Making Wordpress Blog

  • Uploaded by: Myanmar news
  • 0
  • 0
  • December 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Making Wordpress Blog as PDF for free.

More details

  • Words: 1,937
  • Pages: 26
  [Pick the date] 

2008 

 

Making Myanmar WordPress Blog  Handbook

[email protected]  http://mmwordpress.com   

Myanmar WordPress Blog Handbook

မိတ်ဆက် WordPress ဆိုတာ လူသုံးအများဆုံး Blogging Software တစ်ခုပါပဲ။ Open Source ဖြစ်တဲ့ WordPress ရဲ့ သုံးရလွယ်ကူမှု၊ Fully Customizable ဖြစ်မှု၊ မရေတွက်နိုင်တဲ့ Themes များစွာ ရွေးချယ်အသုံးပြုနိုင်မှု နဲ့ WordPress ရဲ့ အဓိက Power ဖြစ်တဲ့ အမျိုးမျိုးသော Plugin

ပေါင်းများစွာ

ဆွဲဆောင်နိုင်ခ့ပဲါတယ်။

သုံးစွဲနိုင်မှု

တွေက

မြန်မာစာနဲ့ဘလော့ဂ်

Pro

Blogger

တည်ဆောက်ရာမှာလဲ

အများအပြားကို WordPress

နဲ့

အခက်အခဲ မရှိ ပြုလုပ် နိုင်ပါတယ်။ WordPress အသုံးပြုမယ်ဆိုရင် WordPress.com မှာ အကောင့် ပြုလုပ် ခြင်းဖြင့် လည်းကောင်း (Blogger.com ကဲ့သို့) ၊ ကိုယ်ပိုင် Hosting သို့မဟုတ် Free Hosting တွေမှာ တည်ဆောက် အသုံးပြုခြင်းဖြင့်လည်းကောင်း လွယ်ကူစွာ အခမဲ့ ရယူအသုံးပြုနိုင်ပါတယ်။ ဒီစာအုပ်မှာ Beginner များအတွက် လွတ်လပ်ပြီး Fully Customize ပြုလုပ်နိုင်တဲ့ WordPress Blog တည်ဆောက် အသုံးပြုခြင်းနဲ့ အခြေခံ Wordpress, Plugins, Themes အကြောင်းများကို တင်ပြပေးသွားမှာဖြစ်ပါတယ်။ [email protected]



Myanmar WordPress Blog Handbook

မာတိကာ အခန်း(၁) ။ ။ WordPress ဘလော့ဂ် ပြုလုပ်တည်ဆောက်ခြင်း

စာမျက်နှာ ၎

(၁) Hosting နှင့် ဒိုမိန်းနိမ်း

စာမျက်နှာ ၅

(၂) DNS update ပြုလုပ်ခြင်း

စာမျက်နှာ ၆

(၃) Freehostia ၏ Elefante Fee Scripts ဖြင့် WordPress Install ပြုလုပ်ခြင်း

စာမျက်နှာ ၉

(၄) WordPress manual installation ပြုလုပ်ခြင်း

စာမျက်နှာ ၁၃

အခန်း(၂) ။ ။ Changing WordPress Setting

စာမျက်နှာ ၁၉

(၁) Profile and Personal Options

စာမျက်နှာ ၁၉

(၂) Setting / Permalinks

စာမျက်နှာ ၂၀

အခန်း(၃) ။ ။ WordPress Themes နဲ့ မြန်မာစာ

စာမျက်နှာ ၂၀

(၁) မြန်မာဖောင့် Assign ပြုလုပ်ခြင်း

စာမျက်နှာ ၂၂

(၂) WordPress Theme ပြောင်းခြင်း

စာမျက်နှာ ၂၃

အခန်း(၄) ။ ။ Plugins

စာမျက်နှာ၂၄



Myanmar WordPress Blog Handbook



အခန်း(၁) ။ ။ WordPress ဘလော့ဂ် ပြုလုပ်တည်ဆောက်ခြင်း WordPress ဘလော့ဂ် ပြုလုပ်တည်ဆောက်ခြင်းကို အိမ်တစ်လုံး တည်ဆောက်တာနဲ့ ဥပမာ ပေးလိုပါတယ်။ အိမ်တစ်လုံး တည်ဆောက်မယ်ဆိုရင် (၁)အိမ်လိပ်စာရှိရပါမယ် (၂)မြေကွက်လိုပါမယ် (၃)အုပ်သဲ စတဲ့ အိမ်ဆောက်ပစ္စည်းတွေ လိုပါမယ် (၄)အိမ်ဆောက်ပစ္စည်းတွေ

