Statement On Peasant Day In Burma By Fbf

  • December 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Statement On Peasant Day In Burma By Fbf as PDF for free.

More details

  • Words: 264
  • Pages: 2
တောင်သူလယ်သမားနေ့ အထူးကြေငြာချက်။ မတ်လ (၂) ရက်၊ ၂၀၀၉ ခုနှစ်။ မြန်မာနိုင်ငံတငွ် မှီတင်းနေထိုင်ကြသည့် တောင်တန်းမြေပြန့် အပါအဝင် တိုင်းရင်းသားအားလုံးတို့တငွ် အများစုမှာ တောင်သူလယ်သမားများဖြစ်သည့်အလျှောက် ရှေ့မြန်မာမင်းများ လက်ထက်မှစ၍ ယနေ့ထိတိုင် မြန်မာပြည်နှင့် မြန်မာအမျိုးသားအာလုံးတို့ အပေါ်၌ ခေတ်အဆက်ဆက် တောင်သူလယ်သမားတို့၏ ကြီးမာသည့် ကျေးဇူးဂုဏ်များစွာနှင့် သမိုင်းဝင်အခန်းကဏ္ဍများစွာတို့ကို ကျွန်ုပ်တို့ မြန်မာပြည် လွတ်မြောက်ရေးအဖွချဲု့ပ်မှ လေးစားစွာ ဦးညွတ်ဂုဏ်ပြုလိုက်ပါသည်။ ရှေးအခါမှစ၍ တောင်သူလယ်သမားများသည် လယ်ရာစိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်း နေခဲ့ကြရင်း အခမဲ့စစ်မူထမ်းခဲ့ရပြီး၊ တိုင်းပြည်၏ အရေးတွင် ကြီးမားသည့် အခန်းကဏ္ဍများတွင် အမြဲ ပါဝင်နေခဲသ့  ည်။ အင်္ဂလိပ်ကိုလိုနီစနစ်အောက်မှ လွတ်လပ်ရေးကြိုးပန်းမူကြီးတွင် ရှေ့တန်းက ပါဝင်ခဲ့ကြပြီး ထင်ရှားသည့် ဆရာစံအရေးတော်ပုံကြီးမှ ၁၉၂၀ ခေတ် ရန်ကုန်တက္ကသိုလ်ကျောင်းသားများနှင့် သခင်ခေတ်အတွင်း မြန်မာပြည်လွတ်လပ်ရေးအတွက် တော်လှန်စိတ်ကို မွေးဖွာပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ဘီအိုင်အေခေတ်၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးခေတ်၊ ဖဆပလခေတ် အတွင်း လွတ်လပ်ရေးကြိုးပမ်းမူကြီးအတွင်း အဓိကကျောရိုးအဖြစ် တောင်သူလယ်သမားများက ပူးပေါင်းပါဝင်ခဲ့ကြသည်။ ပါလီမန် ဒီမိုကရေစီခေတ်တငွ် စိုက်ပျိုးရေးကို အခြေခံသည့် အချမ်းသာဆုံး အကြွယ်ဝဆုံး တိငုးပြည်အဖြစ်သို့ ရောက်ရှိအောင် ဆက်လက်ဦးဆောင်ခဲ့ကြသည်။ ရှေး ဘိုးဘွားဘီဘင် လက်ထက်မှစ၍ အလွန်ကျေးဇူးကြီးလှသည့် တောင်သူလယ်သမားများ၏ ဘဝများကို ကိုယ်စားပြုသည့် ခမောက် အမှတ်အသား၏ အရှိန်အဟုန်ဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကြီး နှင့် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာအလည်တင်ွမက ကမ္ဘာအ့  လည်တင်ွပါ ယနေ့ထိတိုင် တင့်တယ်နေစေခဲ့သည်။ သို့ဖြစ်ပါ၍ ဒုတိယလွတ်လပ်ရေးဖြစ်သည့် ယနေ့ စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး ကြိုးပမ်းမူကြီးတွင် တောင်သူလယ်သမား၏ အခန်းကဏ္ဍသည် ရှေ့ တန်းမှ ပါဝင်နေသည်။ တောင်သူလယ်သမားများ၏ ကြီးမားသည့် ဂုဏ်ကျေးဇူးကို အကာအကွယ်ပြု၍ တိုင်းပြည်အမှောင်တိုက်ထဲ စတင်ကျရောက်စေခဲသ့  ည့်နေ့၊ ဦးနေဝင်းဦးဆောင်သည့် စစ်တပ်မှ တိုင်းပြည်အာဏာကို သိမ်းယူခဲ့သည့် မတ်လ (၂) ရက်နေ့ ကို တောင်သူလယ်မားနေ့အဖြစ် မဆလအစိုးရမှ သတ်မှတ်ခဲ့ကြသည်။

