News On Aug 29

  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View News On Aug 29 as PDF for free.

More details

  • Words: 5,158
  • Pages: 27
Uncensored Burma - Daily News ( Aug 29 ) ၂၀၁၀ ရွေးကောက်ပွဲ ရွှေ့ဆိုင်းလို၍ ကိုးကန့်စစ် ဖန်တီးဟု ဆို အောင်သက်ဝိုင်း - ဧရာဝတီ သတင်းဌာန စစ်အစိုးရသည် ကိုးကန့်ဒေသနှင့် နယ်စပ်ဒေသများတွင် တိုင်းရင်းသား အပစ်ရပ်အဖွဲ့များနှင့် ပြည်တွင်းစစ် ဖန်တီးတိုက်ခိုက်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းနိုင်သည်ဟူသော ထင်မြင်ယူဆချက်များ ရန်ကုန်မြို့ နေ ပြည်သူများအကြားတွင် ပျံ့နှံ့နေကြောင်း သိရှိရသည်။ ကိုးကန့်ဒေသတွင် စစ်အစိုးရနှင့် ဦးဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်ငြိမ်းချမ်းရေးတပ်ဖွဲ့များအကြား တင်းမာ မှုများ သတင်းများ ထွက်ပေါ်ချိန်မှစပြီး မြန်မာ ပြည်သူများအကြား ပြည်ပ အခြေစိုက် အသံလွှင့်ဌာန များမှ သတင်းများကို အထူးအာရုံစိုက်နားထောင်လာကြရာ တိုက်ပွဲများ ဖြစ်ပွား သောအခါ ပိုမိုစိတ်ဝင်တစား ဆွေးနွေးပြောဆိုမှုများ ရှိနေခဲ့ကြသည်။ ရန်ကုန်မြို့နေ တက္ကသိုလ် ကျောင်းသား ၅ ဦး၊ အစိုးရ ၀န်ထမ်း ၂ ဦး၊ သတင်းသမား ၅ ဦး၊ ကုမ္ပဏီရုံး ၀န်ထမ်း ၃ ဦး၊ စီးပွားရေးသမား ၅ ဦးနှင့် အငြိမ်းစား တပ်ကြီး ၂ ဦးတို့ကို ကိုးကန့်ဒေသ စစ်ပွဲ နှင့် ပတ်သက်ပြီး အနာဂတ်အခြေအနေကို မေးမြန်းရာ ပြည်တွင်းစစ်ဖြစ်ပွားရေး ဦးတည်နေပြီ ဟု ပြောဆိုကြပြီး စစ်အစိုးရ၏လုပ်ရပ်ကို ထောက်ခံခြင်း၊ မထောက်ခံခြင်း အပိုင်းတွင် သဘောထားကွဲလွဲလျက်ရှိသည်။ စစ်အစိုးရက ပြည်တွင်းစစ်ဖန်တီးကာ မတည်ငြိမ်မှုများဖြစ်ထွန်းစေပြီး ၂၀၁၀ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခြင်း များဖြစ်ပေါ်လာနိုင်ကြောင်း၊ စစ်အုပ်ချုပ်ရေးဖြင့် ဆက်လက်အုပ်ချုပ်ရန် ရည်ရွယ်ချက် ရှိနိုင်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲကျင်းပမည့်ကိစ္စနှင့် ဆက်စပ်ပြီး စစ်အစိုးရ ဗိုလ်ချုပ်များအတွင်း အာဏာလွန်ဆွဲပွဲများ ရှိနေ ခြင်းကြောင့် ပြည်တွင်းစစ်ဖန်တီးပြီး စစ်အုပ်ချုပ်ရေး တည်တံ့ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြည်တွင်း သတင်းထောက် ၅ ဦး စလုံးက တူညီစွာ သုံးသပ်သည်။ “၂၀၁၀ ရွေးကောက်ပွဲမလုပ်စေချင်တဲ့ စစ်ဗိုလ်ချုပ်တွေကလည်း စစ်တပ်ထိပ်ပိုင်းခေါင်း ဆောင်ပိုင်းမှာကို ရှိနေတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ ရွေးကောက်ပွဲကို သူ့သဘောနဲ့သူလုပ်တာ။ အရပ်သား တွေနဲ့ အာဏာဝေခြမ်းအုပ်ချုပ်ရမှာကို တခြား ဗိုလ်ချုပ် တွေက မနှစ်မြို့ကြဘူးလို့ လည်း သတင်းတွေထွက်တယ်” ဟု မန္တလေးသား ဂျာနယ် သတင်းထောက် တဦးက ပြောသည်။ ကိုးကန့်ဒေသတိုက်ပွဲများမှတဆင့် ပြည်တွင်းစစ်ဖြစ်ပွားလာပါက စစ်တပ်အတွင်းတွင်လည်း စစ်အာဏာ သိမ်းမှုများ ပေါ်ပေါက်လာနိုင်သည်ဆိုသော ယူဆချက်များလည်း ပေါ်ထွက်လာသည်။ “ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ ကြည်းတပ်တွေက ဒီလိုတိုက်ပွဲတွေ ဖြစ်အောင် လုပ်တယ်လို့လည်း ကြားတယ်။ ၂၀၁၀ မတိုင်ခင် စစ်တပ်အတွင်းမှာ အာဏာသိမ်းမှုတွေ ဖြစ်နိုင်တယ်” ဟု ရန်ကုန် သတင်းထောက် တဦးက ဆိုသည်။ အစိုးရ၏ ယခုက့သဲို့ စစ်ရေးအရ ဖြေရှင်းခြင်းကို သဘောမတူကြောင်းနှင့် တိုက်ပွဲများ အဆုံးသတ်ပြီး ဆွေးနွေးညှိုနှိုင်းသင့်ကြောင်းလည်း ရန်ကုန်သတင်းထောက်များက သုံးသပ်နေကြသည်။

မူးယစ်ဆေးဝါး နှင့် လက်နက်ရောင်းဝယ်ခြင်း တရားမ၀င်လုပ်ငန်းများကို လုပ်ကိုင်နိုင်နေသော ကိုးကန့်နှင့် တိုင်းရင်းသားတပ်ဖွဲ့များကို စစ်ရေးအရက တိုက်ခိုက်ခြင်းသည် မှန်ကန်သော လုပ်ရပ်ဖြစ်သည်ဟု လည်း တချို့ပြည်သူများက ထင်မြင်ယူဆသည်။ “ဘယ်အစိုးရပဲတက်တက် မူးယစ်ဆေးဝါး၊ တရားမ၀င် လက်နက်အရောင်းအ၀ယ် လုပ်တဲ့ ဒီ တိုင်းရင်းသား အဖွဲ့တွေက လုံခြုံရေးနဲ့ ဥပဒေ၊ တရားမျှတမှု ထွန်းကားရေးအတွက် အနှောင့်အယှက် ဖြစ်နေဦးမှာ၊ ဒီလို စစ်အရေးအရ တိုက်ခိုက်တာဟာ ဒီအစိုးရမှ မဟုတ်ဘူး၊နောင် တက်မယ့် အရပ်သား အစိုးရကလည်း ဒီလို တိုက်ရမှာပဲ” ဟု အငြိမ်းစား တပ်ကြပ်ကြီး တဦးက ပြောဆိုသည်။ ဒဂုံတက္ကသိုလ်ကျောင်းသားတချို့ကမူ ကိုးကန့်တိုက်ပွဲကြောင့် ၂၀၁၀ ရွေးကောက်ပွဲ ရွှေ့ဆိုင်း နိုင်သည်ဟု မထင်မြင်ကြောင်း၊ ကိုးကန့်နှင့်တိုက်ပွဲများ ဖြစ်ပွားခြင်းသည် ၂၀၁၀ ရွေးကောက်ပွဲကို သေချာပေါက် ကျင်းပ လိုသောကြောင့် ယခုက့သဲို့ တိုက်ပွဲများဖန်တီးခြင်းဖြစ်ပြီး စစ်အစိုးရ လက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် ပြောင်းလဲဖွဲ့စည်းရန် ငြင်းဆန်နေသော တိုင်းရင်းသားတပ်ဖွဲ့များကို ခြိမ်းခြောက်မှု ဟုဆိုလျှင်လည်း မမှားနိုငေ် ကြာင်း ပြောသည်။ “ကိုးကန့်န့စဲ စ်တိုက်ပြီး အခြားတိုင်းရင်းသားတပ်ဖွဲ့တွေကို ခြိမ်းခြောက်တ့သဲ ဘောပဲ။ သူတို့ လက်အောက်ခံ နယ်ခြားစောင့်တပ်မဖွဲ့ရင် စစ်ရေးအရ တိုက်ခိုက်နှိမ်နင်းခံရမယ် ဆိုတာကို ဥပမာပေးလုပ်ဆောင်တယ်လို့ ယူဆပါတယ်”ဟု ဥပဒေအထူးပြုဒဂုံတက္ကသိုလ် ကျောင်းသားတဦးက ထင်မြင်ချက်ပေးသည်။ ကိုးကန့်တိုက်ပွဲများသည် ရေရှည်တိုက်ခိုက်ပြီး ပြည်တွင်းစစ်ပုံစံဖြစ်လာပါက ရန်ကုန်၊မန္တလေးနှင့် နိုင်ငံ တ၀န်း တွင် စီးပွားရေးလုပ်ကိုင်နေသော ကိုးကန့်နှင့် `၀´ တိုင်းရင်းသားများ၏ ရင်းနှီးမြုပ်နှံမှုများ ပြန်လည် ဆုတ်ခွာသွားနိုင်သဖြင့် စီးပွားရေးလောကတွင်လည်း အပြောင်းအလဲ တချို့ရှိလာနိုင်ကြောင်း ရန်ကုန် စီးပွားရေးသမား တဦးက သုံးသပ်သည်။ “ကိုးကန့်နဲ့ ၀ တွေက ပြည်တွင်းစီးပွားရေးလုပ်ငန်း တော်တော်များများမှာ ရင်းနှီးမြုပ် နှံထားတယ်။ တိုက်ပွဲ တွေကြောင့် သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ ရပ်သွားမယ်။ စီးပွားရေး ဆုတ်ယုတ်မှုတွေဖြစ်နိုင်သလို ပြည်တွင်းစီးပွားရေးသမားတွေအတွက် ရပ်ဆိုင်းသွားတဲ့စီးပွားရေး လုပ်ငန်းတွေနေရာမှာ လုပ်ကိုင်ဖို့ အခွင့် အလမ်းတွေဖြစ်လာ နိုင်တယ်” ဟု ထိုစီးပွားရေးသမားက ပြောသည်။ ကိုးကန့်နှင့်စစ်မက်ဖြစ်ပွားလျက်ရှိသော နေရာသည် တရုတ်-မြန်မာနယ်စပ်ဒေသဖြစ်သည့် အပြင် နယ်စပ် ဒုက္ခသည်ပြဿနာများကြောင့် မြန်မာအစိုးရကို အစဉ်တစိုက် ထောက်ခံနေသော တရုတ်အစိုးရ၏ မူဝါဒများ အပြောင်းအလဲဖြစ်ပေါ်နိုင်သည်ဟု ပြောဆိုမှုများလည်း ရှိလာသည်။ “မြန်မာအစိုးရကို ထောက်ခံအားပေးတဲ့ တရုတ်အစိုးရ မူဝါဒ အပြောင်းအလဲဖြစ်နိုင်တယ်။ အဆိုးထဲက အကောင်းထွက်ဆိုသလို မြန်မာ့ဒီမိုကရေစီလပှုရှားမှုကို တရုတ်က ထောက်ခံ အားပေးလာနိုင်ပါတယ်။ အနည်းဆုံး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပြီး တိုင်းရင်းသားတွေန့အဲ တူ ဆွေးနွေးပွဲစကားဝိုင်း ပေါ် ရောက်လာဖို့ တရုတ်က တွန်းအားပေးမှု ဖြစ်လာနိုင်တယ်”ဟု ရန်ကုန် သတင်းထောက်တဦးက ပြောသည်။

ကိုးကန့်ဒေသတွင်ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်ပြီး စစ်အစိုးရ သတင်း မီဒီယာများက ယခု အချိန်အထိ ထုတ်ပြန်ခြင်း မရှိသေးချေ။ ================================ ကိုးကန့် တပ်ဖွ့ဝဲ င် ၇၀၀ ကျော် တရုတ်အစိုးရထံ လက်နက်ချ Saturday, 29 August 2009 19:55 ရန်ပိုင် - ဧရာဝတီ သတင်းဌာန ကိုးကန့်တပ်ဖွဲ့ဝင် အင်အား ၇၀၀ကျော်သည် ယနေ့နေ့လယ်ပိုင်းက တရုတ်နိုင်ငံယူနန်ပြည်နယ် အတွင်းသို့ ၀င်ရောက်သွားပြီး တရုတ်အစိုးရထံတွင် လက်နက်အပ်လိုက်ကြောင်း သိရသည်။ ထိုသို့ လက်နက်ချလိုက်သောကြောင့် တိုက်ပွဲများ ဆုံးခန်းတိုင်လု ဖြစ်သွားသည်ဟု တရုတ်မြန်မာ နယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော က ပြောဆိုသည်။ “ကိုးကန့်တပ် အင်အား ၇၀၀ လောက် ဒီနေ့နေလယ်က တရုတ်ဘက်ကို ၀င်သွားပြီး၊ တရုတ်အစိုးရဆီမှာ လက်နက်ချလိုက် တယ်၊ တပ်ဖွဲ့ငယ်လေးတွေပဲကျန်တော့တယ်၊ ညီနောင်တပ်ဖွ့ေဲ တွလည်း ဒီနေ့မနက်လေးနာရီမှာ ဆုတ်သွားပြီ”ဟု ၎င်း က ပြောသည်။ [ပြီးခဲ့သည့် မတ်လအတွင်းက ကျင်းပသော ငြိမ်းချမ်းရေး ၂၀ မြောက် အခမ်းအနားတွင် စစ်ရေးပြနေ သည့် ကိုးကန့် တပ်ဖွဲ့ဝင်များ] ပြီးခဲ့သည့် မတ်လအတွင်းက ကျင်းပသော ငြိမ်းချမ်းရေး ၂၀ မြောက် အခမ်းအနားတွင် စစ်ရေးပြနေ သည့် ကိုးကန့် တပ်ဖွဲ့ဝင်များ စစ်အစိုးရတပ်က လက်နက်ကြီးများ၊ တင့်ကားများဖြင့် ထိုဒေသအတွင်းသို့ဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း လည်း သိရသည်။ “မြန်မာပြည်သူများ မျက်နှာမထောက်ဘဲ ကုလသမဂ္ဂမှာ စစ်အစိုးရဘက်မှ လိုက်ခ့တဲ့ တဲ ရုတ်နိုင်ငံကို စစ်အစိုးရက ဂရု မစိုက် ကြောင်း ပြသလိုက်တာပဲဖြစ်တယ်၊တရုတ်ကတိုက်ပွဲကြီး မဖြစ်ပါစေနဲ့ပြောတယ်၊ စစ်အစိုးရက လက်နက် ကြီးနဲ့ပစ် ပြလိုက် တယ်”ဟု ဦးအောင်ကျော်ဇော ကဆက်ပြောသည်။ ယခု ကိုးကန့်တပ်ဖွဲ့ဝင်များ လက်နက်ချသတင်းနှင့်ပတ်သက်ပြီး ဧရာဝတီက သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေး ပေ။ ယမန်နေ့က ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်အစိုးရ တပ်က ပစ်ခတ်မှုကြောင့် တရုတ်နိုင်ငံဘက်သို့ လက်နက်ကြီး ကျည်များကျရောက်ပြီး တရုတ်လူမျိုးတဦး သေဆုံး၍ ၂ ဦးဒဏ်ရာရှိခ့ေဲ သ်ာလည်း၊ ယနေ့တွင် လက်နက်ကြီးများနှင့် ဆက်လက်ပစ်ခတ်ခဲ့ သေးကြောင်း သိရသည်။ ယမန်နေ့ ကပင် တိုက်ပွဲများ ဖြစ်ပွားနေသော တရုတ်မြန်မာနယ်စပ် တည်ငြိမ်ရေး ကိုထိန်းသိမ်း ဆောင်ရွကရ် န် မြန်မာစစ် အစိုးရ ကို တရုတ်နိုင်ငံခြားရေး ၀န်ကြီး ဌာနက တိုက်တွန်းပြောကြား ထားသည်။ “မြန်မာ့ပြည်တွင်းရေး ဖြစ်သောကြောင့် နိုင်နင်းစွာကိုင်တွယ်ရန်လိုကြောင်း၊ တရုတ်အစိုးရအနေဖြင့် နယ်စပ် ဒေသ တည်ငြိမ်ရေးကို လိုလားကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများအား

