Open Letter To Spdc Bur 060409

  • April 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Open Letter To Spdc Bur 060409 as PDF for free.

More details

  • Words: 280
  • Pages: 2
စာအမှတ် - ၃ /၂၀၀၉ (၈၈) ရက်စွဲ - ၆ /၄/၂၀၀၉

နအဖ စစ်အစိုးရသို့ ၈၈ မျိုးဆက်ကျောင်းသားများမှ အိတ်ဖွင့်ပေးစာ န.အ.ဖ စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဖြစ်ပေါ်လာသော နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုများသည် န.အ.ဖ စစ်အစိုးရအနေဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်မှသာလျှင် ရုတ်သိမ်းသွားစေနိုင်ပြီး တိုင်းပြည်နှင့်လူထုအတွက် အကျိုးရှိနိုင်မည်။ (၁) မြန်မာနုငိငံတွင် လက်ရှိအခြေအနေ၌မှာပင်

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြပ်အတည်းများ အလွန်ဆိုးဝါး

လျက်ရှိပါသည်။ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်နေပြီး ထိုကျဆင်းမှုများ၏ ဂယက်များ ကြောင့် မြန်မာပြည်သူများအဖို့ ပိုမဆိုးဝါးသော အကြပ်အတည်းများနှင့် မုချရင်ဆိုင်ကြရတော့မည်ဖြစ်ပါသည်။ (၂) ထိုအကြပ်အတည်းများမှ ကျော် လွှားလွတ်မြောက်နိုင်ရန်အတွက် တမျိုးသားလုံးမှာ တာ ၀န်ရှိပါသည်။ ထို့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တွေ့ဆုံဆွေးနွေးအဖြေရှာကြရန် နအဖစစ်အစိုးရသို့ တာ ၀န်ရှိစွာ အကြံပြု တင်ပြခဲ့ပါ သည်။ (၃) တဆက်တည်းဖြစ်သော လုပ်ငန်းစဉ်များအဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအ ၀င် နိုင်ငံရေးအကျဉ်းသားများအား ချွင်းချက်မရှိ လွှတ်ပေးရေး ၊ လွှတ်တော်ခေါ်ယူပေးရေး၊ တွေ့ဆုံဆွေးနွေးရေး၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေအား ပြန် လည်သုံးသပ်ရေး စသည့် လုပ်ငန်းစဉ်များကို အမြန်ဆုံးဆောင်ရွက်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မတီတို့မှ ပြည် သူတရပ်လုံး၏အကျိုးကိုရှေ့ရှု၍ တာဝန်ရစွှိာ တင်ပြတောင်းဆိုခဲ့ခြင်း ဖြစ် သည်။ ဤတောင်းဆိုချက်များသည် လက်ရှိကြုံတွေ့နေရသော အကြပ်အတည်းများမှ လွန်မြောက်သွားစေနိုင်သော လုပ်ငန်းစဉ်တင်ပြချက်များဖြစ်သည်ဟု ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများမှ ယုံကြည်ပါသည်။ ဤတောင်းဆို ချက်များသည် ပြည်တွင်းပြည်ပ အင်အား စုအသီးသီးနှင့် နိုင်ငံတကာမိသားစုများ၏ဆန္ဒနှင့်လည်း တထပ်တည်း ဖြစ် ပါ သည်။ (၄) ကျိုးကြောင်းဆီလျော်သော ဤတောင်းဆိုချက်များကို ပစ်ပယ်ထားပြီး ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးလှုပ်ရှားနေ သူမှန်သမျှအား ကန့်သတ်ဖိနှိပ် ဖမ်းဆီးထောင်ချနေခြင်းများကိုသာ နအဖစစ်အစိုးရက ဆက်တိုက် ကျူးလွန်နေသည့် အတွက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အလေးထားသော နိုင်ငံကြီးများက နအဖစစ်အစိုးရအပေါ် နိုင်ငံရေး စီးပွား ရေး လူမှုရေး အထွေထွေပိတ်ဆို့ဒဏ်ခတ်မှုများ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။ (၅) ပိတ်ဆို့မှုများနှင့်ပတ်သက်၍ နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်၏ အကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံရာတွင် “ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ် ဆို့မှုများအား အရင်ဖယ်ရှားပေးရန် ကြိုးပမ်းဆောင်ရွက်သင့်ေ ကြာင်း” ဖွင့်ဟတောင်းဆိုခဲ့သည်။ တပြိုင်နက်တည်း

