Myanmar Muslim Media (MMM)
ကမ္ဘာတလွှား တို့မွတ်စလင်မ်ညီနောင်များကဏ္ဍ
ရုရှားဖက်ဒရေးရှင်း ရှိ မွတ်စလင်မ်များ ….... အပိုင်း(၁) စုစေု ပါင်းလူဦးရေ သန်း၁၄၀ရှိတဲ့ ရုရှား ဖက်ဒရေး ရှင်းနိုင်ငံမှာ တိုင်းရင်း သား မွတ်စလင်မ် ဦးရေ သန်း၂၀ လောက် (စုစုပေါင်း လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်း လောက်) နေထိုင် လျက် ရှိပါတယ် ဥရောပက တခြား လူနည်းစု မွတ်စ လင်မ်တွေ နဲ့ မတူတာကတော့ ရုရှား မွတ်စလင် တွေက တိုင်းတပါး ကနေ ပြောင်းရွှေ့ ၀င်ရောက်လာကြ တဲ့ သူတွေ မဟုတ်တာပါပဲ။ သူတို့ နေထိုင် နေကြတဲ့ နိုင်ငရံ့ဲ ဇာတိနိုင်ငံသားတွေဖြစ်ကြပါတယ်။ ရုရှားလူ့အဖွ့အဲ စည်းမှာမွတ်စလင်တွေကအရေးပါတဲ့အစိတ်အပိုင်းမှာရှိကြပါတယ် ဥပမာပြောရရင် ၂၀၀၈ခုနှစ်ပေကျင်းအိုလံပစ်အားကစားပွဲကြီးမှာရုရှားအားကစားသမား၂၃ ဦးရွှေတံဆိပ် ရခဲ့ရမှာ ရွှေတံဆိပ် ၁၀ ခုကို တိုင်းရင်းသား မွတ်စလင်မ် အားကစား သမားတွေ က ဆွတ်ခူးပေးခဲ့တာ ဖြစ်ပါတယ် ရုရှားမွတ်စလင်တွေထကဲ အများစုကြီးက ဗော်လဂါ ယူရယ် ဒေသနဲ့ မြောက်ပိုင်း ကော့ကေးရှပ်စ် မှာနေ ထိုင်ကြပါတယ်။ မော်စကို သို့မဟုတ် ပီတာစဘာဂ် လိုမဟာ မြို့ပြ ကြီးများ အပါအ၀င်ရုရှားရဲ့ တခြားဒေသ များမှာလည်း မွတ်စလင်လူဦးရေက အတော်လေးများ လှပါတယ်
ကမ္ဘာတလွှား တို့မတ်ွစလင်မ် ညီနောင်များ
ရုရှနိုင်ငံရှိမွတ်စလင်မမ်ျား
1 of 12
Myanmar Muslim Media (MMM)
မျိုးရိုးအရမွတ်စလင်တွေဟာ ရုရှားဖက်ဒရေးရှင်းရဲ့ သမ္မတနိုင်ငံခုနှစခ်ုဖြစ်တဲ့ ဘရှ်ဘော်ရတို စတန်း နဲ့ ဗော်လဂါယူရလ်ဲဒေသတွင်းမှာရှိတဲ့ တာတာရ်စတန်၊ ချီချင်းနယားသမ္မတနိုင်ငံ၊ အင်ဂူ ရှီတီးယား ၊ဒါဂျက်စတန်၊ ကဘာရ်တီန-ို ဗော်လဂေးရီးယားနဲ့ မြောက်ပိုင်း ကော့ကေး ရှပ(် စ) ရဲ့ ကရာချေး- ချရ် ကက်ဆီးယား သမ္မတနိုင်ငံတွေမှာ ကြီးစိုးလွှမ်းမိုး ထားကြပါတယ်။
•
ရုရှားရှိ အစ္စလာမ်၏အရင်းအမြစ်များ
ခုနှစ်ရာစု အလယ်က စပြီး ဒါဂျက်စတန်က တစ်ဆင့် ရုရှားနိုငင်ံကို အစ္စလာမ် ဘာသာ စတင် ၀င်ရောက်ခြဲ့ ပီး နောက်ပိုင်း မြောက်ပိုင်းကော်ကေးရှပ(် စ) ဘက်ကို ပျံ့နှံသွားခဲ့ပါတယ်။ မွတ်စလင်မ် စစ်တပ်ကြီးက အဗ်ဒုရရ် ဟ်မာန် အိဗနေရဗီယာ ရဲ့ ဦးဆောင်မှု အောက်ကနေ ပါရှားနဲ့ အလ်ကုဒ်စ် (ဂျေရုစလင်)တို့ကို ထိန်းချုပ်အပြီးမှာ ဟစ်ဂျရီ၂၁ (ခရစ် ၆၄၁)ခု ထဲမှာ တောင်ပိုင်း ကော်ကေးရှပ်စ် ရဲ့ မြောက်ဘက်ကို ရောက်ရှိခဲ့ပါတယ်။
ကမ္ဘာတလွှား တို့မတ်ွစလင်မ် ညီနောင်များ
ရုရှနိုင်ငံရှိမွတ်စလင်မမ်ျား
2 of 12
Myanmar Muslim Media (MMM)