နိုင်ငံသားအခွင့်အရေးများ နှင့် အကာ အကွယ်ပေးရန် တိုက်တွန်းကြောင်း” ဟု တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Jian Yu ကပြောကြား ခြင်းဖြစ်သည်။ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း သခင်ချန်ထနွ်းကမှု“ဗမာစစ်အစိုးရ ဆိုတာ ဘယ်သူမှဂရုမစိုက်ဘူး၊ ကိုယ့်ကိုယ်ကိုယ် သာအထင်ကြီး တယ်၊ တရုတ်ကိုလည်း ထည့်စဉ်းစားမယ် မထင်ပါဘူး” ဟု ဧရာဝတီသို့ပြောသည်။ အဆိုပါ တိုက်ပွဲများကြောင့် ကိုးကန့်ဒေသမှ ဒုက္ခသည် ၃၀၀၀၀ ခန့် ရှိလာသည့်အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ပြောရေးဆိုခွင့်ရှိသူ မီရှဲလ် မွန်းတပ်စ်ကပြောဆိုသည်။ ပြီးခဲ့သည့်သြဂုတ်လ ၂၃ ရက်နေ့က အာဏာပိုင်တို့က ကိုးကန့် ခေါင်းဆောင် ဦးဖုန်ကြားရှင် ၏ အိမ်တွင် လက်နက် စက်ရုံ ရှိသည်ဟု အကြောင်းပြပြီး ၀င်ရောက်စီးနင်း ခဲ့သည်။ ထို့နောက် ကိုးကန့် အပစ်ရပ်အဖွဲ့ အတွင်း စစ်အစိုးရ အကူအညီဖြင့် အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့ပြီးနောက် ခေါင်းဆောင်မှု ကော်မတီကို အသစ် ဖွ့စဲ ည်းလိုက်ပြီး ၊ ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင် သည် ၎င်း၏ တပ်ဖွ့မျဲား နှင့် အတူ ၀ နယ်ဘက် သို့ ရှောင်တိမ်းသွားခဲ့ရာမှ စစ်အစိုးရတပ်များ နှင့် တိုက်ပွဲများဖြစ် ပွားခဲ့ခြင်း ဖြစ်သည်။ ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်အဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည်။ =========================================== စစ်ကြောရေးစခန်းတွင် ရိုက်နှက်သည့်ဒဏ်ကြောင့် သံဃာတပါး အူကျသည့်ရောဂါ ခံစားနေရ ဖြိုးကြီး ရိုးမ၃ သတင်းဌာန အရှင်ဆန္ဒာဓိက (ခ) ကိုညီညီစံကို စစ်ကြောရေးစခန်းတွင် ရိုက်နှက်ထားသည့် ဒဏ်ကြောင့် အူကျသည့် ဝေဒနာကို ခံစားနေရသည်။ စစ်ကြောရေးစခန်းမှ ရဲအုပ် ကျော်စိန်နှင့် ဒုရဲအုပ် ပြည်ခိုင်ဇော်တို့က ရိုက်နှက်ခြဲ့ ခင်းဖြစ်ကြောင်း (၂၇) ရက်နေ့ တိုင်းတရားရုံတွင် ရုံးထုတ်သည့်နေ့က မိသားစုဝင်များကို အရှင်ဆန္ဒာဓိက က ပြောသည်။ “ဝါးစိမ်းတုတ်နဲ့ ရိုက်တာ အရိုးတွေ ကျိုးသွားတဲ့အထိ ရိုက်တာလို့ပြောတယ်၊ အဲဒီဒဏ်တွေကြောင့် အူကျတာတွေ ဖြစ်နေတယ်၊ လောလောဆယ် ထောင်ဆေးရုံမှာ ပြနေရတယ်” ဟု မိသားစုဝင်တဦးက ပြောသည်။ အာဏာပိုင်များက စစ်ကြောရေးစခန်းတွင် ရိုက်နှက်ကာ ဓါတ်ဆီလောင်း မီးရှို့ဆန္ဒပြရန် ကြံစည်ကြောင်း အတင်းကြပ် ထွက်ဆိုခိုင်းကြောင်း ၎င်းက ဆက်ပြောသည်။ အရှင်ဆန္ဒာဓိကကို အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည် အမိန့်ချမှတ်ခံရသည့် ယခုလ (၁၁) ရက်နေ့က အင်းစိန်ထောင်ရှေ့ သွားရောက်ကြားနာပြီး အပြန်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အရှင်ဆန္ဒာဓိက အဖမ်းခံရခြင်းနှင့်ပတ်သက်၍ “ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ရုံးထုတ်မှာ ဘယ်လို အမိန့်ချမလဲဆိုတာ သွားနားထောင်ခ့တဲ ယ်၊ နောက်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးဘက်ကို လာပြီး သူ့ဒကာ၊ ဒကာမတွေကို နှုတ်ဆက်ပြီးတော့ ပြန်တ့အဲ ချိန်မှာ ကားအဖြူလေးနဲ့ လူသုံးယောက်က ဦးဇင်းကို အအေးကပ်ချင်လို့ဆိုတော့ ဦးဇင်းကလည်း ငါဘုန်းပေးတာ ပြည့်စုံပြီတ့၊ဲ မလိုတော့ပါဘူးဆိုပြီး ပြောတာကို ဦးဇင်းကို ပြောစရာရှိလို့ပါတဲ့၊ မေးစရာလေးရှိလို့ပါဆိုပြီး ခေါ်သွားတာ” ဟု မိသားစုဝင်က ပြောသည်။ ယခုလက်ရှိ အရှင်ဆန္ဒာဓိကကို အင်းစိန်ထောင် အဆောင် (၃) အခန်း (၁) တွင် လူဝတ်လဲထားကာ သာသနာတော် ညှိုးနွမ်းစေသည့် ပုဒ်မဖြင့် ဒုရဲအုပ် ဇော်ဖုန်းဝင်းက တရားလိုပြုလုပက်ာ တရားစွဲထားပြီး နောက်လ (၃) ရက်နေ့တွင် ရုံးချိန်း ထပ်မံချိန်းဆိုထားသည်။ ====================== အပြစ်မဲ့ ၂ လကြာ စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းခံခ့ရဲ သူ ပြန်လည်လွတ်မြောက် ဗထူး ရိုးမ၃ သတင်းဌာန အမှုစွဲ တရားရုံးတင်ခြင်းမရှိဘဲ ၂ လကျော်ကြာ ထိန်းသိမ်းခံခ့ရဲ သည် ဒေါပုံမြို့နယ်မှ ကိုနိုင်ငံလင်းသည် ယမန်နေ့က အောင်သပြေစစ်ကြောရေးစခန်းမှ ပြန်လည်လွတ်မြောက်လာသည်။ ယခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် စာသင်ကြားရာမှပြန်လာသူ ကိုနိုင်ငံလင်းကို အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်ကာ အောင်သပြေစစ်ကြောရေးစခန်းတွင် ၆၂ ရက်ကြာ ချုပ်နှောင်ထားခဲ့ခြင်းဖြစ်သည်။ “မနေ့က (၁၂) နာရီခွဲမှာ ပြန်လွတ်လာတာပါ။ အိမ်ကို ကားနဲ့လိုက်ပို့ပါတယ်။ ဘာပြစ်မှုမှမရှိလို့ ပြန်လွှတ်တာလို့တော့ ပြောတယ်ဗျ၊ ကျနော်န့အဲ တူတူ အဖမ်းခံရတဲ့ ကိုကျော်ကျော်ကိုတော့ ပြန်မလွှတ်သေးဘူး။ သူ့ကို ဘယ်မှာထားတယ်ဆိုတာလဲ မသိရဘူး” ဟု ပြန်လည်လွတ်မြောက်လာသူ ကိုနိုင်ငံလင်းက ပြောသည်။ ရန်ကုန်မြို့ တာမွေကျောက်မြောင်းအနီး အင်တာနက်ဆိုင်တွင် အင်တာနက် အသုံးပြုနေစဉ် အမည်မသိသူ ၅ ဦးက ဖမ်းဆီးသဖြင့် လိုက်ပါသွားခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ စစ်ကြောရေးစခန်းသို့ရောက်ပြီး ၃ ရက်တိတိ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခြဲ့ ပီးနောက် နောက်ထပ်မေးမြန်းမှုများ မပြုလုပ်တော့ဘဲ အခန်းတခုတွင် သီးသန့်ထားကာ ပြန်လည်မလွတ်မြောက်မီ ၆ ရက်ခန့်အလိုတွင် အချုပ်ခန်းထဲတွင် ချုပ်နှောင်ခံခ့ရဲ ပြီး လွတ်မြောက်လာသည့်ရက်အထိ ကောင်းမွန်စွာ နေထိုင်ခ့ရဲ ကြောင်း ကိုနိုင်ငလံ င်းက ပြောသည်။ အောင်သပြေစစ်ကြောရေးစခန်းမှ မေးမြန်းချက်များနှင့်ပတ်သက်၍ ကိုနိုင်ငံလင်းက “အဓိကကတော့ ကျနော်ရဲ့ နောက်ကြောင်းရာဇဝင်ပဲ မေးတယ်။ ဘာလုပ်တယ်၊ အဓိက NLD ရုံးမှာ ဘာတာဝန်ရှိလလဲို့ မေးတယ်။ ကျနော်က အစဝင်ကတည်းက အင်္ဂလိပ်စာပဲ သင်တာ။ အဲဒါပဲ ပြောပြတယ်။ သူတို့က တခြားအဖွဲ့တွေ၊ ဖောက်ခွဲရေးအဖွဲ့တွေနဲ့ ဆက်နွယ်မှုရှိလားဆိုပြီး စစ်တယ်၊ ကျနော်လည်းမသိတော့ မသိဘူးပဲပြောတာပေါ့။ နောက် ဒီတိုင်းပဲထားပြီး ကျနော့်ကို ဆက်မစစ်တော့ဘူး” ဟု ပြောသည်။

ကိုနိုင်ငံလင်းသည် ဒဂုံတက္ကသိုလ်တွင် သင်္ချာဘာသာရပ်အား သင်ကြားနေသူ တတိယနှစ်ကျောင်းသားဖြစ်ပြီး သူ အဖမ်းခံရစဉ် သူ၏ဇနီးသည် မခင်စန္ဒာဝင်းမှာ ကိုယ်ဝန်ဖြင့် နေအိမ်တွင်ကျန်ရစ်ခ့သဲ ည်။ ယခုက့သဲို့ ဇနီးသည်နှင့် ပြန်ဆုံတွေ့ခွင့်ရသည်ကို ဝမ်းသာကြောင်း ပြောဆိုပြီး သူက “ကျနော်အရမ်း ဝမ်းသာပေမဲ့ အထဲမှာ ကျန်ခ့တဲ့ဲ လူတွေအတွက်တော့ အရမ်းစိတ်မကောင်းဘူး။ အောင်သပြေစခန်းမှာ အမှုမတင်ဘဲ ရှိနေတဲ့ လူတွေ အရမ်းများတယ်လို့ ယူဆရပါတယ်။ ကျနော်ကတော့ သေသေချာချာ မသိဘူး။ လူတွေကတော့ အများကြီးပဲ။ ဘယ်သူတွေမှန်းတောင် မသိဘူး” ဟု ပြောသည်။ ပြန်လည်လွတ်မြောက်လာပြီးနောက် သူ၏ နဂိုမူလအလုပ်ဖြစ်သော NLD လူငယ်များကို အင်္ဂလိပ်စာသင်ကြားခြင်းနှင့် ပညာဒါနအဖြစ် စာသင်ကြားခြင်းများကို ဆက်လက်လုပ်ကိုင်သွားမည်ဟု ဆက်လက်ပြောဆိုသည်။ ရက်ပေါင်းမြောက်များစွာ ဖမ်းဆီးခံခ့ရဲ သည့် သူ၏ ခံစားချက်နှင့်ပတ်သက်၍ ကိုနိုင်ငံလင်းက “ကျနော့်အတွက်ကတော့ ကျနော်ခံလိုက်ရပေမယ့် နည်းနည်းတော့ ဖြေနိုင်တာပေါ့။ ဒါပေမယ့် နောက်ဒီလို မဖြစ်စေလိုချင်ဘူး။ သူတို့ ခုလိုဖမ်းဆီးတာ လုံးဝတရားမဝင်ဘူး။ တရားမဝင်ဘူးဆိုတာ လူတယောက်ကို လမ်းမှာတွေ့ရင် ခေါ်သွားတယ်။ ပြီးတော့ ဖမ်းထားပြီးတော့ အကြာကြီး စစ်ဆေးတယ်။ ရမန်ကိုလည်း နှစ်ခါပဲယူရမှာကို အကြာကြီးယူတယ်။ အဲလိုမျိုးလုပ်တာကိုက လုံးဝ တရားမဝင်ဘူး။ အဲဒါတွေဟာ အစိုးရတရပ်မှာ မရှိသင့်ဘူးလို့ ထင်တယ်၊ ဒါပဲ ပြောချင်တယ်” ဟု ပြောဆိုသွားခဲ့သည်။ ============================= ပုံနှိပ်မီဒီယာတွင် အရက်ဘီယာ ၁၅ မျိုးသာ ကြော်ငြာခွင့်ရ မေကျော် ချင်းမိုင် (မဇ္ဈိမ) ယခုနှစ်မကုန်ဆုံးမီကာလအတွင်း မဂ္ဂဇင်း/ဂျာနယ်များတွင် အရက်ကြော်ငြာများ ခွင့်ပြုထားသေးသော်လည်း အရက်၊ ဘီယာ ၁၅ မျိုးသာလျှင် စာပေစိစစ်ရေး၏ ခွင့်ပြုချက်တွင် အကျုံးဝင်ကြောင်း စုံစမ်းသိရှိရသည်။ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ စာပေစိစစ်နှင့် မှတ်ပုံတင်ရေး ဦးစီးဌာနက ပုံနှိပ် မီဒီယာများတွင် အရက်၊ ဘီယာ ကြော်ငြာများကို လာမည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စပြီး ထည့်သွင်းကြော်ငြာခွင့် ပိတ်ပင်မှာ ဖြစ်သော်လည်း ယင်းနေ့ မတိုင်မီ အထိ IBTC ထုတ် ဂရင်းရွိုင်ရယ်နှင့် အီးဂဲလ်၊ မြန်မာ ဘရူဝါရီထုတ် ဘီယာ အားလုံး၊ ပီအမ်ဂျီ ကုမ္ပဏီထုတ် မြန်မာ ဝီစကီ်၊ မေမြို့ဝိုင်၊ Label 99၊ Royal Club တို့ ကင်းလွတ်ခွင့် ရသည်ဟု စာပေစိစစ်ရေးဌာနနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။ စာပေစိစစ်ရေးဌာနက ကြေညာချက်ဖြင့် ရှင်းလင်းထားခြင်းမရှိသလို မည်သည့်စံနှုန်းဖြင့် ၁၅ မျိုးသာ ရွေးထုတ်သည်ကို ဖြေကြားရန် ငြင်းဆိုထားသဖြင့် သဲသဲကွဲကွဲ မသိရသေးသော်လည်း မဂ္ဂဇင်း/ဂျာနယ်များ အခယူ လက်ခံထားပြီးသော အရက်ကြော်ငြာများကို ခွင့်ပြုခြင်းဖြစ်သည်ဟု ယုံကြည်ရသည်။ " သူတို့က မှတ်ထားတာမှ ကိုယ့်ထက်တောင် အမှတ်ရသေး။ ကြော်ငြာဒီဇိုင်းပြောင်းသွားတာနဲ့ သိတယ်” ဟု မဂ္ဂဇင်းအယ်ဒီတာတဦးက ပြောသည်။

ပုံနှိပ်မီဒီယာအများစုအတွက် အရက်၊ ဘီယာမှာ အဓိက ကြော်ငြာဝင်ငွေရစေသည့် စာရင်းတွင် ပါဝင်သော ကြောင့် ဝင်ငွေကျဆင်းကာ ဆက်လက် ထုတ်ဝေရေး အတွက် ထိခိုက်နိုင်ကြောင်း သတင်းဂျာနယ်တခုက ပြောသည်။ “ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာ အရက်ကြော်ငြာက ဂျာနယ် ထုတ်ဝေမှု ကုန်ကျစရိတ်ရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းလောက်ထိ ရှိတယ်။ တကယ်လို့ လုံးဝမထည့်ရတော့ဘူး ဆိုရင် တော့ ဂျာနယ် ရပ်တည်ရေးမှာ အခက်အခဲရှိလာမှာတော့ ကျိန်းသေတယ်။ ” ဟု ထိုတိုက်မှ အယ်ဒီတာက ပြောသည်။ အရက်နှင့်ဆေးလိပ်ကြော်ငြာများကို ၂၀၀၇ ခုနှစ် နိုဝင်ဘာမှစ၍ ဆိုင်းဘုတ်ကြီးများထောင် ကြော်ငြာခြင်းကို ပိတ်ခြဲ့ ပီး ရုပ်မြင်သံကြားလိုင်းများတွင်တော့ အစောပိုင်းကတည်းက တားမြစ်ထားခဲ့သည်။ ============================= ရန်ကုန်ကို အမှိုက်ပုံလို ထားရစ်ခြဲ့ ပီ ဝေဆန်း - ဧရာဝတီ သတင်းဌာန စစ်အစိုးရက ရန်ကုန်ကို ပစ်ထားခဲ့ချေပြီ။ လမ်းမများက အပေါက်အပြဲအပြည့်၊ အမှိုက်များက တောင်လိုပုံနေပြီး လျှပ်စစ်မီး က လာတချက်၊ မလာတချက်၊ မြောင်းပုပ်ရေများက လမ်းမပေါ် လျှံကျလာသည်။ မီးပွိုင့်များကလည်း ပျက်စီးချွတ်ယွင်း လျှက် ရှိနေပေပြီ။ [မိုးရွာပြီးစ ရွှံ့များတင်နေသာ ရန်ကုန်မြို့၏ လမ်းမတခု (ဓာတ်ပုံ - ဝေဆန်း)] ကျနော့်အိမ်ရှေ့က ၀ုန်းဒိုင်းကွဲရှသံများကြောင့် မနက်ကြီး ၆ နာရီတွင် နိုးလာခဲ့ရသည်။ နံနက်လင်းအားကြီးတွင် ကားတိုက် မှု ဖြစ်ပြန်လေပြီ။ ကျနော်က ပြူတင်းပေါက်ကို အသာဖွင့်ကြည့်လိုက်စဉ် ကားများရှင်းနေသည့် လမ်းမကြီးပေါ်တွင် ကားနှစ်စင်းတိုက်မိထား သည်ကို မြင်ရသည်။ ကားများ ရှုပ်မနေပါဘဲနှင့် မည်သည့်အတွက်ကြောင့် ကားတိုက်မှု ဖြစ်ရလေသနည်း။ ကျနော်က ကင်မရာတဖက်၊ မှတ်စုစာအုပ်တဖက်ဆွဲ၍ အခင်းဖြစ်ပွားရာနေရာသို့ ပြေးဆင်းလာခဲ့သည်။ ကံကောင်း ထောက်မ၍ မည်သူတဦးတယောက်မျှ ဒဏ်ရာရသည်ကို မတွေ့ရပေ။ ကားနှစ်စင်းက လမ်းမကြီးအလယ်တွင်တိုက်မိထားကြခြင်း ဖြစ်သည်။ ကားမောင်းသူ နှစ်ဦးစလုံးကလည်း ရှက်နေသည့်ပုံ ပေါ်သည်။ အကယ်၍ သူတို့ကားနှစ်စင်းသာလမ်းကြောမှန်အတိုင်းရှိနေပါက ကားတိုက်မှုလည်း ဖြစ်စရာအကြောင်းမရှိပေ။ "မေးကြည့်ပါဦး" အသက်ကြီးကြီး ရပ်ကြည့်နေသူတဦးက တိုက်တွန်းသည်။ "ဒီလောက်ရူးတဲ့လူတွေ လမ်းမလယ်ခေါင်ကြီး ကားမောင်းရတယ်လို့"ဟု လည်း ဆိုသည်။ "ကျနော်က လမ်းဟိုဘက်အခြမ်းက ချိုင့်ခွက်ကို ရှောင်မောင်းလိုက်တာပါ"ဟု ကားမောင်းသူတဦးက ပြောသည်။

