Generation Wave's Annual Report To Public 2008 Oct 9

  • Uploaded by: BloodyAge
  • 0
  • 0
  • October 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Generation Wave's Annual Report To Public 2008 Oct 9 as PDF for free.

More details

  • Words: 687
  • Pages: 6
နေ့စွဲ။

။ အောက်တိုဘာလ ၉ရက်၊၂၀၀၈ခုနှစ်

မြန်မာနိုင်ငံတ၀န်းလုံးရှိတိုင်းရင်းသားပြည်သူများသို့ Generation Wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး)၏ နှစ်ပတ်လည်အစီရင်ခံစာ ရဟန်းရှင်လူမိဘပြည်သူများခင်ဗျား ကျွန်ုပ်တို့မျိုးဆက်သစ်လူငယ်များအစည်းအရုံးသည် ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့သောသံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေးကြီးကို အာဏာပိုင်များက ရက်စက်စွာနှိမ်နင်းခဲ့ခြင်းနှင့် နှစ်၅၀နီးပါး မတရားဖိနှိပ် အုပ်ချုပ်နေသည့် စစ်အာဏာရှင်စနစ်၏ ဒုက္ခဆိုးကျိုးများကို မခံရပ်နိုင်မှုများမှမွေးဖွားပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး၊တိုင်းပြည်၏ စီးပွားရေးလူမှုရေးနိုင်ငံရေးစသည့် အထွေထွေအကျပ်အတည်းများပြေလည်စေရေးအတွက် အပြောင်းအလဲများပေါ်ပေါက်စေရန် တတ်စွမ်းသမျှလူငယ့်တာဝန်များကိုကျေပွန်စွာ ထမ်းဆောင်သွားရန်ရည်ရွယ်ပါသည်။ ၁၉၆၂ ခုနှစ်မှ ယခုလက်ရှိအချိန် အမည်အမျိုးမျိုးပြောင်းလဲ၍ ဗိုလ်ကျစိုးမိုးခြယ်လှယ်ခဲ့ကြသော စစ်အာဏာရှင်ခေတ်အဆက်ဆက် အောက်တွင်ကျွန်ုပ်တို့လူငယ်များမှာအသိပညာ၊အတတ်ပညာနှင့်တွေးခေါ်ဆင်ခြင်နိုင်စွမ်းတို့အဆိပ်ခတ်လုပ်ကြံခံခဲ့ရပြီး၊ စီးပွားရေး၊လူမှုရေး နိုင်ငံရေးနယ်ပယ်အသီးသီးတွင် ကိုယ့်တိုင်းပြည်ကောင်းကျိုးကို လွတ်လပ်မှန်ကန်စွာသယ်ပိုးခွင့်မရခဲ့သည့်အပြင် နိုင်ငံတကာမျက်နှာစာတွင် လည်းမြန်မာလူငယ်များ၏ အခန်းကဏ္ဍမှာမျက်နှာမဖော်ဝံ့အောင်နိမ့်ကျစုတ်ပြတ်ခဲ့ရပါသည်။အစစအရာရာဖိနှိပ်ချုပ်ချယ်မှုများဖြင့် အကျဉ်းချ ခံထားရသောနိုင်ငံအတွင်းမှ ကျွန်ုပ်တို့လူငယ်များ၏ အနာဂတ်မှာလည်းမျှော်လင့်စရာမရှိအောင်ပျောက်ကွယ်ခဲ့ရပြီဖြစ်ပါသည်။ ထို့အပြင် ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသည့်စကားအတိုင်း နောင်တချိန်တွင် ကျွန်ုပ်တို့လက်တွင်း မလွဲမသွေရောက်ရှိလာမည့် အနာဂတ်တိုင်းပြည်၏လက်ရှိအကျပ်အတည်းများကို