Microsoft Word - Paper On Aesthetics

  • April 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Microsoft Word - Paper On Aesthetics as PDF for free.

More details

  • Words: 955
  • Pages: 8
စာပေရေးသားမှုပုံသဏ္ဍန်၊ပြောင်းလဲလာမှုများ၊သတင်းနှင့် လူ့အဖွဲ့ အစည်း (စိုးနေလင်း) (၁) လူ့အဖွဲ့အစည်းရယ်လို့ စပြီးဖြစ်ပေါ်လာပြီး စာပေရယ်လို့စတင်ပေါ်ပေါက်လာကတည်းက လူသားတွေဟာ သူတို့ရဲ့ အလိုဆန္ဒတွေ၊ အတွေ့အကြုံအဖြစ်အပျက်ခံစားမှုတွေကို စာပေပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ဖော်ပြခဲ့ကြ ပါတယ်။ ဒီအချက်ဟာ မြင်သာထင်ရှားပြီး ဖြစ်တဲ့အတွက် အကျယ်မတင်ပြတော့ပါဘူး။ လူသားတွေဟာ အက္ခရာစာလုံးတွေကို အသုံးပြုပြီး သူတို့ရဲ့ အလိုဆန္ဒ အတွေ့အကြုံအဖြစ်အပျက်တွေကို စပြီးရေးသားလာကြ ကတည်းက ရေးသားတဲ့ ပုံသဏ္ဍန်ပေါ်မှာ မူတည်ပြီး စာပေပုံသဏ္ဍန်အမျိုးမျိုး ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါ တယ်။ အဆက်ဆက်က စာပေရေးသားခဲ့ကြသူတွေရဲ့ စာပေတွေကို နှောင်းခေတ်ပညာရှိများ၊ ပညာရှင်များက ဒါကတော့ ဘာစာပေဖြစ်တယ်ဆိုပြီး ခွဲခြားမှတ်သားခဲ့ကြ၊ အမည်နာမတပ်ခြဲ့ က၊ စည်းမျဉ်းစည်းကမ်းသတ်မှတ်ခဲ့ကြတာကြောင့် နောက်ပိုင်း စာပေရေးသားခဲ့သူတွေက ကိုယ်နှစ်သက်ရာ စာပေပုံသဏ္ဍန်ကို ရွေးချယ်အသုံးပြုပြီး သူတို့ဖေါ်ပြလိုရာ မှတ်တမ်းတင်လိုရာ အကြောင်းအရာတွေကို ဖော်ပြရေးသားခဲ့ကြတာ ဒီနေ့ခေတ်အထိရောက်ရှိလာခဲ့ကြပါပြီ။ ဒီနေရာမှာ လွယ်လွယ်ခွဲခြားမယ်ဆိုရင် လူတယောက်ရဲ့ အတွေ့အကြုံ ဒါမှမဟုတ် သူနေထိုင်ဖြတ်သန်း နေရတဲ့လူ့အဖွဲ့အစည်းရဲ့ အတွေ့အကြုံ အဖြစ်အပျက်တွေကို သာမာန်မှတ်တမ်းတင်ရေးသားတာမျိုး ဒါမှမဟုတ် ရှာဖွေတွေ့ရှိမှုတခု၊ တီထင်ွဖန်တီးမှုတခုကို အများသိရှိအောင် ရေးသားမှတ်တမ်းတင် ဖော်ပြတာမျိုး၊ အသိပညာတခုကို သတင်းအချက်အလက်တခုကိုဖော်ပြရေးသားတဲ့စာမျိုးနဲ့ အဖြစ်ပျက် အကြောင်းအရာအတွေ့အကြုံတခု၊ ခံစားမှုတခုကို တခြားသူတွေလည်း သူ့လိုခံစားလာရအောင် ရေးသားဖော်ပြတာမျိုး၊ စိတ်ကူးဥာဏ်ကွန့်မြူးပြီး တကယ်မဟုတ်ဘဲ အကြောင်းအရာ အဖြစ်ပျက်တခုကို လုပ်ကြံဖန်တီးရေးသားပြီး တခြားသူတွေရဲ့ ခံစားမှုကို နှိုးကြွလာအောင် ဖော်ပြရေးသားတဲ့စာမျိုး ဆိုပြီးခွဲခြားလို့ရပါတယ်။ စာသံ ပေသံနဲ့ ရေးသားရရင်တော့ သုတစာပေနဲ့ ရသစာပေ ဆိုပြီး ကွဲပြားသွားပါတယ်။ ဥပမာအားဖြင့် မှတ်တမ်းတင်ဆောင်းပါး၊ လေ့လာသုံးသပ်ချက်၊ ဝေဖန်ချက်၊ သုတေသနစာတမ်း၊ ဖြန့်ကျက်တွေးခေါ်ခြင်း တက်ကျမ်း စတဲ့ စာပေအရေးအသားမျိုးနဲ့ ကဗျာ၊ ၀တ္ထုတို၊ ၀တ္ထုရှည်၊ အက်ဆေး၊ ၀တ္ထုကြီးမျိုးတွေလို စာပေအရေးအသားမျိုးရယ်လို့ ကွဲထွက်လာပါတယ်။ အဲဒီစာပေအရေးအသားပုံသဏ္ဍန်နှစ်မျိုးစလုံးဟာ လူ့အဖွဲ့အစည်းကို အကျိုးပြုခဲ့ကြ အကျိုးပြုနေကြဆဲ ဖြစ်ပါတယ်။ ဒီအချက်ကိုလည်း အငြင်းပွားစရာမရှိပါဘူး။ လူတွေဟာ နေ့စဉ်သတင်းတွေ၊ အဖြစ်အပျက်တွေကိုသချိင်တယ်။ ဝေဖန်သုံးသပ်ချက်တွေကို ဖတ်ချင်တယ်။ အသစ်ပေါ်ထွက်လာတဲ့ နည်းပညာတွေ၊ တီထင်ွမှုတွေ၊ ဆေးဝါးတွေ၊ ကုထုံးတွေ အကြောင်းကို သိချင်မယ်။ ဘ၀အဆင့် တိုးတက်မြင့်မားအောင်မြင်ချင်မယ်။ အဲဒီအခါ လူတွေဟာ သက်ဆိုင်ရာဆောင်းပါး၊ စာတမ်း၊ သုတေသနစာတမ်း တက်ကျမ်းစတာတွေကို ရှာဖွေဖတ်ရှုခြင်း အားဖြင့် သူတို့လိုချင်တဲ့ အချက်အလက်တွေ

