မေတ္တာ

  • Uploaded by: May Myanmar
  • 0
  • 0
  • June 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View မေတ္တာ as PDF for free.

More details

  • Words: 245
  • Pages: 5
မေတ္တာအကျိုးပေးပါစေ၊၊

ခလေးတို့ ရေ..။ ဒီကမ္ဘာလောကကြီးထဲမှာ…မြင်နိုင.် .ထိတွေ့ နိုင်တဲ့ ရုပ်ဝတ္ထုတွေကိုသာတန်ဘိုးဖြတ်နိုင်၊သတ်မှတ်နိုင်ခဲ့ပေမဲ့၊ မမြင်ရ၊မထိတွေ့ ရ၊အကောင်အထည်မဖေါ်ပြနိုင်ပေမဲ့ .တန်ဘိုးဖြတ်လို့ မရတဲ့  အရာတခုရှိသတဲ့ ကွယ်..။အဲဒါကဘာလဲဆိုတော့..လူ၊သတ္တဝါတိုင်းမှာရှိနေပြီးသားဖြစ် တဲ့ မေတ္တာ..ဆိုတဲ့ အရာပါဘဲ။ မေတ္တာ ဆိုတာခေါ်လို့ လဲကောင်း၊နားဝင်လဲချိုတဲ့ စကားလုံးလေးဟုတ်ဘူးလားကွယ် ..။ မေတ္တာနဲ ပ့ါတ်သက်ပြီး..ကျေးဇူးရှင်မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး.. အရှင်ဇနကာဘိဝံသ..ကမေတ္တာဂုဏ်ရည်ဆယ့်တစ်လီဆိုပြိးဖွဲ့ ဆိုပြခဲ့တယ်။

မေတ္တာဂုဏ်ရည် ဆယ့်တစ်လီ ပထမအပိုဒ်မှာ အညီသတ္တဝါ၊ မလပ်ပါအောင် အခါခါနေ့စဉ်၊ မေတ္တာယှဉ်မူ၊ ကြည်လင်အိပ်ပျော်၊ ထချိန်တော်၍၊ နိုးသော်ရွှင်ရွှင်၊ အိပ်မက်မြင်လည်း၊ အစဉ်ကောင်းစွာ၊ မြင်မက်ရာ၏၊…လို့ စပ်ဆခိဲု့တယ်။

