Once More Again

  • Uploaded by: heinhtetsan
  • 0
  • 0
  • April 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Once More Again as PDF for free.

More details

  • Words: 243
  • Pages: 1
လုပ်ချလိုက်ပြန်ပြီ အော် တော်တော် တော်တဲ့ ပုဂ္ဂိုလ်တွေပါလား။ စားပေါက်ကတော့ အမျိုးမျိုးပဲနော်။ ၁၉၉၆ ခုနှစ်တုန်းလည်း Open School Campaign ဆိုပြီး ဒေါ်လာသန်းချီတဲ့ ရရှိတဲ့ လှုပ်ရှားမှုကို လုပ်ခဲ့တယ်။ နော်ဝေးတနိုင်ငံတည်းက နေ ကရိုနာ သန်း ၂၀ လောက် ရရှိခဲ့တယ်။ အဲဒီတုန်းကလည်း ကျော်ကျော် နိုင်အောင် ခင်မောင်ဝင်းတို.က ဦးဆောင်တယ်။ ဒေါက်တာသောင်းထွန်းကတို.က နောက်က ပံ့ပိုးပေးတယ်။ ဗကသများအဖွဲချုပ် နိုင်ငံခြားရေး ကော်မတီနှင့် အတူ Open School လှုပ်ရှားမှုကို လုပ်ခဲ့တယ်။ နောက်ဆုံး အဝေမတဲ့လို. မဲဆောက်မှာ ရှိတဲ့ ဗကသများအဖွဲ.ချုပ် နိုင်ငံခြားရေးကော်မတီရုံးမှာ ကွန်ပြူတာကို ယူသူက ယူ တခြား ပစ္စည်းကို စွဲသူက စွဲဆိုပြီး အချင်းချင်း အဝေမတည့်လို. ရရာကို ယူပြီး အမွေခွဲသလိုဖြစ်ခဲ့တာ အားလုံး မှတ်မိနေကြမှာပါ။ ကဲ အခု လာပြန်ပြီ။ လုပ်ချလိုက်ပြန်ပြီ။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးတဲ့။ ကြားရရင်တော့ နတ်လူ သာဓု ခေါ်ရမည့်ကိစ္စ။ အကြောင်း အမျိုးမျိုးကြောင့် ထောင်ထဲမှာ အဖမ်းခံရသူတွေကို သနားမိသလို။ စာလည်း စာနာမိပါတယ်။ လွတ်လည်း လွတ်စေချင်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မလွတ်တော့မသိဘူး။ ဒီလှုပ်ရှားမှုအတွက်ကို အကြောင်းပြပြီး လုပ်စားဖို.အ တွက် ဂွင်တခုကတော့ ကျော်ကျော်တို. နိုင်အောင်တို. ခင်ဥမ္မာတို. လက်ဦးမှု ရရှိလိုက်တာပဲ။ ဒီတခါတော့ ဗကသများအဖွဲ.ချုပ် နိုင်ငံခြားရေးကော်မတီ၏အပိုင်နယ်မြေမဟုတ်တော့ဘူး။ မောင်မောင်တိတ်တို. ဘိုကြည်တို. စားချက်ဖြစ်သွားတယ်။ နိုင်ငံရေးအကျဉ်းသားမဟုတ်လား။ ဆရာကြီးကျော်ကျော်တို. နိုင်အောင်တို.ကတော့ ထုံးစံတိုင်းပဲ။ စားကွက်ထွင်ရာမှာတော့ စံပဲ။ ဒါကြောင့်လည်း တိုင်းပြည်နှင့် လူမျိုးအတွက် တော်လှန်ရေး လုပ်နေပါတယ်လို. ပြောရင်းနှင့်ပဲ ကားကောင်းကောင်းကြီးတွေ စီး။ အိမ်ကောင်းကောင်းကြီး တွေမှာနေ။ မက်ဆီကိုက ဘိန်းဘုရင် Drug Cartels တွေလိုပဲ ခေါင်းဆောင်ကြီးတွေလိုဖြင့် ဗိုလ်စံစံနှင့် ထိုင်းနိုင်ငံမှာ ဇိမ်ခံနေတာ။ ဒါကြောင့် ကျော်ကျော်တို. နိုင်အောင်တို. ခင်မောင်ဝင်းတို. ခင်ဥမ္မာတို. လုပ်တဲ့ နိုင်ငံရေး တော်လှန်ရေးကို လုပ်ချင်လို. အားကျနေတဲ့သူတွေလည်း ဒုနဲ.