ယခုအချိန်ကတည်းကလူငယ်များအနေဖြင့်ဦးဆောင်ပါဝင်ဖြေရှင်းရမည်ဟူသောတာဝန် သိစိတ်ဖြင့် Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) ကိုဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) ပေါ်ပေါက်လာပုံအကျဉ်း ၁၉၉၆ နှင့် ၁၉၉၈ ကျောင်းသားလှုပ်ရှားမှုများ ပေါ်ပေါက်စဉ်က အထက်တန်းကျောင်းသားများ အနေဖြင့်ပါဝင်လှုပ်ရှား ခဲ့ကြသော ကျော်ကျော်၊ ငြိမ်းနွေ၊ မိုဃ်းသွေး၊ မင်းရန်နိုင်တို့မှ ၂၀၀ရစက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် ဆက်လက်ပါဝင်လှုပ်ရှားခဲ့ကြပြီးနောက် အာဏာပိုင်များ၏ အကြမ်းဖက်ဖြိုခွဲမှုကြောင့် အုံကြွမှုခေတ္တငုပ်လျှိုးသွားချိန်တွင် အမျိုးသားရေးနိုးကြားတက်ကြွသောလူငယ်များကိုစုစည်း၍ ဆက်လက်တော်လှန် တိုက်ပွဲဝင်ရန်ရည်ရွယ်ချက်ဖြင့် လူငယ်အဖွဲ့တခုတည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြပြီး အောက်တိုဘာလ ၉ရက် ၂၀၀၇ တွင် Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) စတင်ဖွဲ့စည်းခဲ့ဖြစ်ပါသည်။ ထိုသို့ဖွဲ့စည်းပြီးလှုပ်ရှားဆောင်ရွက်ရာတွင်အခြားသော လူငယ်မျိုးဆက်သစ်အင်အားစုများဖြစ်သည့် Freedom Fighter, People Union, ABFSU ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တို့နှင့်လည်း တသွေးတည်းတသားတည်း လက်တွဲပူးပေါင်းခဲ့ပါသည်။ အကြမ်းမဖက်နည်းဖြင့် လှုပ်ရှားမှုများအဆက်မပြတ် ဖော်ဆောင်ခြင်းဖြင့် ပြည်သူလူထုအတွင်း တော်လှန်ရေးစိတ်ဓါတ် ဆက်လက်ရှင်သန် နေစေရန်ကြိုးပမ်းနေစဉ် ၂၀၀၈ ခုနှစ်မတ်လအတွင်းတွင် အခြားသော တက်ကြွလှုပ်ရှားသူများအပါဝင် Generation Wave မှအဖွဲ့ဝင်အချို့ အာဏာပိုင်များ၏မတရားဖမ်းဆီးခြင်းကိုခံခဲ့ရပါသည်။သို့သော်ကျန်ရှိနေသောဦးဆောင်သူများကနိုင်ငံတ၀န်းလုံးတွင်ပြန့်နှံ့တိုးပွားလာသော အဖွဲ့ဝင်သစ်များဖြင့် ပြန်လည်တိုးချဲ့စုစည်း၍ လှုပ်ရှားမှုများကို ဆက်တိုက်တိုးမြှင့်ဆောင်ရွက်ခဲ့ပါသည်။ စတင်ဖွဲ့စည်းချိန်မှစ၍ ယခုတနှစ်ပြည့်မြောက်သည့်အချိန်ထိ ကျွန်ုပ်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) ၏လှုပ်ရှားဆောင်ရွက်မှုများနှင့် တိုးတက်ဖြစ်ပေါ်မှု အခြေအနေအရပ်ရပ်ကို မိဘပြည်သူများနှင့် နယ်ပယ်အသီးသီးမှ လူငယ်များအပါအ၀င် ဒေသခွဲများမှအဖွဲ့ဝင်များသိရှိနိုင်ရန် ပူးတွဲပါစာမျက်နှာများတွင် လအလိုက်ဇယားဖြင့်မှတ်တမ်းပြု၍အစီရင်ခံတင်ပြလိုက်ပါသည်။

