Finicial Crisi On Burma

  • November 2019
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Finicial Crisi On Burma as PDF for free.

More details

  • Words: 1,554
  • Pages: 15
မိုး ပြို ခြင်းလော ------------------------------------------------------------------- မိုးသီးဇွန် ( ဒီဆောင်းပါးမှာ အဓိကဆွေးနွေးထားတာကတော့ ကမ္ဘာဘဏ္ဍာရေးအကြပ်ဆိုက်မှု နှင့် အာရှနဲ့  မြန်မာပြည်ကို သက်ရောက်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပါတယ်။)

စကားချီး

-

အောက်တိုဘာ

၁၃

ရက်နေ

့က

ဦးမောင်မောင်သန်း

(

ဘီဘီစီ)

နဲ



ဦးမောင်သန်း

(အငြိမ်းစားပါမောက္ခစီးပွားရေးတက္ကသိုလ်၊ရန်ကုန်တက္ကသိုလ်)တို့ အင်တာဗျူးကို ကျနော် နားထောင်ရပါတယ်။ ဦးမောင်မောင်သန်းက ကမ္ဘာ့ငွေကြေးဂယက် ဟာမြန်မာပြည် ကိုဘယ်လိုသက်ရောက်မှုရှိမလဲ ဆိုတဲ့အမေးကို ဦးမောင်မောင်သန်းကပထမပိုင်းမှာထိတော့ထိမယ်။သိပ်မထိနိင်ဘူးလို့ဆိုတယ်။ ဒုတိယမေးခွန်းမှာတော့ မြန်မာ ပြည်ကိုသိပ်မထိနိင်ဘူး သူ့ဘာသာဖြစ်နေတဲ့ြ့ပဿနာတွေကြောင့်သာ မြန်မာ့ စီးပွားရေးကိုထိခိုက်မယ်လို့ ဆိုပါ တယ်။သူဘယ်လိုစဉ်းစားလဲတော့မသိဘူး။ ကျနော်တော့အကြီးအကျယ်စိုးရိမ်မိပါတယ်။ ကျနော်အမြင်ကတော့ ဒီနေ့ ငွေကြေးအကြပ်ဆိုက်မှုဟာ အာရှနဲ့ မြန်မာပြည်ကို လည်း ထိခိုက်နိငမ် ယ်လို့  မြင်တယ်။

မိုးပြိုအများ

ဖြစ်လာမယ်။

ရွှေမိုးငွေမိုးရွာတုံးက

ကိုယ်

ကဘာမှာ

မခံစားခဲ့ရပဲ

မိုးပြိုလာမှကိုယ်ခံရမဲ့ကိန်းကိုဆိုက်နေလို့ ပါ။

နိဒါန်း " ကျနော်တသက်မှာ မကြုံဘူးတာကို ကြုံရပြီပေါ့ ဗျာ" ပေါလ်ခရုမန်း ၂၀၀၈ ခုနစ် ၊ စီးပွားရေးဆိုင်ရာနိုဘယ်ဆုရှင် ဒီနေ့ အမေရိကန် စတော့ဈေးကွက်ပျက်ရာနေစလိုက်တဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်မှု (Global Recession) နဲ့ ပတ်သက်လို့  ကမ္ဘာ့ဘဏ်ဥက္ကဌဟောင်းလည်းဖြစ် စီးပွားရေး ပညာရှင်လည်းဖြစ်တဲ့စီးပွားရေဆိုင်ရာနိုဘယ်ဆုရှင်ဂျိုးဇက်စတီးကလစ်က အမေရိကန် ဘဏ် အရင်းရှင်တွေလုပ်တဲ့အပြစ်ဟာ အင်ဒိုနီးရှား စတော့ဈေးကွက်ကလူတွေနဲ့ဘာမှ မဆိုင်ဘူး။ခုတော့မဆိုင်တဲ့သူတွေပါခံရပြီဘီဘီစီနဲ့မေးဖြေခန်းမှာမှတ်ချက်ချပါတယ်။

1

ဒီနေ့  ကမ္ဘာ့စီးပွားရေးပျက်ကပ် (Global Recession )က နိင်ငံအားလုံးကိုထိခိုက်လာမယ် လို့  ကျနော်ပြောချင်ပါတယ်။ မြန်မာ ပြည်လည်း သက်ရောက်မှုရှိလာနိင်ပါတယ်။ ကမ္ဘာ့သွင်တူဖြစ်စဉ် - Globalization - ရဲ့ ကောင်းမွေ၊ဆိုးမွေ ဒီနေ့ ကမ္ဘာကြီးဟာအပြန်အလှန်ကူးလူးဆက်ဆံမှုတွေဟာ သမိုင်းမှာဘယ်တုံးကနဲ့  မှမတူ လောက်အောင်ကို များပြားလာတယ်

နက်ရှိုင်းလာတယ်။ အင်တာနက်က ကမ္ဘာကြီးထဲ

ကလူတွေ ကိုပုခုန်းခြင်းတိုက်မိအောင် ထိပေးလိုက်တယ်။၁၉၃၀ ခုနစ်တုန်းကလည်းစတော့ ဈေးကွက်ပျက်ရာက စလိုက်တဲ့ စီးပွားပျက်ကပ်ဟာသာယာဝတီနယ် မှာ လယ်သမားသူပုန် ထမှုကြီး ဘာလို့ ဖြစ်ခဲ့တာပါလဲ။ ဆရာစံက သူစတော့ခ်ရှယ်ရာတွေ ဈေးကျကုန်လို့ ဒေါသထွက်ပြီးတော်လှန်ရေး လုပ်ခဲ့တာ မဟုတ်ဘူး။ ဘာကြောင့်လည်းဆိုတော့ စပါးဈေးကျသွားတယ်။ လယ်သမားတွေသဒ္ဒါမေဓ အခွန် ( Tax ) ကိုမပေးနိင်ကြတော့ဘူး။ ဒါကို အိမ်ကိုကောက်တယ် လူဦးရေ ကိုကြည့် ပြီးအခွန်ကောက်တယ်။ လယ်သမားက လယ်ပျက်တယ်။ စပါးဈေးကကျ တယ်။ ဒီတော့ အခွန်မပေးနိင်တော့ဘူ။ အကျိုးဆက်က လယ်သိမ်းခံရတယ်။ သူတို့ဟာနယူးယောက်မြို့မှာစတော့ရှယ်ရာတန်ဖိုးတွေကျဆင်းနေတာကိုသိကြမှာမဟုတ်ပါ ဘူး ဒါပေမဲ့ ကမ္ဘာစီးပွားပျက်ကပ်ဆိုက်မှုကမြန်မာလယ်သမားပုန်ကန်မှုကြီးကိုဖြစ်စေခဲ့တယ် လို့ ကျနော်တို့ သမိုင်းမှာသင်ခဲ့ရတယ်။ စာရေးဆရာကြီး ဂျွန်စတိန်းဘက်က် (John Steinbeck) ရဲ့  " the Grapes of Wrath " ဟာ ဘဏ္ဍာရေးအကြပ်ဆိုက်မှုကြောင့်ကမ္ဘာစီးပွားရေးပျက်ကိုဖြစ်ပေါ်စေခဲ့တဲ့အခြေနေကိုနောက်ခံ ထားပြီး ဥက္ကလာဟိုးမာက လယ်အသိမ်းခံရတဲ့အမေရိကန် လယ်သမား တွေရဲ့ဘ၀ကိုဖေါ်ပြ ခဲ့ပါတယ်။

