News On Aug 30

  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View News On Aug 30 as PDF for free.

More details

  • Words: 3,299
  • Pages: 17
Uncensored Burma - Daily News ( Aug 30 ) ကိုးကန့်တပ်ဖွ့ေဲ တွ တရုတ်ပြည်ထဲ ဝင်ပြေး ခိုလှုံ RFA - 2009-08-29 နောက်ဆုံးရရှိတဲ့ သတင်းတွေအရ ကိုးကန့်တပ်ဖွ့ဝဲ င်တွေ နယ်စပ်ကို ဖြတ်ကျော်ပြီး တရုတ်နိုင်ငံတွင်းကို ခိုလှုံသွားတယ်လို့ သိရပါတယ်။ မြန်မာ စစ်အစိုးရတပ်တွေနဲ့ တပ်အင်အားချင်း မမျှတတဲ့အတွက် အခုလို တဖက်နိုင်ငံကို ခိုလှုံသွားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်နယ်စပ်အနီးရှိ ကိုးကန့်နှင့် အခြား တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ရာ နယ်မြေဒေသ မြေပုံ ဖြစ်ပါသည်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက အခုလို ပြောပါတယ်။ ဦးအောင်ကျော်ဇော။

။'ဒီနေ့ နေ့ခင်းဘက်မှာပေါ့။ အဓိက တပ်ဖွ့အဲားလုံးကို ဆုတ်ခွာပြီးတော့

ပြောက်ကျားတိုက်မယ့် အဖွဲ့တချို့ ချန်ထားခဲ့ပြီးတော့ အဓိကတပ်ဖွ့အဲားလုံးဟာ တရုတ်ပြည်ထဲကို ဆုတ်ခွာသွားတယ်။ ကိုးကန့်တပ်တွေက ယာယီအားဖြင့် နောက်ဆုတ်ပေးတာပေါ့ဗျာ။ လက်နက်တွေတော့ တရုတ်လုံခြုံရေးတပ်ဖွ့မျဲားက ထိန်းသိမ်းထားပြီးတော့ သူတို့ကိုတော့ နိုင်ငံရေးအရ ခိုလှုံခွင့်အနေမျိုး မဟုတ်ပဲနဲ့ ထွက်ပြေးလာတဲ့ ဒုက္ခသည်များအဖြစ် အသိအမှတ်ပြုပြီး သူတို့ကို ဆက်လက် ထိန်းသိမ်း စောင့်ရှောက်ထားတယ်' နယ်စပ်လမ်းကြောင်း အမျိုးမျိုးကနေ တရုတ်ပြည်ဘက်ကို သွားတာကြောင့် တပ်ဖွ့ဝဲ င် အရေအတွက်ကို အတိအကျတော့ မသိရပါဘူး။ အဲဒီလို ထွက်ပြေးရတဲ့ အဓိကအကြောင်းရင်းကို ဦးအောင်ကျော်ဇောက ဆက်လက်ပြောပြပါတယ်။ ဦးအောင်ကျော်ဇော။

။'အကြောင်း အမျိုးမျိုးကြောင့်ပေါ့။ နံပတ်တစ်အကြောင်း ကျနော့်ကို ပြောပြတာက

နယ်စပ်ဒေသမှာ ဗမာစစ်တပ်က အင်မတန်လည်း အားချင်းက မတန်ဘူးလေ။ အခု ရောက်နေတာကို ခြောက်ထောင်လောက်ရှိတယ်။ အခုနောက်ထပ်လည်း တပ်မတွေကို ထပ်ပြီး ဆွဲတင်နေတယ်။ အဲဒီတော့ တသောင်းလောက်နဲ့ သူတို့က တိုက်ရမှာ ဖြစ်တာကိုး။ ဒီနေ့လည်း အမြောက်ဆံတွေကျတယ်။ တရုတ်ပြည်ထဲမှာ အချို့ ဒဏ်ရာရတယ်။ မနေ့ကတော့ သူတို့ အမြောက်အများကြီး ပစ်တ့ေဲ အာက် သူတို့အများကြီး သေကြေဒဏ်ရာရတယ်။ အဲဒီလိုအောက်မှာ ယာယီအားဖြင့် နောက်ဆုတ်ပေးတာပေါ့ဗျာ' မြန်မာစစ်အစိုးရဟာ သူနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ တိုင်းရင်းသားအဖွ့ေဲ တွကို တိုက်ခိုက်တာဟာ ကိုးကန့်အဖွဲ့ဟာ ပထမဆုံးဖြစ်ပါတယ်။ အခုလို တိုက်ခိုက်တာဟာ မြန်မာစစ်အစိုးရအနေနဲ့ တခြား ရည်ရွယ်ချက်တွေ ရှိနိုင်တယ်လို့ ဦးအောင် ကျော်ဇောက ယူဆပါတယ်။ ဦးအောင်ကျော်ဇော။

။'တရုတ်ပြည်အနေနဲ့ ပြောမယ်ဆိုရင် အကြိမ်ကြိမ် တားဆီးထားတဲ့ကြားက

အောက်တိုဘာလ ၁ ရက်နေ့ မတိုင်ခင် ကြမ်းကြမ်းရမ်းရမ်း လုပ်ပြခြင်းဟာ သူဘာဆိုတာ ဖော်ပြပါတယ်။

ယနေ့ဗမာပြည်မှာလည်း အမေရိကန်က ကိုယ်စားလှယ် သုံးယောက် ရောက်နေတယ်။ အဲဒီတော့ နားထောင်သူ သောတရှင်များ ကိုယ့်ဟာကိုယ် စဉ်းစားနိုင်ဖို့ အချက်အလက် ပေးလိုက်တာပါ။ ကုလသမဂ္ဂမှာ ဗမာပြည်သူတွေကို စော်ကားပြီးတော့ ကာကွယ်ပေးခဲ့တဲ့ တရုတ်အစိုးရကို ဗိုလ်သန်းရွှေက သူ ဘာဆိုတာ ဖော်ပြလိုက်တာ ဖြစ်ပါတယ်' ကိုးကန့်ကို မြန်မာစစ်အစိုးရက အင်အားပြ တိုက်ခိုက်နေတာနဲ့ ပတ်သက်လို့ သူနဲ့ မဟာမိတ်လုပ်ထားတဲ့ အဖွဲ့တွေရဲ့ တုန့်ပြန်ချက်ကိုတော့ အခုထိ ထင်ထင်ရှားရှား မတွေ့ရသေးပါဘူး။ ========================== တရုတ်မြန်မာ နယ်စပ် လုံခြုံရေး တင်းကျပ် VOA - 29 August 2009

မနေ့ကညပိုင်းအထိ တရုတ်မြန်မာနယ်စပ် ကိုးကန့်ဒေသအတွင်း ပစ်ခတ်သံတွေ ကြားနေရတုန်းပဲလို့ တရုတ်မြန်မာ နယ်စပ် စစ်ရေးနဲ့နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက ဗွီအိုအေကိုပြောပါတယ်။ တရုတ်မြန် မာနယ်စပ်မှာလည်း လုံခြုံရေး တွေတင်းကျပ်ထားပြီး စီးပွါးရေးလုပ်ငန်းတွေလည်း ပုံမှန်အခြေအနေမှာ မရှိတော့ ဘူး လို့ ဆိုပါတယ်။ နောက်ဆုံးအခြေအနေ တွေကိုသိရအောင် ဦးအောင်ကျော်ဇောကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားပါတယ်။ ကျော်အောင်လွင်။ ။ ဦးအောင်ကျော်ဇော ခင်ဗျ။ ကိုးကန့်နြဲ့ မန်မာ တပ်ဖဲ့ွေ တွ ကြားမှာ ဖြစ်တဲ့ တိုက်ပွဲ အခြေအနေတွေ တင်းမာမှုတွေက အခုနောက်ဆုံး အခြေအနေမှာ ဘယ်လို ရှိပါသလဲ။ ဦးအောင်ကျော်ဇော။ ။ မနေ့က နေ့ခင်းပိုင်းလောက်မှာ သက်ဆိုင်ရာ တပ်ဖဲ့ွေ တွက သူတို့နဲ့ အနီးကပ်ဆုံး စခန်းတွေကို တရုတ်ပြည် နယ်စပ်လုံခြုံရေးရဲတွေ တာဝန်ယူထားတဲ့ နီးစပ်ရာ ဌာနတွေကို အဖွဲ့အစည်း တဖဲ့ွေ ပါ့၊ ၀င်ရောက်ကြတယ်။ အများစုကတော့ လက်နက်ပါပါတယ်။ အနည်းစုက လက်နက်မပါပါဘူး။ အထဲမှာလည်း အတော်အသင့် ကျန်ရစ်ခ့ေဲ တာ့ မနေ့ညက ပိုင်းက တချို့နေရာမှာ ပျောက်ကျား ပစ်ခတ်မှုတွေ ရှိပါတယ်။ ကိုးကန့်တကြောမှာ မနေ့ညက ၂နာရီလောက်မှာ ၂ခါ ၃ခါ လက်နက်ငယ် သံတွေ ကြားရတယ်။ ၃နာရီခွဲ သာသာ လောက်မှာ လည်း သေနတ်သံအပြန်အလှန်ပစ်သံ၊ ဒီတခေါက်ကျတော့ ချင်းရွှေဝေါ်ရဲ့ တောင်ဘက်ခြမ်း လောက်မှာ သေနတ်သံမြည်ပါတယ်။ ကျော်အောင်လွင်။ ။ လောက်ကိုင်မြို့က နောက်ဆုံး အခြေအနေရော ဘယ်လို ရှိပါသလဲခင်ဗျ။ ဦးအောင်ကျော်ဇော။ ။ ဗမာတပ်တွေ တဖွဲဖွဲ ၀င်နေတာတော့ တွေ့နေရတယ်။ လောက်ကိုင်မြို့ကတော့ ဒေသခံ အရပ်သားတွေနဲ့ မြို့ပျက်ကြီးလို ဖြစ်နေပါတယ်။ ကျော်အောင်လွင်။ ။ နောက်ဆုံးအခြေအနေအရ နယ်စပ်မှာ တင်းမာမှုတွေ ဆက်ပြီးရှိနေဦးမယ်ဆိုတော့ တရုတ် မြန်မာ နယ်စပ်ရဲ့ လုံခြုံရေးအခြေအနေ ဘယ်လို ရှိပါသလဲခင်ဗျ။ တရုတ်အာဏာပိုင်တွေဘက်က လုံခြုံရေး တာဝန်ယူမှုတွေနဲ့ နယ်စပ်ထိန်းသိမ်းမှုတွေ ဘယ်လို ရှိပါသလဲခင်ဗျ။

