Free From Fear

  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Free From Fear as PDF for free.

More details

  • Words: 1,082
  • Pages: 4
Freedom from fear ဆိုတာ သူမှ အစစ်ပဲ FRIDAY, 29 MAY 2009 20:18 ဧရာဝတီ

မခင်ဥမ္မာသည် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) ၏ နိုင်ငံခြားရေးရာ အတွင်းရေးမှူး တဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် လက်မှတ်ရေးထိုး လှုပ်ရှားမှုတငွ် ပြောရေးဆိုခငွ့်ရှိသူတဦးအဖြစ် ပါဝင်ခဲ့သည်။ ယင်း လှုပ်ရှားမှုကို အတိုက်အခံအင်အားစုများ သတ်မှတ်ထားသည့် မြန်မာနိုငင်ံ လူ့အခွင့်အရေးနေ့ (မတ်လ ၁၃) ရက်နေ့က စတင်ခဲ့ရာ နိုင်ငံပေါင်း ၁၅၀ ကျော်မှ လက်မှတ် ၆ သိန်း ၅ သောင်းကျော်ရရှိခဲ့ကြောင်း မေလ ၂၆ ရက်နေ့တငွ် ကြေညာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် မတရားစွပ်စခွဲံရကာ တရားရင်ဆိုင်နေရခြင်းနှင့် ပတ်သက်၍ ဧရာဝတီ မဂ္ဂဇင်းက မေးမြန်းခဲ့ပါသည်။ မေး။

။ ခုဖြစ်ပေါ်နေတဲ့နိုင်ငံတကာ ဖိအားကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။

။ ဒီအခြေအနေမှာသိသာထင်ရှားတာကတော့ နိုင်ငံတကာရဲ့ တုံ့ပြန်မှုက အရမ်းကိုကြီးတယ်၊ နအဖဘက်က

ဒီလောက်တောင် မျှော်လင့်ထားမှာ မဟုတ်ဘူး။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ တကမ္ဘာလုံးက ယုံကြည်ကိုးစားမှုနဲ့ လေးစားမှုက ဘယ်လောက်ရှိတယ်ဆိုတာ အရမ်းကို သိသာ ထင်ရှား သွားတယ်။ အရင်ကလို ထုတ်ပြန်ချက်တွေနဲ့ ပါးစပ်က ပြောနေတာတင် မဟုတ်ဘဲ ကြိုးစား လုပ်နေတာ တွေလည်း တွေ့ရတယ်။ ဥပမာ ဆိုရရင် UK အစိုးရက ဒေါ်အောင်ဆန်းစုကြည် အသက်ကို ရည်ရွယ်ပြီး ဝက်ဘ်ဆိုက်တခု လုပ်ပေးတာကြည့်၊ အစိုးရတရပ်အနေနဲ့ ခုလို လုပ်ပေးတာက နည်းတဲ့ အင်အား မဟုတ်ဘူး လေ။ အနည်းဆုံးတော့ လုံခြုံရေးကောင်စီက သတင်းစာ ရှင်းလင်းပွဲနဲ့ ကြေညာချက်ကို ရအောင် ထုတ်ပေးနိုင် တယ်၊ တရုတ်နဲ့ ရုရှားက သူတို့ဘာသာ သူတို့ဆိုရင် ဘယ်တော့မှ စဉ်းစားမှာ မဟုတ်သလို သူများလုပ်ရင်လည်း တော်ရုံနဲ့ လက်ခံတာမဟုတ်ဘူး။ ဒါပေမယ့် UK တို့ US တို့ ပြင်သစ်တို့ရဲ့ ချက်ချင်း တုံ့ပြန် မှုကြောင့် ဒါကို လုပ်လိုက်နိုင်တာ တွေ့ရတယ်။ နောက် မခင်ဥမ္မာ (ဓာတ်ပုံ - ဧရာဝတီ) အာဆီယံနဲ့ ထိုင်းဆိုရင်လည်း ဒါမျိုးတခါမှ မကြုံဖူးဘူး။ ဘာပဲပြောပြော ကြေညာချက်တွေမှာ ပါတဲ့ စာသားတွေကို ကြည့်ရင်ပဲ ကြေညာချက်ထုတ်ရုံနဲ့ ရပ်သွားမှာမျိုး မဟုတ်ဘနဲ့ဲ ဆက်ပြီး ထိထိရောက်ရောက်လုပ်ဖို့အတွက် ဒီအစိုးရ တော်တော်များများမှာ အစီအစဉ်တွေ ရှိနေတယ်ဆိုတာ သိသာတယ်။ အရင်ကဟာတွေနဲ့ ကွာတယ်။ မေး။

