0212 Tw23

  • December 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View 0212 Tw23 as PDF for free.

More details

  • Words: 132
  • Pages: 4
နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး လှုပ်ရှားမှု အန်အယ်လ်ဒီစပြီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် (၆၂) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှု စတင်လိုက်ပြီ ဖြစ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဝင်းနိုင်က ပြောသည်။

အခမ်းအနားသို့ တက်ရောက်လာသော အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်များ၊ CRPP အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ၊ ပါတီဝင်များက ဗီနိုင်း အဖြူပေါ်တွင် ဒေါ်အောင် ဆန်းစုကြည်၊ ဦးတင်ဦးနှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး ဆန္ဒပြု လက်မှတ်ရေးထိုးခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး အန်အယ်လ်ဒီ၏ တောင်းဆိုချက်ကို လူထုက ထောက်ခံကြရန် ပန်ကြားချက်ထုတ်ပြန်ပြီး မကြာခင် ယခု ပြည်ထောင်စုနေ့ အခမ်းအနား၌ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးလှုပ်ရှားမှုကို အန်အယ်လ်ဒီက တရားဝင်စတင်လိုက်ခြင်းဖြစ်သည်။

အဖွဲ့ချုပ်၏ ပြည်ထောင်စုနေ့အခမ်းအနားကို အာဏာပိုင်များက လူ (၅၀) ထက်မပိုရန်၊ အသံချဲ့စက် မသုံးရန် စသည်ဖြင့် ကြိုတင်ကန့်သတ်မှုများပြုခဲ့ကာ ကျင်းပနေစဉ်တွင်လည်း လုံခြုံရေးအများအပြားဖြင့် စောင့်ကြည့် နေကြောင်း တက်ရောက်ခဲ့သူတဦးက ပြောသည်။

“ထောက်လှမ်းရေးတွေ၊ SB တွေကလည်း ဆိုင်ကယ်(၂၅) စီးလောက်နဲ့ ရုံးချုပ် မျက်နှာခြင်းဆိုင်ကနေ စောင့်ကြည့်နေကြတယ်။ အဓိကရုဏ်းနှိမ်နှင်းရေး ကားတွေကလည်း ပတ်နေတယ်။ စွမ်းအားရှင်တွေ တင်ထားတဲ့ ဒိုင်နာကား လေးငါးစီးကတော့ ရုံးချုပ်နဲ့ မျက်စောင်းထိုးကနေ ရပ်စောင့်နေကြတယ်။ ကျောက်ဆည်ဓမ္မာရုံထဲမှာလည်း လုံခြုံမှုကွပ်ကဲရေး အဖွဲ့ဝင်ကား (၃) စီးလောက်ရှိတယ်” ဟု တက်ရောက်ခဲ့သူက ပြောသည်။

ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးတွင် ကျင်းပသည့် ပြည်ထောင်စုနေ့အခမ်းအနားကို နေ့လယ် (၁၂) နာရီခွဲတွင် စတင်ကျင်းပခဲ့ရာ CRPP အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီ (၁၀) ခုခန့်နှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်ဟု ဒေါက်တာဝင်းနိုင်က ပြောသည်။

အဆိုပါအခမ်းအနားတွင် အန်အယ်လ်ဒီပါတီမှ ထုတ်ပြန်သော (၆၂)နှစ်မြောက် ပြည်ထောင်စုနေ့ ကြေညာချက်ကို ဦးအုံးကြိုင်က ဖတ်ကြားခဲ့သည်။

ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သ၀ဏ်လွှာတွင်မူ နအဖ၏ ရုဒ်မက်အောင်မြင်ရေးကို အသားပေးတိုက်တွန်းထားသည့်ပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက်လိုသူများအား တားဆီးရန်လည်း တောင်းဆိုထားသည်။

Related Documents

0212 Tw23
December 2019 11
100-0212
April 2020 5
Scan 0212
October 2019 9
Tw23 Ind
May 2020 7
Swine Tw23
April 2020 4
Tue Tw23
May 2020 9