင့် စာပေစိစစ်ရေး

သန်းစိုးလှိုင် ဧပြီ ၅၊ ၂၀၀၉ စာပေစိစစ်ရေး ခုံရုံး မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်ကို စစ်အာဏာရှင်စနစ် အောက်မှာ မည်သို့မျှ လွတ်လပ်စွာ ရှင်သန်ဖွံ့ဖြိုးခွင့်မရခဲ့ သည့်ပြင် စစ်အာဏာရှင် တည်မြဲရေးအတွက် လိုအပ်သည့်အခါတိုင်း တရားစီရင်ရေး စနစ်ကို ပုံဖျက်ကာ နိုင်ငံရေးအတွက် အသုံးချခဲ့သည့် သာဓကပေါင်းများစွာ ရှိခ့သဲ ည်။ ထိုစစ်အာဏာရှင် စနစ်၏ ဖိနှိပ်ရေးလက်နက် ကိရိယာတခုဖြစ်သည့် စာပေစိစစ်ရေး သည်လည်း လွတ်လပ်စွာ ဖေါ်ပြခွင့်၊ ရေးသားခွင့် ၊ လွတ်လပ်စွာ အနုပညာ ဖန်တီးခွင့်များကို တားဆီးချုပ်ချယ်နေသည့် နေရာ ဌါနတခု ဖြစ်သည်။ ထိုသို့တားဆီး ချုပ်ချုယ်နေသည့် စာပေစိစစ်ရေးကို သတင်းလွတ်လပ်ခငွ့်၊ အနုပညာလွတ်လပ်ခငွ့် လိုလားသူတိုင်း မည်သူမျှ မနှစ်သက်ကြပေ။ ပုဂ္ဂလိက မီဒီယာ လောကမှ သတင်းထောက် အယ်ဒီတာ အားလုံး စာပေစိစစ်ရေး၏ ယုတ္တိလည်းမရှိ၊ ရှေ့နောက်မညီသည့် သည့်အပြင် စာရွက်ပေါ်တရားဝင် ရေးသားထားခြင်း မရှိသည့် မူများ အကြားတွင် ခက်ခက်ခခဲ ရေးသား လုပ်ကိုင်နေကြရသည်။ ဂျာနယ်တိုက်တခုက စိစစ်ရေး မကြိုက်သည့် ကိစ္စတခုခု လုပ်မိ၍ အပြစ်ပေးသည်ကိုပင် မည့်သည့်အခါမျှ စာရွက်နှင့် ရေးသားကာ ကြေငြာ ထုတ်ဝေလေ့မရှိပ။ဲ နှုတ်ဖြင့်သာ ခေါ်ယူပြောဆိုလေ့ရှိသည်။ အပြစ်ပေးသည်ကို စာမတင်စေချင်သည့် သဘောနှင့် ပြင်ပမီဒီယာများသို့ မရောက်ရှိစေလိုသည့် သဘောလည်းဖြစ်သည်။ ယခုတလော ဖြစ်ပျက်သည့် ကိစ္စတခုတငွ် ပုဂ္ဂလိက မီဒီယာ တခုဖြစ်သည့် အလဲဗင်းမီဒီယာက မိမိအကျိုးစီးပွားကို ထိခိုက်သည်ဟု ယူဆသည့် ကိစ္စရပ်အတွက် တုံ့ပြန်ဆောင်ရက်ွရာတွင် ဥပဒေ ကြောင်းအရ စတင် ဆောင်ရွက်ခြင်း မပြုပဲ စာပေစိစစ်ရေးကို လက်နက်သဖွယ် အသုံးချခဲ့သည် ကိုတွေ့မြင်ခ့ရဲ သည်။ ကံမကောင်းတဲ့ ၁၁ မျိုး ၀ီစကီ လပ်ကီးအလဲဗင်း