။ နအဖက နိုင်ငံတကာက ဖိအားကို ထည့်မစဉ်းစားဘဲဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်

ချမှတ်လိုက်မယ်ဆိုရင် နိုင်ငံတကာရဲ့ အခြေအနေက ဘယ်လို ဆက်ဖြစ်လာမယ် ထင်ပါသလဲ။ ဖြေ။

။ ကျမထင်တာတော့ အခုအချိန်မှာ နအဖက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရင်လွှတ်ပေး မလွှတ်ပေးဘဲ

နေအိမ်အကျယ်ချုပ်ဆိုရင်လည်း ပုံစံမကျတော့ဘူးဆိုတော့ ဒီတော့ သူတို့က ထောင်ချကို ချမှာပဲ။ ခု နိုင်ငံတကာက စောင့်ကြည့်နေသူတွေ နားလည်တယ်၊ နအဖ ဘာလုပ်မလဲဆိုတာ သူတို့ ရိပ်မိတယ်။ ဒီတော့ နိုင်ငံတကာရဲ့ ဖိအားက ရပ်သွားမှာမဟုတ်ဘူး။ ပြောရရင် နအဖရဲ့ ရက်စက် ယုတ်မာမှုက ကမ်းကုန် နေပြီ ဆိုတော့ ဒီလောက်ကမ်းကုန်အောင် ယုတ်မာတဲ့ အာဏာရှင်တစု လုပ်ချင်ရာ လုပ်နေချိန်မှာ ဘယ်လို လက်တွေ့ကျပြီး ကျမတို့နိုင်ငံအတွက် အကျိုးဖြစ်မယ့် .. အဖြေတခုကို နိုင်ငံတကာ အင်အားစုတွေ၊ အစိုးရတွေကြားထဲမှာ ဘယ်လောက် ထိ ပူးပေါင်းဆောင်ရွက်နိုင်မလဲ ဆိုတာတော့ စောင့်ကြည့်ရမှာပဲ။

လွယ်လွယ်ကူကူနဲ့တော့ လုပ်လို့ ရမှာမဟုတ်ဘူး။ အဲဒီလို မလုပ်နိုင်ခဲ့လို့လဲ ဒီလောက်ကြာခဲ့ ပြီးပြီ၊ တရုတ်နဲ့ ရုရှား အမြဲခံနေလို့ ဘာမှ မလုပ်နိုင်တဲ့ အပိုင်းတွေလည်း ရှိတယ်။ အဲလိုအနေအထားမှာ နိုင်ငံတကာဖိအား လျော့သွား စရာ မရှိဘူး၊ ပိုတိုးလာဖို့ပရှဲိတယ်။ ပိုတိုးလာတယ်ဆိုတဲ့ အနေအထားမှာ လက်တွေ့ကျတဲ့ တုံ့ပြန်မှုနဲ့ အရေးယူ ဆောင်ရွက်မှု ရှိဖို့ပဲ လိုအပ်တယ်။ မေး။

။ ပြည်ပရောက် နိုင်ငံရေး ဦးဆောင်အဖွဲ့ အစည်းတွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် မတရား စွပ်စွဲ ခံရပြီး

