Strategy

  • December 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Strategy as PDF for free.

More details

  • Words: 1,867
  • Pages: 18
မဟာဗ်ဴဟာ ခ်မွတေ် ရးဆွအဲ ကောင်အထည်ဖော်ခြင်း

စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးစတဲ့ ကဏ္ဍအားလုံးမှာ မဟာဗျူဟာ (strategy) ဆိုတဲ့ စကားလုံးဟာ အလွန်အရေးကြီးတဲ့ စကားလုံးတခုပါ။ လူတစုအနာဂတ်၊ နိုင်ငံရေး (သို့) စီးပွားရေးအဖွဲ့အစည်းတခုရဲ့ အနာဂတ်၊

တိုင်းပြည်တခုရဲ့

စကားလုံးဖြစ်ပါတယ်။ မဟာဗျူဟာဆိုတာကို

ဒီစကားလုံးကို စီမံချက်တွေ၊

ရောထွေးပြောလေ့ရှိကြတယ်။ စီမံကိန်းတွေမှာ

အနာဂတ်ကို

ကောင်းကျိုး၊

တချို့က

သဘောတရားတွေ၊

ရောထွေးရှုပ်ယှက်ခတ်မှုတွေ

လူအများစုက

လုပ်ဆောင်ချက်တွေ၊

အမြင်တွေနဲ့

များလာတဲ့အခါကျတော့

ဖြစ်လာတယ်။

မျှော်လင့်ချက်ကို

သက်ရောက်စေတဲ့

ရေပက်မ၀င်ပြောတတ်ကြတယ်။

ဒီလိုပြောလာတာတွေ

ကန့်သတ်ချက်တွေဖြစ်လာတယ်။

ဆိုးကျိုးများစွာ

မဟာဗျူဟာနဲ့

မဟာဗျူဟာကျ

အခြေတည်တဲ့

တွေးခေါ်မှုတွေကို

ရလာဒ်တွေကို

မဆီလျော်ပဲ

ချတတ်လာကြတယ်။

အဲဒီလိုအခြေအနေတွေမှာ အဆိုးဆုံးဖြစ်လာနိုင်တာကတော့ ကိစ္စတခုတည်းပေါ်မှာတင် မဟာဗျူဟာ ပေါင်းများစွာ

ပေါ်ထွက်လာတော့တာပဲ။

ရေးဆွဲခြင်းဆိုတာဟာ မရောက်လာခင်မှာ

ကလေးမွေးဖွားခြင်းနဲ့ ကိုယ်ဝန်ဆောင်မိခင်က

တကယ်တန်းကျတော့ တူပါတယ်။

မဟာဗျူဟာချမှတ်

ကလေးတယောက်ကို

ရှောင်သင့်တာ၊

လူ့လောကထဲ

ဆောင်သင့်တာတွေ

စနစ်တကျ

အများကြီးပြင်ဆင်ရတယ်။ မဟာဗျူဟာ ချမှတ်ရာမှာလဲ အဲလိုပါပဲ။ စနစ်တချ ရေးဆွဲ ချမှတ်ရပါတယ်။ ကောင်းတာ၊ ဆိုးတာတွေ၊ အားသာချက်၊ အားနည်းချက်တွေအားလုံးကို စဉ်းစားဆုံးဖြတ်ရပါတယ်။ ချမှတ်ပြီးပြီဆိုတာနဲ့လဲ မပြီးသေးပါဘူး။ အကောင်အထည်ဖော် ဆောင်ရွက်ရပါတယ်။ ကလေးမွေးပြီးရင် မွေးထားတာနဲ့

မပြီးသေးပဲ

ပြုစုစောင့်ရှောက်ရသလိုပါပဲ။

အဲလိုမဟုတ်ပဲ

မဟာဗျူဟာ

ချမှတ်တာတွေချည်းပဲ လုပ်နေရင် ကလေးတွေမွေးပြီး လမ်းပေါ်သွားပစ်လိုက်တာနဲ့အတူတူပဲ။ ဘယ်လိုမှ လူလားမြောက်တော့မှာ မဟုတ်ပါဘူး။

အခုဒီဆောင်းပါးမှာ တင်ပြချင်ပါတယ်။

မဟာဗျူဟာနဲ့

ပတ်သက်တဲ့

အကြောင်းအရာလေးတချို့ကို

တစေ့တစောင်း

မဟာဗျူဟာဆိရုာဝယ်

မဟာဗျူဟာ (strategy) ဆိုတဲ့ စကားလုံးဟာ ဂရိဘာသာစကား strategos (general) ဆိုတာကနေ ဆင်းသက်လာတာပါ။ ယနေ့ခေတ်မှာတော့ စစ်ရေးတခုတည်းတင်သာမက၊ နိုင်ငံရေး၊ စီးပွားရေးရာ ကိစ္စတွေမှာပါ ဒီစကားလုံးဟာတွင်ကျယ်နေပြီဖြစ်ပါတယ်။

မဟာဗျူဟာနဲ့ပတ်သက်တဲ့

classical

definition

တခုကတော့

စစ်မဟာဗျူဟာလေ့လာရေး

ပညာရှင်ကြီး Carl Von Clausewitz ရေးသားခဲ့တဲ့ On War ဆိုတဲ့ စာအုပ်လေးထဲမှာ ပါပါတယ်။ စစ်ရေး၊ နိုင်ငံရေးလောကမှာ သူ့သြဇာဟာ ကြီးမားလွန်းလှပါတယ်။ စစ်မဟာဗျူဟာ လေ့လာရေးဌာနတိုင်းမှာ ယနေ့အချိန်ထိ

ကလော့ဝစ်ကျွမ်းကျင်သူ

ပညာရှင်

အနည်းဆုံးနှစ်ယောက်

ခန့်ထားကြရပါတယ်။

သူကတော့ မဟာဗျူဟာဆိုတာကို 'the use of engagements for the object of war” လို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။

စစ်အေးတိုက်ပွဲကာလ နှစ်ဆယ်ရာစု အလယ်ပိုင်းကျတော့ Basil Hart ဆိုတဲ့ နိုင်ငံရေးသိပ္ပံပညာရှင် တယောက်က

မဟာဗျူဟာဆိုတာ

ချမှတ်အသုံးပြုခြင်းအနုပညာတရပ်”

ပေါ်လစီရည်မှန်းချက်တွေ လို့

ဆိုပါတယ်။

ပြည့်မှီဖို့

ဒါပေမယ့်

စစ်ရေးနည်းစနစ်တွေနဲ့

သူ့အဓိပ္ပာယ်ဖွင့်ဆိုချက်က

စစ်ရေးနည်းတခုကိုပဲ ပြောဆိုထားတာကြောင့် သိပ်ကျဉ်းမြောင်းတယ်လို့ ဝေဖန်ကြပါတယ်။ US. Joint Chiefs of Staff, Dictionary of United States Military Terms for Joint Usage ထဲကျတော့ မဟာဗျူဟာဆိုတာကို စစ်ပွဲနဲ့ ငြိမ်းချမ်းရေးကာလတွေမှာ ပေါ်လစီရည်မှန်းချက်များ ပြည့်မှီဖို့အတွက် နိုင်ငံရေး၊

စီးပွားရေး၊

စိတ်ဓာတ်ရေးနဲ့

စစ်ရေးနည်းလမ်းများ

ချမှတ်သုံးစွဲတဲ့

ဝိဇ္ဖာသိပ္ပံပညာလို့

ဖော်ပြထားပါတယ်။

နှစ်ဆယ့်တစ်ရာစု အခြေအနေမှန်တွေနဲ့

နိုင်ငံရေးပညာရှင်များကကျတော့ လိုချင်တဲ့

မဟာဗျူဟာဆိုတာ

အနာဂတ်အခြေအနေတွေကြားကို

လက်ရှိဖြစ်ပျက်နေတဲ့

ပေါင်းကူးပေးတဲ့

blueprint

တခုပါလို့ ဆိုကြပါတယ်။ လွယ်ကူရိုးရှင်းတဲ့ စကားလုံးတွေနဲ့ ဆိုရမယ်ဆိုရင်တော့ မဟာဗျူဟာဆိုတာ မိမိတို့လိုချင်တဲ့ ရှိနေတာတွေ

