Journalkyaw Ma Ma Lay - Pyo Lay Doc Eain Roof

  • Uploaded by: weenyin
  • 0
  • 0
  • December 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Journalkyaw Ma Ma Lay - Pyo Lay Doc Eain Roof as PDF for free.

More details

  • Words: 1,384
  • Pages: 7
Guest. It's 01:24 AM - Myanmar time.

Join or Sign In | Download Myanmar Font

User Interactive

Post your own poems & short stories

Book Shop

Page : 1

ပျိုလေးတို့အိမ်ခေါင်မိုး ဂျာနယ်ကျော်မမလေး [1974 - hits]

သာလိကု သ် ည်လ့  ဟု လူတငိုး ၏ပါးစပ်ဖျား၌ ပြောကြရသော ညဖြစ်၏။ ခုတင်ပေါ်၌ လဲလျောင်းနေသော

အ၀င်း၏ကိုယ်ပေါ်၌လရောင်သည် ရွှန်းစိုလျက် ရှိနေ၏။ လရောင်ဆမ်းထားသော အ၀င်း၏အသည်းနှလုံးတို့သည်

ဆီထဲတငွ် နှစ်စိမ်ထားသော ဂွမ်းပုံကဲ့သို့ အတိုင်းမသိ နူးညံ့ပျောင်းအိနေလေသည်။ ငွေလရောင်ထဲ၌ မိန်းမောကြည်နူးနေစဉ်တွင်း အဝေးမှ

လွင့လ်ာသော တယောသံကို သဲသ့ြဲ့ ကားရစပြုသည်။ အ၀င်းသည် ရင်ထဲ၌ သိမ့်ခနဲနေအောင် ဖိုသွားသည်။ လှိုက်ဖိုကာ အသက်ရှူမမှန်ခြင်းကို သတိရတစ်ချက် မရတစ်ချက်ဖြင့် တယောသံမှာ နီးကပ်လာလေသည်။ လက်မောင်းပေါ်၌ တယောကိုတင်လျက် ခေါင်းငိုက်ငိုက်ထား၍ ဆွဲငင်ထိုးနေဟန်ကို ဒက်ခနဲ မြင်လိုက်ရသည်။ တယောထိုးသူ၏ ပုံပန်းသဏ္ဍာန်မှာ အ၀င်းစိတ်ကြိုက်အတိုင်း ရုပ်ရှင်မင်းသားနှင့် တူလေသည်။ အ၀င်း၏ မျက်လုံးထဲတွင် သူ့လောက်ချောသူမရှိဟု ထင်လေသည်။ ဗိုလ်ကေဖြီးပုံမှာ

ဘယ်ကာလသားနှင့်မှ ပုံစံမတူအောင် ဖြီးသည်။ ရှေ့ကအမောက်ကလေး ထောင်ထားကာ နောက်လှန်၍ ဖြီးချထားပုံသည် ချပ်ချပ်ရပ်ရပ်ရှိလွန်းသဖြင့် မျက်လုးံ ထဲ၌ ဗိလု ဆ်ေံ တာက်ပစုံ ကိုံ စွဲနေသည်။

မျက်လုံးမျက်ဖန်ကောင်းသည်မှာ အထူးပြောစရာမရှိ။ အမှန်မှာ ခပ်ညုညုနှင့် ကြာပေး၍ ကြည့်လေ့ရှိသော အကြည့်ကို စွဲမက်နေခြင်းဖြင့်

မျက်လုံးမျက်ဖန်ကောင်းလှသည်ဟု ထင်မှတ်နှစ်သက်နေခြင်းဖြစ်သည်။ ရှေ့တည့်တည့်က ကြည့်ရသည်ထက် ဘေးစောင်းကြည့်ရသော သူ့နှာခေါင်းက ပို၍ ပေါ်လှသည်။

အချိုးကျကျ ချွန်၍ နေသော နှာခေါင်းသည် အ၀င်းစိတ်ကြိုက်နှင့် အတွေ့ဆုံးဖြစ်သည်။ ရယ်လိုက်လျှင် သူ့နှုတ်ခမ်းပါးကလေး ပင့်သွားကာ ရွှေသွားများပေါ်သွားတတ်သည်။ အ၀င်းမှာ ရွှေသွားကို ကြိုက်လှသည်တော့မဟုတ် ဇာတ်မင်းသား ဆန်သလိုလို ထင်မိသည်။

ရွှေသွားတွေမပေါ်အောင် ပြုံးရုံပဲ ပြုံးခိုင်းမည်ဟု အလိုမကျသော စိတ်ကို ဖြေဖျောက်ပစ်၏။ အရပ်အမောင်းနှင့် ပတ်သက်၍ သူလိုငါလို

မနိမ့်မမြင့်ထဲက ဖြစ်သည့်အတွက် ထူးထူးခြားခြား အမှတ်မထားမိချေ။ ပိုးပုဆိုးတစ်ပတ်ရစ်ကို အမြဲဝတ်တတ်လျက် လက်ကုငိ ပ် ၀ါဖြူကို လည်ပင်းချည်တတ်သော အလေ့ရှိသဖြင့် သည်ဟာကိုတော့ ထူးထူးခြားခြား အမှတ်ထားခဲ့သည်။

အ၀င်းသည် ခုတင်ပေါ်မှ ထ၍မကြည့်သော်လည်း ပိုးပုဆိုး တစ်ပတ်ရစ်နှင့် လက်ကိုင်ပ၀ါလည်ပင်းချည်၍ တယောထိုးလာသည့် ပုံပန်းသဏ္ဍာန်ကို ကွင်း ခနဲ ကွက်ခနဲ မြင်နေရသည်။