ဝီစကီဆိုသည့်

အရက်ကုမ္ပဏီ

ကြော်ငြာကို ဂျာနယ် ၃စောင်တငွ် ထည့်သငွ်းခဲ့ပြီးနောက်

အလဲဗင်းမီဒီယာမှ နာမည်ဆိုးဖြင့် ကြော်ကြားသည့် စာပေစိစစ်ရေးကိုချည်းကပ်ကာ အဆိုပါ ကြော်ငြာထည့်သငွ်းခွင့်ကို ပိတ်ပင်စေခဲ့သည်။ ၀ီကလီး အလဲဗင်း ဂျာနယ်တင်ွလည်း ထိုသို့သော ကြော်ငြာမျိုး ထပ်မံ ဖေါ်ပြပါက ဆိုင်ရာမှ တရားစွဆဲိုမည်ဟု စာမျက်နှာဝက် ခန့်နေရာသုံးကာ အခြားဂျာနယ်များကို ခြိမ်းခြောက် ခဲ့သည်။ စာပေစိစစ်ရေးအား ထိုသို့ ချည်းကပ်ရာတွင် သိန်းရာဂဏန်းနှင့် ချီသော ငွေကြေးလဘ်လာဘ ထိုးခဲ့သည်ဟူသည့် အတွင်းသတင်းများ လည်းထွက်ပေါ်နေခဲ့သည်။ အချို့သော သတင်းဌါနများက စာပေစိစစ်ရေး၏ ညွှန်ကြားရေးမှုး ဗိုလ်မှူး တင့်ဆွေကိုယ်တိုင် အလဲဗင်းမီဒီယာတွင် ဆောင်းပါးဝင်ရေး သလို အကျိုးအမြတ် ကိုလည်း ခွေဲ ၀ခံစားနေရသည် ဆိုသည့် ရေးသားမှုများ လည်းတွေ့ရ ဖတ်နေရသည်။ စာပေစိစစ်ရေးဌါနသည် အခြားအခြားသော ပုဂ္ဂလိက ဂျာနယ် များနှင့်နှိုင်းယှဉ်လျင် ၀ီကလီးအလဲဗင်း ၊ ဘိုင်ဝီးကလီး အလဲဗင်းဂျာနယ်များ ကို ပိုမို အခွင့်ရေးပေး သည်ဆိုသည့် ပြောဆိုမှု များမှာလည်း ရန်ကုန်ဂျာနယ် အသိုင်းအ၀ိုင်းတွင် လွန်ခဲ့သည့် နှစ်များကတည်းက ပြောဆိုနေခဲ့ကြသည့် ကိစ္စတခု ဖြစ်သည်။ စတုတ္တမဏ္ဍိုင်၏ ဂုဏ်သိက္ခာနှင့် ကျင့်ဝတ် ယခုအဓိက ပြောဆိုလိုသည်မှာ စာပေစိစစ်ရေးကို ငွေထိုးသည့် ကိစ္စ၊ အကျိုးတူရှယ်ယာ လုပ်သည်ဆိုသည့် ကိစ္စထက်ကို

တိုင်းပြည်၏

စတုတ္ထမဏ္ဍိုင်ဟုဆိုသည့်

ပုဂ္ဂလိကမီဒီယာ

တိုက်တတိုက်က

မိမိ၏

အမှတ်တံဆိပ်နှင့်

ပတ်သက်၍ နာမည်ထိခိုက်မှု ရှိသည်ဆိုပါလျင် ကုန်ပစ္စည်း အမှတ်တံဆိပ် ဆိုင်ရာ မှတ်ပုံတင်ရုံးသော်လည်းကောင်း၊ တရားရုံးမှသော်လည်းကောင်း

နည်းလမ်းတကျ

ပြောဆိုဆောင်ရက်ွခြင်း

မပြုပဲ၊

လွတ်လပ်သည့်

သတင်း

မီဒီယာ

လောကကို ဖိနှိပ် ချုပ်ချယ်ဖို့ ဖွဲ့ စည်းတည်ထောင်ထားသည့် စာပေစိစစ်ရေးကို လက်နက်သဖွယ် အသုံးချခြင်းသည် စတုတ္ထမဏ္ဍိုင်ထဲမှ ဂျာနယ်တိုက်တတိုက်အတွက် မလုပ်သင့်သည့် ကိစ္စတခု ဟု ထင်မြင်ပါသည်။ ဂျာနယ်

မျက်နှာဖုံးများ

သတင်းခေါင်းစဉ်များတွင်

`မည်သည့်အရာကတော့

ထိရောက်စွာ

တားဆီးသင့်၊

မည်သို့သော အပြုအမူများက အများပြည်သူအတွက် မပြုသင့်´စသည့် ခေါင်းစဉ်များဖြင့် စာဖတ်သူများကို သင်ကြားပြသ သည့်သဘော