ရလာဒ်တွေကို မဖြစ်စေပဲ

သူ့အလိုလို

ရည်မှန်းချက်တွေ၊

ဖြစ်ပျက်လာတာ၊

တခြားသူတွေရဲ့

သဘောတရားတွေနဲ့

လက်ထဲမှာပဲ

စွမ်းအားအရင်းအမြစ်တွေကို

တွက်ချက်အသုံးချပြီး အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းတခုမှာ ကိုယ့်ပြိုင်ဘက်ရဲ့ ကစားကွက်မှာပဲ ကိုယ်က လိုကက် စားနေရပြီဆိုရင် ဒါဟာ strategic

failure

ဖြစ်နေပြီလို့ဆိုနိုင်ပါတယ်။

အရှုံးပေါ်တော့မှာဖြစ်ပါတယ်။

နိုင်ငံရေးမှာလဲ

ခံနေရပြီဆိုရင်

အန္တရာယ်ရှိနိုင်ပါတယ်။

အင်မတန်

စနစ်တကျသာ

ဒီအတိုင်းပါပဲ။

အဖတ်ဆယ်နိုင်အောင်

ကြိုးပမ်းအားထုတ်ရပါမယ်။

အခြေအနေမျိုးကနေ

ဖောက်ထွက်နိုင်ရပါမယ်။

ဒီလို

ကိုင်တွယ်ပြင်ဆင်မှုမရှိရင်

ကိုယ့်ကြမ္မာကို strategic

သူ့ကစားကွက်ကို

ရန်သူရဲ့

failure

ဆုံးဖြတ်မှု

ကို

အချိန်မှီ

ကိုယ်လိုက်ကနေရတဲ့

ဒီလိုဖောက်ထွက်နိုင်ဖို့က

ကောင်းမွန်တဲ့

မဟာဗျူဟာတရပ် လိုအပ်လှပါတယ်။

မဟာဗ်ဴဟာဆိင ု ္ရာ အဂါၤရပ္မ်ား

စစ်ရေး၊ နိုင်ငံရေးပညာရှင်တွေက ကောင်းမွန်ပြည့်စုံတဲ့ မဟာဗျူဟာတွေမှာ လိုအပ်တဲ့ အဂါင်္ရပ်များစွာကို ထောက်ပြပြောဆိုခဲ့ကြပါတယ်။

တချို့သော အရေးကြီးတဲ့ အချက်တွေကို ဖော်ပြရရင်-

(၁)

မဟာဗျူဟာဆိုတာ

တကယ်ကောင်းမွန်တဲ့

ကြိုတင်တွေးခေါ်ပြီး

မဟာဗျူဟာတရပ်ဆိုတာ

လုပ်ဆောင်ရတဲ့ အနာဂတ်

အရာတခုဖြစ်ပါတယ်။

မဟာဗျူဟာ

ဝန်းကျင်ကို

လွှမ်းမိုးချုပ်ကိုင်နိုင်ရပါမယ်။ တချို့လူတွေက အဖြစ်အပျက်တွေဖြစ်လာမှ အစည်းအဝေးတွေလုပ်ပြီး၊ response

လုပ်ကြပါတယ်။

ဆိုလိုတာမဟုတ်ပါဘူး။

မဟာဗျူဟာဆိုတာ

အဲဒီလို

"crisis

management”

ကို

(၂) တချို့သော အဖွဲ့အစည်းတွေက မဟာဗျူဟာဆိုတာကြီးကို နိုင်ငံရေးရည်ရွယ်ချက် (political purposes) မရှိပဲ ချမှတ်ပြောဆိုတတ်ကြပါတယ်။ အ၀တ်အစားလို ထည်လဲ သုံးနေတတ်ကြပါတယ်။ နိုင်ငံရေးရည်ရွယ်ချက်မပါပဲ ရေးဆွဲထားတဲ့ မဟာဗျူဟာဆိုတာတွေဟာ တကယ့်တော့ အုန်းရည်မပါတဲ့ အုန်းသီးခြောက်ကြီးတွေပါပဲ။

(၃) မဟာဗျူဟာဆိုတာ strategic environment ရဲ့ သဘောသဘာဝနဲ့လဲ ကိုက်ညီရပါတယ်။ မဟာဗျူဟာဝန်းကျင်ဆိုတာမှာ physical attributes တွေသာမက metaphysical attributes တွေလဲ ပါပါတယ်။ ပြည်တွင်းနိုင်ငံရေးသာမက ပြည်ပနိုင်ငံရေးတွေလဲ ပါပါတယ်။ ဒီအချက်တွေအားလုံးကို သုံးသပ်ပြီး အခြေအနေနဲ့အညီ လိုက်လျောညီထွေ ရှိရပါမယ်။

(၄)

တခါတရံမှာ

မဟာဗျူဟာတွေဟာ

အပေါ်သက်ရောက်မှုတွေ ပြောင်းလဲမှု

ရှိတတ်ပါတယ်။

လိုက်လုပ်ရပါမယ်။

လက်ရှိအဖွဲ့အစည်းတွေရဲ့

အဲဒီအခါမှာလဲ

အဲလိုမလုပ်ရင်

status

လိုအပ်တယ်ဆိုရင်

quo

လိုက်လျောညီထွေ

ထိရောက်ကောင်းမွန်တဲ့

မဟာဗျူဟာ

ထွက်မလာနိုင်တော့ပဲ လှုပ်လေ၊ မြှုပ်လေ ၀ဲဂယက်ထဲ ရောက်သွားတတ်ပါတယ်။

(၅) မဟာဗျူဟာဆိုတာ ဘာကိုပြီးမြောက်အောင်လုပ်ဆောင်မှာလဲ၊ ဘာကြောင့် ဒီလိုလုပ်ဆောင်ရတာလဲ ဆိုတဲ့

အချက်အပေါ်မှာ

ဘာဖြစ်ချင်တာလဲဆိုတာတောင်

မူတည်ပါတယ်။ မကွဲပြားပဲနဲ့တော့

အဆုံးသတ်မှာ

ဘာလုပ်ချင်တာလဲ၊

မဟာဗျူဟာဆိုတာကို

ချနေလဲ

ဘာမှ

အကြောင်းမထူးပါဘူး။

(၆)

မဟာဗျူဟာကို

အကောင်အထည်ဖော်ရမယ့်

လူသားတွေရဲ့

အမြင်တွေ၊

အယူအဆတွေ၊

ယုံကြည်ချက်တွေ၊ တန်ဖိုးထားမှုတွေကို လေ့လာပြီးမှ ရေးဆွဲသင့်ပါတယ်။ အကောင်အထည်ဖော်မယ့် လူတွေရဲ့

တန်ဖိုးထား၊

ယုံကြည်မှုတွေနဲ့

ကျားသေကောင်ကြီးနဲ့ပဲ တူပါလိမ့်မယ်။

မကိုက်ညီနိုင်မယ့်

မဟာဗျူဟာဆိုတာ

(၇) မဟာဗျူဟာဆိုတာ ဖြစ်ပွားရတဲ့အကြောင်းအရာတွေ၊ ရည်ရွယ်ချက်တွေအပေါ်မှာ အခြေခံရပါတယ်။ အတွေ့အကြုံတွေကနေ သင်ခန်းစာ ယူတတ်ရပါတယ်။ သမိုင်းကြောင်းက ဖြစ်ရပ်တွေ၊ ရန်သူရဲ့ လှုပ်ရှားမှုပုံစံတွေကို