"ပျိုလေးတို့ အိမ်ခေါင်မိုး ထိုးလာပါတဲ့ ပေဖူးလွှာ ဘာစာတဲ့လေး" အိမ်ရှေ့နားရောက်ခါနီးမှ တယောသံနှင့်အတူ သူ အသံထွက်ပေါ်လာသည်။ အ၀င်းမှာသူ့အသံကို ကြားလိုက်ရုံနှင့် တစ်ကိုယ်လုံး

သိမသ့ိမ့တ် န်ုသွားလေသည်။ လက်ဖျားခြေဖျားတွေ အေးစက်သွားလျက် ရင်ထဲတငွ် တလှပလှ်ပ် ဖြစ်လာသည်။ စောစောက ငွေလရောင်

ပက်ဆမ်းထားသော အသည်းနှလုံးတို့သည် သီချင်းသံ လွှမ်းဖုံးသွား၍ သိမ်းကြုံးဆွဲငင်ထားသလို ဖိန်းခနဲ ရှိန်းခနဲနှင့် မပြောတတ်သော ဝေဒနာတစ်မျိုး ဖြစ်ပေါ်လာသည်။ ဘယ်သူ့အသံနှင့်မှ မတူအောင် သူ့အသံထဲတွင် ထူးခြားသော အဆွဲအငင်ဓာတ်တစ်မျိုး ရှိသည်ဟု ယူဆမိသည်။ အသံကို

တွန့်ကာတွန့်ကာ ဆွဲငင်ဆိုလိုက်သည့်အခါများဆိုလျှင် အ၀င်းမှာ နားဝင်စိမ့်သလောက် အသည်းခိုင်အောင် ဖိန်းခနဲ ရှိန်းခနဲ ဝေဒနာရစမြဲဖြစ်သည်။ အ၀င်းသည် သီချင်းသံကို နားစိုက်ထားလျက် အကြည်ဆိုက်ကာ ဖိန်းခနဲ ရှိန်းခနဲ ဖြစ်နေရင်းမှ ဒီနေ့ည သူ့နောက်သို့ လိုက်ပြေးတော့မည့် အချိန်းအချက်ကိုလည်း သတိရှိနေသည်။

ငွေလရောင်ထဲတငွ် တစ်ဦးကိုတစ်ဦး တင်းတင်းဖက်ကာ ပြေးကြမည့်ပုံကို မြင်ယောင်ကြည့်လိုက်သည်။ ခေါင်းလိမ်းဆီနံ့လိုလို၊ ရေမွှေးနံ့လိုလို ပြေးရင်းလွှားရင်း မွှေးကြိုင်နေမည့် သူ့ကိုယ်နံ့ကို ရှူရှိုက်ကြည့်မိသည်။ အ၀င်းမှာ ရင်ခုန်လာသည်။ တအားဖက်ထားသော သူ့လက်မောင်း၏ အထိအတွေ့ကို ခံစားကြည့်မိသည်။ ယခုပင်လာ၍ ဖက်ထားသလို အောက်မေ့ရလျက် ပခုံးကလေးကို ကြုံ့ထားလေသည်။ အ၀င်းသည်

ရှက်သွေးဝင်ကာ ရုန်းကြည့်လိုက်သည်။ ရုန်းကာမှ အတင်းလိုက်ဖက်ကာ ပြုံးစိစိနှင့် မျက်နှာချင်းအပ် ကြည့်နေတော့သည်။ ပြုံးစိစိအကြည့်တွင် ခံတွင်းထဲမှ ရွှေရောင်လက်နေသဖြင့် အ၀င်းသည် ကြာရှည်စွာ ဆက်မတွေးချင်တော့ဘဲ တယောသံဆီသို့ အာရုံပြောင်းပစ်လိုက်သည်။

တယောသံမှာ လှမ်းသွားလေသည်။ သီချင်းသံမှာ နားထဲတငွ် ကျန်ရစ်လေသည်။ အေးမြနေသော ကိုယ်လက်တို့သည် ချက်ချင်းပူတက်လာသည်။

ရင်ထဲ၌လည်း တဒိတ်ဒိတ်ပိုခုန်သည်။ အသက်ရှူရ ကြပ်သလိုလို ပို၍ သက်ပြင်းချလိုက်လေသည်။ သက်ပြင်းချသည့်အခါ တစ်ဖက်၌ အိပ်နေသော အဒေါ်နိုး သွားမှာ ကြောက်သဖြင့် ရဲရဲပင် မချဝံ့ဘဲ မျှင်မျှင်ကလေး ချနေရလေသည်။

တယောသံ ဝေးသွား၍ သီချင်းသံပျောက်သွားသည့်အခါ အ၀င်းသည် ဘော်လီအိတ်ထဲမှ စာခေါက်တွင် ပါသော အချက်အလက်များကို

ပြန်စဉ်းစားလိက်ုသည်။ ညဦးယံက အခေါက်ပေါင်းများစွာ ဖတ်ခဲေ့  သာ စာမှာ ဘယ်အခေါက်မှ အေးအေးဆေးဆေး မဖတ်ရချေ။ လူကြီးတွေ အလစ် ခိုးကြောင်ခိုးဝှက် အပြေးအလွှားသာ ဖတ်ခဲ့ရသဖြင့် တချို့ဟာတွေကို မှတ်မိသလိုလို မမှတ်မိသလိုလို ဇဝေဇ၀ါဖြစ်လာပြန်သည်။ နံနက် ၄ နာရီ တိတိ နောက်ဖေးပေါက်က စောင့်နေမည်။ ဆင်းလာခဲ့ပါ။ မြစ်ဆိပ်မှာ သမ္ဗာန်ငှားပြီး စောင့်ခိုင်းထားမယ်။ အ၀င်းသည် စာကိုပြန်စဉ်းစား၍ မြစ်ဆိပ်ဆိုတာ ဘယ်မြစ်ဆိပ်ပါလိမ့်။ မြို့စွန်က ဆိပ်လား သင်္ဘောကပ်သည့် ဆိပ်လားဟု မသဲမကွဲ