မွတ်စလင်စစ်တပ်ကြီးက ဟစ်ဂျရီ၁၁၉(အေဒီ ၇၃၇)ခု အုမိုင်ယာ အုပ်ချုပ်ရေး ကာလ အတော အတွင်းမှာ သြဇာကြီးမားလှတဲ့ ခါဇာရ် ဘုရင့်နိုင်ငံကို အောင်နိုငခ်ဲ့ပါတယ်။ နောက်ပိုင်းတဆက်ထမှဲာပဲ အရင်က ခါဇာရ် ဘုရင့်နိုင်ငံရဲ့ လက်အောက်ခံဖြစ်တဲ့ မြောက်ပိုင်း ကော်ကေးရှပ်စ်ဟာလည်း အုမိုင်ယာ အင်ပါယာကြီးရဲ့ တစ်စိတ် တစ်ပိုင်း ဖြစ်သွားခဲ့ပါတယ်။ မွတ်စလင်တွေက ဒီဒေသကိုအရေးပါတဲ့ အုပ်ချုပ်ရေးအပိုင်းအဖြစ် ပြောင်းလဲပေးခဲ့ပြီး ကော်ကေး ရှပ်စ် လူမျိုးတွေကို အစ္စလာမ်နဲ့ မိတ်ဆက်ပေးခဲ့ ပါတယ်။ ဗော်လဂါ မြစ်ဝမှ်းဒေသမှာ ကုန်သယ်ွရေးနဲ့ အခြားစီးပွားရေး ဆက်ဆံမှုတွေကို မွတ်စလင်မ် ကမ္ဘာကြီးနဲ့ ပြုလုပ်ရာက တစ်ဆင့် အဲဒီဒေသမှာ အစ္စလာမ်ဟာ သူ့ဖာသာသူ တဖြေးဖြေးချင်း ခိင်ုမာသွားခဲ့တယ်။ အလယ်ပိုင်း ဗော်လဂါဒေသထဲမှာ ရှိခဲ့တဲ့ ဘူလ်ဂါဘုရင်နိုင်ငံက အစ္စလာမ် ဘာသာကို နိုင်ငံ တော်ရဲ့ တရားဝင်ဘာသာတရား အဖြစ် ခရစ်နှစ် ၉၂၂ (ဟစ်ဂျရီ ၃၀၄) ခုနှစ်မှာ သတ်မှတ် ခဲ့ပါတယ်။ အဲဒီ သတ်မှတ်မှုဟာ ၈ရာစုကစပြီး မွန်ဂိုတွေ ကျူးကျော်လာခဲ့တဲ့ ၁၂၃၆ ခုနှစ်တိုင် အောင် ကြာမြင့်ခ့ပဲါတယ်။ ဗဟိုဒေသကစခဲ့တ့အဲ စ္စလာမ်ဟာ ရုရှားရဲ့မြောက်ဘက်နဲ့ အရှေ့ဘက်အပိုင်းတွေ အထူးသဖြင့် ဆိုက်ဗေးရီးယားအထိ ပျံ့နှံ့သွားခဲ့ပါတယ်။ ရုရှားကို အစ္စလာမ်နဲ့ ထိတွေ့စေခဲ့တဲ့ ဒုတိယလှိုင်းဟာ ခရစ်နှစ် ၁၂၄၂ ခုနစှ်မှာ မွန်ဂို တို့ကသူတို့ရဲ့ မြောက်ဘက် ဘုရင့်နယ်ပယ် အဖြစ် ထူထောင်ခဲ့တဲ့ ဂိုးလ်ဒင်းဟော်ဒ(ီ Jusi Ulusi သို့မဟုတ် Alten Ordon) ဘုရင့်နယ်ပယ် ရဲ့ ခေတ်ကာလအတွင်းမှာ ရိုက်ခတ် ခဲ့တာပါ။ ဂိုးလ်ဒင်းဟော်ဒီ ဒေသကြီး
တကယ်တော့ ဒေသတွင်းမှာ နေနေကြတဲ့ မွနဂို အနည်းအကျဉ်းဟာ ဒေသခံ လူ့အဖွဲ့ အစည်းရဲ့ အစုအအုံ အပေါ်မှာ အရေးပါမှုသြဇာ မရှိခဲ့ပါဘူး။
ကမ္ဘာတလွှား တို့မတ်ွစလင်မ် ညီနောင်များ
ရုရှနိုင်ငံရှိမွတ်စလင်မမ်ျား
3 of 12
Myanmar Muslim Media (MMM)
ဒါကြောင့် ဓလေ့ ထုံးတမ်းစဉ်လာ ဘာသာစကား ဘာသာတရားနဲ့ လူမှုဘ၀တွေဟာ မပြောင်းလဲပဲ ကျန်နေရစ် ခဲ့တာ ဖြစ်ပါတယ်။ ၁၅ရာစုအစပိုင်းမှာပဲ လွတ်လပ်တဲ့ အစ္စလာမ့် ခါနိတ် နယ်ပယ်တချို့ဟာ အလွန်ကြီးမား လှတဲ့ ဂိုးလ်ဒင်း ဟော်ဒီ ဒေသကြီးကနေ ပေါ်ထွက်လာပါတယ်။ ပုံမှန်အားဖြင့် မင်းသားအုပ်ချုပ်မှုခံ နယ်တွေအဖြစ် ရုရှားလူမျိုး အများစုကြီး နေလေ့ရှိခဲ့တဲ့ မော်စကိုနဲ့ ကိယက်(ဗ)မြို့တွေရဲ့ ကြား ဒေသကလွရဲ င် ဒီခါနိတ်နယ်လေးတွေဟာ ကျန် ရုရှားနယ် အားလုံးနီးနီးကို လွှမ်းမိုးသွား ခဲ့ပါတယ်။ ၁၆ရာစုမှာ ရုရှားအင်ပါယာက အစ္စလာမ်နယ် ခါနိတ်တွေကို အောင်နိုင်သွားခဲ့တဲ့ ကာလအထိ တိုင်အောင် ခေတ်သစ်ရုရှားရဲ့ အစိတ်အပိုင်းတော်တော်များများမှာ အစ္စလာမ် က ဆက်လက် လွမ်းမိုးဆဲဖြစ်ပါတယ်။ ဇာဝါဒီ ရုရှားအင်ပါယာဆီကို သယ်ယူပိုဆောင်ရေးမှာ ဗော်လဂါမြစ်ရဲ့ အရေးပါလှမှုကြောင့် ဗော်လဂါ-ယူရယ် ဒေသဟာ အသစ်ထူထောင်ကာစ ရုရှားအင်ပါယာကြီးရဲ့ အောက်မှာ ပထမဆုံး ကျရောက်သွားခဲ့ပါတယ်။ ဒေသတွင်းမှာတစ်ချိန်တုံးက အင်အားအတောင့်ဆုံး ဖြစ်ခဲ့တဲ့ ကာဇန် ခါနိတ်နယ်ကို ၁၅၅၂ ခုအောက်တိုဘာလ ၁၅ရက် မှာ အောင်မြင်ခဲ့ပြီးတဲ့ နောက်ပိုင်း မှာတော့ ဗော်လ ဂါ ဒေသတစ်ခုလုံးနဲ့ ကက်စပီယံ ပင်လယ်တွေ ကို ရုရှား လူမျိုးတွေ သိမ်းပိုက် ဖို့အတွက် လမ်းက လုံးဝ ပွင့်သွားခဲ့ပါတော့တယ်။ ၁၈၅၉ ခုနှစ် မှာ ဒါဂျက်စတန်ကမွတ်စလင်တွေ (ဒါဂျက်စတန်နယ်ထဲမှာပဲရှိကြတဲ့ ချီချင်း နီးယားနဲ့ ရိုးရာဝတ်စုံအပြည့်ဖြင့်တွေ့ရသော ဒါဂျက်စတန်စုံတွဲ တစ်တွဲ