လေ့လာနားလည်ရပါတယ်။

တ၀ဲဝဲလည်လည်ဖြစ်နေတဲ့

လှေငယ်လို

လှော်လိုက်ရင်း၊

အဲလိုမဟုတ်ရင် မူလနေရာ

ပင်လယ်ထဲမှာ ပြန်ရောက်လာရင်းနဲ့

စုန်းစုန်းမြှုပ်သွားတတ်ပါတယ်။

(၈)

မဟာဗျူဟာဆိုတာကို

ချမှတ်ပြီးရင်

အကောင်အထည်ဖော်ရမယ့်

နိုင်ငံရေးဦးဆောင်မှု

လိုအပ်ပါတယ်။ ဒေါင်လကိုအမိန့်ပေးနိုင်တဲ့ structure တခုလိုအပ်ပါတယ်။ ဒါတွေမှ မရှိပဲ ချထားတဲ့ မဟာဗျူဟာဆိုတာ စက္ကူကျားတခုလိုပါပဲ။ ဘယ်လိုနည်းနဲ့မှ အသက်မ၀င်နိုင်ပါဘူး။

(၉) မဟာဗျူဟာဆိုတာ အချိန်ကာလတခုနဲ့လဲ ပတ်သက်စပ်ဆိုင်ပါတယ်။ အတိတ်ကာလက strategic choices အချိန်တွေအားလုံးကို လေ့လာထားရမယ်။ ဘယ်အချိန်ကာလမှာ ဘယ်လို ရွေးချယ်မှုလုပ်ခဲ့ရင် လက်ရှိမှာ

ဘာတွေဖြစ်နေမလဲဆိုတဲ့

ကောင်းကျိုးဆိုးကျိုးတွေကို

ဆန်းစစ်သင့်ပြီး၊

အခုအချိန်မှာ

ရွေးချယ်လိုက်မှုဟာ နောင်အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာကို ထည့်သွင်းစဉ်းစားရမှာဖြစ်တယ်။

ဒီအချက်တွေကတော့ မဟာဗျူဟာနဲ့ ပတ်သက်ပြီး၊ ပညာရှင်များ ထောက်ပြပြောဆိုထားကြတာပါ။

ရေတို၊ ရေရှည်မဟာဗျူဟာများ ချမှတ်ရာမှာ အရေးကြီးဆုံး ထည့်စဉ်းစားရမှာကတော့ ends နဲ့ means ပါပဲ။ မဟာဗျူဟာကျ ဆုံးဖြတ်ချက်များ ချမှတ်ရာမှာ ဒီအချက်က အရေးကြီးပါတယ်။ မဟုတ်ရင် ကိုယ်စီးနေတဲ့မြင်း၊ အထီးလား၊ အမလား မသိတဲ့ အခြေအနေမျိုးဖြစ်တတ်ပါတယ်။ Ends ဆိုတာကို ဘာကိုအောင်မြင်အောင် လုပ်မှာလဲဆိုတာပါ။ Means ဆိုတာက ဘယ်လိုအောင်မြင်အောင် လုပ်မှာလဲ ဆိုတာပါ။ ရေရှည်ရည်မှန်းချက်တွေ ပြည့်မြောက်အောင်မြင်ဖို့ grand strategies တွေ ချမှတ်ရပါတယ်။ ရေတိုရည်မှန်းချက်တွေ အောင်မြင်ဖို့ short-term strategies တွေ ချမှတ်ရပါတယ်။ ဒီနေရာမှာ မဟာဗျူဟာ စီမံခန့်ခွဲမှု ဖြစ်စဉ်က စနစ်တကျရှိနေဖို့ လိုအပ်လှပါတယ်။

မဟာဗျူဟာစီမခံ န့်ခွဲမှု ပံစုံ

အဖွဲ့တခုပဲဖြစ်ဖြစ်၊ နိုင်ငံတနိုင်ငံမှာပဲဖြစ်ဖြစ်၊ တပ်ပေါင်းစုတခုမှာပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းမှာပဲဖြစ်ဖြစ် မဟာဗျူဟာ လုပ်ရပါတယ်။

စီမံခန့်ခွဲမှုပုံစံဆိုတာ

စနစ်တကျ

အဲလိုမဟုတ်ရင်ချလိုက်တဲ့

ရှိရပါတယ်။

သူ့

process

မဟာဗျူဟာတွေအားလုံးဟာ

နဲ့သူ

အဆင့်ဆင့်

သဲထဲ

ရေသွန်ပဲ

ဖြစ်သွားပါလိမ့်မယ်။ များသောအားဖြင့် အသုံးပြုလေ့ရှိတဲ့ ပုံစံကတော့

(၁) mission ကို ချမှတ်ရပါမယ်။ အဖွဲ့တခုချင်းမှာဆို သိပ်မရှုပ်ထွေးလှပေမယ့် တပ်ပေါင်းစုလိုမျိုး၊ ဖက်စပ်စီးပွားရေးလိုမျိုးတွေမှာကျတော့ ဒီအချက်က အရေးကြီးပါတယ်။ အားလုံးညီညွတ်လက်ခံကြတဲ့ mission ကို ပြတ်ပြတ်သားသား မချနိုင်ဘူးဆိုရင် ရှေ့ဆက်မတက်တာ အကောင်းဆုံးပါပဲ။ မဟုတ်ရင်လဲ ဘာမှမထူးပါဘူး။ အချိန်ကုန်၊ လူပမ်းတာပဲ အဖတ်တင်လိမ့်မယ်။

(၂) ပြင်ပပတ်ဝန်းကျင်အခြေအနေ (external environment) ကို ဆန်းစစ်ရပါတယ်။ အမြင်အားးလုံးကို ဖလှယ်ရပါတယ်။ သုံးသပ်ရပါတယ်။

(၃) မဟာဗျူဟာ ဆန်းစစ်ချက် (strategic analysis) နဲ့ မဟာဗျူဟာ ရွေးချယ်မှု (strategic choices) တွေကို ပြုလုပ်ရပါတယ်။

(၄) ပြီးတဲ့ အခါကျမှ ရေရှည်ရည်မှန်းချက်တွေ ရေးဆွဲရပါတယ်။

(၅) အဲဒီရေရှည်ရည်မှန်းချက်တွေအပေါ်အခြေခံပြီးမှ grand strategies တွေကို ချမှတ်ရပါတယ်။

(၆) တချိန်တည်းမှာပဲ ရေတိုရည်မှန်းချက်တွေ ချမှတ်ရပါမယ်။

(၇) ဒီလို ရေတိုရည်မှန်းချက်တွေကို ပြည့်မှီဖို့ grand strategy ကို အခြေတည်တဲ့ functional tactics

တွေကို ထပ်မံ ရေးဆွဲရပါမယ်။

(၈) သင့်လျော်တဲ့ action plan တွေ ချရပါမယ်။ အကောင်အထည်ဖော်ရပါမယ်။

(၉) ချထားပြီးသား ဗျူဟာတွေ တကယ်ကော အလုပ်ဖြစ်ရဲ့လားဆိုတာ သိရှိနိုင်ဖို့ strategic control measures တွေ လိုအပ်ပါတယ်။ စဉ်ဆက်မပြတ်တိုးတက်မှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။