2

အလားတူပဲဒီဂယက်ကဂျာမဏီမှာဟစ်တလာကိုအာဏာရစေခဲ့ပြီး။စပိန်မှာပြည်တွင်းစစ်မီး ကိုတောက်လောင်စေခဲ့တာ ကမ္ဘာ့စီးပွားပျက်ကပ်ရဲ့  ဂယက်တွေဖြစ်ခဲ့တယ်။ အလားတူပဲ အာရှမှာ တရုပ်ပြည်မှာ ရိက္ခာပြတ်တောက်မှုတွေ ဖြစ်ပြီး နောက်ဆုံးမှာ

ချန်ကေရှိတ်ရဲ့

အမျိုးသားအစိုးရနဲ့ ကွန်မြူနစ်တွေကြား ပြင်းထန်လှတဲ့ တိုက်ပွဲတွေဟာ စီးပွားပျက်ကပ်ရဲ့ အကျိုးဆက်တွေအဖြစ်နဲ့  ရလိုက်တဲ့အမွေဆိုးတွေဖြစ်ခဲ့ပါတယ်။ ပေါက်ပင်ဘာကြောင့်ကိုင်းရသလဲ ဒီနေ့ ဘဏ္ဍာရေး အကြပ်ဆိုက်မှုကြီး

ဖြစ်စေတဲ့ အကြောင်းရင်းခံတွေနဲ့ ပတ်သက်လို

ပညာရှင်တွေထောက်ပြတာကတော့ ၁-လောင်စာ ဓါတ်ဆီဈေးနှုန်းတက်လာတယ်။ ၂-လောင်စာဈေးနှုန်းတက်လာတဲ့အတွက် စားသောက်ကုန်တွေဈေးတက်လာရတယ်။ ၃- ငွေကြေးဖေါင်ပွမှုဖြစ်လာတယ်။ (inflation) ၄- ကြွေးမှီ အကြပ်ရိုက်မှု (Credit Crisis) ဖြစ်လာတယ်။ ၅- အိမ် ကြွေးမြီးအကြပ်ဆိုက်မှု ( Mortgage Crisis ) က ဘဏ်တွေကို ဒေ၀ါလီခံမှုဖြစ်ပေါ်လာစေတယ်။ (ရင်းနှီးမြုပ်နှံမှု ဘဏ်တခုဖြစ်တဲ့ လီမင်ညီအကို ဘဏ်စတင်ဒေ၀ါလီခံဖို့ ကြေညာလိုက်တဲ့အခါမှာ ရောဂါစတင်ဖေါက်လာတော့တယ်။) ၁၉၃၀ မှာရော ၂၀၀၈ခုနစ်နစ်မှာရော ဘဏ့်အရင်းရှင်ကြီးတွေရဲ့  Dog – Eat- Dog ဇတ်တူသားစားတဲ့ လုပ်ရပ်တွေက ဒီအခြေအနေကိုသက်ရောက်စေခဲ့တယ်။ ၆- အလုပ်လက်မဲ့ ပြသာနာ ကိုမဖြေရှင်းနိင်ခဲ့ဘူး။ ၇- အာဖန်ဂန် နဲ့  အီရတ်မှာ အမေရိကန်ဖြစ်နေတဲ့စစ်က စစ် စရိတ်ထောင်းလာတယ်။

3

ဒီအချက်တွေက ကမ္ဘာလုံးဆိုက်ရာစီးပွားပျက်လု (Global Recession) ကိုဦးတည်လာပါတော့တယ်။ ဒီပြသာနာတွေရဲ့ ဟိုးဖက်အလွန် ...၊ စီးပွားပျက်ကပ်ရဲ့  မူရင်းစာမျက်နှာ ကတော့ - Income Inequality - သာဖြစ်ပါတယ်။ မားစ်ရဲ့ စကားနဲ့  ပြောရရင်တော့အရင်းခွဲဝေပုံမညီမျှမှု။ ဒါကအနစ်သာရ။

၁၉၃၀ ခုနစ် ကမ္ဘာစီးပွားပျက်ကပ်( Great Depression) နဲ့  ၂၀၀၈ ခုနစ် ကမ္ဘာစီးပွားပျက်လု -(Global Recession )- နိင်းယှဉ်ချက် ၁၉၃၀ ခုနစ် ကမ္ဘာ့စီးပွားပျက်ကပ်ဖြစ်ပြီး ၇၉ နစ်အကြာမှာ ၂၀၀၈ နစ် ဘဏ္ဍာရေးအကြပ်ဆိုက်မှုဟာအံသြစရာကောင်းလောက်အောင်တိုက်ဆိုင်နေပါတယ် အသက် ၈၀ အရွယ်ရှိတဲ့ အဖိုးအဖွားတွေဆိုရင် သူတို့ ဘ၀မှာ ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာစီးပွားပျက်ကပ်ကိုထပ်မံကြုံတွေရခြင်းဖြစ်ပါတယ်။ ၁-၁၉၃၀ ခုနစ် စီးပွားပျက်ကပ်၊ တိတိကျကျပြောရင် ၁၉၂၉ခုနစ် အောက်တို ဘာ ၂၉ ရက် ( Black Thursday ) ကပဲစတင်တယ်။ ခုလည်းအောက်တိုဘာလမှာပဲစတင်လာပါတယ်။ ၂- ၁၉၃၀တုံးကလည်း အမေရိကန်ကပဲစတင်ခဲ့တယ်။ ၂၀၀၈ ခုနစ်မှာလည်း အမေရိကန် ကပဲစတင်နေခြင်းဖြစ်ပါတယ်။ ၃- စတော့ဈေး တွေထိုးကျသွားရက စတင်ခဲ့တယ်။ ခုလည်းစတော့ဈေးနှုန်းက စစခြင်းမှာ -- အထိထိုးကျသွားခဲ့ပါတယ်။လူတွေကဘဏ်တွေကချေးထားတဲ့အကြွေးတွေကိုပြန်မစပ် နိင်ကြဘူး။ ဘဏ်တွေက