မေတ္တာဆိုတာသက်ရှိသတ္တဝါတွေအားလုံးအပေါ်နေ့ စဉ်မပြတ်ပွါးများခဲ့ ရင်အိပ်ရာဝင်ချိန်မှာ စိတ်ကြည်ကြည်လင်လင်နဲ့  အိပ်နိုင်သလို..အိပ်ရာကနိုးချိန်မှာလဲရွှင်ရွှင်ပြပြကိုနိုးထနိုင်မယ်တဲ့ ။ အိပ်မက်မက်ရင်တောင်ကောင်းမွန်တဲ့ အိမ်မက်ကိုဘဲမက်တတ်သတဲ့ ..။ စိတ်ကြည်ကြည်လင်လင်နဲ့ အိပ်ရာဝင်အိပ်ရာထ နိုင်ဘို့ ဆိုတာ..လူတိုင်းအတွက်အရေးကြီးဆုံးပါဘဲ..။ တနေ့ တာလှုပ်ရှားလုပ်ကိုင်ခဲ့တာတွေပေါ်မှာမူတည်ပြီး အကျိုးခံစားရတာပါ။ တူသောအကျိုးပေးတယ်ဆိုတာ..ဒါပါဘဲ..။ကောင်းသောလုပ်ရပ်က ကောင်းတဲ့ အကျိုးပေးမှာမလွဲပါဘူး။ နိုင်ငံရပ်ခြားမှာကြုံခဲ့ ရတဲ့ ဥပမာတခုပြောပြမယ်နော်..။ အမေရိကားကဓါတ်ဆိဆိုင်တဆိုင်မှာတယောက်ထဲအလုပ်လုပ်နေရတဲ့ အချိန်ပေါ့..။ တနေ့ မှာ အသက် ၇ှ ကျော်လောက်ရှိတဲ့ အမေရိကန်အဖိုးကြီးတယောက်ဓါတ်ဆီလာထည့်ပါတယ်။ကားပေါ်ကဆင်းကတဲကိုက တုန်ချိ၊တုန်ချိနဲ .့ .ဒုတ်ကောက်လေးယူပြီးဆင်း..မေ ရှိတဲ့ ကောင်တာကိုလာပြီး သူ ဘယ်လောက်ဘိုးဖြည့်ချင်တယ်ပေါ့လေ..။ မေ လဲသူဖြည့်ချင်တဲ့ အရေအတွက်ကိုဖွင့်ပေးလိုက်တော့ ပိုက်ဆံပေးတာပြန်အမ်းတာကအစ တုန်ရီနေတဲ့ လက်နဲ့ လုပ်ကိုင်နေတာတွေ့ ရတော့ မေ. စိတ်မသက်သာဘူး။ ကားရှိရာကိုသွားတော့လဲ လှုပ်လှုပ်၊လှုပ်လှုပ်နဲ့ ဘဲ။မေ လှမ်းကြည့်နေမိတယ်။ သူ တော်ရုံနဲ့ ကားဓါတ်ဆိထည့်တဲ့ အပေါက်ကိုမဖွင့်နိုင်ရှာဘူး။မေ. ဘယ်နေနိုင်တော့မလဲ..။ သူ့ ဆီကိုသွားပြီး သူ့ ကားသော့ကိုတောင်း..ဓါတ်ဆီထည့် ပြီးတဲ့ အထိ မေ လေအစအဆုံးလုပ်ပေးလိုက်တယ်..။(အမှန်က မေလုပ်တဲ့ ဆိုင်က ကိုယ့်ဖါသာကိုယ်လုပ်ရတဲ့ ဆိုင်..။မေတို့ ဘာမှလုပ်ပေးစရာမလိုဘူး။) မေ အဖိုးကြီးကိုမေတ္တာထားပြီး သနားသွားတာလေ.။ဓါတ်ဆီလဲဖြည့်ပြီးရော.. သူ့ ကိုမေ သေချာတွဲပြီးကားပေါ်ထိုင်စေတယ်..။သူ မေ့ ကိုသေချာလိုက်ကြည့်နေတာကို မေသိပေမဲ့ မသိချင်ယောင်ဆောင်ပြီှးကားတံခါးကိုပိတ်လိုက်ရင်း..ရှင်သွားလို့ ရပြီဆိုတော့..သူ မေးတယ်.။ နေပါဦး.မင်းငါ့ကိုဘာလို့ ဒီလိုတွေလုပ်ပေးတာလဲတဲ့ ။

မဟုတ်ပါဘူး…ရှင့်ကိုမြင်ရတဲ့ အချိန်ရှင်လှုပ်ရှားနေတာတွေကြည့်ပြီး..ရှင့်နေရာမှာကျမ အဖေသာဆိုရင်..လို့ တွေးလိုက်မိလို့ ပါလို့  ပြောလိုက်တယ်..။ထူးဆန်းစွာဘဲအဖိုးကြီးမျက်ရည်ကျလာတယ်..။ ငါတယောက်ထဲဒိလိုဘဲနေလာခဲ့ တာကြာပြီတဲ့ ။ငါ့ကိုမင်းလိုဘယ်သူမှဂရုမစိုက်ဖူးဘူးတဲ့ ။ မေ ပြုံးဘဲ ပြုံးနေလိုက်ပါတယ်။ နောက်နေ့ တွေသူလာတော့ မေ့အတွက်သကြားလုံးလေးကအစ..ချောကလက်လေးအဆုံးယူလာပေးပါတယ်.။ဓါတ်ဆိမထည့်လဲ သူရောက်လာတတ်တယ်..။မေ့ ကိုမြင်ရင်သူစိတ်ချမ်းသာလို့ တဲ့ ။ မေ ကလဲသူ ပျော်ရွှင်နေတာကိုမြင်ပြီးအဝေးမှာခွဲနေရတဲ့ အဖေ နဲ့  စကားပြောနေရသလိုစိတ်ချမ်းသာမိတာအမှန်ပါဘဲ ။ ပြောချင်တာက မေတ္တာဆိုတာရောင်ပြန်ဟပ်တတ်တယ်ဆိုတာပါ..။ လူမျိုးမရွေးဘာသာမရွေး၊နေရာဒေသမရွေး၊..မေတ္တာဆိုတာထားတတ်ရင်အကောင်းဆုံးပါဘဲ။ မေတ္တာဆိုတာအေးချမ်းပါတယ်။ ဆရာတော်ကြီးက နောက်တပိုဒ်မှာဒီလိုဆိုထားပြန်ပါတယ်။ ပြည်ရွာလူသား၊ နတ်အများလည်း၊ မြင်ကြားသမျှ၊ ချစ်ခင်ကြ၍၊ ဒေဝထွေထွေ၊ စောင့်ရှောက်လေ၏၊ မေတ္တာတရားကြီးမားတဲ့ သူတွေကိုကိုယ့်အချင်းချင်းရော..နတ်ဒေဝါတွေကအစ ချစ်ခင်ကြပြီးစေါင့်ရှောက်တတ်ကြတယ်တဲ့ ။ မီးရေ ခိုးသူ၊ များဗိုလ်လူလည်း၊ မယူ မဖျက်၊ မနှောင့်ယှက်တည်း၊ အေးချမ်းတဲ့ မေတ္တာကိုလူသတ္တဝါတိုင်းကိုပေးနိုင်တဲ့ အတွက်..ချစ်ခင်မှုကိုရပြီး.. တော်ရုံတန်ရ.ုံ .ဘေးဒုက္ခလဲမကျရောက်နိုင်ပါဘူး။ နောက်တပိုဒ်မှာတော့