1

--------- Generation Wave ၏ လှုပ်ရှားဆောင်ရွက်ချက်များ (၂၀၀၇-၂၀၀၈) -------ရက်စွဲ

လှုပ်ရှားမှုအမျိုးအစား

လှုပ်ရှားမြှုပုလုပ်ရသည့်အကြောင်းရင်း/

လှုပ်ရှားဆောင်ရွက်ပုံအကျဉ်း

ရည်ရွယ်ချက် Oct 09th

တိုက်တွန်းနှိုးဆော်

စက်တင်ဘာတော်လှန်ရေးတကျော့ပြန်စနိုင်ရန်

အင်တာနက်မှကြောငြာချက်ထုတ်၊ရေဒီယိုများဖြင့်

2007

ကြေငြာခြင်း

လူထုကိုပြန်လည်အရှိန်မြှင့်ရန်

အင်တာဗျူးပြုလုပ်၊GW စတင်ဖွဲ့စည်းကြောင်းကြေငြာ။

Oct 26

th

စည်းရုံးလှုံ့ဆော်ခြင်း

2007

လူငယ်ထုအတွင်းအာဏာရှင်ဆန့်ကျင်ရေး

ကိုမင်းကိုနိုင်၏ကဗျာ၊ Freedom From Fear ၊

စိတ်ဓါတ်နိုးကြားလာစေရန်

CNG (Change New Government )