ရင်းနှီးမြုပ်နံတဲ့သူတွေကို အရမ်းကာရော ငွေချေးထားတယ်။

ခုလည်း အလားတူပဲဖြစ်ပါတယ်။

၎- ထိုအချိန် အမေရိကန်အစိုးရကစီးပွားရေးပျက်ကပ်ကို ဆယ်တင်ဖို့ နည်းလမ်းတခုအနေ နဲ့  - Smoot-Hawley Tariff Act, ဥပဒေကိုပြဌာန်းပြီး သွင်းကုန်တွေကိုလျော့ချခဲ့တယ်။ ဒီအချက်ကစီးပွားရေးကိုပိုမိုပျက်ဆီးသွားစေခဲ့တယ်လို့ဆိုတယ်။ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးအတွက်လေးဖြစ်ခဲ့တယ်။ ဒီဥပဒေအရ သွင်းကုန်တွေကိုကန့် သတ်တော့ တခြားနိင်ငံ

4

တွေကလည်းတုန့် ပြန်တဲ့အနေနဲ့ အမေရိကန်ပို့ ကုန်တွေကိုကန့် သတ်မှုနဲ့ ရင်ဆိုင်ရတယ်။ ဒီနေ အမေရိကန်အစိုးရတော့ သွင်းကုန်တွေအပေါ်မှာ စည်းကြပ် လာတာတွေတော့မလုပ် သေးဘူး။

(၁၉၃၀ က အမေရိကန်မှာ တောင်အငတ်ပြသာနာကိုကြုံခဲ့တယ်။ လူတွေက လူမှုဖူလုံရေးအသင်းတွေက ကြွေးမွေးတာကိုတန်ဆီတိုးစားခဲ့ရတယ်။ အစိုးရက ၁၉၃၂ ခုနစ် လူတွေကို ကြွေးမွေးရေး အစီအစဉ်တွေ မလုပ် နိင်သေးဘူး။ Depression Cake လို့ တောင် ခေါ်ခဲ့တယ်။ကိန်မုန့် မှာနို၊သကြား၊ ထောပတ်ဘာဆို ဘာမှမပါဘူး။)

၅- ၁၉၃၀ စီးပွားပျက်ကပ်မဖြစ်မီမှာ ၁၉၂၉ ခုနစ်မှာ အမေရိကန်ရဲ့ စိုက်ပျိုးရေးမှာအားထား ရတဲ့ ပြည်နယ်တွေမှာမိုးခေါင်ရေရှားမှုကြီးဖြစ်မှုကြောင့်သီးနှံထွက်နှုန်းကျဆင်းပြီးသီးနှံဈေး တွေတဟုန်ထိုးထိုးတက်လာခဲ့တယ်။ ၂၀၀၈ ခုနစ်မှာလည်း အလားတူပဲ မနစ်ကတမ္ဘာလုံး မှာ သီးနှံဈေးတွေထိုးတက်လာတယ်။ ဆန်ဈေးတွေအကြီးအကျယ်တက်တယ် ရာသီဥတု၊ သဘ၀ကပ်ဘေးနဲ့  လောင်စာအစားထိုးသီးနှံတွေကြောင့်ကောက်ပဲသီးနှံဈေးတွေထိုးတက် လာခြင်းဖြစ်တယ်။ ၆- ၁၉၃၀ စီးပွားပျက်ကပ်ဖြစ်ပြီး တနစ်အကြာမှာ ၀ယ်လို အားကျဆင်းလာတဲ့အတွက် ကောက်ပဲသီးနှံဈေးတွေ တဟုန်ထိုးကျဆင်းလာပြန်တယ်။ အခု ကောက်ပဲသီးနှံဈေးတွေ ပြန်လည်ကျဆင်းနေတာကိုစိုးရိမ်စရာတွေ့ လာရတယ်။ 5

၇- ၁၉၃၀ စီးပွားကပျက်ကပ်မှာ •

အလုပ်လက်မဲ့  ၁၃ သန်း ရှိခဲ့တယ်။



စက်မူထုတ်ကုန် ၄၅ ရာခိုင်နှုန်း သုံးနစ်အတွင်းကျဆင်းခဲ့တယ်။



အိုးအိမ်ဆောက်လုပ်မှု ၈၀ ရာခိင်းနှုန်းခန့် ကျဆင်းသွားတယ်။



ဘဏ် ၅၀၀၀ ခန့်  ရပ်ဆိုင်းသွားတယ်။ ၂၀၀၈ခုနစ်ကို တော့ မသိရသေးပါ။

ကုထုံးများ - Therapy ၁၉၃၀ ကုထုံး ၁၉၃၀ခုနစ်က စီးပွားပျက်ကပ်ကို သမတ ဖရင့်ကလင်ရုစပဲ ကNew Deal Policy နဲ့ ကူညီ ဖြေရှင်းပေးခဲ့တယ်။

New Deal Policy ရဲ့  အနစ်သာရက ဘဏ်တွေနဲ့ ငွေကြေးဆိုင်ရာ

ပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တယ်။ လယ်သမားတွေကိုငွေချေးငှားကူညီခဲ့တယ်။ အလုပ်လက်မဲ့ပြသာနာကိုဖြေရှင်းခဲ့ရတယ်။ လူမှုဖူလုံရေးအစီအစဉ်တွေကိုဆောင်ရွက်ခဲ့ရတယ်။

( ၁၉၃၀ နစ်က လူတွေ သူတို့ အပ်ထားတဲ့ငွေတွေ အလကားနေရင် တန်ဖိုးကျဆင်းသွားတာကိုကြုံရတယ်။ ဒေါ်လာ ၁၀၀ အပ်ထားရင်နောက်တနစ်မှာ ၆၅ ဒေါ်လာဖြစ်သွားပါတယ်။ )

ဒီလိုဆောင်ရွက်မှုတွေအစွမ်းကုန်လုပ်ခဲ့ပေမဲ့  စီးပွားပျက်ကပ်က တဖြေးဖြေးခြင်းသာနလံ ထူနိင်ခဲ့ပါတယ်။ စီးပွားပျက်ကပ်က ၁၉၃၀ခုနစ်ကနေ ၁၉၄၀ခုနစ်အထိ ဆယ်နစ်နီးပါး ကြားခဲ့တယ်။

6

New Deal Policy ကြောင့် ကမ္ဘာစီးပွားရေးပျက်ကပ် က ပြန်လည်ခေါင်းထောင်လာတယ် ဆိုတာကိုတော့ လက်မခံတဲ့သူတွေလည်းရှိပါတယ်။ ဒီထဲမှာ ကိန်း ကျောင်းတော်သား တွေအများပြားပါဝင်တယ်စီးပွားရေးပညာရှင် ဂျွန်မေနပ်ကိန်းစ် (John Maynard Keynes )1 ယေဘူယျ အလုပ် သီအိုရီ ( The General Theory of Employment) ဆိုတာကိုဖေါ်ထုတ် ပါတယ်။ သူသီအိုရီက