အင်ဂူရှီတီယား တို့ကမွတ်စလင်မ်များ) ဟာသူတို့ရဲ့ နိင်ုငံအတွက် အိမာမ်ရှာမီလ် (၁၇၉၇-၁၈၇၁)
ရဲ့ဦးဆောင်မှုအောက်မှနေပြီး ၊၃၄နှစ်လုံးလုံး ဇာဝါဒီရုရှားတွေကို တွန်းလှန် တိုက်ခိုက်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ရှုံးနိမ့်ခ့ပဲါတယ် •
လွတ်လပ်ရေး မျှော်လင့်ချက်နှင့်လက်ငင်းဘဝ
ကမ္ဘာတလွှား တို့မတ်ွစလင်မ် ညီနောင်များ
ရုရှနိုင်ငံရှိမွတ်စလင်မမ်ျား
4 of 12
Myanmar Muslim Media (MMM)
၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ယူနီယံကြီး ပြိုကွသွဲားခြင်းဟာ ရုရှားအုပ်ချုပ်မှုအောက်မှာ ရာစု နှစ်များစွာ နေခဲ့ကြရတဲ့ မွတ်စလင်တွေဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်အတွက် မျှော်လင့်ချက် တွေနှိုးထလာခဲ့ပါတယ်။ ဘော်လတစ်၊ ဗဟိုအာရှနဲ့ ကော်ကေးရှပ် (စ) ဒေသထဲက ယခင်ဆိုဗီယက် သမ္မတ နိုင်ငံတို့ရဲ့ လွတ်လပ်ရေးကို ကြေညာအပြီးမှာတော့ ကိုယ်ပိုင်အုပ်ချုပ်ရေးရ သမ္မတ နိုင်ငံ အတော်များများ ကပါ အချုပ်အခြာအာဏာပိုငအ် ဖြစ် ကြွေးကျော်ရင်း အချုပ်အခြာအာဏာ အဆင့်ကို ကြေညာခဲ့ ကြပါတယ်။ ချီချင်နီယားကလဲ အိခ်ျကီးရီးယားချီိချင် သမ္မတနိုင်ငံရဲ့ သမ္မတအဖြစ် ပြည်လုံး ကျွတ် ဆန္ဒခံယူပနွဲ့ဲ ဂျိုဟာရ် ဒုဒါယက်(ဗ) (၁၉၄၄-၁၉၉၆)ရွေးချယ်ခံရပြီး နောက် ၁၉၉၁ခုနှစ် အောက်တိုဘာလထဲ မှာ ချီချင်နီး ယား ရုရှားထံမှ လွတ်လပ်ရေးရခဲ့ပြီဆိုပြီး ကြေငြာခဲ့ပါတယ်။ ရုရှား စစ်တပ်က ချီချင်နီးယား ကထွက်ခွာသွားခဲ့ပြီး၊ နောက်သုံးနှစ် တင်းတင်းအထိ နိုငင်ံအနေနဲ့ ဒီဖက်တို လွတ်လပ်ရေး ကိုရရှိ ခဲ့ပါတယ်။ ၁၉၉၂ခုနှစ်မှာ တာတာရ်စတန်သမ္မတနိုင်ငံက ရုရှားဆီက လွတ်လပ်ရေး ရယူရေး အတွက် ပြည် လုံး ကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ခ့ရဲာမှာ မဲပေးသူ ၆၂ရာခိုင်နှုန်း က လွတ်လပ်ရေး ပေးဖို့ ဘက်ကမဲပေး သွားခဲ့ပါတယ်. အဲဒေီ နာက်မှာတော့ တာတာရ်စတန် ရဲ့မြိုတော် ကာဇန် မှာရုရှားဖယ်ဒရေးရှင်းရဲ့ ပထမဆုံး သမ္မတ ကြီးဘောရစ်ယဲလ်(တ)ဆင် (၁၉၃၁-၂၀၀၇) က ရုရှားရဲ့ဒေသကွဲများနဲ့ ပတ်သက်ပြီး မကြာမကြာ ထုတ်ဖော်ချက်ဖြစ်တဲ့ “ အချုပ်အခြာ အာဏာ ကို ကိုယ်နိုင် သလောက် ပိုသထက်ပိုပြီး ယူကြ”လို့ ထုတ်ပြန်သွားခဲပါတယ်။ ကာဇန်တာတာများ
ဒါပေမယ့်လတဲ ကယ်တန်းကျတော့ဘော်လကန်ဒေသရဲ့မြောက်ပိုင်းကော်ကေးရှပ်(စ)က နိင်ုငံတွေရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုကပထမချီချင်းစစ်ပွဲ (၁၉၉၄-၁၉၉၆) နဲ့အတူ နိဋ္ဌိတံ သွားခဲ့ပါတယ်။ ဒီစစ်ပွဲ မှာရုရှားစစ်သား ၇၅၀၀ ချီချင်းတိုက်ပ၀ွဲ င် ၄၀၀၀နဲ့ ၃၅၀၀၀ ထက် မနည်း ကမ္ဘာတလွှား တို့မတ်ွစလင်မ် ညီနောင်များ
ရုရှနိုင်ငံရှိမွတ်စလင်မမ်ျား
5 of 12
Myanmar Muslim Media (MMM)