သယ်ပို့ပေးမယ့်

ပို့ဆောင်ရေးယာဉ်

လိုပါမယ်

(၅)အိမ်ဆောက်ရမယ့်

ပန်းရံဆရာကတော့

အိမ်ပိုင်ရှင် ကျွန်တော်တို့ ပေါ့ဗျာ ☺ အိမ်လိပ်စာ (Domain Name) နဲ့ ဆောက်မယ့် မြေကွက် (Hosting) ကို ဆက်သွယ်မိအောင် အရင်ဆုံး လုပ်ရပါမယ်။ မြေကွက် (Hosting) မှာ အိမ်ဆောက်ဖို့ မြေညှိပေးရပါမယ်။ MySQL Database ပြုလုပ်ခြင်း။ အိမ်ဆောက်ပစ္စည်းဖြစ်တဲ့ (WordPress Blogging Software) ကို မြေကွက် (Hosting) ကို ပို့ဆောင်ရေးယာဉ် (FTP software) နဲ့ ပို့ပေးရပါမယ်။ အိမ်ဆောက်မယ့်မြေကွက်မှာ အားလုံးရှိပြီ ဆိုရင် အိမ်ဆောက်ခွင့်လို့ ပြောလို့ရတဲ့ Folder Permission Change ပေးပါရပါမယ်။ အားလုံးပြီးရင် ပန်းရံသမား ကျွန်တော်တို့ အိမ်ဆောက်ခြင်း ဆိုပြီး အကြမ်းအားဖြင့် ၅ ပိုင်းခွဲခြားနိုင်ပါတယ်။ လုပ်ရမယ့် အဆင့်တွေများတယ် ဆိုပြီး စိတ်ညစ် မသွားပါနဲ့ဦး။ Hosting အကုန်လုံးနီးပါးမှာ Fantastico Autoinstaller ဆိုတဲ့ လွယ်လွယ်ကူကူ Install လုပ်ပေးနိုင်တဲ့ Software တွေ ထားပေးလေ့ရှိပါတယ်။ Hosting အလိုက် Fantastico Version ကွာခြားမှုတွေကြောင့် Install လုပ်ပုံ အနည်းငယ်ကွာခြားနိုင်ပေမယ့် WordPress Installation လုပ်ငန်းစဉ်ကို နားလည်ထားရင် မည်သည့် Hosting မှာမဆို ပြုလုပ်အသုံးပြုနိုင်ပါတယ်။ ဒီစာအုပ်မှာ Fantastico အသုံးပြုပြီး Install ပြုလုပ်ခြင်း နဲ့ မည်သည့် Hosting မှာမဆို Install လုပ်နိုင်တဲ့ Normal WordPress Installation အကြောင်း ပုံစံ ၂မျိုးစလုံးကို တင်ပြပေး ထားပါတယ်။

Myanmar WordPress Blog Handbook



(၁) ။ ။ Hosting နှင့် ဒိုမိန်းနိမ်း မြန်မာ ဝေါ့ပရက်စ် ဘလော့ဂ် တည်ဆောက်မယ်ဆိုရင် (၁) ဘယ် Hosting ကို သုံးမလဲ (၂) ကိုင်ပိုင် ဒိုမိန်းနိမ်လား ဖရီးဆပ်ဒိုမိန်းနိမ်းလား ဆိုတာ အရင်စဉ်းစားရပါမယ်။ (၁) ဘယ် Hosting ကို သုံးမလဲ ဖရီးပေးတဲ့ Hosting မှာဖြစ်ဖြစ်၊ လစဉ်ကြေးပြီး သုံးပြုသည်ဖြစ်ဖြစ် WordPress အတွက် PHP 4.2 နှင့်အထက်၊ MySQL 4.0 နှင့်အထက် Support လုပ်တဲ့ Hosting မျိုးလိုအပ်ပါတယ်။ Hosting တွေကပေးတဲ့ Features ၊ အမြန်နှုံး နဲ့ မိမိ ဘလော့ဂ် ကို လာရောက်ဖတ်ရှုကြမယ့်

သူတွေအတွက်

အဆင်ပြေနိုင်ဆုံးကို

ရွေးချယ်အသုံးပြုရမှာ

ဖြစ်ပါတယ်။

ဖရီး

Hosting

တွေအတွက် 000webhsot ကို ညွှန်းလိုပါတယ်။ အသေးစိပ်ကို mmWordPress.com မှာ ဖတ်ရှုနိုင်ပါတယ်။ (၂) ကိုင်ပိုင် ဒိုမိန်းနိမ်လား ဖရီး-ဆပ်ဒိုမိန်းနိမ်းလား Hosting တွေက ပေးတဲ့ ဖရီး-ဆပ်ဒိုမိန်းနိမ်းတွေကို ( ဥပမာ။ byethost ရဲ့ iblogger.org ၊ 000webhsot ရဲ့ web44.net ) လွယ်လွယ်ယူ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် နောင်အခါ ဘလော့ဂ်ကို တိုးချဲ့မယ်၊ Hosting ပြောင်းမယ် ဆိုရင် အခက်အခဲ ဖြစ်လာနိုင်ပါတယ်။ ဒိုမိန်းနိမ်း နှစ်စဉ်ကြေးပေးပြီး အသုံးပြုနိုင်ရင် ပိုကောင်းပေမယ့် TLD တွေနဲ့ထပ်တူ ပြုလုပ်ပေးနိုင်တဲ့ CO.CC မှာ အကောင့်ယူ အသုံးပြုခြင်းဟာလဲ အိုင်ဒီယာကောင်း တစ်ခုပါပဲ။ ဒိုမိန်းနိမ်းနဲ့ ပါတ်သက်ပြီး mmWordpress.com မှာ ဖတ်ရှုနိုင်ပါတယ်။