ရိုးစင်းတယ်။ စီးပွားရေကျနေချိန် ဆိုရင် အစိုးရက

ကြွေးမြီကို

တာဝန်ယူ၊ လူတွေကို အချိန်ပြည့် လုပ်သာဖိပေးထား ( Full Employment)ပုဂလိကတွေကို အသာခေါက်ထား၊ဒီအချိန်မှာဘယ်သူမှ တံခါးခေါက်ပြီးဈေးလာမ၀ယ်ဘူး။ စီးပွားရေးအရရင်းနှီးမြုပ်နှံမှုအသစ်တွေကိုမလုပ်ဝံသေးဘူး။ ဒီတော့ လူထုအကျိုး ပြုရင်းနှီးမှု တွေ ( Socialize Investment ) ကိုပိုလုပ် လို့ သူက အကြံပေးခဲ့တယ်။ရုစပဲအစိုးရကလုပ် ပါတယ်။ ဒါပေမဲ့  မထိရောက်ဘူး။ New Deal Policy မှာ

ဘဏ်ကြီးတွေကို ပိုပြီးအသက်

ဆက်ပေးခဲ့တယ်။ ရောမလူအများစုက New Deal Policy ရဲ့ သုခကို ခံစားခဲ့ရပုံမရဘူး။ ဒီအချက်ကို ဂျွန်စတိန်းဘက်က်ရဲ့  Grape of Worth ၀ထ္တု လာ နင်းပြားလယ်သမားကြီး တွန်ဂျိဒ် တို့ မိသားစုလို လယ်သမားတွေကတော့ ဒီထောက်ပံမှုတွေ ကို မရခဲ့တဲ့သူတွေ နက်ရှိုင်းတဲ့  သမိုင်းပုံရိပ်တွေအဖြစ်ကျန်ရစ်စေခဲ့လို့ ဖြစ်တယ်။ " ဥုံ ဖွ- လူလဲ တာမဟုတ်ဘူးခွေး လဲတာ " သို့ မဟုတ် ၂၀၀၈ အရေးပေါ် ကုထုံး ( Intensive Care ) အင်မတန်ကြီးမားတဲ့ ငွေပမာဏ ကို အစိုးရတွေက ပုံသြောသွန်းလောင်းနေကြပုံကိုကြည့် ခြင်းအားဖြင့် ကမ္ဘာ့လူနာကြီးဟာ

ဘဏ္ဍာအရင်းရှင်တွေရဲ့  လက်ချက်နဲ့သေလောက်တဲ့

ရောဂါကိုရနေတယ်ဆိုတာကိုညွန်းပြနေပါတယ်အမေရိကန် ကဒေါ်လာငွေ ဘီလီယံ ၇၀၀ အင်္ဂလန်က ပေါင်စတာလင် ဘီလီယံ ၅၀၀ ( ဒေါ်လာသန်း ဘီလီယံပေါင်း ၁၀၀၀ခန့်  ) ၊ ဥရောပယူနီယံတခုလုံးအနေနဲ့  အစိုးရတွေက ၀င်ရောက်ကူညီငွေပေါင်းဟာ ၂ဒသမ ၃ ထရီလီယံ ( ၂၃၀၀ ဘီလီယံ) ဒေါ်လာရှိပါတယ်။

1

ကိန်းက ဆိုရှယ်လစ်တယောက်တော့မဟုတ်ဘူး။ အရှင်းရှင်စနစ်ကို မြေမြုတ်ဖို့ သူမစဉ်းစားခဲ့ပါဘူး။သူက အရင်းရှင်နစ်ကို ကယ်တင်ခဲ့တာပါ။ သူရဲ့ ယေဘူယျ အလုပ် သီအိုရီရဲ့ အနစ်သာရကတော့ ဈေးကွက်စီးပွား ရေးစနစ်က အချိန်ပြည့် အလုပ်ပေးမှုကိုအာမခံဘူး။ အစိုးရအနေနဲ့  ၀င်ရောက်စွပ်ဖက်သင့်ရင်စွက်ဖက် (အာဒမ်စမစ်ရဲ့  ဈေးကွက်ကိုမကိုင်နဲ့ လွတ်ထား ဆိုတဲ့သီအိုရီကိုသူကအပြည့်အ၀လက်မခံတဲ့သဘော) ဖြစ်တယ်။ - စာရေးသူ-