ဇဝေဇ၀ါဖြစ်နေသည်။ နံဘေးတွင် အဒေါ်အိပေ် နသဖြင့် မီးဖွင့က်ာ စာကိလု ည်း ထမဖတ်ရေဲ ချ။ တောင်တွေးမြောက်တွေးနှင့် မရေမရာသော မြစ်ဆိပ်အကြောင်းကို မေ့ပျောက်သွားကာ သမ္ဗာန်ထဲသို့ နှစ်ယောက်အတူ ရောက်သွားပြန်သည်။

အ၀င်း၏ ကိုယ်ထဲမှ လိပ်ပြာလွင့်သွားလေသည်။ ပန်းမျိုးစုံဖူးပွင့်နေသော ပန်းဥယျာဉ်ကြီးထဲဝယ် ကြိုင်လှိုင်ထုံသင်းနေသော ပန်းရနံ့မျိုးစုံတို့ဖြင့် ကြည်နူး၍ မဆုံးနိုင်သည့် အ၀င်းလိပ်ပြာသည် ဟိုမှာ သည်မှာ ကူးလူးပျံသန်း၍ ပျော်မြူးနေလေဘိ၏။

ရုတ်တရက် အဒေါ်က ချောင်းဆိုးလိုက်သည်။ အ၀င်းသည် ဖျတ်ခနဲ လန်သ့ွားလေသည်။ သမ္ဗာန်ထဲ၌ ကြောက်အားပိ၍ု ဖိေု နသော ၇င်ကို ယောင်ယမ်း၍ ဖိမိလျက် အတန်ကြာ အသက်ရှူမှားနေလေသည်။

အသက်ကို မှန်အောင်ပြန်ရှူရင်း တစ်ချက်စဉ်းစားမိသည်မှာ သမ္ဗာန်နှင့် တစ်ဖက်ကမ်းက ရွာကိုရောက်ကြပြီးနောက် ရှေ့လျှောက်

ဘယ်လိုနေကြထိုင်ကြပါမည်နည်း။ အ၀င်းသည် သည်နေရာတွင် ရပ်တန့်သွားသည်။ ရှေ့ဆက်၍ စဉ်းစားထားခြင်း ဘာမျှ မရှိသဖြင့် ရှေ့ဆက်၍ စဉ်းစားစရာ ရှာမတွေ့ဘဲ ယောင်လည်လည် ဖြစ်နေလေသည်။

မောင်မောင်လေးဆိုလျှင် တစ်မြို့လုံးက သိကြသည်။ ဦးလေးလုပ်သူက သားအဖြစ် မွေးစားကာ ရန်ကုန်ကျောင်းတွင် သွားထားသည်။ ၁၀ တန်း

သုံးနှစ်ကျ၍ ပြန်ခေါ်ထားရသည်။ ဦးလေးမှာ စီးပွားပျက်ကာ ဆန်စက်ပိုင်ရှင်ဘ၀မှ စပါးပွစဲားလုပေ် နရသည်။ ကျောင်းလည်းမနေ အိမ်လည်းအဖော်မရ တစ်နေ့တစ်နေ့ ပိုးပုဆိုးတစ်ပတ်ရစ်ဝတ်လျက် လက်ကိုင်ပ၀ါ လည်ပင်းချည်ကာ လတ်လျားလတ်လျား သွားနေသောသူမနှ်း အ၀င်းမသိ၍တော့ မဟုတ်။ ဖဲဝိုင်းကောင်းလျှင် ဖဲဝင်ရိုက်သည်။ တီးဝိုင်းတွေ့လျှင် တယောကောက်ထိုးတတ်သော မောင်မောင်လေးအကြောင်းကို ကောင်းကောင်းသိသည်။

အ၀င်းသည် တစ်ဖက်ကမ်းရောက်သွားပြီးနောက် ရှေ့ဆက်၍ မစဉ်းစားတတ်ဘဲ ယောင်လည်လည်ဖြစ်နေရင်း ဗြုံးခနဲ အကြံတစ်ခုပေါ်လာသည်။ စုံမှိတ်ထားသော မျက်လုံးကို မဖွင့်ဘဲ မျက်ခုံးနှစ်ဖက်ကို အထက်သို့ပင့်၍ တင်ကာ သက်ပြင်းကို မျှဉ်းချလျက် ပြုံးလိုက်လေသည်။ လက်ဝတ်လက်စားတွေ ရှိသားပဲ။

အ၀င်းကိုယ်တွင် ၀တ်ဆင်ထားသော လက်ဝတ်လက်စားများသည် ကာလတန်ဖိုး ငါးထောင်လောက်တန်သည်။ စိန်နားကပ်၊ စိန်လက်စွပ်၊ စိန်ကြိုးနှင့် ရွှေလက်ကောက် ခုနစ်ကွင်းသည် အ၀င်းကို စိတ်သက်သာရာရအောင် အားသွင်းပေးနေကြသည်။ စိန်နားကပ်ရောင်းလိုက်မည်။