အခြား ကားမောင်းသူတဦးကလည်း သူလည်း အပြစ်ကင်းလေဟန် အလားတူအဖြေကိုပင် ပေးသည်။ ကျနော်တို့ကြည့် လိုက်သော အခါ သူတို့နှစ်ဦးစကားကလည်း မှန်နေပြန်သည်။ ကားလမ်း၏နှစ်ဘက်ခြမ်း စလုံးတွင် ချိုင့်ခွက်ကြီးများဖြင့် ပြည့်နေသည်။ မည်သူ့ကို အပြစ်ပုံရပါမည်နည်း။ "ကျနော်တော့ ယာဉ်ထိန်းရဲမတွေ့ခင် သွားပြီ"ဟု ကားမောင်းသူတဦးက ပြောသည်။ "ဒီလမ်းကိုလည်း ကြည့်ပါဦး"ဟု ကျနော့် အိမ်နီးချင်းတဦးက လက်ညှိုးထိုး၍ ညည်းညူပြောသည်။ "ကတ္တရာလမ်းခင်းထား တယ်လို့တောင် ပြောရင်ယုံမှာ မဟုတ်တော့ဘူး။ ဒီလမ်းကို ပစ်ထားလိုက်တာ ဘယ်လောက်ကြာပြီလ"ဲ ဟု သူက ဆက် ပြောသည်။ ကျနော်က ဓာတ်ပုံရိုက်ယူရန် ကင်မရာကို 'အွန်' လိုက်သည်။ ပွင့်မလာ။ ဘက်ထရီက ကုန်နေပြန်သည်။ ကျနော်က လွန်ခ့သဲ ည့်ညကတည်းက ကင်မရာဘက်ထရီအားဖြည့်ရန် ပလပ်ပေါက်ထဲ တပ်ထားခဲ့သေးသည်။ သို့သော် လည်း မီးအားက တညလုံးအားပြည့်သည့်ဟန် မရှိပေ။ စစ်အစိုးရက မြန်မာနိုင်ငံအလယ်ပိုင်းရှိ နေပြည်တော်သို့ မြို့တော်ကို လွန်ခ့သဲ ည့် ၃ နှစ်ခန့်က ပြောင်းရွှေ့ခ့ချဲိန်မှ စ၍ ယခင် မြို့တော်ကြီး ရန်ကုန်ရှိ မြို့သူမြို့သားများမှာ သူတို့မြို့ကြီး ယုတ်လျော့ကျဆင်း လာနေသည်ကို စိတ် မချမ်းမြေ့ဖွယ် တွေ့မြင်နေ ခဲ့ကြရသည်။ စစ်အစိုးရက လျစ်လျူရှုထားမှုကြောင့် မြို့ဟောင်းကြီးပမာ ပို၍ ယိုယွင်း ပျက်စီးလာနေခဲ့သည်။ လမ်းများက မကောင်းသလို၊ လျှပ်စစ်ကလည်း မည်သည့်အခါမျှ အားပြည့်လာသည်ဟူ၍ မရှိ။ ပြတ်တလှည့် လာတလှည့် ကြုံနေခဲ့ရပြီး အမှိုက်များက တောင်လိုပုံလာခဲ့သည်။ ရေဆိုးမြောင်းများကလည်း အညစ် အကြေးများဖြင့် ပိတ်ဆို့နေပြီး လမ်းမများပေါ် ရေလျှံကျဆင်းလာတတ်သေးသည်။ မီးပွိုင့်များကလည်း ပျက်စီး ချွတ်ယွင်းလျက် ရှိခြေပြီ။ "အစပိုင်းမှာတော့ (နေပြည်တော်သို့ မြို့တော်ပြောင်းရွှေ့စဉ်က) အစိုးရက ကျနော်တို့ဘ၀တွေကို တင်းတင်း ကျပ်ကျပ် ထိန်းချုပ်ထားတာ ခံရတော့မှာ မဟုတ်တော့ဘူး။ သက်သာရာ ရကောင်းရဲ့လို့ ယူဆခဲ့ကြတယ်"ဟု ရန်ကုန်မြို့နေ တဦးက ထို အချိန်က လူအများခံစားနေခဲ့ကြရသည့် အခြေအနေကို ခြုံငုံ၍ ပြောသည်။ "ခင်ဗျား သိတ့အဲ တိုင်းပဲ။ ကျနော်တို့က စစ်သားတွေ နည်းနည်းပဲ မြင်ရရင် ပိုကောင်းတော့မယ် ထင်ခြဲ့ ကတယ်။ ဒါပေမယ့် နောက်ပိုင်းသိလာတာက ကျနော်တို့ကို လုံးဝ စွန့်ပစ်ထားပြီး သွားကြတာပဲ၊ အခြေအနေက ပိုဆိုး လာတယ်"ဟု သူက ဆို သည်။ နေပြည်တော်သို့ အလည်ရောက်ခ့သဲူ အားလုံးလိုလိုက ချက်ချင်းသတိပြုမိကြသည်မှာ ရန်ကုန်နှင့် မြို့တော်သစ်နှိုင်းစာလျှင် လမ်းမများ၊ တံတားများ၊ ရေမြောင်းများနှင့် လျှပ်စစ်မီး ရရှိမှုက တုမနှိုင်းသာ ကွာခြားနေခြင်းပင် ဖြစ်သည်။

နေပြည်တော်ရှိ လမ်းများက ကျယ်ပြန့်ပြီး ချောမွေ့နေသည်။ ညအချိန်တွင်လည်း လျှပ်စစ်မီးက အချိန်ပြည့် ရနေသေးသည်။ ရေမြောင်းများမှ ရေဆိုးများ လျှံကျနေသည်လည်းမရှိ။ ယခုမြို့တော်သစ်တွင် ယခင်ရန်ကုန်တွင် ရှိခ့ဖဲူးသော ထိရောက်ထက် မြက်သည့် အုပ်ချုပ်မှုပုံစံများ အားလုံးတွေ့နေကြရသည်။ "အစိုးရက မိုးရာသီရောက်လာတဲ့အခါ တနေ့ကို ၂၄ နာရီမီးရစေရမယ်လို့ ကတိပေးခဲ့ တယ်။ ရေအားလျှပ်စစ် စက်ရုံတွေ အတွက် နွေရာသီထက်စာရင် မိုးကာလမှာ ရေပိုမိုသိုလှောင်ထားနိုင်မယ်လို့ ပြောတယ်။ ဒါပေမယ့် အဲဒီကတိအတိုင်း မမြင်ကြရသေးပါဘူး"ဟု ရန်ကုန်မြို့သားတဦးက ပြောသည်။ မီးပျက်မှုက အကြီးအကျယ် ဖြစ်ပွားနေသည့်အတွက် ရန်ကုန်မြို့တွင်းရှိ ပုဂ္ဂလိကလုပ်ငန်းများက သူတို့အလုပ်ချိန် အတွင်း ကိုယ်ပိုင်မီးစက်များ အသုံးချနေကြရသည်။ မည်သည့်နေရာသွားသွား ဓာတ်ဆီဖြင့်မောင်းသည့် မီးစက် အင်ဂျင်ခုတ်သံ တဂျုံးဂျုံးကို ကြားနေကြရသည်။ လူအများစုကလည်း သူတို့ ချက်ပြုတ်သည့်အချိန်ကို မီးလာသည့်အချိန်နှင့် ချိန်ကိုက်၍ ပြောင်းရွှေ့ လုပ်ဆောင် နေကြရ သည်။ တချို့က ညသန်းခေါင် ထ၍ နောက်တနေ့အတွက် ချက်ပြုတ်ကြရသည်။ အိမ်ရှင်မ များက မီးပျက်သည့် အခြေအနေကို ရုန်းကန်ရင်ဆိုင်နေရချိန်၌ လမ်းသွားလမ်းလာများနှင့် ဘတ်စ်ကား ဒရိုင်ဘာ များကလည်း လမ်းဆုံလမ်းခွများရှိ မီးပွိုင့်အပျက်များ၊ လမ်းမပေါ်ရှိ ချိုင့်ခွက်များ ဘေးအန္တရာယ်မှ သတိကြီး ကြီးထား ရှောင် ရှားနေကြရသေးသည်။ "ယာဉ်အန္တရာယ်ကင်းအောင်တော့ ခင်ဗျားမျက်လုံးက အကောင်းဆုံးလမ်းညွှန်ပ"ဲ ဟု ကားမောင်းသူ တဦးက ပြောသည်။ တခါ တရံ မီးလာသည့်တိုင် မီးပွိုင့်က အစိမ်းနှင့် အနီ အရောင်နှစ်မျိုးစလုံးကို တပြိုင်နက်ပြ နေသည့်အတွက် အခက်တွေ့ရ သေးကြောင်း သူက ပြောသည်။ "ကျနော်တို့ ထင်တာက မိုးရာသီရောက်ရင်တော့ အခုမီးပြတ်နေတာတွေ ကောင်းသွားမယ် ထင်ခ့တဲ ယ်။ ဒါပေမယ့် ကျနော်တို့ ရေကြီးတာသာ ကြုံရတယ်။ မီး ၂၄ နာရီရဖို့တော့ ဖြစ်မလာဘူး"ဟု မြို့နေလူတဦးက ပြောပြန်သည်။ မိုးရာသီက ဇွန်လတွင်စ၍ အောက်တိုဘာလတွင် ကုန်ဆုံးသည်။ မိုးရွာသည့်အခါ မိုးရေများ ပြည့်လျှံနေသည့် အတွက် ကြောင့် ရန်ကုန်မြို့ပေါ်ရှိ လမ်းအများမှာ နာရီအတန်ကြာ ကားများမသွားနိုင်ဘဲ ဖြစ်နေကြရပြန်သည်။ လူဆင်းရဲအများစု သုံးလေ့ရှိကြသည့် မြို့ပတ်ရထားများမှာလည်း လမ်းများပေါ် ရေကျော်နေသောကြောင့် မကြာခဏဆိုသလို အချိန်ဇယား ပြောင်းကြရသေးသည်။ သက်ကြီးပိုင်း မြို့နေလူတဦး၏ အဆိုအရ ယခင်မြို့တော်ဟောင်းရန်ကုန်တွင် ယခင်အတိတ်က ယခုလို ရေကြီး ရေလျှံမှုများ ကြုံတွေ့ခ့ရဲ ခြင်း မရှိဟု ဆိုသည်။ ရေနှင့် မိလ္လာပိုက်များက ပုံမှန် စနစ်တကျ အလုပ်ဖြစ်နေခဲ့သည်။ မည်သို့ဖြစ်စေ ယခုအခါ ရန်ကုန်မြို့ကြီး၏ အခြေခံ အဆောက်အဦလုပ်ငန်းများအတွက် တာဝန်ရှိနေသော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မီတီအပေါ်မြို့နေလူထုအများက ချစ်ခြင်း မုန်းခြင်းမရှိတော့။စိတ်ကုန်လက်လျှော့ထားလိုက်ကြပြီ ဖြစ်သည်။

[လျှပ်စစ်မီးပြတ်သွားသော်လည်း လမ်းဘေး ပျံကျ ဈေးသည်များက ဤသို့ ဖရောင်းတိုင် မီးဖြင့် ဆက်လက် ဈေးရောင်းနေရ (ဓာတ်ပုံ - ဝေဆန်း)] ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းနှင့် အပတ်စဉ်ထုတ်ဂျာနယ်တစောင်က မကြာသေးမီက တွေ့ဆုံ မေးမြန်း ခဲ့ရာတွင် မိုးကာလအတွင်း ရန်ကုန်လမ်းများအပေါ် ရေလွှမ်းသည်မှာ ဖြစ်နေကြကိစမ္စ ဟုတ်ဟု ဖြေကြား ခဲ့သည်။ ဖတ်ရသူ ရန်ကုန်သားအများစုကတော့ မယုံကြည်မှုအပြည့်ဖြင့် ခေါင်းကို ခါယမ်း မိကြတော့ သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မီတီ (YCDC) ၀န်ထမ်းများက မြို့၏ ရေမြောင်းများနှင့် မိလ္လာစနစ်ကို သူတို့ အကောင်းဆုံး၊ အစွမ်းနိုင်ဆုံး ထိန်းသိမ်းနေကြသည်ဟု ပြောသည်။ သို့သော်လည်း မြို့နေလူထုအများစုက ပူးပေါင်း ဆောင်ရွက်မှု မရှိကြ၊ ရေမြောင်းများ၊ အပေါက်များအတွင်းသို့ အမှိုက်များကို ထင်သလို သွန်ချ နေကြသည်၊ သို့အတွက် ကြောင့် ရေမြောင်းများ ပိတ်ဆို့ရသည်ဟု ဆိုသည်။ ရန်ကုန်မြို့နေလူထုက စောဒကတက်ကြရာတွင် ရန်ကုန်စည်ပင်က အရေးကြီးပုဂ္ဂိုလ်များ၏ ရပ်ကွက်များတွင်သာ ဦးစားပေးလုပ်ဆောင်နေသည်။ ဆင်းရဲသားရပ်ကွက်များနှင့် ဆင်ခြေဖုန်းဒေသများကို လျစ်လျူရှုထားသည်။ ယခင် ယိုယွင်းပျက်စီးနေသည့် အခြေအနေမှ မပြင်၍ ပိုဆိုးရွားလာခြေပြီဟု ဆိုကြသည်။ စွန့်ပစ်လျစ်လျူရှုထားသည့် အခြေအနေကို အမြင်သာဆုံးမှာ ရန်ကုန်မြို့ရှိ ပလက်ဖောင်းများ ဖြစ်သည်။ မြင် မကောင်း အောင်ပျက်စီးယိုယွင်းနေပြီး အများစုမှာ လမ်းလျှောက်၍ မရနိုင်အောင် ဖြစ်နေကြသည်။ လူအများ က လမ်းပေါ်ဆင်း လျှောက်နေကြရပြီး၊ ချိုင့်ခွက်များ ရှောင်တိမ်းမောင်းနှင်လာသော ကားနှင့် အတိုက်ခံရနိုင်သည့် အန္တရာယ်လည်း ရှိနေ သေး သည်။ ရာဇ၀တ်မှုများ ပိုမိုတိုးများလာသည့်အတွက်ကြောင့် မြို့နေလူထုအတွက် ပို၍ စိတ်ဖိစီးစရာ အကြောင်း ဖြစ်လာစေ သည်။ လုံခြုံရေးလျော့လျည်းလာသည့်အတွက် လုယက်မှုများ သိသိသာသာ တိုးပွားများပြား လာသည်ဟု ဆိုသည်။ "ရာဇ၀တ်မှု အများစုရဲ့ အဓိကအကြောင်းအရင်းကတော့ ဆင်းရဲမွဲတေမှုပ"ဲ ဟု သက်ကြီး မြို့လူထုတဦးက ဝေဖန် မှတ်ချက်ချ သည်။ "လူတွေက စားစရာမရှိတော့၊ သူတို့ကျန်းမာရေးအတွက် သုံးစရာငွေမရှိတော့ လုယက်တာ၊ ရာဇ၀တ်မှုကျူးလွန် တာတွေ ဖြစ်လာမှာပဲ။ ပြဿနာက ဆင်းရဲနေတဲ့မြို့ကြီးမှာ ခင်ဗျားမိသားစုကို လုံခြုံအောင် စောင့်ရှောက်ထားနိုင်ဖို့ပ"ဲ ဟု လည်း သူက ပြောသည်။ ရန်ကုန်မြို့လူထုက အခက်အခဲများ တင်းကြမ်းပြည့် ရင်ဆိုင်နေရသည့်အပေါ် တဦးနှင့် တဦး သည်းညည်း ခံနိုင်စိတ် လည်း နည်းပါးလာကြသည်။ မိမိကိုယ်ကို လုံခြုံရေးအတွက် ပို၍ ကာကွယ်လာနေကြသလို၊ ကြောက်ရံ့စွိတ် လည်း ပို၍ကြီးထွား လာနေသည်။ သက်ကြီးပိုင်း အမျိုးသမီးကြီးတဦးက ပြောပြရာတွင် ရန်ကန်ုက အဆိုးရွားဆုံး အခြေအနေ ရောက်နေပြီဟု ဆိုသည်။ သို့တိုင်အောင် အစိုးရက လူအများပြောဆို၊ ပြုမူနေကြသည်ကို လျစ်လျူရှုထားသည်ဟုလည်း ဆိုသည်။

"ရှင်.. ကျမ ပြောတာ မယုံကြည်ဘူးဆိုပါတော့၊ ရွှေတိဂုံဘုရားပေါ်တက်လိုက်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံ ရေး အကျဉ်းသားတွေ ကျန်းမာပျော်ရွှင်ကြပါစေ။ မကြာခင် ပြန်လတ်ွမြောက်ကြပါစေ လို့သာ အသံ ကျယ်ကျယ် နဲ့ ဆု တောင်းကြည့်"ဟု သူက ဆက်ပြောသည်။ "ကျမတို့ လုံခြုံရေးကို နည်းနည်းမှ ဂရုစိုက်မပေး ပေမယ့် ကျမတို့ကို အာဏာပိုင် တွေက ဘယ်လောက်အထိ အနီးကပ်စောင့်ကြည့်နေတယ်ဆိုတာ သဘော ပေါက်သွားမယ်" ဟု မကျေမချမ်း ပြောဆိုခဲ့ လေသည်။