Myanmar WordPress Blog Handbook



(၂) ။ ။ DNS update ပြုလုပ်ခြင်း Hosting နဲ့ ဒိုမိန်းနိမ်း ဘယ်ဟာ အသုံးပြုမယ်ဆိုတာ ဆုံးဖြတ်ပြီးရင် ရယူထားတဲ့ ဒိုမိန်းနိမ်းရဲ့ Domain Manager မှာ DNS (name server) update ပြုလုပ်ပေးရပါမယ်။ ဒိုမိန်းနိမ်းအတွက် CO.CC နဲ့ Hosting အတွက် 000webhost , Freehostia တို့ကို ဥမပမာ အဖြစ် တင်ပြပေးပါမယ်။

000webhost CO.CC မှာ Sigh up ပြုလုပ်ပြီး ဒိုမိန်းနိမ်းကို အရင်ရယူပါမယ်။ လိုချင်တဲ့ ဒိုမိန်းနိမ်းရပြီးဆိုရင် DNS update လုပ်ဖို့အတွက် Setup မလုပ်သေးပဲ ခဏထားထားပါမယ်။ ( Hosting ရဲ့ DNS ကို မသိသေးတာကြောင့် ဖြစ်ပါတယ်။ သိပြီးသားဖြစ်ရင် တခါတည်း Setup လုပ်နိုင်ပါတယ်။ )

000webhost မှာ Sign up လုပ်ပါမယ်။ သူ့ရဲ့ ဖရီးဆပ်ဒိုမိန်း မသုံးပဲ ကိုယ်ပိုင်ဒိုမိန်းနိမ်း သုံးတဲ့အတွက် I want to host my own domain နေရာမှာ ယူထားတဲ့ CO.CC ဒိုမိန်းနာမည်ကို ထည့်ပေးပါမယ်။

Myanmar WordPress Blog Handbook



000webhost ရဲ့ ဖရီးဆပ်ဒိုမိန်းနိမ်း သုံးမယ် ဆိုရင် I will choose your free subdomain မှာ လိုချင်တဲ့ နာမည်ကို ထည့်ပေးပါမယ်။ ဖရီးဆပ်ဒိုမိန်း သုံးရင် DNS update ပြုလုပ်ပေးခြင်း အဆင့်တွေ လုပ်စရာ မလိုပဲ တိုက်ရိုက် Install လုပ်နိုင်ပါတယ်။ 

Sign up လုပ်ပြီးရင် 000webhsot မှ email ပို့ပါလာမယ်။ အဲဒီမှာ DNS information, Account information, FTP information စတဲ့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်ပါရှိပါတယ်။

Hosting က DNS သိပြီဆိုရင် CO.CC မှာ Update ပြုလုပ်ပေးပါမယ်။ Manage Domain မှာ 000webhost ရဲ့ DNS ဖြစ်တဲ့ ns01.000webhost.com, ns02.000webhost.com ကို ထည့်ပေးပါမယ်။

ဒိုမိန်း နိမ်း DNS update ပြုလုပ်ခြင်းအတွက် 48 နာရီအထိ အချိန် ကြာမြင့်နိုင်ပြီး များသောအားဖြင့် 2 မှ 12 နာရီအတွင်း အဆင်ပြေသွား တတ်ပါတယ်။

DNS update ဖြစ်ဖို့အတွက် အချိန်စောင့်ပေးပြီးရင် ဒိုမိန်းနိမ်းဟာ 000webhost က အကောင့်ကိုညွှန်းပေးပါလိမ့်မယ်။ DNS update ဖြစ်ပြီး မပြီးကို Browser address bar မှာ မိမိ ဒိုမိန်းနိမ်း ရိုက်ထည့် ဖွင့်ကြည့်ခြင်းဖြင့် စမ်းသပ်နိုင်ပါတယ်။ Update

Myanmar WordPress Blog Handbook ဖြစ်သွားပြီ ဆိုရင် ပုံကလို 000webhost အကောင့်က ဖိုင်တွေကိုတွေ့ရပါလိမ့်မယ်။ ဒါဆိုရင်



WordPress Install

လုပ်ဖို့အတွက် အဆင်သင့်ဖြစ်ပါပြီ။

Freehostia Freehostia အတွက်ဆိုရင်လဲ 000webhost လိုပဲ Sign up လုပ်ပါမယ်။ သူ့ရဲ့ ဖရီးဆပ်ဒိုမိန်း မသုံးပဲ ကိုယ်ပိုင်ဒိုမိန်းနိမ်း သုံးတဲ့အတွက် Use my existing domain နေရာမှာ ယူထားတဲ့ CO.CC ဒိုမိန်းနာမည်ကို ထည့်ပေးပါမယ်။