To

ဟုရေးသားထားသော လှုံ့ဆော်စာများကို

November

ရန်ကုန်မြို့တွင်းစည်ကားသောနေရာအချို့တွင် ဖြန့်ကျဲခဲ့ပါသည်။

Nov 18th

ကြေငြာချက်ထုတ်ပြန်ခြင်း

2007

ဒေါ်အောင်ဆန်းစုကြည်၏မစ္စတာဂမ်ဘာရီမှ

အင်တာနက်မှကြေငြာချက်ထုတ်ပြန်၊

တဆင့်ထုတ်ပြန်သောကြေငြာချက်ကိုလူငယ်များ

ရေဒီယိုမှအင်တာဗျူးပြုလုပ်၊

မှထောက်ခံကြောင်းသိရှိကြစေရန်၊ Nov 27

th

2007

စည်းရုံးလှုံ့ဆော်ခြင်းနှင့်

စက်တင်ဘာရွှေဝါရောင်တော်လှန်ရေး

လူထုကြား၊ကျောင်းများ၊ဈေးများ၊လူငယ်များကြား၊

ဆန္ဒထုတ်ဖော်ခြင်း၊

၂ လပြည့်အထိမ်းအမှတ်နှင့် ပြန်လည်အုံကြွရန်

အနုပညာရှင်များအကြား၊ပရိတ်ကြိုးများဝေငှဖြန့်ဖြူး၊

အရှိန်မြှင့်တင်ခြင်း၊

မီဒီယာမှတိုက်တွန်းနှိုးဆော်၊အဖွဲ့ဝင်များကိုယ်တိုင် ၀တ်ဆင်လှုပ်ရှား။

Dec 5

th

ကြေငြာချက်ထုတ်ပြန်ခြင်း

2007

အမျိုးသားနေ့ကိုဂုဏ်ပြုရန်နှင့်ကျောင်းသားလူငယ်

အင်တာနက်၊ရေဒီယိုတို့မှထုတ်ပြန်ကြေငြာ၊

များအားအမျိုးသားရေးစိတ်ဓါတ်မြင့်မားလာစေရန်၊

အင်တာဗျူးပြုလုပ်။

Jan 4th

ကြေငြာချက်နှင့်အိတ်ဖွင့်

လွတ်လပ်ရေးနေ့အထိမ်းအမှတ်၊

လွတ်လပ်ရေးနေ့တွင်ထုတ်ပြန်သော

2008

ပေးစားတွင်ပါဝင်ခြင်း

တွေ့ဆုံဆွေးနွေးရေးပေါ်ပေါက်လာစေရန်

လူထုလှုပ်ရှားမှုကြီးကြပ်ရေးကော်မတီ၏

တွန်းအားပေးခြင်း၊

အိတ်ဖွင့်ပေးစာတွင်ပူးပေါင်းထောက်ခံကြောင်း၊

လူထုလှုပ်ရှားမှုကြီးကြပ်ရေးကော်မတီတွင်

မီဒီယာများမှကြေငြာ၊

အဖွဲ့ဝင်အဖြစ်ပူးပေါင်းခြင်းကိုအများသိရှိစေရန်၊ th

Jan 27 to Feb 11

th

စည်းရုံးလှုံ့ဆော်ခြင်း

2008

Generation Wave အဖွဲ့၏အဆက်မပြတ်

လှုံ့ဆော်စာများကို စာအိတ်ဖြင့်ထည့်၍စာတိုက်များ

လှုပ်ရှားနေမှုကိုတနိုင်ငံလုံးသိရှိကြစေရန်၊

မှတဆင့်တပြည်လုံးရှိမြို့များသို့ဖြန့်ဝေခြင်း၊

ပူးပေါင်းပါဝင်လာစေရန်၊အာဏာပိုင်များစိုးရိမ် မကင်းဖြစ်စေရန်၊လူထုစိတ်အားတက်စေရန်၊ th

Feb 8

ကြေငြာချက်ထုတ်ပြန်ခြင်း

2008 Feb 12th 2008

နအဖ၏ အခြေခံဥပဒေ အတည်ပြုရန်ကြိုးပမ်းမှု

မီဒီယာများမှထုတ်ပြန်ကြေငြာ၊

ကိုဆန့်ကျင်ကန့်ကွက်ရေးအတွက်ပြင်ဆင်နိုင်ရန် စည်းရုံးလှုံ့ဆော်ခြင်း

ပြည်ထောင်စုနေ့အထိမ်းအမှတ်နှင့်

စစ်အာဏာရှင်စနစ်ကိုပြည်သူ့အားဖြင့်ချေမှုန်းကြ

ပြည်သူများအကြားတော်လှန်ရေးစိတ်ဓါတ်

စာတမ်းနှင့်ဗိုလ်ချုပ်အောင်ဆန်းပုံပါစာရွက်များ

အရှိန်ဆက်လက်မြင့်မားနေစေရန်၊

ဖြန့်ကျဲ၊

2

Feb 13th

စည်းရုံးလှုံ့ဆော်ခြင်းနှင့်

တော်လှန်ရေးခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်း

ဘုရားစေတီများတွင်ဖယောင်းတိုင်များအများအပြား

2008

ဆန္ဒထုတ်ဖော်ခြင်း၊

မွေးနေ့ကိုလူငယ်များအမှတ်တရရှိစေရန်၊

ထွန်းညှိဆုတောင်း၊ပြည်သူလူထုကိုလည်းပူးပေါင်း ပါဝင်ရန်နှိုးဆော်၊မီဒီယာများတွင်ကြေငြာ၊

March 12th

Generation Wave အဖွဲ့ဝင်များဖြစ်သော ဇေယျာသော်၊ အောင်ဇေဖြိုး၊ အာကာဗို၊ သီဟ၀င်းတင် တို့အပါအ၀င်တက်ကြွလှုပ်ရှားသူ

