The New Era Journal

  • December 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View The New Era Journal as PDF for free.

More details

  • Words: 174
  • Pages: 1
The New Era Journal

1 of 1

http://www.khitpyaingnews.org/news/February_09/23-2-09e.php

24 February 2009

ဗိုလ်ထိန်မောင်အဖွဲ့နှင့် ပူးပေါင်းသူများ ရွာသားတွေဖြစ်ဟု ကေအန်ယူငြင်းဆို NEJ / ၂၃ ဖေဖော်ဝါရီ ၂၀၀၉

ဗုဒ္ဓဟူးနေ့က ကေအန်ယူ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် သွားရောက် ပူးပေါင်းခဲ့သူ (၁၃) ဦးသည် ကရင်အမျိုးသား လွတ်မြှောက်ရေးတပ်မတော်မှ စစ်သည်များ မဟုတ်ဘဲ ကော့ကရိတ်မြို့နယ်ရှိ စက်က၀က်ရွာ မှ ရွာသားများသာဖြစ်သည်ဟု ကရင်အမျိုးသား လွတ်မြှောက်ရေးတပ်မတော် တပ်မဟာ (၆) တပ်မဟာစစ်ရုံးမှ ဒု-ဗိုလ်မှူးကြီးတဦးက ခေတ်ပြိုင်သို့ပြောသည်။ ၄င်းက " ဒီလ (၁၈) ရက်နေ့ ညနေက တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၈) တပ်ခွဲ (၃) က M- ၁၆ (၄) လက်၊ M- ၁၆ (၇၉) မော်တာ (၁) လက်၊ M- ၁၆ ကျည် (၁၆၀) ၊ M- ၇၉ ကျည် (၂၁) လုံး၊ စကားပြောစက် (၁) လုံးနဲ့အတူ သွားပြီးပူးပေါင်းကြတဲ့ လူတွေဟာ စက်က၀က်ရွာ သားတွေဖြစ်တယ်။ ရှေ့တန်းမှာ ကျနော်တို့ ရဲဘော်တွေဟာ ရွာသားတွေနဲ့ အတူနေပြီးသွားလာလှုပ်ရှားတယ်။ ကိုယ်ရောင်ဖျောက်ပြီး သွားလာတဲ့အခါမှာ လိုအပ်လို့ရှိရင် လက်နက်တွေကို ရွာသားတွေဆီမှာပဲ အပ်ထားတယ်။ အဲ့ဒီရွာ သားတွေက အပ်ထားတဲ့ လက်နက်ကိုယူပြီးတော့ ဗိုလ်ထိန်မောင်တို့အဖွဲ့နဲ့ သွားပူးပေါင်းတာဖြစ်တယ်" ဟု ပြောသည်။ အဆိုပါရွာသားများမှာ စောဖါးကျော့၊ ကျော်နီဟ၊ဲ ဖားထီးသိုး၊ ကျော်မူးဂေ၊ ဖားအော်တူး၊ ကျော်ဖရီး၊ ကျော်အ၊ဲ ဖားကလိ၊ ဖားအော်လ၊ဲ ဖားမော်းကို၊ မောင်ထွေး၊ ကျော်ယု၊ ကျော်ပလဲထူး တို့ဖြစ်သည်။ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ကေအန်ယူ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီမှ ပုံကြီးချဲ့၍ ၀ါဒဖြန့်နေသော်လည်း ဖြစ်စဉ်အမှန်ကို သိရှိနိုင်ရန်အတွက် ရှင်းပြခြင်း ဖြစ်ကြောင်း ၄င်း ဒု-ဗိုလ်မှူးကြီးက ဖြည့်စက်ွပြောကြားသည်။ အခြေအနေမှန်ကို အသေးစိတ်သိရှိနိုင်ရန် ကေအန်ယူ၊ ကေအန်အယ်လ်အေငြိမ်းချမ်းရေး ကောင်စီအဖွဲ့ မှ ဗိုလ်ချုပ်ယဉ်နုအား ခေတ်ပြိုင်မှ ဆက်သယ်ွမေးမြန်ရာ ဖုန်းပိတ်ထားသည်။

[မူလစာမျက်နှာ]

[အယ်ဒီတာအာဘော်]

[ဆောင်းပါး] [ယခင်သတင်းများ]

[သတင်း]

[တွေ့ဆုံမေးမြန်းခန်း]

[မြန်မာ့မှတ်တမ်း]

::: Copyright © 2004 The New Era Journal ::: The best browser for this website is Mozilla FireFox.

2/24/2009 8:41 AM

Related Documents