Traitor

  • December 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Traitor as PDF for free.

More details

  • Words: 197
  • Pages: 1
သစ္စာဖေါက်တဦး၏ ထွက်ချက်( Confession of a Traitor) UDP အဖွဲ.၏ ခေါင်းဆောင် ဦးကျော်မြင့်အကြောင်း သိထားသူဆိုပြီး ကိုယ်တိုင်က နိုင်ငံတော် သစ္စာဖေါက် လုပ်နေတဲ့ ထောက်လှမ်းရေး လူထွက် ကိုအောင်လင်းထွန်းနှင့် မေးမြန်းချက်ကို ဗွီအိုအေ ရေဒီယိုအသံလွင့်ဌာနက ကြားလိုက်ရပါတယ်။ဒီတော့ စိတ်ထဲမှာအော် သစ္စာဖေါက်တဦးရဲ့ ထွက်ချက်ပါလားလို. စိတ်းထဲမှာ တွေးမိတယ်။ ဦးကျော်မြင့်ရဲ့ မြန်မာပြည်က ကျွမ်ရိုးကုမ္ဗဏီဟာ ငွေမဲတွေကို ခ၀ါချတဲ့ ဘဏ်လို.ပြောတယ် အတိုး (၅)ရာခိုင်နှုန်းပေးတယ်လို. ပြောတယ်။ တခါ နောက်မှာတော့ အတိုးမပေးနိုင်လို. တိုင်လို.အဖမ်းခံရတယ်လို. ပြောတယ်။ ငွေမဲကိုခ၀ါချတဲ့ကုမ္ဗဏီဆို ရင် ငွေတွေ ဒီလောက်ပေါတဲ့အဖွဲ.ဟာ ဘာလို. အတိုး မပေးနိုင်စရာ အကြောင်းရှိနိုင်မလဲ။ နောက်တချက်ကတော့ ထောင်ပြေးဖြစ်နေရင် မြန်မာသံရုံးကို ရောက်လာတဲ့သူကို ဘာဖြစ်လို. ကိုအောင်လင်းတို.အနေဖြင့် တာဝန်အရ ဖမ်းဆီးအရေးယူတာမလုပ် ခဲ့ပါသလည်း။ နောက် ကိုအောင်လင်းထွန်း ပြောဖို.ကြံတဲ့အချက်တခုကတော့ ဦးကျော်မြင့်ထံမှာ သမီးနှစ်ဦးအတွက် ကျောင်းစရိတ်ဆိုပြီး ဂေါက်သီးနှစ်စုံ လက်ဆောင်အဖြစ်ပေးဖို. တောင်းလိုက်တယ်ဆိုတဲ့အကြောင်းတော့ ဗွီအိုအေ အင်တာဗျူးမှာ ပြောတာ မတွေ.လိုက်ပါဘူး။ နောက် ပြည်ပရောက်အဖွဲ.တွေ အထူးသဖြင့် NCGUB ပြည်ပြေးအစိုးရတွေနှင့် မပေါင်းဖို. ကျနော်တို. လူတွေ ထည့်ထားတယ်။ ဒီအဖွဲ.တွေဟာ ဘာမှ မဟုတ်ဘူး။ ကလေးကစားတဲ့အဖွဲ.တွေလို. ကျနော်လည်း ဦးကျော်မြင့်ကို အကြံပေးလိုက်တယ် မှာလိုက်ရသေးတယ်ဆိုတာလည်း ပြောဖို. မေ့.နေခဲ့တာလား သို.မဟုတ် နိုင်ငံရေး ခိုလုံခွင့်အတွက် NCGUBဆီက ထောက်ခံစာလေး ရလေမလားဆိုပြီး မျော်လင့်ချက် ရှိနေလို. ကိုယ့်အကြောင်း ပေါ်မှာဆိုလို. မပြောတာလား။ တကယ်တော့ ဦးကျော်မြင့်ကို တရုတ်စီးပွားရေးကိစ္စ ကူညီပေးဖို. လုပ်ပေးဖို. ခိုင်းတာကို မကူညီပေးလို မကျေနပ်ခဲ့ဘူးဆိုတာလည်း ထည့်ပြောဖို. လိုမယ် ထင်ပါတယ်။ ကိုအောင်လင်းထွန်း မေ့နေပုံရတယ်။ ကိုယ်တိုင်က စစ်ပြေး။ ကိုယ်တိုင်က နိုင်ငံတော် သစ္စာဖေါက်(National Traitor)ဆိုတဲ့ကိစ္စပါ။ နောက် အားလုံးမကောင်းဘူး အတိုက်အခံတွေ မကောင်းဘူးဆိုပြီး လက်ရဲဇက်ရဲ လက်သန်ပြောင်လို. နာမည်ဆိုးနှင့် ကြော်ကြားတဲ့ စစ်ထောက်လှမ်းရေးမှာ ဗိုလ်မှူးအထိ သူကောင်းပြုခဲ့တာ ခံခဲ့ရတယ်။ အခုတခါ ကိုယ့်ကိုယ် ထမင်းကျွေးခဲ့တဲ့ ကျေးဇူးရှင်တွေကို တပ်မတော်အပေါ် မကောင်းဘူးဆိုပြီး ကျေးဇူးကန်း စကားပြောနေပါတယ်။ ဟိုလူ မကောင်းဘူး ဒီလူမကောင်းဘူးလို. ပြောနေတဲ့ ကိုအောင်လင်းထွန်းအနေဖြင့် ဘယ်အချိန်မှာ ကိုအောင်လင်းထွန်းမကောင်းတဲ့အကြောင်းတွေရော ပြောပြဖို. ၀င်ခံဖို. လုပ်မလည်း။ မှတ်ထားပါ ဘယ်သူမှ သစ္စာဖေါက်ပြောတာကို မယုံဘူး။ နိုင်ငံတော်အဆင့် တပ်မတော်အဆင့် မပြောနှင့် မကောင်းတာ လုပ်နေတဲ့ ဒုစရိုက်ဂိုဏ်းတွေမှာတောင် သစ္စာမရှိတဲ့ ဖော်ကောင်လုပ်တဲ့ ကြွက်ဆိုရင် မယုံဘူး လက်မခံဘူး။ မှန် မှန် မမှန်မှန် ကိုယ်ယုံတာကို လုပ်တဲ့သူတွေကိုပဲ လူတွေက လေးစားတယ်ဆိုတာ သစ္စာဖေါက်တဦးဖြစ်တဲ့ ကိုအောင်လင်းဦး သိစေချင်တယ်။ သို.မဟုတ် ကျနော် လုပ်လိုက်လို. အပြစ်မရှိတဲ့ အတိုက်အခံကျောင်းသား ပြည်သူ ဘယ်နှစ်ဦး ဘ၀ပျက်သွားတယ်။ ကျနော်လက်ထဲမှာ လူဘယ်နှစ်ဦး အသက်ပျောက်သွားခဲ့တယ်။ ဘယ်သူတွေရဲ့ သွေးတွေ ကျနော်လက်ထဲမှာ ကျန်နေတယ် ပေနေတယ်ဆိုတာ တကယ် သတ္တိရှိတယ်ဆိုရင် ၀န်ခံလိုက်ပါ ထုတ်ဖော်ဖို. လိုပါသည်။ မောင်လေ့လာ(မြန်မာပြည်)

Related Documents