Ndf Statement 2009

  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Ndf Statement 2009 as PDF for free.

More details

  • Words: 157
  • Pages: 1
အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(မဒတ)၏ (၃၃)နှစ်မြောက် အခမ်းအနားသို့  မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂမှ ပေးပို့ သောသ၀ဏ်လွှာ

ယနေ့ ကျရောက်သော အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(မဒတ)၏ (၃၃)နှစ်မြောက် အခမ်းအနားသို့ 

မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂ (BPPU) မှ သ၀ဏ်လွှာပေးပို့ ခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် အခမ်းအနားသို့  တက်ရောက်လာသော အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(မဒတ)ခေါင်းဆောင်များနှင့် အဖွဲ့ ဝင်များအား မင်္ဂလာအပေါင်းနှင့် ပြည်စုံပါစေ ကြောင်း ဆုတောင်းမေတ္တာပေးပို့ အပ်ပါသည်။

အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(မဒတ)သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊

တိုင်းရင်းသားအားလုံး၏ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေးနှင့် စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်စေရေးအတွက် နိုင်ငံရေးမူဝါဒ လမ်းစဉ်များကို ခိုင်မာပြတ်သားစွာ ရပ်တည်ခဲ့သည်မှာ (၃၃)နှစ်ပြည်မြောက်ခဲ့ပြီ ဖြစ်သည်၊ ထို့ ကြောင့် အမျိုးသား ဒီမို ကရေစီတပ်ပေါင်းစု၏ ခက်ခဲကြမ်းတမ်းသော တော်လှန်ရေးခရီးအား မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂ အနေဖြင့် အထူးလေးစား ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်ကျရောက်ချိန်၁၉၆၂ ခုနှစ်မှစတင်ကာတိုင်းရင်းသားပြည်သူလူထု တရပ်လုံးသည် စစ်အုပ်စု၏ဖိနှိပ် အကြမ်းဖက်မူ့ အောက်သို့  ယနေ့ တိုင်ကျရောက်ခဲ့ရသည်၊ စစ်အုပ်စုသည် တိုင်းရင်းသားအင်အားစု အဖွဲ့ အစည်းများအတွင်း သပ်လျှိုဖြိုခွဲခြင်း၊ တိုင်းရင်းသားလူမျိုးစု နယ်မြေဒေသများတွင် လူမျိုးတုန်းစစ်ဆင်ရေးများပြုလုပ်နေခြင်း၊

တိုင်းရင်းသားပြည်သူလူထုများအပေါ်အကြမ်းဖက် ညှင်းဆဲသတ်ဖြတ်မူ့ များပြုလုပ်နေခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီ လှုပ်ရှားသူများအား မတ၇ားဖမ်းဆီးထောင်ချခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများအား ယနေ့ တိုင်ကျူးလွန်နေဆဲဖြစ်သည်၊ ထိုကဲ့သို့ စစ်အုပ်စု၏ ဖြိုခွဲမူများ၊ဖိနှိပ်အကြမ်းဖက်မူ့ များ၊ သတ်ဖြတ်မူ့ များအား ကြံ့ ကြံ့ ခံ ဆန့် ကျင်

တော်လှန်ခဲ့ပြီး တော်လှန်ရေးအင်အားစုများ၏ ညီညွတ်ရေးဖြစ်သော တပ်ပေါင်းစုအဆင့်ကိုလည်း အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ)မှ အခိုင်အမာစုစည်းတည်ဆောက်ခဲ့ပြီး ဖြစ်သည်ဟု မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂမှ ယုံကြည်ပေသည်။

သမိုင်းဆိုင်ရာ အလှည့်အပြောင်းတခုသို့ ဦးတည်နေသော ယနေ့ ကာလတွင် တိုင်းရင်းသားပြည်သူ

လူထုတစ်ရပ်လုံး၏ အဓိက ရန်သူသည် စစ်အာဏာရှင်စနစ်ဖြစ်သလို စစ်အုပ်စုလည်းဖြစ်ပေသည်၊ ထို့ ကြောင့် မြန်မာနိုင်ငံရေး အကျဉ်း သားသမဂ္ဂသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိစေရေးတို့ အတွက် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုနှင့် အတူ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ယနေ့ ကျရောက်သော (၃၃)နှစ်မြောက်အခမ်းအနားသို့  သံန္ခိဌာန်ပြု၍ ဤသ၀ဏ်လွှာအား ပေးပို့ အပ်ပါသည်။ ဆက်သွယ်ရန်၊ ကိုဇော်ငြိမ်းလတ် (ဥက္ကဌ) ကိုယဉ်ထွေး

(အတွင်းရေးမှူး) အလုပ်အမူဆောင်ကော်မတီ မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂ နေ့ စွဲ၊ ၂၀၀၉ ခုနှစ်၊ မေလ (၁၀) ရက်၊

E-mail: [email protected], web http://bppu.blogspot.com

Related Documents