အကြောင်းအရာတွေ၊ ပစ္စည်းတွေနဲ့ နည်းဗေဒတွေကို သိရှိနိုင်ကြပါတယ်။ ဒီအတွက်လူ့အဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိခဲ့ကြပါတယ်။ ဒါပေမယ့် လူသားတွေရဲ့ စိတ်ခံစားမှုဆိုင်ရာ ကြေနပ်ပျော်ရွှင်မှု၊ အားတက်ရွှင်လန်းမှု၊ အားမာန်သတ္တိ ဒေါသ၊ အမှန်တရားကို ချစ်မြတ်နိုးမှု၊ တရားမျှတမှု၊ သာတူညီမျှဖြစ်မှု၊ အနုပညာခံစားမှု လူ့ဂုဏ်သိက္ခာစတဲ့ စိတ်ခံစားမှု၊ ကျင်ဝ့  တ်သိက္ခာတန်ဖိုးစတာတွေ ဖွံ့ဖြိုးတိုးတက်ကောင်းမွန်အောင် စွမ်းဆောင်နိုင်စွမ်းအရာမှာတော့ လုံးဝမလုပ်နိုင်ဘူးလို့ပြောလို့မရပေမယ့် လျှော့ပါးအားနည်းတယ်လို့ ပြောရမှာပါပဲ။ တနည်းအားဖြင့် လူသားတွေလိုအပ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ တောင့်တမျှော်မှန်းမှုတွေကို သုတစာပေလို့ခေါ်တဲ့ စာအုပ်စာပေတွေက ဖြည့်ဆည်းမပေးနိုင်ခဲ့ကြပါဘူး။ ဒါကြောင့်ပဲ ကမ္ဘာပေါ်မှာ ရသစာပေရယ်လို့ ပေါ်ထွန်းဖြစ်တည်လာခဲ့တာ ဖြစ်ပါတယ်။ သုတစာပေ၊ ရသစာပေတွေနဲ့ ပတ်သက်ပြီး စနစ်တကျသုတေသနလုပ်ထားတဲ့ စာတမ်းတွေလည်း အများကြီးရှိခဲ့ပါပြီ။ မြန်မာနိုင်ငံအတွင်းက စာပေနဲ့ သုတေသနပညာရှင်တွေလည်း စာတမ်းရေးသား တင်သငွ်း ဖတ်ကြားထုတ်ဝေခဲ့ကြတာလည်း ကာလအတော်ကြာခဲ့ပါပြီ။ အတော်ကြီး ပြည့်စုံကောင်းမွန်တဲ့ စာတမ်းတွေရှိနှင့်ခဲ့ပြီးဖြစ်လို့ မြန်မာပြည်တငွ်း စာဖတ်ပရိသတ်တွေအနေနဲ့ ရသ စာပေရဲ့အခန်းကဏ္ဍကို သိရှိနားလည်ထားနှင့်နေပြီလို့ ဆိုရပါလိမ့်မယ်။ (၂) ကမ္ဘာစာပေနယ်ထဲကို ရသစာပေဆိုပြီး စတင်ထွန်းပလာတဲ့အချိန်မှာ နှစ်ပေါင်းများစွာ ရှေ့တန်းကဦးဆောင် မြင့်တက်ဖွံ့ဖြိုးခဲ့တာကတော့ ကဗျာလို့ဆိုရပါမယ်။ နန်းမခန်းဆောင်တွေကစလို့ လယ်ကငွ်းအဆုံးမှာ ကဗျာလင်္ကာတွေက လွှမ်းမိုးလင်းလက်ခဲ့ပါတယ်။ ကဗျာလင်္ကာရဲ့ ပုံသဏ္ဍန်တွေဟာလည်း အမျိုးမျိုးပေါ်ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ၁၈၃၀ ခုနှစ်တွေအတောအတွင်းမှာတော့ ကဗျာကို ယှဉ်ပြိုင်အန်တုလာတဲ့ အရေးအသား ပုံစံတခု ပေါ်ထွန်းလာခဲ့ပါတယ်။ အဲဒါကတော့ နိုဗယ် (Novel) လို့ခေါ်တဲ့ ၀တ္ထုရှည်ပါပဲ။ ၀တ္ထုရှည်ဟာ ၁၈၄၀ ကနေ ၅၀ ခုနှစ်အတွင်းရောက်တဲ့အချိန် ကဗျာနဲ့ ရင်ဘောင်တန်းနေလောက်အောင် ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။ ပြင်သစ်မှာ BALZAZ (1799-1850), အင်္ဂလန်မှာ SIR WALTER SCOTT (1771-1832), အမေရိကမှာ JAMES FENIMORE COPPER (1789-1851), နောက် ပိငုးပြင်သစ်မှာ EMILE ZOLA (1840-1902)စတဲ့သူတွေဟာ ၁၈၇၅ ခုနှစ်ကနေ ၁၉၆၅ ခုနှစ်ကာလလောက်အထိ ၀တ္ထုရှည်ဆရာများအဖြစ် သြဇာကြီးမား လွှမ်းမိုးနိုင်ခဲ့ကြသလို ၀တ္ထုကောင်းကြီးတွေလည်း အစုလိုက်အပြုံလိုက်ပေါ်ထွက်လာခဲ့ကြပါတယ်။ အဲဒီ့အချိန်က ကမ္ဘာကျော်ဝတ္ထုရှည် ဆရာ၊ ဆရာမကြီးများရဲ့ ဇာတ်အိမ်နောက်ခံ သမိုင်း၊ လူထု စီးပွားရေးစနစ်နဲ့ ဇာတ်ကောင်စရိုက်တွေဟာ စာဖတ်ပရိသတ်တွေရဲ့ အတွင်းစိတ် အဇျတ္တအထဲထိ လွှမ်းမိုးစွဲထင်သွားစေခဲ့ပါတယ်။နေ့စဉ်လူမှု့ဘ၀နေထိုင်ပုံ၊တွေးခေါ်စဉ်းစားပုံ၊ တန်ဖိုးဖြတ်ပုံ၊ ကိုယ်ကျင့်သိက္ခာစတဲ့ လူ့ဘ၀ရဲ့ အရေးပါတဲ့ အချင်းအရာတွေအထိ သြဇာသက်ရောက် ရိုက်ခတ်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ရသစာပေအရေးအသားမဟုတ်တဲ့စာပေတွေမှာလည်း သူ့ဖွံ့ဖြိုးတိုးတက်မှုနဲ့သူရှိနေခဲ့ပါတယ်။ သတင်းဆောင်းပါးတွေဆိုရင်လည်း ထုံးစံအတိုင်း `ဘခြောာက်လုံး´ (5W&H) ပုံစံနဲ့အချက်အလက်အဖြစ် အပျက်ကိုပဲ အဓိကထားပြီးနောက်ခံအခင်းအကျင်းး ရှုခင်းရှုကွက်တွေကို လစ်လျူရှုရေးသားလေ့ရှိကြပါတယ်။