ဦးအောင်ကျော်ဇော။ ။ တရုတ်ဘက်က နယ်စပ်လုံခြုံရေးကို ပိုမို တင်းတင်းကျပ်ကျပ် လုပ်တာတွေ့ရတယ်။ ဒီလို တပ်ဖဲ့ွေ တွ ၀င်လာပြီးနောက်ပေါ့။ နောက်ပြီး နယ်စပ်ဒေသမှာ ရှိတဲ့ မြန်မာဘက်က ရှိတဲ့ လူထုကတော့ တော်တော် ခြောက်ခြောက်ခြားခြား ရှိပါတယ်။ မူဆယ်မြို့တွေ ဘာတွေမှာဆိုရင် ညဘက် ဘယ်သူမှ မထွက်ရဲ တော့ဘူး။ ချော ဆွဲတယ်ဆိုတဲ့ သတင်းကလည်း အမျိုးစုံ ထွက်ပါတယ်။ ကားတွေ ကို ချောဆွဲကြတာပေါ့။ လားရှိုးမြို့တင် မဟုတ်ဘူး။ လားရှိုးကနေ မူဆည်လမ်းတလျောက် မြို့ပြတွေမှာ ညဘက်ဘယ်သူမှ မထွက်ဘူး။ ကျော်အောင်လွင်။ ။ တရုတ်မြန်မာနယ်စပ် စီးပွားရေး အခြေအနေကရော ဘယ်လို ရှိပါသလဲခင်ဗျ။ ဦးအောင်ကျော်ဇော။ ။ နောက်တရက် နှစ်ရက်မှာ နည်းနည်း လျှော့ သွားရင်တော့ မပြောတတ်ဘူး။ ဒီ သုံးလေးရက်မှာတော့ ကား ဘယ်သူမှ သိပ်ထွက်ရဲမှာ မဟုတ်ပါဘူး။ ဟိုတနေ့က ကုန်သည်ကား တချို့က ထွက်လို့မရဘူး၊ တချို့ထွက်လို့ရတဲ့ကားတွေလည်း အချောဆွဲခံရတာ ဖြစ်တ့အဲ တွက် နယ်စပ်စီးပွားရေးကတော့ ကာလတပိုင်းတော့ အတော်ထိခိုက်သွားပါတယ်။ ကျော်အောင်လွင်။ ။ကျွန်တော်တို့ သတင်းတွေ တချို့မှာ တွေ့တာက ဒီပစ်ခတ်မှုတွေ ဒီနေ့ဆိုရင် ၄ရက်မြောက် လာပြီး ပစ်ခတ်မှုတွေကြောင့် တရုတ်နိုင်ငံဘက်မှာ ၁ယောက်သေတယ်၊ ဒဏ်ရာရတဲ့သူတွေလည်း ဒါဇင်နဲ့ ချီရှိတယ်လို့ ကြားရပါတယ်ခင်ဗျ။ ဦးအောင်ကျော်ဇောဘက်က ထိခိုက်မှုတွေ၊ သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ဘာတွေ သိထားပါသလဲ။ ဦးအောင်ကျော်ဇော။ ။ ၂၆ရက်နေ့ ညက တိုက်ပွဲမှာ ကျည်ကျော်ကျလို့ ၁ယောက်သေ၊ သုံးလေးယောက် ဒဏ်ရာရပါတယ်။ နောက်မနေ့က ဗမာစစ်တပ်က အမြောက်တွေနဲ့ ပစ်တ့အဲ ခါမှာလည်း တရုတ်ပြည်ထဲ ကျပြီး ထိခိုက်ဒဏ်ရာရပါတယ်။ ကျော်အောင်လွင်။ ။ သေတဲ့သူက တရုတ်နိုင်ငံသားလား၊ ကိုးကန့်လား ဘယ်သူပါလဲ။ ဦးအောင်ကျော်ဇော။ ။ ချင်းခန်း ခရိုင်ထဲက သာမန် အရပ်သားတွေ ဖြစ်ပြီး၊ သေဆုံးတာရော၊ ဒဏ်ရာရတာရော အရပ်သား၊ တရုတ်ပြည်သားတွေ ဖြစ်ပါတယ်။ ကျော်အောင်လွင်။ ။ တရုတ်စစ်တပ်က နယ်စပ်မှာ လုံခြုံရေးတာဝန်ယူထားပြီလားခင်ဗျ။ ဦးအောင်ကျော်ဇော။ ။ တရုတ်စစ်တပ်ထက် အခုလောလောဆယ် အများစု မြင်သာထင်သာရှိနေရတာကတော့ နန်ဆာ တ၀ိုက်မှာ လူ ၁၂၀၀လောက်ရှိတဲ့ တရုတ်နယ်စပ်လုံခြုံရေး ရဲတွေ၊ နယ်စပ်ဒေသမှာ တပ်ခွဲလိုက် တပ်စု လိုက် ဟိုတဖြန့် ဒီတဖြန့်မှာ တဲတွေ ထိုးပြီးတော့ ရှိနေကြတာ တွေ့ရပါတယ်။ ========================== မြန်မာစစ်အစိုးရနဲ့ ကိုးကန့် တိုက်ပွဲ တတိယနေ့ အရှိန်လျော့ VOA - 29 August 2009 တိုင်းရင်းသားလက်နက်ကိုင် ကိုးကန့် တပ်ဖွဲ့တွေနဲ့ မြန်မာစစ်အစိုးရ တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေ တတိယမြောက်နေ့ အဖြစ် ဆက်လက်ဖြစ်ပွား နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြန်မာစစ်အစိုးရဖက်က တပ်အင်အားတွေ တိုးပြီး စစ်ရေး အရှိန်မြှင့် လုပ်ဆောင်လာတာနဲ့အမျှ ကိုးကန့်တပ်ဖွဲ့ အများစုကတော့

တရုတ်နိုင်ငံဖက် တိမ်းရှောင်လာနေကြတာမို့ အရင်နေ့တွေ ကလောက်တော့ ရင်ဆိုင်တိုက်ပွဲတွေ မပြင်း ထန်လှဘူးလို့ တရုတ်-မြန်မာနယ်စပ် က အခြေအနေတွေကို စောင့်ကြည့်နေသူတွေက ပြောပါတယ်။ အကြောင်းစုံ ကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြပေးထားပါတယ်။ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ရယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ကိုးကန့်တပ် ဖွဲ့နဲ့ မြန်မာ စစ်အစိုးရတို့ကြား တင်းမာမှုတွေ ကြီးထွားလာပြီး တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ ၃ ရက် မြောက်တဲ့ နေ့မှာတော့ တိုက်ပွဲတွေ အရှိန်လျော့လာတာပါ။ ဒါပေမယ့်လည်း တပ်အင်အားတွေ တိုးချလာနေတဲ့ မြန်မာစစ်တပ်ဖက် က ကိုးကန့်တပ်ဖဲ့ွေ တွကို လက်နက်ကြီး၊ ငယ်တွေနဲ့ ဆက်လက် ပစ်ခတ်တိက်ုခိုက်နေဆဲ ဖြစ်တာမို့ တရုတ်-မြန်မာ နယ်စပ်မှာ သေကျေမှုတွေ ထိခိုက်မှုတွေ ဖြစ်တ့အဲ ထိ ရှိနေဆဲပါ။ မြန်မာစစ်တပ်နဲ့ ကိုးကန့်တပ်ဖဲ့ွေ တွအကြား လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ တရုတ်မြန်မာ နယ်စပ်က စစ်ရေး၊ နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇော က အခုလို ပြောပြပါတယ်။ “ကိုးကန့်ရဲ့ အဓိက တိုက်ခိုက်ရေး အင်အားက တစ်ထောင်ကျော်ပဲရှိတယ်။ ရန်သူက အခု လက်ရှိ ရှိနေတာ ၆ ထောင်ကျော်လောက် ဖြစ်တ့အဲ ပြင်မှာ တပ်မ ၂ ခု ထပ်လွှတ်နေတယ်။ မြန်မာတပ်က ၃၃ ခေါ်ထား တယ်၊ ရောက်လာပြီ။ ၉၉ လည်း တချို့တ၀က် ရောက်ပြီလို့ ပြောတယ်။ မူလက အဲဒီ တိုက်ပွဲဝင်ထဲမှာကို တပ်ရင်း ၂၈ ရင်း နဲ့ ၃၀ ကြားမှာရှိတာကိုး။ အဲဒါ ရန်သူက တစ်သောင်းလောက် ဖြစ်လာနိုင်တယ်။ အဲဒါ တခုပေါ့နော်။ အဲတော့ ၀န်န့အဲားနဲ့ မမျှဘူး။ အဲဒီမှာ သူတို့ လက်နက်ကြီးတွေနဲ့ တောင်ပစ် မြောက်ပစ်တွေ အများကြီးဖြစ်တယ်၊ အမြောက်တွေ ဘာတွေန့။ဲ သူတို့ အနာမခံတော့ဘူး၊ သူတို့ ပထမဆုံး ၂၆ ရက်နေ့တုန်းက တော်တော် နာလိုက် တယ်၊ လူန့ဝဲ င်လို့။ အဲတော့ သူတို့က အဲဒါကို မလုပ်ပဲနဲ့ လက်နက်ကြီးတွေနဲ့ တအားပစ်ပြီးမှ သူတို့တိုက်ဖို့ လုပ်တယ်။ အဲဒီမှာ လူထု တော်တော် ထိခိုက်တယ်။ အဲဒီ အခြေအနေ အချက်အလက်အောက်မှာ ဒီ ကိုးကန့်ခေါင်းဆောင် တချို့က ဆုံးဖြတ်လိုက် တာ ကတော့ ကိုးကန့် အဓိက တပ်ဖဲ့ွေ တွကို တရုတ်ပြည်ထဲမှာ ၀င်သွားခိုင်းလိုက်တယ်။ အဲတော့ ဒီနေ့ နေ့ခင်း လောက်မှာ စပြီးတော့ ဒီပျောက်ကျားတပ်ဖွဲ့ အချို့က လွဲရင်ပေါ့နော်၊ လူ ၂ ရာ ၃ ရာ လောက် ချန်ထားခဲ့ပြီးတော့ အများ စုက တရုတ်ပြည်ထဲ ၀င်သွားကြတယ်ခင်ဗျ။ လက်နက်တွေကိုတော့ သူ ယူထားလိုက်ပြီးတော့ စစ်ပြေး ဒုက္ခသည်များ အဖြစ် သတ်မှတ်ပြီးတော့၊ လက်ခံထားလိုက်တယ်။ အဓိကက ကိုးကန့်တပ်ဖဲ့ွေ တွ ဆုတ်တဲ့ အတွက်၊ တရုတ်ပြည် ထဲ ဆုတ်ခွာသွားတဲ့အတွက် အခြား ညီနောင် တပ်ဖွဲ့ အသီးသီးလည်း သူ့ဒေသတွေကို ပြန်လည် ဆုတ်ခွာ သွားကြတယ်။” ဒီလို မြန်မာစစ်တပ်ဖက်က ပြဿနာဖြစ်ပွားနေတဲ့ ဒေသထဲကို စစ်တပ်အင်အားတွေ အပြင် စစ်အစိုးရကို ထောက် ခံ တဲ့ လက်နက်ကိုင် ပြည်သူ့စစ်တွေကိုပါ စေလွှတ်နေတာတွေ၊ စစ်တပ်အတွက် လိုအပ်တာ တွေ ထောက်ပံ့ ဖို့ ယာဉ်တွေကို အဓမ္မ အသုံးပြုနေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် လာနေပါတယ်။ ဒီအထဲမှာ ရှမ်းပြည်နယ်ထဲက ဒေသတချို့က ပြည်သူ့စစ်တွေကို ဆင့်ခေါ်တာတွေ၊ မော်တော် ကား တွေကို စစ်တပ်အတွက် ဆင့်ခေါ်တာတွေ ရှိနေတယ်ဆိုပြီး ဒေသခံတွေက ပြောပြတဲ့အကြောင်း ရှမ်းသံတော်ဆင့် သတင်းဌာနရဲ့ အယ်ဒီတာ ဦးစိန်ကြည် က ပြောပါတယ်။ “လားရှိုး၊ သိန္ဒီ၊ ကွတ်ခိုင်၊ ကွမ်လုံ ကားလမ်းတလျှောက်ဆိုရင် ချောတွေ တအားဖမ်းတာပဲတ့။ဲ တပ်တွေလည်း ပို့ထားတယ် ပြောတယ်။ တပ်မ ၃၃၊ ၅၅၊ ၉၉ ဒီတပ်မ ၃ ခု သုံးမယ်တ့။ဲ အဲဒါ အရေအတွက် အင်အား ဘယ်လောက် အတိအကျ၊ ဘယ်ကိုရောက်နေလဲ ဆိုတာတော့ အသေးစိတ် မသိရသေးဘူးဗျ။ မိုင်းဆတ်၊ မိုင်းတုံကနေ ထိုင်းနယ်စပ်တလျှောက် ဒီ နအဖ ဗမာတပ်တွေကလည်း တအားပြင်ဆင်မှုတွေ လုပ်နေတယ် ပြောတယ်။ ချောကားတွေ တအားဖမ်းတယ်၊ မိုင်းဆတ်မှာ။ ပြည်သူ့စစ် တပ်ဖဲ့ွေ တွလည်း ဆင့်ခေါ်ထားတာ ရာနဲ့ချီ တဖွဲဖွဲသွားနေကြပြီတဲ့ မိုင်းဆတ်ကို။” မြန်မာပြည် အမျိုးသား သွေးစည်း ညီညွတ်ရေး တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့ နဲ့ မြန်မာ စစ်အစိုးရ တို့ကြား သြဂုတ် လဆန်းပိုင်းကစလို့ တင်းမာမှုတွေ ဖြစ်ခ့ရဲာက အခုနောက်ဆုံး ရှမ်းပြည်နယ်