7

အမေရိကန် အစိုးရရဲ့ ငွေကို အမေရိကန် ဘဏ်ကြီး ၉ခု ကအများဆုံးရရှိမှာပါ။ ရွေမန်း တင်မောင်ပြဇတ် ထဲက" ဟဲ့ ဂေါတမီတို့ ရော လှည်းဦးက ပါဖရာ့ " ဆိုသလို အမေရိကန် ဘဏ်၊ ဂျေ ပီမော်ဂင် ၊ ၀ဲလ်ဖါဂို ၊ ဂိုလ်ဒင်းဆာခ်ျ၊မော်ဂန်စတန်လေ၊မာရီရယ်လာခ်ျ တို့ က ရှေ့ ဆုံးကနေ အစိုးရရဲ့ အကူညီကိုရရှိမှာဖြစ်ပါတယ်။ ဒီကုထုံးတွေက စီးပွားရေးအကြပ်ဆိုက်မှုကို သက်သာစေမှာလားဆိုတာကို ဘယ်သူမှရဲရဲ ၀ံ့ဝံ့အာမမခံကြသေးပါဘူး။ ရီပတ်ပလစ်ကန် အမတ် ဂျွန်ပေါလ်ကတော့ ချက်ခြင်း ပြန်လည် နာလံထူနိင်မယ်လို့ ကျနော်တော့ မထင်ဘူးလို့ ဆိုတယ်။အမေရိကန် ဖယ်ဒရယ်ဘဏ်ဥက္ကဌ ဘင်နာကေ ကတော့ အစိုးရရဲ့ ဆောင်ရွက်ချက်ကြောင့် အမေရိကန် ငွေကြေးဈေးကွက်ဟာ ပြန်လည်နံလထလာမယ်။ စီးပွားရေးတိုးတက်လာမယ်လို့  အာမခံသော်ငြားလည်း စနစ်က အောင်မြင်ပါ့မလားလို့  မယုံမရဲဖြစ်နေပါသေးတယ်။ ဘာဖြစ်လို့ လဲ တောင်းဝှေးလဲတော့ဖိုးသူတော်ကထူနိင်တယ်။ဖိုးသူတော်လဲရင်ဘယ်သူထူ မလဲ ဆိုတာမေးစရာရှိနေလို ပါ။ လူတယောက်က အရေးပေါ်ငွေလိုနေတယ်။ ဘဏ်ကချေးနိင်တယ်။ ဘဏ်က ငွေလိုလာတယ်။ အစိုးရကချေးတယ်။ အစိုးရတွေ ရဲ့ အရံ ငွေတွေပြတ်သွားရင်ဘယ်သူကနေစိုက်ထုတ်ပေးတော့မှာလဲဆိုတဲ့ အခြေအနေဟာမရောက် လာနိင်ဘူးလို့  ဘယ်သူက အာမခံနိင်ပါမလဲ။ဖယ်ဒရယ်ဘဏ်ပါငွေပြတ်ရင်တော့အမေရိကန် အရင်းရှင်စနစ် နိဂုံးချုပ်ပြီလို တောင်ပြောနိင်မယ်ထင်ရဲ့ ။ သူတို့ အားလုံးရဲ့  ကုထုးံတွေကိုကြည့် ရင် ၁-ငွေကြေးစနစ်ကို ပြုပြင်မယ် (Reform Monetary System ) ။ ၂- ဘဏ်တွေကိုစည်းမျဉ်းအသစ်(Structure Adjustment )တွေပြဌာန်းမယ်။ ၃- လိုအပ်တဲ့နေရာတွေမှာ အစိုးရက စိုက်ထုတ်မယ် ဆိုတာတွေဖြစ်ပါတယ်။ ၄- အိမ်ဖိုးမပေးနိင်တဲ့ အမေရိကန်ပြည်သူတွေ၊ အနောက်နိင်ငံကြွေးပတ်လည်ဝိုင်းနေတဲ့  ပြည်သူတွေကို ကြွေးမြီးတွေလျော့ပေးရေး အစီအစဉ်တွေက ဒီထဲမှာ လေသံတချက်လေး ကို မှ ခေါင်းဆောင်တွေက မဟကြသေးဘူး။လူတွေကို ယုံကြည်မှု အသစ်တွေ တခုမှာမပါ လာသေးဘူး။ ဒါတွေကိုအမြန်ပြောဖို့ လိုနေပြီ။ ၅- ဒါဟာ ကမ္ဘာစီးပွားရေးပျက်ကပ်ကို ကယ်တင်နိင်ပါမလား အရင်လို ပဲ ဘဏ်အရင်းရှင်ကြီးတွေ ရဲ့  (Dog – Eat – Dog Policy) ကို ပြန်လည်ဖါထေးနေတာလား အများကြီးစဉ်းစားစရာဖြစ်နေပါတယ်။ အခြေအနေကဘာနဲ့ တူနေသလဲဆိုရင် အိုးဇုံးလွာပေါက်သွားတယ်။ ပုန်းညက်နဲ ဖါသလိုဖြစ်ရင်အခြေအနေဆိုးဝါးသွားနိင်ပါတယ်။ 8

မက်ကိန်းကတော့ မဲဆွယ်ပွဲတွေမှာ သူသာသမတဖြစ်မယ်ဆိုရင် အခွန်ကိုလျော့ချပေးမယ်။ အလုပ်ကိုင် တွေပိုဖန်တီးပေးမယ်။ ရင်းနှီးမြုပ်နှံမှု အသစ်လုပ်တဲ့သူတွေကို အခွန်လျော့ ပေးမယ်။ အကြွေးမပေးနိင်တဲ့သူတွေဆီက အကြွေးတွေကို အစိုးရက၀ယ်ပေးမယ်လို့ ဆို တယ်။ ဘားရက် အိုဘားမားကတော့ရောနယ်ရီဂင် လက်ထက်ကနေဘုရ်အစိုးရအထိကျင့် သုံးလာတဲ့လေဆာဖဲ ပေါ်လစီ ကို ဝေဖန်လိုက်ပါတယ်။ စီးပွားရေးပေါ်လစီတွေဟာ မွဲပြာပုဆိုးတွေသူကတခါလာလည်း လူချမ်းသာတွေကိုပဲ အခွန် လျော့ စီးပွားရေးပြသာနာကြီးတခုလုံးကို ဥပေက္ခာပြုထားတယ် လို့ ဝေဖန်ခဲ့တယ်။ သူနည်း က လည်း မက်ကိန်းနဲ့ သိပ်မကွာလှပါဘူး။

2

ငွေ ဘီလီယံ ၇၀၀ကိုကူညီဖို့ ကွန်ကရက်မှာဆွေးနွေးကြတော့ဆီနိတ်တာတွေဟာအီရတ်စစ် တုံးကလို့ တိုက်သင့်မတိုက်သင့်အကျိုးဆက်က ဘာဖြစ်လာမယ် ဆိုတာကိုမခန့် မှန်းနိင်ကြ သလိုပဲ ဖြစ်နေကြတယ်။

အကဲဖြတ်ချက် ရေတို ( Shot Run) - အစိုးရတွေရဲ့ ကူညီမှုတွေကြောင့် ကမ္ဘာ ငွေကြေးအကြပ်ရိုက်မှုက ယာယီငြိမ်ကျသွားနိင်တယ်။ အာရှနိင်ငံတွေက ဒို့ ကိုမထိဘူးလို့ မှားယွင်းစွာယူဆနိင်တယ်။ ၂နစ် ၃ နစ်ကတော့ပွဲကြီးပွဲကောင်းဖြစ်လာမယ်။ ရေရည်- ( Long Run) ငွေကြေးအကြပ်ဆိုက်မှုဟာ စတော့ ဈေးကွက်တခုထည်ထိခိုက်နစ်နာမှု ဖြစ်တာမဟုတ်ဘူး တခြားစီးပွားရေးလုပ်ငန်းတွေကိုပါထိခိုက်နိင်တယ်။ က- စတော့ဈေးကျဆင်း။ ခ- ချေးငွေတွေပြန်မဆပ်နိင်။ အိမ်ဈေးကျ၊ အိမ်အသိမ်းခံရ၊ လူမှုရေးပြသာနာများ 2

http://www.independent.co.uk/news/race-for-whitehouse/obama-blames-financialcrisis-on-republican-economic-policy-932002.html