စိန်ကြိုးရောင်းလိုက်မည်။ မရောက်ဖူးသော မန္တလေးကို လေယာဉ်ပျံနှင့် သွားတောင်လည်နိုင်သည်။ အ၀င်းသည် လေယာဉ်ပျံနှင့် ခရီးသွားအံ့ဆဲဆဲ ဂတ်တဲမှ သံချောင်းခေါက်သံ ကြားလိုက်ရသည်။ သံချောင်းသံကို နားစိုက်ကာ ရေမှတ်ကြည့်သည်။ ဆယ့်တစ်ချက်ခေါက်သွားပြီး သံချောင်းသံကို နားစိုက်ကာ ရေမှတ်ကြည့်သည်။ ဆယ့်တစ်ချက်ခေါက်သွားပြီး သံချောင်းသံ ပျောက်သွားသည်။ အ၀င်းမှာ နောက်ထပ် အသံလာနိုးနိုးနှင့် စောင့်ဆိုင်းနေရင်း သံချောင်းသံ ထွက်ပေါ်လာသော ဂတ်ထဲကို မျက်စိထဲ၌ မြင်ယောင်သွားသည်။ ခေါင်းထဲတွင် မိုက်ခနဲ ဖြစ်သွားလေ၏။ လက်ဝတ်လက်စားများ ယူသွား၍ မိဘတွေက ဘယ်နည်းနည်းနှင့်မျှ ကြည့်နေကြမည်မဟုတ်။ အလိုလိုကမှ သူနှင့်လိုက်ပြေး၍

သဘောမတူရသည်အ့  ထဲ လက်ဝတ်လက်စားတွေပါ ယူပြေးလျှင် လူကြီးတွေက ဂတ်ကို သွားတိငုြ် ကမှာ သေချာသည်။ အသက် ၁၇ နှစ်ရှိ၍ ဥပဒေကြောင်းနှင့် လွတ်သော်လည်း လက် ၀တလက်စားတွေက ဒုက္ခပေးနိုင်သည်။ ပိုးပုဆိုးတစ်ပတ်ရစ်နှင့် လက်ကိုင်ပ၀ါ လည်ပင်းစည်းထားသော

မောင်မောင်လေး၏ ရုပ်ပုံမှာ လက်ထိပ်ကားရားနှင့် ဖြစ်သွားလေ၏။ အ၀င်းမှာ ခေါင်းနားပန်း ကြီးသွားလေသည်။ ဒါတွေထားခဲ့မှ ထားခဲ့မှဟု စိတ်ထဲမှ ရေရွတ်လျက် စိန်ဆြွဲ ကိုးကို ဆုတ်ကိုင်ရာ ရင်ထဲ တဒိတ်ဒိတ်ခုန်နေခြင်းကို သတိထားလိုက်မိလေသည်။

လရောင်မှာ သာချင်တိုင်း သာနေတော့သည်။ ညဉ့်နက်လေ ပို၍ သာလာလေသည်။ အိပ်ခန်းတစ်ခန်းလုံး လင်းထိန်လျက်ရှိ၏။ တစ်အိမ်လုံး အပ်ကျသည်ကိုပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်နေ၏။ အ၀င်းသည် အခန်းကို ပတ်ချာလှည၍့် ကြည်က့ာ ဤ အိမြ် ကီးနှင့် ခွဲခွာ၍

သွားရတော့မည့်အသိကို ခံစားမိသည်။ အထူးသဖြင့် သူ့အိပ်ခန်းမှာ အမှတ်ရစရာ ဖြစ်နေသည်။ ငယ်စဉ်ကတည်းက သည်အိပ်ခန်းထဲတငွ်

သည်အဒေါ်နှင့်အတူတူအိပ်ခဲ့သည်။ အဒေါ်ကိုလည်း ချစ်သည်။ မောင်မောင်လေး ပေးသောစာကို အဒေါ်မိသွားစဉ်က 'ရေထမ်းသမားနဲ့ယူရင် နင့်ကို

ရေထမ်းကျွေးလိမ့်ဦးမယ်။ ဒီလို လတ်လျားလတ်လျား ပေါ်ကြော့လုပ်နေတဲ့ အကောင်က နင့်ကို ထမင်းတစ်လုတ် ကျွေးနိုင်လိမ့်မယ် ထင်လို့လား' ဟု လက်ညှိုး ငေါက်ငေါက်ထိုးကာ ပြောဆိုသည်ကို အမှတ်ရမိသည်။ အ၀င်းသည် အဒေါ့်ဘက်သို့ အသာလှည့်ကြည့်လိုက်၏။ ယောက်ျားနှင့်

ပတ်သက်လျှင် အရှက်အကြောက်ကြီးသော အဒေါ်အပျိုကြီး၏ ဘ၀ကို စဉ်းစားကြည့်လေသည်။ တဆိတ်ရှိ "မိန်းမဆိုတာ အရှက်နဲ့လူလုပ်တာ

အသက်နဲ့ လူလုပ်တာမဟုတ်ဘူး"ဟု ဗျစ်တောက်ဗျစ်တောက် ပြောတတ်သော အဒေါ်ကို ပြုံးကြည့်လိုက်လေသည်။ "နက်ဖြန် ငါမရှိရင် ငါ့အစား သူဘယ်လောက် ရှကလ် ကိုမလဲ"ဟု တွေးနေခိကု အဝေးမှ တယောသံ တစ်ပတ်ကျော့လာပြန်သည်။

အ၀င်းသည် ဆတ်ခနဲ အောက်နှုတ်ခမ်းကို ကိုက်လိုက်လေသည်။ ဒီတစ်ချီ တယောသံမှာ နားထဲတငွ် ခါးသွားလေသည်။

ဘာဖြစ်လို့မှာ တစ်ခေါက်ပြန်လာရပါလိမ့်။ သူလုပ်တာနဲ့ လူကြီးတွေ ရိပ်မိကုန်တော့မယ်။ အ၀င်းသည် မောင်မောင်လေးကို စိတ်ဆိုးသွားသည်။ သူလုပ်လိုက်မှဖြင့် သည်လိုချည်းပဲဟု စိတ်ပေါက်လာသည်။ စိတ်ပေါက်သွား၍ စိတ်နှင့်