မြောက်ပိုင်း အထူးဒေသ (၁) အဖြစ် စစ်အစိုးရက သတ်မှတ်ပေးထားတဲ့ သူတို့ အခြေစိုက်ရာ လောက်ကိုင်မြို့မှာ မြန်မာ စစ်တပ်တွေ တိုးမြှင့်ချထားလာရာက နောက်ပိုင်းမှာ တိုက်ခိုက်မှုတွေရှိတ့အဲ ထိ ဖြစ်ခ့တဲာပါ။ အစောပိုင်းမှာ တုန်းကတော့ အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဖုန်းကျားရှင် ရဲ့ နေအိမ်ကို မြန်မာလုံခြုံရေး အာဏာပိုင်တွေက ၀င်ရောက် စီးနင်းရှာဖွေမှုတွေလည်း ဖြစ်ပွားခဲ့တာပါ။ ကိုးကန့်အဖွဲ့ကတော့ ဒါတွေဟာ ရှေ့နှစ် ရွေးကောက်ပွဲတွေ မတိုင်မီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို နယ်ခြားစောင့် တပ်အသွင် ပြောင်းလဲဖွဲ့စည်းဖို့ မြန်မာစစ်အစိုးရက ပြောဆိုခ့လဲို့ လက်မခံခ့တဲာမို့ ဖြစ်လာရတဲ့ ပဋိပက္ခတွေဆိုပြီး ကြေငြာချက်ထုတ်ပြန်ပြောဆိုခ့တဲာပါ။ ဥက္ကဋ္ဌဖြစ်သူ ဖုန်းကျားရှင် ရဲ့ ပြောခွင့်ရသူ သူ့အမည်ဟာ ဦးမောင်ဦး လို့ ရည်ညွှန်းပြီး ဗွီအိုအေ ကို ဒီ ကြေငြာချက်နဲ့ ပတ်သက်လို့ ပြောပြရာမှာတော့ … “ငြိမ်းချမ်းရေး ယူကြသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား ပြည်သူ့စစ်အဖြစ် သော် လည်းကောင်း၊ နယ်စပ်စောင့် တပ်ဖဲ့ဝွ င်များ အဖြစ်သော်လည်းကောင်း၊ အသွင်ပြောင်း လက်ခံလာအောင် အောက်ပါနည်းလမ်း များ အသုံးပြုပြီး ဖိအားပေး နေပါသည်။ စစ်ရေးဖြင့် ခြိမ်းခြောက် တိုက်ခိုက်ခြင်း၊ အဆိုပါ အဖွဲ့များအား ပြိုပျက် အောင် သွေးခွဲခြင်း၊ တဖဲ့နွှင့်တဖွဲ့ သဘောထား ကွဲလွဲအောင် ပြုလုပ်ခြင်း၊ တဖွဲ့ကိုစည်းရုံး တခြားတဖဲ့ကွို ၀င်ရောက်ဖျက်ဆီးခြင်း။” စစ်အစိုးရနဲ့ ပဋိပက္ခဖြစ်နေတဲ့ ကိုးကန့်အဖွဲ့ဟာ ဆိုရင် ၁၉၈၉ ခုနှစ်မှာ အစိုးရနဲ့ ပထမဆုံး အပစ်အခတ် ရပ်စဲရေး ရယူခ့တဲ့ဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ ဖြစ်သလို မြန်မာစစ်အစိုးရက ကမကထလုပ် ကျင်းပခဲ့ပြီး အခြေခံဥပဒေ ရေးဆွဲခ့တဲ့ဲ အမျိုးသား ညီလာခံကို တက်ရောက်ခ့တဲ့ဲ အဖွဲ့တခုလည်း ဖြစ်ပါတယ်။ အရင်က ပြေပြေလည်လည် ရှိနေခဲ့တဲ့ ဒီ ကိုးကန့်အဖွဲ့တွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွား လာတဲ့ နောက် တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း မြန်မာ စစ်အစိုးရ အနေနဲ့ ပြဿနာတွေဟာ တရုတ် နိုင်ငံ နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ဒေသတည်ငြိမ်မှုကို မထိခိုက်ရလေအောင် သေသေချာချာ ကိုင်တွယ် ဖြေရှင်း နိုင်မယ်လို့ မျှော်လင့်တ့အဲ ကြောင်း ကြေငြာချက်တစောင် ထုတ်ပြန်ပြီး မနေ့တုန်းကပဲ သတိပေး ပြော ဆိုခ့တဲာပါ။ ဒါပေမယ့် ဒီကနေ့အထိ ဖြစ်နေတဲ့ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူတဦး သေဆုံး ပြီး ထိခိုက် ဒဏ်ရာရာသူတွေလည်း အများအပြား ရှိတ့အဲ ကြောင်းလည်း တရုတ်အာဏာပိုင်တွေက ပြောပါတယ်။ တိုက်ပွဲတွေက ရှောင်ရှားပြီး ထွက်ပြေးကြတဲ့ ဒေသခံတွေ ဟာဆိုရင်လည်း မြန်မာနိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ် နေတဲ့ နန်ဆန်း ဒေသကို ရောက်လာတာ သြဂုတ်လ ၈ ရက်နေ့ အထိဆိုရင် ၃ သောင်း အထိ ရှိနေပြီလို့ ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကတော့ မနေ့တုန်းကပဲ ပြောဆိုခ့တဲာပါ။ =========================== မိုးမခတောထဲက သတင်းအပိုင်းအစများ နိုင်ငံတကာ အဆင့်မီ၊ စိစစ်ရေးရုံး၊ ကာတွန်းဆရာ အကြံပြုချက်၊ လက်နက်ငယ် အဖွဲ့ ၃၀ အဝေးကြည့်မှန်ပြောင်း သြဂုတ် ၃၀၊ ၂၀၀၉ စိစစ်ရေးရုံးက နေပြည်တော်ကို အထိမခံ ခုတလော လေထန်ကုန်း၊ လေအန်ကုန်း လက်ဖက်ရည်ဆိုင်များမှာ ပြောနေကြတဲ့ထဲမှာ နေပြည်တော် အကြောင်းလည်း ပါပါတယ်။ ဂျာနယ် တစောင်က မထည့်မနေရ နိုင်ငံတော်ဆောင်းပါး တပုဒ်ရဲ့ ခေါင်းစည်း မဆိုစလောက် မှားသွားတယ် တဲ့။ ဟုတ်ပါတယ်၊ ရွှေပြည်တော် မျှော်မဝေးပြီမို့ ဆိုတဲ့ လူမဖတ်တဲ့ ဆောင်းပါးရှည်ကြီးမှာပါ။ “ရွှေပြည်တော်” အစား “နေပြည်တော်” လို့ စာစီစာရိုက် ချို့ယွင်းသွားတာပါ။

ဒီ ချို့ယွင်းမှုအတွက် စာပေ စိစစ်ရေးရုံးက အယ်ဒီတာများ တာဝန်ရှိသူများ တပြုံတမကြီးကို ဖိတ်ခေါ် မေးမြန်းပြီး ပြင်းထန်စွာ သတိပေးခြင်းအမှုကို ပြုလုပ်တယ်လို့ ဆိုပါတယ်။ ဖိတ်ခေါ်ခံရသူများကလည်း ဆောရီး လို့ ပြောပြီး မှိုမရတဲ့ မျက်နှာနဲ့ ပြန်ခဲ့ရပါသတဲ့။ သူတို့မှားမိတာ ဒါမှ မဟုတ်ပါဘူး၊ ပင်တိုင်ဆောင်းပါးရှင် လူထုစိန်ဝင်းကိုလည်း လူထူစိန်ဝင်းလို့ လုပ်မိပါသေးတယ်။ လူထူစိန်ဝင်း အကြောင်းကိုတော့ စာပေစိစစ်ရေး လူကြီးမင်းများက မကန့်ကွက်ဘူးလို့ ဆိုပါတယ်။ အာဏာရှင် ဇင်ဘာဘွေ နဲ့ အာဏာရှင် မြန်မာ ပေါင်းပြီ အာဏာသိမ်းမှု ၂၁ နှစ် ပြည့်ဖို့ ရက်ပိုင်းပဲ လိုတော့တဲ့ အချိန်မှာ စစ်အစိုးရက အာဖရိကတိုက် အာဏာရှင် နိုင်ငံတခုနဲ့ သံအဆက်အသွယ် လုပ်လိုက်ပါပြီ။ ဟုတ်ပါတယ်၊ ရောဘတ်မူဂါဘီ အုပ်ချုပ်တဲ့ ဇင်ဘာဘွေ နိုင်ငံန့ပဲါ။ “နှစ်နိုင်ငံ ချစ်ကြည်ရေး နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေးကို ထူထောင်လိုသည့် ဆန္ဒ ရှိကြသည့် အားလျော်စွာ” သံအမတ်ကြီးအဆင့် သံ အဆက်အသွယ် လုပ်တယ်လို့ မနေ့ ထုတ်ဝေတဲ့ သတင်းစာများမှာ ဆိုထားပါတယ်။ ဘယ်လို ပူးပေါင်း ဆောင်ရွက်မယ် ဆိုတာကိုတော့ အသေးစိတ် ဖော်ပြမထားပါဘူး။ နှစ်နိုင်ငံ ဆင်တူတဲ့အချက်တွေ ရှိပါတယ်။ ဇင်ဘာဘွေ ကျေးဇူးရှင်က ဘုရင်ဖြစ်လာတာ ၂၉ နှစ် ရှိပါပြီ။ မြန်မာပြည်က ကျေးဇူးရှင်က ဘုရင်ဖြစ်တာ ၁၇ နှစ်ပဲ ရှိပါသေးတယ်။ ဒီနေရာမှာတော့ ကျနော်တို့ မြန်မာပြည်က ခံလိုက်ရပါတယ်။ မြန်မာပြည်မှာ နိုင်ငံရေးသမား ၂၀၀၀ ကျော်ကို ထောင်ထဲ ထည့်ထားပေမယ့် ဇင်ဘာဘွေကတော့ လွန်ခဲ့တဲ့ ၃ လက နိုင်ငံရေး အကျဉ်းသား ၃ ယောက်ကို လွှတ်ပေးလိုက်ပြီးနောက်မှာ တယောက်မှ မရှိတော့ပါဘူး တဲ့။ ဒီအချက်မှာတော့ မြန်မာပြည်က သာသွားပြီခင်ဗျ။ မြန်မာဘီယာများ နိုင်ငံတကာ အဆင့်မီပြီ “နိုင်ငံတကာ အဆင့်မီ” ဆိုတာကို နှစ်သက်သူ များလာတဲ့ အချိန်မှာ Myanmar Brewery Limited က အရောင်း မြှင့်တင်ရေးကို နိုင်ငံတကာ အဆင့်မီ ဆောင်ရွက်နေပါတယ်။ မြန်မာပြည်မှာ လူသုံးများတဲ့ ဘီယာများကို ပုံမှာ တွေ့ရတဲ့အတိုင်း အရောင်း မြှင့်တင်နေခြင်းပါ။ မိုးမခ သတင်းထောက်ဆီကို အီးမေးလ်ကတဆင့် ရောက်လာတဲ့ ဓာတ်ပုံမှာ ဗမာကွ ဟုဂုဏ်ယူနိုင်ကြပြီဖြစ်ပါကြောင်း လို့ ဆိုထားပါတယ်။ နိုင်ငံတကာအဆင့်မီ ဆိုပေမယ့် လည်း ရိုးရာမပျက်အောင် ပုသိမ်ထီးတွေကိုလည်း အသုံးပြုထားပါတယ်။