သို့ရာတွင် စစ်ကျွန်ဘဝအောက် မြန်မာပြည်ခေတ်ဆက်ဆက် အချိန်အတောအတွင်း တောင်သူလယ်သမား အားလုံးတို့မှာ နင်းပြားဘဝ ပြားပြားဝတ် ဖိနိပ်ခံနေရသည်မှာ ယနေ့ထိတိုင် နှစ်ပေါင်း (၄၅) ကျော်ကာလ ကြာမြင့်နေပြီ ဖြစ်သည်။ စစ်အာဏာရှင်ခေတ် အဆက်ဆက်အောက်တငွ် မြန်မာပြည် အနယ်နယ်အရပ်ရပ်ရှိ တောင်သူလယ်သမား အားလုံးတို့မှာ လယ်ယာမြေအား အဓမ္မသိမ်းယူခြင်း၊ အတင်းအကြပ် လုပ်အားပေးစေခိုင်းခြင်း၊ ပေါ်တာဆွဲခြင်း၊ တာဝန်ကြေ စပါးပေးသွင်းခြင်း၊ စပ်ဟတ်မူ မရှိသည့် စီမံကိန်းသီးနှံများ မစိုက်မနေရ စိုက်ပျိုးရခြင်း၊ ထွက်ကုန်သီးနှံများ ကူးသန်းရောင်းဝယ်ခငွ့် ပိတ်ပင်ခံရခြင်း၊ နယ်စပ်ဒေသရှိ တောင်ယာစိုက်ပျိုး လုပ်ကိုင်နေသူများ၏ ရွာတွေကို မီးရှို့ခံရခြင်း၊ မုဒိန်းကျင့်မူများ ခံရခြင်းနှင့် စစ်တပ်က စိတ်မထင်တိုင်း ဖမ်းဆီးသတ်ဖြတ်ခြင်းများကို တိုင်းပြည်နှင့်အဝှမ်းတွင် ခါးစီးခံနေကြရသည်။ ကျွန်ုပ်တို့ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်အနေဖြင့် ဒီမိုကရေစီရရှိရေး၊ စစ်မှန်သည့် ဖယ်ဒရယ် ပြည်တောင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းရာတွင် တောင်သူလယ်သမားများ၏ ဘဝလုံခြုံမူများ တိုင်းပြည်နှင့် အဝှမ်းတွင် အပြည့်အဝ ပြန်လည်ရရှိနိုင်မှ ကျေနပ်နိုင်မည် ဖြစ်သည်။ ကျွန်ုပ်တို့ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ ချုပ်အနေဖြင့် ဒီမိုကရေစီအရေးတော်ပုံကြီး အောင်မြင်ရေးနှင့် စစ်အာဏာရှင်စနစ်အား မြန်မာပြည်မြေကြီးပေါ်မှ အပြီးအပိုင် ဖယ်ရှားနိုင်စေရန်၊ နအဖတို့ ကြံစည်နေကြသည့် (၂ဝ၁ဝ) ရွေးကောက်ပွဲ မတိုင်မှီ စစ်အစိုးရ ဖိနိပ်အုပ်ချုပ်ရေး ယန္တယားကို လုံးဝရပ်ဆိုင်း ပြိုကျသွားသည်ထိ တိုက်ပွဲဝင်ရေး၊ စစ်မှန်သည့် ဖယ်ဒရယ်ပြည်တောင်စု တည်ဆောက်ရေး၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အစည်းအားလုံးနှင့် ပူပေါင်းလုပ်ဆောင်ရေး၊ အဆုံးအဖြတ်ပေးနိုင်သည့် တိုက်ပွဲကို အနိင်ုတိုက်ရေးနှင့် ကြားဖြတ်အစိုးရ ဖွဲ့စည်းပြီး အရေးတော်ပုံကြီး၏ နိဂုံးချုပ် လုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်ရေးများကို အောင်မြင်ပြီးဆုံးသည်ထိ လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း ခေတ်အဆက်ဆက်မှ တောင်သူလယ်သမားများအားလုံးကို ဂုဏ်ပြုသောအားဖြင့် ယနေ့ကျရောက်သည့် တောင်သူလယ်သမားနေ့ အခါသမယတွင် လေးနက်စွာ သစ္စာပြုပါသည်။

ဗဟိုနိုင်ငံရေးဦးဆောင်ကော်မီတ၊ီ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ ချူပ် (Free Burma Federation – FBF) ။

Related Documents