ဆားပုလင်းနှင်းမောင်နှင့် နိုင်ငံတော်အစိုးရ လုပ်ကြံမှုကြီး ဒီကနေ့ ရန်ကုန်မြို့ ရဲ့ သဲကြီးမဲကြီး မိုးရွာသွန်းမှုကြောင့် မည်သူမှအပြင် မထွက် ချင် ကြ၊ ကျွန်ုပ်တို့ CID မှ ထောက်လှမ်းရေး အဖွဲ့ဝင်များမှာကား မထွက်ချင်၍ မရ-- ထောက်လှန်း ရေး ကိုင်တဲ့ DSP (District Superitendent of Police Force)ကို ကြောက်ကြရဧ။်၊ မိုးထဲရေထဲမှာ တ ယောက်စီ တယောက်စီ ကိုယ်စီကိုယ်စီ ထီးကလေး မိုးကာကလေးများကိုဆွဲပြီး ပျင်းရိ လေးတွဲသော ခြေလှမ်းများနှင့် ထောက်လှမ်းရေး ရုံးခမ်းကိုကျောခိုင်းသွားကြပေပြီ။ ကျွန်ုပ်မှာကားညဂျူတီ ပြီး၍ ပြန်ရောက်ရောက်ချင်း ညကလုပ်ရပ်များအတွက် ဂျူတီရပို့ (Duty Report) ရေးနေရသေးဧ။် မိုးကားသဲကြီးမဲကြီးနိုင်လှပေသည်။ ထိုအချိန်တွင် ဆားပုလင်းနှင်းမောင် တယောက် မိုးထဲလေထဲ ဘိနပ်ဆွဲ၍ထီးမပါ မိုးကာမပါနှင့် ရောက် ချလာပါသည်။ ကျွန်ုပ် Report ဆက်မရေးနိုင်။ ထောက်လှမ်းရေးသုံးဘီဒို တွင်းရှတိ ဘက် နှင့်အ၀တ်ခြောက်လှမ်းပေးရင်း အမျိုးမျိုးမည်တွန်တောက်တီး အလုပ်ရှုတ်နေတော့တယ်။ နှင်းမောင်ကား ပြုံးစိစိနဲ့ရေနွေးချမ်းကိုဇိမ်ယူသောက်ရင်း ကျွန်ုပ်ရေးထား သော report ကို လျှောက်လှန်နေပါတယ်။ ကျုပ်ကအတင်းယူပြီး အန်ဆွဲထဲထဲ့တော့- နှင်းမောင်က ‘ ကို ထွန်းရွှေရယ် ဒီလောက်တောင်သဲမနေပါနဲ့ ခင်ဗျား report က Top secret, bottom open ပါ- ကီလီက -ါသည်မ ကအစသိနေပြီးပါပြီ- ကဲ ခင်ဗျားဘာမေးစရာရှိသလဲပြော‘ လို့ ပြောလာတယ်၊ ကျွန်ုပ်အံ့သြ သင့် သွားပြီး ခင်ဗျား ကဘာဖြစ်လို့ဒီလိုမေးတာလဲလို့ပြော တော့ ‘ဒီအချိန် ဆယ်နာရီထိုးနေပြီ၊ ညက တညလုံး ဂျူတီကြ၊ မနက်ငါးနာရီပြန်ရောက်၊ report ရေး၊ နောက်အကျဆုံး ခုနစ်နာရီမှာ မိုးအေးအေး နဲ့ခင်ဗျားအိမ်ပြန်ပြီး မိန်းမနဲ့နှပ်နေဘီ၊ ခင်ဗျားကျုပ်ကို ဘာဖြစ်လို့မိုးထဲရေထဲပြန်ရောက် လာလဲလို့ မမေးဘဲ မည်တွန်တောက်တီးနေတော့ ကျုပ် ခင်ဗျားမေးစရာ တခုခုရှိနေမှန်းမမေး ဘဲနဲ့သိလိုက်တာပေါ့၊ ပြောနေကြာပါတယ်- မေးစရာ ရှိတာမေးလေ၊ ခင်ဗျားနဲ့ ကျုပ်နဲ့က အခုမှတွေ့ တဲ့လူတွေမှမဟုတ်တာ၊ ခင်ဗျားမျက်ခွက် ကြီးကိုတွေ့ကတဲက မေးစရာရှိနေမှန်းသိတာပေါ့‘ တဲ့။ ကျုပ်လဲ ခပ်ရှက်ရှက်နဲ့ဘဲ တိုးတိုး လေး မေးလိုက်မိတယ်၊ ‘ ဒေါ်အောင်ဆန်းစုကြည်မှာ ဘာပစ်မှု့ ရှိလဲ လို့-- ဆားပုလင်း နှင်းမောင် မဖြေသေး၊ ရေနွေးကြမ်းကိုတရှူးရှူးမှုတ်သောက်ရင်း အေးအေးဆေးဆေး ပါတ်ဝန်းကျင်ကိုလေ့ လာ တယ်၊ ကျုပ်နဲ့သူ နှစ်ယောက်ထဲ - ဘယ်သူမှ မရှိမှန်းသေချာ တော့မှ လေသံလေးနဲ့ နှစ်ကိုယ်ကြား ပြောလိုက်တာကတော့ ‘ ဒါနိုင်ငံတော်စစ်အစိုးရရဲ့ ပြိုင်ဘက်တွေအပေါ်လုပ်ကြံမှုကြီးလေ‘ တဲ့
ကျုပ် က ခင်ဗျားဘာကြောင့် ပြောနိုင်သလဲ လို့ မေးလိုက်တော့- ကိုထွန်းရွှေရယ် ခင်ဗျားကလဲ ‘ အ‘ ရန်ကော၊ ပထမဆုံးအချက်က ဗီဇာကိစ္စကအစဘဲ စဉ်းစါးပါအုန်း- ဒီ လူကိုဒုတယိ အကြိမ် ဘာလို့ ဗီဇာပေးရတာလဲ။ ဒီလူ ပထမအကြိမ်ထဲက ဒီအမှုကိုကြူးလွန်ခဲ့တာဘဲ- ဘာလို့အဲဒီကတည်းကဆွဲမစိခဲ့တာလဲ၊ ပထမအကြိမ်မှာ ဒီအမှု ကိုကြူးလွန်ခဲ့တော့ ကျုပ်တို့ စီအိုင်ဒီမှာ ‘3X BS’ ရထားတဲ့လူဘဲ ( အမြင့်ဆုံးအဆင့် အမဲမှတ်ရထားတဲ့လ-ူ 2X နဲ့ 3X ကိုဘယ်တော့မှ ဗီဇာ ပြန်မပေးရဘူး၊ 3X ကတော့ဘယ်နိုင်ငံကိုရောက်နေပါစေ၊ အမြဲစောင့်ကြည့်ရမဲ့လူစါရင်း ထဲမှာပါတယ်၊ 1X ကိုတော့ ဌာနဆိုင်ရာ အကြီးအကဲရဲ့ခွင့်ပြုချက်နဲ့ ပြန်ဝင်ခွင့်ပေးချင်ရင်ရတယ်၊ ဒါပေမဲ့ ဘယ်သူ မှ လုပ်လေ့လုပ်ထမရှိဘူး။)
လွန်ခဲ့တ၂ဲ့ ပါတ်လောက်က ခင်ဗျားနဲ့ ကျွန်တော်ရန်ကုန်မြို့ထဲသွားတုန်းက
