The New Era Journal

  • November 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View The New Era Journal as PDF for free.

More details

  • Words: 599
  • Pages: 3
The New Era Journal

10 February 2007

ပုံနှိပ်ခေတ်ပြိုင်

မူလစာမျက်နှာ အယ်ဒီတာအာဘော် ဆောင်းပါး သတင်း ကာတွန်း တွေ့ဆုံမေးမြန်းခန်း ရသစာမျက်နှာ ကလောင်သစ်ကဏ္ဍ ကြော်ငြာကဏ္ဍ English Page အကူအညီလား အားပေးအားမြှောက်လား ဒေါက်တာသောင်းထွန်း



ခေတ်ပြိုင်မှတဆင့်



ယခင်သတင်းများ















လူသားချင်းစာနာရေးကူညီမှုတွေ မကြာခဏလမ်းလွဲသွားနိုင်တာကို ကောင်းကောင်းသိထားတဲ့ ဒီမိုကရေစီ လှုပ်ရှားမှုဟာ မြန်မာနိုင်ငံကိုပေးတဲ့အကူအညီတွေ နအဖစစ်အုပ်စုကို ခိုင်မာအားကောင်း မသွားစေဘဲ တာဝန်ခံမှုရှိရှိ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ရောက်သွားတာ သေချာစေဖို့ ဟိုးအရင်ထဲက သဲသဲမဲမဲတိုက်ပွဲဝင်ခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ပတ်သက်လို့ ပွင့်ကျပေါ်ထွက်လာနေတဲ့ ပြဿနာဟာ လူသားချင်းစာနာရေးကူညီမှုရဲ့ ပုန်းကွယ်နေတဲ့အန္တရာယ်တွေကို သက်သေခံနေပါတယ်။ မြန်မာ့မှတ်တမ်း မကြာသေးခင်က စွပ်စွဲချက်တွေအရ လူသားချင်း စာနာရေး အကူအညီအဖြစ် ရည်ရွယ်ထားတဲ့ ဒေါ်လာသန်း ဆယ်ဂဏန်း ဒါမှမဟုတ် ဒေါ်လာသန်း (၁၀၀) တောင် ရှိနိုင်တဲ့ငွေကို ခေတ်ပြိုင်အကြောင်း ပြီးခဲ့တဲ့ဆယ်နှစ်အတွင်း ကင်ဂျွန်အီးလ်က အလွဲသုံးစားလုပ်ပစ်ခဲ့တယ်။ သူ့နျူကလီးယားစီမံကိန်း ကိုတောင် ထောက်ပံ့ခဲ့နိုင်တယ်ဆိုတာ သတင်းထွက်လာပါတယ်။ အကြံပြုစာ အာဏာရှင်တိုင်းပြည်တွေနဲ့ အကျင့်ပျက်ခြစားတိုင်းပြည်တွေမှာ လူသားချင်းစာနာရေးအမှားအယွင်းတွေ ဖြစ်ခဲ့တဲ့နမူနာ အများကြီးရှိပါတယ်။ ဒါတွေဟာ ဆက်သွယ်ရန် ကူညီရေးအဖွဲ့တွေက တင်းကျပ်တဲ့ လုပ်နည်း ကိုင်နည်းကျင့်ထုံးတွေ မကျင့်သုံးဘဲ ဆောင်ရွက်တဲ့အကျိုးဆက်ဖြစ်ပါတယ်။ ဒီမိုကရေစီလိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေက အခြားလင့်များ ပွင့်လင်းမြင်သာရေးနဲ့ တာဝန်ခံရေး အတင်းတောင်းဆိုနေတာဟာ အဆုံးစွန်အားဖြင့် မြန်မာပြည်ကူညီရေးအဖွဲ့တွေအနေနဲ့ နအဖရဲ့ခိုးဝှက်မှု၊ လုယက်မှု သို့မဟုတ် အစီအစဉ်တွေကို Download Font လမ်းကြောင်းပြောင်းပစ်မှုကနေ ကာကွယ်နိုင်အောင် အထောက်အကူဖြစ်စေ နိုင်ပါတယ်။ ဒါပေမယ့်လည်း အခုထိတော့ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ ကြိုးပမ်းချက်တွေကို တချို့နေရာဌာနတွေက ဆန့်ကျင်ခုခံမှု ကြီးကြီးမားမား ပြုနေပါတယ်။ အကျိုးကျေးဇူးခံစားရစေမယ်လို့ ရည်မှန်းခံထားရသူတွေဆီ အကူအညီတွေ တကယ်သေချာ ရောက်စေရေးကိစ္စလိုမျိုး သာမန်အားဖြင့် အငြင်းပွားစရာမဟုတ်တဲ့ ကိစ္စတွေမှာတောင် ဆန့်ကျင်ခံနေရပါတယ်။ အရင်လက ICG ဆိုတဲ့ နိုင်ငံတကာအကျပ်အတည်းအဖွဲ့က “မြန်မာနိုင်ငံ သို့မဟုတ် လူသားချင်းစာနာရေး အကူအညီအပေါ် ခြိမ်းခြောက်မှုသစ်များ” လို့နာမည်ပေးထားတဲ့ ရှင်းလင်းစာတခုထုတ်ပြီး အခုထိ ထွက်ခဲ့သမျှထဲမှာ အစွာဆုံးပြစ်တင်ဝေဖန်မှုတွေ ထုတ်လွှင့်ခဲ့ပါတယ်။ လူရိုသေ ရှင်ရိုသေ ကမ္ဘာလုံး ဆိုင်ရာ ပဋိပက္ခတားဆီးရေး အဖွဲ့ဖြစ်တဲ့ အိုင်စီဂျီဟာ ကမ္ဘာလုံးဆိုင်ရာအကျပ်အတည်းတွေနဲ့ ပတ်သက်တဲ့ စူးရှထက်မြက်တဲ့ ဆန်းစစ်သုံးသပ်ချက်တွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်လေ့ရှိပါတယ်။ ဥပမာအားဖြင့် အင်ဒိုနီးရှားနိုင်ငံနဲ့ပတ်သက်တဲ့ သူ့လေ့လာချက်တွေဟာ လက်ဖျားခါလောက်ပါတယ်။ ဒါနဲ့ယှဉ်လိုက်ရင်တော့ မြန်မာပြည်အပေါ် သူ့လေ့လာချက်တွေဟာ ဗြုတ်ထရွဲ့စောင်းနေပါတယ်။ ရန်ကုန်က ရေပေါ်ဆီအထက်လွှာနဲ့လုပ်ခဲ့တဲ့ အင်တာဗျူးတွေအပေါ် လုံးဝမှီခိုအားထားတဲ့ အဲဒီလေ့လာချက်တွေဟာ အဲဒီအလွှာရဲ့ရှုထောင့်တွေ အကျိုးစီးပွားတွေကိုပဲ ထင်ဟပ်နေပြီး တခြားအလွှာတွေကိုတော့ ပစ်ပယ်ထားပါတယ်။ အိုင်စီဂျီရဲ့ အခုနောက်ဆုံးရှင်းလင်းစာဟာ မြန်မာပြည်နဲ့ပတ်သက်လို့ နှစ်နှစ်တိုင်တိုင် နှုတ်ဆိတ်နေ ခဲ့ပြီးနောက် ထွက်လာတာဖြစ်ပါတယ်။ ရှင်းလင်းစာဟာ ဗြောင်အတိအလင်း နှိမ်ချတဲ့လေနဲ့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို “အကူအညီဆန့်ကျင်ရေးလော်ဘီ (စည်းရုံးဆွဲဆောင်မှု)” အဖြစ် သရုပ်ဖော်ထားတယ်။ ဒီလော်ဘီဟာ “(မြန်မာ ပြည်အတွက်) နိုင်ငံခြားအကူအညီ ဖြတ်တောက်လျှော့ချဖို့ ဟိုးကတည်းက ကြိုးစားခဲ့ပြီး (လူသားချင်းစာနာရေး အဖွဲ့တွေ) ရဲ့ ရန်ပုံငွေတွေ၊ လှုပ်ရှားနိုင်စွမ်းတွေကို ကန့်သတ်ပစ်ခဲ့တယ်။ နအဖနဲ့ အဲဒီအဖွဲ့တွေကြား ဆက်ဆံရေး တင်းမာသွားစေခဲ့တယ်” တဲ့။ အထူးသဖြင့်ကတော့ ဒီအစီအရင်ခံစာမှာ ၂၀၀၅ သြဂုတ်လတုန်းက အေအိုင်ဒီအက်စ်၊ တီဘီနဲ့ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာရန်ပုံငွေအဖွဲ့ (ဂလိုဘယ်လ်ဖန်း) အငြင်းပွားစရာ ရုပ်သိမ်းသွားမှုအတွက် ဒီမိုကရေစီလှုပ်ရှားမှုကို အပြစ်ဖို့ထားတယ်။ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ အကူအညီ ဆိုင်ရာရပ်တည်ချက်ဟာ မြန်မာပြည်မှာ ပဋိပက္ခနဲ့ လူသားချင်းစာနာရေးအကျပ်ဆိုက်မှုသံသရာ အသစ်တဖန်လောင်မြိုက်လာစေဖို့ ခြိမ်းခြောက်နေတယ်လို့ အိုင်စီဂျီက ယူဆနေပါတယ်။ ပြီးခဲ့တဲ့အပတ်က ပွင့်လင်းသောလူ့ဘောင်အဖွဲ့ OSI ညွှန်ကြားရေးမှူး အာရီယယ်နီယာက အိုင်စီဂျီရှင်းလင်းစာ အပေါ်စာမျက်နှာ (၉) မျက်နှာရှိတဲ့ဝေဖန်ချက် ထုတ်ပြန်လိုက်ပါတယ်။ http://www.khitpyaing.org/articles/february_2007/drthaungtun_9-2-07.html (1 of 3) [2/10/2007 4:45:43 PM]

