Joint-statement-burmese

  • June 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Joint-statement-burmese as PDF for free.

More details

  • Words: 371
  • Pages: 2
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး ၈၈ မျိုးဆက်ကျောင်းသားများ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် စာအမှတ် ။

။ ၅/၂၀၀၉(မဃတ+၈၈+ဗကသ)

ရက်စွဲ ။

။ ၂၁.၀၉.၂၀၀၉

နအဖစစ်အစိုးရ၏ ရ၏ တိုင်းရင်းသားလူမျိုးစု အရေးကိစ္စများကို အကြမ်းဖက်ဖြေရှင်းခြင်းအား ကန့်ကွက် ကခြင်ြ် ခင်းနှင့် မြန်ူလထူ တရပ်ုတရပ်လုံးက လက်မခံသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ မြန်မာပြည်ာပြည်သလူ ဥပဒေအား ၂၀၁၀ ရွေ ရွေးကောက်ပြွဲ ဖင့် အဓမ္မအသက်သွင်းခြင်းကို ရပ်တန့်ရန် တောင် တောင်းဆိုခြင်း (၁) ဩဂုတ် လကုန်ပိုင်းက ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသတွင်ဖြစ်ပွားခဲ့သော စစ်ပွဲများက နအဖစစ်အုပ်စု နှင့် တိုင်း ရင်းသားတော်လှန်ရေး အဖွဲ့များအကြားထားရှိခဲ့သည့် အနှစ် ၂၀ ကျော်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်များအပေါ်

နအဖ၏

မမှန်ကန်သော သဘောထားကို

ဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။ ထို့ပြင် နအဖက

ကိုးကန့်တပ်ဖွဲ့များအား အင်အားသုံးနှိမ်နင်းပြီး ကိုးကန့်ဒေသအား သိမ်းပိုက်ပြလိုက်ခြင်းဖြင့် အခြားသော တိုင်းရင်း သား အပစ်ရပ်အဖွဲ့များအားလည်း "နအဖ နအဖ လက်အောက်ခံ ဖြစ် ဖြစ်ရေး နှင့် အချေမှုန်းခံရေး" ရး လမ်းတခုခုအား ပြတ်ပြတ် သားသား ရွေးချယ်ရန် ခြိမ်းခြောက်လိုက်ခြင်း ဖြစ်ပါသည်။ (၂) ငြိမ်းချမ်းရေး ဆိုသည်မှာ သက်ဆိုင်သူများ အားလုံး အပြန်အလှန် လေးစားယုံကြည်မှု၊ အခြေခံရိုးသားမှု ၊ နား လည်မှု ၊ ဆွေးနွေးညှိနှိုင်းမှု များ ဖြင့် စိတ်ရှည်လက်ရှည် တည်ဆောက်ရမြဲ ဖြစ်သည်၊ တည်ရှိပြီးသော ငြိမ်းချမ်း ရေးကို အရှည်တည်တံ့အောင် ကြိုးပမ်းထိန်းသိမ်းရန်မှာလည်း ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသူတိုင်း၏ တာဝန် ဖြစ်သည်။ ကိုးကန့်ဒေသတွင်ဖြစ် ပျက်ခဲ့သည့် အကြမ်းဖက်မှုများက နအဖ စစ်အစိုးရ အနေဖြင့် အနှစ် ၂၀ ကျော် ကြာမြင့်ခဲ့သော အပစ်အခတ်ရပ်စဲရေး

ကတိက၀တ်များကို

လုံးဝတန်ဘိုးမထားဘဲ တဖက်သတ်ဖျက်ဆီးလိုက်ပြီ

ဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးစုများအရေး နှင့် နိုင်ငံရေးကိစ္စများကို တွေ့ဆုံဆွေးနွေးဖြေရှင်းရန် ဆန္ဒမရှိပဲ အကြမ်း ဖက် အင်အားသုံးသည့်နည်းဖြင့်သာ ဖြေရှင်းရန်ဆန္ဒရှိကြောင်း ထင်ရှားလှပေသည်။ (၃) နအဖစစ်အစိုးရမှ တိုင်းရင်းသား အပစ်ရပ်အဖွဲ့များအား လက်နက်စွန့်၍ ရွေးကောက်ပွဲဝင်ရေး ပြင်ဆင်ကြရန် ဖိအားပေးလျက် ရှိပါသည်။ တိုင်းရင်းသား အပစ်ရပ်အဖွဲ့များမှလည်း ၎င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့များကို နအဖ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ်

အသွင်ပြောင်းရန်

ငြင်းဆန်လျက်ရှိပြီး

နအဖ ၏ ၂၀၁၀ ရွေး

ကောက်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ရန် ဆန္ဒမရှိကြသည်ကို မိမိတို့ တွေ့မြင်ကြားသိနေရပါသည်။ (၄) တိုင်းရင်းသား အပစ်ရပ်အဖွဲ့များ လက်နက်စွန့်ရန်ငြင်းဆန်နေခြင်း နှင့် ရွေးကောက်ပွဲဝင်ရန် ဆန္ဒမရှိကြခြင်း တို့၏ အဓိကအကြောင်းရင်းများမှာ နအဖ ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် လူမျိုးစုများ ရသင့်ရထိုက်သော