အခုဆက်လက်ပြီး

မြန်မာနိုင်ငံရဲ့

ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်နဲ့

ပတ်သက်တဲ့

မဟာဗျူဟာပိုင်းဆိုင်ရာ စဉ်းစားသုံးသပ်ချက်များကို ရေးသားဖော်ပြပါမယ်။

ဒီမကို ရေစီ အသွငက်ူး ပြောင်းမှုဖြစ်စဉ်

ဒီမိုကရေစီဆိုတာ

စနစ်တခုသာ

ဖြစ်စဉ်တရပ်လိုအပ်ပါတယ်။ နိုင်ငံရေးပြောင်းလဲမှုများဟာ

ဖြစ်ပါတယ်။

အဲဒီစနစ်ကို

ဒီမိုကရေစီစနစ်ကျင့်သုံးနိုင်မယ့် ဒီမိုကရေစီ

အသက်သွင်းဖို့အတွက်က

လမ်းကြောင်းပေါ်ကိုသွားရောက်နေတဲ့

အသွင်ကူးပြောင်းမှုဖြစ်စဉ်ပဲ

ဖြစ်ပါတယ်။

နိုင်ငံရေးသိပ္ပံပညာရှင်များဖြစ်ကြသော Rustow, Guillermo O’ Donnell, Scott Mainwaring, Yossi Shain, Juan Linz စသူတို့က ကမ္ဘာ့သမိုင်းရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်ကြီးတွေဖြစ်တဲ့ First long wave in USA, France, Italy, Argentina, the overseas British dominions (1828-1926), First, reverse wave in Italy, Germany, Argentina (1922-1942), Second short wave in West Germany, Italy, Japan, India, Israel (1943-62), Second, reverse wave in Brazil, Argentina, Chile ( 1958-1975), Third wave in Portugal, Spain, others in Latin America, Asia, Africa, Eastern

Europe

စတာတွေကို

လေ့လာပြီး၊

အပိုင်းနှစ်ပိုင်းပါဝင်ကြောင်း ရေးသားဖော်ထုတ်ခဲ့ကြပါတယ်။

ဒီမိုကရေစီအသွင်းကူးပြောင်းမှုဖြစ်စဉ်မှာ

သုတို့အဆိုအရ ပထမအပိုင်းမှာ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကနဦးအသွင်ကူးပြောင်းမှု (initial transition from authoritarian rule) ၊ ဒုတိယပိုင်းမှာကား လစ်ဘရယ်ဒီမိုကရေစီစနစ်ကို စနစ်တကျခိုင်မာ

တည်တံ့အောင်

(consolidate)

ပြုလုပ်ခြင်းတို့ဖြစ်ပါတယ်။

ကနဦးအသွင်

ကူးပြောင်းမှုမှာ အရေးကြီးဆုံးကတော့ ကြားဖြတ်အစိုးရပါပဲ။

ကြားဖြတ်အစိုးရ (Interim government) ကနဦးဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်ရဲ့

အဓိကသော့ချက်ဟာ

interim

period

မှာ

ဘယ်သူတွေက အုပ်ချုပ်ပြီး၊ အာဏာကို ဘယ်လိုခွဲဝေသုံးစွဲမလဲဆိုတဲ့ အချက်အပေါ်မှာ မူတည်ပါတယ်။ အဲဒီအချက်ကို

သေချာစွာဖော်ထုတ်ပြီးမှသာ

ဒီမိုကရေစီလှုပ်ရှားမှုလမ်းကြောင်းမှာ

တည့်တည့်

မတ်မတ်နဲ့ထိထိရောက်ရောက်ရှိပါတယ်။

နှစ်ဆယ်ရာစုနှောင်းပိုင်း ကနဦးဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်တွေကိုလေ့လာပြီး ပညာရှင် Shain နှင့်

Lintz

ဆိုသူတွေက

ဒီပြောင်းလဲမှုဖြစ်စဉ်တွေမှာ

ပါဝင်တဲ့

ကြားဖြတ်အစိုးရပုံစံလေးမျိုးကို

ထုတ်ဖော်ခဲ့ကြပါတယ်။

ပထမတမျိုးက အတိုက်အခံတွေ ဦးဆောင်တဲ့ အစိုးရ (opposition- led provisional government) ဖြစ်ပါတယ်။ နောက်တမျိုးက ပါဝါခွဲဝေသုံးစွဲတဲ့ အစိုးရ (power-sharing interim government) ဖြစ်ပါတယ်။ နောက်တမျိုးက အာဏာရှင်က ဦးဆောင်ဖွဲ့စည်းလိုက်တဲ့ အိမ်စောင့်အစိုးရ (incumbentled

caretaker

(international

government) interim

ဖြစ်ပါတယ်။

government)

နောက်တမျိုးက ဖြစ်ပါတယ်။

နိုင်ငံတကာ

ဒီလေးမျိုးမှာ

မြန်မာပြည်အခြေအနေနဲ့ ကိုက်ညီနိုင်မလဲ လေ့လာကြည့်ရအောင်ပါ။

ကြားဖြတ်အစိုးရ ဘယ်အစိုးရမျိုးဟာ

အတိုက်အခံ ဦးဆောင်သော ကြားဖြတ်အစိုးရ မဟာဗျူဟာရှုထောင့်ကနေ ends နဲ့ means ကို ကြည့်ကြရအောင်ပါ။ Ends# Ends

က

စစ်အာဏာရှင်စနစ်

ချုပ်ငြိမ်းရေးအတွက်

လက်ရှိစစ်အစိုးရပဲဖြစ်ဖြစ်၊

နောင်လာမယ့်

စစ်အစိုးရကြိုးကိုင်အစိုးရကိုပဲဖြစ်ဖြစ် ဖြုတ်ချပြီး၊ ဒီမိုကရေစီစနစ် ဖော်ဆောင်ဖို့ပါ။ Means# ဒီလိုဖော်ဆောင်မယ်ဆိုရင် ဘယ်လို means တွေလိုမလဲ။ (၁) တိုက်ပွဲကို ဦးဆောင်ကွပ်ကဲနိုင်မယ့် တပ်ပေါင်းစုလိုမယ်။ (၂)

တိုင်းရင်းသားလူမျိုးတွေ

တိုင်းပြည်တခုဖြစ်တာကြောင့်

စုပေါင်းနေထိုင်နေပြီး၊ တိုင်းရင်းသား

ရေရှည်

ညီညွတ်ရေးအတွက်

ပြည်တွင်းစစ်ဖြစ်ပွားခဲ့တဲ့ ခေါင်းဆောင်များအချင်းချင်း

ကြိုတင်သဘောတူညီချက်တွေ လိုအပ်မယ်။ ညှိနှိုင်းထားမှုတွေလိုမယ်။ (၃) နိုင်ငံတကာ အကူအညီနှင့် အသိအမှတ်ပြုမှု တွေလိုပါမယ်။ (၄) စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ အတွေးအခေါ်၊ နိုင်ငံတကာ စတဲ့ စစ်မျက်နှာ ငါးရပ်လုံးမှာ ဘက်ညီနေဖို့ လိုအပ်မယ်။

ဘယ်လို အမျိုးအမည်တွေပဲ တပ်တပ်၊ အစိုးရခေါ်ခေါ်၊ တပ်ပေါင်းစု ခေါ်ခေါ်၊ ဘာနာမည်နဲ့ပဲဖြစ်ဖြစ် အရေးကြီးတာကတော့