၂၀၀၉ ခုနှစ် သြဂုတ်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ ဝေဆန်းရေးသားသည့် Left to Rot ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြ ပါသည်။ written by saing thu, August 29, 2009 I fall in love with the last paragraph! ခေါင်းရှောင်တာ written by ရော်ဆမ်း, August 28, 2009 စစ်အစိုးရဟာ ကြောက်တာက တစ်ပိုင်း အုပ်ချုပ်ရေး ညံ့ဖျင်းတာက တစ်ပိုင်းကြောင့် ကြပ်ပြေးကို ပြောင်းပြေးသွားတာပါ။ သူတို့ စီမံခန့်ခွဲမှု ညံ့တယ်ဆိုတာ အခု ဆောင်းပါးက သက်သေ ထူနေပါတယ်။ နအဖက ရန်ကုန်မြို့ကြီးကို ဘယ်လို သာယာအောင် လုပ်ရမလဲဆိုတာ မသိတော့လို့ ခေါင်းရှောင်ပြီး ဖြစ်ချင်ရာ ဖြစ်ဆိုပြီး ထွက်သွားကြတာပါ။ အခု အသစ် ဆောက်လိုက်တဲ့ နေပြည်တော်လည်း ဘယ်လောက် ကြာကြာခံမလဲ ကြည့်ကြည့်ပါ။ စနစ်နဲ့ အုပ်ချုပ်မှု မကောင်းရင် ဘာမှ ဖြစ်မလာပါဘူး။ နေပြည်တော် သွားတဲ့ ကွန်ကရစ်လမ်းမှာ ရေအိုင်တွေ အများကြီး ရှိပါတယ်။ လမ်းတစ်ခု ပျက်တာ ရေ အိုင်တာကနေ စပါတယ်။ ပြီးရင် မြန်မာနိုင်ငံမှာ ကားတွေ အကုန်လုံး နီးပါးက သက်တမ်းလွန် ကားတွေပါ။ ဒီကားတွေ ဖြတ်မောင်းရင်းနဲ့ ယိုကျသွားတဲ့ ဆီ အမျိုးမျိုးကနေ စပြီး လမ်းပျက်ပါတယ်။ နအဖ ဆောက်လိုက်တ့ဟဲာ ဘယ်တုန်းကများ ကြာကြာခံလို့လဲ။ လမ်းတွေ၊ တံတားတွေ၊ အဆောက် အဦးတွေ။ ထိန်းသိမ်းတဲ့ စနစ်မှ မရှိတာ။ ဆောက်ပြီးရင် ပစ်ထား လိုက်တာပဲလေ။ တခြား မကြည့်နဲ့ ။ စုတ်ပြတ်နေတဲ့ ငါးဆယ်တန်၊ တစ်ရာတန်၊ နှစ်ရာတန်တွေ အသစ် မလဲပေးနိုင် တာ သာ ကြည့်။ ဗဟိုဘဏ်ရဲ့ အရေးကြီးတဲ့ အလုပ်တစ်ခုက လည်ပတ်နေတဲ့ ငွေစက္ကူ ပမာဏကို အမြဲတမ်း စောင့်ကြည့် နေရတာနဲ့ အသစ် ရိုက်နှိပ်ပေး ရတာပါ။ အခုတော့ ငွေအဟောင်းကိုတောင် အစားမထိုးပေးနိုင်တော့ဘူး၊ အကုန်အကျ မခံနိုင်တာကြောင့် ဖြစ်မှာပါ။ ပြီးတော့ ဒီအရွက်တွေက စစ်ဗိုလ်တွေ သုံးတဲ့ အရွက်တွေ မဟုတ်ဘူးလေ။ နအဖက လူတွေကို ကြောက်ပါတယ်။ နေပြည်တော်ကြီးကို စည်လည်း စည်ကား စေချင်တယ်၊ လူတွေလည်း အများကြီး မရှိစေချင်ဘူး။ ဟိုတယ်တွေ ရှိပေမယ့် ဧည့်သည် အ၀င် မများအောင် ဈေး မြှင့်ခိုင်းထားပါတယ်။ ပျဉ်းမနား ဖက်မှာတော့ ဟိုတယ်တွေက ပို ဈေးပေါသလို စိတအ် ပန်း ပြေစရာတွေလည်း ပိုများပါတယ်။ စီးပွားရေး ကိစ္စတွေအတွက် နေပြည်တော်ကို မဖြစ်မနေ သွားရပါတယ်။ မိုဘိုင်းဖုန်း သုံးလို့ မရအောင်လည်း တစ်ဖက်က လုပ်ထားပါတယ်။ အဲဒီတော့ နေပြည်တော်မှာ ဘယ်လိုလုပ် ကြာကြာနေနိုင်မှာလဲ။ လူမစည်ကားရင် မြို့ကို ပြုပြင် ထိန်းသိမ်းဖို့ ၀င်ငွေ မရှိပါဘူး။ (နိုင်ငံ့ ပိုကဆ်ံကို အလွယ် ယူသုံးတာက လွဲရင်ပေါ့လေ) အဲဒီတော့ နေပြည်တော်ကရော ဘယ်လောက် ကြာကြာ ခံမလဲ။ နအဖရဲ့ ရူးကြောင်ကြောင် စိတ်ကူးနဲ့ အဆီအငေါ် မတည့်တဲ့ လမ်းစဉ်တွေထဲက တစ်ချို့ပဲ ရှိပါသေးတယ်။ =================================

“ကာတွန်းဆိုတာ ရယ်စရာတခုတည်း မဟုတ်ဘူး…” ဧရာဝတီ အင်တာဗျူး ကာတွန်းဟန်လေးသည် ရှမ်းပြည်နယ်တွင် မွေးဖွားခဲ့ပြီး ဖခင်ထံမှ အနုပညာအမွေအနှစ် လက်ဆင့်ကမ်း ရယူခ့သဲူဖြစ်သည်။ ပန်းချီပညာကို ၁၉၈၂ ခုနှစ်က ရန်ကုန် ပန်းချီ ပန်းပု အနုပညာကျောင်းတွင် တက်ရောက် သင်ကြားခဲ့ပြီး လက်ဦးဆရာများဖြစ်သော ပန်းချီ ဦးသုခ၊ ဦးဘလုံလေး၊ ဦးဘကြည်နှင့် ဦးတင်အေးတို့ထံမှ ပန်းချီ ပညာများ ဆည်းပူးခဲ့သည်။ နောက်ပိုင်းတွင် ပန်းပုပညာကိုလည်း သင်ယူခ့သဲ ည်။ ၁၉၈၈ နောက်ပိုင်း ပြည်ပ၌ နိုင်ငံရေးကာတွန်းများကို စိုက်လိုက်မတ်တတ် ရေးဆွဲခ့ရဲာ ဧရာဝတီမဂ္ဂဇင်းတွင် ပင်တိုင် ကာတွန်း ဆရာအဖြစ် အများအသိအမှတ်ပြုရသည့် နိုင်ငံရေး ကာတွန်းများ၊ သရုပ်ဖော်ပုံများကို ၆ နှစ်ကြာ ရေးဆွဲခြဲ့ ပီး ဖြစ်သည်။ ၎င်း ရေးဆွဲခ့ေဲ သာ ဧရာဝတီ မဂ္ဂဇင်းကာတွန်းများထဲမှ ရွေးချယ်၍ ကာတွန်းပေါင်းချုပ် ၁ ကို ၂၀၀၆ တွင် ထုတ်ဝေခဲ့ပြီး ယခု မကြာသေးခင်က ကာတွန်း ပေါင်းချုပ် အမှတ် ၂ ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ယခုအခါ ဇနီးသည်၊ သမီးငယ်နှင့် အတူ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပန်းချီနှင့် ကာတွန်းများစွာ ရေးဆွဲရင်း အေးချမ်းစွာနေထိုင်လျက်ရှိသော ကာတွန်း ဟန်လေး၏ ကာတွန်းအပေါ်အမြင်၊ နိုင်ငံရေးအပေါ်သဘောထား၊ နိုင်ငံရေး ကာတွန်းဆရာ တဦး၏ ဘဝ အစရှိသည်ဖြင့် ဧရာဝတီ သတင်းထောက်အေးချမ်းမြေ့က တွေ့ဆုံ မေးမြန်းထားပါသည်။ မေး။

။ မကြာသေးခင်က ထွက်ခ့တဲ့ဲ ကာတွန်းစာအုပ်န့ပဲ တ်သက်ပြီး ကိုဟန်လေး ဘယ်လိုခံစားရလဲ။

ဖြေ။

။ ဒီလို စာအုပ်လေးတွေ လုပ်ခွင့်ရတဲ့အတွက် ကျေနပ်ပါတယ်၊ ဂုဏ်လည်းယူပါတယ်။ ကျနော်

ဧရာဝတီမဂ္ဂဇင်းမှာ နိုင်ငံရေး ကာတွန်းတွေ ရေးလာတာကြာပါပြီ။ တပတ်ကို ၂ ပုံလောက် အနည်းဆုံး ရေးဖြစ်တယ်။ တလကို ၈ ပုံပေါ့။ အဲဒီထကဲ ကောင်းနိုးရာရာတွေ ရွေးထုတ်ပြီး ၂၀၀၆ တုန်းက ကာတွန်း ပေါင်းချုပ် အမှတ် ၁ ထွက်ခြဲ့ ပီးပါပြီ။ ဒီစာအုပ်က အမှတ် ၂ ပေါ့။ ပုံ ၂၀၀ လောက်ထကဲ အကောင်းဆုံး လို့ယူဆတဲ့ ပုံ ၅၀ ကိုရွေးထုတ်ထားတာပါ။ အမှန်အတိုင်းပြောရရင် ကျနော် သိပ်အားမရ သေးပါဘူး။ နောက် ထပ် အမှတ် ၃ ထွက်ဖို့လည်း စီစဉ်နေပါတယ်။ နောက်တအုပ်ထွက်ရင် ဒီ့ထက် ပိုကောင်းအောင် လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ မေး။

။ နိုင်ငံရေး ကာတွန်းတွေကိုပဲ စိုက်လိုက်မတ်တတ် ဆွဲနေတဲ့အပေါ် ကိုဟန်လေးရဲ့ ခံစားချက်ကို

ပြောပြပေးပါ။ ဖြေ။

။ ကိုယ့်နိုင်ငံရဲ့ အခြေအနေကို အားမရတဲ့အတွက် ကာတွန်းကိုပဲ တစိုက်မတ်မတ် ဆွဲနေရတယ်။

ကျနော် ကာတွန်းစဆွဲတ့အဲ ချိန်ကနေစပြီး ခုချိန်ထိတခုတည်းကိုပဲ လှောင်ပြောင်နေရတာ စိတ်ထဲမှာ အားမရ ဘူး။ မပျော်ဘူး။ ဒီမိုကရေစီရတဲ့နိုင်ငံဆိုရင် ၄ နှစ်ကို တခါလောက် ပြောင်းပြီး သရော်လို့ရတယ်လေ။ အခုကျတော့ ဒီနအဖ တခုတည်းကိုပဲ သရော်နေရတယ်။ သူတို့ တခုလုပ်မယ်ဆို ကြိုပြီးဆွဲထားလို့ ရတယ်။ ဘာလုပ်မယ်ဆိုတာ ကြိုသိနေတယ်။ ဒါက ကျနော်တယောက်တည်း သိတာမဟုတ်ဘူး။ ပြည်သူအားလုံး သိနေကြတာ။ မေး။

။ နိုင်ငံရေး ကာတွန်းတွေကို ရေးနေတဲ့ ကာတွန်းဆရာ တယောက်အနေနဲ့ နိုင်ငံရေးဆိုတာကို

ဘယ်လိုမြင်ပါသလဲ။

ဖြေ။

။ ကာတွန်းနဲ့ နိုင်ငံရေးဆိုတာ လင်မယားလိုပဲ။ သတင်းသမားလိုပဲပေါ့။ သတင်းသမား မရှိလို့

မရသလို၊ ကာတွန်းမရှိလို့လည်းမရဘူး။ နိုင်ငံရေးသမားက ကာတွန်းဆရာကို မုန်းလည်း မုန်းနိုင်တယ်၊ မရှိလို့လည်းမရဘူး။ အဲဒီလိုပဲ နိုင်ငံရေးသမားမရှိရင် ကာတွန်းဆရာဆိုတာလည်း မရှိနိုင်ဘူး။ ဒါပေမယ့် ကာတွန်းတွေက ပြည်သူတွေကို ထင်ဟပ်တယ်၊ အစိုးရဘက်က မရပ်တည်ဘူး။ ကာတွန်းဆိုတာ ရယ်စရာ တခုတည်း မဟုတ်ဘူး။ မီဒီယာတခုလိုလည်း သုံးနိုင်တယ်၊ လူတွေကို ပညာပေးတာကအစ ဓာတ်ပုံနဲ့ ပြ လို့မကောင်းတာတွေကို ကာတွန်းနဲ့ သရုပ်ဖော်ရင် ရိုင်းမသွားဘူး၊ အသုံးတည့်တယ်။ နောက်တခုက ပညာ ပေး အဆင့်မဟုတ်ရင်တောင် အထောက်အကူတခုတော့ ဖြစ်တယ်။ အသက်ကြီးတဲ့ အထိ အဲဒအီ ကြောင်း အရာကို ကာတွန်းကြောင့် မှတ်မိနေနိုင်တယ်။ ဥပမာ - ကျနော်ဆို ငယ်ငယ်က ဖတ်ခ့ရဲ တဲ့ ဦးဘကြည်ရဲ့ ရုပ်ပြပေါ့။ ကျန်စစ်သားနဲ့ ငရန်မန်ကန်း အကြောင်းလေ ..။ အနှစ် ၃၀ လောက် ရှိနေပြီ မျက်စိထဲက မထွက် သေးဘူး။ မေး။

။ ဒီလို ဒီမိုကရေစီလမ်းကြောင်းပေါ်သွားနေတဲ့ မီဒီယာတခုမှာ ကာတွန်းဆရာတယောက်အနေနဲ့

ပါဝင်ခွင့်ရတဲ့အတွက် ဘယ်လိုခံစားရပါသလဲ။ ဖြေ။

။ ဂုဏ်ယူပါတယ်၊ ဒါပေမယ့် အတိုင်းအတာတခုထိတော့ အားမရသေးဘူး။ ပြည်တွင်းက ကာတွန်း

ဆရာတွေက အချုပ်အနှောင်ကြားမှာ ရေးရတဲ့အတွက် ဒါက အရည်အချင်းတခုလို ဖြစ်လာတယ်။ အားမရဘူးဆိုတာ ဒီထက် ပိုလုပ်သင့်တယ်လို့ ထင်တယ်။ ဒါပေမယ့် အကြံလည်း မထုတ်တတ်တော့ဘူး။ မချင့်မရဲဖြစ်တယ်။ အယားဖြေပေးသလောက်ပဲ လုပ်နိုငတ်ာကိုး။ အဲဒီထက် ပိုပေးချင်တယ်။ ဒါပေမယ့် တခုရှိတာက ကာတွန်းဆရာတိုင်း အစိုးရတခု ပြောင်းလဲလောက်အောင်တော့ မစွမ်းဆောင် နိုင်ပါဘူး။ ဒါပေမယ့် သမိုင်းကိုတော့ ကောင်းကောင်း မှတ်တမ်းတင်ပေးနိုင်ပါတယ်။ မေး။

။ ကိုဟန်လေး လေးစားခဲ့တ့၊ဲ အတုယူခ့ရဲ တဲ့ ကာတွန်းဆရာ၊ သရုပ်ဖော်ဆရာတွေက ဘယ်သူ

တွေလဲ။ ဖြေ။

။ သရုပ်ဖော်တာဆိုရင်တော့ ဦးဘကြည်ကို အကြိုက်ဆုံးပဲ၊ သွက်တာဆိုရင်တော့ ကာတွန်း ဝင်းမောင်၊

လူတွေကိုထိသွားအောင် ပြောချင်တာကို ထိထိမိမိပြောတဲ့နေရာမှာတော့ ကာတွန်း အော်ပီကျယ် ပေါ့။ မေး။

။ ကိုဟန်လေးက ကာတွန်းကော၊ ပန်းချီပါဆွဲတာဆိုတော့ အဲဒီနှစ်ခုအပေါ် ကိုဟန်လေးရဲ့ ခြားနားတဲ့

အမြင်ကို ပြောပြပါဦး။ ဖြေ။

။ ကာတွန်းနဲ့ ပန်းချီတမျိုးစီ စွဲလမ်းတယ်။ ပန်းချီကို ခံစားချက်နဲ့ ရေးမယ်၊ တိုက်ဆိုင်လို့ တခြား

တယောက်က ကြိုက်ချင်လည်း ကြိုက်မယ်၊ မကြိုက်ချင်လည်း မကြိုက်ဘူး။ ဒါက ကိုယ့်ရဲ့ခံစားချက် အတိုင်း ပေါ့။ ကာတွန်းကျတော့ သူများရဲ့ခံစားချက်ကို မျှဝေခံစားပြီးဖော်ပြပေးတာ၊ ဥပမာ - ပြည်သူတွေရဲ့ ဘဝ ဘယ်လိုဆိုးတယ်ဆိုတာမျိုး ခံစားပြီးတော့ ရေးပေးတာပေါ့။ ကာတွန်းက အပေး၊ ပန်းချီကျတော့ အယူပေါ့။ မေး။

။ ကာတွန်းဆိုတာကို ကိုဟန်လေးဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ။

ဖြေ။

။ ကာတွန်းဆိုတာ သတင်းသမားလိုပဲ လက်ခုပ်တီးတာလည်းရှိတယ်၊ အဆဲခံရတာလည်း ရှိ မယ်။

ဒီနှစ်မျိုးလုံး ကိုလက်ခံပါတယ်။ နောက်ပြီး ကျနော့် ကာတွန်းပေါင်းချုပ်မှာပြောထားသလိုပဲ ကာတွန်း ဆိုတာ ကလေးလိုပဲ။ အပြစ်ကင်းတယ်။ သူမြင်တာကို မြင်တ့အဲ တိုင်း မခြွင်းမချန်ပြောမယ်၊ ဘယ်သူ့ဘက်မှ မလိုက်ဘူး။ မေး။