လူတွေဟာ အချက်အလက် အဖြစ်အပျက်တွေကို အချက်အလက်အဖြစ်အပျက်တွေအဖြစ်ပဲ ဖတ်ရှုသိရှိ လက်ခံခဲ့ကြပါတယ်။ရေးသားတင်ပြပုံသတင်းပေးပို့ပုံတွေကတော့သက်ဆိုင်ရာသတင်းစာတစောင်စီရဲ့ ကိုယ် ပိုင်မ၀ူါဒများပေါ်မှာမူတည်ပြီးကွဲပြားနိုင်ပါတယ်။သတင်းစာမူဝါဒတွေကိုဖေါ်ပြနေရင်တော့ရှည်လျှားလွန်းမှာ ဖြစ်လို့မဖေါ်ပြတော့ပါဘူး။ယေဘုယျအားဖြင့်တော့နိုင်ငံရေးစံနစ်အရအရင်းရှင်နိုင်ငံတွေကသတင်းစာတွေရဲ့ မူဝါဒနဲ့ဆိုရှယ်လစ်နိုင်ငံတွေကသတင်းစာတွေရဲ့ မူဝါဒဟာ ကွဲပြားခြားနားပါတယ်။အကျိုးစီးပွားစီးဆင်းမှုအရ ကွဲပြားခြားနားကြတာဖြစ်ပါတယ်။ဒီနေရာမှာတော့သတင်းကိုချဉ်းကပ်ပုံရေးသားတင်ပြပုံကိုပဲတင်ပြပါမယ်။ လက်စကာမာကယ် ဆိုတဲ့ပုဂ္ဂိုလ်က သတင်းကိုနည်းသုံးနည်းနဲ့ချဉ်းကပ်ရေးသားနိုင်တယ်လို့ဆိုပါတယ်။ ပထမနည်းက ပကတိ အချက်အလက်ဖေါ်ပြနည်း(ဥပမာ-ရုရှားခေါင်းဆောင် ကရူးရှက်ဖ် က အမေရိကန် သမတ ကနေဒီ ထံ စကားကမ်းလှမ်းသည်ဆိုသော အဖြောင့်သတင်းရေးသားနည်း) ဒုတိယနည်းမှာ အဓိပါယ် ဖွင့်သတင်းရေးသားနည်း(ဥပမာ-ကရူးရှက်က၏ဘာကြောင့်စကားးကမ်းလှမ်းရသလဲဆိုတာကိုအကြောင်းအ ပေါင်းစုံနဲ့ ဆက်စပ်ဖေါ်ထုတ် အဓိပါယ်ဖငွ့်ရေးသားနည်း)နဲ့ တတိယ နည်းမှာ ထင်မြင်ယူဆချက်ရေးနည်း(ဥ

