Statement Regarding National Reconciliation (burmese)

  • Uploaded by: Nyo Gyi
  • 0
  • 0
  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Statement Regarding National Reconciliation (burmese) as PDF for free.

More details

  • Words: 234
  • Pages: 3
“အမျိုသားပြန်လည်သင့်မြတ်ရေးအဆိုပြုချက်(၂၀၀၉)နှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ကြေငြာချက်” ၁။ NCGUB နှင့်NCUB အပါအ၀င် အဖွဲ့(၇)ဖွဲ့မှ ၂၀၀၉ ခုနှစ် သြဂုတ်လ(၇)ရက်နေ့တွင် ကုလသမဂ္ဂအဆောက်အအုံ၌ မြန်မာ့ဒီမိုကရေစီ အင်အားစုအမည်ဖြင့် သတင်းစာရှင်းလင်းပွဲ တရပ်ကျင်းပခဲ့ကြသည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ဒီမိုကရေစီအင်အားစုအားလုံး၏ ဦး ဆောင်အဖွဲ့အစည်းများအဖြစ် အမျိုးသားရင်ကြားစေ့ရေး ကမ်းလှမ်းချက်အစီအစဉ်ကို စစ်အာ ဏာရှင်စိတ်ကြိုက်ကြေငြာခဲ့ခြင်းသည် မိမိတို့ဒီမိုရေစီအင်အားစုများနှင့် လုံးဝမသက်ဆိုင်သ လို၊ ထိုအထက်ပါအဖွဲ့အစည်းများသည် မိမိတို့၏ ဦးဆောင်အဖွဲ့အစည်းများအဖြစ် အသိအ မှတ်ပြုထားခြင်းမရှိပေ။ ၂။ ယနေ့အချိန်အခါသည် အမျိုးသားပြန်လည်သင့်မြတ်ရေး ( သို. ) အမျိုးသားရင် ကြားစေ့ ရေးဆိုသောအချက်အတွက် အချိန်အခါဆိုးကြီးဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် စစ်အာ ဏာရှင်တစုသည် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်၊တိုင်းရင်းသားခေါင်းဆောင်များ၊ ကျောင်း သားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်ဖမ်းဆီးထားခြင်း၊ ဥပဒေ မဲ့စွာမတရားဖိနှိပ်မူများကို စဉ်ဆက်မပြတ်ပြုလုပ်နေခြင်း၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အစည်းများကိုတိုက်ခိုက်ချေမူန်းနေခြင်း၊ ၄င်းတို့၏အခွင့်အရေးနှင့် ဒီမိုကရေစီရေး၊ လူ့အခွင့် အရေးများကိုအခြေခံတဲ့ အခြေခံဥပဒေမရှိခြင်း ၊ လွတ်လပ်ပွင့်လင်းသော စစ်စစ်မှန်မှန်တွေ့ ဆုံဆွေးနွေးရေးကို လုံးဝလက်မခံခြင်း၊ (၁၉၉၀) ရွေးကောက်ပွဲရလဒ်ကို လုံးဝအသိအမှတ်ပြု မှုမရှိခြင်းများကြောင့်ဖြစ်သည်။ ၃။ “အမျိုးသားပြန်လည်သင့်မြတ်ရေး”ဆိုသောစကားသည် ငြိမ်းချမ်းရေးကိုရှေ.ရှုပြီး၊ နိုင်ငံတ ကာအကြိုက် သံခင်းတမာန်ခင်းအရ အထူးအရေပါလှသောနိုင်ငံရေးစကားသာဖြစ်ပြီး ၊ လက် တွေ့မရှိသည့် စကားလုံးအခင်းအကျင်းများကိုပြောဆိုနေကြရုံဖြင့် တိုင်းပြည်အာဏာကိုမတ ရားသိမ်း ယူထားသော စစ်အာဏာရှင်များ၏ လက်အောက်တွင် မည်သို့မျှမဖြစ်ပေါ်လာနိုင် ပေ။ လက်ရှိအချိန်အထိ ခေါင်းဆောင်ကာ