အရည်အချင်းနဲ့

အရည်အသွေးပဲ။

ကနဦး

အသွင်ကူးပြောင်းမှုကို

ကြားဖြတ်အစိုးရအနေနဲ့ တာဝန်ယူနိုင်တဲ့ အရည်အသွေး။ အဲဒါရှိကိုရှိရမယ်။

အပြောင်းအလဲ

ဆိုတဲ့ကာလတခုမှာ

အောင်ပွဲခံနိုင်ပြီ“

လို့

တရားသေ

တာဝန်ယူရတဲ့ ယူဆထားပြီး၊

ကြားဖြတ်အစိုးရဟာ

အောင်ပွဲခံတတ်တဲ့

”ပွဲပြီးရင်မီးသေပြီ၊

အစိုးရမျိုး

ဖြစ်လို့မရဘူး။

အဲဒီအခြေအနေဟာ တကယ်အရေးကြီးတဲ့ critical hours တွေ ဖြစ်တယ်။ အကိုင်အတွယ်တွေ

အများကြီး

လိုအပ်တယ်။

(ဗြိတိသျှ

အရာရှိဟောင်း

တဦးက

ပြောဖူးတယ်။

မြန်မာတွေ

လွတ်လပ်ရေးလိုချင်တယ်ဆိုပြီး၊ တကယ်လဲရရော၊ တိုင်းပြည်အုပ်ချုပ်ရေး လေးတောင် နိုင်နိုင်နင်းနင်း မရှိဘူး။ ရန်ကုန်အစိုးရဖြစ်သွားပါလေရော တဲ့) ကြားရရင်တော့ စိတ်တိုချင်စရာပဲ။ ဒါပေမယ့် တကယ့် သမိုင်းဖြစ်ရပ်မှန်တွေကလဲ ရှိနေပြန်တယ်။ တခုရှိတာက အဲဒီတုန်းက ဗြိတိသျှက အခွင့်ကောင်းယူပြီး ပြန်လာသိမ်းခဲ့တာမဟုတ်ဘူး။ ဒီမိုကရေစီတိုက်ပွဲကို

အခုစစ်အုပ်စုကျတော့

သွေးတွေနဲ့ရင်းပြီး၊

ပြန်သိမ်းဖို့

တိုက်ခဲ့ကြပြီးပြီ။

ကြိုးစားတာတွေ

ရှိလိမ့်မယ်။

ဆက်တိုက်ကြရဦးမယ်။

တကယ့်

အပြောင်းအလဲကာလရောက်မှ၊ စကားထိုင်များ၊ အငြင်းအခုံလုပ်နေကြတုန်း စစ်တပ်က အာဏာပြန်သိမ်း သွားလို့ကတော့

အကုန်လုံး

သဲထဲရေသွန်ဖြစ်ပြီ။

၁၉၈၈

မှာ

အာဏာရှင်တွေ

ပြုတ်ကျပြီးမှ

လနဲ့ချီအချိန်ရနေတဲ့ အခြေအနေမှာ ကြားဖြတ်အစိုးရလေးတခုတောင် မဖွဲ့နိုင်ခဲ့ကြတာကို ပြန်ပြီး သင်ခန်းစာ ယူသင့်တယ်။ ဘာမဟုတ်တဲ့ ပုဂ္ဂိုလ်ရေးလေးတွေကြောင့် တော်လှန်ရေးကံကြမ္မာတခုလုံး ဘယ်လိုဖြစ်သွားခဲ့သလဲ။

ပြည်ပမှာ ဝေလေလေ လုပ်ဖို့ ငါးဦး၊ ဆယ်ဦး အစိုးရ တွေ ငြင်းနေကြတာတွေက အရေးကြီးဘူး။ အရေးကြီးတာက

အဲဒီအကူးအပြောင်းကာလမှာ

ပြတ်ပြတ်သားသား၊

ခိုင်ခိုင်မာမာနဲ့

စနစ်တကျ

တာဝန်ယူနိုင်မယ့် ကြားဖြတ်အစိုးရ။ ဒါကိုပဲ ဦးတည်သင့်တယ်။ ဒါကိုပဲ ဦးစားပေးပြီး အမြော်အမြင်နဲ့ လုပ်သင့်တယ်။ ကမ္ဘာတ၀ှမ်းက အသွင်ပြောင်းမှုပုံစံတွေအရ စနစ်တခုကနေ စနစ်တခုကို ပြောင်းလဲရင်၊ လက်အောက်ခံ

တိုင်းပြည်တခုဘ၀ကနေ

ဒီလိုအချိန်မျိုးတွေမှာ

ခေါင်းဆောင်တွေ

လွတ်လပ်တဲ့

တိုင်းပြည်တခုကို

လုပ်ကြံသတ်ဖြတ်ခံရမှု၊

ပြည်တွင်းစစ်

ထူထောင်ရင် မီးပွားတွေ

ပေါ်ပေါက်လာမှု၊ ရာဇ၀တ်မှု ထူပြောမှု၊ ခေါင်းဆောင်များအကြား အယူအဆကွဲလွဲမှု ဆိုတာတွေ ဖြစ်တတ်တယ်။ ဖြစ်ဖန်များလွန်းလို့ ဘယ်လိုမှ နလန်မထူနိုင်တဲ့ တိုင်းပြည်တွေ ကမ္ဘာမှာ အများကြီးပဲ။ ဒါတွေအတွက်

ကြိုတင်ပြင်ဆင်ထားဖို့၊

ကိုင်တွယ်ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေ

တကယ်ကို လိုအပ်တယ်။ လက်ရှိအာဏာရှင်နဲ့ ပါဝါခွဲဝေသုံးစွဲတဲ့ ကြားဖြတ်အစိုးရ မဟာဗျူဟာရှုထောင့်ကနေ ends နဲ့ means ကို ကြည့်ကြရအောင်ပါ။

ကြိုရှာထားဖို့

Ends# Ends

က

လက်ရှိအာဏာရှင်နဲ့

အတိုက်အခံနဲ့

အာဏာကို

ခွဲဝေသုံးစွဲတဲ့

ကြားဖြတ်အစိုးရပါ။

အတိုက်အခံပါတီ အန်အယ်ဒီက နအဖကို ဒီလိုအစိုးရပုံစံမျိုးအတွက် ကမ်းလှမ်းခဲ့ဖူးတယ်။ ၂၀၀၆ ခုနှစ်ကပါ။ နအဖက ပယ်ချလိုက်တယ်။ Means# ဒီလိုဖော်ဆောင်မယ်ဆိုရင် ဘယ်လို means တွေလိုမလဲ။ (၁) အာဏာရှင်က သူ့အာဏာကို အတိုက်အခံနဲ့ ခွဲဝေလာအောင် နိုင်ငံတကာ ဖိအား၊ ပြည်တွင်းဖိအား၊ တွေ လိုအပ်တယ်။ (၂) အတိုက်အခံတွေကို အလုံးစုံချေမှုန်းရေးလုပ်လို့ ရမှာ မဟုတ်ဘူးဆိုတာကို အာဏာရှင်ဘက်က သဘောပေါက်သွားစေနိုင်တဲ့ စစ်ရေးအင်အား၊ နိုင်ငံရေးအလေးသာမှုတွေ ရှိရမယ်။ (၃) တွေ့ဆုံဆွေးနွေးပွဲ ဆိတုာကို အတိုက်အခံတွေရော၊ အာဏာရှင်ကပါ လုပ်ချင်တဲ့ စိတ်တွေ ရှိရမယ်။

ဒီအစိုးရပေါ်လာနိုင်ရင် အကောင်းဆုံးလို့ ပညာရှင်တော်တော်များများက ဆိတု တ်ကြတယ်။ ဘယ်လိုပဲ ဆိုပေမယ့် ဖြစ်လာဖို့ကျတော့ အင်မတန်ခက်ခဲလွန်းနေတယ်။ တော်ရုံတန်ရုံ နိုင်ငံတကာ ဖိအားနဲ့ မလုံလောက်ဘူး။ အတိုက်အခံဘက်မှာလဲ လူရိုသေ၊ ရှင်ရိုသေ စစ်အင်အား ရှိရမယ်။ စစ်ရေးမလိုပါဘူး သတ်မှတ်ထားရင်တော့ ကျွဲပါးစောင်းတီးပဲ ဖြစ်နေမှာပဲ။ လက်ခုပ်ဆိုတာ နှစ်ဘက်မတီးပဲ မမြည်နိုင်ဘူး။ ကိုယ့်လက်နဲ့ သူ့လက်ထိချင်လာအောင် သူ့လက်ကို တွန်းအားပေးရမယ်။ မဟုတ်ပဲ လက်သွားဆွဲပြီး၊ “တီးပါနော်” လုပ်နေလို့ကတော့ လက်ခုပ်မတီးပဲ လက်သီးနဲ့ ပြန်ထိုးလိုက်တာပဲ ခံရလိမ့်မယ်။