ပမာ-ကရူးရှက်ဖ်ရဲ့ ကမ်းလှမ်းချက် ဟာမှနသ် လား မှန်သလား အမေရိကန်သမတ ဘာလုပ်သင့်သလဲ စတဲ့ဝေ ဖန်ဆန်းစစ်ချက်တွေပါတဲ့ ထင်မြင်ယူဆချက်သတင်းရေးနည်း) တွေဖြစ်ပါတယ်။ပထမသတင်းရေးနည်း က ဒီကနေ့မှာပြည့်စုံတဲ့နည်းမဟုတ်တော့ပါဘူး။ဒုတိယနည်းက ဓမ္မဓိဌာန် အကဲဖြတ်ချက်ဖြစ်ပါတယ်။ တတိယနည်းက ပုဂ္ဂလဓိဌာန် ဆုံးဖြတ်ချက်ဖြစ်ပါတယ်။သတင်းသမားဟာခေတ်ရဲ့ တောင်းဆိုချက်ကိုလွန် ဆန်လို့မရပါဘူး။တောင်းဆိုချက်နဲ့ အညီရေးသတင်းရေးသားဖေါ်ပြရာမှာဒုတိယနည်းကိုသုံးစွဲလာရတဲ့အထိ ပြောင်းလဲလာရပါတယ်။အဲဒီလောက်မှာနဲ့တင်လည်းရပ်မသွားသေးပါဘူး။ဒီကနေ့ခေတ်ရဲ့ သတင်းတွေဟာ ရှုပ်ထွေးထွေပြားလွန်းလှတဲ့အတွက် ဘာဖြစ်သလဲ ဆိုတဲ့ဖြစ်ပျက်ပုံ ဖေါ်ပြချက်သတင်းပုံစံရေးသားရုံနဲ့ တင် မလုံလောက်တော့ပါဘူး။ဖြစ်ရတဲ့အကြောင်းရင်းအခြေအနေအ၀န်းအ၀ိုင်း ဖွင့်ဆိုရှင်းပြ ချက်တွေနဲ့ အဓိပါယ် ဖွင့်ရေးသားနည်းကို သုံးလာရပါတယ်။ ဒါပေမယ့် ၁၉၆၀ ခုနှစ်လောက်မှာတော့ အဲဒီလိုသမားရိုးကျရေးဟန်ကနေဖောက်ထွက်ပြီးသတင်းအချက်အလက်အခင်းအကျင်း ရှုခင်းရှုကွက်ကို အသေးစိတ်ရေးခြယ်ဖွဲ့နွဲ့ပြီးသတင်းအချက်အလက်ရဲ့ မြင်ကငွ်းအခင်းအကျင်းရှုခင်းရှုကွက်ကိုအသေးစိတ်ဖွဲ့နွဲ့ ပြီးသတင်းအချက်အလက်ရဲ့ မြင်ကငွ်းကိုပိုပြီးကျယ်ပြန့််အားကောင်းလာအောင်ရေးသားးလာခဲ့ကြပါတယ်။ အဲဒီအချိန်မှာ သမားရိုးကျသတင်းသမားတွေက ဒါဟာသတင်းဖြစ်အရေးအသားမဟုတ်ဘူး ၀တ္ထုဆန်တယ် ရသဆန်တယ်ဆိုပြီး နှာခေါင်းရှုံ့ခဲ့ကြပါတယ်။ ၀တ္ထုရေးဆရာတွေကလည်း ဒါဝတ္ထုမဟုတ်မှာပါဘူး သတင်း ဆောင်းပါးရှညှ်ကြီးတွေပါလို့ဆိုခဲ့ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူတွေကပဲရှုတ်ချ နှာခေါင်းရှုံ့ကြ ၊ ရှုံ့ကြပါစေ (၆၀) ခုနှစ်နောက်ပိုင်းကာလတွေမှာ တော့ အဲဒီအရေးအသားပုံစံသစ်ဟာ စာဖတ်ပရိသတ်ရဲ့ လက်ခံမှုကြောင့် ထွန်းကားကျယ်ပြန့်လာခဲ့ပါတယ်။ လူတွေအာရုံထားတဲ့ အရေးအသားပုံစံသစ်ဖြစ်လာခဲ့ပါတယ်။