တိုင်းပြည်၏နိုင်ငံရေးကိစ္စအ၀၀အတွက်

ပြည်သူများထောက်ခံမူဖြင့်

ဒေါ်အောင်ဆန်းစုကြည်

(၁၉၉၀)ရွေးကောက်ပွဲရလဒ်ကိုပိုင်ဆိုင်ထား

သော အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်မှ တွေ့ဆုံဆွေးနွေးပြီး၊ တိုင်းပြည်၏ငြိမ်းချမ်းရေးနှင့်တိုး တက်ရေးကိုတည်ဆောက်ရန်ကမ်းလှမ်းချက်များသည် ယနေ့အချိန်ထိအောင် လျစ်လျူရူခြင်းး ခံထားရသည့်အပြင်၊ စစ်အာဏာရှင်စနစ်ကို တရားဝင်အသက်သွင်းရန် ကြိုးစားသော (၂၀၁၀) ရွေးကောက်ပွဲအား စိုင်းပြင်းနေတာကို တွေ့နေရပြီဖြစ်လေသည်။

၎။ အမျိုးသားဒီမိုကရေစီအဖွ.ဲ ချုပ်၏ ရွေဂုံတိုင်ကြေညာချက်သည် နည်းပရိယာယ်အပြည့်အ၀ ဖြင့် အကျဉ်းအကြပ်ကြားမှနေ၍ ပြည်သူလူထုကြီးတရပ်လုံးအတွက် ဒီမိုကရေစီရေးရပ်တည် ချက်ကိုဖော်ပြထားခြင်းဘဲဖြစ်ပါသည်။စစ်အာဏာရှင်ကို အလျော့ပေးစေ့စပ်သည့် ကမ်းလှမ်း ချက်မဟုတ်ပေ။လာမည့်အင်ဒိုနီးရှားအစည်းဝေး၏ စာတမ်းနှင့်အစည်းအဝေးကိုကျင်းပကြသူ များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် ၊ ပြည်တွင်းတိုင်းရင်းသားပါတီအဖွဲ့အစည်း များ၊ ကျောင်းသားလူငယ်အဖွဲ့အစည်းများ၏သဘောထားများမပါသလို၊ ပြည်ပနိုင်ငံအသီးသီး မှာရှိနေသော ဒီမိုကရေစီရေးအင်အားစုတွေ၏ ဆန္ဒသဘောထားများလုံးဝမပါရှိ သောကြောင့် အင်ဒိုနီးရှားအစည်းအဝေး၏စာတမ်းသည် အစည်းအဝေးကိုကျင်းပသောအဖွဲ (၇)ဖွဲ့၏သီးခြား သဘောထားကျေညာချက်သာဖြစ်ပါသည်။ ထို့အပြင် မဟာဗျူဟာအရ လွန်စွာကွဲပြားနေသ လို၊ ပြည်တွင်းပြည်ပရှိ ဒီမိုကရက်တစ်အင်အားစုများနှင့် တိုင်းရင်းသားတော်လှန်ရေးအင်အား စုများအကြား၊ ၀ိဝါဒကွဲပြားမူနှင့်မဟာဗျူဟာရှုပ်ထွေးမူကို ပိုမိုဖြစ်ပေါ်လာစေပါသည်။ ၅။ ဒီမိုကရေစီအင်အားစုများအကြား၊အသိပညာရှင်အတတ်ပညာရှင်များ၊မျိုးဆက်သစ်ကျောင်း သားလူငယ်များ၊ ပြည်တွင်းပြည်ပရှိရဟန်းသံဃာအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ အားလုံးအကြားပွင့်လင်းကျယ်ပြန့်သည့် နိုင်ငံရေးမဟာဗျုဟာညိုနိုင်းဆွေးနွေးမူ များမရှိခ့ဘဲ လက်သင့်ရာစုဖွဲ့ပြီး၊ထွက်ပေါ်လာသည့် မည်သည့်ခေါင်းဆောင်မှု လက်တွေ.မဆန်သည့် မည် သည့် နိုင်ငံရေးမဟာဗျူဟာချဉ်းကပ်မူမျိုးကိုမှ လက်ခံမည်မဟုတ်သလို ၊ မိမိတို့တိုင်းပြည် နှင့်လူမျိုးအတွက် ရှင်းလင်းပြတ်သားသည့် ရပ်တည်ချက်နှင့်နိုင်ငံရေးသဘောထားဖြစ်သော ပြည်သူလူထုနှင့်ပူးပေါင်းတိုက်ပွဲဝင်သည့် လူထုတိုက်ပွဲကို အားဖြည့်ပေါင်းစပ်တိုက်ပွဲဝင်ကာ စစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်သွားရန်မှတပါး အခြားမရှိဟုယုံကြည်သည်။ ၆။ တိုင်းပြည်နှင့်ပြည်သူတရပ်လုံး လွတ်လပ်ပွင့်လင်းသည့်ဘ၀သို့ရောက်စေရန်အတွက် မိမိ တို့ယုံကြည်သည့် မဟာဗျူဟာဘုံလုပ်ငန်းစဉ်မှန်သမျှကို မည်သည့်အခွင့်အလမ်းနှင့်မဆို မည် သည့်နိုင်ငံ၏သဘောထားနှင့်မျှ အလဲအလှယ်လုပ်သွားမည်မဟုတ်ပေ။ ပြည်ပအင်အားစုများ အနေဖြင့် ပြည်တွင်းအင်အားစုများ၏ နိုင်ငံရေးအားကောင်းမောင်းသန်ဖြစ်ရေးနှင့် ပြည်သူ လူထုအတွင်းမြုပ်နှံ၊ရပ်တည် အလုပ်လုပ်ပေးရေးမှလွဲပြီး၊ တိုင်းပြည်တွင်းရှိ တိုင်းရင်းသားလူ မျိုးစုများအပါအ၀င် ပြည်သူလူထုတစ်ရပ်လုံး၏အကျိုးစီးပွားကို မတည်ဆောက်နိုင်သည့် မည် သည့်အပေးအယူလုပ်ဆောင်ချက်မျိုးကိုမျှ စစ်အာဏာရှင်တို့နှင့်ပြုလုပ်ခြင်းကို