တရားရင်ဆိုင်နေရတာနဲ့ ပတ်သက်လို့ နိုင်ငံတကာကို ဘယ်လို တောင်းဆိုမှုတွေ လုပ်ထားပါသလဲ။ ဖြေ။

။ အာဆီယံက အထူးကိုယ်စားလှယ်အဖွဲ့ တဖွဲ့ ကို ခုချက်ချင်းဖွဲ့ ပြီး မြန်မာနိုင်ငံကို သွားပါ၊ နအဖနဲ့ တွေ့ဆုံပြီး

ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွှတ်ပေးဖို့ ပြောပေးပါ လို့တောင်းထားတယ်။ နောက်တော့ အာဆီယံကိုပဲ ထိရောက်တဲ့၊ တဦးချင်းစီကို ပစ်မှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့ အရေးယူပေးဖို့၊ ဒါက အာဆီယံ တခုတည်းကို မဟုတ်ဘူး ဥရောပကော်မရှင်၊ US အားလုံးက လုပ်ပေးဖို့။ အခု လတ်တလော ဒေါ်အောင်ဆန်း စုကြည် အပေါ်မှာ ကျူးလွန်နေတဲ့ ကိစ္စတွေကို နိုင်ငံတကာက သံတမန်နည်း အရ ချက်ချင်းဖိအားပေးဖို့၊ လုံခြုံရေးကောင်စီက အရေးပေါ် စည်းဝေးခေါ်ပြီး မြန်မာပြည်အရေးအတွက် ဆုံးဖြတ်ချက် ချဖို့။ မစ္စတာ ဘန်ကီမွန်းအနေနဲ့ သူကိုယ်နှိုက်က တက်တက်ကြွကြွ ဦးဆောင်ပြီး နိုင်ငံအားလုံးက အဓိက ကျတဲ့သူတွေ ပါဝင်နိုင်တ၊ဲ့  အားလုံးသဘောတူညီတဲ့ အစီအစဉ်တခုကို ချမှတ်နိုင်ဖို့၊ မစ္စတာ ဘန်ကီမွန်း သွားရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စကို နအဖနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခါမှာ အဲဒါမှ မရရင် လက်မခံနဲ့ ဆိုတာမျိုး တောင်းဆိုထားပါတယ်။ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ က တောင်းဆိုထားတာကိုလည်း ငြင်းဆိုစရာ ဘာမှမရှိဘူး။ နောက်တခု US က အထူးကိုယ်စားလှယ်က သမ္မတ ဘုရှ် လက်ထက်မှာ အလုပ်လုပ်ပေမယ့် ဘုရှ် ပြီးသွားချိန်မှာ အသက်မဝင်ဘဲနဲ့ သမ္မတ အိုဘားမားအစိုးရက အဲဒါကိုဆက်မလုပ်ဘူး၊ အာဆီယံမှာကလည်း အထူး ကိုယ်စား လှယ် မရှိဘူး၊ ဒီတော့ US နဲ့ အာဆီယံကို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် အမြန်ဆုံး အထူး သံတမန် အဖွဲ့ ဖွဲ့ ပြီး သွားပါလို့ တောင်းဆိုထားတယ်။ နောက်တော့ EU မှာက အထူးကိုယ်စားလှယ်ရှိတယ်၊ အဲဒီအထူးကိုယ်စားလှယ်ကိုလည်း ချက်ချင်း သွားပါလို့ ပြောထားတယ်။ ဒါက သံတမန်နည်းအရပေါ့။ အဲဒီလို သံတမန်နည်းအရ သွားရဲ့သားနဲ့ နအဖ က လုံးဝလက်မခံဘဲနဲ့ ဒေါ်အောင်ဆန်းစု ကြည်ကို မလွှတ်ပေးဘူး ..၊ တရားစီရင်တာကို မရပ်ဘူးဆိုရင် နောက်တဆင့်ထပ်တောင်းတာက လုံခြုံရေး ကောင်စီအနေနဲ့ စစ်လက်နက် ပစ္စည်း တင်ပို့ရောင်းချမှု ပိတ်ပင်ဖို့ လုပ်ပါ၊ နောက်တော့ နအဖရဲ့ ရာဇဝတ်မှုကျူးလွန်တာတွေကို စုံစမ်းစစ်ဆေးဖို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ဖွဲ့ ပါ။ ရှင်းရှင်း ပြောရရင် နအဖ ကို သံတမန်နည်းအရ ဖိအားပေးလို့မရရင် အပြစ်ပေး၊ အရေးယူပါတော့လို့ ပြောလိုက်တာ။ အဲဒါတွေကို ဒီတရက် နှစ်ရက်မှာပို့ဖို့အတွက် စီစဉ်နေပြီ။ အဲဒါတွေက နိုင်ငံရေး ဦးဆောင်အဖွဲ့ အစည်းတွေ ..၊ အမျိုးသမီးနဲ့ လူငယ်တပ်ပေါင်းစုတွေ ပေါင်းပြီး လုပ်ကြတာ။ မစ္စတာဘန်ကီမွန်းရုံးအထိ ပို့ဖို့ လုပ်နေပြီ။ မေး။