2008

၁၀ ဦး ထက်မနည်း မတရားဖမ်းဆီးခံရ။

April

တိုက်တွန်းနှိုးဆော်

နအဖ၏ အခြေခံဥပဒေ အတည်ပြုရန်ကြိုးပမ်းမှု

ကြတ်ခြေခတ်များ မြင်သာသောနေရာတိုင်းတွင်

7

ကြေငြာခြင်း

ကိုဆန့်ကျင်ကန့်ကွက်ရေးအတွက်

ရေးဆွဲခြင်း၊မီဒီယာများမှထုတ်ပြန်ကြေငြာ၍

လူထုလှုပ်ရှားမှု ဖော်ထုတ်ရန်

လူထုကိုတိုက်တွန်းခြင်း

မတ်လအတွင်းက အာဏာပိုင်များ၏

မီဒီယာများမှထုတ်ပြန်ကြေငြာ၊

th

2008 April th

ကန့်ကွက်ရှုတ်ချခြင်း

15

မတရားဖမ်းဆီးမှုများအပေါ် လက်သင့်မခံ

2008 April th

ကန့်ကွက်ရှုတ်ချကြောင်း အများသိစေရန် စည်းရုံးလှုံ့ဆော်ခြင်း

15

နိုးကြားတက်ကြွသော မျိုးဆက်သစ်လူငယ်

Generation Wave

တော်လှန်ရေးအင်အားစုများများပြားလာစေရန်

ဒေသဆိုင်ရာအဖွဲ့ခွဲများဖွဲ့စည်းရန်

2008 May 3rd

ဖိတ်ခေါ်တိုက်တွန်းကြောင်း မီဒီယာများမှကြေငြာ ကြေငြာချက်ထုတ်ပြန်ခြင်း

Generation Wave အထက်မြန်မာပြည်

မီဒီယာများမှထုတ်ပြန်ကြေငြာ၊

ဖွဲ့စည်းကြောင်းပြည်သူလူထုသိရှိစေရန်၊

2008 May th

ကြေငြာချက်ထုတ်ပြန်ခြင်း

4

နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်ကျရသည့်

မီဒီယာများမှထုတ်ပြန်ကြေငြာ၊

ပြည်သူများအား ကူညီရန်တိုက်တွန်းခြင်း၊

2008 May

သတိပေး

နာဂစ်မုန်တိုင်းဘေးသင့်သူပြည်သူများအတွက်

ရန်ကုန်မြို့တွင်းနေရာအချို့တွင် ကြေငြာချက်များကို

18

ကြေငြာချက်ထုတ်ပြန်ခြင်း

နိုင်ငံတကာအကူအညီများ ၀င်ရောက်ခွင့်ပြုရန်

နံရံများတွင်ကပ်ခြင်း၊စာအိတ်များဖြင့်ဖြန့်ဝေခြင်း

အာဏာပိုင်များသို့ တိုက်တွန်းဖိအားပေးရန်၊

မီဒီယာများမှကြေငြာခြင်း၊

th

2008 The Whole

စည်းရုံးလှုံ့ဆော်ခြင်းနှင့်

နအဖ၏ အခြေခံဥပဒေ အတည်ပြုရန်ကြိုးပမ်းမှု

တော်လှန်ရေးအင်အားစုများအားလုံးနှင့်အတူ

Months Of

ဆန္ဒထုတ်ဖော်ခြင်း၊

ကိုဆန့်ကျင်ကန့်ကွက်ရေးတွင်

ကြက်ခြေခတ်များ၊ Vote No လှုပ်ရှားမှုများ

လူထုတရပ်လုံးပါဝင်လာရန်

နေရာအနှံ့တွင် အဆက်မပြတ် ဆောင်ရွက်၊

May

မီဒီယာများမှလည်းကြေငြာ၊ June

စည်းရုံးလှုံ့ဆော်ခြင်းနှင့်

နာဂစ်မုန်တိုင်းတွင်း သေဆုံးခဲ့ရသူများအတွက်

ဘုရားစေတီများတွင် ဖယောင်းတိုင်များထွန်းညှိ

3

ဆန္ဒထုတ်ဖော်ခြင်း၊

ကြေကွဲမှုကိုဖော်ပြရန်၊

ဆုတောင်း၊မီဒီယာများမှတိုက်တွန်း၊

The Whole

စည်းရုံးလှုံ့ဆော်ခြင်းနှင့်

ပြည်သူလူထုအတွင်း စည်းလုံးမှုပိုမိုရရှိစေရန်

မုန်တိုင်းသင့်ဒေသများသို့သွားရောက်ကူညီခြင်း၊

Months Of

လူမှုရေးလုပ်ငန်းများ

ဒုက္ခရောက်သူများကို ကူညီပေးရန်။

ကုလသမဂ္ဂနှင့်နိုင်ငံတကာအကူအညီများ

June

ဆောင်ရွက်ခြင်း

တိုင်းပြည်အရေးတွင် လူငယ်များ၏ ပါဝင်မှု

တရားမျှတစွာ ရရှိစေရန်

အခန်းကဏ္ဍကိုမြှင်တင်ရန်။

ဆက်သွယ်တောင်းခံပေးခြင်း၊

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင်

တက္ကသိုလ်ကျောင်းဝင်းများတွင်း ကဗျာများ၊

7

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ

လက်ကမ်းစာရွက်များ ဖြန့်ဝေခြင်း၊

2008

အဆောက်အဦးနှင့် ကျောင်းသားများအား

rd

2008

July th

စည်းရုံးလှုံ့ဆော်ခြင်း

စစ်အာဏာရှင်များက အကြမ်းဖက်ဗုံးခွဲတိုက်ခိုက် ခဲ့ခြင်းကို လက်ရှိခေတ်လူငယ်များသိရှိစေရန်၊