9

ဂ- အနောက်နိင်ငံဈေးကွက်တခုလုံး ၀ယ်လိုအားကျဆင်းလာ၊ ဃ- အာရှ ထွက်ကုန်အများစု ( စက်မှု၊ စိုက်ပျိုးရေး) တခုလုံး ကျဆင်းလာနိင်။ ( အမေရိကန် နဲ့ အနောက်နိင်ငံတွေကိ ၁၉၈၉ ခုနစ်နောက်ပိုင်းကစ အကြီးအကျယ်မှီခိုလာရတယ်။ အနောက်ဈေးကွက်က ၀ယ်လိုအားကျဆင်းမှုကို အာရှ က ခံစားလာရနိင်တယ်။ ) င- ငွေကြေးအကြပ်ရိုက်မှုကြောင့် စက်မှုလုပ်ငန်း (Industries ) ၊ လယ်ယာစိုက်ပျိုးရေး (Farming )၊ သစ်ထုတ်လုပ်ငန်း( Logging ) ၊ ငါးဖမ်းလုပ်ငန်း( Fishing ) တွေထိခိုက်နိင်တယ် ။ နိင်ငံရေးမှာ - အမေရိကန်မှာ လစ်ဘရယ်တွေအာဏာရလာရင် ပြသာနာဟာ ဖါဖါထေးထေး ထိမ်းထိမ်းသိမ်းသိမ်းဖြစ်လာပြီးကွန်ဆာဗေးတစ်တွေ (Neo-Con ) တက်လာရင်တော့အခြေ နေပိုမိုဆိုးလာနိင်တယ်။စစ်ပွဲကြီးတခုကို ဦးတည်လာနိင်တယ်။ပါကစတန်နဲ့ အိန္ဒယဟာစစ်ပွဲ ဖြစ်လာနိင်တယ်။ အာဖရိကမှာ တိုက်ပွဲတွေဖြစ်လာမယ်။ ဆူဒန်က တိုက်ပွဲပိုပြင်းလာမယ်။ ထိုင်းမှာ နိင်ငံရေးမတည်ငြိမ်မှုတွေပိုများလာမယ်။ ထိုင်းနဲ့ ကမ္ဘောဒီယားတင်းမာမှုပိုလာမယ်။ အာရှနဲ့ မြန်မာ မှာ ဖြစ်လာနိင်တဲ့အလားအလာများ မန်မိုရမ်ဆင်းခေါင်းဆောင်တဲ့ အိန္ဒယအစိုးရက အနောက်နိင်ငံတွေဖြစ်တဲ့ ဘဏ်ရေးအကြပ်ဆိုက်မှု က အိန္ဒယအနေနဲ့ မစိုးရိမ်ဘူးလို့ ဆိုပါတယ်။ ဒီအချက်ဟာ ၀ါဒဖြန့် ချီမှုဖက်များတယ်လို့ ကျနော်ထင်ပါတယ်။ အိန္ဒယရောတရုပ်ဟာ ဆိုရှယ်လစ်တွေကိုလမ်းကြောင်းက ခွဲ ထွက်ပြီး (Neo- Capitalism) ကို ဦးတည်နေကြတဲ့အတွက် အနောက်နိင်ငံတွေရဲ့ စီးပွားရေးဂယက်ထဲ တိုးလို့ ဝင်ရောက်နေတဲ့အတွက် ဒုက္ခ ရောက်နိင်တယ်။ စီးပွားရေးတိုးတက်မှုက နိင်ငံတကာဈေးကွက်ကိုမှီခိုရလွန်းတယ်။ ထုတ်ကုန်နဲ့  ဈေးပေါလုပ်အားတွေပေါ အလုံးစုံမူတည်နေတယ်။ ဒါကို နိုဘယ်ဆုရ စီးပွားရေးပညာရှင် ပေါလ်ခရုမန်းက '' that the growth of economies in East Asia was not the result of new and original economic models, but rather increased capital and labor inputs, which did not result in an increase in total factor productivity. His prediction was that future economic growth

10

in East Asia would slow as it became more difficult to generate economic growth from increasing inputs. ''

3

စီပွားရေးပညာရှင် ပေါလ်ခရုမန်း အရှေ့ အာရှစီးပွားရေး တိုးတက်မှုဟာ ပုံမှန်သဘ၀ မဟုတ်ဘူး။ အရင်းများလာတယ်။ဈေးပေါ လုပ်အားတွေပေါ်မူတည်နေတယ်။ အနာဂတ်စီးပွားရေး တိုးတက်မှုကိုထိခိုက်နိင်တယ်လို့ ထောက်ပြခဲ့ဘူးတယ်။

မြန်မာပြည်ကို ၁၉၉၇ခုနစ်ကတည်းက အမေရိကန်က စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှု တွေကြောင့် စီးပွားရေးပိတ်ဆို့အရေးယူ ဆောင်ရွက်မှုတွေပြုလုပ်ခဲ့တယ် ။ အနောက်နိင်ငံက ရင်းနှီးမြုပ်နှံမှုအသစ်တွေကိုမလာတော့ပေမဲ့  အိမ်နီးချင်းနိင်ငံတွေနဲ့ ရင်းနှီးမြုပ်နှံမှုတွေလုပ်လာ ခဲ့တယ်။အထူးသဖြင့် တရုတ်၊အိန္ဒယ၊အရှေ့ အလယ်ပိုင်းနိင်ငံများနဲ့ အာဆီယံနိင်ငံတွေနဲရင်းနှီး မြုပ်နှံမှုတွေရှိလာပါတယ်။ တံခါးဖွင့်စီးပွားရေး

(Open Market Economy ) ဖက်ကိုဦးတည်

လာတယ်လို့ ဆိုနိင်ပါတယ်။ မြန်မာပြည်ကအဓိကနိင်ငံခြားကိုတင်ပို့ နေတာတွေကတော့ ၁- သဘာဝဓါတ်ငွေ့  ၂- ရေအားလျပ်စစ် ၃- ကောက်ပဲသီးနှံ ၄- ရေလုပ်ငန်း နဲ့  သစ်ထုတ်လုပ်မှု ၅- အလုပ်သမား ( နိင်ငံခြားကိုထက်ွပြီးလုပ်ကိုင်မှုများ) ၆- ခရီးသွားလုပ်ငန်း 3

(http://en.wikipedia.org/wiki/Paul_Krugman )

11

ဒီအချက်တွေက နိင်ငံခြားကိုမှီခိုနေတာကို ညွန်းဆိုနေတာဖြစ်တဲ့အတွက် နိင်ငံတကာ စီးပွား ရေးပြသာနာကိုရှောင်လွဲမရသလိုဖြစ်လာပါတယ်ပိုမိုဆိုးဝါးလာစေနိင်တဲ့အခြေအနေကတော့ နိင်ငံရေးပြဿနာ ကိုနအဖ စစ်အစိုးရက ဖြေရှင်းနိင်ခြင်း မရှိသေးတာက အဓိကပြဿနာ ဖြစ်နေပါတယ်။