။ ဒီအဖြစ်အပျက်ကြီး တခုလုံးပေါ်မှာ အမျိုးသမီးတယောက်အနေနဲ့ မခင်ဥမ္မာတဦးတည်းရဲ့ အမြင်ကို

ပြောပြပေးပါ။ ဖြေ။

။ ကျမအနေနဲ့တော့ ဒီအဖြစ်အပျက်မှာ နအဖက စစ်ဗိုလ်ချုပ်တွေပေါ့ ..၊ အမျိုးသမီး အမျိုးသား ဆိုတဲ့ ကျား၊ မ

သတ်မှတ်ချက်အရ ကြည့်မယ်ဆိုရင် အထူးသဖြင့် (ဗိုလ်ချုပ်မှူးကြီး) သန်းရွှေပေါ့။ သူက နံပတ် ၁ လည်း ဖြစ်တယ်၊ ဗိုလ်ချုပ်လည်းဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်က သူ့ပြိုင်ဘက် ဖြစ်နေတယ်။ တကယ်တမ်း ပြောရ ရင် ဒေါ်အောင်ဆန်းစုကြည်က သူ့အာဏာကို အဆုံးသတ်ပေးမယ့်သူကိုး။ ဒေါ်အောင်ဆန်းစုကြည်က သူ့ထက် ငယ်တယ်၊ နောက် အမျိုးသမီးဖြစ်တယ်၊ အဲဒီငယ်လည်းငယ်တဲ့ ပိန်ပိန်ပါးပါးနဲ့ အမျိုးသမီးက သေချာတာကတော့ လူထုရဲ့ အသည်းနှလုံးကိုရထားတယ်။ လူထု ဆိုတာတောင် မြန်မာတပြည်တည်းမဟုတ်ဘူး တကမ္ဘာလုံးက လူထု၊ ကျမ စဉ်းစားကြည့်တာ လူသားတယောက်အနေနဲ့ မြင်ကြည့်ရင် ကိုယ့်ကို သူများချစ်ခင်မှု မလိုချင်တဲ့သူ ဘယ်သူမှ မရှိဘူး။ ဒါပေမယ့် သေချာတာက (ဗိုလ်ချုပ်မှူးကြီး) သန်းရွှေကို သူ့မိသားစုနဲ့ သူမြေးလောက်ပဲ ချစ်မယ်၊ အများမေတ္တာ ကိုတော့ သူမရဘူး။ (ဗိုလ်ချုပ်မှူးကြီး) သန်းရွှေနေရာက နေကြည့်ရင် သူ့အနေနဲ့လည်း ဒါကို သူမလိုချင်တာ မျိုးတော့