ပြီးတော့ ဒီအစိုးရလုပ်ဖို့ ends ကို ချမှတ်ပြီး၊ ဒိုင်ယာလော့ခ်ကို means အဖြစ် အသုံးပြုတဲ့အခါ မလိုလားအပ်တဲ့ ဆိုးကျိုးတွေက ထွက်ပေါ်လာနိုင်သေးတယ်။ ဘာလဲဆိုတော့ ရန်သူက ကိုယ့်ကို မြွှေအလမ္မာယ်ဆရာလို လုပ်ပြသွားတတ်တာမျိုးတွေပါ။ ကိုယ်ကတော့ မြွေဟောက်လို တရှူးရှူးပဲ။ လိုက်ပေါက်ဖို့ လုပ်နေတုန်း၊ ဟိုက ဟိုဘက်က ရှောင်ပြေးလိုက်၊ ဒီဘက်က ရှောင်ပြေးလိုက်နဲ့

ကိုယ့်အင်အားတွေနည်းပြီး ငြိမ်ကျသွားအောင် လုပ်နိုင်တဲ့ ရန်သူ့လက်နက်တမျိုး ဖြစ်သွားတတ်တယ်။ လုပ်ခဲ့ကြတာတော့

စစ်အာဏာရှင်စနစ်

ချုပ်ငြိမ်းရေးပဲ။

အတိုက်အခံဦးဆောင်တဲ့

ကြားဖြတ်

အစိုးရဖွဲ့စည်းရေးပဲ။ ဒီအတွက် မြွေဟောက်လို တရှူးရှူးဖြစ်ကြတာပဲ။ လုပ်ကြတာပဲ။ အဲဒီအချိန်မှာ ရန်သူက

ဒိုင်ယာလော့ခ်လာပြောတာကို

လက်ခံလို့မရဘူး။

တိုက်ပွဲရှိန်လျော့လို့မဖြစ်ဘူး။

အဲလိုဖြစ်တာက ဘာနဲ့တူလဲဆိုရင် လှေနံနှစ်ဘက်နင်းတာနဲ့ တူတယ်။ နောက်ဆုံးတော့ အရည်မရ၊ အဖတ်မရနဲ့ပဲ အဆုံးသတ်မှာပဲ။ လုံးဝသေချာနေတဲ့ အချက်တခုရှိတယ်။ စစ်အုပ်စုဟာ ဘယ်တော့မှ လက်ခုပ်နှစ်ဘက်မြည်အောင်တီးမှာ မဟုတ်ဘူး။ စစ်အုပ်စုဟာ အတိုက်အခံကို အလုံးစုံချေမှုန်းရေး ၀ါဒအပေါ်မှာပဲ

အခြေခံ

လှုပ်ရှားထားတယ်။

ဒီအတွက်

တီးမယောင်လက်ခုပ်ယောင်တွေကို

ဂရုစိုက်စရာမလိုဘူး။ ယောင်စရာလုံးဝ မလိုအပ်ဘူး။

ကြားဖြတ်အစိုးရအနေနဲ့

ပြည်ထဲရေး၊

ဟန်ချက်ညီထိန်းနိုင်ပြီဆိုတဲ့အချိန်ကျမှ

ကာကွယ်ရေး၊

ဆွေးနွေးချင်တယ်ဆို

နိုင်ငံတော်လုံခြုံရေး ဒိုင်ယာလော့ခ်

ကိစ္စတွေကို

ပြန်ခေါ်ချင်လဲရတယ်။

နိုင်ငံရေးချိန်ခွင်လျှာကို ကိုယ့်ဘက်က အလေးသာအောင် အရင်လုပ်သင့်တယ်။

အာဏာရှင်က ဦးဆောင်ဖွဲ့စည်းတဲ့ အိမ်စောင့်အစိုးရ မဟာဗျူဟာရှုထောင့်ကနေ ends နဲ့ means ကို ကြည့်ကြရအောင်ပါ။ Ends# Ends

က

ဒီမိုကရေစီအသွင်ကူးပြောင်းမှုအတွက်ဆိုပြီး

အာဏာရှင်က

အိမ်စောင့်အစိုးရ ပုံစံမျိုးဖြစ်တယ်။ Means# နိုင်ငံတကာဖိအား အတိုက်အခံများရဲ့ ခြိမ်းချောက်နိုင်မှုစွမ်းရည် အာဏာရှင်ဘက်တော်သားများ ကွဲပြားမှု၊ အာဏာရှင်စနစ်အတွင် ပြောင်းလဲမှု

ဦးဆောင်ဖွဲ့စည်းတဲ့

အာဏာရှင်အစိုးရကိုယ်တိုင်က အုပ်စိုးသူတွေ

နိုင်ငံရဲ့စီးပွားရေးယိုယွင်းမှုကို

အချင်းချင်းသဘောထား

ဘယ်လိုမှ

မထိန်းနိုင်တော့တဲ့အခါ၊

ကွဲလွဲလာတဲ့အခါ၊

ခြိမ်းချောက်မှုအင်အားကြီးမားလာတဲ့အခါ၊

အတိုက်အခံတွေရဲ့

ဆက်လက်ထိန်းထားရင်

တိုင်းပြည်တခုလုံး

ဖရိုဖရဲဖြစ်လာတော့မယ့်အခါ အာဏာရှင်ကိုယ်တိုင်က ကနဦးဒီမိုကရေစီအသွင် ကူးပြောင်းမှု ဖြစ်စဉ်ကို စတင်လိုက်ရတာမျိုးတွေ

ရှိလာတယ်။

တောင်အာဖရိကဒီမိုကရေစီအသွင်

အဲလိုပြောင်းလဲမှုနဲ့စတင်ခဲ့တာဖြစ်တယ်။ အိမ်စောင့်အစိုးရအဖြစ်စတင်ခဲ့ပြီး၊

incumbent

(၁၉၉၃)

de

ကူးပြောင်းမှုဖြစ်စဉ်ဟာ

Klerk

စက်တင်ဘာရောက်မှမှ

government

power-sharing

က

coalition

အနေနဲ့ပြောင်းလဲပြီး ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို စတင်ခဲ့တာ ဖြစ်တယ်။

မြန်မာပြည်မှာတုန်းက

စောမောင်က

နိုင်ငံတကာအသိုင်းအ၀ိုင်းက ဖိအားပေးမှုတွေ

အာဏာသိမ်းပြီး၊

စောမောင်အစိုးရကို

လျှော့ချခဲ့ကြတယ်။

လျှောက်လိုက်ကြတော့တယ်။

၉၀

ရွေးကောက်ပွဲလုပ်မယ်ဆိုတော့

အဲဒီလိုအိမ်စောင့်အစိုးရမျိုးလို့

အတိုက်အခံအများစုကလဲ

ဒါပေမယ့်

န၀တက

ထင်ခဲ့ကြတယ်။

န၀တခင်းတဲ့

အတိုက်အခံတွေရဲ့

လမ်းပေါ်

မျှော်လင့်ချက်၊

ယုံကြည်ချက်တွေကို ရိုက်ချိုးပစ်လိုက်ပါလေရော။ ကျောချမှ၊ ဓားပြမှန်းသိပြီး ကောက်ခါငင်ခါအဲဒီကျမှ အစိုးရ ထဖွဲ့မယ်လို့တော့ စစ်အုပ်စုက အသာစီး ရနေခဲ့ပြီ။

မြန်မာပြည်ဟာ တောင်အာဖရိကနဲ့ နိုင်ငံရေးပထ၀ီဝင်အနေအထားတွေ လုံးဝမတူပါဘူး။ ဒါကြောင့် နိုင်ငံတကာ