ဒီအဖြူကောင်ကို တွေ့လိုက်ရတယ်၊ ခင်ဗျားကတော့အမှတ်တမဲ့ဘဲ။ ကျုပ်ကချက်ချင်းသိလိုက်တယ်- ဒီ 3X ကြီးဘာ ကြောင့်ပြန်ရောက်နေလဲလို့ အံ့သြမိတယ်၊ ဒါနဲ့ကျုပ်လေ့လာမိတယ်၊ ဒီ 3X ကြီးနောက်မှာ shadow မရှိဘူး၊ BSI, SB, CID ကလူတွေတယောက်မှမတွေ့ရဘူး၊ နယ်မြေခံ ရဲတွေလဲမတွေ့ရဘူး၊ စစ်ထောက် (MI) ၂ ယောက်ဘဲခပ်လှမ်းလှမ်းမှာ တွေ့လိုက်ရတယ်၊ အဲဒီကတည်းက တခုခု ဖြစ်တော့ မယ်လို့ အတတ်တွေး မိလိုက်တယ်၊ ကျွန်တော့ရဲ့ watch list ထဲမှာ ပထမနေရာပေးလိုက်တယ်၊ ဒီလူ ပထမအကြိမ် ဒေါ်စုရဲ့ အိမ်က၀ို င်ဘို့ကျိုးစားတယ်၊ မရဘူး- ဘာဖြစ်လို့ပြန်မပို့တာလဲ၊ ‘ဟ‘ထားပေး တာလေ၊ အဖြူကောင် ပလပ်စ တစ်ပုံးတခုဝယ်တယ်၊ အဲဒါစစ်ထောက်တွေသိတာဘဲ- ကျုပ်တောင် သိသေးတာ- shadow ၂ကောင်ဆိုပို သိတာပေါ့၊ အီးအီးဘယ်နှစ်ကြိမ်ပါတယ်ကအစသတင်းပို့ရတာ- ဘာကြောင့်လွှတ်ထားတာလဲ- ‘ဟ‘ ထားတာ လေ၊ ညကြတော့ဒီလပူုံးကြီးကိုင်ပြီးထွက်လာဘီ- ဘာ လို့မတားသလဲ- ‘ဟ‘ ထားတာ၊ ဒေါ်စုအိမ် ရောက်သွားဘီ၊ Hotel ပိုင်ရှင်တွေကဒီလူပျောက်နေတဲ့ အကြောင်း အကြောင်းကြားရတယ်။နေ့စဉ် လူစါရင်းကိုသက် ဆိုင်ရာတွေဆီ သတင်းပို့ရတယ်- ဘာ လို့ ရဲတွေ အလုပ်မရှုတ်ကြတာလဲ- စစ်ထောက်တွေ ချေမရှုတ်ကြတာလဲဘာလို့မသိချင်ယောင် ဆောင်နေကြတာလဲ- ‘ဟ‘ ထားတာလေ၊ ဒီအိမ်ထဲမှာ ရှိနေမှန်း သိရက်နဲ့ သုံးရက်လုံးလုံး ဘာလို့ မရှာတာလဲ- ‘ဟ‘ ထားတာလေ၊ အခုဒီလူ အစေါင့်အ ရှောက်နဲ့ ဇိမ်ကျကျ နေနေရတယ်- American Embassy ကလူတွေတောင်မတွေ့ ရဘူးလို့သိရတယ်၊ ခင်ဗျား နဲ့ကျွန်တော် လောင်းမ လား၊ ဒီလူ အမေရိကန် ပြန်ရောက်-မရောက်လေ။ အဲဒီတုန်းမှာ စီအိုင်ဒီ အ၀င် ဂိတ်က ‘ အလေးပြု‘ ဆိုတဲ့အသံကြီးကြားရတယ်၊ ကိုနှင်းမောင် က ဗိုလ်မှူး လာဘီ ကျွန်တော်ပြန်တော့မယ်ဆိုပြီး အခန်းထဲက အေးအေးဆေးဆေး ထွက်သွားတယ်၊ ကျုပ် သတိဝင် လာပြီး ထီးပေးမယ်ဆိုကာ အတင်းပြေးလိုက်သွားမိတယ်- အစအနလေးတောင် မတွေ့ရတော့ဘူး။
ကိုနှင်းမောင်ရေ--- အမျှ --အမျှ---အမျှ ---------ရောက်ရာအရပ်က သာဓုခေါ်နိုင်ပါစေ-----ညီညီ (ခေတ္တ Los Angeles)