။ ကိုဟန်လေးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ပုံကိုဆွဲတာ တော်တော်ပီပြင်တာပဲနော်။

ဖြေ။

။ ဒါကတော့ သူ့ပုံကိုပဲ ဆွဲလာရတာ နှစ် ၂၀ လောက်ရှိပြီကိုး။

မေး။

။ ဗိုလ်ချုပ်မှူးကြီးကို အခုချိန် ရုတ်တရက်တွေ့မယ်ဆိုရင် ဘာပြောမိမယ်ထင်လဲ။

ဖြေ။

။ ဗိုလ်ချုပ်မှူးကြီးက ဒီလောက်စွမ်းတဲ့ အာဏာတွေ ပါဝါတွေကို ခါးမှာပဲချိတ်ထားတယ်။ နိုင်ငံတော်နဲ့

ပြည်သူတွေအတွက် အဲဒါကို ခေါင်းထဲ ဖြစ်ဖြစ်၊ နှလုံးသားထဲကိုဖြစ်ဖြစ် သွင်းလိုက်ရင် အရမ်းကောင်းသွားမှာပဲလို့ ပြောချင်တယ်။ ================================= တရားပေါက်သွားတဲ့ ချိုကုပ်ဒူးကြီး Wednesday, 26 August 2009 16:06 ရန်ကုန်သားတာတေ ဦးရုက္ခစိုး ထံတွင် ဖိုးရှုပ် နှင့် ကြွက်စုတ်တို့ အလည်ရောက်နေကြသည်။ မြန်မာပြည်သားများ ဆုံတွေ့ကြသော ကြောင့် ပြောသမျှစကားများမှာ ထုံးစံအတိုင်း မြန်မာပြည် အကြောင်းများသာ ဖြစ်သည်။ နာရီဝက်ခန့် ပြောပြီး သော အခါ ၃ ဦးသား မှိုင်သွားကြလေသည်။ ကြွက်စုတ်။

။ ဦးရုက္ခစိုးရေ … ၊ ကျနော်တို့ တိုင်းပြည် အကြောင်း မပြောပဲလည်း မနေနိုင်၊ ပြောတော့လည်း

စိတ်ညစ်စရာတွေ များနေတယ်။ ကျနော်တို့ နိုင်ငံမှာ အကောင်းဘက်ကို အပြောင်းအလဲ ဖြစ်အောင် ကြံပါဦး ဦးရုက္ခစိုးကြီးရဲ့။ ရုက္ခစိုး။

။ အင်း … မော်တော်ကား ပါမစ်ကနေ နိုင်ငံတော် အာဏာအထိ ကိုင်ထားတဲ့ ချိုကုပ်ဒူးကြီးရဲ့

အကျင့်စရိုက်တွေ ပြောင်းရင်တော့ တို့ဆီကလူတွေ အသက်ရှူချောင်ကောင်းပါရဲ့။ ဖိုးရှုပ်။

။ ဟုတ်တယ်ဗျ။ ဒီလူကြီးရဲ့ မကောင်းတဲ့ အကျင့်တွေ ပြောင်းလဲသွားရင်တော့ ပြည်သူတွေ

သက်သာရာ ရမှာပဲ။ ဦးရုက္ခစိုးရဲ့ ဘော်ဒါ တခြား နတ်တွေဆီကရော အိုင်ဒီယာ ကောင်းကောင်းလေး မရနိုင်ဘူးလား။ ရုက္ခစိုး။

။ အင်း … ငါ့ကို ကိုးမြို့ရှင် ဘိုးဘိုးကြီးက ပြောဖူးတယ်၊ ပုဂ္ဂိုလ်တဦးရဲ့ အကျင့်၊ စရိုက်၊

သဘောထားတွေကို ပြောင်းလဲပစ်နိုင်တယ် တဲ့။ ဆိုးတဲ့သူတယောက် နဲ့ ကောင်းတဲ့သူတယောက်ရဲ့ အကျင့်တွေကို အပြောင်းအလဲ လုပ်တဲ့နည်းပေါ့ကွာ။ ဟုတ်မဟုတ်တော့ ငါလည်း မသိဘူး။

ကြွက်စုတ်။

။ ဟာ … ဒီနည်းက ကောင်းတာပေါ့။ စမ်းကြည့်မယ်ဗျာ။ ချိုကုပ်ဒူးကြီး စရိုက်နဲ့ စာရိတ္တ

ကောင်းမွန်တဲ့သူ တယောက်ယောက်ရဲ့ စရိုက်တွေကို ပြောင်းလဲပေးလိုက်မယ် ဆိုရင် သိပ် လန်းသွားမှာပဲ။ ဒါပေမယ့် ဘယ်လို ပြောင်းလို့ရမှာလဲ။ ရုက္ခစိုး။

။ ကြွက်စုတ်ရေ … ငါ မှတ်မိသလောက် ပြောရရင် ဆန္ဒပြုတာက မနက် ၉ နာရီ၊ ၉ မိနစ်၊ ၉

စက္ကန့်တိတိမှာ ဖြစ်ရမယ်။ ဥပမာကွာ မင်းရဲ့ အကျင့် ဒီကောင် ဖိုးရှုပ်ဆီ ရောက်ပါစေ၊ ဖိုးရှုပ်ရဲ့ အကျင့်တွေက မင်းဆီရောက်ပါစေ ပေါ့ကွာ။ ဦးရုက္ခစိုး၏ စကား အဆုံးတွင် ဖိုးရှုပ်က နာရီကြည့်လိုက်သည်။ ဖိုးရှုပ်။

။ ဟာ … ၉ နာရီနဲ့ ၈ မိနစ် ရှိပြီဗျ။ ဦးရုက္ခစိုး ပြောတဲ့နည်း စမ်းကြည့်ရအောင်။

ရုက္ခစိုး။

။ ဟုတ်လား၊ ဒါဆို အချိန်ကတော့ ကျပြီ။ နေဦး၊ နေဦး … အရေးကြီးတဲ့တခု ကျန်သေးတယ်။ အချိန်

တခုတည်း ကိုက်ညီလို့ မဖြစ်သေးဘူး။ ဆန္ဒပြုတဲ့သူက တနင်္လာနံနဲ့ သက်ဆိုင်တဲ့ အလုပ်ကို လုပ်ကိုင်သူ ဖြစ်ရမယ် တဲ့။ သူတို့၏ မျက်လုံးများက ဂျာနယ်လစ် ဖိုးရှုပ်ထံသို့ ပြိုင်တူ ရောက်သွားကြသည်။ ရုက္ခစိုး။

။ ဟေ့ကောင် … ဖိုးရှုပ်၊ မင်းအလုပ်အကိုင်က ဂျာနယ်လစ် ဆိုတော့ တနင်္လာနံပေါ့ကွ။ ကဲ … ကဲ …

မင်း ဆန္ဒပြုပေတော့။ သတ်မှတ်ထားသည့်အချိန် ရောက်ရန် စက္ကန့်ပိုင်းသာ လိုတော့သည့်အတွက် ဖိုးရှုပ် အကျပ်ရိုက်သွားသည်။ နာရီ ကြည့်ပြီး ခေါင်းကုပ်နေသည်။ ၉ နာရီ၊ ၉ မိနစ်၊ ၉ စက္ကန့် အချိန် ရောက်သည်နှင့် စိတ်ထဲမှ ကမန်းကတန်း ဆန္ဒပြု လိုက်လေသည်။ ထိုအခိုက် ၀ုန်း ခနဲ မည်သံတခုနှင့်အတူ ပတ်ဝန်းကျင် တခုလုံး မီးခိုးများဖြင့် ဖုံးသွားသည်။ ကြွက်စုတ်။

။ ဟေ့ကောင် ဂျာနယ်လစ်၊ တခုခုတော့ မှားသွားပြီ ထင်တယ်။ ဒီနည်းက အကျင့် စရိုက်တွေ

ပြောင်းတဲ့နည်း မဟုတ်ဘဲ ဗုံးခွဲတဲ့နည်း ဖြစ်နေပြီနဲ့ တူတယ်။ မင်းက ဘယ်လို ဆန္ဒပြုလိုက်တာလဲ။ ဖိုးရှုပ်။

။ ငါ … ငါလည်း … ချိုကုပ်ဒူးကြီး နဲ့ ဦးရုက္ခစိုးရဲ့ အကျင့်တွေ ပြောင်းပါစေလို့ပဲ ဆန္ဒပြုလိုက်တာပါကွာ။

ငါလည်း ရုတ်တရက်မို့ သင့်တော်တဲ့သူ ဆိုလို့ သူ့ကိုပဲ တွေ့မိတယ်။ မင်းရော ငါရော အကျင့်က သိပ်ကောင်းတာ မဟုတ်ဘူး။ ဦးရုက္ခစိုးက အသင့်တော်ဆုံးပဲ မဟုတ်လား။ ကြွက်စုတ်။

။ ဟိုက် … ဒါဆို ချိုကုပ်ဒူးကြီးရဲ့ အကျင့်တွေ ငါတို့ ဦးရုက္ခစိုးဆီ ရောက်သွားပြီလား မသိဘူး။

ဦးရုက္ခစိုးကြီးရော … ဘယ်မှာလဲ၊ ရှာပါဦးကွ။ ခပ်လှမ်းလှမ်းမှ ဦးရုက္ခစိုးက သူတို့ဆီသို့ လှုပ်တုပ် လှုပ်တုပ်ဖြင့် ရောက်လာသည်။ တခုခုတော့ ထူးထူးခြားခြား ဖြစ်နေပြီဟု ကြွက်စုတ် နှင့် ဖိုးရှုပ် တို့က ဦးရုက္ခစိုးကို ကြည့်ပြီး အလိုလို သိလိုက်သည်။ ရုက္ခစိုး။

။ ဟေ့ကောင်တွေ၊ မင်းတို့ ဘာလုပ်နေတာလဲ။ ငါ့ကို ထိုင်ပြီး လက်အုပ်ချီကြလေကွာ။

ထိုသို့ မူမမှန်သည့် စကားသံများကြောင့် ဦးရုက္ခစိုးထံတွင် ချိုကုပ်ဒူးကြီး၏ အကျင့် စရိုက်များ ရောက်ရှိသွားမှန်း ၎င်းတို့ ၂ ဦး သဘောပေါက်လိုက်လေသည်။ ထို့ကြောင့် ကြွက်စုတ် နှင့် ဖိုးရှုပ် တို့က ဦးရုက္ခစိုးရှေ့တွင် ထိုင်ပြီး လက်အုပ်ချီလိုက်ကြသည်။ ရုက္ခစိုး။ ဖိုးရှုပ်။

။ ဟေ့ကောင် … ဖိုးရှုပ်၊ ငါ ကွန်ပျူတာ သုံးချင်တယ်၊ ၀ယ်ပေး။ ။ (ဆန္ဒပြုမိတာ မှားသွားပြီဟု စိတ်ထဲမှ ရေရွတ်ကာ) ကျနော် … ကျနော် ဘိုင်ပြတ်နေတယ်လေဗျာ။

ရုက္ခစိုး။

။ ဟေ့ကောင် … ငါ့ကို ရိုရိုသေသေ အစီရင်ခံစမ်း။ မင်း ဘိုင်ပြတ်နေတယ် ဆိုရင်လည်း မင်းတို့

ဒေ၀ါလီရုံးက ကွန်ပျူတာတလုံးကို မဖြစ် ဖြစ်တဲ့နည်းနဲ့ ရအောင် ခိုးခဲ့။ ရေပါတာပဲ လိုချင်တယ်၊ ရေဘူးပေါက်တာ ငါနားမလည်ဘူး။ မင်းတို့ သိလား၊ ကွန်ပျူတာ ဆိုတာက တော်တော် အသုံးဝင်တယ်ကွ၊ တရုတ်ကား၊ ကိုရီးယားကား VCD တွေ DVD တွေလည်း ကြည့်လို့ရတယ်။ ဟိုကောင် ကြွက်စုတ် … မင်းက ငါ့အတွက် တူရွင်းတွေ အများကြီး ယူခဲ့ပေး။ ကြွက်စုတ်။ ရုက္ခစိုး။

။ ကွန်ပျူတာကတော့ ဟုတ်ပါပြီ၊ တူရွင်းတွေ အများကြီးက ဘာလုပ်မလို့လဲဗျ။ ။ အောင်မာ … မင်းကများ ငါ့ကို မေးခွန်းတွေ ထုတ်နေသေးတယ်။ ဒီမှာ ကြွက်စုတ် … ငါ့ လုံခြုံရေးက

သစ်ပင်ပေါ်မှာဆို စိတ်မချရဘူးကွ။ လိုဏ်တွေ တူးပြီး ပုန်းရမယ်။ ကြွက်စုတ်။ ရုက္ခစိုး။

။ ဒါဆိုလည်း တူရွင်းတွေ အများကြီး မလိုပါဘူး။ တချောင်းဆို တော်ရောပေါ့။ ။ တော် … တန် … တိတ် … ။ ငါက ဘူးဆို မင်းက ဖရုံ သီးဖို့ မကြိုးစားနဲ့။ တောင်ပေါ်ကိုလာတဲ့

ဘုရားဖူး ခရီးသည်တွေကို လုပ်အားပေးခိုင်း၊ တူးခိုင်းမှာကွ၊ မင်း နားလည်လား။ ဂျာနယ်လစ် ဖိုးရှုပ်တယောက် နောင်တ အကြီးအကျယ် ရသွားသည်။ စရိုက်ပြောင်းသွားသော ဦးရုက္ခစိုးကြီးကို မော့ကြည့်ပြီး ဒုက္ခနှင့်လှလှ တွေ့ကြလေပြီဟု တွေးနေမိသည်။ ဦးရုက္ခစိုး အခြေစိုက်ရာ ချင်းမိုင်မြို့ ဒွိုင်ဆူထေ့တောင်ပေါ်တွင် ထိုသို့ ဖြစ်ပျက်နေခိုက် ကြပ်ပြေး နေပြည်တော် တွင်လည်း အပြောင်းအလဲ တချို့ ဖြစ်ပေါ်နေသည်။ ချိုကုပ်ဒူးကြီးထံတွင် ချင်းမိုင်ရုက္ခစိုး၏ အကျင့်စရိုက်များ ရောက်ရှိနေသောကြောင့် အပြောင်းအလဲများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ ချိုကုပ်ဒူးကြီး ရုတ်တရက် ပျောက်သွားသဖြင့် ကြင်ရာတော် ဒေါ်ကွိုင်ကွိုင်၊ သမီးတော်များ၊ လုံခြုံရေး အရာရှိများ ပျာယာခပ်နေကြလေသည်။ ဒေါ်ကွိုင်ကွိုင်။

။ သြော် … ခက်တော့တာပဲကွယ်။ ရှာကြစမ်း၊ ရှာကြစမ်း … တွေ့အောင် ရှာကြစမ်း။ နင်တို့

လုံခြုံရေးတွေ အရမ်း ရှော်တာပဲ။ မောင်တော်တယောက်လုံး ဘယ်ရောက်နေလဲ ဆိုတာကို နင်တို့ မသိကြဘူးလား … ။ နင်တို့တော့ အင်းစိန်ထောင်ထဲ သွားနေချင်ပြီထင်တယ်။ ရှာကြ၊ တွေ့အောင်လိုက်ရှာကြ။

လုံခြုံရေးအရာရှိတဦး။

။ ရှာပါတယ် မယ်တော်ဘုရား၊ အိမ်တော်ထဲမှာတော့ မရှိတာ သေချာပါတယ်

မယ်တော်ဘုရား။ ဒေါ်ကွိုင်ကွိုင်။

။ အိမ်ထဲမှာ မရှိရင် အပြင်မှာ ရှိမှာပေါ့။ ငါ့မောင်တော် အပြင်ဘက်ထွက်တာ နင်တို့ မသိဘူး

ဆိုတော့ နင်တို့ အနီးကပ် လုံခြုံရေးတွေ ဘာလုပ်နေလဲ။ ငါ့မောင်တော်က အတောင်ပံ ပေါက်ပြီး ပျံထွက်သွားလို့လား။ ထိုသို့ အိမ်တော် ဆင်ဝင်အောက်တွင် ဒေါ်ကွိုင်ကွိုင် မြည်တွန် တောက်တီးနေခိုက် အနီးရှိ သစ်ပင်ပေါ်မှ “ငါ ဒီမှာ ရောက်နေတယ်ဟေ့” ဟူသော အသံ ထွက်ပေါ်လာသဖြင့် အားလုံး မော့ကြည့်လိုက်ကြသည်။ သစ်ပင် ခွကြားထဲတွင် ထိုင်နေသော ချိုကုပ်ဒူးကြီးကို တွေ့လိုက်ကြသဖြင့် အားလုံး အံ့အားသင့်သွားကြသည်။ ဒေါ်ကွိုင်ကွိုင်။

။ အောင်မယ်လေး … ၊ အောင်မယ်လေး … ၊ ဘယ်လိုဖြစ်တာလဲ မောင်တော်ရယ်၊

ဘယ်လိုတွေ ဖြစ်နေတာလဲ … ။ သစ်ပင်ပေါ် ဘာကြောင့် တက်ထိုင်နေရတာလဲ မောင်တော်ရဲ့။ ချိုကုပ်ဒူးကြီး။

။ ငါလည်း မသိဘူးကွ။ သစ်ပင်ပေါ်မှာ နေရရင် ကောင်းမှာပဲလို့ တွေးမိပြီး တက်ထိုင်နေတာကွ။

ငါတော့ သစ်ပင်ပေါ်မှာပဲ အမြဲတမ်း နေတော့မယ်လို့တောင် ဆုံးဖြတ်လိုက်ပြီ။ ဒေါ်ကွိုင်ကွိုင်။

။ မောင်တော်ကလည်း လိုဏ်တွေ တူးပြီးမှ သစ်ပင်ပေါ်တက်နေမယ်ဆိုတော့ မဟုတ်သေး

ပါဘူး။ ဆင်းခဲ့ပါ မောင်တော်ရယ်။ ဒီနေ့ ယတြာ ချေရမယ့် နေ့လေ။ ခဏနေ ဗေဒင်ဆရာ လာတော့မယ် မောင်တော်ရဲ့။ ချိုကုပ်ဒူးကြီး။