ကာတွန်းဆရာရဲ့ အကြံပြုချက် မင်းကြားကြီး သန်းရွှေ အတွက် အကြံကောင်း ဉာဏ်ကောင်း တခုကို ကာတွန်းဆရာ ဟန်လေးက ကမ်းလှမ်းထားပါတယ်။ “ဗိုလ်ချုပ်မှူးကြီးက ဒီလောက် စွမ်းတဲ့ အာဏာတွေ ပါဝါတွေကို ခါးမှာပဲ ချိတ်ထားတယ်။ နိုင်ငံတော်နဲ့ ပြည်သူတွေ အတွက် အဲဒါကို ခေါင်းထဲ ဖြစ်ဖြစ်၊ နှလုံးသားထဲကို ဖြစ်ဖြစ် သွင်းလိုက်ရင် အရမ်း ကောင်းသွားမှာပဲ” တဲ့။ ဧရာဝတီ မဂ္ဂဇင်းနဲ့ မနေ့က လုပ်တဲ့ အင်တာဗျူးမှာ ပြောလိုက်တာပါ။

ကဗျာဆရာတွေရဲ့ အရေးအသားတွေဟာ နားလည်ရ ခက်သလို ကာတွန်းဆရာရဲ့ စကားကလည်း ဘယ်လို သဘောပေါက်ရမှန်း မသိ ခက်ခဲနေပါတယ်။ ဗိုလ်ချုပ်မှူးကြီး နဲ့ စာဖတ်သူများ အခက်အခဲ မဖြစ်အောင်၊ ရှင်းရှင်း လင်းလင်း နားလည်အောင် ကာတွန်းဆရာက သရုပ်ဖော်ပုံ ဆွဲထားတာကို တွေ့ရပါတယ်။ ကာတွန်း ဆရာတွေဟာ ကဗျာဆရာတွေထက် စာဖတ်သူအပေါ် စေတနာ ပိုရှိတယ်လို့ ကောက်ချက် ချရမလို ဖြစ်နေပါပြီ။ ပြေးနိုင်မှ လွတ်မယ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရန်ကုန်မြို့မှာ နေ့ခင်းဘက် လှုပ်ရှား တိုက်ပွဲဝင်ကြရမယ့် လက်နက်ငယ် အဖွဲ့ပေါင်း ၃၀ ကျော် ဖဲ့စွ ည်းလိုက်ပြီလို့ ဂျာနယ် တစောင်မှာ ဖော်ပြထားပါတယ်။ သူတို့ကို တပ်ဆင်ထားတဲ့ လက်နက် အမျိုးအစားကတော့ LG 2009 လို့ ခေါ်နိုင်တဲ့ လေးခွ (လေးဂွ) တွေဖြစ်ပါတယ်။ ဒီလက်နက်ကို တချို့ ဒေသတွေမှာတော့ ဘတ်ခွ လို့ လူသိများပါတယ်။ ဒီလက်နက်နဲ့ နှိမ်နင်း ခံရမှာကတော့ လမ်းဘေးဈေးသည်တွေ၊ အင်္ကျီမပါဘဲ ကားမောင်းသူတွေ၊ ကားလမ်းကို စည်းကမ်းမဲ့ ဖြတ်ကူးသူတွေ၊ လမ်းဘေး အပေါ့သွားသူတွေ မဟုတ်ဘူး လို့ သိရပါတယ်။ လက်နက်ငယ် အဖွဲ့ပေါင်း ၃၀ ကျော်က တာဝန်ယူပြီး နှိပ်ကွပ်ရမှာကတော့ ရန်ကုန်မြို့တော် မြေအောက်လောကသားတွေ ဖြစ်တဲ့ ကြွက်တွေ ဖြစ်ပါတယ် တဲ့။ ရန်ကုန်မြို့က အကဲခပ်တွေကတော့ ရောဂါပိုး အခမဲ့ သယ်ဆောင် ဖြန့်ဝေတဲ့ ကြွက်တွေကို အခုလို အကြမ်းဖက်တိုက်ခိုက်မယ့် နည်းလမ်းဟာ အလုပ်မဖြစ်နိုင်ဘူးလို့ ဝေဖန်နေကြပါတယ်။

ကြွက်ကောင်ရေ လျော့နည်းပြီး မျိုးသုန်းသွားနိုင်တဲ့ နည်းလမ်းတခု သူ့မှာ ရှိနေတယ်လို့ အမည်မဖော်လိုသူ တိရိစ္ဆာန်ဆရာဝန် (တိရိစ္ဆာန်များကို ဆေးဝါး ကုသပေးသူ ဆရာဝန်) တဦးက မိုးမခရဲ့ ရန်ကုန်မြို့အခြေစိုက် သတင်းထောက်တဦးကို ပြောပြပါတယ်။ သူ့ရဲ့ နည်းလမ်းကတော့ ခေတ်မီ ဆေးဝါးများ အကူအညီနဲ့ ကြွက်တွေ ကိုယ်ဝန်မရအောင် ပြုလုပ်မယ့် နည်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဆေးတွေကို ကြွက်တွေ ကျက်စားတတ်တဲ့ နေရာဒေသတွေမှာ ချထားပေးရပါမယ် တဲ့။ အသုံးပြုမယ့် ဆေးဟာ ထိုးဆေး မဟုတ်ဘူး လို့လည်း သူက အခိုင်အမာ ပြောပါတယ်။ ။ ======================== အယောက် ၃၀ မြောက် ၀က်တုပ်ကွေး လူနာ ရန်ကုန်တွင် ရောဂါပိုး ကူးစက်ခဲ့ပုံရ မိုးမခ အထောက်တော် ၀၀၄ သြဂုတ် ၃၀၊ ၂၀၀၉ ရန်ကုန်တွင် အယောက် ၃၀ မြောက် H1N1 တုပ်ကွေး ဝေဒနာသည်ကို တွေ့ရသည်ဟု ယနေ့ထုတ် မြန်မာ သတင်းစာများတွင် ရေးထားသည်။ ယခင်က ရောဂါပိုး တွေ့သူများမှာ နိုင်ငံခြား တိုင်းပြည်များမှ လေကြောင်းခရီးဖြင့် ပြန်လာကြသူများဖြစ်သည်။ သို့သော် အဆိုပါ အယောက် ၃၀ မြောက် ပုဂ္ဂိုလ်မှာ ပြည်ပခရီးမှ ပြန်လာသူဖြစ်ကြောင်း ဖော်ပြမထားပေ။ လူနာသည် အသက် ၄၄ နှစ်အရွယ် အမျိုးသား တဦး ဖြစ်သည်ဟု ဆိုသည်။ နေရပ် လိပ်စာကို မသိရဘဲ “သြဂုတ် ၂၈ရက်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အင်းစိန် အထွေထွေရောဂါကု ဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့ကြောင်း” ဟု သာ ဖော်ပြထားသည်။ ဤရောဂါပိုးသတင်းများ ပေါ်ပေါက်လာသည့် ကနဦးကာလတွင် မြန်မာစာနယ်ဇင်းများက အခြား နိုင်ငံများ နည်းတူ ၀က်တုပေ် ကွး ဟု ခေါ်ဝေါ် သုံးစွဲခသ့ဲ ည်။ နောက်ပိုင်းတွင် လူတုပ်ကွေးဟု ပြောင်းလဲ သုံးစွဲခဲ့သည်။ ရောဂါပိုးက ၀က်မှ ကူးစက်ခြင်းမဟုတ်ဘဲ လူအချင်းချင်း ကူးစက်ခြင်းကြောင့် ထိုသို့ ပြောင်းလဲ ခေါ်ဆိုလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ ပြီးခဲ့သည့် ၂ လ အတွင်း သံသယရှိသူ ၂၁၁ ဦးအား ပြည်သူ့ကျန်းမာရေး ဌာနက စစ်ဆေးခဲ့ရာ H1N1 တုပ်ကွေး ရောဂါပိုး ရှိသူပေါင်း ၃၀ ကို တွေ့ရသည်ဟု သိရသည်။ ရောဂါပိုး ကူးစက်ခံရသူ ၂၄ ဦးမှာ ရောဂါ ပျောက်ကင်းသဖြင့် ဆေးရုံမှ ဆင်းသွားပြီး ဖြစ်သည်ဟု သတင်းစာများက ဆိုသည်။ ဆေးရုံရှိ လူနာ ၆ ဦး၏ အခြေအနေမှာ “စိုးရိမ်ဖွယ်ရာမရှိ” ဟုလည်း သိရသည်။ ကမ္ဘာတ၀န်းတွင် ယမန်နေ့ကအထိ ဤတုပ်ကွေးကြောင့် သေဆုံးသူပေါင်း ၂၁၈၅ ဦး ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေး အဖဲ့ကွ ကြေညာထားသည်။ =========================