တွင် ထိုပိတ်ဆို့မှုများ၏ တရားခံအဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လက်ညှိုးထိုး အ ပြစ်ပုံချခဲ့ပါသည်။ ပိတ်ဆို့ဒဏ်ခတ်မှုများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ အားလည်းကောင်း၊ ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူများအားလည်းကောင်း၊ အနောက်နိုင်ငံကြီးများအား

လည်း

ကောင်း လက်ညှိုးထိုး စွပ်စွဲအပြစ်တင်နေခြင်းဖြင့် ပိတ်ဆို့မှုများအားလုံး ဖယ်ရှားရုတ်သိမ်း သွားလိမ့်မည် မဟုတ်ပါ။ (၆) ပိတ်ဆဒို့ ဏ်ခတ်မှုများသည် နအဖစစ်အစိုး ရ၏ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးဆိုင်ရာ ကျူးလွန်ချိုးဖောက်များ ကြောင့်သာဖြစ်သည်ဟု ကျွန်ုပ်တို့မှ နားလည်ယုံကြည်ပါသည်။ (၇) ၎င်းပိတ်ဆို့ဒဏ်ခတ်မှုများ အဆုံးသတ်သွားစေရန် ဆောင်ရွက်ရမည့်သူမှာ နအဖစစ်အစိုးရကိုယ်တိုင်သာဖြစ်ပြီး အခြားမည်သူမျှ၊ မည်သည့်အဖွဲ့အစည်းမျှ မဟုတ်ပါ။ နအဖစစ်အစိုးရအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည် သူ့လွှတ်တော်ကိုယ်စားပြုကော်မတီတို့မှ ထောက်ပြတောင်းဆိုထားသော အချက် (၄) ချက်ကို အမြန်ဆုံးဆောင် ရွက် ပေးခြင်းဖြင့် ပိတ်ဆို့ဒဏ်ခတ်မှုများ

တဆင့်ပြီးတဆင့် လျော့ကျ ဖယ်ရှားသွားလိမ့်မည်ဟု ကျွန်ုပ်တို့

၈၈ မျိုးဆက်

ကျောင်းသားများမှ အခိုင်အမာယုံကြည်ပါသည်။ (၈) နအဖစစ်အစိုးရအနေဖြင့် တိုင်းပြည်နှင့် ပြည်သူတရပ်လုံး၏ အကျိုးစီးပွားကိုရှေ့ရှု၍ မိမိကိုယ်ကိုပြောင်းလဲရင်း အခြေအနေကြီး တခုလုံးကိုပြောင်းလဲပစ်ရန် လက်ရှိအခြေအနေများက တောင်းဆိုနေပါသည်။ နအဖ စစ်အစိုးရ အနေ ဖြင့် အပြောင်းအလဲများကို ဆောင်ရွက်ရန် ယနေ့အခြေအနေသည် အချိန်အခါကောင်းဖြစ်ပါသည်။ (၉) ပြည်တွင်းပြည်ပအင်အားစုများနှင့် နိုင်ငံတကာ၏တောင်းဆိုမှုများကို မျက်ကွယ်ပြု၍ နအဖစစ်အစိုးရ၏ အကျိုး စီးပွားတစ်ခုတည်းကိုသာ ရှေ့ရှုဆောင်ရွက်နေမည်ဆိုလျှင်ြ ဖစ်ပေါ်လာမည်ဆ့ိုးကျိုးမှန်သမျှသည် နအဖ စစ်အစိုးရ၏ တာဝန်သာ လုံးဝဖြစ်ကြောင်း ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများက သတိပေး တိုက်တွန်းလိုက်ပါသည်။

အပြောင်းအလဲများကို ဆောင်ရွက်ရန် အဓိကတာဝန်ရှိသူမှာ နအဖ စစ်အစိုးရကိုယ်တိုင် ဖြစ်သည်။

၈၈ မျိုးဆက်ကျောင်းသားများ ဆက်သွယ်ရန် [email protected]

Related Documents