။ ဟာ … ဗေဒင်ဆရာကို မလာနဲ့တော့လို့ ပြောလိုက်ပါကွယ်။ သူ ပင်ပန်းနေရှာမယ်။ ငါတို့ပဲ

သူ့ဆီ သွားတာပေါ့ကွယ်။ ဟင် … ရှုပ်ပါတယ်၊ ဗေဒင်ဆရာနဲ့ ချိန်းထားတာ ဖျက်လိုက်ပါကွယ်။ ငါလည်း ဗေဒင်တွေ ဘာတွေ သိပ်မယုံတော့ဘူး။ ဒေါ်ကွိုင်ကွိုင်။

။ အို … မောင်တော်ကလည်း ဘာတွေ ပြောနေတာလဲ၊ ခက်တော့တာပဲ။ ဟဲ့ …

ဟဲ့အကောင်တွေ သွားကြစမ်း၊ သွားကြစမ်း၊ ဒီအနားမှာ မနေကြနဲ့။ သြော် … မဟုတ်သေးပါဘူး။ မသွားနဲ့ မသွားနဲ့၊ နေဦး … မောင်တော် သစ်ပင်ပေါ်က ဆင်းလို့ရအောင် လုပ်ကြစမ်း … ၊ လုပ်ကြစမ်း … ။ ချိုကုပ်ဒူးကြီး။

။ သစ်ပင်ပေါ်မှာ ငါ နေပါရစေ ကွိုင်ကွိုင်ရယ်၊ ပြီးတော့ ငါ မင်းကို ပြောစရာတွေ ရှိသေးတယ်။

ငါတို့ သားသမီးတွေက အလုပ်အကိုင်တွေ လျှော့ရင်ကောင်းမယ်လို့ မင်း မထင်ဘူးလား။ ကားပါမစ်တွေ၊ လုပ်ငန်းလိုင်စင်တွေကို တို့လူတွေချည်းပဲ ယူထားတာ မသင့်တော်ဘူးလို့ ငါ ခံစားရ … … ချိုကုပ်ဒူးကြီး စကားမဆုံးမီ ဒေါသထွက်လွန်းသဖြင့် မျက်လုံးများ ပြူးကျယ်လာသော ဒေါ်ကွိုင်ကွိုင်က ကြားဖြတ်ပြီး အော်ပြောလိုက်။ လေသံများလည်း ပြောင်းသွားသည်။ ဒေါ်ကွိုင်ကွိုင်။

။ ရှင့်ပါးစပ် ပိတ်မလား၊ မပိတ်ဘူးလား။ ဆင်းခဲ့၊ အောက်ကို ဆင်းခဲ့ … ။ ဟဲ့ကောင်တွေ

သစ်ပင်ပေါ်တက်စမ်း … ။

ချိုကုပ်ဒူးကြီး။

။ ကွိုင်ကွိုင်ရေ၊ ငါ့စိတ်တွေ ဒီနေ့ ဘယ်လို ဖြစ်မှန်း မသိဘူး။ မတရားတာတွေ

မလုပ်ချင်တော့ဘူး။ ဒေါ်ကွိုင်ကွိုင်။

။ မရဘူး၊ မလုပ်လို့ မရဘူး။ အို … ရှင့်ပါးစပ် ပိတ်ထားစမ်း။ ဟဲ့ကောင်တွေ သစ်ပင်ပေါ်

တက်ဆို … မတက်ဘူးလား။ သူ့ကို အောက်ရောက်အောင် လုပ်စမ်း။ လုံခြုံရေးအရာရှိများက သစ်ပင်ပေါ်တက်ကြသည်။ ဒေါ်ကွိုင်ကွိုင်၏ စကား နားထောင်ရန် ချိုကုပ်ဒူးကြီးကို တောင်းပန်ကြသည်။ ဒေါသ ငယ်ထိပ်ရောက်နေသော ဒေါ်ကွိုင်ကွိုင်ကလည်း အပေါ် မော့ကြည့်ပြီး အမိန့်များ အဆက်မပြတ် ပေးနေသည်။ သစ်ပင်ပေါ်သို့ ရောက်လာကြသော လုံခြုံရေးအရာရှိများကို ချိုကုပ်ဒူးကြီးက ရှောင်တိမ်းလိုက်ရာ ဟန်ချက်ပျက်ပြီး မျောက် သစ်ကိုင်းလွတ် သကဲ့သို့ ဖြစ်သွားသည်။ ထို့ကြောင့် သစ်ပင်ပေါ်မှ ချိုကုပ်ဒူးကြီး လက် ကားယား၊ ခြေ ကားယားဖြင့် ပြုတ်ကျလေသည်။ အကျတွင် ခြေတဖက်က ခါးထောက်ပြီး အော်ဟစ်နေသော ဒေါ်ကွိုင်ကွိုင်ကို အရှိန်ပြင်းစွာ ထိခိုက်မိသဖြင့် ဒေါ်ကွိုင်ကွိုင်လည်း ၀ုန်းခနဲ ဖင်ထိုင်လျက် လဲကျရာ မြီးညောင်းရိုး ကျိုးသွားလေသည်။



Hits: 4733 Comments (12)Add Comment written by tawteetaw, August 28, 2009 အဲဒီလိုပြောင်း လို့ရရင်လဲ ကောင်းသားနော်..အင်း.... very funny written by joke lover, August 28, 2009 ဟိဟိ ဟားဟားဟား အဟေဟေ့ ၀ါးဟားဟား ဟိဟိဟိ ဟားဟား ၀ါးဟားဟားဟား hahaha written by arum, August 28, 2009 written by ph, August 27, 2009 this time, Yoke Ka Soe is not funny. try your best, written by ko mg, August 27, 2009 ကျုပ်ကတော့ ကျုပ်နဲ့  ကွိုင်ကွို င်နဲ့  စိတ်ချင်း ပြောင်းချင်တယ်။ ဒါမှ ချိုကုပ်ကြီးကို နားရင်းချည်းပဲ အသေ အုပ် ပစ်လိုက်မယ်။ ဟိ ဟိ smilies/grin.gifsmilies/grin.gif မတရားတာတွေ မလုပ်ချင်တော့ဘူး။.. ...... .မရဘူး၊ မလုပ်လို့ မရဘူး..ha ha written by Ahmad, August 27, 2009

ငါတို့ သားသမီးတွေက အလုပ်အကိုင်တွေ လျှော့ရင်ကောင်းမယ်လို့ မင်း မထင်ဘူးလား။ ကားပါမစ်တွေ၊ လုပ်ငန်းလိုင်စင်တွေကို တို့လူတွေချည်းပဲ ယူထားတာ မသင့်တော်ဘူးလို့ ငါ ခံစားရ … …Should b like that... good job! written by kyaw, August 27, 2009ေ၇းတတ်၇င် ဟာသဖြစ်တယ် လို့  ပြော ၇ တော့ မယ် ဒီ တ ခါ လဲ ၇ိုက်ချက် ပြင်း တယ် ခင် ဗျာ။ what had happened to Gyo Kope Doo Gyi? Daw Kwine Kwine had something broken. how about her husband? is he still alive? it would be much better if he went to the top of the tree and dive to the ground. wah haa haa တကယ်လို့ များ written by စာဖတ်သူ, August 26, 2009 ဒီလို ဇတ်လမ်းမျိုးး တကယ် ဖြစ်ခဲ့၇င် သိပ်ကောင်းမှာပဲ ဟိဟိ ဆရာတေ လက်ရာ တော်တော် ပြောင်မြောက်ပါသည်။ written by simon, August 26, 2009 ကျနော် ၁၀ ကြိမ် တိုင်တိုင် ဖတ်တာတောင် မ၀ဘူး။ တအား ရီရလွန်းလို့ပါ။ ဖတ်ရင်း တယောက်တည်း ရီတာ ပိုက်ကို နာနေတာပဲ။ not enough written by n, August 26, 2009 ဒီထက် ပိုပီး လုပပ် စ်ရမှာဗျ ဟီးဟီးဟီးး ဆရာတေတို့ လုပ်ချလိုက်ပြန်ပြီ ... written by Chun Li, August 26, 2009 ဆရာတေတို့ လုပ်ချလိုက်ပြန်ပြီ ... တည့်တည့်ကို ထိတယ်ဗျာ ... ထိချက်ကတော့ ပြင်းတယ် ... အဲလိုသာ ပြောင်းသာ ပြောင်းခဲ့ရင်ဖြင့် ... အင်း ... =================================== မိုးမခရဲ့ သြဂုတ်လ စာကိုး စကားကိုး သြဂုတ် ၂၉၊ ၂၀၀၉ “မောင်ဝိတ်ကို အာဏာပိုင်တွေက မျက်နှာသာပေးပြီးတော့ ဂျာနယ်၊ မဂ္ဂဇင်းတွေ ပေးဖတ်တယ်။ အဲ့တော့ ကိုဖိုးတုတ်က သူတို့ကိုလည်း ပေးဖတ်ဖို့ တောင်းဆိုတာကို အရာရှိ ကျော်ဇေယျယု က မင်းတို့ ၅ ည တွေကို

သေအောင် သတ်ပစ်လို့ ရတယ် ဆိုပြီး ခြိမ်းခြောက်လိုက်တယ်။ ဘယ်သူ့ကို ဆိုလိုတာလည်းလို့ ပြန်မေးတော့ အရာရှိ ကျော်ဇေယျယုက မင်းတို့ နိုင်ငံရေးသမားတွေကို ပြောတာတဲ့” ခန္တီးထောင်ရောက် နိုင်ငံရေးအကျဉ်းသား ကိုဖိုးတုတ်၏ မိသားစု နှင့် နီးစပ်သူတဦး DVB အသံလွှင့်ဌာန၊ သြဂုတ် ၂၁ “၁၉၈၄ ခုနှစ်က တောင်အာဖရိကနိုင်ငံမှာ အသားအရောင်ခွဲခြားတဲ့ လူဖြူအစိုးရကနေ ဦးစီးပြီးရေးဆွဲခ့တဲ့ဲ အခြေခံဥပဒေကို အသိအမှတ်မပြုခဲ့သလိုပဲ အဲဒီဖွ့စဲ ည်းပုံဥပဒေက ပေါ်ထွက်လာတဲ့ ရွေးကောက်ပွဲကိုလည်း ကုလသမဂ္ဂက အသိအမှတ်မပြုခဲ့ပါဘူး။ဲဒီလိုပဲ မြန်မာနိုင်ငံမှာ စစ်အစိုးရက တဖက်သတ်ရေးဆွဲပြီးတော့ စစ်အစိုးရရဲ့ အာဏာဆက်ရှိစေမယ့် ရွေးကောက်ပွဲကို အသိအမှတ်ပြုသလို ဖြစ်စေတဲ့ စကားမျိုးတွေကို ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်တယောက်အနေနဲ့ မပြောသင့်ဘူးလို့ ကျမတို့အဖွဲ့က ယူဆပါတယ်” Janet Benshoof ၊ နယူးယောက်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာတရားမျှတရေး အဖွဲ့၏ ဥက္ကဋ္ဌ RFA အသံလွှင့်ဌာန၊ သြဂုတ် ၁၄ “မြ၀တီမြို့ရှိ ပြည်တန်ဆာရုံ ပေါင်း (၅၀)နီးပါးရှိပြီး အများစုမှာ မြန်မာ့တပ်မတော် အရာရှိဟောင်းများနှင့် တိုးတက် သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)အရာရှိကြီးများ ပိုင်ဆိုင်ကြပြီး ရုံတရုံလျှင် ပြည့်တန်ဆာ အနည်း ဆုံး ၁၀ ဦး ခန့်ရှိကြောင်း သိရသည်” ကရင်သတင်းစဉ် (KIC)၊ သြဂုတ်လ ၂၆ “ကျွန်မကို မြန်မာပြည်ကမှန်း မသိဘူး။ အမေရိကားကလိုလို လန်ဒန်ကလိုလို ထင်ကြတယ်။ ဒါပေမဲ့ အခွင့်အရေး ရတာနဲ့ အင်တာဗျူးတွေမှာ ကျွန်မ မြန်မာ ဆိုတာ ပြောတော့ အရမ်း အံ့သြကြတယ်။ - - ကျွန်မ (အိန္ဒိယနိုင်ငံ) ဘုံဘေက မင်းသား၊ မင်းသမီးတွေ နေတဲ့ ရပ်ကွက်မှာပဲ နေတာပါ။ - - မြန်မာပြည်က အစားအသောက်ကိုတော့ အရမ်း လွမ်းတယ်။ - - - ဘောလိဝုဒ်အကကို ဆရာနဲ့ ၂ ရက် သင်ရတယ်။ ကိုယ်ကလည်း အရင်က တခြား အကတွေ ကတတ်တော့ အဆင်ပြေသွားတယ်။ - - - အနုပညာကြေးကိုတော့ ထုတ်မပြောတော့ပါဘူး။ နိုင်ငံတကာ စံနှုန်းအတိုင်း ရပါတယ်။ ဗီဒီယိုကတော့ မစဉ်းစားရသေးဘူး။ ကြော်ငြာတွေကတော့ ရိုက်ဖြစ်မှာပါ” Laila Khan ခေါ် မစန္ဒာဝင်း၊ ဘောလိဝုဒ် သရုပ်ဆောင် (photo: movies sulekha com) ပေါ်ပြူလာ ဂျာနယ်၊ သြဂုတ် ၄ “သက်မွန်က ခွေးချစ်တတ်တာလေ။ ခွေးမွေးချင်တယ် လို့ပဲ ပူဆာနေတာ။ အလုပ်န့ကဲ အဆင်မပြေဘူး၊ ထိန်းနိုင်မှာလည်း မဟုတ်ဘူး ဆိုပြီး ဖေဖေက ခွေးရုပ် ၀ယ်ပေးတယ်” သက်မွန်မြင့်၊ သရုပ်ဆောင် (photo: beauty magazine) ပေါ်ပြူလာ ဂျာနယ်၊ သြဂုတ် ၁၈ “ရုပ်ရှင်တော့ အကြည့်နည်းတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ကားတွေ ကြည့်တဲ့အခါ ကိုယ်က စိတ်ကူးနဲ့ပဲ မီပြီး လက်တွေ့ မမီတာမို့ မနာလို ဖြစ်ပြီး မကြည့်တော့တာပါ” အောင်လွင်၊ သရုပ်ဆောင်၊ ဒါရိုက်တာ နံနက်ခင်း ဂျာနယ်၊ သြဂုတ် ၁၉

“အခု ဦးမြင့်သိန်းဖေဆိုရင် အဲလိုပဲ ဗဟိုကနေချပေးတာလေ အဲ့တော့ ရွေးနေတာလည်း သိပ်တော့မထူးပါဘူး၊ ပြီးရင် ဗဟိုက သူတို့ချပေးတဲ့ လူတယောက်က လုပ်ရမှာပါ။ - - - ကျနော့် အမြင်ပြောရရင် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး အတွက် ဥက္ကဋ္ဌ လူကြီးကို ရုပ်ရှင် အနုပညာသည်ထဲကပဲ ဖြစ်သင့်တယ်။ ဒါမှသာ ကျနော်တို့ အနုပညာသည်တွေကို စာနာတတ်မယ်၊ အနုပညာသည်တွေ ဘက်က ရပ်တည်နိုင်တယ်၊ အဲလို သဘော ရှိပါတယ်။ အဲဒါက အစည်းအရုံး ဥက္ကဋ္ဌ တယောက်အနေနဲ့ မဟုတ်ဘူး၊ ဆင်ဆာဘုတ် အဖွဲ့ကပါ အဲလို ခံစားတတ်မှ ရမှာ။ - - - အခုကျတော့ အရင် ခွင့်ပြုထားတဲ့ သရဲကားတွေပါ ခွင့်မပြုတော့ဘူး ဆိုတဲ့ စာနဲ့ ထွက်လာပြီ။ နောက် ဆင်ဆာ အရမ်းကြပ်တယ်။ အခုဆိုရင် ကျနော်တို့ တချို့ ဇာတ်ကားတွေ ပိတ်ထား၊ ပြုထားတာတွေလည်း ရှိတယ်” မောင်မျိုးမင်း၊ ရုပ်ရှင် ဒါရိုက်တာ (photo: ahuntphonemyat.wordpress.com) DVB အသံလွှင့်ဌာန၊ သြဂုတ် ၂၂