ဆန်ဆန်ရေးသားလျက်ရှိသည့်

မီဒီယာ

တခုအနေဖြင့်

မိမိအကျိုးထိခိုက်သည့်

ကိစ္စရပ်များကို

ဆောင်ရွက်ရာတွင် တရားဥပဒေ လမ်းကြောင်းဖြင့် ဆောင်ရက်ွခြင်းဖြင့် စာဖတ်သူများကိုလည်း နမူနာ ပြသနိုင်လိမ့်မည် ဟုထင်ပါသည်။ သို့မဟုတ်ပဲ ကိစ္စပြီမြောက်ရေးသည် သာအဓိက နည်းလမ်းမှန်ခြင်း မမှန်ခြင်းသည် သာမည ဟုယူဆကာ ဆောင်ရွက်ကြလျင် စတုတ္ထမဏ္ဍိုင်ထဲမှ မီဒီယာ၏ ဂုဏ်သိက္ခာလည်း စာဖတ်သူများအကြား မျက်နှာ ပွင့်လန်းနိုင်မည် မဟုတ်ပေ။ အလဲဗင်း နောက်ကြောင်း နောက်တချက်အနေဖြင့် အလဲဗင်းမီဒီယာဆိုသည့် နာမည်၏ နောက်ကြောင်း ရာဇ၀င်ကို ပြန်လှန်သော် အလဲဗင်း ဆိုသည့် စကားလုံးသည် ဖတ်စ်အလဲဗင်း(First 11) အားကစား ဂျာနယ်ကို ထုတ်ဝေခွင့် စတင်လျှောက်ထား သည့် လေတပ်ထောက်လှမ်းရေး

အမှတ်

၁၁

ကိုအစြွဲ ပုသည့်

အမည်ဖြစ်နေခြင်းပင်။

ဗိုလ်ချုပ်ခင်ညွန့်

ဦးဆောင်သည့်

ထောက်လှမ်းရေးများ မပြုတ်ကျမီအထိ ဂျာနယ် ထုတ်ဝေခွင့်မှာ လေတပ်ထောက်လှမ်း ၁၁ အပိုင်ဖြစ်ခဲ့ပြီး ထောက်လှမ်းရေး ဖြုတ်ချခံရသည့် ၂၀၀၄ ခုနှစ်နောက်ပိုင်း တွင်မှ ပုဂ္ဂလိက ပိုင်ဂျာနယ်အဖြစ် ပြောင်းလဲခငွ့်ပေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အလဲဗင်းမီဒီယာ၏ အဓိက ပိုင်ရှင် ဖြစ်သူ ဒေါက်တာ သန်းထွဋ်အောင် သည် သူ၏ ဂျာနယ်ကို ဝေဘန်ရေးသား

ပြောဆိုသူ

တို့ကို

မကြာခဏ

တရားစွဆဲိုလေ့ရှိသူ

အဖြစ်

မြန်မာမီဒီယာ

အသိုင်းအ၀ိုင်းတွင်

ကြော်ကြားသူလည်း ဖြစ်သည်။ နာဂစ် ကယ်ဆယ်ရေး လုပ်ငန်းများကြောင့် ယခု အချိန်တငွ် အကျဉ်းကျခံနေရသူ အားကစား ဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေးနှင့် လည်း တရားမမှု ရင်ဆိုင်နေခဲ့သူ ဖြစ်ပြီး၊ ပြီးခဲ့သည့် နှစ်ပိုင်းအတွင်းက စာရေးဆရာမာဂျေကို အသရေပျက်အောင်

ရေးသားမှုဖြင့်

တရားစွဆဲိုရန်

ဒေါက်တာ

သန်းထွဋ်အောင်က

မြတ်သစ်ကိုလည်း စေခိုင်းခဲ့ဖူးသည်။

သတင်းထောက်တဦး၏ နာဂစ်ဒိုင်ယာရီ (၄) သန်းစိုးလှိုင် ဧပြီ ၄၊ ၂၀၀၉

မုန်တိုင်းဒဏ်ခံရပြီးခါစ ကွမ်းခြံကုန်းမြို့ စံပြရပ်ကကွ် ဧရာဝတီတိုင်းမှ ရင်နင့်ဖယ်ွရာများ

သူ့

အယ်ဒီတာ

တဦးဖြစ်သူ

ရန်ကုန်မြို့နေလူထုမှာ ကိုယ့်ဒုက္ခနှင့်ကိုယ် နပမ်းလုံးနေခိုက် လူပေါင်း ၂ သန်းမျှ နေထိုင်သည့် ဧရာဝတီတိုင်း ရှိ မြစ်ဝကျွန်းပေါ်ဒေသနေ လူထုမှာ မီးရဖို့ ရေရဖို့ ဆိုသည့်ကိစ္စများထက် အဆများစွာ ဆိုးဝါးသည့် သေရေးရှင်ရေး တမျှအခြေအနေများကို ရင်ဆိုင်နေကြရသည်။ တသက်တငွ် တကြိမ်မျှ မကြုံဘူးသည့် သဘာဝ ကပ်ဘေးကြီးကို မြန်မာနိုင်ငံ၏ စပါးကျီဟု ခေါ်ဆိုသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသက ခါးစည်း ခံစားခဲ့ရသည်။ ထိုကပ်ဘေးကြီးက သိန်းဂဏန်း၊ သန်းဂဏန်းနှင့် ချီသည့်လူများကို မိသားစု ဆုံးရှုံးစေခြင်း၊ အိပ်မက်ဆိုးကြီးတခုကို ရင်ဆိုင်ကြုံတွေ့စေခြင်းတို့ သယ်ဆောင်လာခဲ့သည်။ ဟိုင်းကြီးကျွန်းမှ