မဖြစ်လောက်ဘူး .. သူမရနိုင်တာလည်း သူသိတယ်။ ဆိုတော့ ဒေါ်အောင်ဆန်း စုကြည် အပေါ်မှာ သူ့အနေနဲ့ ပုဂ္ဂိုလ်ရေးအရ မုန်းတီးမှု၊ ပုဂ္ဂိုလ်ရေးအရ အမျက်ဒေါသ၊ ပုဂ္ဂိုလ်ရေး မနာလိုမှုတွေ ရှိကိုရှိမယ်။ သူ့အတွက် ပိုပြီးခံရခက်စေတာက ငယ်လည်းငယ်ပြီး အမျိုးသမီးတယောက် ဖြစ်နေတဲ့ ဒီလိုလူဟာ သူလို တနိုင်ငံလုံးကို ထိန်းချုပ်ထားနိုင်တဲ့ လူတယောက်ထက် သာနေတယ်ဆိုတဲ့အချက်က သူ့ရဲ့ မနာလို မုန်းတီးမှုနဲ့ ပုဂ္ဂိုလ်ရေးအရ ကလဲ့စားချေမှုတွေပါ ပါလာတယ်လို့ မြင်တယ်။ နောက်တခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထူးခြားချက်တွေ သူတို့သိနေတယ် သူတို့နဲ့ လုံးဝမတူဘ၊ဲ သူတို့ လုံးဝ မယှဉ်နိုင်တဲ့ အချက်တွေပေါ့။ သူတို့ဟာသူတို့ ဘယ်လောက်ကြီးပဲ လက်နက်ကြီးနဲ့ စစ်တပ်ကြီးရှိနေ ရှိနေ၊ လူထု ကြားမှာ ခြေတချောင်းမပြောနဲ့ အရိပ်တောင်ချရဲတဲ့ သူတွေမှ မဟုတ်တာ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် လူထုကြားသွားရင် မိုးအဆုံးမြေအဆုံး လူထုက မိုးချုပ်နေဝင်ထိ လိုက်တယ်လေ။ ဘာသေနတ်မှလည်း မလိုဘူး။ အဲဒီဥစ္စာက သူတို့အတွက် အကြီးမားဆုံး ကြောက်စရာ ခြိမ်းခြောက်မှု ဖြစ်စေတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်နက်လို့ပြောလို့ရတာက သူ့နောက်မှာ ပြည်သူရှိတယ်။ သူက အမှန် တရားအတွက် ရဲရဲ ရင့်ရင့် ရင်ဆိုင်ရဲတယ်။ ရှင်းရှင်းပြောရရင် သူက အမျိုးသမီးတယောက်၊ မိခင်တယောက် .. အနည်းဆုံးတော့ သူ့မှာ သားသမီးတွေ မြေးတွေရှိတယ်။ သူ့မိသားစုနဲ့ ပုဂ္ဂိုလ်ရေး ဘဝ အေးအေးဆေးဆေး နေလို့ရတယ်။ သူ့မှာ လူသားတယောက်ရဲ့ အခြေခံလိုအပ်ချက်တွေ ပြည့်စုံနေပြီးသားပဲ .. ဘာလိုလ။ဲ အဲဒါ တောင်မှ သူ့ရဲ့ လွတ်လပ်မှု၊ မိသားစုဘဝ အကုန်လုံးကို ကိုယ်ကျိုးတကယ်စွန့်၊ အနစ်နာခံပြီး ဒီအခြေအနေမှာ အမှန်တရားအတွက် မူအရ၊ သစ္စာတရားအရ သည်းခံပြီး နေနေတယ်၊ နောက်ဆုံး ဒီဗိုလ်ချုပ်တွေကိုတောင် မေတ္တာ မပျက်ဘဲ ဆက်ပြီးရပ်နေတာ၊ ဒါကိုတော့ သူတို့ ယှဉ်နိုင်မှာကို မဟုတ်ဘူး။ တဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရိုးရိုးသားသားမှန်မှန်ကန်ကန်နဲ့ ရဲရရဲ င့်ရင့် ပြတ်ပြတ်သားသား ကိုယ်ကျိုးစွန့် ရပ်တည်မှုဟာ နအဖဘက်က မုန်းတီးပြီး အငြိုးကြီးကြီးနဲ့ ဆက်လုပ်နေဦးမယ်ဆိုရင် သေချာ တာက သမိုင်းကိုတော့ လိမ်လို့ရမှာမဟုတ်ဘူး။ ဒီတော့ အမျိုးသမီးတယောက် ဖြစ်နေတဲ့အပေါ်မှာ ပိုပြီး အငြိုးကြီးတယ်၊ သူတို့ဘက်က ပြောရရင် သူတို့ကို ပါဝါ အားဖြင့် မယှဉ်နိုင်တဲ့ သူတယောက်ဖြစ်တယ်လို့ မြင်မယ်။ အဲဒီလို အနေအထားမှာ သူတို့ထက် အများကြီး မိုင်ထောင်နဲ့ ချီပြီး ရှေ့ရောက်နေတဲ့ အနေအထားဖြစ်တာကို သူတို့ ပိုပြီး မခံမရပ်နိုင်ဖြစ်မယ်။ ဒီ အပေါ်မှာ သူတို့ အငြိုးကြီးကြီးနဲ့ ရက်စက်ဖို့ စဉ်းစားကြတယ်။ တဘက်က အမျိုးသမီးတယောက်အနေနဲ့ ပြောရရင် ကျမအနေနဲ့ပေါ့ စိတ်ပူတာတွေရှိတယ်။ သူ့အသက် ၆၄ နှစ် ပြည့်တော့မယ်၊ တယောက်တည်းနဲ့ ကျန်းမာရေးအရပဲဖြစ်ဖြစ် အသိုင်းအဝန်းအရပဲဖြစ်ဖြစ် ဘယ်လိုမှ မဖြစ်သင့် မဖြစ်ထိုက်တဲ့နေရာ၊ မနေသင့် မနေထိုက်တဲ့နေရာ၊ သူ့အတွက် ဘယ်လိုမှမသင့်တော်တဲ့ နေရာကြီးမှာ ခုလို နေနေရတာ ဘယ်လိုမှ မဖြစ်စေချင်ဘူး။ ဒါ ကျမက အမျိုးသမီးတယောက် အနေနဲ့ ကြည့်ကြည့်တာ။ နောက် တော့ အမျိုးသမီး ကျန်းမာရေးတို့ဘာတို့ .. ဘယ်လောက်ထိ သူ ကုသမှုခံရနိုင်မလဲ။ နအဖရဲ့ လက်အောက်မှာ ဘယ်လောက်အထိ အငြိုးကြီးကြီးနဲ့ ရက်စက်ယုတ်မာမှုကို ခံရနိုင်သလဲ ဆိုတာ စဉ်းစားမိတယ်။ နောက် သူ့ရဲ့ တကိုယ်ရည် လုံခြုံရေးက အစ အများကြီး စိတ်ပူစရာတွေရှိတယ်။ ဒါပေမယ့် သတင်းတွေမှာ သူ့မျက်နှာကို မြင်လိုက်ရတော့ အရမ်းကို ကြက်သီးထမိတယ်။ ကျမစိတ် ဓာတ်ကျတဲ့အချိန်ဆို သူ့မျက်နှာကို ပြေးမြင်တယ်။ သူတောင် ငါတို့အတွက် ဒီလောက် နေနိုင်တာ ငါက ဘာလို့ စိတ်ဓာတ်ကျရမှာလဲ ဆိုတာမျိုး ဖြစ်မိတယ်။ အခု နောက်ဆုံး သံတမန် သုံးယောက်နဲ့ တွေ့တဲ့မျက်နှာ၊ တရားရုံးထဲ ဝင်လာတဲ့ မျက်နှာကို ကြည့်လိုက် .. ရှင်းပြီး ငြိမ်နေတယ်။ အေးအေးဆေးဆေးပဲ။ သူ့ရဲ့ နဂို စိတ်ရင်းအတိုင်း စိုးရိမ်ပူပန်မှု တုန်လှုပ်မှု ဘာမှမရှိဘူး။ ဒီလို စိတ်ဓာတ်မျိုးကတော့ စစ်တပ်က တသန်းချီနေ ပစေဦး ကြောက်မှာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်း စုကြည်ကတော့ တကယ့်ကို မယုံနိုင်စရာ ကောင်းလောက် အောင်ပါပဲ။ တခါတလေကျရင် ကိုယ်လည်း အမျိုးသမီးတယောက်ပဲ ..ပင်ပန်းလို့ ညည်းညူမိတာပဲ ဖြစ်ဖြစ် နေမကောင်းလို့ အိပ်ရာထဲ ခွေမိတာပဲဖြစ်ဖြစ် ဖြစ်မိရင် သူ့ကို သတိရတယ်။ နေမကောင်းလို့ ဆေးခန်း သွားရရင်တောင် စိတ်ထဲမှာ ငါက ဆေးခန်း သွားနေတဲ့အချိန်မှာ သူကတော့ သူတို့ခငွ့်ပြုမှ