ဖိအားထိရောက်နိုင်မှု

စိတ်ဓာတ်တွေ၊

အတွေးအခေါ်တွေ၊

အခြေအနေလဲ ရင့်ကျက်မှု တွေလဲ

မတူပါဘူး။ မတူပါဘူး။

နိုင်ငံရေး ဖြစ်နေတဲ့

လူ့အဖွဲ့အစည်းရဲ့ ပဋ္ဋိပက္ခ

တွေရဲ့

ဖြစ်ရခြင်းအကြောင်းရင်း၊ သမိုင်းနောက်ခံ အနေအထားတွေလဲ လုံးဝမတူပါဘူး။ ဒီလိုအခြေအနေမှာ စီးပွားရေးပိတ်ဆို့မှုလေး

လုပ်လိုက်တာနဲ့၊

ပြည်တွင်းလှုပ်ရှားမှုလေး

ကို

ငြိမ်းချမ်းစွာလေး

လုပ်လိုက်တာနဲ့ နအဖက ကြောက်ပြီး၊ သူ့ဘာသာသူ အိမ်စောင့်အစိုးရပဲ ထဖွဲ့တော့မလိုလို၊ ဒီမိုကရေစီ ပြောင်းလဲမှုတွေပဲ လုပ်ပေးတော့မလိုလို၊ ဒိုင်ယာလော့ခ်ကြီးပဲ ထခေါ်ပေးတော့မလိုလိုနဲ့ သမုဒ္ဒရာထဲမှာ လှေတစီးနဲ့

စိတ်ကူးယဉ်အိပ်မက်

မက်နေလို့

မရပါဘူး။

နိုးလာတော့မှ

ကြောက်အားလန့်အား

ထခုန်မိပြီး

ရေထဲပြုတ်ကျနေရင်

အခက်ကြုံပါလိမ့်မယ်။

ရန်သူနအဖဘက်က

စတင်သဘောထား

ပြောင်းလာမှုဆိုတာကို လုံးဝကို မမျှော်လင့်ပါနဲ့။

နိုင်ငံတကာ ကြားဖြတ်အစိုးရ

မဟာဗျူဟာရှုထောင့်ကနေ ends နဲ့ means ကို ကြည့်ကြရအောင်ပါ။ Ends# Ends

က

ကနဦးဒီမိုကရေစီအသွင်ကူးပြောင်းမှု

အခြေအနေမှာ

နိုင်ငံတကာအဖွဲ့အစည်းများ၊

အင်အားကြီး နိုင်ငံများ ၀င်လာပြီး၊ ကြားဖြတ်အစိုးရအနေနဲ့ ခေတ္တထိန်းသိမ်းပြီး အသွင်ကူးပြောင်းမှုကို စတင်ပေးတာမျိုးပါ။ Means# ကုလသမဂ္ဂနဲ့ အင်အားကြီး နိုင်ငံများအား မြန်မာစစ်အုပ်စုအား အရေးယူပေးရန် တောင်းဆိုခြင်း မြန်မာနိုင်ငံသို့ စစ်ရေးအရ အရေးယူဝင်ရောက်နိုင်ရေးအတွက် လိုအပ်သော အကူအညီများပေးခြင်း၊ ပူးတွဲဆောင်ရွက်ခြင်း

လက်ရှိနိုင်ငံတကာ ဖြစ်ရပ်များကို ဥပမာ ပေးရရင် အီရတ်၊ အာဖဂန်နစ်စတန် နိုင်ငံများကို ဥပမာ ပေးရပါမယ်။ နာမီးဘီးယား (၁၉၈၉-၁၉၉၀)နှင့် ကမ်ဘောဒီးယား (၁၉၈၃-၉၃) အခြေအနေတွေလဲ ဒီလိုပြောင်းလဲမှုဖြစ်စဉ်တွေပါပဲ။ ယူအန်ကို စာတမ်းတွေတင်၊ မြန်မာပြည်ကို အရေးယူပေးအောင်လုပ်ပြီး၊ နိုင်ငံတကာ တပ်ပေါင်းစုတွေ မြန်မာပြည်ဝင်၊ စစ်အုပ်စုကို မောင်းထုတ်၊ ကြားဖြတ်အစိုးရဖွဲ့ဆိုတဲ့ ဒီပုံစံလေးက

ပြောရရင်

လွယ်လွယ်လေးရယ်။

ဆံဖြူသွားကျိုးတဲ့ အချိန်အထိ

ဒါပေမယ့်

ပြောတဲ့လူတွေ

လေကုန်မောဟိုက်ပြီး၊

အကောင်အထည်ပေါ်လာဖို့ တော်တော်ခဲယဉ်းနိုင်တဲ့ ကိစ္စကြီးပါ။

ယူအန်ဆိုတာက structural failure ဖြစ်နေတဲ့ အဖွဲ့ကြီး တခုပါ။ သူ့ဟာသူ reform လုပ်ဖို့ကိုတောင် မနည်း ကြိုးစားနေရတာပါ။ ဒါတောင်အောင်မြင်သေးတာ မဟုတ်ပါဘူး။

လုံခြုံရေးကောင်စီမှာ ထိုင်နေကြတဲ့ နိုင်ငံကြီးငါးနိုင်ငံရဲ့ ဗွီတိုအာဏာကို ကျော်လွှားနိုင်ဖို့ဆိုတာကလဲ ထီထိုးသလိုပဲ အခါတရာလောက်ထိုးတောင် တခါမပေါက်နိုင်တဲ့ အခြေအနေမျိုးပါ။ မြန်မာပြည်ဟာ တရုတ်ပြည်သူ့ တရုတ်ရဲ့

သမ္မတနိုင်ငံရဲ့

ဗွီတိုအာဏာကို

မဟာဗျူဟာ

ကျော်လွှားနိုင်ဖို့

အချက်အချာ ဆိုတာ

နေရာတခုဖြစ်နေပါတယ်။

ဘယ်လိုမှ

မဖြစ်နိုင်ပါဘူး။

ဒါကြောင့်

မဖြစ်နိုင်တာကို

လုပ်နေတာဟာ အိတ်ပေါက်နဲ့ ဖားကောက်နေသလိုပဲ ဖြစ်နေပါလိမ့်မယ်။

တကယ်လို့ ယူအန်ရဲ့ ဆုံးဖြတ်ချက် ကျသွားခဲ့ရင်တော့ US- led Coalition အသွင်မဟုတ်ပဲ၊ Chinaled Coalition ပုံစံမျိုးအထိ ဖြစ်သွားနိုင်ပါတယ်။ အနည်းဆုံး အောက်မြန်မာပြည်ကို US-led Coalition, အထက်မြန်မာပြည်ကို China- led Coalition ပုံစံမျိုးတွေနဲ့သာ ၀င်လာခဲ့ကြရင် နေရင်းထိုင်ရင်း တောင်ကိုးရီးယား၊

မြောက်ကိုးရီးယားလို

ဖြစ်သွားပါလိမ့်မယ်။

မြန်မာနိုင်ငံဟာ

ဒီအင်အားစုနှစ်ခုရဲ့

ကြားမှာ ညပ်သွားပါလိမ့်မယ်။ နိုင်ငံတကာ ဖိအားတွေ ပြင်းထန်တင်းမာလာချိန်မှာ နေပြည်တော်ကို ပြောင်းရွှေ့ထားမှုတွေ၊

နယူးကလီးယား

စက်ရုံ

လုပ်ထားတဲ့

နေရာဒေသတွေ၊

တပ်ရင်း၊

တပ်မနေရာချထားမှုတွေ၊ ငြိမ်းချမ်းရေးအဖွဲ့တွေကို လုပ်ဆောင်ခိုင်းစေထားတဲ့ ပရောဂျက်တွေ ကို မြေပုံပေါ်မှာ ချပြီး ကြည့်လိုက်ပါ။ အဖြေမှန်ကို သိရပါလိမ့်မယ်။