စတင်ဝင်ရောက်လာသည့်

နာဂစ်မုန်တိုင်းသည်

ဧရာဝတီတိုင်းကို

အရှေ့မြောက်သို့

ဦးတည်ကာ

ခပ်စောင်းစောင်း ဖြတ်သန်း တိုက်ခတ်သွားခဲ့သည်။ ပုသိမ်မြို့မှာ ဧရာဝတီတိုင်းတွင် မြောက်ဘက်ကျသဖြင့် မုန်တိုင်းဒဏ်ကို ဆိုးဝါးစွာ မခံစားရပဲ ပင်လယ်ရေမျက်နှာပြင်၊ မြစ်ရေမျက်နှာပြင်ထက် သိပ်မမြင့်သည့် လပွတ္တာမြို့နယ် တောင်ပိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ် တောင်ပိုင်း၊

ဘိုကလေးမြို့နယ်တောင်ပိုင်း

နှင့်ဖျာပုံ၊

ဒေးဒရဲ

ကွမ်းခြံကုန်းမြို့နယ်

တို့မှာ

အပျက်အစီး

များသည့်

ပြင်

အသေအပျောက်လည်း အထူးများပြားခဲ့သည်။

နာဂစ်ဒဏ်ခံရပြီးနောက် စပါးကျီဒေသ မြစ်ဝကျွန်းပေါ်လယ်ကငွ်းများ (အင်တာနက်မှ ယူသည့်ပုံ)

သေပျောက်ကိန်းဂဏန်း စတင်ကြေငြာပြီ မုန်တိုင်း တိုက်ခတ်ပြီး ၂ရက်အကြာ မေလ ၄ရက်နေ့တငွ် စစ်အစိုးရ တီဗီနှင့် သတင်းစာတွင် နာဂစ်မုန်တိုင်းဒဏ်ခံရသည့် ပြည်နယ်နှင့် တိုင်း၎ခုကို အရေးပေါ်ဒေသ အဖြစ်ကြေငြာပြီး လတ်တလော ရရှိသည့် ကိန်းဂဏန်းများအရ မုန်တိုင်း ဒဏ်ကြောင့် သေဆုံးသူ ၃၅၀ ထက်မနည်း ရှိသည်ဟု ထုတ်ပြန်ကြေငြာခဲ့သည်။ နအဖ အစိုးရမှာ အစဉ်သဖြင့် သေဆုံးသူဦးရေ၊ ပျက်စီးမှုတို့ကို လျော့ပေါ့ပြောဆိုလေ့ရှိသဖြင့်

စစ်အစိုးရက

ယခုလောက်

ကိန်းဂဏန်းထုတ်ပြန်လျင်

အမှန်တကယ်

ပျက်စီးမှုမှာ

အတော့်ကို

များပြားနိုင်သည်ဟု ခန့်မှန်းမိကြသော်လည်း မည်သူမျှ သောင်းနှင့် သိန်းနှင့်ချီလိမ့်မည်ဟု မမျှော်လင့် မိသေးပေ။ နောက်တနေ့ ဖြစ်သည့် မေလ ၅ရက်နေ့တငွ် စစ်အစိုးရ၏ ထုတ်ပြန်သည့် ကိန်းဂဏန်းများက ၃၅၀မှ ၁ သောင်းသို့ တက်သွားပြီး နိုင်ငံခြားရေး ၀န်ကြီးက နိုင်ငံတကာ အကူအညီကို လက်ခံရန် အသင့်ရှိသည် ဟုလည်း ပြောဆိုလိုက်သည်။ ပျောက်ဆုံးနေသည့် အရေအတွက်မှာလည်း ထောင်ဂဏန်းနှင့် ချီသည်ဟုလည်း ဆိုသည်။ မည်သည့် အခါကမျှ နိုင်ငံတကာ အကူအညီကို လက်မခံခ့သဲ ည့် နအဖ အစိုးရက ယခုတကြိမ်တငွ် လက်ခံရန် အသင့်ရှိသည် ဆိုသည့် ကြေငြာချက်သည် ထူးခြားနေပြီး ထိုအချက်က ပျက်စီးသေဆုံးမှု များပြားလိမ့်မည်ဟု တွက်ဆမိသည်။ ပြည်ပအခြေစိုက် မြန်မာဘာသာ ရေဒီယို အစီအစဉ်များမှလည်း လက်လှမ်းမှီသလောက် ဆက်သယွ် တင်ပြပေးနေသဖြင့် နာဂစ်မုန်တိုင်း