မတွေ့ခဲသော အချက်ကလေးတွေမှာ အလျှိုလျှိုပေါ်လာလေသည်။ အ၀င်းကျောင်းတက်လျှ င် နောက်က တကောက်ကောက် လိက်ုတတ်သည်။ ဈေးသွားလျှင်လည်း နောက်က လိုက်လာကာ မြင်နိုင်လောက်သော လက်ဖက်ရည်ဆိုင်မှ ကိုယ်ယောင်ပြနေတတ်သည်။ အဒေါ်ပါလာမှန်းသိလျက် လူကို အငမ်းမရကြည့်ကာ လစ်လျှင်လစ်သလို ပြုံးစိစိနှင့် လျှာထုတ်၍ပြတတ်သည်။ အ၀င်းမှာ ရုပက် လေးကိသုာ စွဲ၍ သဘောကျနေကာ သူ့အမူအရာတွေကိုတော့ စိတ်နှင့် မတွေ့ရိုးအမှန်ဖြစ်သည်။

တယောသံမှာ အိမ်နားသို့ နီးကပ်လာသည်။ အိမ်ရှေ့ရောက်ခါမှာ သူ့သီချင်းသံ ထွက်ပေါ်လာသည်။ "ပျိုလေးတို့ အိမ်ခေါင်မိုး၊ ထိုးလာပါတဲ့ ပေဖူးလွှာ ဘာစာတဲ့လေး" သူ သီချင်းသံနှင့်အတူ ခေါင်းရင်းခန်းမှ ဖခင်၏ ချောင်းသံကိုပါ တစ်ဆက်တည်း ကြားလိုက်ရသည်။ အစ်ကိုနှစ်ယောက် အိပ်နေသော အလယ်ခန်းမှ လှုပ်လှုပ်ရှားရှား အသံများ ထွက်လာကြသည်။ အပြင်ဘက်မှ တယောသံ စီစီညံညံနှင့် အိမ်ထဲမှ အသံဗလံများ လုံးထွေးသွားကာ သူ့နားထဲသို့ ၀ရုန်းသုန်းကား ၀င်ရောက်လာသည်။ အ၀င်းမှာ အသက်ရှူမှားသွားလေသည်။

စိတ်မရှည်နိုင်တော့သည့်အလား တယောသံတွေ မြန်မြန်ဝေးသွားစေချင်သည်။ တယောသံဝေးသွားရန် အကြာကြီးစောင့်ရသည်ဟု ထင်မိသည်။ အကြာကြီးစောင့်နေရခိုက် တယောသံကို ကြားနေရသည်မှာ မခံမရပ်နိုင်လောက်အောင်ပင် ဖြစ်လာလေသည်။ နားတစ်ဖက်က အဖေတို့အခန်းနှင့် အစ်ကိုများရှိရာ အခန်းမှ ဘာသံကြားရမလဲဟု စွင့်ထားစဉ် ချွေးပြန်လာလေသည်။ လမ်းပေါ်က အသံနှင့် အိမ်ပေါ်က အသံများ ထွေးလုံးရစ်ပတ် ဖြစ်သွားစဉ်က တစ်ဦးတစ်ယောက် ထလာကာ အခန်းတံခါးကို လာတွန်းသလိုလိုပင် စိတ်ထဲ၌ ထင်ယောင်ထင်မှား ဖြစ်မိသေးသည်။ တယောသံလည်းပျောက် အိမ်ထဲကလည်း ဘာသံညာသံမှ မကြားရမှ အ၀င်းသည် အသက်ဖြောင့်ဖြောင့် ရှူနိုင်သွားတော့သည်။ တယောသံပျောက်သွားသော်လည်း နားထဲတငွ် ဖခင်၏ ချောင်းဆိုးသံကြီး မပျောက်နိုင်ဘဲ စွဲကျန်ရစ်ပြန်၏။

မျက်ထောင့်နီကြီးနှင့် မျက်မှောင်ကြုတ်၍ ထားသော ဖခင်ကြီးသည် စိတ်ဆိုးမာန်ဆိုးနှင့် စိုက်ကြည့်နေသည်။ အ၀င်းမှာ နေစရာမရှိအောင် ဖြစ်သွားလေသည်။ အမေဆယ်ခါကြိမ်းသည်ထက် အဖေတစ်ကြိမ်တစ်ခါ မျက်နှာထားတင်းသည်ကို ပိုကြောက်ရသည်။ အဖေသာမဟုတ်

အစ်ကိုနှစ်ယောက်ကပါ စားမတတ်ဝါးမတတ် ဒေါသတကြီး ကြည်ေ့  နကြသည်။ အ၀င်းမှာ ဒေါသ ချောင်းချောင်းထွက်နေကြသော မျက်လုံးဒဏ်ကို မခံနိုင်ရကား မျက်စိထဲက မြန်မြန်ပျောက်ကုန်အောင် ဖျောက်ဖျက်ပစ်ယူရသည်။

နံနက်မိုးသောက်စ ဤအိမ်တွင် သူမရှိမှန်း သိသိချင်း တစ်အိမ်သားလုံး ယောက်ယက်ခတ်နေကြမည့် ပုံသဏ္ဍာန်သည် ပေါ်လာပြန်လေသည်။ လူစေ့တက်စေ့ ဒေါသထွက်နေကြသော မျက်နှာအသီးသီးတွင် မျက်ရည်စက်လက်နှင့် ကရုဏာဒေါသော ဖြစ်နေသော အဒေါ်၏ မျက်နှာမှာ

