Myanmar People's Feeling

  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Myanmar People's Feeling as PDF for free.

More details

  • Words: 262
  • Pages: 3
မြန်မာပြည်သူပြည်သားတို့ ခံစားချက် အတိတ်နှစ်ပေါင်း ၂၀ လောက်ကစပြီး ယနေ့လက်ရှိအချိန်ထိ မြန်မာနိုင်ငံအတွင်းဖြစ်ပျက်ပြောင်းလဲခဲ့သမျှ တွေကိုပြန်သုံးသပ်ကြည့်ရမယ်ဆိုရင်ကျွန်တော်တို့တွေ့ရမှာကတော့ ပျက်စီးယိုယွင်းနေတဲ့ လူမှုရေး၊ စီးပွား ရေး၊ ကျန်းမာရေး၊ ပညာရေးတွေသာမက ပျက်စီးသွားရတဲ့စိတ်ဓါတ်တွေကိုပါ ကွက်ကွက်ကွင်းကွင်းမြင်ရ မှာဖြစ်ပါတယ်။ ဒီနေရာမှာကျွန်တော်တစ်ခုမေးချင်တာ ဒီလိုဖြစ်ပျက်နေတာတွေအတွက်ဘယ်သူများတာ ၀န်ရှိပါသလဲ။ ဘယ်သူများတာဝန်ယူကြမလဲဆိုတာကိုပါပဲ။ အစဉ်အလာအရ ရဲရင့်ခ့တဲ့မြန်မာပြည်သူပြည် သားတွေပဲဗျာ၊ ရှေ့ထွက်ပြီးဝန်ခံကြပါ၊ ကျွန်တော်ကြောင့်၊ ကျွန်မကြောင့် ဆိုတာကိုရဲရဲကြီး ထွက်ြပီးကြေငြာ ပေးစေချင်ပါတယ်။ ခေတ်ပျက်ကြီးထဲမှာမွေးဖွားလူဖြစ်လာကြတဲ့လူငယ်တွေရဲ့အနာဂါတ်အတွက်ခင်ဗျားတို့ ဘယ်လိုများပြင်ဆင်ပေးထားကြပြီးပြီလဲ။ လွပ်လပ်ရေးရပြီးတဲ့ ၁၉၄၇ ခုနှစ်ကနေစပြီးတော့ ဒီနေ့မျက်မှောက်ကာလအထိနှစ်ပေါင်း ၆၀ ကျော်တိုင် အာဏာရူး၊ ဥစ္စာတွေရူးပြီးမြန်မာပြည်ကို ထင်သလိုကုလားဖန်ထိုးခဲ့ကြတဲ့နိုင်ငံရေးသမားလို့ကြွေးကြော်ခဲ့ သမျှသော ပုဂ္ဂိုလ်ကြီးများ ခင်ဗျား- ဒီအချိန်ဟာအသိတရားနဲ့သတိတရာကိုလက်ကိုင်ထားလို့ကိုယ့် မြန်မာနိုင် ငံန့တဲိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးရဲ့အကျိုးစီးပွားကိုကြည့်သင့်တဲ့အချိန်ကာလတစ်ခုပါ။ ဒီလိုသာမ ဟုတ်ခဲ့ရင်နောင်အနှစ် ၁၀၀အတွင်းမှာခင်ဗျားတို့ရဲ့မြန်မာနိုင်ငံဟာနိုင်ငံကြီးများ ရဲ့  လွှမ်းမိုးအုပ်ချုပ်မှုအောက် ကို မလွဲမရှောင်သာကျရောက်သွားရပါတော့မယ်ဆိုတာကိုသိစေချင်ပါတယ်။ နိုင်ငံရေးသမားအပေါင်းတို့ အခုအချိန်မှာခင်ဗျားတို့လက်ညှိုးငေါက်ငေါက်ထိုးပြီးစွပ်စွဲနေတဲ့စစ်အစိုးရအဖွဲ့ တစ်ခုတည်းကြောင့်မြန်မာပြည်တစ်ခုလုံးဆင်းရဲနွမ်းပါးခဲ့ရတာလား။ ခင်ဗျားတို့မှာရောတိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်းတာဝန်မရှိတော့ဘူးလား။ ပြန်သုံးသပ်ကြည့်စေချင်ပါတယ်။ ခိုင်မာတဲ့ဖွ့စဲ ည်းအုပ်ချုပ် ပုံအခြေခံဥပဒေတောင်မရှိသေးတဲ့ ကျွန်တော်တို့နိုင်ငံအတွက်ခင်ဗျားတို့ဘာတွေများလုပ်ပေးခဲ့ကြပြီးပီလဲ။ နိုင်ငံရေးအဖွ့အဲ စည်းတိုင်းမှာတိုင်းရင်းသားပြည်သူတစ်ရပ်လုံးလက်ခံနိုင်လောက်အောင်စနစ်ကျပြီးကောင်း မွန်တဲ့ဥပဒေပြဌာန်းချက်တွေကိုများရေးဆွဲပြီးကြပြီလား။ လူမှုရေး၊စီးပွားရေး၊ ကျန်းမာရေး၊ပညာရေး၊ ကာ ကွယ်ရေးတွေန့ပဲ တ်သတ်ပြီးတိကျတဲ့မူဝါဒတွေရော ခင်ဗျားတို့မှာရှိနေကြပြီလား။ ဒီနေ့ခေတ်နိုင်ငံရေးမူဝါဒဆိုတာ လည်ချောင်းကွဲလောက်အောင်ဒီမိုကရေစီရရှိရေး၊ စစ်အစိုးရဖြုတ်ချရေး အော်နေရုံနဲ့ လူထုအဓိကရုဏ်းဖြစ်အောင်လှုံ့ဆော်ပေးရုံန့ခဲ င်ဗျားတို့ပြောတဲ့ဒီမိုကရေစီဆိုတာရလာမယ် လို့ခင်ဗျားတို့ထင်မနေကြပါနဲ့။ ခင်ဗျားတို့ထင်တိုင်းဖြန့်ထားတဲ့ဝါဒတွေကြားမှာအပြစ်မဲ့တ့၊ဲ အယုံလွယ်တဲ့ ပြည်သူတွေရဲ့ဘ၀တွေထိခိုက်နစ်နာသွားရတာကလွဲလို့ ဘာမှဖြစ်မလာဘူးဆိုတာသိစေချင်ပါတယ်။ အဓိကရုဏ်းတွေမှာပျက်စီးခဲ့ရတဲ့ ပြည်သူလူတွေတွေနဲ့ ကျန်ရစ်သူမိသားစုတွေအတွက်ခင်ဗျားတို့မှာ ဘာ အာမခံချက်တွေန့တဲာဝန်ယူထားပြီးပါပြီလဲ။ ဒီနေ့တိုးတက်နေတဲ့နိုင်ငံတွေမှာ နိုင်ငံရေးလှုပ်ရှားမှုကိုဘယ်လို တွေဆောင်ရွက်နေကြလဲဆိုတာကိုအရင်လေ့လာကြည့်စေချင်ပါတယ်။ ကိုယ်ကိုယ်တိုင်လဲနိုင်ငံရေးနဲ့ပတ် သတ်တဲ့ပညာရပ်တွေကိုလေ့လာဆည်းပူးထားပြီးမှသာ နိုင်ငံရေးသမားဆိုပြီးဆောင်ရွက်ကြစေချင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲကိုယ့်အတ္တအတွက်ကိုယ်လုပ်နေတဲ့တိုက်ပွဲတွေကိုမြန်မာပြည်အတွက်ဆိုပြီးခေါင်းစီးမတပ် စေချင်ပါဘူး။