အချိန်တွေဟာ အရမ်းတန်ဖိုးရှိပါတယ်။ ရေကြော မရှိတဲ့နေရာမှာ ရေတွင်းတူးသူကို ကြိုးစားတာလို့ ဘယ်လောက်ပဲ

သူအော်နေနေ၊

ရေတွင်းဆိုတာ

ရေကြောရှိတဲ့

နေရာမှာသာ

တူးရတယ်ဆိုတာ

သိနေသူတွေကတော့ “မိုက်လိုက်တာကွယ်” လို့ ပဲ မြင်ပါလိမ့်မယ်။ စိတ်နှလုံးကောင်းသူတွေကတော့ “သနားပါတယ်ကွယ်” ဆိုပြီးပဲ ပြောမရတဲ့အဆုံး လက်မှို င်ချပြီး ထိုင်ကြည့်နေကြပါလိမ့်မယ်။

နိဂုးံ

ဒီကြားဖြတ်အစိုးရပုံစံလေးမျိုးလောက်မှာ

ဘယ်ပုံစံဟာ

ဆိုတာကို

အမှန်တကယ်ဖြစ်နိုင်ချေလည်း

သေချာရွေးချယ်သင့်ပါတယ်။

လက်ရှိမြန်မာပြည်အတွက် ရှိပြီး၊

အသုံးဝင်မလဲ

ကိုယ့်အားကိုယ်ကိုး

ဝိုင်းလုပ်သင့်ကြတဲ့ ပုံစံကတော့ အတိုက်အခံများက ဦးဆောင်သော ကြားဖြတ်အစိုးရဖွဲ့စည်းရေး လို့ပဲ စာရေးသူ

မြင်ပါတယ်။

မြန်မာပြည်အရေးဟာ

အာဏာရှင်စနစ်တခုလုံးကို

မြေလှန်ပစ်ရမယ့်

တော်လှန်ရေးတခု အောင်မြင်နိုင်မှာပါ။

ဖြစ်ပါတယ်။

တော်လှန်ရေးဆိုတာဟာ

အင်အားဆိုတာကလဲ

လူထုထဲမှာပဲ

လူထုထဲမှာပဲ

ရှိပါတယ်။

လူထုနဲ့

အခြေတည်မှ တော်လှန်ရေးကို

တသားတည်းပေါင်းစပ်ပေးနိုင်ဖို့က အရာအားလုံးထက် ပိုပြီး အရေးကြီးနေပါတယ်။

မဟာဗျူဟာကို သေသေချာချာ ရွေးချယ်ချမှတ် အကောင်အထည်ဖော်နိုင်ကြဖို့လဲ လိုအပ်လှပါတယ်။ တခုနဲ့ တခု သဘောသဘာဝမတူတဲ့ မဟာဗျူဟာတွေကို မရောထွေးကြပါနဲ့။ Strategic doctrine အနေနဲ့ဆိုရင်

စစ်အုပ်စုကို

ဖြုတ်ချပြီး၊

ဒိုင်ယာလော့ခ်ဆိုတာကကျတော့ အနေအထားကြောင့်

ကြားဖြတ်အစိုးရဖွဲ့တာက

နှစ်ဘက်လုံးကို

စစ်ပြေငြိမ်းမှုလုပ်ပြီး

ဒီလိုဖြစ်လာဖို့ဆိုတာက

လက်ခုပ်နှစ်ဘက်

offensive

ဆက်တကိုနေရင်

ညှိနှိုင်းဆွေးနွေးတဲ့ မတီးပဲ

မရပါဘူး။

doctrine

ပါ။

အကျိုးမရှိတော့တဲ့

Resolution ငါ့ပါတီ

တခုပါ။

အသက်ဆက်ရှင်

နေရင်ပြီးရောဆိုတာမျိုးကျတော့ defensive doctrine ပါ။ ဒီလိုမူအပေါ် အခြေခံသူတွေကို တိုက်ပွဲဝင် စစ်သူကြီးနေရာမှာ

ထားလို့မရပါဘူး။

ငုတ်တုတြ် ကီး

ဖြစ်နေပြီး၊

ရန်သူက

တလှမ်းတိုးလာလိုက်၊

နောက်ဆုတ်ပေးလိုက်နဲ့ ဆုတ်ရင်းဆုတ်ရင်း ချောင်ထဲမှာ ပိတ်မိနေတတ်ပါတယ်။ လမ်းကြောင်းတွေကို ဟိုတခု၊ ဒီတခု ခုန်မကူးမိအောင်လဲ သတိထားရပါမယ်။ အခုပဲ ပြည်ပကို ၀င်ခိုင်းလိုက်၊ အခုပဲ ပြည်တွင်းမှာ လူထုတိုက်ပွဲလုပ်ရမယ် ပြောလိုက်၊ အခုပဲ ဒိုင်ယာလော့ခ်အော်လိုက် လုပ်နေရင်တော့ နောက်ကလိုက်နေသူတွေလဲ

ဘာလုပ်လို့လုပ်ရမှန်းမသိ၊

ပြည်သူလူထုလဲ

ဘာလုပ်ရမယ်

မသိပဲ

ဦးဆောင်သူတွေလဲ မျောက်သစ်ကိုင်းလွတ်သလို ဖြစ်သွားတတ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်

အခု

မြန်မာ့နိုင်ငံရေးအခြေအနေရဲ့

strategic

environment

က

တောင်းဆိုနေတာတွေကတော့

(၁) ယာယီတိုက်ပွဲဝင်အစိုးရ (သို့) တပ်ပေါင်းစု ဖြစ်ပေါ်ရေး

(၂) လူထုနှင့် တော်လှန်ရေးပေါင်းစပ်ပါဝင်နိုင်စေရေးနဲ့

(၃) အသွင်ကူးပြောင်းမှု အခြေအနေကို ထိန်းချုပ်နိုင်မည့် အရည်အသွေးနှင့် အရည်အချင်းရှိသော

တိုင်းရင်းသားလူမျိုးအားလုံးကို

ကိုယ်စားပြုတဲ့ကြားဖြတ်အစိုးရတရပ်

ပေါ်ပေါက်လာရေး

တို့ပဲ

ဖြစ်ပါတယ်။

ခင်မမမျိုး Dip. IT(NCC, UK), Dip. Politics & Government (UK), Dip. Journalism (UK), Adv. Dip. Management (Cambridge UCLES) BA (Hons) management (HW, UK), P.G. Dip Mgt (London,UK) MA Economics (Political Economy) (Aberdeen, UK) MSc Strategic Studies (Aberdeen, UK), MIISS (UK)

ရည်ညွှန်းကိုးကား။ ။ Baylis, J. et. Al (2002) Strategy in the Contemporary World, Oxford, OUP Betts, R. (2000)” Is Strategy an illusion?” International Security, Vol. 25, No.2, Fall 2000 Clausewitz, C. (1997) On War, London, Wordsworth Faringdon (1989) Strategic Geography, London & New York, Routledge

Freedman, L. (2008) “The Transformation of Strategic Affairs”, Adelphi Paper, Vol. 379

Gray, C. (2005) Another Bloody Century: Future Warfare, London, Phoenix Gray, C. (1999) Modern Strategy, Oxford, OUP

Luttwak, E. (1987) Strategy : The Logic of War and Peace, Harvard, Belknap Liddell Hart, B. H. (1967) Strategy: The Indirect approach, London, Faber & Faber Murray, W. et. al. (1994) The Making of Strategy: Rulers, States & Wars, Cambridge, Cambridge University Press

Paret, P. (ed) (1986) Makers of modern strategy from Machiavelli to the Nuclear age, Princeton University Press

Pearce & Robinson (1997) Strategic Management: Formulation, Implementation and

Control, London, IRWIN

Related Documents

Strategy
May 2020 29
Strategy
December 2019 51
Strategy
November 2019 34
Strategy
November 2019 34
Strategy
May 2020 21
Strategy
November 2019 34