အမေရိကန်ဆန့်ကျင်ရေးအရှိန်ကို စစ်အစိုးရ လျှော့ချနေပြီ မိုးမခ အထောက်တော် အမှတ် ၀၀၁ သြဂုတ် ၃၀၊ ၂၀၀၉ မြန်မာသတင်းစာများတွင် “အမေရိကန် နှင့် အပေါင်းအပါတပ်ဖဲ့ဝွ င်များ” ၏ လက်ချက်ကြောင့် အီရတ်၊ အာဖဂန်နစ္စတန် နိုင်ငံတို့တွင် အရပ်သားများ ဒဏ်ရာရ သေဆုံးကြသည့် အရေအတွက်များ ဖော်ပြနေခြင်းကို သောကြာနေ့က စတင်ပြီး ရပ်ဆိုင်းလိုက်သည်။ သတင်းစာများကို စစ်အစိုးရက စီစဉ် ထုတ်ဝေနေပြီး မြန်မာနိုင်ငံက အေးချမ်း သာယာနေပုံကို ဖော်ပြထားသည်၊ တခြားနိုင်ငံများတွင်မူ မတော်တဆဖြစ်မှု၊ သဘာဝဘေးအန္တရာယ် နှင့် တိုက်ပွဲများကြောင့် လူအများအပြား သေကြေကြပုံ အနိဋ္ဌာရုံများကို ဖော်ပြထားသည်။ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုကို ဆန့်ကျင်သည့် အရေးအသားများ ပါဝင်ခဲ့သည်။ အမေရိကန် ဆန့်ကျင်ရေး တဖြည်းဖြည်း ငြိမ်သက်သွားခြင်းသည် ရန်ကုန်တွင် ရောက်နေသော အမေရိကန် အောက်လွှတ်တော် အရာရှိများ၏ ခရီးစဉ်နှင့်လည်း တိုက်ဆိုင်နေသည်။ အောက်လွှတ်တော် အရာရှိများက မြန်မာပြည် အခြေအနေ၊ အမေရိကန်အစိုးရ မူဝါဒ၏ မြန်မာပြည်အပေါ် သက်ရောက်မှုများ အခြေအနေ တို့နှင့် ပတ်သက်ပြီး အချက်အလက်များ စုဆောင်းနေခြင်း ဖြစ်သည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာပြည်ဆိုင်ရာ အမေရိကန်၏ မူဝါဒကို ပြန်လည်သုံးသပ်မည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း မြန်မာပြည် အပြောင်း အလဲ အတွက် စီးပွားရေး ပိတ်ဆို့မှု သာမက စေ့စပ် ညှိနှိုင်းမှုသည်လည်း အလုပ် မဖြစ်ဟု ဆိုသည်။ ၁၉၈၈ ခုနှစ် ဆန္ဒပြမှုကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းခဲ့ခြင်းကြောင့် အမေရိကန်က မြန်မာ စစ်အစိုးရက ခပ်ခွာခွာ ဆက်ဆံလာသည်မှာ နှစ်ပေါင်း ၂ဝ ကြာခဲ့ပြီ ဖြစ်သည်။ ထို ဆက်ဆံရေးကို ပြန်သုံးသပ်မည်ဟု ပြောကြားခဲ့ခြင်းမှာ ၆ လ ကြာခဲ့သော်လည်း အမေရိကန်၏ မူဝါဒအသစ် ပေါ်ပေါက်လာခြင်း မရှိသေးပေ။ ဤ ၆ လအတွင်း အမေရိကန်မှ ကိုယ်စားလှယ် အဖွဲ့များ မြန်မာပြည်သို့ သွားရောက်ခဲ့ကြသည်။ ဧပြီလတွင် နိုင်ငံခြားရေး ဝန်ကြီး ဌာန အရှေ့တောင် အာရှ ရေးရာ ညွှန်မှူး စတီဖင် ဘလိတ် မြန်မာပြည်သို့ သွားခဲ့သည်။ ဇူလိုင်လတွင် ဟီလာရီ ကလင်တန်က ထူးခြားသည့် ကမ်းလှမ်းချက် တခု ထုတ်ပြန်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါက မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးချဲ့မည်ဟု ဆိုသည်။ ယခုလအတွင်း အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ် ဝက်ဘ် မြန်မာပြည်သို့ သွားခဲ့ရာ ထိပ်သီး စစ်ခေါင်းဆောင် အားလုံးက လက်ခံ တွေ့ဆုံခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံအကြား ဆက်ဆံရေး ကောင်းမွန်စေရန် အပြုသဘော ဆောင်သည့် ခရီးစဉ် ဖြစ်သည် ဟု စစ်အစိုးရ သတင်းစာများက ဆိုသည်။

ဒေါ်စု၏ အိမ်သို့ သွားရောက်မှုဖြင့် ထောင် နှစ်ရှည် ချထားသူ အမေရိကန် နိုင်ငံသားတဦးကိုလည်း စီရင်ချက်ပြီး တပတ်အတွင်း ပြန်လည် လွှတ်ပေးလိုက်သည်။ အမေရိကန်နှင့် ပိုမို ရင်းနှီးလိုဟန်များကို စစ်အစိုးရက ပြသနေသော်လည်း အမေရိကန်က တောင်းဆိုထားသည့် နိုင်ငံရေးသမားများအား ချုပ်နှောင်ထားခြင်းမှ လွှတ်ပေးရန်၊ ဒီမိုကရေစီ ဘက်တော်သားများနှင့် ဆွေးနွေးရန် ဟူသော ထင်သာ မြင်သာ ရှိသည့် အချက်များနှင့် ပတ်သက်ပြီး စစ်အစိုးရက စိတ်ဝင်စားမှု အရိပ်အယောင် မပြသေးပေ။ ========================= ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (၂၁) ၁၉၈၈ - ရှစ်လေးလုံးအရေးတော်ပုံ (ဒုတိယပိုင်း) အောင်ဝေး သြဂုတ် ၃၀၊ ၂၀၀၉ မြန်မာနိုင်ငံ အမျိုးသား လွတ်မြောက်ရေး၊ ငြိမ်း ချမ်းရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှု သမိုင်းမှာ အစဉ်အလာ ကြီးမားခဲ့တဲ့ ကျောင်းသား သမဂ္ဂဟာ စစ်အစိုးရရဲ့ ဖိနှိပ် ချေမှုန်းမှုတွေ အောက်မှာ ၁၉၇၆ မှိုင်းရာပြည့် နောက်ပိုင်း တိမ်မြုပ်နေခဲ့ရပေမဲ့ ၁၂နှစ်ကြာတဲ့ အချိန် ၁၉၈၈ - ရှစ်လေးလုံး အရေးတော်ပုံကြီးမှာတော့ ကျောင်းသား သမဂ္ဂ ပြန်လည် ပေါ်ထွန်းလာခဲ့ပါပြီ။ မင်းကိုနိုင်၊ ကိုကိုကြီး၊ မိုးသီဇွန်တို့ ဦးဆောင်တဲ့ ဗကသဟာ ၈၈ - ဒီမိုကရေစီ အရေးတော်ပုံမှာ တပ်ဦးက ပါဝင်ခ့တဲာကို တွေ့ရမယ်။ ဗကသရဲ့ ဦးဆောင်မှုနောက်မှာ ပြည်သူလူထု တစ်ရပ်လုံး တိုက်ပွဲဝင်လာကြတာပါ။ တစ်တိုင်း တစ်ပြည်လုံးက မလိုလားတော့လို့ သပိတ်မှောက် ဆန္ဒပြနေတဲ့ ကြားကပဲ မဆလဟာ စစ်အာဏာ တည်မြဲရေးကို သွေးရူးသွေးတန်း ဆက်လုပ်နေခဲ့ပါတယ်။ ဦးနေဝင်းက ‘စစ်တပ်ဆိုတာ ပစ်ရင် တည့်တည့် ပစ်တယ်၊ ဘယ်တော့မှ မိုးပေါ်ထောင်မပစ်ဘူး’ ဆိုတဲ့ စကားနဲ့ ထွက်ခတ်ခတ် သွားပြီး ဦးစိန်လွင်ကို တင်ပေးခဲ့တယ်။ ဦးစိန်လွင် လက်ထက်မှာ သြဂုတ်လ ဆန္ဒပြပွဲတွေကို စစ်တပ်က ရက်ရက်စက်စက် နှိမ်နှင်းခဲ့ပါတယ်။ ဦးစိန်လွင် ပြုတ်သွားပြီး ဒေါက်တာမောင်မောင် သမ္မတ ဖြစ်လာတဲ့ အခါမှာ ‘ကျောင်းသား သမဂ္ဂ အဆောက်အအုံသစ်ကြီးကို ပျော်ပျော်ပါးပါး အုတ်မြစ်ချကြတာပေါ့’ ဆိုပြီး ကျောင်းသားနဲ့ ပြည်သူတွေကို ပျားရည်နဲ့ ဝမ်းချခဲ့ပြန်ပါတယ်။ ဒါပေမဲ့ မရတော့ပါဘူး။ ရန်ကုန် မန္တလေး အပါအဝင် နယ်မြို့ပေါင်း (၂၇ဝ)ကျော်မှာ လူထုရဲ့ မဆလ ဆန့်ကျင်ရေး အုံကြွမှုကြီး ပေါ်ပေါက်နေပါပြီ။ အစိုးရ ဌာနပေါင်းစုံက ဝန်ထမ်း ပေါင်းစုံတွေလည်း သပိတ်ထဲ ပါလာကြပါပြီ။ အစိုးရ သတင်းစာတိုက်တွေကလည်း သပိတ်မှောက် ဆန္ဒပြ ပြည်သူလူထုရဲ့ သတင်းတွေကို ဝေဝေဆာဆာ ဖော်ပြနေကြပါပြီ။