ဒေးရှိနေတယ်။ သွားရည်ယိုသူတွေ အများသားပဲ။ မြန်မာပြည်မှာ စီးပွားရေး လုပ်ရင်တောင် သေချာပေါက် ကြီးပွား မကြီးပွားက မသေချာဘူး။ နောက် ဟိုလူဖား ဒီလူဖားနှင့် လွယ်တဲ့ကိစ္စမဟုတ်ဘူး။ အခုတော့ တော်လှန်ရေး ခေါင်းဆောင် နိုင်ငံရေး ခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင် လူအခွင့်ရေးခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်တွေလည်း ရရှိသေးတယ် မျက်နှာပန်းလည်း လှတယ်။ နောက် ငွေလည်း အချောင်ရတယ်။ နိုင်ငံတကာနှင့် သွားချင်ရာလည်း အခမဲ့ ခရီးသွားခွင့်ရရှိတယ်။ ဒီတော့ ဒီလို တော်လှန်ရေးမျိုး အလုပ်မျိုး နှစ်ရှည်လရှည်ဖြစ်စေချင်တာ ဘာ ဆန်းမလဲ။ စောစောစီးစီး ပွဲပြီးသွားရင် ဒုက္ခရောက်ရချီရဲ့။ ကိုယ်ကျိုးနည်းရချီရဲ.။ တကယ် ခံနေရသူတွေကတော့ အထဲကလူတွေပဲ။ သနားစရာ ကောင်းတယ်လို. ပြောရမလား။ မဟုတ်ရင်လည်း ဒီလောက် အသုံးမကျရလား အ လှ ချီလားဆိုပြီး ဒေါသ ထွက်ရမလား။ သူများတွေ လုပ်စားခွင့် ဂွင်ရအောင် စားခွက်ရအောင် ကိုယ့်ဘ၀တွေ မိသားစုဘ၀တွေကို စတေးပြီး အထဲမှာ စွပ်အတင်း လုပ်နေတာ။စစ်တပ်ကို စိမ်ခေါ်နေကြရှာတာ။ သနားပါတယ်နော်။ ဒီလို လုပ်လေ တိုင်းပြည်တော့ ဘာမှ ဖြစ်မလာသလို သူတို.ဘ၀တွေလည်း ပျက်။ တကယ် အမြတ်ထွက်သူတွေကတော့ NDD က ကျော်ကျော် နိုင်အောင် ခင်ဥမ္မာနှင့် DVB က ခင်မောင်ဝင်းတို. NCGUB က သောင်းထွန်းတို.ပဲ ဖြစ်တယ်။ ဒါပေမယ့် ဒီတခါ No Vote 2010 Election တော. ဈေးကွက်မ၀င် ဈေးကွက်မမြင်လို.လားမသိ ရှောင်နေတယ် လူ အ လေးတွေလို။ Campaign လုပ်စားသူ ဆန်.ကျင်ရေးတပ်ဦး ( Political Marketing Group)

Related Documents

Once More Again
April 2020 14
Once Again (c)
November 2019 12
Once Again In D
October 2019 19
Once Again (d)
November 2019 16
Once Again (a)
November 2019 16
Once Again (e)
November 2019 13

More Documents from ""

Suggestionb
May 2020 11
Aung
December 2019 27
2009-2-8 Otsuka
December 2019 26
Vob708
April 2020 11
Statement(2)
May 2020 9