စိတ်ထိခိုက်စရာ ကောင်းနေသည်။ အ၀င်းခေါင်းထဲတွင် ဗြုန်းခနဲ မဆီမဆိုင် အတွေးတစ်ခု ရောက်လာသည်။ အိမ်ရှိလူထဲမှ တစ်ဦးတစ်ယောက် အသက်ပျောက်သွားသဖြင့် အပူမီးကပ်ကြကာ နံနက်စောစော ဒေါင်းတောက် ဗျာများနေကြသော မသာအိမ်ကို သွားတွေးနေမိသည်။ ဒီလိပဲု နေမှာလားဟု ထင်မြင်ကြည့်မိသည်။

အ၀င်း လင်နောက်လိုက်သွား၍ အိမ်သားတစ်ယောက် လျော့သွားသော အိမ်ကြီးမှာ ညှိုးမှိုင်ခြောက်ကပ်သွားကာ မသာမယာဖြစ်နေသည်။ စောစောပိုင်းတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသလောက် အသံများ တစ်စတစ်စ ငြိမ်သက်သွားကာ မျက်စိမျက်နှာပျက်လျက် ငိုင်မှိုင်နေကြပုံကို တွေးကြည့်မိသည်။ အ၀င်းသည် ချက်ချင်းစိတ်မကောင်းဖြစ်သွားကာ သနားသွားလေသည်။ လမ်းမှ မထွက်ရဲအောင် ဖြစ်ကြမည့်

အစ်ကိုနှစ်ယောက်၏ မျက်နှာကို မကြည့်ဝံ့သလောက်ပင် မျက်နှာပူလာသည်။ အမေကသာ မိုးမွှန်အောင် ဒေါသကြီးနေလျက် အဖေမှာ

တောက်တစ်ခေါက်ခေါက်နှင့် မျက်နှာကြီး ပုပ်သိုးထားကာ အိမ်ထဲတွင် နေစရာ ထိုင်စရာ မရှိအောင် ဖြစ်နေရှာမှာကိုတော့ အတတ်သိနေသည်။ အ၀င်းသည် မျက်လုံးဖွင့်လိုက်ကာ အိမ်ကြီးကို တွယ်တွယ်တာတာကြည့်လိုက်မိသည်။ သူ့မျက်လုံးထဲတွင် မျက်ရည်များ လည်နေလျက်

လှိုက်ဖိုလာလေသည်။ အ၀င်းမျက်ရည်လည်နေသလို မျက်ရည်စမ်းစမ်းနှင့် ညှိုးမှိုင်နေသော မောင်မောင်လေး၏ မျက်နှာသည် ပေါ်လာပြန်သည်။ မောင်မောင်လေး၏ မေတ္တာစာများထဲတငွ် သတ်သေရပါလိမ့်မည်ဟူသော စကားလုံးများမှာ အစောင်တိုင်း ထပ်နေရာ သူဆင်းမလိုက်လျှင် သူ့ကိုယ်သူများ သတ်သေမလားဟု ပူပန်သောက ရောက်သွားရပြန်သည်။

ဂတ်ထဲမှ သံချောင်းနှစ်ချက် ခေါက်လိုက်လေသည်။ အ၀င်းမှာ အချိန်နီးပြီဟု ရင်ထဲတငွ် ဒိန်းခနဲ ဆောင့်သွားသည်။ တုန်ရီသောလက်များဖြင့် နားကပ်ကို ချွတ်ယူသည်။ ဆွဲကြိုးကိုဖြုတ်သည်။ လက်စွပ်ကိုချွတ်ယူလိုက်သည်။ ချွတ်ပြီးသော ပစ္စည်းများကို ခေါင်းအုံးအောက်သို့

အသာထိုးသွင်းသည်။ လက်ကောက်ခုနစ်ကွင်းကို ချွတ်သည့်အခါတွင် အသံထွက်သွားသဖြင့် အဒေါ်သည် လူးလွန့်ကာ သူ့ဘက်သို့ စောင်းလိုက်သည်။ အ၀င်းသည် အသက်ပင် မရှူဝံ့ဘဲ အသာကုတေ် နလေသည်။ လူကြီးတွေအလစ် ခက်ခက်ခဲခဲ ထုပ်ပိုး ထားရသော

အ၀တ်ထုပ်ကြီးမှာ ခုတင်အောက်ချောင်ထဲတွင် ရှိသည်။ လေးနာရီမထိုးမီ သည်အထုပ်ကြီး ဆွဲထုတ်ကာ အိမ်အောက်မီးဖိုထဲ၌ ဆင်းစောင့်နေမှဟု တွက်ကိန်းချနေသည်။

အစီအစဉ်များ ပြင်ဆင်တွက်ကိန်းချနေခိုက်မှ အိမ်ကြီးက ချော့မော့နေသည်။ "မသွားပါနဲ့ အ၀င်းရယ်၊ နင်သွားရင်တော့ ဒီအိမ်ကြီးပေါ် ပြန်တက်ရမှာ မဟုတ်ဘူး" အ၀င်းမှာ စိတ်တင်း၍ မရနိုင်အောင် ရင်ထဲ၌ ရှိုက်နေလေသည်။ တအားလျော့သွားသော စိတ်များမှာ ချောက်ချားပူပန်လာသည်။ "ပြန်မလာရဘူးဆိုတာ သိပါတယ် အိမ်ကြီးရယ်၊ သိပါတယ်" ဟု ၀မ်းပန်းတနည်း ပြန်ပြောမိသည်။ ပြောပြီး မျက်ရည်များ စီးကျလာသည်။

အချိန်နီးကပ်လေလေ လူကြီးတွေ မျက်နှာကို အိုးမည်သုတ်ကာ ထွက်သွားရမှာ သွေးလန့်လာသည်။ တစ်ဦးတည်းသော သမီးဖြစ်၍ အားလုံးထက် အဖေက သေခန်းဖြတ်မှာကို အသေအချာ တွက်မိသည်။ ဖြတ်ပေစေဟု စိတ်ကိုတင်းသည်။ စိတ်တင်းသည့်ကြားထဲက တကယ်ဖြတ်မှာကို ကြောက်ဆုတေ် ကြာက်ဆုတ် ဖြစ်လာသည်။