ဆန္ဒပြပွဲ သပိတ်တိုက်ပွဲထဲ မပါတဲ့ အစိုးရဌာန ဆိုလို့ မဆလပါတီ ဗဟို ဌာနချုပ် တစ်ခုပဲ ကျန်တော့တဲ့ အခြေအနေပါ။ နောက်ဆုံးမှာ တပ်မတော် ကြည်း ရေ လေ အင်အားစုတွေ၊ ရဲ တပ်ဖွ့ဝဲ င်တွေလည်း ကျောင်းသား ပြည်သူတွေနဲ့ အတူ ဆန္ဒပြ ချီတက်ပွဲတွေမှာ တက်ကြွစွာ ပါဝင်လာတာကို တွေ့နေရပါပြီ။ သမိုင်း အစဉ်အလာ၊ နိုင်ငံရေး အစဉ်အလာ ရှိတဲ့ ခေါင်းဆောင်ဟောင်းကြီးတွေလည်း ရဲရဲရင့်ရင့် လူထုတိုက်ပွဲထဲ ဝင်လာကြပါပြီ။ ဝန်ကြီးချုပ်ဟောင်း ဦးနုက လူထုကို သင်ပုန်းချေကြပါ၊ လက်စားမချေပါနဲ့ ဆိုတဲ့ ‘ချေ’နှစ်ချေ မိန့်ခွန်း ပြောလိုက်ပါတယ်။ ဗိုလ်ချုပ်ကြီး(ဟောင်း) သူရဦးတင်ဦးက ရန်ကုန် ဆေးရုံကြီးမှာ လူထုကို မိန့်ခွန်းပြောပါတယ်။ အရေးအခင်းအတွင်း ခေတ္တ အထိန်သိမ်းခံရတဲ့ ဦးအောင်ကြီးက အင်းစိန်ထောင်က လွတ်လွတ်ချင်း သြဂုတ်လ (၂၅)ရက်နေ့ ညနေက စမ်းချောင်း ပဒုမ္မာကွင်းမှာ မိန့်ခွန်းပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သြဂုတ်လ (၂၆)ရက် ရွှေတိဂုံဘုရား အနောက်ဘက်မုခ်မှာ လူထုအစည်းအဝေး လုပ်ပြီး မိန့်ခွန်း ပြောပါတယ်။ အဲဒီပွဲကို သပိတ်မှောက် ဆန္ဒပြ အင်အားစု (၅)သိန်းကျော် တက်ရောက်ခြဲ့ ပီး ဒေါ်အောင်ဆန်းစုကြည်ကို လူထုခေါင်းဆောင်အဖြစ် ထောက်ခံကြောင်း ကျောင်းသားတွေ ပြည်သူတွေက သက်သေပြခဲ့ကြပါတယ်။ အရေးအခင်းအတွင်း တောရောမြို့ပါ မကျန် ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်၊ စာစောင်တွေ ပလူပျံအောင် ထွက်ပေါ်လာပြီး သပိတ်သတင်းတွေကို သူ့ထက်ငါ အင်တိက်ုအားတိုက် ဖော်ပြခဲ့ကြပါတယ်။ ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး ရန်ကုန်မြို့ နေရာ အနှံ့မှာလည်း အစာငတ်ခံ ဆန္ဒပြပွဲတွေ တစ်ခဲနက် ကျင်းပကြပါတယ်။ ဆရာကြီး မင်းသုဝဏ်တို့လို သက်ကြီးရွယ်အိုတွေပါ မနေနိုင်တော့ဘဲ အဖြူ အစိမ်း ဝတ် ကျောင်းသားငယ်လေးတွေရဲ့ အစာငတ် ခံဆန္ဒပြပွဲကို ပါဝင် ထောက်ခံလာကြပါပြီ။ တစ်ပြည်လုံး ဒီမိုကရေစီ ဟောပြောပွဲတွေလည်း တခြိမ်းခြိမ်း ကျင်းပနေကြပါတယ်။ ရန်ကုန်မှာ ဝါရင့် နိုင်ငံရေးသမားကြီး၊ ကျောင်းသား ခေါင်းဆောင်ဟောင်းတွေ၊ တပ်မတော် တပ်မှူးဟောင်းတွေ၊ တတ်သိပညာရှင်တွေ၊ စာပေနဲ့ အနုပညာနယ်က ပုဂ္ဂိုလ်တွေ ဒီမိုကရေစီ ရရှိရေး၊ မဆလ ဆန့်ကျင်ရေး တရားတွေဟောပြောကြပါတယ်။ တိုက်ပွဲက တဖြည်းဖြည်း ရက်ရှည်လာပါတယ်။ မဆလအစိုးရကလည်း အာဏာကို ကုတ် ကတ် ဖက်တွယ်ထားပါတယ်။ စက်တင်ဘာလထဲကို ရောက်လာတဲ့အခါ သပိတ် အင်အားစုတွေကို စုစုစည်းစည်း ထိန်းထားနိုင်ဖို့ လိုတယ် လို့ ကျောင်းသားသမဂ္ဂက တွက်မိပါတယ်။ ဒါကြောင့် စက်တင်ဘာလ (၆)ရက် ရန်ကုန်ဆေးရုံကြီး မှာ ဗဟို သပိတ်စခန်း ဖွင့်လှစ်လိုက်ပါတယ်။ အဲဒီမှာပဲ အထွေထွေ သပိတ် ကော်မတီ(General Strike Committee) GSC ကို ဖွ့စဲ ည်းပါတယ်။ အထွေထွေ သပိတ်ကော်မတီမှာ ရဟန်းပျိုများသမဂ္ဂ၊ ကျောင်းသားသမဂ္ဂ၊ အလုပ်သမား လယ်သမားသဂ္ဂများ၊ ရန်ကုန်တက္ကသိုလ် ဆရာများသမဂ္ဂ၊ ရန်ကုန်ရှေ့နေများသမဂ္ဂ၊ စာရေးဆရာသမဂ္ဂ စတဲ့ အဖွဲ့တွေကို အခြေခံပြီး ဖွ့စဲ ည်းတာ ဖြစ်တယ်။

GSC ဥက္ကဋ္ဌအဖြစ် ရဟန်းပျိုများသမဂ္ဂ ဥက္ကဋ္ဌဆရာတော် ဦးပြေညိန္ဒက တာဝန်ယူပြီး၊ အထွေထွေ အတွင်းရေးမှူးကတော့ ဗကသ တွဲဖက် အတွင်းရေးမှူး ဖြစ်တဲ့ ကိုဇော်ထနွ်းပါ။ GSC အထွေထွေ သပိတ် ကော်မတီက (၁) အခြေခံ ဒီမိုကရေစီ အခွင့်အရေးများ ပေးရန်၊ (၂) မဆလ တစ်ပါတီ အာဏာရှင်စနစ် ဖျက်သိမ်းပေးရန်၊ (၃) ကြားဖြတ်အစိုးရ တစ်ရပ်ဖ့စွဲ ည်းရန် နှင့် (၄) ကြားဖြတ် အစိုးရက တာဝန်ခံပြီး အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးရန် စတဲ့ နိုင်ငံရေး တောင်းဆိုချက် (၄) ရပ်ကို ထုတ်ပြန် ကြေညာပါတယ်။ ရန်ကုန်ဆေးရုံကြီး ဗဟို သပိတ်စခန်းမှာ ကျောင်းသား သမဂ္ဂ ကိုယ်စားလှယ် (၁၁၉) ဦး လက်မှတ် ရေးထိုးပြီး ဝန်ကြီးချုပ်ဟောင်းဦးနု၊ ဗိုလ်ချုပ်ကြီး(ဟောင်း) သူရ ဦးတင်ဦး၊ ဦးအောင်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို အထွေထွေ သပိတ်ကြီးရဲ့ လူထုကိုယ်စားလှယ် ခေါင်းဆောင်များ အဖြစ် တောင်းဆို အသိအမှတ် ပြုကြပါတယ်။ ကျောင်းသားတွေနဲ့ အဲဒီခေါင်းဆောင် (၄)ဦး ကြားဖြတ်အစိုးရ ဖွ့စဲ ည်းရေး ဆွေးနွေးပွဲတွေကိုလည်း အပူတပြင်း လုပ်နေကြပါတယ်။ စက်တင်ဘာလ (၉)ရက်နေ့မှာတော့ ဝန်ကြီးချုပ်ဟောင်း ဦးနုက ၁၉၄၇ ဖွ့စဲ ည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ သူ့ရဲ့ ရပိုင်ခွင့်တွေကို ချုပ်ကိုင်ပြီး စင်ပြိုင်အစိုးရ ဖွ့လဲိုက်ကြောင်း ကြေညာပါတယ်။ သပိတ်မှောက်အင်အားစု အသီးသီးက ဦးနုရဲ့ စင်ပြိုင်အစိုးရကို ကောင်းကောင်း အာရုံ မစိုက်နိုင်ခြဲ့ ကပါဘူး။ ဥပမာ – ကျောင်းသားသမဂ္ဂက ကြားနေတဲ့ ကြေညာချက် ထုတ်ပေမဲ့ စာရေးဆရာ သမဂ္ဂ ကတော့ အတိအလင်း ကန့်ကွက်ခ့တဲာမျိုး ရှိပါတယ်။ ဒီလိုအခြေအနေမှာ စစ်အစိုးရ ထောက်လှမ်းရေးတွေရဲ့ ပြည်သူ့ တော်လှန်ရေးကို တန်ပြန် နှောင့်ယှက် ဖျက်ဆီးတဲ့ လုပ်ရပ်တွေ ဟိုက ဒီက ထွက်ပေါ်လာပါတယ်။ စစ်တပ်က စတင်ပြီး စက်ရုံတွေ၊ ဂိုဒေါင်တွေ ဖောက်တာမျိုး၊ မီးရှို့တာမျိုး လုပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ရှုတ်ချ တိုက်ခိုက်တဲ့ မဟုတ်မမှန် ကောလာဟလသတင်း တွေကို စစ်ထောက်လှမ်းရေးတွေက လုပ်ကြံ ဖန်တီးကြပါတယ်။ မဆလရဲ့ တန်ပြန်တော်လှန်ရေးကြောင့် ဒေါသထွက် ပေါက်ကွဲနေတဲ့ လူထုကို ဒေါ်အောင်ဆန်းစုကြည်တို့၊ မင်းကိုနိုင်တို့လို လူထု ယုံကြည်ကိုးစားတဲ့ ခေါင်းဆောင်တွေက လိုက်လံ ထိန်းသိမ်းနေရပါတယ်။ ဒီအချိန်မှာမှာပဲ စက်တင်ဘာလ (၁၆)ရက် ဖဆပလ ကျောက်တိုင် ဆရာမင်းသိင်္ခ ဒီမိုကရေစီ ဟောပြောပွဲမှာ ကာကွယ်ရေးဝန်ကြီးရုံးက စစ်တပ်နဲ့ အကြီးအကျယ် ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။ တစ်ဆက်တည်း စက်တင်ဘာလ (၁၇)ရက် ကုန်သွယ်ရေးဝန်ကြီးရုံး အစောင့် စစ်တပ်ကို လူထုက ဝင်ရောက် စီးနင်း သေနတ်တွေ သိမ်းပိုက်ပြီး စစ်ဗိလု စစ်သားတွေကိုတော့ လွှတ်ပေးလိုက်တဲ့ ကိစ္စ ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲရဲ့ ဒီရေ အမြင့်ဆုံး တက်လာတဲ့အချိန်၊ အောင်ပွဲနဲ့ လက်တစ်ကမ်း အလိုမှာပဲ စက်တင်ဘာလ (၁၈)ရက် ညနေ (၄)နာရီမိနစ် (၃ဝ)မှာ ဗိုလ်ချုပ်ကြီး စောမောင်ဦးစီးတဲ့ စစ်တပ်က အာဏာ သိမ်းလိုက်ကြောင်း မြန်မာ့အသံ ရေဒီယို ရုပ်မြင်သံကြားတွေက ကြေညာလိုက်ပါတော့တယ်။ အာဏာသိမ်းတဲ့နေ့၊ အာဏာသိမ်းတဲ့ညကစပြီး သပိတ်အင်အားစု အားလုံးကို အပြင်းအထန် ဖိနှိပ် ချေမှုန်းခဲ့ပါတော့တယ်။ [ မူရင်း - Radio Free Asia ] =========================