တဲ့ အရပ်သားတွေ အနည်းဆုံး စုစုပေါင်း ၄၆၅၀၀ အချို့အဆိုအရ ၈၀၀၀၀ (၈ သောင်း) ကနေ ၁၀၀၀၀၀ (တသိန်း) အတွင်း သေကြေဒဏ်ရာရခဲ့ရပါတယ်။ နိင်ုငံတကာအသိုင်းအ၀ိုင်းကလဲ တာတာရ်စတန် ရဲ့လွတ်လပ်ရေးကိုအသိအမှတ်မပြုခဲ့ကြပါဘူး။ ၁၉၉၄ ခုနှစ်ဖေဖော်ဝါရီလ၁၅ရက်နေမှာရုရှားဖက်ဒရေးရှင်းနဲ့တာတာရ်စတန် သမ္မတ နိင်ုငံ အစိုးရ တို့အကြား တရားစီရင်ပိုင်ခငွ့် ကိစ္စရပ်များဆိုင်ရာ ဆောင်ရွက်မှုနဲ့ နှစ်ဦးနှစ်ဖက် အာဏာ လွှအဲ ပ်မှု ဆိုင်ရာပဋိဥာဉ်စာချုပ်ကိုနှစ်ဖက်နိုင်ငံအကြီးအကဲတို့ကလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အိတ်တီဖာက် ပါတီ ကခေါင်းဆောင်များလို ပဲ တာတာရ်စတန် လွတ်လပ်ရေး လှုပ်ရှားမှုများရဲ့ ခေါင်းဆောင်များက တာတာရ်စတန် အစိုးရဟာ တာတာရ်စတန် လွတ်လပ်ရေး ကို ဈေးပေါပေါနဲ့ ရောင်းပြီး လက်လျော့ခ့တဲ ယ်လို့ စွပ်စခွဲ့ကြပါတယ်။ အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုတွေအပေါ်အကြီးအကျယ်သဘောထားကွခဲ့ကြပေမယ့်လည်း တာတာရ်စတန်ရဲ့ အချုပ်အခြာ ပိုငမှ်ုကို ဖော်ပြထားတဲ့အပိုဒအ်ားလုံးကို ၄င်းရဲ့ ဖွဲ့ စည်းပုံ ဥပဒေ ထဲကနေ ပြန်လည်ရပ်ုသိမ်းခဲ့ကြရပါတယ်။ အဲဒါကြောင် သမ္မတနိုင်ငရံ့ဲ ပါလီမန်က ၁၉၉၂ခုနှစ်န၀ို င်ဘာလ ၃၀ရက်မှာ လက်ခံ ခဲ့တဲ့ ဖွဲ့စည်း အုပခ်ျုပ်ပုံအခြေခံဥပဒေကိုတောင်၁၉၉၄ နဲ့ ၂၀၀၅ ခုနှစ်အကြားမှာ ၁၅ကြိမ် အထိ ပြင်ဆင်ခ့ရဲ ပါတယ်။ ဒီလိုနဲ့ဥပဒေနဲ့စစ်ရေးနည်းလမ်း အမြင် တွေအရ၊တစ်ချိန် ဆိုဗီယက်ယူနီယံ ခေတ် အတွင်းက ကြီးစိုးခဲ့တဲ့ ဖက်ဒရယ်ဝါဒစနစ်ကို ရုရှားကအောင်မြင်စွာ ထိန်းထားနိုင်ခဲ့ပါ တယ်။ လက်ရှိမှာတော့ ရုရှားဖက်ဒရေးရှင်း မှာလက်အောက်ခံ (၈၃) ခုအဖြစ် သမ္မတနိုင်ငံ (၂၁) ခု၊ စီရင်စု (၄၆)ခု၊ နယ်ပယ်(၉)ခု ၊ ဂျူးကိုယ်ပိုင်အုပ်ချုပ် ခွင့် စီ ရင်စု (၁) ခု၊ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရခရိုင် (၂) ခု နဲ့ ဖယ်ဒရယ်မြို့(၂) ခု တို့ပါဝင်နေပါတယ်။ ယေဘုယျအားဖြင့် သမ္မတ နိုင်ငံတွေဆိုတာ ရုရှားမဟုတ်တဲ့လူမျိုးစုတို့ရဲ့ ဒေသများ ကို ကိုယ်စား ပြုပါတယ်။ တခြားလက်အောက်ခံများနဲ့မတူဘဲ သမ္မတနိုင်ငံတွေက အမည်ခံ ကိုယ်ပိုင်အုပ်ချုပ်ရေး သာ ရှိနေကြပြီး သမ္မတနိုင်ငံတစ်ခုချင်းမှာ သူ့ရဲ့ ကိုယ်ပိုင် ဖွဲ့စည်း အုပ် ချုပ်ပုံ အခြေခံဥပဒေရယ် သမ္မတရယ် ပါလီမန်ရယ်ဆိုပြီး ရှိနေပါတယ်။သမ္မတနိုင်ငံ တစ်ခု ချင်းဟာ သီးသီးသန့်သန့် လူမျိုးစု တစ်ခုရဲ့ ဇာတိမြေဖြစ်တယ်ရယ်လို့ ဆိုလိုထား ပါတယ်။
ကမ္ဘာတလွှား တို့မတ်ွစလင်မ် ညီနောင်များ
ရုရှနိုင်ငံရှိမွတ်စလင်မမ်ျား
6 of 12
Myanmar Muslim Media (MMM)
•
ဘောလ်ဂါ ယူရလဲ် မြစ်ဝှမ်းဒေသ၏သမ္မတနိုင်ငံများ