Who is online There are currently 26 guest(s) online.

The New Era Journal

သူ့ရဲ့တုံ့ပြန်ချက်က အိုင်စီဂျီရဲ့ ကချော်ကချွတ် သုတေသနပြုချက်နဲ့ အကောက်အယူလွဲစရာ မပြည့်မစုံ အမှားမှားအယွင်းယွင်းအဆိုတွေကို ဖွင့်ချပစ်လိုက်ပါသည်။ ဥပမာဆိုရရင် နီယာက အိုင်စီဂျီရှင်းလင်းစာရဲ့ အောက်ခြေမှတ်စုပါ ကိုးကားစာတမ်းတွေထဲက အိုင်စီဂျီပြောချင်တာတွေနဲ့ မကိုက်ညီတဲ့အချက်တွေ ချန်လှပ်ထားတဲ့အဖြစ် အမြောက်အမြားကို ဖော်ထုတ်ပြခဲ့တယ်။ ဒီအချက်အလက်တွေဟာ ရှင်းလင်းစာကညွှန်းထားတဲ့ အဖွဲ့တွေအနေအထားကို ပုံပြောင်းသွားစေပါတယ်။ နီယာဟာ အိုင်စီဂျီရှင်းလင်းစာကို ပညာရှင်ပိုင်းအရ မရိုးသားဘူးလို့ တံဆိပ်မကပ်လိုက်ပေမယ့် အဲသလိုသဘော မျိုးပေါက်အောင် ရှင်းရှင်းလင်းလင်း ဖွင့်ချထားပါတယ်။ အိုင်စီဂျီဟာ “အထောက်အထားအစား အတင်းအဖျင်းကို အားကိုးထားတဲ့ ခပ်ညံ့ညံ့ရှင်းလင်းစာ” ကို ထုတ်ဝေလိုက်ခြင်းအားဖြင့် မျှတတဲ့ငြင်းခုံဆွေးနွေးရေးကို ဖောက်ဖျက်ရာကျတယ်လို့ နီယာက ကောက်ချက်ချလိုက်တယ်။

Exchange Rate

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွှန့်ပေါင်းအစိုးရဟာလည်း ဒီအိုင်စီဂျီအစီရင်ခံစာကြောင့် စိတ်မချမ်းမသာ ဖြစ်မိပါတယ်။ အိုင်စီဂျီဟာ အနှစ်သာရအားဖြင့် ဒီမိုကရေစီလှုပ်ရှားမှုရဲ့ အကူအညီ ဆိုင်ရာပေါ်လစီကို ပြစ်တင်ရှုတ်ချထားပေမယ့် အမျိုးသားညွန့်ပေါင်းအစိုးရရဲ့ လူသားချင်း စာနာရေးအကူအညီဆိုင်ရာ ရပ်တည်ချက်ကို အတည်ပြုဖို့ ဆက်သွယ်လာတာ လုံးဝမရှိပါဘူး။ စင်စစ်အားဖြင့် အမျိုးသားညွန့်ပေါင်းအစိုးရဟာ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ပြဿနာ အဆိုးဆုံးနေရာတွေမှာ ကာကွယ်တားဆီးရေးအစီအစဉ်တွေ ထောက်ပံ့ဖို့ ဥရောပသမဂ္ဂကို လူသိရှင်ကြား ပန်ကြားထားခဲ့တာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ မူဝါဒရပ်တည်ချက်စာတမ်းတွေ အများပြည်သူသိ ထုတ်ထားပါတယ်။ အိုင်စီဂျီဟာ တချို့စာတမ်းတွေကို ကိုးကားပြထားသော်လည်း ဖတ်ကြည့်ထားတဲ့ ပုံတော့မရပါဘူး။