ရက်စက်မှု

သရုပ်ကို

တဖြည်းဖြည်း

သိရှိလာကြသည်။

သို့သော်လည်း ရန်ကုန်နှင့် အခြားဒေသများမှ လူထုမှာ ဧရာဝတီတိုင်းမှ အခြေအနေများကို ခရေစေ့ တွင်းကျ မသိရှိနိုင်သေးပေ။ ၆ရက်နေ့တငွ် ဧရာဝတီတိုင်းသို့ သတင်းယူရန် စတင်သွားရောက်သည့် သတင်းထောက်က ၇ရက်နေ့ နေ့လည်တငွ် မြောင်းမြမှ ဖုန်းဆက်လာသည်။ လပွတ္တာ မြို့အခြေအနေကို မြင်တွေ့ရသမျှပြောပြသည်။ လပွတ္တာနှင့် မော်လမြိုင်ကျွန်းမြို့နယ်များရှိ ကျေးရွာများမှ ဒုက္ခသည်ပေါင်း သောင်းဂဏန်းနှင့် ချီရောက်ရှိနေကြသည် ဟုဆိုသည်။ မုန်တိုင်းဒဏ်ကြောင့် ပြိုပျက်နေသည့် ဘုရားတန်ဆောင်း နှင့် ဘုန်းတော်ကြီးကျောင်းများတွင်

ဝင်ရောက်နေထိုင်

စုပေါင်းထောက်ပံ့နိုင်သည် ဟုသိရသည်။

ကြပြီး

စားစရာအတွက်မြို့ခံများအနေဖြင့်

ဆန်ပြုတ်ကိုသာ

ထိုသို့ထောက်ပံ့နိုင်အားမှာလည်း အကန့်အသတ်ရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် မြို့နေလူထုကိုယ်တိုင် မုန်တိုင်း၏ ဖျက်ဆီးမှုဒဏ်ခံစားနေရပြီး

မိမိတို့ထက်

ပိုဒုက္ခရောက်သူများကို

ကိုယ်ချင်းစာစိတ်

အပြည့်ဖြင့်

ကူညီထောက်ပံ့ထားခြင်းဖြစ်သည်ဟုဆိုသည်။ မြို့နယ် အာဏာပိုင်များအနေဖြင့် မုန်တိုင်းတိုက်ပြီး ၄ ၊ ၅ ရက်ကြာသည့် ထိုရက်များအထိ ဒုက္ခသည်များကို အစားအသောက်၊ ရေကူညီမှု ထင်ထင်ရှားရှားမတွေ့ရဟုလည်း ပြောဆိုသည်။ ထို့အတွက်ကြောင့် လက်ရှိအခြေအနေများကို မြန်မာနိုင်ငံ တနိုင်ငံလုံးနှင့် ကမ္ဘာကပါ သိရှိဖို့ အရေးကြီးသည်ဟုလည်း သူကပြောဆိုသည်။ လပွတ္တာမြို့မှ ၂ နာရီမျှ ပဲ့ထောင်ဖြစ်သွားရသည့် ရွာများတွင် မုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားသည့် လူ၊ကျွဲနွား တို့၏ အလောင်းများမှာ

မြင်မကောင်းအောင်

ရှိနေသည်ကိုလည်း

ကိုယ်တိုင်တွေ့ခ့ရဲ သည်

ဟုပြောပြသည်။

လယ်ကငွ်းထဲတငွ်

ရေပြန်ကျသွားပြီးနောက် တင်ကျန်ရစ်ခ့သဲ ည့် အလောင်းများမှာ နေလောင်ဒဏ်ဖြင့် မဲနေပြီး အနံ့အသက်မှာလည်း ဆိုးဝါးလှသည် ဟုဆိုသည်။ ချောင်းသွယ် မြောင်းသွယ်များထဲသို့ သွားလာသည့် အခါ လူအလောင်းများ၊ ကျွနွဲား အလောင်းများကို ၀ါးတချောင်းဖြင့် တွန်းဖယ်ကာ သွားလာကြရသည် ဟုလည်းဆိုသည်။ အချို့သော ပဲ့ထောင်မောင်းသူများမှာ ထိုသို့သောမြင်ကငွ်းကို မကြည့်ရက်သဖြင့် ငှားသော်လည်း မသွားလိုကြဟုလည်း ပြောဆိုသည်။ ထိုရက်များအထိ မဖေါ်ပြနိုင်ကြသေးပေ။