လောက်လေးခွနှင့် တုတ်များ စစ်တပ် တပ်ရင်းများတွင် ပြုလုပ် 8/29/2009 narinjara.com ရခိုင်ပြည်နယ် အခြေစိုက် စစ်တပ် တပ်ရင်းများကို လောက်လေးခွနှင့် တုတ်များ ပြုလုပ်ရန် အထက်က ညွန်ကြားထားသည်ဟု သတင်းရရှိသည်။ ယခုက့သဲို့ လောက်လေးခွနှင့် တုတ်များပြုလုပ်ရန် ညွန်ကြားခံရသော စစ်တပ် တပ်ရင်းများထဲတွင် ဘူးသီးတောင် အခြေစိုက် တပ်ရင်းများ အပါအ၀င် ပလက်ဝ အခြေစိုက် ၂၈၉၊ ပုဏ္ဍားကျွန်း အခြေစိုက် တပ်ရင်း ၅၅၀၊ ရသေ့တောင် အခြေစိုက် ၃၇၈၊ စစ်တွေ အခြေစိုက် ၃၄၄ နှင့် နစက တပ်ဖွဲ့များလည်း ပါဝင်သည်ဟု သိရသည်။ အမည်မဖေါ်လိုသူ စစ်တပ်နှင့် နီးစပ်သူ တဦး၏ အပြောအရ လောက်လေးခွနှင့် တုတ်များကို သြဂတ်စ်လတွင် အပြီး လုပ်ခိုင်ထားပြီး တပ်ရင်းတခုတွင် အနည်းဆုံး လောက်လေးခွ ၁၀၀ နှင့် တုတ် ၁၀၀ စီ ပြုလုပ်ရသည်ဟု သိရသည်။ “ လေးခွကတော့ သားရေတွေနဲ့ စနစ်တကျ လုပ်တာ ဖြစ်ပြီး တုတ်ကတော့ ကြိမ်လုံး တွေကိုတော့ (၂) ပေခန့်စီ ပိုင်းပြီး ရောင်အမဲသုတ်ကာ ပြုလုပ်ထားတာကို တွေ့ရပါတယ်။ အဓိကတော့ ဆန္ဒပြရင် နှိမ်နှင်းဖို့ ရည်ရွယ်ချက် အတွက် ဖြစ်ပါတယ်” ဟု ပြောသည်။ အမည်မဖေါ်လိုသူ တောင်ကုတ်မြို့ခံ တဦးကလည်း “ ကျနော်တို့ တောင်ကုတ်မြို့မှာဆိုရင် ရဲသားတိုင်းမှာ လောက်လေးခွ တလက်၊ တုတ်တချောင်းစီ မြို့လုံခြုံရေးကို တိုးမြှင့်တိုင်း ယူလာပါတယ်။ လောက်လေးခွတွေကိုတော့ အိတ်ထဲမှာ ထည့်ထားပြီး တုတ်တွေကိုတော့ လက်မှာ ကိုင်ထားပါတယ်။ ဆန္ဒပြရင် အနီးကပ် တုတ်နဲ့ အရင် ဖြိုခွဲပြီး မရရင် အဝေးက လေးခွတွေနဲ့ ဖြိုခွင်းမယ့် သဘော ဖြစ်ပါတယ်” ဟု ပြောသည်။ မောင်တောမြို့မှ နစကနှင့် နီးစပ်သူ တဦးကလည်း နစက ကျီးကန်းပြင်ဌာနချုပ်တွင် လောက်လေးးခွနှင့် တုတ်များကို ပြုလုပ်နေပြီး အထက်က ညွှန်ကြားချက်အရ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ပြောသည်။ ယခုက့သဲို့ ပြုလုပ်ခိုင်းခြင်းမှာ ယခုနှစ်ရွှေဝါရောင်တော်လှန်ရေးနေ့ နှစ်ပတ်လည်နေ့အတွင်း ရခိုင်ပြည်နယ်တွင် ဆန္ဒပြပွဲများ ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာနိုင်သည်ဟု အာဏာပိုင်များက ယူဆထားသဖြင့် ဆန္ဒပြပွဲများ ပေါ်ပေါက်လာပါက ကြိုတင် လက်ဦးမူယူကာ ဖြိုခွင်းနိုင်ရေး အတွက် ယခုက့သဲို့ လောက်လေးခွနှင့် တုတ်များကို ပြုလုပ်ရန် ညွန်ကြားချက် ထုတ်ထားခြင်း ဖြစ်သည်ဟု လေ့လာသုံးသပ် တဦးက ပြောသည်။ ===================== သုံးနှစ် … သုံးမိုး မေဓာဝီရဲ့ ဘလော့ maydar-wii.blogspot.com ကနေ ကူးပါတယ်။ ရှေးတုန်းက လူပျို အပျိုချစ်ကြ ကြိုက်ကြရင် တယောက်နဲ့ တယောက် သုံးနှစ် သုံးမိုး စောင့်ကြည့်ပြီးမှ အိမ်ထောင်ရက်သား ပြုကြတယ်ဆိုပဲ။ သုံးနှစ် သုံးမိုးဆိုတဲ့ အချိန်ကာလက တယောက်အကြောင်း တယောက်

အတော်အတန် တီးမိခေါက်မိ သိနိုင်ကြတယ် ထင်ပါရဲ့။ ဒီသုံးနှစ်အတွင်း ပိုပြီးတော့လည်း သံယောဇဉ် ရှိကောင်းရှိနိုင်သလို စိတ်ပျက်လက်ပျက် ဖြစ်ပြီးလည်း ခွါပြဲသွားကြနိုင် ပါသေးတယ်။ တကယ်တမ်း သုံးနှစ်ဆိုတဲ့ အချိန်ဟာ ကြာတယ်လို့ ဆိုရင်လည်း ရနိုင်သလို လက်ဖျစ်တတွက်လောက် မြန်တယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒီကနေ့တော့ ကျန်ခ့တဲ့ဲ သုံးနှစ်တာကာလကို ကျမ လည်ပြန် လှည့်ကြည့်မိတယ်။ လွန်ခ့တဲ့ဲ သုံးနှစ် ၂၀၀၆ သြဂုတ်လ ၃၀ ရက်။ *** ကြောင်ဆိုးလေး ဂါးဖီးနဲ့ ဒီဘလော့ကို စဖွင့်ခ့တဲ ယ်။ ကျမက ငပျင်းဆိုတော့ ဘ၀ကို ခက်ခက်ခဲခဲ မဖြတ်သန်းချင်ဘဲ သူ့လို အေးအေးလူလူ နှပ်နေချင်တဲ့ ရည်ရွယ်ချက်န့ေဲ ပါ့။ အစကတော့ ဘာရယ်မဟုတ် ပျင်းလို့၊ သူများလုပ်တာ အားကျလို့၊ မလုပ်ဖူးတာ စမ်းလုပ်ကြည့်ချင်လို့၊ ကိုယ်ရေးတဲ့ စာတွေ သူများဖတ်စေချင်လို့ ဆိုတဲ့ ရောက်တတ်ရာရာ ရည်ရယ်ွချက်တွေနဲ့ ဘလော့ကို စခဲ့ပေမဲ့ တဖြည်းဖြည်း အချိန်တွေကြာလာတာနဲ့အမျှ ဘလော့က ကျမကို လွှမ်းမိုးလာတော့တယ်။ နေ့တိုင်း ထမင်းမစားဘဲ မနေနိုင်သလို နေ့တိုင်း စာမရေးဘဲ မနေနိုင်တဲ့ ကျမ … ဘလော့ပေါ်မှာ တွေးမိသမျှတွေ ရေးခဲ့တယ်။ ဘလော့ပေါ်မှာ ပုဂ္ဂလိက ခံစားချက်တွေလည်း ရေးခဲ့တယ်။ ဘလော့ပေါ်မှာ ဟိုဟိုဒီဒီ ဝေဖန် လေကန်ခ့ဖဲူးတယ်။ ဘလော့ပေါ်မှာ သူများမကြိုက်တာတွေလည်း လုပ်ခ့ဖဲူးတယ်။ ဒါကြောင့်လည်း … ဘလော့ပေါ်မှာ လူသိရှင်ကြား အဆဲခံခ့ရဲ ဖူးပါတယ်။ ဒီလိုနဲ့ … ဘလော့ကြောင့် ချစ်ခင်သူ မိတ်ဆွေ သူငယ်ချင်းများ တိုးပွါးခဲ့သလို … ဘလော့ကြောင့် မုန်းတီးသူ ညှိုးသူ ရန်ဘက်များ ပေါ်ပေါက်ခ့တဲ ယ်။ ကျမက ဘလော့ကို ဖန်တီးခဲ့တယ်။ ဘလော့က ကျမဘ၀ကို ပြန်လည် ဖန်တီးခဲ့ပြန်တယ်။ ကိုယ့်ကိုယ်ကို အဟုတ်ကြီး မှတ်ပေမဲ့ လူကဲခတ်ညံ့တဲ့ ကျမက … ပြုံးရယ်တာလား လှောင်ရယ်တာလား … နားမလည်ခ့။ဲ လက်ခုပ်သံလား တောထုတ်သံလား … မခွဲခြားတတ်ခ့။ဲ အားပေးသံလား ကဲ့ရဲ့သံလား … မစဉ်းစားတတ်ခ့။ဲ မြှောက်ပင့်တာလား ရိုက်ချတာလား … မကွဲပြားခဲ့။ တွဲကူမယ့်လက်တွေလား ဆွဲချမယ့်လက်တွေလား … မသိနိုင်ခ့။ဲ ဟုတ်တယ် …. ကျမ မသိတဲ့ မသိခြင်းတွေ … အများကြီးလေ။ ဒီလိုနဲ့ ခပ်အအ ကျမဟာ … အရောင်လင်းတိုင်း အလင်းရောင် မဟုတ်ဘူးဆိုတာ … တဖြည်းဖြည်း သဘောပေါက်ခ့တဲ ယ်။