တကယ်တော့ ဒီအရေးအသားပုံစံသစ်ဟာ ၁၉၆၀ ခုနှစ်ပိုင်းရောက်မှ လူတွေဂရုပြုအလေးထားရတဲ့ အခြေ အနေကိုရောက်ရှိခဲ့ပေမယ့် ၁၉၅၀ ခုနှစ်တွေကတည်းကစပြီး သန္ဓေတည်လာခဲ့တာပါ။ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားက သတင်းထောက် ရစ်ချက်ရေးမင်းနဲ့ အပေါင်းအပါ သတင်းထောက်အချို့က ဒီအရေးအသားမျိုးတွေကို စမ်းစစ်ရေးသားနေခဲ့ကြပါပြီ။ သူတို့ဟာ အဲဒီအရေး အသားကို (၁၈) ရာစုအစပိုင်းလောက်က ထွန်းကားခဲ့တဲ့ ခရီးသွားစာပေအရေးအသားက နည်းခံအတုယူ ရေးသားခဲ့ကြတာဖြစ်ပါတယ်။ ၁၉၆၀ နှစ်ဦးပိုင်းမှာ BRESLEIN က ဒီအရေးသားပုံစံသစ်ကို ESQUIRE မဂ္ဂဇင်းမှ စတင်ရေးသားခဲ့ကြပြီးနောက်ပိုင်းမှာ NEWYORKER နဲ့ TRUE မှာလည်း အဲဒီအရေးအသားမျိုးတွေ ထည့်သငွ်းလာခဲ့ကြပါတယ်။ ၁၉၆၅ ခုနှစ်ထဲမှာ TRUEMAN CAPOTE က NEWYORKER မှာ IN COLD BLOOD လို့ နာမယ်တပ်ပြီး ရေးသားလိုက်တဲ့အခါမှာတော့ စာပေလောကတခုလုံး ပွက်လောရိုက်သွားပြီး ၀ိုင်းဝန်းရှုတ်ချခဲ့ကြပါတယ်။ တချို့က `မျိုးမစစ်စာပေ´ တချို့က `စာနယ်ဇင်းပညာတု´ လို့ ရှုတ်ချခေါ်ဝေါ် ခဲ့ကြပါတယ်။ TRUEMAN ကိုယ်တိုင်ကလည်း သူ့စာပေကို `စိတ်ကူးယဉ်မဟုတ်သောဝတ္ထုရှည´် (NONFICTION NOVEL) အမည်တပ်ခဲ့ပါတယ်။ HUNTER THOMPSON ရဲ့ “HELL’S ANGLES” ဆိုရင်မော်တော်ဆိုင်ကယ်စီးလူငယ် ဒုစရိုက်ဂိုဏ်းတခုထဲကို ဂိုဏ်းဝင်အဖြစ် ၁၈ လလောက်ဝင်နေပြီး သတင်းအချက်အလက်စုဆောင်းခဲ့ပြီးပေါ်သွားလို့ မသေရုံတမယ် အရိုက်အနှက် အထိုးအကြိတ်ခံပြီးမှရေးသားခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ သူ့ရဲ့ အဲဒီ “THE STRANGE AND TERRIBLE SAGA OF THE OUTLAW MOTORCYCLE GANG” ဆိုတဲ့ စာအုပ်က ‘အကောင်းဆုံး အလွတ်သတင်းထောက်ဆ´ု ချီးမြှင့်တာကိုခံခဲ့ရပါတယ်။ ဒီအချက်အလက်တွေကို ကျနော်တင်ပြလိုရင်းက ရိုးရိုးသတင်းအချက်အလက်တွေကို စာဖတ်သူတွေကို အသိပေးဖို့ရေးသားတဲ့ သုတစာပေအရေးအသားကနေ စိတ်ကူးယဉ်ဖန်တီးမှုမဟုတ်ဘဲ တကယ့်ဖြစ်ရပ်မှန်အချက်အလက်မှန်တွေကို ရသစာပေရေးဟန်နဲ့ အနုစိတ်ခြယ်မှုန်းရေးဖွဲ့လိုက်တဲ့အခါ စာပေပရိသတ်ရဲ့ အသိအမြင်ကို တိုးပွားစေရံသုာမဟုတ်ဘဲ ခံစားမှုအရပါ နှိုးဆွလှုံ့ဆော်ပေးလိုက်နိုင်ပြီး ရင်ထအဲ ထိ စွဲမြဲတင်ကျန်ရစ်အောင် ဖန်တီးနိုင်လာာတယ်ဆိုတာကို ပြောချင်တာပါ။ဒီနေရာမှာ နံမည်ကျော် သတင်းစာဆရာ စာရေးဆရာကြီး ဇ၀န ပြောဆိုခဲ့တဲ့ "သတင်းစာဆရာကောင်းသည် အရေးကြီးသောသတင်းများ ကိုပြည်သူတို့စိတ၀် င်စားအောင်ပြု၍ ထိုစိတ၀် င်စားမှု ကိုအင်အားအဖြစ်အသုံးပြု ကာ တိုင်းပြည်တင်ွလိုအပ်နေသော ပြုပြင်ရေးနှင့်ကြီးပွားတိုးတက်ရေးတို့အတွက်ဆောင်ရွက်နိုင်စွမ်းရှိသောပုဂ္ဂိုလ်ဖြစ်လေသည်။"ဆိုတဲ့စကားအရပြည် သူလူထုစိတ၀် င်စားအောင်ရေးသားတင်ပြဖို့အရေးကြီးတယ်ဆိုတာဖေါ်ပြနေပါတယ်။ရေးဟန်ဆိုတာနည်းပရိယယ် ပြသနာသာဖြစ်ပါတယ်။ပြည်သူလူထုရဲ့ အကျိုးစီးပွား ရှိမယ်ဆိုရင် ပြောင်းလဲဖို့လိုအပ်ရင်ပြောင်း လဲရမှာပါပဲ။