အ၀င်းသည် စက်သူဌေးသမီး မအေးကြည်ကို သတိရလိုက်သည်။ လင့်နောက်လိုက်သွားပြီး လူကြီးတွေက ပြန်လက်မခံဘဲ ပစ်ထားသည်။ မအေးကြည်ယောက်ျား ဂတ်စာရေးကလေး ကိုသန်းမောင်သည် ရသည့်လခ အကုန်လုံး သောက်ပစ်ကာ မယားကို တဖုန်းဖုန်း ရိုက်တတ်သည်။ ဂတ်ထဲဆီက လင်မယားရန်ဖြစ်ပြီး မအေးကြည် အော်ဟစ်ငိုသော အသံများကို တစ်ခါတစ်ခါ ကြားရသည်။ ပါသမျှပစ္စည်းများ ဖဲရိုက်ပစ်ကာ

ကလေးတစ်ယောက်နှင့် ရုပ်မပေါ်အောင် ဖြစ်နေသော မအေးကြည်ကို မြင်တိုင်း မြင်တိုင်း သူ ကဲ့ရဲ့ခဲ့သည်။ အ၀င်းသည် မအေးကြည်အကြောင်းကို ရှေ့ဆက်မတွေးမိရန် ရပ်ပစ်သည်။

မအေးကြည်အကြောင်း ရပ်ပစ်ပြီးမှ သူတို့သူတို့ အလျှို အလျှိုပေါ်လာကြပြန်သည်။ သူနှင့် ရွယ်တူတန်းတူဖြစ်ကြသည့် တစ်တန်းတည်းနေ ကျောင်းသူ အဖော်တစ်စုထဲတွင် ယစ်မျိုးဝန်ထောက် သမီးနှစ်ယောက် သူ့ကို မဲ့ရွဲ့ ကဲ့ရဲ့နေကြသည်။ သူတို့နှင့် ပွဲလမ်းသဘင်သွားလျှင် ဂုဏ်တုဂုဏ်ပြိုင်ဖြစ်သည်။ သူတို့ အကဲ့အရဲ့ကို ခံနေရသည်။ အ၀င်းသည် သူတို့နှင့်

ဝေးရာထွက်ပြေးကြည့်သည်။ သူတို့နှင့်လွတ်အောင် ရှောင်ကြည့်သည်။ ဘယ်ပြေးပြေး၊ ဘယ်ရှောင်ရှောင် ညီအစ်မနှစ်ယောက်မှာ မဲ့ကာရွဲ့ကာ မေးထိုးကာနှင့် ပြောင်လှောင် ရှုံ့ချနေကြသည်။ အ၀င်းမှာ ရှက်လနွ်း၍ လဲသေလိုက်ချင်သည်။ မင်္ဂလသုတ်ဆုရသော အချစ်ဆုံးသူငယ်ချင်း

မချစ်ရီကလည်း အဖက်မလုပ်တော့ဘဲ လူမြင်လျက်နှင့် ရှက်ကိုးရှက်ကန်းဖြင့် ချာခနဲ လှည့်သွားသည်။ မချစ်ရီမှာ အမေမရှိဘဲ အဖေအုပ်ထိန်းကာ ကြီးပြင်းလာခဲ့ရသော ရိုးရိုးသားသား နေထိုင်တတ်သူကလေး ဖြစ်သည်။ အသင့်အတင့်သာ ၀တ်စားနိုင်သူ ဖြစ်သဖြင့် သူငယ်ချင်းအားလုံးထဲတငွ်

သူ့ကို သနားကာ ပို၍ ခင်မင်မိသည်။ မချစ်ရီလေးက မခေါ်ချင်သလိုလို၊ မပြောချင်သလိုလို၊ ကျောခိုင်းသွားပုံမှာ အသည်းအနာဆုံး ဖြစ်တော့သည်။ နက်ဖြန်ည ယစ်မျိုးဝန်ထောက် သမီးနှစ်ယောက်က ဘုရားကိုးဆူကပ်၍ အိမ်သို့လာရန် ဖိတ်ထားသည်ကို သွားစဉ်းစားမိလေသည်။ အ၀င်းသည်

ဆန်းပေ့ လှပေ့ဆိုသော အ၀တ်များ ရွေးဝတ်ကာ သွားစရာရှိလျှင် အဒေါ်နှင့်သွားနေကျဖြစ်သည်။ နက်ဖြန်ညတော့ ဘယ်နည်းနဲ့မှ

သွားနိုင်တော့မည်မဟုတ်။ ဘုရားကိုးဆူအိမ်တွင် သူ့အကြောင်းကို မဲ့ကာရွဲ့ကာ ပြောဆိုကဲ့ရဲ့နေကြမည့် အသံများသည် သူ့နားဝတွင် ညံစီနေသည်။ သူ့အမေ မိတ်ဆွေများထဲမှ သမီးရှင်တစ်စု နှုတ်ခမ်းတစ်လံ ပန်းတစ်လံနှင့် အ၀င်းအကြောင်း အတင်းပြောနေကြသည်။