Signup လုပ်ပြီးရင် ထုံးစံအတိုင်း အီးမေးလ် လာပါမယ်။ DNS server name ကို CO.CC မှာ ထည့်ပေးပါမယ်။

Myanmar WordPress Blog Handbook



DNS update ဖြစ်ဖို့အတွက် အချိန်စောင့်ပေးပြီးရင် ဒိုမိန်းနိမ်းဟာ Freehostia က အကောင့်ကို ညွှန်းပေးပါလိမ့်မယ်။ ဒါဆိုရင် WordPress Install လုပ်ဖို့အတွက် နောက်တဆင့်ကို သွားလို့ရပါပြီ။

(၃) ။ ။ Freehostia ၏ Elefante Fee Scripts ဖြင့် WordPress Install ပြုလုပ်ခြင်း Freehostia ကပေးတဲ့ function အချို့ အားနည်းမှု ရှိပေမယ့် အလွယ်ကြိုက်သူတွေအတွက်

Elefante Fee Scripts နဲ့

WordPress Install လုပ်ခြင်းကို အရင် တင်ပြပေးပါမယ်။

Freehostia က ပို့လာတဲ့ အီးမေးလ် ထဲက Link အတိုင်း Cpanel ကိုသွားပါမယ်။ MySQL Database မှာ Database တခု အရင် တည်ဆောက်ပါမယ်။

Myanmar WordPress Blog Handbook

Database တည်ဆောက်ပြီးရင် Cpanel Home ကိုပြန်သွားပါမယ်။ Elefante Fee Scripts ကိုသွားပါမယ်။

10 

Myanmar WordPress Blog Handbook

ပုံမှာပြထားသလို WordPress ကို ကလစ် လုပ်ပေးပါမယ်။

11 

Myanmar WordPress Blog Handbook

12 

ဒါဆိုရင် WordPress Installation Wizard တွေ့ရပါမယ်။ အဲဒီက Path: ဆိုတဲ့နေရာမှာ Default အဖြစ် /wordpress ဆိုပြီး ပေးထားတာ တွေ့ရပါလိမ့်မယ်။ wordpress ဆိုတာကို ဖျက်လိုက်ပြီး ပုံမှာပြထားသလို / ပဲ ချန်ထားခဲ့ပါမယ်။ ကျန်တဲ့ admin user: , Admin Password: , Admin mail: , Weblog title: တွေမှာ လိုချင်သလို ဖြည့်ပေးပြီး Install လုပ်ပါမယ်။

Install ပြုလုပ်ခြင်း အောင်မြင်ပြီ ဖြစ်ကြောင်း တတ်လာပါမယ်။ အ၀ါနဲ့ပြထားတဲ့ WordPress URL ကိုနှိပ်ပြီးပဲ ဖြစ်ဖြစ်၊ Brower မှာ မိမိ ဒိုမိန်းနိမ်းရိုက်ပြီးပဲ ၀င်ဝင် WordPress Blog ကိုတွေ့ရပါမယ်။

Myanmar WordPress Blog Handbook Meta / login မှာ ပေးခဲ့တဲ့ Admin user , pass တို့နဲ့ login ၀င်ရောက် အသုံးပြုရေးသားနိုင်ပြီဖြစ်ပါတယ်။

13 

Myanmar WordPress Blog Handbook

14 

(၄) ။ ။ WordPress manual installation ပြုလုပ်ခြင်း နောက်ထပ် WordPress manual installation ပြုလုပ်ခြင်းကို စမ်းကြည့်ကြရအောင်။ Manual install ပြုလုပ်နည်းဟာ အဆင့်တွေ ရှုပ်သလိုရှိပေမယ့် သူ့သဘောကို နားလည်သွားရင် ဘယ် Hosting မှာမဆို အသုံးပြုနိုင်တဲ့အတွက် လေ့လာ ထားသင့်ပါတယ်။ 000webhost နဲ့ ဥပမာပေးပါမယ်။ 000webhost ဟာ ကျွန်တော် စမ်းသုံးကြည့်သမျှ Free Hosting တွေထဲမှာ WordPress Blog အတွက် အပြည့်စုံဆုံး Support ပေးနိုင်မှုကြောင့် အဓိက ညွှန်းလိုပါတယ်။ စာအုပ်စစချင်းမှာ ဖော်ပြခဲ့သလို WordPress Install လုပ်ဖို့အတွက် Domain Name နဲ့ Hosting ရယူ ဆက်သွယ်ခြင်း Hosting တွင် MySQL Database တည်ဆောက်ခြင်း WordPress Blogging Software ကို Hosting သို့ FTP software နှင့် Upload တင်ပေးခြင်း Directory Permission Change ပေးခြင်း WordPress Install ပြုလုပ်ခြင်း ဆိုပြီး အပိုင်း(၅) ပိုင်း ရှိပါတယ်။