ဆေးကုသ ခွင့်ရတဲ့ အနေအထားပါလားလို့ စဉ်းစားမိတယ်။ သူ့ရဲ့ ရပ်တည်နိုင်မှု၊ နောက် စိတ်ကျန်းမာရေး ကိုယ်ခန္ဓာ ကြံ့ခိုင်နိုင်မှုတွေကိုပါ တည်ဆောက်နိုင်တာကို ကြည့်ရတာ Freedom from fear ဆိုတာ သူမှ အစစ်ပ။ဲ မေး။

။ လက်ရှိ အနေအထားမှာ ပြည်သူလူထုရဲ့ အကြောက်တရားနဲ့ ပတ်သက်ပြီး ဘယ်လို သုံးသပ် မိပါသလဲ။

ဖြေ။

။ ပြည်သူလူထုကို စိတ်ပူတယ် လို့ပဲ ပြောချင်တယ် ..။ ပြည်သူတွေရဲ့ လောလောဆယ် အနေအထားကို

စိတ်ပူတာအပြင် အနာဂတ် အရေးအရကော၊ လာမယ့် မျိုးဆက်တွေ အတွက်ကော စိတ်ပူ တယ်။ အဲဒါက ဘာလဲဆိုတော့ အကြောက်တရားကို အများကြီး အသွတ်သငွ်း ခံလိုက်ရတဲ့ အခါကျတော့ လူတွေက ထုံသွားသလိုဖြစ်သွားတာလားလို့ စိတ်ပူတာ။ ဒါက အပြစ်တင်ပြီး ပြောတာ မဟုတ်ဘူး။ ဒီလောက် ဖိနှိပ်ခံနေရတဲ့ အနေအထားမှာ ပြည်သူ ကြောက်တာကို အပြစ်တင်လို့ မရဘူး။ ၈၈ တုန်းကဆိုရင်ကြည့်၊ ကိုယ့် ကျောင်းသား တယောက် တခုခုဖြစ်ရင် နောက်က ကျောင်းသားတွေ လိုက်လာ တယ်။ တချိန်တည်းမှာ သူတို့ရဲ့ မိဘတွေ လိုက်လာတယ်။ အခုချိန်မှာ သံဃာတော်တွေကို ရိုက်တယ်၊ ထောင်ချ တယ်၊ သတ်တယ် .. နောက်ကနေပြီးတော့ ပြည်သူလူထုက အကြောက်တရားတွေက ဖိစီးနေတော့ ထွက်သင့် သလောက် ထွက်မလာနိုင်ဘူး .. ။ ခုလည်း အဲလိုပဲ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးက ကျမတို့နိုင်ငံမှာ နောက်ထပ် တယောက် မရနိုင်တော့ဘူး ..။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတူတိုင်းပြည်ကို ပြန်တည်ဆောက်ဖို့ ဆိုတာ ကျမတို့နိုင်ငံရဲ့ အနာဂတ်အတွက် အရမ်းအရေးကြီးတယ်။ ဒါပေမယ့် အဲဒါကို ပြည်သူက မြင်ဖို့ခက်နိုင်တယ်။ ဘာလို့လည်းဆိုတော့ တနေ့ကို ထမင်း နှစ်နပ်စားနိုင်ဖို့အရေးရယ် ..၊ နောက်တခုက ရှင်းရှင်းပြောရရင် ထောင်ထဲ မရောက်ရေးပေါ့ ..