ခုတင်ပေါ်၌ လှေဲ လျာင်းနေသော အ၀င်းသည် လူးလွန့်လှုပ်ရှားနေသည်။ မျက်နှာကို လက်ဝါးနှင့် အုပ်လိုက်သည်။ လက်ဝါးနှင့်အုပ်ထားရာက ဆတ်ခနဲ လက်ကို ရုပ်လျက် နားနှစ်ဖက်ပေါ်တွင် အုပ်လိုက်ကာ မျက်လုံးကို တင်းတင်းကြီး မှိတ်ထားလေသည်။ ပက်လက်နေရာမှ စောင်းသွားပြန်၏။ တစ်ဖက်စောင်းရာက တစ်ဖက်သို့ ပြန်ပြောင်းစောင်းပြန်၏။ နားပိတ်ထားသော လက်နှစ်ဖက်ကို နားမှ မခွာရဲဘဲ အုပ်မြဲအုပ်ထားလေသည်။

အိပ်ရာပေါ်၌ ငါးဖယ်ပြန်သလို လူးလှိမ့်နေရင်း နောက်ဆုံး ခေါင်းအုံးပေါ်၌ မျက်နှာမှောက်ကာ အသက်ကို ဖုတ်လှိုက်ဖုတ်လှိုက် ရှူရှိုက်နေစဉ် ဂတ်တဲဆီမှာ သံချောင်းသုံးချောင်း ခေါက်လိုက်သည်။

အ၀င်းသည် ငြိမ်ကျသွားလျက် နာရီဝက်ခန့် မလှုပ်မယှက် ငြိမ်သက်နေသည်။ အိပ်ရာနံဘေး စားပွဲကလေးပေါ်မှ စားပွဲတင်နာရီ၏ တစ်ချက်ချက်

မြည်နေသော အသံမှတစ်ပါး ဘာသံကိုမျှ မကြားရချေ။ ခေါင်းရင်းခန်းမှ အိမ်မြှောင်စုတ်ထိုးသံ ပေါ်လာ၏။ အ၀င်း၏ ရင်ခုန်သံမှာ လျော့သွားလျက် အ၀င်း၏ မျက်နှာပေါ်တွင် မျက်ရည်စများ စီးကျနေသည်။

လမ်းထိပ်မှ မြည်လွင့်လာသော အသံကလေးကို သဲ့သဲ့ကြားလိုက်ရသည်။ ဤ အသံမှာ ကြေးစည်သံကလေး ဖြစ်ပေသည်။ လေးနာရီ အရုဏ်တက် ဆွမ်းထချက်ကြရန် နိဗ္ဗာန်ဆောင်တစ်သိုက်၏ ရှေ့ပြေးနှိုးဆော်သံ ဖြစ်သည်။ ကြေးစည်ရိုက်ခတ်သံကလေးသည် လေထဲတငွ် တဝေ့ဝေ့ ပျောက်ကွယသ်ွားသလို အ၀င်း၏ နှလုံးခုန်ခြင်းသည်လည်း တဖြည်းဖြည်း ငြိမ်သက်ကျသွားသည်။

"ဘွန္တော သဗ္ဗူရိသအပေါင်း သူတော်ကောင်းတို့" နိဗ္ဗာန်ဆော်များ၏ အသံသည် အိမ်ရှေ့သို့ ရောက်လာသည်။ ဤ အသံနှင့် ရောလျက်

"ပျိုလေးတို့အိမ်ခေါင်မိုး၊ ထိုးလာပါတဲ့ ပေဖူးလွှာ ဘာစာတဲ့လေး" ဟူသော တေးသံမှာ အ၀င်းနားထဲ၌ သဲသ့ဲက့  လေးမျှ ကြားယောင်မေိ တာ့သည်။ အ၀င်းသည် မလှုပေ် တာ့ချေ။

မည်မျှ အချိန်ကြာသွားသည်မသိ၊ အလင်းရောင် သမ်းကာနေသည်။ အတန်ကြာ တစ်ခဲနက် ငြိမ်သက်လျက် ရှိနေစဉ် ချောက်ခနဲ အသံကိုကြားလိုက်ရ၏။ အ၀င်းသည် ငြိမ်သက်နေရာမှ ဒိတ်ခနဲ ဖြစ်သွားသည်။ အသံမှာ ပိတ်ထားသော အိပ်ခန်းတံခါးဆီက လာသောအသံဖြစ်သည်။

ချောက်ခနဲ မြည်သောအသံနှင့် ဆက်လျက် တချွင်ချွင်ထွက်သွားသော သော့တသွဲံကို ကြားလိုက်ရသည်။ အ၀င်းမှာ မျက်လုံးကို စင်းလျက် ပါးစပ်ကလေးဟကာ ငေးကြည့်နေသည်။ သန်းခေါင်ကျော်လောက်က "ပျိုလေးတို့ အိမ်ခေါင်မိုး၊ ထိုးလာပါတဲ့ ပေဖူးလွှာ" သီချင်းသံက တစ်ပတ်ပြန်ကျော့လာစဉ် သူ့အမေက မသင်္ကာဘဲ အပြင်ဘက်မှ သော့ခတ်ထားမှန်း အခုမှ ရိပ်မိလေသည်။ ပါးစပ်ကလေး ဟထားကာ တံခါးပေါက်သို့ ငေးစိုကေ် နသော အ၀င်းသည် အသာတိတတိတ် သော့လာဖွင့၍် တချွင်ချွ င်ထွကသ်ွားသော သော့တသွဲံလေးကို သူ့အသက်ထက်ဆုံး အမှတ်ရနေလိမ့်မည်သာ ဖြစ်ပေတော့သည်။ ~~~~~~~~~~~~~~~~~~~~~ ဂျာနယ်ကျော်မမလေး

ရှုမ၀မဂ္ဂဇင်း၊ အတွဲ (၃၃)၊ အမှတ် (၁၄၈) စက်တင်ဘာလ၊ ၁၉၅၉။

Page : 1

Related Documents

Ma Lay
April 2020 27
Cont Ma Lay Prose
June 2020 25
Ma Lay A Lam
May 2020 20
Ma Lay A Lam
June 2020 17

More Documents from ""