ရပိုင်ခွင့်များနှင့်

ပြည်ထောင်စုကြီးအတွင်း

တန်းတူညီမျှ

နေထိုင်ခွင့်များကို

လုံးဝအာမခံနိုင်မှု

ကင်းမဲ့နေခြင်း

ကြောင့်ဖြစ်သည်။ ထို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုတိုင်းရင်းသားများ မဟာမိတ်အဖွဲ့ကြီး နှင့် တိုင်းရင်း သား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များသည် ရသင့်ရထိုက်သော ရပိုင်ခွင့်များ နှင့် ပြည်ထောင်စုကြီးအတွင်း တန်းတူညီမျှ နေထိုင်ခွင့်များ ၊ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးများကို စစ်စစ်မှန်မှန် အာမခံနိုင်ရေးအတွက် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို တောင်းဆိုနေကြခြင်းဖြစ်သည်။ (၅) ဤသို့ မြန်မာနိုင်ငံတဝှမ်းရှိ တိုင်းရင်းသားပြည်သူ တရပ်လုံးက နအဖ တဖက်သတ်ရေးဆွဲအတည်ပြုထားသော ရာသက်ပန်စစ်အာဏာရှင်စနစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံ၊ ကန့်ကွက်နေချိန်တွင်၊ နအဖမှ အကြမ်း ဖက်မှုများ၊ စစ်အင်အားသုံး အနိုင်ကျင့်မှုများ၊ မတရားဖမ်းဆီးချုပ်နှောင်မှုများ ဖြင့် ယင်းအခြေခံဥပဒေကို အသက်သွင်း ရန်အတွက် ရွေးကောက်ပွဲကျင်းပနိုင်ရေးကိုသာ ကြိုးပမ်းနေပါသည်။ ဤသို့ အဓမ္မကြိုးပမ်းနေမှုများကို ရပ်တန်းကရပ် ရန် မိမိတို့မှ တောင်းဆိုသည်။ (၆) နအဖစစ်အစိုးရ အနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန်၊ နိုင်ငံတဝှမ်း အပစ်အခတ် ရပ်စဲရန် နှင့် စစ်ပြင်နေမှုများအား ရုတ်သိမ်းရန် ၊ တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ တိုင်းရင်း သား လူမျိုးစုများအရေး ကိစ္စအရပ်ရပ်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသားကိုယ်စားလှယ်များ စသည့်သက်ဆိုင်သူအားလုံးတို့နှင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖြေရှင်း သွားရန် မိမိတိုမ့ှ တောင်းဆိုသည်။ (၇) နအဖ၏ အင်အားသုံး အကြမ်းဖက်မှုများက ပြည်တွင်းငြိမ်းချမ်းရေးကို ပျက်ဆီးစေရုံသာမက ၊ ဒေသတခုလုံး ၏ လုံခြုံရေး နှင့် တည်ငြိမ်ရေးကိုလည်း ပျက်ပြားစေပါသည်။ နအဖ၏ တိုင်းရင်းသားအပစ်ရပ် အဖွဲ့များအပေါ် ဆက် လက် အကြပ်ကိုင်ဖိအားပေး တိုက်ခိုက်နေမှုများကြောင့် တိုင်းရင်းသားပြည်သူများ၏ အသက်၊ အိုးအိမ်၊ ဥစ္စာ ပစ္စည်း ပျက်ဆီးဆုံးရှုံးရမှုများ၊ ဒေသတွင်း မလုံခြုံမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဒုက္ခသည်ပြဿနာများ ယခုထက် ပိုမိုကြီးမားစွာ ဖြစ် ပေါ်လာမည် ဖြစ်သည်။ (၈) သို့ပါ၍

မြန်မာနိုင်ငံတွင်

ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ထွန်းကားရေး၊ တိုင်းရင်းသားလူမျိုးစုများအားလုံး

တန်းတူညီမျှရေး နှင့် ကိုယ်ပိုင်ပြဌါန်းခွင့်ရရေးတို့အတွက် မိမိတို့အနေဖြင့် တိုင်းရင်းသား ပြည်သူလူထုတရပ်လုံး နှင့် အတူ လက်တွဲကာ ဆက်လက်လှုပ်ရှားသွားကြမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ထို့အတူ နအဖ၏ အကြမ်းဖက်မှုများ နှင့် တဖက်သတ် လုပ်ငန်းစဉ်များအား တားဆီးရန်နှင့် ငြိမ်းချမ်းစွာတွေ့ဆုံ ဆွေးနွေးဖြေရှင်းရေး ပေါ်ထွန်းလာစေရန်

ဒေသတွင်းနိုင်ငံများအပါအ၀င်

ရောက်ရောက် ၀ိုင်းဝန်းကူညီပေးကြရန် နှင့်

နိုင်ငံတကာမိသားစုကြီးအနေဖြင့် ထိထိ

ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှလညှ်း

အချိန်မီ အကျိုးသက်

ရောက်မှုရှိရှိ ဝင်ရောက် ဆောင်ရွက်ပေးစေလိုကြောင်း မိမိတို့မှ အလေးအနက်ပန်ကြားလိုက်ပါသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီး ၈၈ မျိုးဆက်ကျောင်းသားများ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်