မနက်မိုးလင်းအိပ်ရာထ

  • Uploaded by: May Myanmar
  • 0
  • 0
  • June 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View မနက်မိုးလင်းအိပ်ရာထ as PDF for free.

More details

  • Words: 94
  • Pages: 3
မနက်မိုးလင်းအိပ်ရာထ..မင်္ဂလာပါလို့ နှုတ်ဆက်ကြ..။

ခလေးတို့ ရေ….။ ပြည်တွင်းမှာရှိနေတဲ့ သူတွေရော၊ပြည်ပမှာရောက်နေတဲ့ သူတွေရော… မင်္ဂလာပါလို့ ……မေ…..နှုတ်ဆက်စကားအရင်ဆိုလိုက်ပါတယ်…။ မနက်မိုးလင်းအိပ်ရာထ တာနဲ့  မျက်နှာရွှင်ချိုပြီးနိုးလာရတာမင်္ဂလာတပါးပါဘဲ..။မနက်အိပ်ရာထချိန်ဟာ လူတယောက်အတွက်သိတ်ကိုအရေးကြီးပါတယ်..။အိပ်ရာကနိုးနီုးချင်း ..စိတ်ကြည်လင်နေတဲ့ အခါ လူဟာ မျက်နှာအလိုလိုကြည်လင်လာပါလိမ့်မယ်..။အဲဒီအခါကျရင် တနေကုန.် .အလုပ်ဘဲသွားနေသွားနေ..၊ကျောင်းဘဲတက်နေတက်နေ..၊ရောက်ရာနေရာမှာ အစစအရာရာအဆင်ပြေပြီးချောမွေ့ နေတတ်ပါတယ်..။သတိထားမိကြမှာပါ…။ မနက်မိုးလင်းအိပ်ရာထချိန်မှာ မိသားတစုလုံး….ကြည်လင်ရွှင်ပြနေတာမြင်ရရင်.. အဲဒီအိမ်ဟာ မင်္ဂလာရှိတဲ့ အိမ်ပေါ့..။ စီးပွါးရေးမပြေလည်မှုတွေကြောင့် အခက်အခဲတွေအနဲနဲ့  အများရှိနေကြမှာပါ..။ဘာဘဲဖြစ်ဖြစ် .. မနက်မိုးလင်းအိပ်ရာအထ မှာတော့ အားလုံးကိုခနလေးမေ့ ထားလိုက်..ကြပြီး….ဖေဖေ..မေမေ မင်္ဂလာပါလို့ ပြုံးချိုချိုလေးပြောလိုက်ပါ..။ဘယ်လောက်စိတ်ညစ်နေနေ ဆဲတော့ထုတ်မှာမဟုတ်ပါဘူး..။ ခလေးတို့ ရေ..။

အပြုံးဆိုတာ..ကူးစက်စေတတ်ဆုံးအရာတခုတဲ့ ..။ကိုယ် က ပြုံးပြရင်..ကို့်ယ့်ဘယ်သူပြန်မပြုံးပြဘဲနေမယ်တဲ့ လဲ…။ပြုံးပြတာပိုက်ဆံမကုန်ပါဘူးကွယ်..။ အဲဒီတော့ဘာပြန်ရလဲသိလား…?။ ဖေဖေ၊မေမေ တို့ မှာဘယ်လောက်စိတ်ညစ်နေနေ ခလေးတို့ ဆီက မင်္ဂလာနှုတ်ဆက်စကားလေးကြောင့်..ကြည်နူးမှုအရှိန်လေးမသိမသာရသွားပြီ..။သူတို့ လဲအလိုလို ပြုံးလာကြပါလိမ့်မယ်..။ဒီနေ့ မအောင်မြင်ရင်နောက်နေ့ ဆက်လုပ်ကြည့်ပါ..။ မိဘတွေရဲ့..တင်းကျပ်နေတဲ့ စိတ်တွေ..နဲနဲလျော့ပါးသွားအောင်..လုပ်ဆောင်လိုက်နိုင်ပြီလို့ .. တွေးမိပြီး..ခလေးတို့ ကိုယ်တိုင်ရော..မပျော်သွာဘူးလား..။ မျက်နှာပေါ်မှာအပြုံးဆိုတာ ရင်ထဲက ပျော်မှပေါ်တာနော်…။ စိတ်ထားတတ်ရင်..ပျော်ပါတယ်..။ဘာစိတ်လ.ဲ .လို့ ..မေ..ပြောမယ်..။ မေတ္တာစိတ်ပေါ့…။ လူတိုင်းကိုမေတ္တာထားပါ..။သတ္တဝါတိုင်းကိုမေတ္တာထားပါ..။ ခုနက မေ..ပြောခဲ့ သလိုဘဲ..မေတ္တာထားတာလဲ ပိုက်ဆံမပေးရပါဘူးကွယ်..။ လူတိုင်းမှာအကြောင်းအရာတမျိုးစီ..စိတ်မကျေနပ်စရာ..အလိုမပြည့်တာတွေရှိနေကြမှာဘဲ..။ အခုခေတ်အခါကပိုဆိုးတာပေါ့…။ အဲဒီပိုဆိုးတဲ့ ခေတ်က..ပိုပြီးမေတ္တာထားဘို့ လိုအပ်လာပြီခလေးတို့ ရေ..။ သူတပါးအပေါ်ညှာတာ…၊စာနာမှုဆိုတာမေတ္တာအရင်းခံပါတယ်…။ ဒီနေ့ တော့ မေ..ဒီလောက်ဘဲ ပြော ဦးမယ်နော်..။ မေပြောတာတွေက.ို .လက်ခံနိုင်ကြ..လက်တွေ့ လုပ်ကြည့်နိုင်ကြမယ်ဆိုရင်ဘဲ..မေ..ကျေနပ်ပါပြီ..။ နောက်နေ့ တွေ..မှာဆက်ရေးပါ့မယ်..။ဖတ်ချင်တယ်ဆိုရင်ပေါ့…။ မေတ္တာဖြင်.့ .

မေမြန်မာ..။

More Documents from "May Myanmar"

June 2020 7
June 2020 4
June 2020 1
June 2020 8
June 2020 4
June 2020 4