ဘောလ်ဂါ ယူရလဲ် ဒေသထဲမှာ မွတ်စလင်တိုင်းရင်းမျိုးနွယ်နှစ်ခုကြီးစိုးတဲ့သမ္မတနိုင်ငံ ၂ခု ရှိပါ တယ်။ဒါတွေကတော့ တာတာရ်စတန် နဲ့ ဘရှ်ခေါရ်တိုစတန် တို့ပဲဖြစ်ပါတယ်။ တာတာရ် စတန် သမ္မတနိုင်ငံက အရှေ့ဥရောပလွင်ပြင်ကြီးရဲ့ဗဟို၊ မော်စကိုမြို့တော်ရဲ့ အရှေ့ဘက် ကီလိုမီတာ ၈၀၀ (မိုင်ပေါင်း ၄၉၇ မိုင် ) နီးနီးမှာတည်ရှိပါတယ်၊ ဘောလ်ဂါ နဲ့ ကာမာ မြစ်တို့ရဲ့ အကြားမှာရှိနေတာဖြစ်ပြီး၊ အရှေ့ဘက်ကိုတော့ ယူရယ်လ် တောင်များအထိ ရောက်ပါတယ်။ ၄င်းမြိုတော်ကတော့ကာဇန် (တာတာရ် ရဲ့ ကာဇန်) ဖြစ်ပါတယ်။ ၂၀၀၂ခုနှစ် ရုရှနိုင်ငံ တ၀ှမ်းလူဦးရေ သန်းခေါင် စာရင်း အရ တာတရ်စတန်ရဲ့ လူဦးရေ စုစုပေါင်း ဟာ ၃၇၇၉၀၀၀ ခန့်ရှိပါတယ်။ အဲဒီမှာ တာတရ် မျိုးနွယ်ဟာ စုစုပေါင်းလူဦးရေရဲ့ ၅၂.၉ ရာခိုင်နှုန်းရှိတဲ့ အချိန်မှာ ပဲ ရုရှလူမျိုးဟာ ၃၉.၅ရာခိုင်နနှုး ရှပိါတယ်။ အိမန်ီးချင်းသမ္မတနိုင်ငံ ဖြစ်တဲ့ ဘရှ်ကော်တိုစတန် (ဘရှ်ခေါ်တိုစတန် လို့လဲ တစ်ချို့ခေါ်ကြတဲ့) နိင်ုငံဟာ ဘောလ်ဂါ မြစ်နဲ့ ယူရယ်လ် တောင်တွေရဲ့ အကြားမှာတည်ရှိပြီး သူ့ရဲ့ မြို့တော်ကိုတော့ အူဖာ လို့ခေါ်ပါတယ်။ ဒီသမ္မတ နိုင်ငံရဲ့ စုစုပေါင်းလူဦးရေဟာ ခန့်မှန်းချေအရ ၄၁၀၄၀၀၀ ရှပိါတယ်။ ၂၀၀၂ ခုနှစ် သန်းခေါင်စာရင်းအရ ဘရှ်ခေါ်ရ်တိုစတန်ရဲ့ အမျိုးသားစုစည်း တည်ရှိ မှုလို့ခေါ်တဲ့ လူမျိုးအဖုံဖုံကတော့ ရုရှ ၃၆.၃၂ ရာခိုင်နှုန်း၊ ဘရှ်ကောတ့် (ဘရှ်ခစ်ရ)် ၂၉.၇၆ ရာခိုင်နှုန်း၊ တာတရ် ၂၄.၁၄ ရာခိုင်နှုန်း၊ ချူဗရှ် ၂.၈၆ ရာခိုင်နှုန်း၊ မာရီးစ် ၂.၅၈ ရာခိုင်နှုန်း၊ ယူကရေးနီးယန်း ၁.၃၅ ရာခိုင်နှုန်း၊ မော်ဒိုဗီယန်း ၀.၆၃ ရာခိုင်နှုန်း၊ ဥဒ်မဒု ၀.၅၅ ရာခိုင်နှုန်း၊ ဘီလာရုရှန်း ၀.၄၂ရာခိုင်နှုန်း၊ အာမေးနီးယန်း ၀.၂၁ ရာခိုင်နှုန်း ဂျာမန် ၀.၂၀ ရာခိုင်နှုန်း၊ ဥဇဘက် ၀.၁၃ ရာခိုင်နှုန်း၊ အဇရီ ၀.၁၂ ရာခိုင်နှုန်း၊ ကာဇက်ခ် ၀.၁၀ ရာခိုင်နှုန်း၊တဒ်ဂျစ် ၀.၀၇ ရာခိုင်နှုန်း၊ဂျူး ၀.၀၆ ရာခိုင်နှုန်းနဲ့ တခြား ရှိတဲ့ လူဦးရေ ၂၀၀၀ အောက်စီရှိတဲ့ အုပ်စုများလဲရှိပါတယ်။ ဒီဒေသတစ်ခုတငွ်းရှိ လူမျိုးအလိုက်ဦးရေဖော်ပြချက်အရ သမ္မတနိုင်ငံနှစ်ခုရဲ့ အဓိက တိုင်းသူပြည်သားတွေကတော့ တာတာရ်နဲ့ ဗရှ်ကော့ လူမျိုးတွေပဲ ဖြစ်ပါတယ်၊နှစ်မျိုးစလုံးရဲ့ အများစုကြီးကတူရကီနွယ၀် င်တွေဖြစ်ကြပြီးမျိုးရိုးအရ မွတ်စလင်တွေ ဖြစ်ကြပါတယ်။ ကမ္ဘာတလွှား တို့မတ်ွစလင်မ် ညီနောင်များ
ရုရှနိုင်ငံရှိမွတ်စလင်မမ်ျား
7 of 12
Myanmar Muslim Media (MMM)
ခေတ်သစ်တာတာရ် လူမျိုးတွေကတော့ ယခင်ခရစ်နှစ် ၉၂၂တုံးက
အစ္စလာမ်ဘာသာကို သူတို့
နိင်ုငံရဲ့ တရားဝင်ဘာသာတရားအဖြစ် အသိအမှတ်ပြုခဲ့ကြတဲ့ ဘောလ်ဂါ ဘုလ်ဂါ လူမျိုး တွေကနေတိုက်ရိုက်ဆင်းသက်လာကြတဲ့လူမျိုးတွေပဲဖြစ်ပါတယ်။ အဲဒေီ နာက်မှာ ဘုလ်ဂါ လူမျိုးတွေကပဲ အုရယ်တောင်တန်းတွေမှာ နေထိုင်နေကြတဲ့ ဘရှ်ကော့ မျိုးနွယ် တွေဆီကို အစ္စလာမ် သာသနာကို ဆောင်ကျဉ်း ပေးခဲပါတယ်။ ဥပမာပြရရင် မွတ်စလင် ပထ၀ီဝင်ပညာရှိကြီး ယာကုတ် အလ်-ဟမာဝီ က
Yaqut al-Hamawi , 1179-1229, Arab
အလက်ပို မြို့မှာ ဘရှ်ကော့ လူမျိုး မွတ်စလင်မ်
geographer. Born in Byzantium, he was
တစ်ဦးကို တွေ့ခ့ေဲ ကြာင်း ရေးသားသွား ခဲ့ပါတယ်။
bought as a slave by a merchant, al-Hamawi.