US 1 $ = 1270 Ks မြန်မာနိုင်ငံရဲ့ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် အကျပ်အတည်းနဲ့ပတ်သက်လို့ အသုံးပြုစရာရင်းမြစ်တွေ Thai Bht 1=34.6 Ks ချို့တဲေ့  နတာဟာ ကြေကွဲစရာပါ။ ဒါပေမယ့် ဒီကိစ္စကို ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံတွေကြောင့် ဖြစ် ရ တယ် ဆိုပြီး လက်ညှိုးထိုးထားတာကတော့ ရိုးရိုးသားသားမဟုတ်ပါဘူး။ နအဖဟာ သူ့ကမ်းလွန် 7 February 2007 သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေဆီက၀င်လာတဲ့ နိုင်ငံခြားငွေတွေ အလျှံအပယ်ရှိနေပေမယ့် အသည်းအသန် လိုအပ်နေတဲ့ လူမှုရေးဝန်ဆောင်မှုတွေကို ပစ်ပယ်ထားပြီး စစ်လက်နက်ပစ္စည်းတွေကို ဆက်လက်ဝယ်ယူနေပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု အသုံးစရိတ်အရကြည့်ရင် မြန်မာပြည်ဟာ ကမ္ဘာ့နိုင်ငံပေါင်း (၁၉၁) နိုင်ငံထဲမှာ နံပါတ် (၁၉၀) ချိတ်နေလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတောင် သတ်မှတ်ထားရပါတယ်။ အရာကိစ္စတွေ ပိုခက်ခဲရှုတ်ထွေးအောင် နအဖဟာ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေကို အကြီးအကျယ် ဆက်လက်ချုပ်ချယ်နေပါတယ်။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ အစိုးရက ကူညီရေးအဖွဲ့တွေကို အပြင်းအထန်ကန့်သတ်ချုပ်ချယ်တဲ့ လမ်းညွှန်မှုတွေ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး နအဖဟာ နိုင်ငံရေးနောက်ကြောင်းရှိတဲ့ ၀န်ထမ်းတွေကို အလုပ်ရပ်စဲစေဖို့၊ အစိုးရအတည်ပြုထားတဲ့ လူစာရင်းတွေထဲကသာ ၀န်ထမ်းရွေးချယ်ခန့်အပ်ဖို့၊ ငွေသွင်းငွေထုတ်ပုံစံကို ချုပ်ကိုင်ရဖို့ ဖိအားပေးလာခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံမှာ အလားတူကန့်သတ်မှုဟာ ကုလသမဂ္ဂအစီအစဉ်တွေရဲ့ ထိရောက်စွမ်းဆောင်နိုင်မှုကို လျော့နည်းစေခဲ့ပုံရပြီး လူသားချင်းစာနာမှုရန်ပုံ ငွေတွေ အလွဲသုံးစားလုပ်နိုင်ဖို့ အားပေးခဲ့ပါတယ်။ ကြိုတင်စည်းကမ်းသတ်မှတ်ချက်မရှိတဲ့ အကူအညီဆိုတာ မိုက်မဲခြင်းသက်သက်ပါပဲ။ ဂလိုဘယ်လ်ဖန်း ရန်ပုံငွေအဖွဲ့ကြီး ရုပ်သိမ်းသွားတာဟာ အရေးပါတဲ့ စံနမူနာတခုကို ချပေးလိုက်ပါတယ်။ အဲဒါကတော့ နအဖအနေနဲ့ အတိုအလျှိုလုပ်ခြင်း သို့မဟုတ် တနည်းနည်းနဲ့ အကူအညီရဲ့ထိရောက်မှုကို ပျက်ပြား စေခြင်းတို့ဘက်က ဆက်လက်ရပ်ခံနေရင် ဘာအကူအညီမှ မပေးဘူးဆိုတာဖြစ်ပါတယ်။ နအဖရဲ့ ကန့်သတ်ချုပ်ချယ်မှုတွေကြောင့် လူသားချင်းစာနာရေး ဒိုင်ယာလော့အဖွဲ့နဲ့ နယ်စည်းမခြားဆရာဝန်များ (ပြင်သစ်) အဖွဲ့တို့လည်း ရှေ့ဆင့်နောက် ဆင့် ရုပ်သိမ်းထွက်ခွာသွားခဲ့ရပြီး နိုင်ငံတကာကြက်ခြေနီ ကော်မတီကလည်း မိမိလုပ်ငန်းတွေကို ကြီးကြီးမားမား လျှော့ချခဲ့ရပါတယ်။ ဒီမိုကရေစီလှုပ်ရှားမှုက ဒီအဖွဲ့အစည်းတွေကို ကြိုးမဆွဲပါဘူး။ သူတို့ဟာ မိမိတို့ရဲ့ တင်းကျပ်တဲ့ အခွင့်အာဏာအပ်နှင်းထား ချက်တွေ၊ ကမ္ဘာတ၀န်းက လူသားချင်းစာနာရေးအကျပ်အတည်းတွေထဲက ရရှိလာခဲ့တဲ့ အတွေ့အကြုံ တွေနဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အိုင်စီဂျီရဲ့ ချဉ်းကပ်ပုံဟာ သွေးခွဲရာကျပြီး ၀မ်းနည်းစိတ်ပျက်စရာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရှုတ်ထွေးလှတဲ့အခြေအနေကို အခုလို ပုတ်ခတ်တိုက်ခိုက်ရာကျတဲ့ အသုံးအနှုန်းတွေနဲ့ တင်ပြခြင်းအားဖြင့် အိုင်စီဂျီဟာ အကူအညီကိစ္စကို နိုင်ငံရေးဆန်အောင် ထပ်လုပ်လိုက်ပါတယ်။ ဒီမိုကရေစီလှုပ်ရှားမှုကို လူသားချင်းစာနာရေးအထောက်အပံ့ရဲ့ ဆန့်ကျင်ဘက်တွေအဖြစ် ဆဲရေးရှုတ်ချတာဟာ တရားခံအစစ်ဖြစ်တဲ့ ဖိနှိပ်သူစစ်အစိုးရဆီကနေ အာရုံလွှဲပစ်တာ ဖြစ်ပါတယ်။ ဒီမိုကရေစီလှုပ်ရှားမှုနဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေမှာ တူညီတဲ့ ရည်မှန်းချက်တွေရှိပါတယ်။ အဲဒါကတော့ မြန်မာပြည်သူတွေ သာယာတိုးတက်စေဖို့ပါ။ http://www.khitpyaing.org/articles/february_2007/drthaungtun_9-2-07.html (2 of 3) [2/10/2007 4:45:43 PM]