ဖြစ်ပြီးသမျှတွေကိုပြန်ပြောရမယ်ဆိုရင် ၁၉၈၈ခုနစ်ကျောင်းသားသပိတ်မှာပါဝင်ပြီးဆောင်ရွက်ခြဲ့ ကတဲ့သူ တွေထဲမှာယနေ့အထိတစိုက်မတ်မတ်န့နဲိုင်ငံနဲ့လူမျိုးအတွက်ရယ်လို့ဆက်ပြီးဆောင်ရွက်နေတဲ့သူတွေ ဘယ်လောက်များရှိနေပါသေးလဲ။ အချို့ချို့တွေဆို ၈၈ အရေးတော်ပုံကိုအကြောင်းပြလို့ကြီးပွားနေလိုက် ကြပုံများပြောတောင်မပြောချင်ဘူး။ တောခိုသွားကြတဲ့ကျောင်းသားတွေထဲမှာရော လက်ရှိအချိန်ထိဘယ် နှစ်ယောက်များမဆုတ်မနစ်နဆ့ဲ က်ပြီးတောခိုနေကြပါသလဲ။ နိုင်ငံရေးအတွက်ဒုက္ခရောက်နေရပါတယ်ဆိုတဲ့ ခေါင်းစဉ်န့အဲ နောက်နိုင်ငံကြီးတွေမှာ နိုင်ငံရေးခိုလှုံခွင့်ကိုယူပြီးစီးပွားရှာနေကြသူတွေလည်းဒုနဲ့ဒေး၊ တစ်ကယ်မြန်မာပြည်ကိုကောင်းစားစေချင်လို့ခင်ဗျားတို့ရဲ့ဘ၀တွေကိုအနောက်နိုင်ငံတွေမှာစတေးရပါတယ် ဆိုရင်အဲဒီကနေရလာတဲ့အခွင့်အရေးနဲ့ငွေကြေးတွေကို သုံးပုံတစ်ပုံကိုပဲသုံးပြီး ကျန်တဲ့ သုံးပုံနှစ်ပုံကိုမြန်မာ ပြည်ရဲ့လိုအပ်တဲ့နေရာတွေကိုထောက်ပံ့လိုက်တာပိုပြီးကောင်းတယ်လို့တွေးမိစေချင်ပါတယ်။ မြန်မာပြည် လွပ်လပ်ရေးအတွက်အသက်စွန့်သွားတဲ့သူရဲကောင်းတွေန့ရဲဘော်သုံးကျိပ်အဖွဲတွေအခုခင်ဗျားတို့ရနေတဲ့ အခွင့်အရေးမျိုးကိုအိပ်မက်တောင်မက်ဖူးကြမှာမဟုတ်ပါဘူး။ မိတ်ဆွေနိုင်ငံရေးသမားတို့ ကိုယ့်နာမည်ကို ကဗျည်းထိုးခံရမှ သူရဲကောင်းမဟုတ်ပါဘူး။ ရဲရင့်တဲ့စိတ်ဓာတ်နဲ့သူတပါးတို့ကောင်းစားရေးကိုဆောင်ရွက် နေရင်ကို သူရဲကောင်းဖြစ်နေပါပြီဆိုတာပြောပါရစေ။ ယနေ့မြန်မာပြည်ရဲ့ပေါ်ပြူလာဖြစ်တဲ့နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ NLD အဖွဲ့အစည်းထဲမှာဆိုရင်လည်းတော် တော်များများနိုင်ငံရေးသမားကြီးတွေဟာ အသက်ကြီးရွယ်အိုတွေနဲ့ တော်တော်လေးကိုယိမ်းယိုင်နေပါ ပြီ။ အဲဒီဆရာကြီးတွေနိုင်ငံတော်ကိုဘယ်လိုပြန်လည်ထူထောင်မလဲဆိုတာအခွင့်ရှိရင်သိချင်ပါတယ်။ တကယ်လို့ အဲဒီပါတီကိုသာအနိုင်ပေးခဲ့ရင်သူတို့တွေဘယ်လိုဆက်လုပ်ကြမလဲဆိုတာကိုလည်းကျွန်တော် တွေးမိသေးတယ်။ အနှစ် ၂၀ နီးပါးလဲအစိုးရနဲ့အတိုက်အခံဖြစ်ခဲ့ကြပြီးပါပြီ။ မြန်မာနိုင်ငံအတွင်းမှာဘယ်လို များပြောင်းလဲတိုးတက်မှုတွေရှိခ့လဲို့လဲ။NLDပါတီရဲ့အထွေထွေအတွင်းရေးမှုးဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်ဆုကိုရပြီးအမြတ်ထုတ်လိုက်နိုင်ကလွဲလို့မြန်မာပြည်သူပြည်သားတွေမငြိမ်းချမ်းကြရ သေးပါဘူး။ (နိုင်ငံရေးသမားများအဆိုအရ ဒေါ်စုကလုပ်ခွင့်မရသေးလို့ပါ..လုပ်ခွင့်ရရင်အားလုံးအိုကေမယ်ဆိုဘဲ) ကာလတိုအတွင်းမှာ NLD ပါတီဆိုပြီးဘာကြောင့်လူသိများလာရသလဲဆိုတာကိုပွင့်ပွင့်လင်းလင်းသုံးသပ် ကြည့်ရရင်သဘောဖြူတဲ့မြန်မာပြည်သားတွေဟာ လှလှပပကြီးအသုံးချခံခ့ရဲ တယ်ဆိုတာဧကန်မုချပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ မြန်မာပြည်သူလူထုတစ်ရပ်လုံးကမိဘလိုသဘောထားပြီးလေးစားချင်ခင်ရသူ ပါ။ ဒီပုဂ္ဂိုလ် ကြီးရဲ့သမီးကမြန်မာနိုင်ငံအတွက်အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပေးမယ်ဆိုတဲ့အခါမှာ ရိုးသားတဲ့မြန်မာပြည်သားတွေဟာအစဉ်အလာကောင်းခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းလိုဖြစ်လာပြီးတို့ကို ကယ်တင်စောင့်ရှောက်နိုင်လေမလားဆိုတဲ့ယုံကြည်ချက်တွေန့ဘဲ ၀တွေအသက်တွေကိုပေးခဲ့ကြပေမယ့် အချိန်တွေသာပြောင်းလဲလာခဲ့ပေမယ့်ဘာမှဖြစ်မလာတဲ့အတွက်သူတိုပေးဆပ်လိုက်ရသမျှတွေဟာ တရားမျှတပါရဲ့လားဆိုတာဒေါ်အောင်ဆန်းစုကြည်အနေနဲ့တွေးမိပါရဲ့လား။ ဒီတိုက်ပွဲတွေရဲ့ရလဒ်ကတော့ ကျွန်တော်တို့တိုင်းပြည်နိုင်ငံတကာရဲ့စီးပွားရေးပိတ်ဆို့မှေု တွခံလိုက်ရတဲ့အတွက်တိုင်းပြည်ရဲ့စီးပွားရေး တဟုန်ထိုးကျဆင်းခဲ့ရပါတယ်။ ဒီအချိန်မှာတကယ်အခက်ကြုံရတာက မြေဇာပင်ပြည်သူလူထုတွေပါ။ စစ်အစိုးရဘက်ကလည်းဘာမှဖြစ်မသွားသလို အန်တီစုအနေနဲ့လည်းဘာမှမထိခိုက်ခ့ပဲါဘူး။ (ပြည်ပရောက်နိုင်ငံရေးသမားတွေကစီးပွားပိတ်ဆို့လိုက်ပြီ၊ဘယ်နိုင်ငံကဘယ်လိုဖိအားပေးလိုက်ြပီဆိုတာ အာဘောင်ရင်းသန်သန်နဲ့ ရေးကြီးခွင်ကျယ်ပြောဆိုဂုဏ်ယူနေသေးတယ်။အေးလေ..သူတို့မှဘာမှ မထိခိုက်တာ…)