ဒီတွေ့ခဲ့တဲ့ သူက အပ်ဟမာဝီ ကို ပြော ပြရာမှာ
He was freed on the death of his master and
ဘုလ်လာ ဘုရင်နိုင်ငံက မွတ်စလင်မ် ခုနှစ်ဦး
traveled extensively in Egypt, Syria, Iraq, and
စတင် ရောက်ရှိလာပြီး ဘရှ်ဘော့ လူမျိုး တွေ ထဲမှာ အစ္စလာမ် သာသနာ ပြန့်ပွားခဲ့ခြင်း ဖြစ် ကြောင်း
Persia. His Mujam al-Buldan, a geographical dictionary that includes much biographical,
သိရပါတယ်။ •
historical, and cultural data, is a primary source in Arabic scholarship.
မြောက်ပိုင်းကော့ကားရှပ်စ် ရဲ့ မွတ်စလင်သမ္မတ နိုင်ငံများ
ဒေသတွင်းမှာ မွတ်စလင်အများစုလွှမ်းမိုးနေထိုင်လျက်ရှိတဲ သမ္မတနိုင်ငံ ငါးခု ရှိပါတယ်။ ဒီနိုင်ငံတွေကတော့ ချီချင်နီယား၊ ဒါဂျက်စတန်၊ အင်ဂူရှီးကီးယား၊ ကဗါဒီနို ဗော်လကေးရီးယားနဲ့ ကာရာချေး-ချရ်ကက်ရှား သမ္မတ နိုင်ငံတို့ပဲဖြစ်ပါတယ်။ ဗော်လဂါဒေသကမွတ်စလင်သမ္မတနိုင်ငံတွေနဲ့ကွဲပြားတဲ့အချက်ကတော့ မြောက် ပိုင်း ကော့ကေးရှပ်စ် မှာတိုင်းရင်းသား ရုရှား တွေရဲ့ အမျိုးအစားက အင်မတန်မှ နည်း နေတာ ပါပဲ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဆိုဗီ ယက်ယူနီယံ က မြောက်ပိုင်း ကော်ကေးရှပ်စ် က လူတော် တော် များများကို ဆိုဗီယက် ယူနီယံကို ဂျာမန် တို့ ကျူးကျော်လာတဲ့ ကာလတုံးက အကူ အညီ ပေးခဲ့လို့ဆိုတဲ့ စွပ်စချွဲက်နဲ့ ယိုးမယ်ဖွဲ့ ပြီး နိင်ုငံကနေ နှင်ထုတ်ခ့ပဲါတယ်။
ကမ္ဘာတလွှား တို့မတ်ွစလင်မ် ညီနောင်များ
ရုရှနိုင်ငံရှိမွတ်စလင်မမ်ျား
8 of 12
Myanmar Muslim Media (MMM)
ချီချင်း၊ အင်ဂရှူ်၊ ဘောလ်ဂါ နဲ့ ကရာချေး ဒေသ တွေက မွတ်စလင်မ်မျိုးနွယ်တွေ အားလုံး ကို ၁၉၄၄ ခုနှစ်မှာ သူတို့တွေရဲ့ ဇာတိမြေ တွေက နေပြီး ကာဇက်စတန်နိုင်ငံရဲ့ မြက်ခင်း လွင်ပြင် တွေဆီကို နှင်ထုတ်ခ့ေဲ ပမယ့်လဲ ဒေသရဲ့ လူမှုရေးနဲ့ ဒေသတွင်း တိုးနှုန်း လျော့နှုန်း တွေမှာတော့ အဓိက ပြောင်းလဲမှုကြီးတွေဘာမှမရှိခဲ့ပါဘူး။
လက်ရှိမှာ မွတ်စလင် လူဦးရေက ချီချင်းနီယား၊ ဒါဂျက်စတန်နဲ့ အင်ဂူရှီတီးယား နိုင်ငံတို့မှာ အလွန့် အလွန်ပဲများပြားလျက်ရှိနေတာပါပဲ။ ၂၀၀၂ ခုနှစ် သန်းခေါင်စာရင်းအရ ချီချင်းနီးယား သမ္မတနိုင်ငံရဲ့ လူဦးေ၇က ၁.၁ သန်း နီးပါး ရှိပါ တယ်။
ချီချင်းနီးယား အမျိုးသားအလံ
ချီချင်းလူမျိုးဦးရေက ၁,၀၃၁,၆၄၇ သန်း ရှိနေလို့ စုစုပေါင်းလူဦးရေရဲ့ ၉၃.၅ ရာခိုင်နှုန်း ရှိနေပါတယ်။ တခြားအုပ်စုတွေအနေနဲ့ကတော့ရုရှားလူမျိုး (၄၀၆၄၅ ဦးသာ သို့မဟုတ် ၃.၇ ရာခိုင်နှုန်း) ကူမိတ်လူမျိုး (၈၈၈၃ ဦး သို့မဟုတ် ၀.၈ ရာခိုင်နှုန်း) သူတို့လဲမွတ်စလင်တွေပါပဲ၊ အင်ဂူရ် (၂၉၁၄ သို့မဟုတ် ၀.၃ ရာခိုင်နှုန်း) နဲ့ တခြားပိုမိုသေးငယ်တဲ့ အုပစ်ုတွေကတော့ တစ်ခုချင်းရဲ့ လူဦးရေကစုစုပေါင်းလူဦးရေရဲ့ ၀.၅ ရာခိုင်နှုန်းတောင်မှ မရှိပါ ဘူး။ အိမန်ီးချင်းဖြစ်တဲ့ အင်ဂူရှီးတီးယားသမ္မတ နိုင်ငံ ကတော့ တိုင်း ရင်းသားမျိုးနွယ်တွေ ဖြစ်ကြတဲ့ အင်ဂူရ/် ဗိငု်းနစ် မျိုးနွယ်တွေရဲ့ ဇာတိပဲဖြစ်ပါတယ် ဗိငုးနစ်လူမျိုးတွေက ခေတ်သစ် ချီချင်တွေနဲ့ အင်ဂူရှ်လူမျိုးတွေရဲ့ ရှေးဘိုးဘေးတွေရဲ့ “နစ်” ဘာသာစကားကို ပြောကြ သူများ ပါဝင်တဲ့ မြောက်ပိုင်းကော်ကေးရှပ်စ် ရဲ့ အုပ်စုတစ်ခုပဲ