The New Era Journal

ဒီရည်မှန်းချက်ပေါက်အောင် ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ မြန်မာထဲမှာလုပ်ကိုင်နေတဲ့ ကူညီရေးအဖွဲ့တွေ အတူတကွ ဆက်လက်လုပ်ကိုင်ဖို့လိုပါတယ်။ စာကြွင်း။ ။ နီယာရဲ့ဝေဖန်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အိုင်စီဂျီဟာ မိမိရဲ့သုံးသပ်ချက်နဲ့ သုတေသနပြုချက်ထဲက ချို့ယွင်းချက်တွေကို ၀န်ခံအသိအမှတ်ပြုခဲ့ပြီး အင်တာနက်ပေါ်က ရှင်းလင်းစာပါ အစိတ်အပိုင်းတချို့ကို ပြင်ဆင်ပေးခဲ့ပေမယ့် ဒီမိုကရေစီလှုပ်ရှားမှုကို လူသားချင်းစာနာရေး အထောက်အပံ့အတွက် အနှောင့်အယှက်အဖြစ် သရုပ်ဖော်မှုနဲ့ အနာဂတ်မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးနိုင်စွမ်းကို အန္တရာယ်ပြုမယ့်အလားအလာအဖြစ် သွယ်ဝိုက်ညွှန်းဆိုမှုကိုတော့ ဆက်လက်ရပ်ခံကိုင်စွဲနေဆဲ ဖြစ်ပါတယ်။ ။ (ဒေါက်တာသောင်းထွန်းမှာ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် ဖြစ်ပါတယ်) ၂၀၀၇ ဇန်န၀ါရီ (၃၁) ရက် အာရှတိုင်းမ် အင်တာနက်စာစောင်မှ ဒေါက်တာသန်းထွန်း၏ Aiding And Adapting ဆောင်းပါးကို ဂါမဏိဘာသာပြန်ဆိုသည်။

[မူလစာမျက်နှာ] [အယ်ဒီတာအာဘော်] [ရသစာမျက်နှာ]

[ကလောင်သစ်ကဏ္ဍ]

[ဆောင်းပါး]

[သတင်း]

[ယခင်လသတင်းများ]

::: Copyrights • 2004 The New Era Journal ::: The best browser for this website is Internet Explorer. Opentracker.net: Website Statistics

http://www.khitpyaing.org/articles/february_2007/drthaungtun_9-2-07.html (3 of 3) [2/10/2007 4:45:43 PM]

[တွေ့ဆုံမေးမြန်းခန်း] [မြန်မာ့မှတ်တမ်း]

Related Documents