“ယောက်ျားကနေ မိန်းမပြောင်းမယ်ဆိုရင် ခွဲစိတ်ချိန်က နှစ်နာရီကနေ ခြောက်နာရီ ကြာမယ်။ ၁ဝ ရက်လောက်တော့ ပေါင်လိုဝ် ဆေးရုံမှာ တက်ရမယ်။ ဆေးရုံမှာ ဘာသာပြန်မြန်မာတစ်ယောက်ရှိတယ်။ ဒီကနေပြီး ခွဲဖို့ သွားမယ်ဆိုရင် လေဆိပ်မှာ လာကြိုတာကအစ အစစအရာရာ အားလုံးစီစဉ်ပေးမယ်” ဦးသန့်သီဟ၊ ပေါင်လိုဝ် ဆေးရုံကြီး၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Voice ဂျာနယ်၊ သြဂုတ် ၂၄ “အို အချင်းတို့ စိတ်ရှိလက်ရှိ ပေါကြကုန်လော့ ဟု မြှောက်ပေးခြင်း၊ ညာသံပေးခြင်းတော့ မဟုတ်ရပါ။ ကျွန်တော်တို့မှာ အရေးတကြီး သတိပြုရန် အချက်တစ်ချက် ရှိနေသည်။ ပရိတ်အပေါ် သစ္စာ ရှိဖို့ပဲ ဖြစ်၏။ သူတို့မှာ ဒီ ပေါတောတောတွေကိုတောင် အလကား ကြည့်ရတာ မဟုတ်။ တန်ရာတန်ဖိုး ပေးပြီး ဖတ်ကြ၊ ကြည့်ကြရတာ။ ထို့ကြောင့် အနုပညာသမားတွေ အနေနဲ့လည်း စေတနာထားပြီး ထိုက်ထိုက်တန်တန် ပေါကြရင် ကောင်းမယ် ထင်တာပဲ” မင်းလူ၊ ဟာသ စာရေးဆရာ (photo: phat sa yar journal ) အလင်းတန်းဂျာနယ်၊ သြဂုတ် ၁၀ “၂ဝ ရာစုအစမှာ အမေရိကန်မြို့ကြီးတွေမှာ လျှပ်စစ်ဓာတ်အား သုံးတဲ့ Train လို့ ခေါ်တဲ့ ရထားတွေ ခေတ်စား လာတယ်။ ဒါကြောင့် ကားကုမ္ပဏီ ဘိုးတော်တွေနဲ့ ရေနံကုမ္ပဏီ ဘိုးတော်တွေ ပေါင်းပြီး ဖျက်ပစ်လိုက်ကြတယ်။ ဒါကြောင့် အမေရိကားမှာ Public Transport လို့ ခေါ်တဲ့ အများသုံး လမ်းပန်းဆက်သွယ်ရေး စနစ်က သိပ်ညံ့တယ်။ ဒါကြောင့် ဘယ်သွားသွား ကားရှိမှ ဖြစ်တယ်။ ဒါမှ ကားရောင်းရမယ်၊ ဓာတ်ဆီရောင်းရမယ်ပေါ့” ဘိုဘိုကျော်ငြိမ်း၊ ဆောင်းပါးရှင် မဇ္ဈိမသတင်းဌာန၊ သြဂုတ် ၁၇ “ဗိုလ်ချုပ်သန်းရွှေသည် US ၏ Target Sanction ကို အလူးအလဲ ခံနေရပါသည်။ ထို့ကြောင့် 1997 ခုနှစ်က Sanction ကို ၎င်းအနေဖြင့် နိုင်ငံရေး ကစားကွက် အနေဖြင့် အသုံးပြုခဲ့ရာမှ ယနေ့ ကိုယ်ကျိုးစီးပွား ထိလာသောအခါတွင် မခံမရပ်နိငု ဖြစ်နေခဲ့ရပါသည်။ အထူး သတိထားရမည့် အချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နည်းမျိုးစုံနှင့် သိက္ခာချပြီး ဒေါ်စု၏ ခေါင်းမာမှုကြောင့် မြန်မာနိုင်ငံ ဒုက္ခရောက်နေသည် ဆိုသည့် ပုံကို ဖော်ပြီး နိုင်ငံတကာရှိ ၎င်းတို့နှင့် နီးစပ်သော

ပုဂ္ဂိုလ်များကို မြန်မာနိုင်ငံအတွင်း VISA ပေးပြီး ဒေါ်စုနှင့် ပေးတွေ့စေကာ ကမ္ဘာကို ၀ါဒ ဖြန့်ပြီး ဗိုလ်ချုပ်သန်းရွှေ အနေဖြင့် သူတော်ကောင်း အရောင်ဆောင်လိမ့်မည် ဖြစ်ကြောင်း အစီရင်ခံအပ်ပါသည်” သံအမတ်ဟောင်း ဦးအောင်လင်းထွဋ် photayokeking.org ၊ သြဂုတ် ၂၂ “ကော်ပီသီချင်း ဆိုတာ သူများ အင်္ကျီ ငှားဝတ်တာ လို့လည်း မမြင်စေချင်ပါဘူး။ ကော်ပီ ဆိုတာ ကမ္ဘာမှာလည်း ရှိပါတယ်။ ကိုယ် ဆိုလိုက်တဲ့ သီချင်း၊ တီးတဲ့ သံစဉ် အရမ်း ကောင်းတယ်လို့ ကမ္ဘာက သတ်မှတ်ရင် လူတိုင်းလိုလို ကိုယ့်စာ၊ စကားနဲ့ ပြောင်းပြီး ဆိုကြတာပါပဲ။ ဒါ ခိုးတာ မဟုတ်သလို ငှားဝတ်တာလည်း မဟုတ်ပါဘူး။ မူလ သီချင်းရှင်ကို ဂုဏ်ပြုရာ ရောက်ပါတယ်။ သ့သီချင်း၊ သူ့သံစဉ်ကို ဘာသာမျိုးစုံနဲ့ ဆိုကြတယ်၊ လူတွေ နားထောင်ကြတယ် ဆိုတာ သိရရင် သူ ဘယ်လောက် ပျော်မလဲ ဆိုတာ တွေး ကြည့်ရင် မြင်နိုင်ပါတယ်။ ဂီတအစုံ နားထောင်ပါတယ်။ ဟစ်ဟော့၊ ပန့်ခ်၊ ရက်ဂေး၊ အာရ်အင်န်ဘီ ခေတ်ပေါ် ဂီတ အားလုံးကို နားထောင်ပါတယ်။ ကျနော် ပထမဆုံး ဆိုခဲ့တဲ့ ပန်လှည့်တော့ ချစ်ဦးငယ်၊ အချစ်ည ရင်ခုန်သံတို့က ကိုယ်ပိုင် သံစဉ်တွေပါ။ အဲဒီကြားမှာ အချစ်ဟောင်းရဲ့ လက်ထပ်မင်္ဂလာ၊ နေကွယ်ရင် လထွက်မယ် စတဲ့ အိန္ဒိယ ကော်ပီတေးတွေ ဆိုဖြစ်တာပါ” စိုးပိုင်၊ စတီရီယို ခေတ်ဦး အဆိုတော် နံနက်ခင်း ဂျာနယ်၊ သြဂုတ် ၁၂ ================================

စစ်အုပ်စု၏ အဖမ်းအဆီးများနှင့် ပြန်လွှတ်ပေးသူများ စာရင်းရရှိသမျှ မိုးမခအထောက်တော် ၀၀၄ သြဂုတ် ၂၉၊ ၂၀၀၉ သြဂုတ်လ ၁၆ ရက်နေ့က ကြို့ပင်ကောက်မြို့နယ်မှာ ဒေါ်စုလွတ်မြောက်ရေးစာတမ်းများ ဖြန့်ချိတယ်ဆိုပြီး ဖမ်းဆီးခံထားရသူ မမာမာအေးကို ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်လိုက်တယ်လို့ သိရပါတယ်။ သြဂုတ်လ ၂၆ က ကျောက်မြောင်းအင်တာနက်ဆိုင်မှာ ဖမ်းဆီးခံရသူ ကိုနိုင်ငံလင်း ဆိုသူကို ယမန်နေ့က ပြန်လွှတ်ပေး လိုက်ပါတယ်။ ၎င်းသည် အင်န်အယ်ဒီရုံးချုပ်မှာ အင်္ဂလိပ်စာ ပြနေသူတဦး ဖြစ်ပါတယ်။ သြဂုတ်လ ၂၄ က နေအိမ်တွင် ဖမ်းဆီးခံရသူ ကိုမင်းသိန်းကိုလည်း ပြန်လည် လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များ ရဲ့ နိုင်ငံခြားရေးရာ ၀န်ထမ်းများနဲ့ အင်န်အယ်ဒီလူကြီးများ တွေ့ဆုံနေချိန်မှာ နိုင်ငံရေးဖိနှိပ်မှုတွေကို စစ်အုပ်စုက ဆက်လက်ဆောင်ရက်ွနေဆဲပဲလို့ သတင်းပို့သူက မှတ်ချက်ပေးပါတယ်။

================================

ရေလယ်မှာ ဆီသယ်ကြသူများ ၀င်းမြတ်၊ ရန်ကုန် သြဂုတ် ၂၉၊ ၂၀၀၉ ရန်ကုန်မြစ်အတွင်း သင်္ဘောကြီး ကျောက်ချ ရပ်နားရာ နေရာ အလုံကျောက်ချစခန်း။ အလုံဆိပ်ကမ်းမှာ စားအုန်းဆီတွေ ချခဲ့ပြီး ပင်လယ်ပြင်ကို ပြန်လည်ထွက်ခွာမယ့် စားအုန်းဆီတင် သင်္ဘောကြီး တစ်စင်းက ရေတက်ချိန်ကိုစောင့်ဆိုင်းဖို့ ကျောက်ချ ရပ်နားမယ့်နေရာကို တစ်ဖြည်းဖြည်းနဲ့ နောက်ပြန် မောင်းလာတယ်။ သင်္ဘောကြီးကို လိုအပ်ရင် ကူတွန်းပေးဖို့ တွန်းသင်္ဘောတစ်စင်းနဲ့ ရေလမ်းကြောင်းရှင်းဖို့ သင်္ဘောငယ်တစ်စီး နဲ့အတူ အခြား သင်္ဘောငယ်လေးတွေကလည်း သင်္ဘောကြီးရဲ့ ဘေးမှာ ၀ိုင်းနေကြတယ်။ အလုံကျောက်လိုင်းမှာ သင်္ဘောကြီး ကျောက်ချလိုက်ပြီဆိုတာနဲ့ သင်္ဘောငယ်ပေါ်ကို ထန်းလျက်ခဲကို ပုရွက်ဆိပ် အုံသလို လူတွေ တစ်ပြုံတစ်မကြီး တက်ပါတော့တယ်။ သူတို့လက်ထဲမှာတော့ ၁၅ ဂါလံဝင် ပလတ်စတစ်ပုံး ကိုယ်စီ ပါကြပါတယ်။ သည်လို အခြေအနေမျိုးမှာ ကိုထိုက်တို့လို စားအုန်းဆီ သင်္ဘောကို ကန်ထရိုက် ဆွဲထားတဲ့ ဆီပွဲစားတွေကလည်း သင်္ဘောကြီးပေါ်မှာ ယောက်ယက် ခပ်နေကြတာပေါ့။ သင်္ဘောပေါ်မှာပါရှိတဲ့ သင်္ဘောအရာရှိရဲ့ ခွင့်ပြုချက်ရပြီဆိုတာနဲ့ ဆီလှောင်ကန်ကိုဖွင့်ပြီး ကန်အောက်ခြေကို ဆင်းကြပါတော့တယ်။ သင်္ဘောဆီလှောင်ကန်က အနည်းဆုံး ၁၅ ပေလောက် အနက် ရှိလေတော့ ခြေချော်လက်ချော် ပြုတ်ကျရင် အသက်ကိုပါ အန္တရာယ်ရှိတဲ့ အနေအထားပါပဲ။ သင်္ဘောဝမ်းထဲမှာ ကျန်နေသေးတဲ့ ဆီတွေကို ပါလာတဲ့ ပုံးထဲကို ခပ်ထည့်၊ သင်္ဘော ကုန်းပတ်ပေါ် မှာကျန်နေတဲ့လူက ကြိုးနဲ့ဆွဲတင်၊ ဘေးနားက သင်္ဘောလေးပေါ်ကို ကြိုးနဲ့ပဲ ပြန်ချပေးရတယ်။ `ဆီကန်ဆိုတော့ ချောနေတာပေါ့။ သေသေချာချာ သတိထားပြီး ဆင်းရတယ်။ ကန်ထဲမှာ ခြေမျက်စိ မြုပ်လောက် အောင်တော့ ဆီတွေက ကျန်နေသေးတယ်။ ပထမ တော့ ခွက်ကြီးကြီးနဲ့ ခပ်ထည့်။ နောက်ဆုံးမှာ ဆပ်ပြာခွက်န့ပဲါ ခပ်ထုတ်ရတယ်´ လို့ ကိုထိုက်ပြောတယ်။ ကန်အောက်ခြေက ဆီတွေ ဖြစ်တာကြောင့် အနည်အနှစ်တွေ သင်္ဘောဝမ်းသံပြားက အညှိတွေပါ ရောနှောနေတယ်။ အောက်ခြေကို ဆင်းပြီး ခပ်တ့သဲူတွေကလည်း အလုပ်သမားတွေ ဖြစ်တာကြောင့် တစ်ခါတစ်ရံ ခြေထောက်မှာ ရွှံ့ဗွက်တွေ စက်ဆီတွေ ပေနေတဲ့ သူတွေလည်းပါပါတယ်။ ဘယ်လိုပဲ ညစ်ပတ်နေပါစေ အဓိကကျတာ စားအုန်းဆီလို့ အမည် တပ်လို့ရတဲ့ ဆီတွေကို ရနိုင်သလောက် များများ ခပ်ယူနိုင်ဖို့ပဲ လိုတယ်လို့ သည်အလုပ်သမားတွေနဲ့ ဆီပွဲစားတွေက လက်ခံထားကြပါတယ်။

တစ်ခါတစ်ရံမှာ စားအုန်းဆီပေပါ အလုံး နှစ်ဆယ် အစိတ်လောက် အထိ ရတတ်တယ်လို့ ဆိပ်ကမ်း အလုပ်သမား တစ်ဦးဖြစ်သူ ကိုနိုင်ကြီးက ပြောပါတယ်။ `သင်္ဘောပေါ်မှာပါတဲ့ ကန်တွေကို အကုန်ခပ်ခွင့် ပေးရင်တော့ တော်တော်များများ ရတယ်။ တစ်ခါတုန်းက ပေပါ အစိတ်လောက် အထိရဖူးတယ်´ လို့ ကိုနိုင်ကြီးက ပြောပါတယ်။ တစ်ပေပါကို ဂါလံ ငါးဆယ် ဆံ့ပါတယ်။ တစ်ခါတစ်ရံ စားအုန်းဆီထည့်ဖို့ ပုံး မလောက်တော့တ့အဲ ခါ သင်္ဘောမှာ ပါတဲ့ ဒီဇယ်ဆီပုန်းကို ရေဆေးပြီး စားအုန်းဆီ ထည့်ကြတယ်ရပါတယ်။ သည်လိုပြုလုပ်နိုင်ဖို့ ငံပြာရည်နဲ့ ဆပ်ပြာမှုန့်တွေကို အရံသင့် ဆောင်ထားရတယ်ပါတယ်။ ဒီဇယ်ဆီပုံးထဲကို ငံပြာရည်နဲ့ ဆပ်ပြာမှုန့် ရောထည့်ပြီး ပုံးကို ဆေးရပါတယ်။ ပြီးရင် ရေနဲ့ ဆပ်ပြာမှုန့်နဲ့ တစ်ခေါက် ထပ်ပြီး ဆေးရတယ်။ အဲသည့် အချိန်မှာ ပေါပေါလောလော အမြန်ဆုံး ရနိုင်တဲ့ ရေကတော့ မြစ်ထဲကရေပါပဲ။ မြန်မာနိုင်ငံကို စားအုန်းဆီ တင်သင်္ဘောကြီးတွေဟာ ပုံမှန်အားဖြင့် တန်ချိန် နှစ်ထောင့်ငါးရာ ၀န်းကျင် တင်ဆောင်လာ တတ်ကြတဲ့ ထိုင်းနိုင်ငံက သင်္ဘောတွေ ဖြစ်ပါတယ်။ အလုံဆိပက် မ်းပေါ်မှာရှိတဲ့ စားအုန်းဆီ ကန်တွေထဲကို ပန့်တွေနဲ့ မောင်းတင်ကြတယ်။ သင်္ဘောပေါ်မှာ ပါရှိတဲ့ ဆီကန်ထဲက ဆီတွေကို ဆီပန့်တွေက အကုန်မစုပ်ယူ နိုင်ကြဘူး။ ဒါကြောင့် ဆိပ်ကမ်းမှာ စားအုန်းဆီတွေကို ချပြီး တဲ့အခါ သင်္ဘောမှာပါရှိတဲ့ ဆီကန်ရဲ့အောက်ခြေမှာ ဆီတွေ ကျန်နေပါသေးတယ်။ ဒါတွေကို ကိုထိုက်တို့လို စားအုန်းဆီ ပွဲစားတွေနဲ့ သင်္ဘော ၀န်ထမ်းတွေက သင်္ဘောကြီး ကျောက်ချရပ်နားတဲ့အခါမှာ သင်္ဘောကြီးပေါ်ကို တက်ပြီး ခပ်ယူလေ့ရှိကြတယ်။ သည်လို သင်္ဘောကြီးပေါ်ကို တက်ရောက် ဆီခပ်နိုင်ဖို့ သင်္ဘောပေါ်မှာ ပါရှိတဲ့ သင်္ဘောအရာရှိတွေ သင်္ဘောသားတွေနဲ့ အဆင်ပြေအောင် ပေါင်းသင်းထားရတယ်။ ရန်ကုန်ဆိပ်ကမ်းကို စားအုန်းဆီသင်္ဘောတွေ ဘယ်အချိန်ဝင်မယ် ထွက်မယ်ဆိုတာကို ကိုထိုက်တို့က နားစွင့်ထားကြတယ်။ သင်္ဘောဝင်လာပြီး ဆိပ်ကမ်းကပ်ပြီ ဆိုတာနဲ့ သင်္ဘောအတွက် လိုအပ်တဲ့ အစားအသောက် အသီးအနှံတွေကို ၀ယ်ယူပြီး လက်ဆောင်အဖြစ် ပေးကြရတယ်။ တစ်ခါတစ်ရံတော့ သင်္ဘောသားတွေ သွားချင်တဲ့ ရန်ကုန်မြို့အနှံ့က အနှိပ်ခန်းတွေ ဇိမ်ခန်းတွေကို ကိုထိုက်တို့က လိုက်ပါ ပို့ဆောင်ပေးရတယ်။ သည်လို ကုန်ကျစရိတ်တွေကို ကိုထိုက်တို့က ကျခံပေးရလေ့ရှိပြီး တစ်ခါတစ်ရံတော့ သင်္ဘောသားတွေက ပေးလေ့ရှိပါတယ်။ သည်လို ကုန်ကျစရိတ်ထက် သင်္ဘောကြီးပေါ်က ရရှိမယ့် ဆီလက်ကျန်တွေကို ပြန်ရောင်းရင် ရမယ့်ငွေက အဆများစွာ သာနေလေတော့ ကိုထိုက်တို့ကလည်း မညည်းမညူ ဧည့်ခံလေ့ ရှိကြပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ သည်လိုလုပ်စားရတဲ့ အနေအထားကို သိလာကြတာကြောင့် အရင်ကလို သိပ်ပြီး အဆင် မပြေကြတော့ဘူးလို့ ပွဲစားတွေနဲ့ ဆိပ်ကမ်း အလုပ်သမား တွေက ပြောဆို ကြပါတယ်။

