Mto Tw23

  • December 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Mto Tw23 as PDF for free.

More details

  • Words: 74
  • Pages: 2
မြန်မာ့သတင်းသမဂ္ဂ (၆) ကြိမ်မြောက် ညီလာခံကို ယနေ့နံနက်ပိုင်းမှ စတင်ကာ ထိုင်းနိုင်ငံ၊ ချင်းမိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားသို့ နိုင်ငံတကာ သတင်းဌာနများမှ သတင်းစာနယ်ဇင်းသမားများ၊ စာရေးဆရာ၊ ကဗျာဆရာများ အင်အား ၈၀ ခန့် တက်ရောက်ခဲ့ကြပြီး မြန်မာသတင်းသမဂ္ဂ(BMA)မှ ဦးမောင်မောင်မြင့်က အမှာစကား ပြောကြားဖွင့်လှစ်ခဲ့သည်။

မစ္စတာ ကင်ဂျီနာဂါအိ အထိမ်းအမှတ်ဆု ချီးမြှင့်နေစဉ်

ထို့နောက် ဟံသာဝတီသတင်းစာဆရာကြီး ဦးဝင်းတင်မှ မြန်မာသတင်းသမဂ္ဂသို့ ပေးပို့သည့် ရုပ်သံဗွီဒီယိုကို ပြသပြီးနောက် ၂၀၀၇ ခုနှစ် စက်တင်ဘာတော်လှန်ရေးအတွင်း စစ်တပ်၏ ပစ်ခတ်ခြင်းကြောင့် သေဆုံးခဲ့ရသည့် (APF) ဂျပန်သတင်းထောက် မစ္စတာ ကင်ဂျီနာဂါအိ အထိမ်းအမှတ်ဆု ချီးမြှင့်ခြင်းကို ပြုလုပ်ခဲ့သည်။

၎င်းဆုကို

ပြီးခဲ့သည့်

၂၀၀၈

ခုနှစ်

နာဂစ်မုန်တိုင်းပြီးနောက်

စစ်အစိုးရ၏

မတရား

ဖမ်းဆီးထောင်ချခြင်းကို ခံထားရသည့် Ecovision ဂျာနယ်သတင်းထောက် မအိမ့်ခိုင်ဦး ရရှိခဲ့ခြင်းဖြစ်ပြီး သူမကိုယ်စား မဆုမွန်အေးက လက်ခံရယူခဲ့သည်။

ယခုကျင်းပသည့် မြန်မာသတင်းသမဂ္ဂ ညီလာခံသည် (၆) ကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး ယနေ့မှစတင်၍



ရက်ကြာ

ပြုလုပ်သွားမည်ဖြစ်သည်။

http://www.yoma3.org/index.php?option=com_content&view=article&id=192:2 009-02-21-15-39-53&catid=41:2008-09-21-07-44-45&Itemid=124

Related Documents

Mto Tw23
December 2019 4
Mto Bom.........
April 2020 1
Mto V3-2
June 2020 1
Tw23 Ind
May 2020 7
Swine Tw23
April 2020 4