ဘလော့ဂ် မတည်ဆောက်ခင် လိုအပ်တာလေးတွေကို အရင် ပြင်ဆင်ထားပါမယ် Wordpress.org မှ Latest wordpress blogware ကို ဒေါင်းလုပ်ချ ဇစ် ဖြေ ထားပါမယ်။ FTP အတွက် FireFox Browser မှာ FireFTP add-on ကို ဒေါင်းလုပ်ချ Install လုပ်ထားပါမယ်။

(၄.၁) Domain name နဲ့ Hosting ရယူဆက်သွယ်ပေးခြင်းကို DNS update ပြုလုပ်ခြင်း အတိုင်းပြုလုပ်ပါမယ်။ ဒါဆိုရင် ကျွန်တော်တို့မှာ DNS update ဖြစ်ပြီးသားဖြစ်တဲ့ ဒိုမိန်းနိမ်း နဲ့ Hosting တို့ အဆင်သင့် ရှိနေပါပြီ။ ကျန်အဆင့်တွေကို ဆက်လုပ်ကြပါမယ်။

Myanmar WordPress Blog Handbook

15 

(၄.၂) 000webhost ရဲ့ Cpanel / Service-Software / MySQL မှာ database တစ်ခု တည်ဆောက်ပါမယ်။ Database name, user name, password နဲ့ MySQL host လိပ်စာတွေကို မှတ်သား ထားပါမယ်။

(၄.၃) Datatbase အဆင်သင့်ဖြစ်ပြီဆိုရင် ဒေါင်းလုပ်ချ ဇစ်ဖြေ ထားတဲ့ Wordpress installation files တွေကို 000webhost ဆာဗာ ပေါ်ကို တင်ရပါမယ်။ FireFox browser ရဲ့ FireFTP ကိုဖွင့်ပါမယ်။ Manage Account မှာ email ကပို့လာတဲ့ FTP information တွေနဲ့ Setup လုပ်ပြီး Connect လုပ်လိုက်ရင် ပုံ P[1] မှာပြထားသလိုတွေ့ရပါမယ်။

Myanmar WordPress Blog Handbook

16 

ပုံ P[1] မှာ ပြထားသလို အပြာရောင်ဘက်က ကွန်ပြူတာမှာ ဇစ်ဖြေ ထားတဲ့ Wordpress Installation ဖိုင်တွေ ဖြစ်ပါတယ်။ Installation Files တွေအားလုံးကို Select လုပ်ပြီး မျှားပြထားသလို ဆာဗာ ဘက်က public_html folder ထဲကို upload တင်ပေးရပါမယ်။ ဆာဗာ ပေါ်ရောက် ရှိသွားရင် နောက်တစ်ဆင့်ဖြစ်တဲ့ Folder permission ချိန်းပေးတာကို ဆက်လုပ်ပါမယ်။

သတိပြုရမယ့် အချက်က ဇစ်ဖြေထားတဲ့ WordPress Folder အထဲက အားလုံးကို Upload တင်ရမှာ ဖြစ်ပါတယ်။ Wordpress ဆိုတဲ့ Folder လိုက်ကြီး တင်လို့မရပါဘူး။ Remote ဘက်မှာလဲ public_html ဆိုတဲ့ Folder ထဲကို တင်ရမှာ ဖြစ်ပါတယ်။ Root အောက်ကို တင်လို့မရပါဘူး။

အချို့ hosting တွေမှာ public_html နာမည်နှင့် မဟုတ်ပဲ မိမိ ဒိုမိန်းနာမည်နှင့် ဖြစ်နိုင်ပါတယ်။ public_html နှင့် အတူတူပါပဲ။ သူ့ထဲကို upload တင်ရမှာ ဖြစ်ပါတယ်။ အကယ်၍ htdocs ဆိုတဲ့ folder ရှိနေခဲ့ရင် အဲဒီထဲကို တင်ရမှာ ဖြစ်ပါတယ်။

Myanmar WordPress Blog Handbook

17 

(၄.၄) ဆာဗာဘက်က Root Directory ကို Permission Change ပေးပါမယ်။ ပုံမှာပြထားသလို public_html ကို Right click လုပ်ပြီး Properties ခေါ်ပါမယ်။

အသုံးပြုတဲ့ Hosting မှာ /yourdomain.com/htdocs ပုံစံမျိုးဆိုရင် htdocs ကို လုပ်ပေးရမှာ ဖြစ်ပါတယ်။ /yourdomain.com ပဲရှိတယ် ဆိုရင် yourdomain.com ကို ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

Properties ခေါ်လိုက်ရင် ပုံ P[2] မှာ ပြထားသလို တွေ့မြင်ရပါမယ်။ အ၀ါရောင်နဲ့ Hi-light ပြထားသလို Owner, Group, Public တွေမှာ ကလစ် လုပ်ပေးပါမယ် (Change Permissions) ။ Manual နေရာမှာ 0777 အဖြစ်ပြောင်းသွားတာကို သတိပြုကြည့်နိုင်ပါတယ်။ ပြီးရင် OK နှိပ်ပေးပါမယ်။ ဒါဆိုရင် Install လုပ်ဖို့အကုန်အဆင်သင့် ဖြစ်ပါပြီ။