ဆိပ်ကမ်းကို ၀င်ရောက်ရင် လိုအပ်တဲ့ စာရွက်စာတမ်းနဲ့ ကျန်းမာရေး စစ်ဆေးပေးတဲ့ ဆိပ်ကမ်းကျန်းမာရေးအဖွဲ့၊ အကောက်ခွန်၊ ဆိပ်ကမ်းရဲ၊ ရေတပ် ထောက်လှမ်းရေး၊ ပိုင်းလော့နဲ့ ဆိပ်ကမ်း သင်္ဘောဝန်ထမ်း စတာတွေကိုလည်း သင်္ဘော အရာရှိတွေက ဝေမျှပြီး ပေးရတာကြောင့် လို့ဆိုပါတယ်။ စားအုန်းဆီ တစ်ပိဿာကို ဆိပ်ကမ်းအရောက် ပွဲစားဈေးက တစ်ပိဿာ ၁၄၀၀ ကျပ်ရပါတယ်။ ၀ယ်မယ့်သူက ဆိပ်ကမ်းမှာ အသင့် စောင့်နေလေ့ရှိတယ် လို့ ဆိုပါတယ်။ `တယ်လီဖုန်း ဆက်လိုက်တာနဲ့ ၀ယ်မယ့်သူက ငွေထုပ်ပိုက်ပြီး ဆိပ်ကမ်းကနေ အဆင်သင့် လာစောင့်နေတာ´ လို့ ကိုနိုင်ကြီးကသူ့အတွေ့အကြုံကို ပြောပြတယ်။ ဒီဇယ်ပုံးထဲ ထည့်ယူလာလို့ စားအုန်းဆီတွေက ဒီဇယ်ဆီအနံ့ ထွက်နေရင်တောင် လွှင့်ပစ်စရာ မလိုဘဲ စားအုန်းဆီကို ဒီဇယ်ဆီဈေးနဲ့ ပြန်ရောင်းလို့ ရနိုင်ပါသေးတယ်။ ရောင်းသူဈေးကွက်လို့ ဆိုရမလို ဘာပဲပါလာလာ ၀ယ်လက်က ရှိပြီးသားပါပဲ။ တစ်ဂါလံကို စားအုန်းဆီ နှစ်ပိဿာနဲ့ ညီတယ်လို့ ကမ်းနားက ဆီအရောင်းအ၀ယ် လောကမှာ သတ်မှတ်ပါတယ်။ စားအုန်းဆီ တစ်ဂါလံကို ငွေကျပ် ၂၈၀၀ ရရှိမှာဖြစ်ပေမယ့် ဒီဇယ်ဆီနံ့ ထွက်လို့ ဒီဇယ်ဈေးနဲ့ ရောင်းရတဲ့အခါ ကမ်းနားဒီဇယ်ဆီ ပေါက်ဈေးက တစ်ဂါလံကို ၁၈၀၀ ကျပ် ဖြစ်တာကြောင့် စားအုန်းဆီ နှစ်ပိဿာ ရောင်းတိုင်း တစ်ထောင်ကျပ် နစ်နာပါတယ်။ သည်လို ကမ်းနားက ရရှိလာတဲ့ဆီတွေဟာ ညောင်ပင်လေးဈေး၊ ပုန်ဇွန်တောင်ဈေး၊ ဘိုကလေးဈေး စတဲ့ ကမ်းနားနဲ့ နီးတဲ့ ဈေးတွေကို ရောက်ရှိသွားကြပါတယ်။ ဈေးတွေက ဆီရောင်းတဲ့သူတွေက ကန်ဆီလို့ခေါ်တဲ့ ပြည်ပက တင်သွင်းလာတဲ့ စားအုန်းဆီတွေနဲ့ ပြန်လည် ရောနှောပြီး ရောင်းချကြတယ်။ သင်္ဘောဝမ်းထဲက ခပ်လို့ရတဲ့ ဆီတွေဟာ နောက်ကျိနေတတ်ပြီး အမှုန်တွေ အနည်တွေ ရောနှော ပါဝင်နေတယ်။ ဒါပေမယ့် ကန်ဆီတွေနဲ့ ရောလိုက်တ့အဲ ခါမှာတော့ သိပ်ပြီး မသိသာတော့ဘူးလို့ ဆိုပါတယ်။ ကိုထိုက်တို့ ကိုနိုင်ကြီးတို့ကတော့ ဆီသန့်တာ မသန့်တာ၊ ကျန်းမာရေးနဲ့ ညီညွတ် မညွတ်တာတွေကို သိပ်ပြီး စိတ်ပူကြသူတွေ မဟုတ်ပါဘူး။ စားအုန်းဆီ သင်္ဘော ရောက်လာရင် ရနိုင်သလောက်များများ ခပ်ယူနိုင်ဖို့နဲ့ သည့်ထက်ပိုပြီး ဈေးကောင်းပေးမယ့် ၀ယ်လက်တွေကိုပဲ မျှော်နေကြသူတွေပါ။ ။ ================================ ပြောပြစရာတွေလဲ တပုံကြီး ရှိသေးတယ် အမှတ် (၂၈၃) တောင်သမန်အင်း နားက ခြေရာများ မာမာအေး သြဂုတ် ၂၉၊ ၂၀၀၉ moemaka.com သောတရှင်များ ကျန်းမာတော် မူကြပါစ ရှင်။ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့ အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ ပြီးခဲ့တဲ့ တပတ်က သာယာဝတီ ရွှေဘိုမင်း အနောက်နန်းမှာ ထားပြီး မြှောက်စားတော်မူခ့တဲ့ဲ မမြကလေးဟာ သူမ ချစ်မောင်တော် ဘုရင်မင်းမြတ် ဖြစ်လာသည် အထိ၊ ဟင်္သာတမြို့ အပိုင်စားရတဲ့ မိဖုရားတပါးသာ ဖြစ်နေပါသေးတယ်။ မောင်တော် သခင်ကလဲ တိုင်းရေး ပြည်ရာ အရှုပ်တော်ပုံ မဟာကို ရှင်းလင်း ဘေးကင်းလေအောင် နေရလို့ အချိန်တွေ ကွာဟစရာ ဖြစ်နိုင်တယ်။ နောင်တော် ဘုရင်မင်းမြတ်ကို ချစ်ခင်လေးစား အချစ်ပွားတဲ့ ညီတော်မို့ နောင်တော်ဘုရင် အလိုအလျောက် နန်းက ဆင်းမှ မင်းဘဝကို ယူခ့သဲူဖြစ်တဲ့ အကြောင်း ပြောခဲ့ပါတယ် ရှင်။ အိမ်ရှေ့စံဘဝ ကိုယ့် တအုပ်တမကို စောင့်ရှောက်ရတာထက် ပိုပြီးတော့ တတိုင်းပြည်လုံး တာဝန်ရှိတဲ့ ဘုရင်ဘဝ အချိန်တွေ ပေးရတော့မှာ မဟုတ်လား။ မာအေးတို့ သခင်မ ဆွေးရဦးမှာပေါ့။ ‘ရှိစုံရွက်’ ခေါ်တဲ့ ပတ်ပျိုးလေး ရေးဖွ့ခဲ့ေဲ တာ့ မှ ဘုရင်ကြီးက – သတိတော် ရလို့ ‘အနောက်နန်း သခင်မမြကလေး’ ဖြစ်လာစေမယ့် ဘွဲ့ ထူးတော် ချီးမြှင့်ပေးခဲ့တယ်လို့  ဆိုပါတယ်။ သက္ကရာဇ် (၁၂ဝ၂) ခုနှစ်၊ ဝါဆိုလဆန်း (၁ဝ)ရက်နေ့က ကျင်းပတဲ့ ‘ရဇ္ဇာဘိသေက ဗုဒ္ဓါ ဘိသိဘ်ခံ ထီးဆောင်း မင်္ဂလာ မဟာဥကင်တော် ဖွင့်ပွဲ အခမ်အနားမှာမှ “အနောက်နန်းမိဖုရား သီရိမဟာ သုရတနာ စန္ဒာဒေဝီ” ဆိုတဲ့ ဘွ့ေဲ တ်ာကို ချီးမြှင့်ခ့တဲာပါ ရှင်။ အရှင်မ စာဆိုထားခဲ့တာကိုလဲ နားဆင် ကြည့်ဦးလေ။ ပေးချင်စရာလေးမို့ ကောက်နှုတ်ပြလိုက်မယ်နော်။ xxx အခန်းခန်းငယ်နှင့် ဆောင်နန်းမရိပ်လည်း၊ ရိုးဘွယ်တည့် ဝတိန်နွယ် xxx သူရောက်နေတဲ့ ရွှေနန်းတော်ကြီးကို ဖွ့ဆဲိုတာလေ။ အခန်းခန်း အဆောင်ဆောင်တွေနဲ့ တင့်တယ်တဲ့ နေရာမို့ တာဝတိန်သာ နတ်ပြည် အလားသဏ္ဍာန်ဘဲလို့ ချီးမြှောက်လိုက်ရှာပါတယ်။ xxx နောက်တပိုဒ်ကတော့ – နောက်အိမ်တော် ဆောင်ရိပ်မှာ၊ လွမ်းစိတ်နှင့် ဆွေး xxx ဒါကတော့ ---- သူဘယ်မှာပါ၊ သူဘယ်လို ဖြစ်နေပါတယ် လို့ ပြောလိုက်တာမျိုးပေါ့နော်။ ပြီးတော့ xxx (ဗျာပါရေးငယ်နှင့် မကြံပါနိုင်၊ နွမ်းခွေလို့ ယိုင်) ၂ x နွဲ့ ပင်တိုင် ကြဉ်ရှောင်တိမ်းတယ်၊ စိမ်းသင့်မှ စိမ်း xxx ကဲ - အဲဒီ အပိုဒ်မှာတော့ မမြကလေးရဲ့ အဖွဲ့အနွဲ့ဟာ တည့်တည့်ကြီး နှလုံးသားကို ခိုက်စေ တိုက်စေနိုင်မှာပါ ရှင်။ တေးချစ်သူ ပရိတသ် တ်တို့ရေ၊ ဒီအရင် မာအေးလေးငယ်စဉ်က အသံတိတ် ရုပ်ရှင်တွေက တီးဝိုင်းတွေ နဲ့  အခု ညည်းပြတဲ့ သီချင်းပိုဒ်ကလေးကို ပိတ်ကားပေါ်က အရုပ်နဲ့ ကိုက်အောင် လိုက်ဆိုခ့ဖဲူးတာ အခါ ရာထောင်ရှိခ့ေဲ ပါ့ ရှင်။ ဒီအပိုဒ်ကလေးဟာ အပြစ်မရှိပါဘဲနဲ့ ရာဇဝတ်ဘေး သင့်ကြသူတွေ ပြေးလွှားဒုက္ခ ကသီလင်တ ဖြစ်နေကြချိန်မျိုး အတွက် နောက်ခံ ဇာတ်ပို့ပေးတဲ့ သီချင်းပိုဒ်ကလေး ဖြစ်ခ့ပဲါတယ်။ ဒုက္ခရောက်ရ ပြေးရ လွှားရတာ တူပေမယ့်လို့ ဒုက္ခဖြစ်ရတဲ့ အကြောင်းရင်းခံကတော့ တခုနဲ့ တခု ဘယ်တူပါ့မလဲ ရှင်။ ရေးစပ်ခ့တဲ့ဲ တေးသွား အလိုက်ကိုက အကြောင်းအရာ မသိဘဲလဲ ကြားရတဲ့သူဖက်မှာ ဒုက္ခဆိုတဲ့ တသက်သက် စိတ်ကလေး

ရင်ထဲကို ငြိမ့်ငြိမ့် နွေးနွေး ဝင်ပြေးသွားစေနိုင်တဲ့ သတ္တိရှိနေတာကို ခံစား သိရှိနိုင်တယ် လို့ပြောချင်တာပါ။ ဟို့အရင်က ဗမာ့အမြင်နဲ့  ဗမာ့ဂီတ ပံ့ပိုးချက်ကို ဗမာရုပ်ရှင်ကြည့် ပရိသတ်က တီးလုံးဂီတ ကြားရတာနဲ့ အရုပ်ကိုပါ မြင်နေအောင် နားလည်ခ့တဲာ အမှန်ပါဘဲ။ အပြစ်မဲ့ လူကောင်းတွေ လှုပ်ရှား ပြေးလွှား ပုန်း အောင်းရတဲ့ နေရာမျိုးဆိုရင် တီးဝိုင်းက အသံ တိုးညုင်း၊ ဝါးတီးချက်ကလေး တောက်တောက် တောက် တောက် ခေါက်ပေးထာတာက - ရင်ထမှဲာ တထိတ်ထိတ် စိုးရိမ်စိတ် ပေါ်လာစေပါတယ်။ မသမာတဲ့ မတရားတဲ့ ဘက်ကများ - နောက်ကပါ လိုက်လာပြီဆိုရင် တီးဝိုင်းထဲက ဒိုးချက် ပြင်းထန် ဟိန်းမောင်းသံ တိုက်တာကိုး ပရိတ်သတ်က တိုးတိုး ကြိတ်ဆဲကြ၊ မေတ္တာ အတုံးလိုက် ပို့ ကြတော့တာပေါ့။ အနောက် နန်းမတော်ဘုရားဟာ ဝါသနာ ကဗျာဂီတ မပျက်ခ့သဲ လို၊ ဘာသာ သာသနာ ကုသိုလ်တွေလဲ ဆက်ခ့ပဲါတယ် ရှင်။ အနောက်နန်းမိဘုရားအရာ မရခင်မှာကိုဘဲ ရွှေမြို့တော်ရဲ့ မျက်နှာစာမှာရှိတဲ့ မင်းကိုကျောင်းတိုက် ရှေ့မှာ အုတ်ကျောင်းတကျောင်း ဆောက်ပြီးတော့ မိကျောင်းရဲ ဆရာတော်ကို လှူခဲ့ပါတယ်။ သက္ကရာဇ် (၁၂ဝ၃) ခုနှစ်မှာ မောင်တော် မင်းတရား ဥက္ကလာပမြို့ ကြွသွားတဲ့အခါ၊ သမီးတော် ‘လှိုင်ထိပ်ခေါင်တင်’ နဲ့အတူ လိုက်ပါခွင့်ရတဲ့ အပြင်၊ ရွှေတိဂုံစေတီတော် အနောက်ဖက်ခေါင်းတိုင် ဆောက်လုပ် လှူဒါန်းခွင့်ပြုလို့ ပြာသိုလဆန်း (၁၅)ရက်နေ့မှာ ဘုရင်မင်းမြတ်န့အဲ တူ လှူတယ်။ (၁၂ဝ၄)ခုနှစ် တပို့တွဲလမှာ မြို့တော်ရဲ့ မြောက်ဖက်မျက်နှာစာမှာ တည်ထားတဲ့ ‘စန္ဒာမုနိ ဘုရား’ အတွက် ရွှေဆည်းလည်း၊ ငွေဆည်းလည်း၊ ကြေးဆည်းလည်းတွေနဲ့ ငွေသပိတ်တော်တွေ လှူပြန်ပါတယ်။ (၁၂ဝ၅)ခုနှစ် တပို့တွဲလဆန်း (၁ဝ)ရက်နေ့မှာတော့ မောင်တော်ဘုရင်ရဲ့ ကုသိုလ် ‘လောက မဏိစူဠာ စေတီ’ ရဲ့ မဟာရံအတွင်း စေတီဆောက်ခွင့် ပေးတာက ‘ရတနာလောက’ ကဗ္ဗည်းသထားပါတယ်၊ ဟင်္သာတမြို့မှာ မယ်တော်ဘုရားကြီး မိဘမွေးရပ် ရေကင်မြို့မှာ ‘လောကဇေယျ၊ လောကမှန်ကူ၊ လောကဥသျှောင်’ ဘုရားတွေ တည်လှူထားတာ ဘယ်နှစ်ကလဲ- မှတ်တမ်း မရှိပါဘူးရှင်။ နောက် ဘုရားတဆူကတော့ ‘ဆင်ဝန် ဦးမြတ်ဖြူ’ တည်ခ့တဲ့ ဘုရားကို အသစ်တည်ဆောက် ရုပ်ထုတွေနဲ့ လက်ရာမြောက်အောင် လှူထားတဲ့ ‘ကုသိန္ဓာရုံ’ဘုရား ဖြစ်ပါတယ်။ မန္တလေးနဲ့ စစ်ကိုင်းသွား ကားလမ်းပေါ်က နေပြီး ဖူးမြင်နိုင်တဲ့ တက်သေးအင်း အလယ်ကျွန်းက ဘုရားကို ပြောတာပါ။ သြော် - ဟိုအရင်က အိမ်ဦးနဲ့ ကြမ်းပြင်လို ရောက်ခ့တဲ့ဲ မာအေးဟာ ဒီဘုရားကို မြင်တိုင်း စိတ်ထဲမှာ မှိုင်းသွားသလိုလို သွားဖူးချင်သလိုလို ဖြစ်ခ့ပဲါတယ်။သခင်မလေးရဲ့ ဘုရားဖြစ်မှန်း ခုမှ နောက်ကြောင်းပြန် စာတွေ ဖတ်မသှိရတော့ လွမ်းလိုက်တာ ရှင်။ မာအေး ပြန်ရောက်ရင်တော့ တောင်သမန်ကို သွားမှာပါ။ ဆရာတော် ဦးပညာကိုမေး တောင်လေးလုံး တောင်သမန်အင်း အနီးအပါးမှာ သခင်မမြကလေး ခြေရာလေးတွေ လိုက်ကောက်ကြည့်ဖို့ တေးထားလိုက်ပါပြီ။ စာထဲက အမရပူရနဲ့ အခု ဘာများ ခြားနားနေပြီလဲပေါ့။ ။ [ မူရင်း - ဘီဘီစီ၊ မြန်မာဌာန ] ================================ တော်သေပြီ

Related Documents

News On Aug 29
May 2020 4
News On Aug 12
May 2020 4
News On Aug 30
May 2020 2
Whatisaverb(29 Aug)
October 2019 4
Ad 29 Aug Solitaire
May 2020 3
Acr Aug 16 News
May 2020 13