အဲဒီအချိန်မှာတော့ … ကျမရဲ့ အနက်ရောင်ဘလော့လေးဟာ အဖြူရောင် ဗလာ စာမျက်နှာ ဖြစ်ခ့ရဲ တယ်။ ကျမသည်လည်း ချစ်သောသူများနဲ့ ခွဲခွါ … ကွဲကွာ … ဝေးရာအရပ်မှာ နာကြင်ခြင်းတွေ ခါးသီးမှုတွေ မျက်ရည်တွေ ပြည့်လျှမ်းပြီး အကြင်နာတွေ မေတ္တာတရားတွေ အေးခဲနေခဲ့တဲ့ ဥရောပရဲ့ ဥတုကြမ်းမှာ အမေ့အိမ်ကို လွမ်းခဲ့ရတယ်။ *** ဘလော့သာ မရေးခဲ့ရင် … လို့ ကျမတွေးကြည့်မိတော့ … ဘလော့သာ မရေးခဲ့ရင် … ဒီအချိန်မှာ ဒီနေရာ ဒီဒေသကို ရောက်နေမှာ မဟုတ်ဘူး။ ဘလော့သာ မရေးခဲ့ရင် … ချစ်သူတွေန့လဲ ည်း ကွေကွင်းရမှာ မဟုတ်ဘူး။ ဘလော့သာ မရေးခဲ့ရင် … မုန်းသူတွေလည်း ခုလောက်များမှာ မဟုတ်ဘူး။ ဘလော့သာ မရေးခဲ့ရင် … ဘ၀ဆိုတာကို သေချာသိဦးမှာ မဟုတ်ဘူး။ ဘလော့သာ မရေးခဲ့ရင် … လူတွေရဲ့အတွင်းစိတ်ကို ခုလောက်သိဖြစ်မှာ မဟုတ်ဘူး။ ဘလော့သာ မရေးခဲ့ရင် … ရေသာခို လှေကြုံစီး အပျင်းကြီး နေဖြစ်ဦးမယ်။ ဘလော့သာ မရေးခဲ့ရင် … အပြောင်းအလဲ သိပ်မရှိတဲ့ သမားရိုးကျဘ၀မှာ နိစ္စဓူဝ ကျင်လည်နေရဦးမယ်။ ဘလော့သာ မရေးခဲ့ရင် … … … … ... ဘလော့သာ မရေးခဲ့ရင် … … … … … … ဘလော့သာ မရေးခဲ့ရင် … … … … … … … တကယ်ပါ … ဘလော့က ကျမဘ၀ကို ဖန်တီးသွားခဲ့တာ။ *** ခုဆို ဘလော့နဲ့ ပတ်သက်ခ့တဲာ သုံးနှစ်သုံးမိုး တိုင်ခြဲ့ ပီ။ ဒီကြားထဲ ခဏတဖြုတ် ဥပေက္ခာပြု လျစ်လျူရှုထားခဲ့ရတယ်။ နောက်တော့လည်း မိဘ ဆွေမျိုးတွေ သဘောမတူတဲ့ ကြားက ယောင်လည်လည်နဲ့ အနားသွားကပ်၊ တပုဒ်စ နှစ်ပုဒ်စ ပြန်တင် … အဲဒီလိုနဲ့ မခွဲနိုင် မခွါရက် ပြန်ပတ်သက် မိပြန်တယ်။ လူကြီးတွေ မကြိုက်တာ လုပ်နေရတာမို့ တခါတခါ ဘလော့ရေးရတာ ပြစ်မှုတစုံတရာ ကျူးလွန်နေရသလိုပဲ စိတ်ထဲ ထင်မိပါတယ်။ ကိုယ့်ဘ၀ ကိုယ်မပိုင်သေးတဲ့ အချိန်မို့ ဘလော့ကို စိတ်ရှင်းလက်ရှင်းနဲ့ လွတ်လပ်စွာ ရေးသားခွင့် ကျမမှာ မရှိပါဘူး။ ကျမ ရှုံးနိမ့်မှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ ဘလော့ကြောင့်လို့ ဘလော့ကို လက်ညှိုးထိုးမှာလည်း စိုးရိမ်မိတယ်။ သုံးနှစ် သုံးမိုးကြာပြီဆိုတော့ … ကျမ ဘာလုပ်ရမလဲ ဆိုတာ ဆုံးဖြတ်ရမယ့် အချိန်ရောက်လာပြီလို့ တွေးမိတယ်။ ဘလော့ကို ကျမ လက်တွဲရမလား … ဒါမှမဟုတ် … လက်တွဲ ဖြုတ်ခ့ရဲ မလား။ တကယ်တမ်း ကျမ မလုပ်ရက် … မလုပ်ချင် … မလုပ်နိုင်ပါဘူး။ ဒီဘလော့လေးဟာ ကျမရဲ့ ဘ၀၊ ကျမရဲ့ အဖော်၊ ကျမရဲ့ ရဲဘော်ရဲဘက်။ ကျမ သူ့ကို မစွန့်ပစ်ခ့နဲိုငပ်ါဘူး။ ရင်ထဲက ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို စာလုံးလေးတွေ တလုံးချင်းစီနဲ့ သီကုံးရေးဖွဲ့ တည်ဆောက်ခ့ရဲ တဲ့ ဒီစာမျက်နှာလေးကို ကျမ ကျောခိုင်း မထားခဲ့ရက်ဘူး။ ဘယ်သူမှမသိအောင် နာမည်တခု သပ်သပ်နဲ့ ပြောင်းရေးဖို့ စဉ်းစားမိပါသေးတယ်။ ဒါလည်း ကျမစိတ်ထဲ သိပ်အဆင်မပြေဘူး။ ကျမ မလုပ်ချင်ဘူး။ ခုချိန်ထိ ကျမ ဆုံးဖြတ်ချက် မချနိုင်ဘဲ တွေဝေနေမိတယ်။

ကျမ ဘာလုပ်ရမလဲ …. …. …. ။ *** သုံးနှစ်သုံးမိုးထိ တည်တံ့အောင် တစတစ တည်ဆောက်ခ့ရဲ တယ်။ သုံးနှစ်သုံးမိုးအချိန်အတွင်း ပြုံးပျော် ကြည်နူးခဲ့ရသလို ညစ်ညူး ငိုကြွေးခဲ့ရတယ်။ သုံးနှစ်သုံးမိုးကာလမှာ အခက်အခဲတွေ အတူတူ ကျော်ဖြတ်ခြဲ့ ကတယ်။ သုံးနှစ်သုံးမိုး … … … .… .… …. …. …. .… ကြာခဲ့ပါပြီ … … … ။ *** မေဓာဝီ ၃၀၊ သြဂုတ်၊ ၂၀၀၉ ၅း၂၄ နာရီ (ကျမ ဘလော့ ၃-နှစ်ပြည့် အမှတ်တရနဲ့ ကိုဟယ်ရီတက်ဂ်တာကို ပေါင်းပြီးရေးလိုက်ပါတယ်။) ရေးခဲ့ဖူးတဲ့ အမှတ်တရလေးတွေ … (၁) ခြေလှမ်း ၃၀၀ပြည့် (၂) အခါလည်အတွေး (တနှစ်ပြည့်) posted by Maydarwii at 5:27 AM 10 Comments: Blogger ရွှေဂျမ်း said...

သုံးနှစ်က မြန်ပေမယ့် အဲဒီအချိန်ထဲမှာ ဖြစ်ခ့တဲ့ဲ အဖြစ်အပျက်တွေ၊ ရခဲ့တဲ့

အတွေ့အကြုံတွေ၊ အမှတ်ရစရာတွေက နည်းတာမဟုတ်ဘူးနော် အမရေ။ အမရေးတာ အမြဲဖတ်လို့ကောင်းလို့ ရေးတာတော့ ဘယ်တော့မှ မရပ်စေချင်ပါဘူး။ ဘလော့လေးနဲ့အမ သုံးနှစ်သုံးမိုးကနေ ရာသက်ပန် လက်တွဲသွားနိုင်ပါစေလို့ပဲ ဆုတောင်းပေးချင်ပါတယ်။း) Anonymous said... မျှော်နေပါတယ်..

သုံးနှစ်တောင် ရှိခ့ပဲီလား အမရေ..

အမရဲ့ စာကောင်းပေကောင်းတွေ

ဆက်လက်အဓွန့်ရှည်ပါစေလို့... ဆုတောင်းပေးပါတယ်..အမရေ..

Blogger Craton said...

ဘာတွေဖြစ်လို့ပါလိမ့်.. လူကြီးတွေလွှမ်းမိုးမှုအောက်ကတော့ သေမှပဲ

လွတ်မြောက်မယ်ထင်ပါတယ်..

ပြီးတော့ ဘလော့ဂ်အပေါ်စွဲလမ်းမှုကလည်း တော်တန်ရုံမှမဟုတ်ဘဲ။

ဘ၀လက်တွဲဖော်လေးကို လွယ်လွယ်နြဲ့ ဖစ်ဖြစ်၊ ခက်ခက်နြဲ့ ဖစ်ဖြစ် ဖြုတ်မချပါနဲ့လား။ ဘယ်သူတွေက ဘာတွေပြောပြီး ဘာတွေချုပ်ချယ်လို့လဲဟင်.. စိတ်မကောင်းဘူးဖတ်ရတာလည်း...

၃နှစ်ပြည့်တ့အဲ တွက်

ဂုဏ်ယူပါတယ်။ုဆုတောင်းပါတယ်။ အေးအေးချမ်းချမ်း ဆက်လက်ပြီး ဝေမျှရေးသားနိုင်ပါစေ.. Blogger Kay said...

မမေရေ..ဒီဘလော့ကြောင့်ပ.ဲ .ကျမတို့တွေ.. တယောက်နဲ့ တယောက် ဖတ်တတ်ကြ..

နားလည်ခြဲ့ က.. နွေးထွေးခဲ့ကြ..( အေးစက်ခြဲ့ က) ..

ဘာပဲဖြစ်ဖြစ်..ရေးချင်..ရေးနိုင်နေသရွေ့တော့..ကျမတို့အားလုံးရဲ့.. ချစ်သူလေးတွေပါပဲ.. မရှိလဲကောင်း..ရှိလဲကောင်းပေါ့လေ.. Blogger Ko Min Htet said...

ဆက်လက်..-- နှစ်-- မိုး နိုင်ပါစေ..း))

မေဓာဝီရေ့ ကျနော်ကတော့ ခုနှစ်နှစ်တိုင်တိုင် ချစ်သူတစ်ယောက်ကို ရဖို့

ကျိုးစားခဲ့ဖူးတယ် သိလား။ ဒါပေမဲ့ သူနဲ့ တွဲရခါနီးမှာ မထင်မှတ်ပဲ ခွဲခ့ရဲ တယ်။ ထားလိုက်ပါတော့လေ။ မေဓာဝီရဲ့ သုံးနှစ်ပြည့်ဘလောဂ်အတွက် ဂုဏ်ယူပါတယ်ဗျာ။ စာကောင်းလေးတွေ ထာဝစဉ်မျှော်လင့်နေကြောင်းပါ။ Blogger ကိုအောင်(ပျူနိုင်ငံ) said...

သုံးနှစ်ဆိုတာ (၂၀)တို့ (၂၁)တို့မှ မဟုတ်တာ။

ဆက်လက်ပြီး နှစ်ပေါင်းများစွာအထိ ရေးနိုင်ပါစေလို့

ဆုတောင်းပါတယ်ဗျို့ ... ကွေကွင်းသွားတဲ့ သူနဲ့

ပြန်လည် သင့်မြတ်ရေး ဆွေးနွေးပွဲ စာပွဲဝိုင်း ဆီကို တက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပါတယ်... :P ။ Blogger ရေတမာ said...

ဝါးးးးးးး အားကျပါတယ် အမရေ

လက်တွဲတွေမြဲခြဲ့ ကတယ်နော်

သုံးနှစ်ကြီးများတောင်

နောက်ထပ် နှစ်ပေါင်းများစွာ စာပေကောင်းများရေးနိုင်ပါစေလို့

ဆုမွန်ကောင်းတောင်းလျက် Blogger ကိုလူထွေး said... ဒီကနေ့အထိ စွဲမြဲ အခက်အခဲအားလုံးကို အံတု ကြံကြံခံ ဇွဲပြုရင်း အရင်းအနှီးများစွာဖဲ့ဆပ် တည်ဆောက်အပ်တဲ့ အိမ်ကလေးမို့ လွယ်လွယ်လေးနဲ့ ပစ်မပြေးစေချင်... Blogger ကလူသစ် said...

၃နှစ်တောင်ရှိပြီပဲ။ ဘာမှ စဉ်းစားမနေနဲ့၊ ကပ်လိုက် ခွာလိုက်လုပ်မနေနဲ့။

လူကြီးတွေသဘောမတူဘူး ဘာဘူး စဉ်းစားမနေနဲ့။ ယူသာ ယူလိုက်တော့ .... ယောင်္ကျား...အဲ့လေ.... ဘလော့ဆက်ရေးလို့ပြောတာ Blogger Harry said...

သုံးနှစ်သုံးမိုးများ ဟယ်ရီတို့က ပျင်းတောင် ပျင်းသေး ...

တို့များဆို ၈-နှစ်တိတိ စောင့်ခ့ဖဲူးတယ် ... ဟဲဟဲ

ကျေးဇူး မမေရေ ... အကြွေးဆပ်လို့ .

(ကြွေးရှိပြေးမှာ ... ပြေးမိပြေးရာ လုပ်စရာ မလိုတော့ ပါဘူး ... :P) ================ end

Related Documents

News On Aug 30
May 2020 2
News On Aug 29
May 2020 4
News On Aug 12
May 2020 4
30 Aug
May 2020 14
Aug 30
May 2020 10
Acr Aug 16 News
May 2020 13