‘THE NEW JOURNALISM’ စာအုပ်ကိုရေးသားခဲ့သူနှစ်ဦးမှာ တဦးဖြစ်တဲ့ သတင်းစာဆရာ ‘TOM WOLFE’ က ‘(၂၀) ရာစုတခုလုံး စာပေလောကဟာ သမရိုးကျစာပေအမျိုးအစားတွေနဲ့ပဲ ခပ်အေးအေးရပ်တည်ခဲ့ကြတယ်။ စာပေလောကရဲ့သတ်မှတ်ချက်တွေဟာလည်း (၁၈) ရာစုခေတ်ကလူတန်းစားသတ်မှတ်ချက်တွေအတိုင်းပဲ

ရှိနေခဲ့တယ်။ စာပေလောကရဲ့ အမြင့်ဆုံးအထက်လွှာမှာ ၀တ္ထုရေး စာရေးဆရာတွေရှိခဲ့ကြတယ်။ ပြဇာတ်ဆရာနဲ့ ကဗျာဆရာတွေလည်း အဲဒီအလွှာမှာ ပါဝင်ကြတယ်။ သူတို့သည်သာ စာပေရေးသားသူ၊ စာပေအနှပညာရှင်တွေဖြစ်တယ်လို့ သတ်မှတ်ကြတယ်။ သူတို့သာလျှင်လူသားရဲ့ ၀ိဥာဉ်အတွင်းပိုင်းကိဝု င်နိုင်ခငွ့်ရှိကြတယ်။ လူသားရဲ့ စိတ်လှုပ်ရှားမှု၊ ခံစားမှု၊ လျှို့ဝှက်ဆန်းကျယ်မှုတွေထဲကထို သူတို့သာလျှင် ဖြန့်ကျက်နိုင်ခငွ့်ရှိတယ်လို့ သတ်မှတ်ခဲ့ကြတယ်။ `အလတ်လွှာ´ ကတော့ စာပေပညာရှင်လို့ခေါ်ကြတဲ့ အက်ဆေးဆရာတွေ၊ဝေဖန်ရေးဆရာတွေ၊ အတ္ထုပတ္တိရေးဆရာ၊ သမိုင်းပညာရှင်နဲ့ သိပ္ပံပညာရှင်တွေပါဝင်တယ်လို့ သတ်မှတ်ထားကြတယ်။ `စိတ်ကူးစာပေ´ မဟုတ်တဲ့နယ်ပယ်မှာတော့ သူတို့ဟာ သရဖူမဆောင်းတဲ့ ဘုရင်ငယ်တွေပဲလို့ သတ်မှတ်ကြပါတယ်။ သတင်းစာသမား ဂျာနယ်လစ်တွေကတော့ `အောက်ဆုံးလွှာ´ မှာပါ။ သူတို့ရှိနေမှန်းတောင် လူတွေကသတိ မထားမိကြပါဘူး။ သူတို့ကို ၀တ္ထုရေးဆရာတွေအတွက်ရေးစရာ ကုန်ကြမ်းရှာပေးတဲ့သူတွေအဖြစ်လောက်ပဲ သဘောထားခဲ့ကြပါတယ်။ နာမယ်ကြီးသတင်းစာတွေနဲ့ မဂ္ဂဇင်းကြီးတွေကမဟုတ်တဲ့ အလွတ်သတင်းသမား တွေဆိုရင် `ကလေကချေ ပစ္စည်းမဲ့တွေ´ လို့တောင် အခေါ်ခံခဲ့ကြရပါတယ်။ ဒါပေမယ့် (၆၀)နှောင်းပိုင်းကာလတွေမှာတော့ အဲဒီ ` ကလေကချေ ပစ္စည်းမဲ့တွေ´ က ၀တ္ထုရေးဆရာတွေကို သူတို့အပိုင်စီးထားတဲ့ အလွှာကနေ ဆွချဲပစ်လိုက်ကြပါပြီ လို့ရေးသားခဲ့ပါတယ်။ (၃) ဟုတ်ပါတယ်။ ကဗျာကိသု့ရဲ့ ရှေ့တန်းဦးဆောင် အခန်းကဏ္ဍကနေ ဖယ်ရှားနေရာယူလာတဲ့ ၀တ္ထုရှည်ဟာ `လူမှုသရုပ်မှန´် ၀ါဒလက်နက်ကို သုံးစွခဲ့တာဖြစ်ပါတယ်။ လူမှုဘ၀နယ်ပယ်မှာ အမှန်တကယ် ရှိနေဖြစ်ပျက်နေတာတွေ လူတွေရဲ့ ခံစားချက် အတွေးအမြင်စတာတွေကိုလေ့လာမှတ်သားပြီး ဓာတ်ပုံရိုက်သလို စိတ်ကူးဖန်တီး ကွင်းကွင်းကွက်ကွက်ရေးသားခြယ်မှုန်းပြနိုင်ခဲ့လို့ ၀တ္ထုနဲ့ ၀တ္ထုဖတ်သူတွေဟာ ကွဲပြားမနေတော့ပဲ တသားတည်းဖြစ်သွားခဲ့ကြတဲ့အတွက် လူထုကနေရာပေးလက်ခံ ဖတ်ရှုနေရာပေးလာခဲ့ကြတော့တာဖြစ်ပါတယ်။ ဒီလိုပါပဲ။ အခုကျနော်တင်ပြခဲ့တဲ့ သတင်းအချက်အလက်နဲ့ သတင်းဆောင်းပါးအရေးအသားသစ်ဟာလည်း သာမာန်သုတပေးအရေးအသားပုံသဏ္ဍာန်ကို `လူမှုသရုပ်မှန´် လက်နက်နဲ့ပဲ တိုးဝင်နေရာယူလာခဲ့ကြတာ ဖြစ်ပါတယ်။ သူက လူမှုလက်တွေ့ဘ၀ထဲက တကယ့်အဖြစ်အပျက် တကယ့်တွေးမြင်စဉ်းစားပုံတွေကို ပိုပြီး အနုစိတ်ရေးသားဖော်ပြဖို့ ကြိုးစားလိုက်တာပါပဲ။နောက်ခံအကြောင်းအရာ အခင်းအကျင်း ရှုခင်း ရှုကွက်ကို အနုစိတ်ကျယ်ကျယ်ပြန့်ပြန့်ရေးသားဖွဲ့နွဲ့လိုက်တော့အခါ စာဖတ်သူတွေရဲ့ အာရုံခံစားမှုဟာသူတို့တကယ် တွေ့ကြုံခံစားနေရသလို ဖြစ်ပေါ်လာပြီး အဖြစ်အပျက်သတင်းအချက်အလက် သက်သက်မဟုတ်တော့ပဲ ခံစားမှုပါ ပါလာပြီး ပိုမိုအားကောင်းပြင်းထန်တဲ့ချစ်စိတ်၊ မြတ်နိုးစိတ်၊ တန်ဖိုးထားစိတ်၊ မုန်းတီးစက်ဆုတ်စိတ်၊ ဆန့်ကျင်တွန်းကန်လိုစိတ်တွေကိုပေါက်ဖွားဖြစ်ထွန်းစွဲမြဲသွားစေနိုင်လာတယ်လို့ ဆိုရမှာပါပဲ။ လွယ်လွယ်ကူကူပြောရရင်တော့ သာမာန်အသိပညာပေး သုတပေး အရေးအသားသက်သက်ကနေ