စီးပွားရေးအနေနဲ့ ကတော့ နအဖရဲ့  တလျောက်လုံးမှားလာတဲ့အမှားက

သေရာပါအမှားအဖြစ် နဲ့ သဘ၀ဓါတ်ငွေ့ နဲ့ ရေအားလျပ်စစ်ကိုပြည်တွင်းဖူလုံရေးမှာအသုံးပြု ခြင်းမရှိပဲနိင်ငံခြားကိုရောင်းစားခဲ့တယ်။ ရလာတဲ့ အမေရိကန် ဒေါ်လာငွေ ၃ ဘီလီယံ ခန့်  ငွေကို နဲ့  ပြည်တငွ်းစက်မှုနဲ့ စိုက်ပျိုးရေး ဖွင့်ဖြိုးမှုမှာမသုံစွဲပဲ ပျောက်ဆုံးနေတယ်။ လယ်တွေကိုသိမ်းတာ၊ မြေလွတ်တွေကို ဘင်္ဂလား ဒေ့ရှ်နိင်ငံ ကိုငှားရမ်းဖို့ လုပ်ခဲ့တယ်။ နာဂစ်မုန်တိုင်းကြောင့် ပြိုလဲသွားတဲ့ လယ်မြေတွေကို ပြန်လည်မထူထောင်နိင် သေးတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းဟာ ဘုန်းဘုန်းလဲသွားတယ်။ အခက်ခဲကြားထဲကထွက်လာတဲ့ သီးနှံဟာလည်း ကမ္ဘာဈေးကွက်မှာကျဆင်းနေမှုနဲ့  ရင်ဆိုင် ရဖွယ်ရှိတယ်။ မြန်မာအလုပ်သမားတွေဟာ ဂျပန်၊ စင်္ကပူ၊မလေးနဲ ထိုင်းနဲ့ အခြားနိင်ငံတွေ မှာ စုစုပေါင်း ၅ သန်းကျော်ခန့် ထက်ွလုပ်နေတယ်။ မိသားစုအတော်များများဟာ ပြည်ပက အလုပ်လုပ်နေတဲ့  မိသားစုဝင်တဦးရဲ့ ဝင်ငွေပေါ်မှာမှီနေတဲ့အတွက် အလုပ်လက်မဲ့ ပြဿနာ ကိုရင်ဆိုင်လာရရင် ပြည်တွင်းမိသားစုတွေဟာ အခက်ခဲတွေပိုကြုံလာရနိင်ပါတယ်။ ဒီကြားထဲမှာနူရာဝဲစွဲ၊မွဲရာသူခိုးထောင်းဆိုသလိုနိင်ငံရေးပြသာနာစီးပွားရေးပြသာနာပေါင်းစုံကို ရင်ဆိုင်နေရပြီးသားမြန်မာပြည်မှာဒီထက်ကိုပိုမိုဆိုးဝါးတဲ့ပြသာနာတွေထပ်လောင်းပေါ်ပေါက် လာနိင်ပါတယ်။ အာရှကတော့ မဟာကျဆင်းမှုကြီးနဲ့ ကြုံကြရလိမ့်မယ်။ ဒါတွေကတော့ ၁- အာရှက စက်မှုထွက်ကုန်တွေ ထုတ်လုပ်မှုကျဆင်းကုန်နိင်တယ်။ ၂- ကုန်ဈေးနှုန်းတွေထိုးကျလာနိင်တယ်။ စပါးဈေးအပါအ၀င်စိုက်ပျိုးရေး ထွက်ကုန်တွေ ဈေး ထိုးကျလာနိင်တယ်။ ၃-လုပ်အားခတွေ ဈေးကျကုန်မယ်။ ၄- အိမ်ဈေးတွေထိုးကျလာနိင်တယ်။ (အမေရိကန်မှာ အိမ်ဈေးတွေ က ၁၀-၂၀ ရာခိုင်နှုန်းအထိကျဆင်းလာနိင်တယ်လို့  ဂျိးဇက်စတီးကလစ်ကပြောပါတယ်။ အိမ်ဈေးတွေကျပေမဲ့  အတိုးပေးနေရတဲ့နှုန်းက ကျဆင်းမယ်လို့ ဘယ်သူက မပြောသေးပါဘူး။) 12

၅-အလုပ်လက်မဲ့ ပြဿနာတွေပေါလာနိင်တယ်။ အမေရိကန်ကို ထိုင်းဆန်တင်ပို့ မှုကုန်တင်ပို့ မှုတွေ ကျဆင်းလာရင် မြန်မာအလုပ်သမားတွေ အလုပ်လက်မဲဖြစ်ကုန်နိင်တယ်။ ၆- - ခရီးသွားလုပ်ငန်းတွေ ကျဆင်းလာနိင်ပါတယ်။ ၇- မူးယစ်ဆေးဝါး၊ လောင်းကစားနဲ့ ပြည်တန် ဆာလုပ်ငန်းများ ပိုမိုများလာနိင်တယ်။ ၈- မြန်မာအပါအ၀င်အာရှနိင်ငံတွေမှာ နိင်ငံရေး မတည်ငြိမ်မှုတေပုန်ကန်မှုတွေဖြစ်ပေါ်လာနိင် ပါတယ်။ အိန္ဒယ-ပါကစတန်၊ ထိုင်း-ကမ္ဘောဒီယားတွေဟာ စစ်ပွဲတွေအသွင်ဆောင်လာနိင် တယ်။ ကားလ် မားက်စ် ရဲ့ အမြင် ကားလ်မာ့က်စ်ကတော့ ဒီပြဿနာကိုနစ်ပေါင်းများစွာကတည်းက ဟောကိန်းထုတ်ခဲ့ပါတယ်။ လေးနက်လှတဲ့သူရဲ့ သီအိုရီတွေကို ခုလိုနားလည်လို့ ရနိင်တယ်။ သူရဲ့  Capitalism မှာ သူက လုပ်အားနဲ့ အရင်း ဟာ အမြဲတန်းအားပြိုင်မှု ရှိနေတယ်။ အလုပ်သမားကရှင်သန်ရေးအတွက် လုပ်အားကိုရောင်းချတယ်။ အရင်းရှင်က လုပ်အားခကိုဈေးပေါပေါလိုချင်ပြီး ကုန်ပစ္စည်းကို ဈေးကြီးကြီးနဲ့ရောင်းချင်တယ်။ ဒီတော့ အရင်းရှင်က လုပ်အားဈေးပေါပြီး ကုန်ပစ္စည်းများများ ထုတ်နိင်ရေးဖြစ်လာတယ်။

ကားလ် မားစ် ဒီတော့စက်ကရိယာအသစ်အဆန်းတွေကိုတီထင်ွသလောက်လုပ်အားကတော့စက်ရုံကမောင်း ထုတ်ခံလာရပါတယ်။ ဒီတော့ အရင်းရှင်မှာ ငွေတွေစုပုံလာသလောက် အလွန်အကြွံထုတ်လုပ် မှုတွေဖြစ်လာသလောက် အလုပ်သမားလက်ထမှဲာ ၀ယ်စရာမရှိဖြစ်နေတယ်။ ဒီတော့ ၀ယ်လို အားကျလာတယ်။ ဒီအခါမှာ မခံနိင်တဲ့ ကုမဏီအသေးတွဟာ ဈေးကွက်ပြိုင်ဆိုင်မှာ အရှုံးနဲ ထွက်ခွာ။ 13