အပတ်စဉ်ထုတ်

ပုဂ္ဂလိက

သတင်းဂျာနယ်များတွင်

ထိုသီတင်းပတ်ကုန်ခါနီးရက်များတွင်မှ

ဧရာဝတီတိုင်းမှ

ပြည်တငွ်းဂျာနယ်များတွင်

အဖြစ်အပျက်များအကြောင်း

စတင်ဖေါ်ပြနိုင်ကြ

ခြင်းဖြစ်သည်။

စာပေစိစစ်ရေးမှနာဂစ်သတင်းများ ဓါတ်ပုံနှင့် တကွဖေါ်ပြမှုကို မပိတ်ဆို့မှီ တပတ်တာမျှ အချိန်တငွ် သတင်းဓါတ်ပုံနှင့် တကွ ဖေါ်ပြခဲ့ခြင်းကြောင့် ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများမှ စေတနာ့ ၀န်ထမ်း နာဂစ်ကယ်ဆယ်ရေး လှိုင်းလုံးရိုက်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ကောက်ချက်ချနိုင်သည်။

မုန်တိုင်းဒဏ်ကြောင့် ပျက်စီးနေသည့် ဒလ ဆိပ်ခံဗောတံတား

နာဂစ်ဒေသသို့ ပထမဆုံးခရီး မေလ ၉ရက်နေ့တငွ် ရန်ကုန်မြို့နှင့် အနီးဆုံး နာဂစ်ဒဏ်ခံစားရသည့် ကွမ်းခြံကုန်းမြို့သို့ စတင်သွားရောက်ဖို့ စီစဉ်ခဲ့သည်။ လုပ်ဖေါ်ကိုင်ဘက်

သတင်းထောက်တယောက်

ကိုအဖေါ်ညှိကာ

နံနက်

၈နာရီခခွဲ န့်တငွ်

ဒလဘက်ကမ်းသို့

ထွက်ခဲ့သည်။

မုန်တိုင်းဒဏ်ကြောင့် မြစ်ထဲ ခေါင်းစိုက်ကာ ပျက်စီးနေသည့် ဆိပ်ခံဗောတံတားများ၊ မြစ်ထတဲ ငွ် မြုပ်တ၀က်ပေါ်တ၀က် ဖြစ်နေသည့် ဌါနဆိုင်ရာ သဘောင်္များက ရန်ကုန်မြို့ပန်းဆိုးတန်းနှင့် ဒလဘက်ဆိပ်ကမ်း တို့ကို သရုပ်ပီပြင် စေသည်။ ပုံမှန်ကူးနေကျ ဒလမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်ရှိရာ ဆိပ်ခံဗောတံတားမှာ ရန်ကုန်မြစ်ကို အလျားလိုက် တင်နေပြီး သုံးမရတော့၍ ဒလသဘောင်္ကျင်းရှိရာ ကွန်ကရစ် ဗောတံတားဘေးတွင် ကူးတို့ သဘောင်္က ကပ်ရသည်။ ရေအတက်အကျ ကိုလိုက်ပြီး မျောပါသည့် ဗောတံတားမဟုတ်ပဲ ကွန်ကရစ် ပုံသေတံတားဖြစ်ရာ ရေကျချိန်နှင့် ကြုံ၍ အောက်ထပ်မှ ထွက်မရပဲ သဘောင်္၏ အပေါ်ထပ် ပြူတင်းပေါက်မှကျော်ထက်ွကာ ၅ပေမျှမြင့်သည့် ကွန်ကရစ် ဆိပ်ခံပေါ်ခုန်ချကြရသည်။ ယောင်္ကျား၊ မိန်းမ လူကြီးလူငယ် မရွေး အားလုံးခုန်ချကြရသဖြင့် ၀ိုင်းကူပြီး လုပ်ဆောင်ပေးသူများ ရှိသဖြင့်သာ တော်သေးသည် ဟုဆိုနိုင်သည်။

ခရီးသည်များမှာ ဒလသဘောင်္ကျင်းထဲမှ ဖြတ်ကာ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ဖျာပုံ ကားဂိတ်ဘက်ဆီ ခြေကျင် လျှောက်ခဲ့ကြရသည်။ ဒလမြို့မြင်ကငွ်းမှာလည်း

အမိုးပွင့်နေသည့်

စာသင်ကျောင်း၊

သဘောင်္ကျင်းစက်ရုံ



ရုံးစသည်ဖြင့်

အပျက်အစီးများဖြင့်

အတိပြီးနေသည်။ ရန်ကုန်မြို့မှ တကြိမ်တခါမျှ မရောက်ဘူးသည့် ကွမ်းခြံကုန်းသို့ သွားဖို့ရာ ဒိုင်နာကား နှင့် ဆိုင်ကယ်တက်စီများသာ ရှိသည်။ ဒိုင်နာကားမှာ တယောက်ကို ကျပ် ၁၅၀၀ ကျသင့်ပြီး ဆိုင်ကယ် တက်စီမှာတော့ တယောက်ထသွဲားလျင် ကျပ် ၁သောင်း၂ထောင် မှ ၅ထောင်ဝန်းကျင်၊ နှစ်ဦးဆိုလျင် ၂သောင်း ဟုဆိုသဖြင့် ၁၈,၀၀၀ ကျပ်ဆစ်ကာ နှစ်ယောက်စီးခဲ့သည်။