ရသစာပေအရေးအသား နည်းနာတချို့ကို အသုံးပြုပြီးရေးသားလိုက်တာပါပဲ။ အကျိုးရလဒ်ကတော့ ပြောမနိုင်အောင်များပြားလှတယ်လို့ပြောရမှာပါပဲ။ဒေါက်တာ J.C MARRILL ကတော့ "သတင်းစာဟူထို သည် လူ့အဖွဲ့ အစည်းကို ကြေးမုံကဲ့သို့ထင်ဟပ်သည်ဆိုသောစကားရှိ သည်မှန်သော်လည်းသတင်း စာကောင်းသည်ထိုထက်ပို၍ လေးနက်သော တာဝန်ကို ထမ်းဆောင်ရန်လိုသည်။သတင်းစာသည်ဖြစ်စဉ် ဖြစ်ရပ်များကို သတင်းပေးရုံသာမက အဆုံးအဖြတ်လည်းပေးရမည်။ထိုဖြစ်စဉ်ဖြစ်ရပ် များနှင့်ပါတ်သက်၍ တိကျဲ င့်ရင့် ဖေါ်ထုတ်ရေးသားခြင်း ခိုင်မာသော ထင်မြင်ယူဆချက်များလည်းရှိရမည်။ထိုထင်မြင်ယူဆချက်များကို ရဲရရ လည်းပြုရမည်။"လို့ပြောဆိုခဲ့ပါတယ်။ပြည်သူလူထုအတွက်ပိုပြီးတာဝန်ကြီးမားမှု ရှိနေတယ်လို့ပြောတာပါပဲ။

နိဂုံးအနေနဲ့ကတော့ ကျနော်တို့ဟာ လူသားတွေရဲ့ အဆင့်ဆင့် ဖြစ်ပေါ်တိုးတက်မှု သမိုင်းစာမျက်နှာတွေထက် ‘ဗော်လဂါမှ ဂင်္ဂါသိ´ု့ ကို ပိုပြီးအမှတရ် နေကြတယ်။ အမေရိကန်ကျွန်စနစ် ကျွန်ခေတ်ရဲ့ သမိုင်း စာမျက်နှာတွေထက် `ဇစ်မြစ်´ (THE ROOTS)၊ `ဦးလေးးတွမ´် (UNCLE TOM) တို့ကို ပိုအမှတ်ရနေကြတယ်။ အမေရိကန်စက်မှုတော်လှန်ရေး အကူးအပြောင်းကာလရဲ့ သမိုင်းစာမျက်နှာတွေထိုက`် ဒေါသမာန်´ (THE RAGE OF ANGEL) ကိုပိုပြီး စွဲမြဲအမှတ်ရနေကြရတယ်။ ရုရှ ဆိုရှယ်လစ်တော်လှန်ရေး၊မြေယာပြုပြင်ပြောင်း လဲရေး သမိုင်းစာမျက်နှာတွေထက် `တောရိုင်းမြေ´ (VIRIGIN SOIL UPTURNED) ကို သတိတရရှခိဲ့ကြတယ်။ မြန်မာလွတ်လပ်ရေးကိုလိုနီခေတ်ကျောင်းသားလှုပ်ရှားမှုသမိုင်း စာမျက်နှာတွေထက် ဆရာသိန်းဖေမြင့်ရဲ့ `သပိတ်မှောက်ကျောင်းသား´ ကိုပိုလို့ စွဲမြဲအမှတ်ရနေကြရတယ်။ လူတန်းစားစရိုက်သဘောတွေ အချက်တွေ လုပ်ဆောင်မှု လှုပ်ရှားမှုတွေကို မာစ် (MARX) ရဲ့သဘောတရားကျမ်းတွေထက် ဆရာမြသန်းတင့်ရဲ့ `ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်´ မှာ ပိုလို့အမှတ်ရ စွဲမြဲနေခဲ့ကြတယ် မဟုတ်ပါလား။