ကြီးတဲ့ကုမဏီတွေက ငယ်တဲ့ကုမဏီကို ၀ါးမြို ။ နောက်ဆုံးမှာ ကြီးတဲ့ကောင်တွေသာ သာ ကျန်ရစ်ပြီးစီးပွားရေးတခုလုံးပြိုကျသွားတယ်။ ဒီအခါမှာ ရှင်သန်ရပ်တည်ရေးအရ ပစ္စည်းမဲ့ တွေထရပ်လာပြီးဘူဇွာခေါင်းဆောင်မှုကို ဖြိုလှဲလူမှုအစီအစဉ်သစ်တခုပေါက်ပွားလာရတော့ တယ်။ တော်လှန်ရေးကပေါက်ပွားလာတယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။ ဒီနေ့ စီးပွားရေ ပြသာနာအပေါ်မှာ စကားကြီး သုံးခွန်း ပြောခြင်ပါတယ်။ ၁-နိင်ငံတကာပူးပေါင်းဆောင်ရွက်မှု တွေကို အမြန်ဆုံးမြင့်တင်။ ၂-ကြွေးမှီတွေကိုလျော့ပေါ့ပြစ်။အလုပ်ကိုင်သစ်တွေကိုဖန်တီးပေး။ လူမှုကယ်ဆက်ရေးအစီအစဉ်တွေအမြန်ဆုံးဆောင်ရွက်။ ၃- အမေရိကန်ဈေးကွက်ကိုမှီတဲ့စီးပွားရေးက ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်သစ်ကိုဖန်တီး။ ကိုယ်ပြည်တွင်းဈေးကွက်တွေကို သန်မာအောင်လုပ်ကြ ဖို့ နေတယ်ဆိုတာပါပဲ။

နိဂုံ ချုပ် ဒီနေ

့ကမ္ဘာကြီးရဲ့ စီးပွားရေးဟာ

(Global Recession )

ကိုဝင်သွားပါပြီ။

ဒါပြီးရင်

(Depression) ဖြစ်လာနိင်ပါတယ်။ အမေရိကန်နဲ့ ဥရောပခေါင်းဆောင်တွေက Depression ထဲကိုဝင်မသွားနိင်ဖို့ အတွက်အစွမ်းကုန်ကြိုးပန်းနေတယ်။ သူတိုနည်းလမ်းတွေဟာနည်းလမ်း ဟောင်းတွေသာဖြစ်တဲ့အတွက် ယာယီ မျှသာသက်သာနိင်မယ်။ ရေရှည်( ၂ -၃ နစ် အတွင်း) မှာတော့ ထုတ်ကန်ုကျမယ်။ စိုက်ပျိုးရေးကိုထိခိုက်မယ်။ အလုပ်လက်မဲ့ပြသာနာနဲ ရင်ဆိုင် ရမယ်။ ဒီဂယက်ဟာ အားလုံးကိုရိုက်ခတ်လာမှာပါ။ ကမ္ဘာသွင်တူဖြစ်စဉ်မှာ ဆက်သွယ်ရေး လျင်မြန်လာတဲ့ ကောင်းကျိုး ကိုကျနော်တို့  ခံစားလာရသလိုပဲ ရောဂါကူးဆက် မှုဟာလည်း အလျင်အမြန်ပျံနှံလာမှာမလွဲဖြစ်တယ်။ စီးပွားရေးပျက်ကပ်ဟာမွေးရာပါရောဂါတခုအထိတည်ရှိနေပါသေးတယ်။ရှောင်လွဲပျောက်ကင်း နိင်တဲ့ နည်းလမ်းမရှိသေးဘူး။ သက်သာရာသက်သာ ကြောင်းတွေပဲရှိနေတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းကတော့ အရင်းခွဲဝေပုံမညီမျှမှု၊ ၀င်ငွေအချိုးအစားအလွန်အမင်း ကွာဟလာမှုတွေ ကြောင့်ဖြစ်ပါတယ်။ ဒီထက်ပိုပြီး လေးနက်အောင်ပြောရရင်တော့

လူတို့ ရဲ့  လောဘဟာ

စီးပွားရေးမှာအဓိကမောင်းနှင်အားဖြစ်နေတယ်။ ဒါကို ပြိုင်ဆိုင်မှုလို့ ဝိသကြုံ ပြု။ စာနာမှုတရားက စီးပွားရေးမှာ ခြေတဖ၀ါးချစရာနေရာမရှိ ခဲ့ပေဘူး ။ သာဓကဆောင်ပါရစေ နစ်ပေါင်းများစွာ အလွန်အမင်းစီးပွားရေးကပ် ( Long Great Depression ) ဆိုက်နေတဲ့ အာဖရိက၊အာရှ ( Long Great Depression ) 14

ဆိုက်နေတဲ့ အာဖရိက၊အာရှ တွေမှာစီးပွားရေးဖွင့်ဖြိုးမှုအစီအစဉ်တွေကိုကုလသမဂ၊ကမ္ဘာဘဏ်၊ အိုင်အမ်အက်(ဖ်)တွေမှာကောင်းမွန်တဲ့အစီအစဉ်တွေရှိသလို အာဖရိကနဲ့ အာရှ အာဏာရ နိင်ငံရေး သမားတွေရဲ့  အကျင့်ပျက်လဒ်စားမှုတွေက သမိုင်းနဲ့ ချီဖြေရှင်းမရဖြစ်နေသေးလို့ ပါပဲ။ ကမ္ဘာ့ဘဏ္ဍာရေး ခေတ်မှာ ရွှေမိုးကြီးငွေမိုးကြီးသွန်းလောင်းတုန်းက ဒို့ မြန်မာတွေ ငေးတိငေးမော် ။ ချူးတပြားမရခဲ့ဘူး။ မိုးပြိုလာတော့မှ ကိုယ်ပါခံရပြီ။ မိုးပြိုလာပြီဆိုမှတံခါးကြားထဲဝင်ပုန်းနေလို့ မလွတ်နိင်မိုးကြိုးပစ်တာကိုထန်းလက်နဲ့ လို့ရဘူးလို ရှေးလူကြီးတွေပြောခဲ့တာ ဒါများလားလို့ ကျနော်တစ်ယောက်တည်းစဉ်းစားနေမိတယ်။ မြန်မာပြည်သူတွေ ကံကောင်းကြပါစေ။

မိုးသီးဇွန် ပင်ဆလ်ဲဗေးနီးယား ပြည်နယ်။ အောက်တိုဘာ ၁၄ ရက် ၊၂၀၀၈ ။

15

Related Documents

Finicial Crisi On Burma
November 2019 15
On Burma
December 2019 12
Burma
October 2019 39
Burma
November 2019 32
Burma
November 2019 28