Nld(la)korea ... Statement On Spdc Imprisonment For Dassk[1]

  • Uploaded by: flyingpeacock
  • 0
  • 0
  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Nld(la)korea ... Statement On Spdc Imprisonment For Dassk[1] as PDF for free.

More details

  • Words: 293
  • Pages: 2
National League for Democracy (Liberated Area) Korea Branch 157-10 (2nd floor) Simkog-2Dong, Wonmi-Gu, Bucheon City, Kyung-Gi Do,420-822, Republic of Korea

http://www.nldla.kr E-mail: [email protected]

Tel :( 82 ) 32 - 656 - 6932 Fax:( 82 ) 32 - 657 - 6932

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေမှူး ဒေါ်အောင်ဆန်းစုကြည်အား မတရားထောင်ချပြစ်ဒဏ်စီရင်ခြင်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ကိုရီးယားဋ္ဌာနခွ၏ဲ ထုတ်ပြန်ကြေညာချက်

၁။

မြန်မာနိုင်ငံတငွ် စစ်မှန်သောဒီမိုကရေစီစံနစ်ပေါ်ထွန်းလာရေးအတွက် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်မှစတင်၍ ငြိမ်း

ချမ်းသောနိုင်ငံရေးအန်တုမှုများဖြင့် နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်ထားသော နဝတ/နအဖ စစ်အုပ်စုကို တိုက်ပဝွဲ င်ခြင်းဖြင့်လည်း ကောင်း၊ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး အတူယှဉ်တွ၍ဲ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံအတွင်းတွင် ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးတို့အတွက် မိမိ၏ကျန်းမာရေး၊ အသက် အန္တရာယ်တို့ကိုဂရုမပြုဘဲ အစဉ်တစိုက်ကြိုးပမ်းအားထုတ်ခဲ့သည်။ ၂။

သို့သော် နအဖ စစ်အုပ်စုသည် မြန်မာနိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လှုပ်ရှားခွင့်မရရှိစေရန်အတွက် နည်းလမ်း

ပေါင်းစုံဖြင့်တားမြစ်ပိတ်ပင်ခြင်း၊ မတရားဖမ်းဆီးထိန်းသိမ်းချုပ်နှောင်ထားခြင်းတို့အပါအဝင် အသက်ဆုံးပါးသွားစေရန်အထိ လုပ်ဆောင်ခဲ့ကြ သည်။ ၂၀၀၃ ခုနှစ်၊ မေလ ဒီပယဲ င်းလုပ်ကြံသတ်ဖြတ်ခြင်းမှ လွတ်မြောက်လာသော ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖြင့် (၆)နှစ်ကြာမျှ မတရားဖမ်ဆီးချုပ်နှောင်ထားခဲ့ပြီး၊ လွတ်မြောက်လာခါနီးအချိန်တငွ် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်သို့ နိုင်ငံခြားသားတဦး ရေကူးပြီး ဝင်ရောက်လာခဲ့ခြင်းကိုအကြောင်းပြု၍ အမှုဆင်ကာ တရားစွဆဲိုခဲ့သည်။ ၃။

အဆိုပါလုပ်ကြံဖန်တီးထားသောအမှုတွင် ပြစ်ဒဏ်ထင်ရှားသည်ဟုဆိုကာ ၂၀၀၉ ခုနှစ်၊ သြဂုတ်လ (၁၁)ရက်နေ့တွင် ရန်ကုန်

မြောက်ပိုင်းခရိုင် အထူးတရားရုံးမှ ဒေါ်အောင်ဆန်းစုကြည်အား ၁၉၇၅ ခုနှစ်၊ နိုင်ငံတော်နှောက်ယှက်ဖျက်ဆီးသူများအား ကာကွယ်သည့် ဥပဒေ ပုဒ်မ(၂၂)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၃)နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသူ ဗဟUI AမျUIးသမီးAဖွဲ့ဝင်၊ ပဲခူးတIUင်း Aဖွဲ့ချူပ်စည်းရံUးEရးEခါင်းEဆာင် ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ ဗဟိုလူငယ်စည်းရုံးရေးမှူး ဒေါ်ဝင်းမမတို့ကို လည်း အလားတူပြစ်ဒဏ်များချမှတ်ခဲ့သည်။ ၄။

မည်သည့်အပြစ်တစုံတရာကျူးလွန်ခြင်းမရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ယခုကဲ့သို့မတရားပြစ်ဒဏ်ချမှတ်ခြင်းသည် မြန်မာ

နိုင်ငံ၏တရားစီရင်ရေးမဏ္ဍိုင် မည်မျှပျက်စီးယိုယွင်းနေသည်ကို အထင်အရှားပြသနေပါသည်။ ထို့အပြင် တရားစီရင်ရေးတွင် နအဖ စစ်အုပ်စု ဥက္ကဋ္ဌ၏ ထုတ်ပြန်သောကြေညာချက်ဖြင့် ဝင်ရောက်စွက်ဖက်ခြင်းကိုထောက်ရှု့ ခြင်းအားဖြင့် မြန်မာနိုင်ငံတရားစီရင်ရေးကို စစ်အုပ်စုကချုပ် ကိုင်ညွှန်ကြားနေသည်မှာ အထင်အရှားပေါ်လွင်လာပါသည်။ ၅။

မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအနေအထားအရ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားခြင်းသည် မိမိတို့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ ယိမ်းယိုင်သွားစေရန်နှင့် တိုင်းရင်းသား ပြည်သူလူထုတရပ်လုံး လိုလား တောင့်တနေသော အမျိုးသားရင်ကြားစေ့ရေးဆွေးနွေးမှုများကို မျက်ကွယ်ပြု၍ စစ်အာဏာရှင်စံနစ်ကို အခြေခိုင်အောင်ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပြွဲ ဖင့် နိုင်ငံတော်အာဏာကို ဆက်လက်ဆုပ်ကိုင်ထားရန် ရည်မှန်းထားသည့် နအဖ စစ်အုပ်စု၏ ရာသက်ပန်အာဏာသိမ်းပိုက် ရေးလမ်းကြောင်းကို အထင်အရှားတွေ့မြင်နေရပြီဖြစ်သည်။ ၆။

နအဖ စစ်အုပ်စုအနေဖြင့် ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်နေပါသည်ဟု ပါးစပ်ကမပြောဘဲ လက်တွေ့ကျသော ဒီမိုကရေစီ

စံနစ်နှင့် လိုက်လျောညီထွေရှိသည့် ပတ်ဝန်းကျင်အခင်းအကျင်းများ ထူထောင်ပေးရန်နှင့် ယုံကြည်ချက်ဖြင့် မတရားဖမ်းဆီးထောင်ချခြင်း ခံထားရသည့် တိုင်းရင်းသားခေါင်းဆောင်များ၊ အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ ကျောင်းသားခေါင်းဆောင်များနှင့် အခြားနိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးကာ အတူတကွလက်တွဲလုပ်ဆောင်ရမည်ဖြစ်သည်။ ဒီမိုကရေစီစံနစ်အနှစ်သာရကင်းမဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေဖြင့် ၂၀၁၀တွင် ရွေးကောက်ပွဲကျင်းပပေးလိုက်ရုံဖြင့် နိုင်ငံတကာအသိအမှတ်ပြုလက်ခံသော ဒီမိုကရေစီနုငိငံ တနိုင်ငံ ဖြစ်မလာနိုင် သည်ကို နအဖ စစ်ခေါင်းဆောင်များအား အတိအလင်းသတိပေးလိုသည်။ ၇။

ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာခေါင်းဆောင်အသီးသီး၊ အဖွဲ့အစည်းအသီးသီးနှင့် ကမ္ဘာ့ပြည်သူပြည်သားများ၊ မြန်မာ

နိုင်ငံသားပြည်သူလူထုတရပ်လုံးမှ

ဒေါ်အောင်ဆန်းစုကြည်အား

မတရားအမှုဆင်ဖမ်းဆီးထားခြင်းမှလွှတ်ပေးရန်

နည်းလမ်းပေါင်းစုံဖြင့်

တောင်းဆိုနေပါသော်လည်း၊ နအဖ စစ်အုပ်စုသည် ထိုတောင်းဆိုမှု၊ မေတ္တာရပ်ခံမှုများကို အသိအမှတ်မပြု လျစ်လျူရှု့ကာ မည်သို့သော နည်းလမ်းဖြင့်မဆို ဒေါ်အောင်ဆန်းစုကြည်အား မတရားထောင်ဒဏ်ချမှတ် တရားစီရင်ခြင်းသည် မြန်မာနိုင်ငံသားအားလုံး၏ မျှော်လင့်ချက် အနာဂတ်ကို သေဒဏ်ပေးလိုက်ခြင်းပင်ဖြစ်သည်။

1

၈။

ထို့ကြောင့် လူထုခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား ပြစ်မှုတစုံ

တရာကျူးလွန်ခြင်းမရှိသည်ကို ထင်ရှားစွာတွေ့မြင်ပါလျက် နအဖ စစ်အုပ်စုအလိုကျ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၃)နှစ်ကျခံရန်စီရင်ခြင်းကို ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ကိုရီးယားဋ္ဌာနခွဲမှ ပြင်းပြင်းထန်ထန် ကန့်ကက်ွရှုတ်ချကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်တောင်းဆိုလိုက်သည်။

အလုပ်အမှုဆောင်အဖွဲ့ အမျိုးသားဒီမိုကရေစီချုပ် (လွတ်မြောက်နယ်မြေ) ရက်စွ။ဲ

။ ၂၀၀၉ ခုနှစ်၊ သြဂုတ်လ ( ၁၅ )

ကိုရီးယားဋ္ဌာနခွဲ

2

Related Documents


More Documents from ""