ဒီဂယက်ရိုင်ခတ်မှုတွေရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကတော့ဆင်းရဲကျပ်တည်းတဲ့ဒဏ်ကြောင့် အပြစ်မ့တဲ့မြန်မာပြည်မှာ အမျိုးသမီးငယ်လေးတွေလမ်းကြောင်းမှားပေါ်ရောက်ခ့ရဲ သလို၊ ခေတ်ပညာတတ် လူငယ်တွေလဲ အခြားနိုင်ငံတွေမှာ သူတစ်ပါးအနှိမ်ခံပြီးအလုပ်ထွက်လုပ်နေရတယ်ပါတယ်။ စီးပွားရေးကျ ဆင်းခဲ့ရတဲ့အတွက် ပညာရေး၊ လူမှုရေး၊ကျန်းမာရေးနဲ့ တော်တော်များများသောဆိုးကျိုးတွေကို ကျွန်တော် တို့ပြည်သူပြည်သားတွေခါးစည်းခံခ့ရဲ ပါတယ်။ ကိုယ့်ထီး၊ကိုယ့်နန်း၊ ကိုယ့်ကြဌာန်းနဲ့ ကမ္ဘာ့အလယ်မှာ ထည်ဝါနေဖူးခဲ့တဲ့မြန်မာတွေဟာအခုအချိန်မှာစားဝတ်နေရေးအတွက်နိုင်ငံတကာရဲ့ ကျွန်တွေ အဖြစ်နိုင်ငံခြား တိုင်းပြည်တွေမှာထွက်ပြီးအားရပါးရ ကျွန်ခံနေရပါတော့တယ်။ သခင်မျိုးဟေ့ တို့ဗမာ ဆိုတဲ့စကားတွေလဲ ဘယ်ရောက်ကုန်မှန်းမသိတော့ပါဘူး။ နိုင်ငံခြားတိုင်းပြည်တွေမှာအဖိနှိပ်ခံ၊ အနှိမ်ခံပြီး၊ ဆင်းဆင်းရဲရဲနဲ့ သူတပါးရဲ့ကျွန်အဖြစ်ဘယ်သူမှမခံချင်ပါဘူး။ ဒါပေမယ့်လည်းကိုယ်နိုင်ငံမှာလုပ်စားစရာအလုပ်ဘာမှမရှိ လေတော့ မြန်မာပြည်သားတွေမှာ ရွှေပြည်တော်မျှော်တိုင်းဝေးလို့နေ နေရပါတယ်။ ပြောရမယ်ဆိုရင်တော့ အများကြီးပါ။ ကျွန်တော်တို့ပြည်သူပြည်သားတွေဟာနိုင်ငံရေးကိုအရမ်းကြီးစိတ်မ၀င်စားကြတော့ပါဘူး။ စစ်တပ်ဘဲအုပ်ချုပ်အုပ်ချုပ်၊ NLD ပဲအပ်ုချုပ်အုပ်ချုပ်၊ အခြားဘယ်နိုင်ငံရေးပါတီအုပ်ချုပ်သည်ဖြစ်ပါစေ ကျွန်တော်တို့အတွက်အရေးမကြီးပါဘူး။ ဒီအချိန်မှာ မြန်မာပြည်သားတွေလိုအပ်နေတာ မိမိတို့ကိုဆင်းရဲ တွင်းကလွတ်ပြီးလုံခြုံစိတ်ချမှုအပြည့်နဲ့ အစစအရာရာအဆင်ပြေမှုတွေပေးနိုင်မယ့်ခေါင်းဆောင်ကောင်း နဲ့ မူဝါဒကောင်းတွေပဲဖြစ်တယ်ဆိုကို ကိုယ်ကျိုးရှာနိုင်ငံရေးမားတို့သိစေဖို့ကျွန်တော်ရေးသားတင်ပြလိုက်ပါ တယ်ခင်ဗျာ။

Related Documents

Feeling
June 2020 28
Peoples
November 2019 28
Myanmar
October 2019 39
Myanmar
August 2019 39
Myanmar
November 2019 44