My 8888 Poems

  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View My 8888 Poems as PDF for free.

More details

  • Words: 252
  • Pages: 6
“၈၈၈၈” လေးသွယ်ရှစ်မြတ် နှစ်ပတ်လည်ခဲ့ပြန်ပြီ





ချွေးစက်တွေဝေ သွေးအသက်တွေနဲ့ ပေးဆက်စတေးသော် အရေးတော်ပုံအောင်ခဲ့သည်။



ဒီခေတ်ကမ္ဘာတွင် စစ်အာဏာရှင် အမြစ်ပါတပင်မကျန်ရအောင် တော်လှန်ကြ နိုင်ငံအနှံ့





ဒီမိုကရေစီအရေး လူ့အခွင့်ရေး ဖွံ့ဖြိုး ရန် နှိုးဆော်တပ်လှန့်





နှစ်ဆယ့်တစ်နှစ်သာကြာခဲ့ တကယ့်အနှစ်ဟာ လက်တွေ့မှာ ပလာကွဲ့ ဇာချဲ့ကာ အပိုမကြွားပဲ ရိုးသား နိုး ကြား ကြိုးစားပေး အမျိုးသားအရေး





မြန်မာနိုင်ငံသားတိုင်း ပြိုင်စံရှား ခွပ်ဒေါင်း စိတ်ဓါတ်ကို ဦးခေါင်းထိပ်မြတ်မှာ မပြတ်ကာအစဉ် ဆင်မြန်း လျက် မြော်မှန်း ချက်ဘ၀ပန်းတိုင်ကို အရလှမ်းကိုင်ဘို့ အားသွန်ပေး





ရေတက်ငါးဆင်ရိုင်းလို့ သမိုင်းမတွင်ရဘို့ ရှေ့သို့ ရွေ့စို့ မရပ်မနား ပြတ်သားအဓိဋ္ဌာန်ကြ





အများအကျိုးကိုရွယ် ကိုယ့်အကျိုး ကိုပယ် ကိုယ် ကြွယ်ဝဘို့ဘေးချိတ်ကာ တွေး ထိတ်ပါ သမိုင်းတရားခံမဖြစ်ရန် ဓားစာခံပြည်သူတွေ စစ်ကျွန်ဘ၀ နစ်ကျွံမကျအောင် ဖော်ဆောင်ကြိုးပမ်းမှ ပြည်သူ့ဘ၀တွေလှ





အနှစ် ၂၀ ကြာခဲ့ အမြစ်တွယ်လာတဲ့ ရှစ်လေးလုံးစိတ်ဓါတ် ချင့်တွေး မဆုံး သိပ်မြတ်တဲ့ လူထုတိုက်ပွဲ လူတစုမိုက်မဲမှုကို ဖြိုလှဲပစ်ကာအစဉ် စစ်အာဏာရှင်စံနစ်ကို ဆန့် ကျင်အာခံ ၊



လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အတွင်းအောင်း မခံနိုင် မတရားမှုကို အများထုက ကလော်ရန် အားစုလို့ တော်လှန် ။



သားသုံး သား ညီတူ ပြည်သူနဲ့ လက်တွဲလျက် ဆက်နွှဲချက်ကိုက ဖြိုကျ မဆလ မှုန်းမှုန်း ညက်ညက် သမတသုံး ဆက်လဲဖြုတ်၊



အဘက်ဘက် အမှားအမျိုးမျိုးနဲ့  လက်နက်အားကိုး ဆက်လက်ဓါးမိုး ဖိနှိပ်တဲ့ န၀တ-နအဖ ချုပ်ငြိမ်း မလှမပ ရုတ်သိမ်း ရမဲ့ သရုပ် ။



ရှစ်လေးလုံးဆိုတာ ၈ လေးလုံးကမ္ဗည်းထိုးပြီး ကျီးမနိုးပွဲ လုပ်ခ့တဲာမဟုတ် ဒို့ အရေး ဒို့ အရေး ဟစ်ကြွေးသံမစဲပဲ သင်္ကြန်ပနွှဲ သဏ္ဍာန်တရပ်အဖြစ် သံချပ်ဟစ်နေတာမဟုတ် နှစ်သစ်အခါဦး အတာကူးမှာ ပလာမြူးဘို့  လုပ်ခ့တဲာမဟုတ် ဖိနှိပ်ခြင်းမှ ကင်းလွတ်စရာ အတင်းစွတ်ကာ သီတင်းကျွတ်မှာလုပ်တဲ့ ရုပ်သေစင် တင်နေတာလဲမဟုတ် ပလာပွကဲ နေတာလဲ မဟုတ်ငြား နိုင်ငံသားများ အားထားပြုနေ တရားဥပဒေ စိုးမိုးရေး အများထုအခြေ အကျိုးတိုးရေး လူမျိုးစုတွေ ကောင်း စားရေး ဇောင်းထားပေး အလေးဂရုနှင့် အကြောင်းတရား တွေးရှုချင့်ပေးကာ လူ့ အခွင့်အရေးမှာ မှန်စွာ လေ့ကျင့်ဖို့  ဉာဏ်ပညာပြည့်ရင့်လို့  မြန်မာဓနကြွယ် ကမ္ဘာမှာ အလှထယ်စေကြောင်း အသစ်ပြောင်းလို့ သာ စံနစ်ကောင်းဘို့ ရာ မြော်ကာမှန်းပြီး ရဟန်းရှင်လူ ပြည်သူကျောင်းသားတို့ေ ချွးအသက်သွေး တွေ ပေးဆက်စတေးကာ သွေးကြောင်းရွှလဲို့  အရေးတောင်းပွဲ လုပ်ခြဲ့ ကတာ ....... စစ်အာဏာရှင်စံနစ် အမြစ်ပါအစဉ်မကျန်ရစ်အောင် တော်လှန်နေကြတာ ....... ရှစ်လေးလုံးဆိုတာ မည်ကာမတ္တ မဟုတ် တည်ကြည်စွာ မြတ်လှတ့အဲ လုပ် .......

ရှစ်လေးလုံး ရှစ်လေးလုံး ခေတ်ဆွေးအုန်း ဟစ်ကြွေးမဆုံး ရှစ်လေးလုံး ရှစ်လေးလုံး ဟစ်ကြွေးတုန်း ဟစ်ကြွေးအုန်း ရှစ်လေးလုံး ရှစ်လေးလုံး အညစ်ထေးဆုံး စစ်ခွေးသုံး ရှစ်လေးလုံး

ရှစ်လေးလုံး

စစ်ခွေး‘ဝုန်း’ ပစ်-ပြေး-ပုန်း ရှစ်လေးလုံး ရှစ်လေးလုံး ပစ်ရေး သုံး အချစ်ကလေးဆုံး ရှစ်လေးလုံး ရှစ်လေးလုံး ခေတ် ရေးမဆုံး စံနစ်ကြွေး မဆုံး ရှစ်လေးလုံး ရှစ်လေးလုံး လှစ်တွေးတုန်း

အသစ်သွေး သုံး

ရှစ်လေးလုံး ရှစ်လေးလုံး ညစ်ဆွေးမဆုံး ရစ်ထွေးတုန်း

Related Documents

My 8888 Poems
May 2020 3
8888 Poems
May 2020 4
My Poems
April 2020 6
My Poems
October 2019 19
My Poems
June 2020 6
8888
May 2020 11