3

August

စည်းရုံးလှုံ့ဆော်ခြင်းနှင့်

၈.၈.၈၈ ရဟန်းရှင်လူကျောင်းသာပြည်သူများ

လမ်းများ၊နံရံများ၊လူစည်ကားရာအရပ်များတွင်

3

ဆန္ဒထုတ်ဖော်ခြင်း၊

အာဏာရှင်လက်ချက်ဖြင့်သွေးမြေကျခဲ့ရသောနေ့

ဆေးနီများပက်ဖြန်း၊မီဒီယာများမှထုတ်ပြန်ကြေငြာ

rd

2008

အနှစ် ၂၀ ပြည့်ဝမ်းနည်းကြောင်းထုတ်ဖော်ရန်၊

August

စည်းရုံးလှုံ့ဆော်ခြင်းနှင့်

၈.၈.၈၈ ရဟန်းရှင်လူကျောင်းသာပြည်သူများ

လမ်းများ၊နံရံများ၊လူစည်ကားရာအရပ်များတွင်

16

ဆန္ဒထုတ်ဖော်ခြင်း၊

အာဏာရှင်လက်ချက်ဖြင့်သွေးမြေကျခဲ့ရသောနေ့

ဆေးနီများပက်ဖြန်း၊မီဒီယာများမှထုတ်ပန်ကြေငြာ

th

2008

အနှစ် ၂၀ ပြည့်ဝမ်းနည်းကြောင်းထုတ်ဖော်ရန်၊ အာဏာပိုင်များမတရားဖိနှိပ်မှုများကို ဆက်လက်တော်လှန်တိုက်ပွဲဝင်နေကြောင်း၊ ပြည်သူလူထုသိရှိစေရန်၊

September rd

Generation Wave အဖွဲ့ဝင်များဖြစ်သော ကိုကျော်ဦးနှင့် ကိုစောမောင်တို့ အာဏာပိုင်များ၏ မတရားဖမ်းဆီးခြင်းခံခဲ့ရ။

