၂/၂၀၀၉ ဖေဖေါ်ဝါရီလ ၂၃ရက် ၂၀၀၉ခုနှစ် အသိပေးကြေငြာချက်
မြန်မာနိုင်ငံတ၀န်းလုံးရှိတိုင်းရင်းသားပြည်သူများခင်ဗျား
ကျနော်တို့ Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)အဖွဝဲ့ င်တဦးဖြစ်ပြီး ၂၀၀၈ ခုနှစ် မတ်လ ၁၂ ရက်နေ့က မတရားဖမ်းဆီးထောင်ချခံခဲ့ရသော ကိုသဟီ ၀င်းတင် (ဒုတိယနှစ-် ဥပဒေကျောင်းသား) သည်ညောင်ဦးထောင်တငွ် နှလုံးရောဂါ ဝေဒနာ ပြင်းထန်စွာခံစားနေရပြီးအာဏာပိုင်များကလျစ်လျူရှုထားကြောင်းသိရပါသည်။ အာဏာပိုင်များက အကျဉ်းသားများရသင့်သည့် ကျန်းမာရေးစောင့်ရှောက်မှုခံယူပိုင်ခငွ့်ကို ထိုသို့မသိကျိုးကျွံ ပြုထားခြင်းသည် နိုင်ငံတကာလူ့အခွင့်အရေးအခြေခံအချက်များကိုချိုးဖောက်နေခြင်းဖြစ်ပါသည်။ ထို့ကြောင့် အကျဉ်းသားများရသင့်ရထိုက်သည့် အခွင့်အရေးများကို အမြန်ဆုံးအပြည့်အ၀ဖြည့်ဆည်းပေးရန်နှင့် တိုင်းပြည်ရေး အတွက် ယုံကြည်ချက်ဖြင့် ကိုယ်ကျိုးစွန့် ဆောင်ရွက်သူများကိုမတရားဖမ်းဆီးထားခြင်းမှ အမြန်ဆုံးပြန်လွှတ်ပေးရန် ကျွန်ုပ်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံးမှ) လေးလေးနက်နက်တိုက်တွန်းတောင်းဆိုလိုက်သည်။