မုန်တိုင်းဒဏ်ခံရပြီး ၁ပတ်အကြာ ကွမ်းခြံကုန်းမြို့ အထက်တန်းကျောင်း

အငိုက်မိထားသော စစ်အစိုးရ ဟာကွက်များ ဆိုင်ကယ်သမားက ပြောဆိုရာတွင် ယနေ့နံနက် စောစောကပင် နိုင်ငံခြားသား သတင်းထောက် အုပ်စု တီဗီကင်မရာ ပစ္စည်းအပြည့်အစုံသယ်ဆောင်ကာ ဆိုင်ကယ်ဖြင့် ဖျာပုံသို့ ဆင်းသွားကြပြီဟု ပြောသည်။ ထိုနိုင်ငံခြားသား သတင်းထောက်များ နေ့စဉ် ဒလဘက်ကမ်းမှ ဖျာပုံ၊ ဘိုကလေးသို့ ဆိုင်ကယ်၊ ကားဖြင့် ဆင်းကာ သတင်းယူနေကြသည်မှာ ၄၊ ၅ရက်ရှိပြီဟု လည်းဆိုင်ကယ်တက်စီ မောင်းသူကပြောပြသည်။ နိုင်ငံခြားသားများကို ပို့ဆောင်ဖို့ ဒလမြို့ မ၀တကို သွားရောက် သတင်းပို့ရပြီး မ၀တကလည်း ခွင့်ပြုသည်ဟု လည်းသိရသည်။ ထိုအဖြစ်အပျက်က စိတ်ထတဲ ငွ် အနည်းငယ် ထူးခြားနေသည်ဟု ခံစားရသည်။ ယခင်ကဆိုလျင် သဘာဝ ဘေးအန္တရာယ်ပဲ ဖြစ်ဖြစ် မည်သည့် သတင်းထောက်ကိုမှ ချက်ခြင်း ၀င်ခငွ့်မပေးပဲ ဖြစ်ပျက်ရာဒေသကို ထိန်းချုပ်ထားလေ့ရှိခဲ့ သောကြောင့် ဖြစ်သည်။ နိုင်ငံခြား သတင်းထောက်တွေမှန်း သိလျက်နှင့် သွားခွင့်ပြုသည် ဆိုခြင်းကြောင့် နအဖအစိုးရ၏ ပြည်ပ သတင်းဌါနများ အပေါ် ကိုင်တွယ်ပုံပြောင်းသွားပြီလားဟု အတွေးပေါ်မိသည်။ ယခုအဖြစ်အပျက်မှာ နိုင်ငံရေး လှုပ်ရှားမှု မဟုတ်ပဲ သဘာဝ ဘေးအန္တရာယ် ဖြစ်သဖြင့် ခွင့်ပြုခြင်းလား ဟုလည်း တွေးမိသည်။ သို့ရာတွင်

ထိုသံသယမှာ

ဆောင်ရွက်နိုင်သည့်

သိပ်ရက်ကြာကြာမခံလိုက်ပေ။

အစိုးရမျိုး

မဟုတ်ခြင်းကြောင့်

နအဖ ယခုလို

အစိုးရသည်

မည်သည့်

ကမ္ဘာပျက်သလို

ကိစ္စမှာမဆို

ဖြစ်နေသည့်

ချက်ခြင်းတုံ့ပြန်

အခြေအနေကိုလည်း

မြန်ဆန်ထိရောက်သည့် ညွှန်ကြားချက်မပေးနိုင်ပ၊ဲ အောက်ခြေ အာဏာပိုင်များမှာ အထက်မှ မည်သည့် ညွှန်ကြားချက် မရှိသေး ၍သာ သတင်းထောက်များကို ခွင့်ပြုခဲ့ကြခြင်း ဖြစ်သည်။ မေလ ၁၁ရက်နေ့ နောက်ပိုင်းတွင်မူ မည်သည့် နိုင်ငံခြား သတင်းထောက်မှ ရန်ကုန် တဘက်ကမ်း ဒလကိုကျော်၍ သွားခွင့် မရရှိတော့ပေ။

အနောက်နိုင်ငံ စကားဖြင့်ပြောရလျင် တစုံတရာ လျင်မြန်စွာ မတုံ့ပြန်နိုင်မီ ရရှိသော အခွင့်အလမ်း (window opportunity) ဟုဆိုရမည် ဖြစ်သည်။ ထိုသတင်းထောက်များ၏ ရုပ်ပုံများ ဗီဒီယိုမှတ်တမ်းများက ကမ္ဘာ့ သတင်းမီဒီယာများသို့ ရောက်ရှိသွားပြီး မြန်မာနိုင်ငံ၏