3

2008 September

စည်းရုံးလှုံ့ဆော်ခြင်းနှင့်

ပခုက္ကူသံဃာတော်များကြိုးတုပ်ရိုက်နှက်ခံရခြင်း

ပခုက္ကူသံဃာတော်များရိုက်နှက်ခံရသည့်

10

ဆန္ဒထုတ်ဖော်ခြင်း၊

ကိုပြည်သူလူထုအမှတ်ရစေရန်နှင့်

ကာတွန်းပုံနှင့်၊ဒေါ်အောင်ဆန်းစုကြည်ပုံများကို၊

ရွှေဝါရောင်တော်လှန်ရေးတနှစ်ပြည့်သတိပေးရန်၊

မြင်သာသောနေရာများတွင်ကပ်ခြင်း၊မီဒီယာများမှ

th

2008

လှုံ့ဆော်ခြင်း၊ September

စည်းရုံးလှုံ့ဆော်ခြင်းနှင့်

၂၀၀၇ခုနှစ် စက်တင်ဘာရွှေဝါရောင်တော်လှန်ရေး

ဗိုလ်ချုပ်သန်းရွှေပုံပါ လှုံ့ဆော်စာများကို

20

ဆန္ဒထုတ်ဖော်ခြင်း၊

အမှတ်တရနှင့် မည်မျှဖမ်းဆီးဖိနှိပ်နေပစေ

အိမ်သာများတွင်ကပ်ခဲ့၊

မျိုးဆက်သစ်များလှုပ်ရှားမှုများပျောက်ကွယ်သွား

မီဒီယာများမှထုတ်ပြန်ကြေငြာ၊

th

2008

မည်မဟုတ်ကြောင်း ပြည်သူများသိရှိရန်၊ Oct

စည်းရုံးလှုံ့ဆော်ခြင်းနှင့်

Generation Wave ဖွဲ့စည်းတည်ထောင်ခြင်း

GW အမှတ်တံဆိပ်များ၊စာတမ်းများကို နိုင်ငံအနှံ့

9

ဆန္ဒထုတ်ဖော်ခြင်း၊

တနှစ်ပြည့်အထိမ်းအမှတ်နှင့် ပြည်သူလူထု

GW အဖွဲ့များတည်ရှိရာနေရာတိုင်းတွင်ဖြန့်ဝေခြင်း

စိတ်ဓါတ်အင်အားတက်ကြွစေရန်

မီဒီယာများမှပြည်သူများသို့ကြေငြာအသိပေးခြင်း

th

2008

ဖော်ပြပါလူထုတွင်းဆောင်ရွက်ချက်များအပြင်၊ နိုင်ငံတကာအတိုင်းအတာထိ ပြန့်နှံ့ရောက်ရှိစေရေးအတွက်၊အင်တာနက် နည်းပညာ၊ မီဒီယာအမျိုးမျိုးကိုအသုံးပြုပြီး ဓါတ်ပုံ၊ ကဗျာ၊ ဆောင်းပါး၊ သီချင်း၊ လှုံ့ဆော်စာများကိုလည်း e-mail, blog pagesများဖြင့် အဆက်မပြတ်ထုတ်လွှင့်လှုပ်ရှားခဲ့ပါသည်။ထိုလှုပ်ရှားမှုများကို http://www.generationwave.co.cc/ တွင်ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပြီး Generation Wave နှင့်ဆက်သွယ်လိုပါက [email protected] သို့ e-mail ပေးပို့ဆက်သွယ်နိုင်ပါသည်။

4

ကျွန်ုပ်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) သည်အထက်ဖော်ပြပါ လှုပ်ရှားဆောင်ရွက်မှုများဖြင့် အာဏာရှင်ယန္တရားကို ဆန့်ကျင်တော်လှန်ခဲ့သည်မှာ ယနေ့ အောက်တိုဘာလ ၉ရက် ၂၀၀၈ တွင် တနှစ်တိတိ ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ထို့အပြင်ဆက်လက်၍လည်းကျွန်ုပ်တို့ မြန်မာနိုင်ငံသားတိုင်းရင်းသားပြည်သူအားလုံး၏လိုလားချက်ပန်းတိုင်ဖြစ်သောလွတ်လပ်ပွင့်လင်းသည့် ငြိမ်းချမ်းတိုးတက်သောပြည်ထောင်စုနိုင်ငံတော်သစ်ကြီးဆီသို့ မကြာမီကာလအတွင်းအတူတကွရောက်ရှိနိုင်စေရန် မမှိတ်မသုန် ချီတက်သွား မည်ဖြစ်ကြောင်းကတိသစ္စာပြုရင်း အောက်ပါချက်အလက်များကိုတင်ပြအပ်ပါသည်။

----------Generation Wave ဦးတည်ချက်---------ကျွန်ုပ်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) သည် မြန်မာနိုင်ငံသားတိုင်းရင်းသားပြည်သူများအာလုံးအတွက် 

လက်ရှိမတရားဖိနှိပ်အုပ်ချုပ်နေသောအာဏာရှင်စနစ်ဆိုးမှလွတ်မြောက်စေရန်



စားဝတ်နေရေးပြေလည်ဖူလုံ၍ ပညာရေးကျန်မာရေး၊ လူနေမှုအဆင့်အတန်းမြင့်မားသည့်ဘ၀များပိုင်ဆိုင်စေရန်၊