ကမ္ဘာတလွှား တို့မတ်ွစလင်မ် ညီနောင်များ
ရုရှနိုင်ငံရှိမွတ်စလင်မမ်ျား
9 of 12
Myanmar Muslim Media (MMM)
ဖြစ်ပါတယ်။ အင်ဂရှူီးတီးယား ကတော့ ရုရှားရဲ့ အငယ်ဆုံး ဖက်ဒရယ်လက်အောက်ခံ ဖြစ်ပြီး လူဦးရေ အနေနဲ့ ၄၆၇,၀၀၀ ရှိပါတယ်။ ၂၀၀၂ ခုနှစ် ရုရှားသန်းခေါင်စာရင်းအရ အင်ဂူရှ် လူမျိုးတိုင်းရင်းဖွားတွေက သမ္မတ နိုင်ငံလူဦးရေရဲ့ ၇၇.၃ရာခိုင်နှုန်းရှိပါတယ်။ တခြားအုပ်စုတွေကတော့ ချီချင်း(၂၀.၄ ရာခိုင် နှုန်း) ရဲ့ ရုရှားလူမျိုး (၁.၂ ရာခိုင်နှုန်း) ဖြစ်ပါတယ်။ မြောက်ပိုင်းကော်ကားရှပ(် ခ) ထဲက ရုရှားရဲ့ ဧရိယာနဲ့လူဦးရေအရအကြီးဆုံးသမ္မတ နိုင်ငံကတော့ ဒါဂျက်စတန်နိုင်ငံပြဲ ဖစ်ပါတယ်။ စုစုပေါင်းလူဦးရေက ၂,၅၇၇,၀၀၀ ရှိပါတယ်။ ဒါဂျက်စတန်ဟာ တိုင်းရင်းသားလူမျိုး မွတ်စလင်မျိုးနွယ်တွေ ၁၀ အုပ်စုတောင် ရှိနေတာ ကြောင့် အကြီးမားဆုံး သော တိုင်းရင်းသား အုပ်စုတွေ နေထိုင်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ် သန်းခေါင်စာရင်းအရ အေဗါရ်၊ ဒါရ်ဂျင်းနဲ့ လက်ဇဂျင်း လူမျိုးတွေ ပေါင်းရင် ဒါဂျက်စတန် လူဦးရေရဲ့ ၇၅ ရာခိုင်နနှုးနီးနီး ရှိပါတယ်။ တူရကီနွယ်တွေဖြစ်ကြတဲ့ကူမိတ်၊ နိုဂိုင်းနဲ့ အဇာရီ လူမျိုးတို့က ၂၀ရာခိုင်နှုန်း ရှိနေပြီး ရုရှား လူမျိုးတွေကတော့ ၅ ရာခိုင်နနှုး ရှပိါ တယ်။ တခြားတိုင်းရင်းသား အုပ်စုတွေ တစ်ခစီုကတော့ စုစုပေါင်း လူဦးရေရဲ့ ၀.၅ ရာခိုင်နှုန်း ပဲရှိပါတယ်။ အဲဒီလိုမျိုး တိုင်းရင်းသား မျိုးနွယ် ကွေဲ တွ အမျိုးမျိုးနဲ့ အတူ လူဦးရေ ရဲ့ ၉၀% ရာခိုင်နှုန်း ကတော့မွတ်စလင်တွေဖြစ်ကြ ပါတယ်။ ကဗါရ်ဒီနိုး- ဘော်လကေးရီးယားသမ္မတနိုင်ငံက လူဦး ရေ ၉၀၁,၀၀၀ ခန်ရ့ှိပါတယ်။အဲဒီမှာ တိုင်းရင်းသား မျိုးနွယ် ၂ခုရဲ့ ဒေသကြီး၂ခု ပါဝင်ပြီး၊ တစ်ခုမှာတော့ (အနောက်မြောက် ကော်ကေး ရှပ်စ် ဘာသာစကားကိုပြောဆိုပြီး စွန္နီမွတ်စလင်တွေဖြစ်ကြတဲ့) ကဗါရ်ဒင်း လူမျိုးတွေနဲ့ နောက် ဒေသ တစ်ခုမှာတော (တူရကီ ဘာသာစကားကိုပြောဆိုတဲ့ စွန္နီ မွတ်စလင်တွေပဲ အများစုတွေပဲ ဖြစ်ကြတဲ့) ဘော်လကါရ် လူမျိုးတွေနေထိုင်ကြပါတယ်။ ၂၀၀၂ ခုနှစ်သန်းခေါင်စာရင်းအရ ကဗါရ်ဒင်းလူမျိုး က သမ္မတ နိုင်ငံလူဦးရေရဲ့ ၅၅.၃ ရာခိုင်နှုန်း ရှိပြီး၊ ရုရှားလူမျိုးက ၂၅ ရာခိုင်နှုန်း နဲ့ ဘော်လကရ်လူမျိုးတွေက ၁၁.၆ ရာခိုင်နှုန်း အသီးသီး ရှိနေ ပါတယ်။ တစ်ခြားအုပ်စုတွေအနေနဲ့ အော်ဆက်တီးယန်း (၉၈၄၅ဦး သို့မဟုတ် ၁.၁ ရာခိုင် နှုန်း)၊ တူရကီ လူမျိုး(၈၇၇၀ ဦး သို့မဟုတ် ၁.၀ ရာခိုင်နှုန်း)၊ ယူကရေးနီးယန်း လူမျိုး ( ၇၅၉၂ ဦး သို့မဟုတ် ၀.၈ ကမ္ဘာတလွှား တို့မတ်ွစလင်မ် ညီနောင်များ