လက်ခံမည်မ

ဟုတ်ပေ။ ၇။ မိမိတို.အနေဖြင့်တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအားလုံး ၊ ရဟန်းသံဃာတ်ာများ ၊နိုင်ငံရေးအင်အားစုများ၊ ရွေးကောက်ခံပြည်သူ့လွတ်တော်ကိုယ်စားလှယ်များ၊ ကျောင်းသား

အင်အားစုများ ၊ မျိုးဆက်သစ်အင်အားစုများ ၊အသိပညာရှုင်အတတ် ပညာရှင်များစသည့် မြန် မာ့ဒီမိုကရေစီအင်အားစုများ၏ သဘောထား၊ယုံကြည်ချက်တို့ကို အသိအမှတ်ပြုပြီးပူးပေါင်း ပါဝင်မူ၊ လက်တွဲဆောင်ရွက်မူ၊မျိုးကသာ တိုင်းပြည်နှင့်ပြည်သူကို ကောင်းမွန်သည့် အလုပ်အ ကျွေးပြုမူဖြစ်သည့်အတွက်

စစ်အာဏာရှင်စနစ်ကို

ညီညွတ်စွာလက်တွဲတိုက်ပွဲဝင်သွားရန်

အတွက် လေးလေးနက်နက်တိုက်တွန်းပန်ကြားလိုက်ပါသည်။

“စစ်အာဏာရှင်စံနစ်ဖျက်သိမ်းရေး မြန်မာ့ဒီမိုကရေစီအင်အားစု များမဟာဗျူဟာညီလာခံ” (၂၀၀၉ခုနှစ် သြဂုတ်လ (၁၁)ရက်)

Related Documents


More Documents from ""