Install လုပ်တ့အဲ ခါ Root Directory မှာ wp-config.php ဆိုတဲ့ ဖိုင်တစ်ဖိုင် Wordpress က တည်ဆောက် ပါတယ်။ Root directory writable မဖြစ်ရင် တည်ဆောက် မရနိုင်တာကြောင့် Writeable ဖြစ်အောင် Permissions ပြောင်းပေးရခြင်း ဖြစ်ပါတယ်။ 

wp-content folder နဲ့ သူ့အောက်က themes, plugins folder တွေကိုလဲ တလက်စတည်း permissions change ထားပေး နိုင်ပါတယ်။ နောက်ပိုင်း blogger မှ ပို့စ်တွေဖြစ်စေ WP မှ ပဲဖြစ်စေ import လုပ်မည်ဆိုရင်၊ themes, plugins တွေ တင်မယ် ဆိုရင် လိုအပ်မှာကြောင့်ဖြစ်ပါတယ်။

Myanmar WordPress Blog Handbook

18 

(၄.၅) WordPress ကို စတင် Install လုပ်ပါမယ်။ Browser မှာ မိမိ ဒိုမိန်းနိမ်းကို ဖွင့်လိုက်ရင် WordPress အတွက် wpconfig.php ဖိုင်ကို ပြုလုပ်ဖို့လိုကြောင်း Message တွေ့ရှိရပါမယ်။ Create a Configuration File နဲ့ ဆက်သွားပါမယ်။

Database name, Database username, Database password နဲ့ Database Host တွေကို တောင်းပါလိမ့်မယ် အဆင့်(၂) မှာ မှတ်ထားခဲ့တာတွေကို ဖြည့်ပေးရပါမယ်။

Myanmar WordPress Blog Handbook

19 

အားလုံးမှန်ကန် အဆင်ပြေရင် Run and Install ဆိုပြီး ပြပါမယ်။ WordPress ရဲ့ Welcome message နဲ့ ဘလော့ဂ် တိုင်တယ်၊ အီးမေးလ် ကို တောင်းပါလိမ့်မယ်။ ဖြည့်ပေးပြီး Install WordPress နှိပ်ပေးလိုက်ရင် Success! ဆိုပြီး Admin username နဲ့ Password ပေးပါလိမ့်မယ်။ WordPress Manual Install လုပ်ခြင်း ပြီးဆုံး အောင်မြင်ပါပြီ။

Sorry, I can't write to the directory. ဆိုပြီး error တတ်လာခဲ့ရင် အဆင့်(၄.၆)မှာ root directory permission ပြောင်းပေးတာကို ပြန်စစ်ဆေး ကြည့်ရပါမယ်။

Myanmar WordPress Blog Handbook

20 

အခန်း(၂) ။ ။ Changing WordPress Settings WordPress Blog တည်ဆောက်ပြီးသွားရင် WordPress setting တွေမှ သင့်လျှော်အောင် ပြောင်းလဲပေးရပါမယ်။ ဒီအခန်းမှာ User Profile နဲ့ Permalinks အကြောင်းကို တင်ပြပေးမှာဖြစ်ပြီး ကျန် General, Writing, Reading, Discussion, Privacy, Miscellaneous Setting များကတော့ ထူးခြားမှု သိပ်မရှိပဲ လွယ်လွယ် နားလည်နိုင်တာကြောင့် ချန်ထားခဲ့ပါမယ်။

(၁) ။ ။ Profile and Personal Options WordPress login ၀င်ရောက်ပြီး Dashbord / Users / Your Profile ကို ၀င်ပါမယ်။

(၁.၁) New Password မှာ လိုချင်တဲ့ Password ကိုပြောင်းပေးနိုင်ပါတယ်။ (၁.၂) Nickname မှာ ပို့စ်ရေးသားသူ နေရာမှာ admin အစား ဖော်ပြစေချင်သလို ပေးလို့ရပါတယ်။ Save တစ်ခါလုပ်ပြီးမှ Display name publicly as ဆိုတဲ့နေရာမှာ admin အစား ပေးထားတဲ့ Nickname ကိုပြောင်းပေးရမှာ ဖြစ်ပါတယ်။

Myanmar WordPress Blog Handbook

21 

(၂) ။ ။ Setting / Permalinks Permalinks Structure ဆိုတာ ဘလော့ဂ်က ပို့စ်တွေရဲ့ Url ပုံစံ ဖြစ်ပါတယ်။ Default Permalinks ပုံစံကို ပုံမှာ ပြထားပေး ပါတယ်။