မြစ်ဝကျွန်းပေါ်ဒေသ

အခြေအနေများသည်

`ရွှေဝါရောင်

တော်လှန်ရေး´နောက်ပိုင်း

ကမ္ဘာ့

သတင်းခေါင်းစည်းများပေါ်တကြိမ် ရောက်ရှိခြဲ့ ပန်သည်။

ကရင် အဖွဲ့ တစ်ခု နှင့်ငြိမ်းချမ်းရေး ရပြီ ရပြီဟု သတင်းစာများတွင်ဖေါ်ပြ April 4, 2009 · ယနေ့ ထုတ်မြန်မာ သတင်းစာများတွင် ကရင် လက်နက်ကိုင် အဖွဲ့ တစ်ခုနှင့် ငြိမ်းချမ်းရေးတည် ဆောက် နိုင်ပြီဟု ဖေါ်ပြထားသည်။ နာမည်ကျော် ကရင်တော် လှန်ရေးခေါင်းဆောင် တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး စောဘိုမြ ၏ သားဖြစ်သူ စောနေစိုးမြ အပါအ၀င် ၎င်း၏ လက်နက်ကိုင် နောက်လိုက်နောက် ပါ ၇၁ ယောက် နှင့် အတူ ၎င်းတို့ ၏ မိသားစု ၀င် ၈၈ ယောက် တို့ မှာ အစိုးရ၏ လမ်းပြမြေပုံ အပေါ် ယုံကြည် သက်ဝင်မှု ရှိပြီး နှစ်ထောင်တစ်ဆယ်တငွ် ကျင်းပတော့ မည့် ရွေးကောက် ပွဲတငွ် လည်း ပြည်သူများ နှင့် အတူပူးပေါင်းပါ ၀င်လိုသောကြောင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဖြစ်ကြောင်း ဖေါ်ပြထားသည်။ စစ်အစိုးရ က ၎င်းတို့ ကိုလက်နက်များ ကိုင်ဆောင်ခငွ့် ဆက်လက်ပေး ထားမည်ဖြစ်ကြောင်း ဖေါ်ပြထားသည်။ စောနေစိုးမြသည် ၂၀၀၆ ခုနှစ်က ကွယ်လွန်ခဲ့သည့် ကရင်အမျိုးသားအစည်း အရုံးခေါင်းဆောင် တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး စောဘိုမြ ၏ သားသမီး ခုနှစ်ဦး ထဲမှတစ် ဦးဖြစ်သည်။ ၂၀၀ရ ခုနှစ် က မြန်မာစစ်အစိုးရ သတင်းစာများတွင် ဖေါ်ပြခဲ့သည့် KNU တပ်မဟာ ရ တပ်မဟာမှုးဟောင်း ဗိုလ်မှုးချုပ်ထိန်မောင် အဖွဲ့  နှင့် ငြိမ်းချမ်းရေးတည်ဆောက် နိုင်သည့် သတင်းဖေါ်ပြ ပြီးနောက် ပထမ ဦးဆုံးဖြစ်သည်။ ယခု စောနေစိုးမြ နှင့်စစ်အစိုးရကြား ညှိုနှိုင်းပေးခဲ့ သူမှာလည်း KNU ခွဲထွက်အဖွဲ့ တစ်ခုဖြစ်သည့် ကရင်ငြိမ်းချမ်းရေးကောင်စီ ခေါင်းဆောင် ဗိုလ်မှုးချုပ်ထိန်မောင် ပင်ဖြစ်သည် ဟု အကဲဖတ်များကပြောကြသည်။ ကရင်အပစ်ရပ် အဖွဲ့ များမှာ ဘားအံ နှင့် မြ၀တီ နယ်စပ်တစ် ကျောတွင် ခရီးသည်တင် နှင့် ကုန်တင်ကား များထောင် လျှက် စီပွားဖြစ်ကြသည်။ စောနေစိုးမြ နှင့် အဖွဲ့ သည် ထော့ကော်ကိုးတွင် အခြေစိုက် မည်ဟု သတင်းရရှိသည်။KNU သည် နှစ် ပေါင်း ငါးဆယ် ကျော် မြန်မာစစ်အစိုးရ အားလက်နက် ကိုင်တိုက်ခိုင် နေသော လူမျိုးစု လက်နက်ကိုင် အဖွဲ့ တစ်ခု ဖြစ်သည်။

Related Documents

05042009 News
April 2020 0
News
November 2019 45
News
April 2020 33
News
November 2019 45
News
October 2019 46