တရားမျှတလွတ်လပ်သောသာယာပျော်ရွင်ဖွယ်လူ့ ဘောင်တခုဖန်တီးနိုင်ရန်

ကျွန်ုပ်တို့ ၏ဘ၀များကိုရင်းနှီးပေးဆပ်ဆောင်ရွက်ကြိုးပမ်းသွားမည်ဖြစ်သည်။

---------- Generation Wave မူဝါဒလမ်းစဉ်----------



အကြမ်းမဖက်တော်လှန်ရေးနည်းလမ်းများကိုသာGW၏ လမ်းစဉ်အဖြစ်ကျင့်သုံးမည်။



အခြားသောမူဝါဒတူအင်အားစုများနှင့်လည်း အပြန်အလှန်ချိတ်ဆက်ကူညီဆောင်ရွက်သွားမည်။



ငြိမ်းချမ်းစွာရင်ဆိုင်ဖြေရှင်းရေးကိုသာ ခိုင်မာစွာကိုင်စွဲလှုပ်ရှားသွားမည်။

5

--------Generation Wave မှ ဆက်လက်လှုပ်ရှားဆောင်ရွက်သွားမည့် တော်လှန်ရေးလုပ်ငန်းစဉ်များ--------အထက်ဖော်ပြပါဦးတည်ချက်များ အကောင်အထည်ပေါ်ဖြစ်မြောက်လာစေရန်အတွက်ယခုနှစ်အတွင်းကျွန်ုပ်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)မှ ပြည်သူလူထုတရပ်လုံး အပါအ၀င် အခြားသော ဒီမိုကရေစီရေးအင်အားစုများနှင့် လက်တွဲပူးပေါင်း၍ လုပ်ဆောင်သွားမည့်လုပ်ငန်းစဉ်များဖြစ်သော ၁။

အမျိုးသားရေးနိုးကြားတက်ကြွသောလူငယ်အင်အားများ တိုးတက်များပြားလာရန်အတွက် လူငယ်များအကြား လွတ်မြောက်ရေး အသိပညာများဖြန့်ဖြူးမျှဝေခြင်း၊

၂။

နိုင်ငံတ၀န်းလုံးရှိ မျိုးဆက်သစ်ကျောင်းသားလူငယ်အင်အားစုများအကြား လက်တွဲပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ခြင်း၊

၃။

အဖွဲ့တွင်းလှုပ်ရှားမှုများမှတဆင့် ပြည်သူများပူးပေါင်းပါဝင်လာနိုင်သည့် လူထုလှုပ်ရှားမှုများပေါ်ပေါက်လာစေရန်လူထုစည်းရုံးရေး လုပ်ငန်းများတိုးမြှင့်လုပ်ဆောင်ခြင်း၊

၎။

တပ်မတော်သားများ၊ဒီမိုကရေစီအင်အားစုများ၊ရဟန်းရှင်လူကျောင်းသားပြည်သူများ၊ပြည်သူ့ဝန်ထမ်းများ၊တောင်သူလယ်သမားများ၊ အလုပ်သမားများအပါအ၀င် လူထုတရပ်လုံးနှင့်လက်တွဲပူးပေါင်း၍ တိုင်းပြည်တွင်လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး လူမှုအကျပ်အတည်းများ ကိုပပျောက်ပြေလည်စေရေးအတွက် နိုင်ငံရေးခေါင်းဆောင်များနှင့် အာဏာပိုင်များအကြား တွေ့ဆုံညှိနိုင်း ဆွေးနွေးမှုများပေါ်ပေါက်လာစေရန် စည်းလုံးညီညွတ်မှုဖြင့်တိုက်တွန်းနှိုးဆော်သည့်လှုပ်ရှားမှုများဖော်ဆောင်ခြင်း၊

၅။

အကြမ်းမဖက်ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ပဋိပက္ခများကိုဖြေရှင်းဆောင်ရွက်ပြီး အနာဂတ်နိုင်ငံတော်သစ်ကြီးတည်ဆောက်ရေး တွင်လူထုတရပ်လုံးနှင့်အတူ လက်တွဲတာဝန်ထမ်းဆောင်ခြင်း၊ ဟူသည့်အချက်များကိုတဆင့်ခြင်း စနစ်တကျတက်ကြွစွာလှုပ်ရှား ဆောင်ရွက်သွားမည်ဖြစ်ပြီး။ နိုင်ငံသားအားလုံးမှလည်းလက်တွဲဝန်းရံပါဝင်ဆောင်ရွက်ပေးကြပါရန်အသိပေးအပ်ပါသည်။

For more information, please kindly contact to following addresses, e-mail; [email protected] , web url; http://www.generationwave.co.cc/

6

Related Documents


More Documents from ""