ဒီလိုပုံစံမျိုးမှာ အားနည်းချက် ၂ ခုရှိပါတယ်။ ဥပမာ ဘလော့ဂ်က ပို့စ် တစ်ခုမှာ အခြား ပို့စ် တစ်ခုကို (အပိုင်း-၁ ကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါသည်) ဆိုပြီး လင့်ခ် နဲ့ ပြန်ညွှန်းထားတယ် ဆိုကြပါစို့။ ပုံမှန်အတိုင်းမှာ ဘာမှ ထူးခြားမှု မရှိပေမယ့် Hosting ပြောင်းမယ် ဆိုရင် ပြသနာ တတ်ပါတော့တယ်။ Hosting အသစ်ကို ပို့စ် တွေ Import လုပ်လိုက်တဲ့အခါ Url လိပ်စာ ဖြစ်တဲ့ /?p=xxx ဆိုတဲ့ ID ပြောင်းသွားလို့ဖြစ်ပါတယ်။ ဒါကြောင့် ညွှန်းထားတဲ့ လင့်ခ် တွေ အလုပ်လုပ်တော့မှာ မဟုတ်ပါဘူး။ နောက်အားနည်းချက်တစ်ခုက Search engine တွေ အတွက်ဖြစ်ပါတယ်။ ပို့စ် ရဲ့ Url ဟာ ID နံပါတ်နဲ့ဆိုတော့ ပို့စ် မှာ ရေးသားထားတဲ့ အကြောင်းအရာနဲ့ Url ဟာ ဘာမှမသက်ဆို သလိုဖြစ်နေလို့ပါပဲ။

ပိုမိုကောင်းမွန်တဲ့ နည်းကတော့ Permalink ကို Custom Structure မှာ /%postname%/ ဆိုပြီး Url လိပ်စာကို Post name နဲ့ပေးလိုက်ခြင်းပါပဲ။

Myanmar WordPress Blog Handbook

22 

ဒီလိုမျိုး ဆိုရင် အထက်က အားနည်းချက် ၂ ခုစလုံးကို ဖြေရှင်းပြီးသား ဖြစ်သွားပါမယ်။ ဒါပေမယ့် သူ့မှာလဲ အားနည်းချက်တွေ ရှိပြန်ပါတယ်။ ၁။ ကိုယ်ပိုင် ဒိုမိန်းနိမ်း မဟုတ်ပဲ Hosting တွေရဲ့ ဖရီးဆပ်ဒိုမိန်းတွေ သုံးထားတာ ဆိုရင် ဒိုမိန်းနိမ်း ပြောင်းသွားတဲ့ အတွက် ပို့စ် လင့်ခ် တွေလဲ ဘာမှ ထူးခြားမှာ မဟုတ်ပါဘူး။ ၂။ Post name ကို မြန်မာလိုပေးမယ်ဆိုရင် Url လိပ်စာဟာ ပြထားသလို ပုံစံမျိုးနဲ့ အရှည်ကြီး ထွက်လာမှာ ဖြစ်ပါတယ်။

အဲဒီလို မဖြစ်ရအောင် မြန်မာစာ ခေါင်းစဉ်နဲ့ ပို့စ် ရေးတိုင်း Post slug ကို ပြောင်းပေးရပါမယ်။

အားနည်းချက် အားသာချက် ကိုယ်စီရှိတာကြောင့် မိမိတို့နဲ့ သင့်တော်တဲ့ ပုံစံကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

Myanmar WordPress Blog Handbook

23 

အခန်း(၃) ။ ။ WordPress Themes နဲ့ မြန်မာစာ WordPress လူသုံးများရခြင်း အကြောင်းတွေထဲမှာ Free Themes များ ရွေးချယ်လို့ မကုန်မခန်းနိုင်အောင် ပေါများလှခြင်းလဲ တစ်ခုအပါအ၀င်ပါပဲ။ နှိုင်းယှဉ်ပြီးပြောရမယ်ဆိုရင် Blogspot က လှတပတ ရှိတဲ့ Template အားလုံးလိုလိုဟာ WordPress Themes တွေကနေ ခိုးချထားတာတွေကြီးပါပဲ ☺ ။ WordPress Themes တွေကို http://www.wpthemesfree.com/ http://themes.wordpress.net/ http://www.blogstheme.com/ http://www.wpthemespot.com/ စတဲ့ Website တွေမှာ နှစ်သက်ရာ ရယူအသုံးပြုနိုင်ပါတယ်။ ကိုမှော်ဆရာရဲ့ http://mbl0gger.net ဘလော့ဂ် မှာလဲ လက်ရွေးစဉ် Themes အချို့ကို တင်ပြပေးပါတယ်။