ရုရှနိုင်ငံရှိမွတ်စလင်မမ်ျား
10 of 12
Myanmar Muslim Media (MMM)
ရာခိုင်နှုန်း)၊ အာမေးနီးယန်းလူမျိုး( ၅၃၄၂ ဦး သို့မဟုတ် ၀.၆ ရာခိုင်နှုန်း) ကိုရီးယန်းလူမျိုး( ၄၇၂၂ ဦး သို့မဟုတ် ၀.၅ရာခိုင်နနှုး) ချီချင်း( ၄၂၄၁ဦး သို့မဟုတ် ၀.၅ရာခိုင်နနှုး) နဲ့ တခြားသေးငယ်တဲ့ အုပစ်ုတွေကတော့တစ်ခုချင်းက စုစုပေါင်း လူဦးရေရဲ့ ၀.၅ ရာခိုင်နှုန်းထက် နည်းကြပါတယ်။ အိမန်ီးချင်းဖြစ်တ့ကဲ ရာချေး ချန်ကက်ရှားနိုင်ငံရဲ့ စုစုပေါင်းလူဦးရေက ၄၃၉၀၀၀ လောက်ရှိပါတယ်။ အဲဒမှီာ တိုင်းရင်းသားမွတ်စလင်လူမျိုးကြီးနှစ်ခုဖြစ်တဲ့ကရာချေး နဲ့ ချရ်ကက်(စ) တို့ပါဝင်ပါတယ်။ ၂၀၀၂ ခုနှစ် သန်းခေါင်စာရင်းအရ ကရာချေးက သမ္မတနိုင်ငံလူဦးရေရဲ့ ၃၈.၅ရာခိုင်နနှုးရှိပြီး၊ ကျန် တာ ကတော့ရုရှားလူမျိုး( ၃၃.၆ ရာခိုင်နှုန်း) ချရ်ကဆဲ် လူမျိုး (၁၁.၃ ရာခိုင်နှုန်း) တို့ဖြစ်ပါ တယ်။ -------------------------------------------------------------------------------------ဆောင်းပါးရှင် အလ်မီရာ အခမီတိုဗွာ သည် အလွတ်စာရေးဆရာတစ်ဦးဖြစ်ပြီး၊ ယခင် ဆိုဗီယက် ယူနီယံမှ မွတ်စလင်များ၏အခြေအနေအပါအ၀င် လက်ရှိဖြစ်ရပ်များနှင့် စိတ၀် င်စားဖွယ်ရာ အကြောင်းရာများကိုရေးသားတင်ဆက်နေသူဖြစ်ပါကြောင်း။ • (၁)
မှတ်စုများ ခါန်နိတ်သည် တူရကီဘာသာစကားကလာသောဝေါဟာရဖြစ်ပြီး၊ အချုပ်အခြာ နိုင်ငေံ ရး
သို့မဟုတ် စစ်ရေးခေါင်းဆောင်တစ်ဦးက အုပ်ချုပ်သော နိင်ုငံရေးအရ အချုပ် အချာ နယ်ပယ်တစ်ခုကို ရည်ညွှန်း ပါသည် (၂)
ချီချင်နီယာကဲ့သို ရုရှား၏ ကော်ကေးရှပ်ရဲ့ အပိုင်းက
မွတ်လင်လူဦးရေတို့ကို ရုရှား တိုက သူတို့၏ဇာတိမြေများမှ ၀င်ရောက်သိမ်းဆီးထားမှုတငွ် ကိုလိုနီပြုနေသူတို့ကို ယခုလဲ အလေးထားစဉ်းစာစရာဖြစ်ဆပဲ င်။ (၃)
New Left Review Journal မှ Tony Wood ၏ The
Case for Chechenya ခေါင်းစဉ်နှင့်ဆောင်းပါးကိုရှုပါ
ကမ္ဘာတလွှား တို့မတ်ွစလင်မ် ညီနောင်များ
ရုရှနိုင်ငံရှိမွတ်စလင်မမ်ျား
11 of 12
Myanmar Muslim Media (MMM)
(၄)
မာဂျာနီ၊ ရှီဟာဘက်ဒင် မွတ်စ်တဖက် အလ် အက္ကဘာ ဖီ ကာဇန် ၀ဘုလ်ဂါ။ ကာဇန် -
တာတာစတန် ပုံနှိပ်တိုက်။ ၁၉၈၈ စာ ၁၃၄. (၅) အမှန်စင်စစ် စတာလင်ဟာ မြောက်ပိုင်းကော့ကေးရှပ် ဒေသမှာရှိတဲ့ မွတ်စလင်မ် အများစု လွှမ်းမိုးထားမှုကြောင့် ရှိနေတဲ့ လူမှုနငိုငံရေး သဟဇာတ ဖြစ်မှုကို ခွဲခြားဖြစ်ရန် အင်အားသုံးပြီး နယ်နှင်ခြင်း ဥပဒေကို ကျင့်သုံးခဲ့ပါတယ်။ မြောက်ပိုင်းကော့ကေးရှပ် မှာနေတဲ့ လူတွေက နာဇီ တွေကို ကူညီတယ်ဆိုတဲ့ အငြင်းပွားဖွယ်ရာ သမိုင်းတွေ ပြပြီးတော့ အရေးယူမှုတွေ ပြုလုပ်ခ့တဲာ ဖြစ်ပါ တယ်။ ပြန်ဆိုသူ ….....၀ါးခယ်မမောင်မင်းနိငု Myanmar Muslim Media (MMM) မှ ဖေါ်ပြပါသည်။
ကမ္ဘာတလွှား တို့မတ်ွစလင်မ် ညီနောင်များ
ရုရှနိုင်ငံရှိမွတ်စလင်မမ်ျား
12 of 12