။ ထမင်းစားရဖို့ ကြိုးစားတဲ့နေရာမှာ ထောင်ထဲ မရောက်ရေးရယ် ..။ ပါးစပ်လှုပ်လိုက်ရင် လှုပ်လိုက်သလောက် ထောင်ထဲ မရောက်ရေးရယ်ကို ၂၄ နာရီထက်ပိုပြီးကျော်လွန် စိတ်ပူနေရတယ်။ အဲဒီတော့ ပြည်သူလူထုက ရေတိုပဲ ကြည့်နိုင်တဲ့ အနေအထားဖြစ်နေပြီး ရေရှည်မှာ တသက်လုံးခံရတော့မှာ ..။ အဲဒီ တခုကိုတော့ စိတ်ပူတယ်။ အပြစ်ပြောတာတော့မဟုတ်ဘူး။ ခုလို ကျမတို့က ပြည်ပမှာ ရောက်နေချိန်မှာ ပြည်တငွ်းက ပြည်သူတွေကို ဘာဖြစ်စေချင်တယ်လို့ ပြောတာက ကျမစိတ်ထဲမှာ တရားတယ်လို့မထင်ဘူး။ ဒါပေမယ့် ဖြစ်စေချင်တဲ့ ဆန္ဒ ကတော့ရှိတာပေါ့။ ကိုယ်က အပြင်မှာရောက်နေတဲ့ ကာလမှာ အထဲမှာရှိတဲ့ ပြည်သူတွေကို ဘာဖြစ်စေချင်တယ် ဆိုတာထက် .. ကျမတို့ နိုင်ငံအပြောင်းအလဲဖြစ်ဖို့ ပြည်တငွ်း ပြည်ပက လူတွေ ပေါင်းပြီးတော့ လုပ်ကြရအောင် ဆိုတာတော့ ပြောကိုပြောချင်တယ်။ ကျမတို့ရှေ့က မားမားမတ်မတ်ရပ်ခဲ့တဲ့ ခေါင်းဆောင်တယောက် ခုလို မတရားခံနေရတာကို လက်ပိုက် ကြည့်မနေကြစို့နဲ့တော့ အတူတူရပ်ကြစို့ဆိုတာမျိုးပြောချင်တယ်။ ဒါပေမယ့် ဒီလို အပြင်က ရပ်ပြီး ပြောနေရတာ လည်းမတရားဘူး ဆိုတာသိတယ်။ အဲလိုဖြစ်မှာစိုးလို့ မပြောချင်တာက လွရဲ င် .. အဲလိုစကားမျိုးက ပြောကို ပြောချင်တယ်။ အပြင်မှာရောက်နေတယ် သို့သော် အကောင်းဆုံး အဖြစ်နိုင်ဆုံး ဦးနှောက်ထဲက အကြံဉာဏ် ရှိသမျှ ထုတ်သုံးပြီး လုပ်နေတာပဲ တချိန်တည်းမှာ အထဲမှာရှိတဲ့ ပြည်သူတွေကိုလည်း တို့တွေနဲ့ တူတူ လက်တွဲပြီး အတူတူရပ်ကြစို့၊ မခံကြစို့နဲ့လို့ ပြောချင်တယ်။ ဒါပေမယ့် ဒီစကားကို ပြောမထွက်ဘူး။


Related Documents

Free From Fear
May 2020 13
From Hope To Fear
June 2020 6
Fear
November 2019 44
Fear
May 2020 23
Fear
October 2019 48