စိတ်စက်လည်းတည်၊ မျက်နှာကြည်၍၊ သေမည်ခါချဉ်း၊ တွေဝေကင်း၏၊..တဲ့။ မေတ္တာတွေ ပြည့်နေတဲ့ အတွက်..ကိုယ့်စိတ်က လဲတည်ငြိမ်နေပြီး .. ကြည်လင်တဲ့ မျက်နှာလေးကိုသာပိုင်ဆိုင်နေမှာမလွဲပါဘူး။ လူသတ္တဝါတိုင်းမကင်းနိုင်တဲ့ ၊ရှောင်လွှဲလို့ မရတဲ့ သေခြင်းတရားကိုကြုံခဲ့ရရင်တောင် တွေဝေခြင်းကင်းပြီးရင်ဆိုင်နိုင်မှာဖြစ်ပါတယ်..။ နောက်ဆုံးအပိုဒ်မှာတော့ဆရာတော်ကြီးက မေတ္တာအကျိုးကိုဒီိလိုဖွင့်ဟခဲ့ ပါတယ်။ မှန်းရင်းဓမ္မ၊ မဂ်မရလည်း၊ ဈာန်ရလေလစ်၊ ဗြဟ္မာဖြစ်သည် . . . ဆယ့်တစ်မေတ္တာ အကျိုးတည်း။

အရွင္ဇနကာဘိဝံသ (ဿ၉ှှ - ဿ၉၇၇) အမရပူရမြို့၊ မဟာဂန္တာရုံဆရာတော်။ ဒီဘဝမှာမဂ်နိဗ္ဗန်ကိုမရခဲ့သည့်တိုင်အောင် ထားရှိခဲ့ တဲ့ မေတ္တာအကျိုးကြောင့် သေပြီးတဲ့ နောက်ဈန်ရပြီးဗြဟ္မာဖြစ်လိမ့်မယ်လို့ ဆိုခဲ့တာပါ..။ ကဲ..ခလေးတို့ ရေ..။ မေတ္တာထားရခြင်းရဲ့အကျိုးတွေကို..သိလောက်ပြီထင်ပါတယ်နော်။ ခလေးတို့ အားလုံး..မနက်အိပ်ရာထ မင်္ဂလာပါလို့ နှုတ်ဆက်ပြီိးတာနဲ့ .. သွားလေရာ၊လာလေရာ.၊လူသတ္တဝါအားလုံးကိုမေတ္တာထားနိုင်ကြတဲ့ သူတွေဖြစ်ကြပြီး၊ ထားရှိခဲ့တဲ့ မေတ္တာအကျိုးကိုခံစားနိုင်ကြတဲ့ သူတွေဖြစ်ကြပါစေကွယ်..။ မေတ္တာဆိုတာ..ရေပေါ်မှာပေါ်တဲ့ လအရိပ်လေးလိုဘဲနှလုံးစိတ်ဝမ်းအေးချမ်းစေနိုင်ပါတယ်။ မေတ္တာဖြင့် မေမြန်မာ..။

More Documents from "May Myanmar"

June 2020 7
June 2020 4
June 2020 1
June 2020 8
June 2020 4
June 2020 4