(၁) မြန်မာဖောင့် Assign ပြုလုပ်ခြင်း Themes တွေမှာ မြန်မာစာ အဆင်ပြေပြေ မြင်တွေ့ရစေဖို့အတွက် မြန်မာဖေါင့် ကို Assign လုပ်ပေးဖို့ လိုအပ်ပါတယ်။ အသုံးအများဆုံး ဇော်ဂျီဖောင့်ဖြစ်ဖြစ် အခြားနှစ်သက်ရာ ဖောင့်တွေကိုပဲ ဖြစ်ဖြစ် ပြုလုပ်ပေးနိုင်ပါတယ်။ အသုံးပြုမယ့် Theme ကို ဒေါင်းလုပ်ချ ဇစ်ဖြေပါ။ Style.css ဆိုတဲ့ ဖိုင်ကို ရှာဖွေပါ။ Notepad သို့မဟုတ် နှစ်သက်ရာ Text editor တခုခုမှာဖွင့်ပြီး search နဲ့ font , font-family အစရှိတဲ့ code တွေကို တလိုင်းချင်း လိုက်ကြည့်ပါ။ font name ကို assign လုပ်ထားတဲ့ Arial , Trebuchet , Sans Serif, Verdana အစရှိတဲ့ ဖောင့်နာမည်တွေရဲ့ အရှေ့မှာ Zawgyi-one, ဆိုပြီး ထပ်ဖြည့်ပေးလိုက်ပါ။ အနည်းငယ်သော Themes အချို့မှာ Sytle.css အပြင် အခြား နာမည်နဲ့ css ဖိုင်တွေ ရှိတတ်ပါတယ်။ အဲဒီမှာလဲ Zawgyi-one ဖြည့်ပေးလိုက်ပါ။

ဒါဆိုရင်

အားလုးံ

အဆင်ပြေပါပြီ။

ကိုတော့ http://mmwordpress.com မှာ ရယူနိုင်ပါတယ်။

ဇော်ဂျီဖောင့်

Assign

လုပ်ပြီးသား

Themes

အချို့

Myanmar WordPress Blog Handbook

24 

(၂) WordPress Theme ပြောင်းခြင်း Themes တွေဟာ အိမ်အလှပြင် ပစ္စည်းတွေနဲ့ ဥပမာ ပေးချင်ပါတယ်။ ဒါကြောင့် Themes ပြောင်းမယ်ဆိုရင် အရင်ဆုံး အိမ်ထဲရောက်အောင် (Hosting) ပို့ပေးရပါမယ်။ အသုံးပြုဖို့ ရည်ရွယ်ထားတဲ့ Themes တွေကို ဇစ်ဖြေ မြန်မာဖောင့် Assign လုပ်ပြီး /wp-content/themes ထဲကို upload တင်ပေးပါရမယ်။ FTP နဲ့ဖြစ်ဖြစ် Hosting က File Manager နဲ့ ဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ ပြီးရင် Dashboard / Design / Themes မှာ အသုံးမယ့် Theme ကိုရွေးချယ် ပေးယုံပါပဲ။

Myanmar WordPress Blog Handbook

25 

အခန်း(၄) ။ ။ Plugins Plugins တွေဟာ WordPress ကို စွမ်းဆောင်ရည် အမျိုးမျိုး ပိုမိုထက်မြက်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ Gallery blog လုပ်မလား၊ E-commerce site ပဲပြောင်းဦးမလား၊ Magazine Style ပဲလုပ်ချင်လား Plugins တွေသုံးပြီး ပြုလုပ်နိုင်ပါတယ်။ Plugins တွေကို http://wordpress.org/extend/plugins/ http://wp-plugins.net/beta/ http://alexking.org/projects/wordpress http://www.quickonlinetips.com/archives/2007/12/best-wordpress-plugins-for-power-blogging/ စတဲ့ Site တွေမှာ နှစ်သက်ရာ ရယူနိုင်ပါတယ်။ အသုံးပြုမယ့် Plugins တွေကို Themes တွေအတိုင်း ဒေါင်းလုပ်ချ ဇစ်ဖြေပြီး /wp-content/plugins directory ထဲကို upload တင်ပေးရပါမယ်။

Myanmar WordPress Blog Handbook

26 

Plug-in ဖိုင်တွေ ရောက်သွားပြီဆိုရင် Dashboard / Plugins မှာ အသုံးပြုမယ့် Plugins တွေကို Activate ပြုလုပ်ပေးပါမယ်။ အဆင်မပြေ မသုံချင်တော့တဲ့ Plugins တွေကို Deactivate နဲ့ ပြန်ပိတ်ထားနိုင်ပါတယ်။

Plugins အများစုမှာ သင့်လျှော်အောင် Setting တွေ ပြောင်းပေးရပါတယ်၊ လိုအပ်တာတွေ ဖြည့်ပေးရ တတ်ပါတယ်။ Plugin ကို Activate လုပ်လိုက်ပြီးရင် သူနဲ့ပါတ်သက်တဲ့ Settings တွေကို Dashoard / Plugins အောက်မှာသော်၎င်း၊ Dashborad / Manage

အောက်မှာသော်၎င်း

ထားရှိတတ်ပါတယ်။

Plugin

တစ်ခုချင်းစီအလိုက်

ကွဲပြားမှုရှိပါတယ်။

အသေးစိတ်

အချက်အလက်တွေကို Plugin နှင့်အတူပါလာသော Readme တွင်၎င်း၊ Plugin developer website တွင်၎င်း ဖတ်ရှု အသုံးပြု နိုင်ပါတယ်။

Related Documents


More Documents from "daryono"

Information 1
December 2019 34
Tim It Hay Story
December 2019 28
Battle Report 1-09
April 2020 24
Sg
December 2019 40
Storyofmgkyawandtimothy
December 2019 26