ကျနော့်အနေနဲ့ ဒီစာတမ်းကို ဖတ်ဖို့မရည်ရွယ်ခဲ့ပါဘူး။ ကဗျာဆရာ `မောင်လွမ်းဏီ´ မေတ္တာရပ်ခံချက်ကြောင့် ကျနော် အချိန်တိုအတွင်း ရတတ်သမျှ အကိုးအကားတွေကိုရယူ ကိုယ့်အတွေးအမြင်ခံစားချက် ခံယူချက်တွေနဲ့ပေါင်းစပ်ပြီးရေးသားတင်ပြခဲ့တာဖြစ်ပါတယ်။ ကျနော့်ရဲ့ စာတမ်းဟာ ဘယ်လိုမှ ပြီးပြည့်စုံအောင်ကောင်းမွန်မှာ မဟုတ်သလို စံကိုက်ဖြစ်မှာလည်း မဟုတ်ပါဘူး။ ဘာဖြစ်လို့လဆဲိုတော့ ကျနော့်ရဲ့ ပတ်ဝန်းကျင်မှာ ကျနော်လိုချင်လိုအပ်နေတဲ့ စာအုပ်စာတမ်းတွေမရှိလို့ပါပဲ။ ဒီအခြေအနေကို အခု BMA ညီလာခံကို တက်ရောက်လာကြတဲ့ စာနယ်ဇင်းသမားတွေအနေနဲ့ နားလည်ပေးကြပါလို့မေတ္တရပ်ခံရင်း ကျနော်နိဂုံးချုပ်အပ်ပါတယ်။ လေးစားစွာဖြင့်

"တောအုပ်များရဲ့အင်နားရှား"

စိုးနေလင်း

တခါတခါ... သမိုင်းစာမျက်နှာတွေဟာ အမာရွတ်ဗရပွ နဲ့အရုပ်ဆိုး အရိုးမတွန်နိုင်ကြ သောရုပ်ကြွင်းများရဲ့ ပင့်သက်ပြင်းများ အောင်းပူမှာ သွေးဆာနေလိုက်ကြပုံများ။ ဘယ်တရားကို ဘယ်နတ်က စောင့်တာပါလဲ ဦးပုညရဲ့"သကြားလိမ"် ကိုသာ ဘက်စ်ဆယ်လာ စာရင်းသွင်း သူတော်ချင်း သတင်းလွေ့လွေ့ရှိကြ၏။ "အမှန်တရားက ဖိနပ်စီးနေစဉ်မှာ လိမ်လည်မှုက ကမ္ဘာတပတ်ခရီး ပတ်ပြီးသွားနှင့်ခဲ့ပြီ"ဆိုတဲ့ ဖြစ်ရပ်မှန်ဆိုရိုးစကားဟာ ဗားရှင်း* အမျိုးမျိုးရှိပုံရရဲ့။ ထပ်ပြန်တလဲ မိုက်မဲမှုများကြားမှာ ဇင်ဘာဘွေ ဆူဒန် အာဖဂန် ပါလက်စတိုင်း အနှိင်းမဲ့ ရိုင်းပြ နေကြ ပေါက်ပင်နဲ့ ဗျိုင်း ကိုင်းသူနားသူ အသံတူနေကြသောကာလ။ ဟောဒီမှာလည်း အာဏာအရှာကောင်းသူနဲ့ ဥစ္စာအရှာကောင်းသူတို့ချင်း

ရိုင်းပင်းကူညီမှု စာချုပ်ချုပ် သွေးဆုတ်နေတဲ့လူမမာ ဒါဟာ...ဧရာဝတီ ကျုံလှီမိန်းမောနေရှာပြီထင့်။ ရှဉ့်မလျှောက်သာပဲ ပျားချည်းပဲ စွခဲ ငွ့်ရသောဇာတ်လမ်းမှာ ပတ်ကြမ်းတိုက်ချက်များသာ အပ်ကြောင်းထပ် ကပ်ကြီးလေးပါးသင့်နေကြဆဲ။ ကဲ...အဲဒီမှားယွင်းမှုနဲ့ ဒုစရိုက်အမှောင်ထုကိုခွေဲ ဖာက် ပင်လယ်ပြင်အောက်ကိုငုတ်လျှိုး ဘယ်သူ... လှိုင်းတံပိုးတွေကို လှုပ်နှိုးရဲသလဲ။ ။

*ဘာသာ ပြောင်းလဲ ပြန်ဆိုမှု

Related Documents

Aesthetics
December 2019 37
Aesthetics
November 2019 38
Microsoft Word Word
May 2020 62
Microsoft Word
November 2019 32