Dassk Part 15

  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Dassk Part 15 as PDF for free.

More details

  • Words: 1,111
  • Pages: 7
(

)

-(

)

Page 1 of 7

ဒေါ်အောင်ဆန်းစုကြည် (သိ့မု ဟုတ်) သဇင်နီ - (အပိုင်း ၁၅) ဆောင်းပါး မင်းဟန် ကြာသပတေးနေ့၊ ဂျူလိုင်လ 30 ရက် 2009 ခုနှစ် 13 နာရီ 34 မိနစ်

(၅၉) ၅၉) ၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်….။ အင်္ဂါနေ့….။ မြောင်းမြမြစ်နှင့် ငဝန်မြစ်တ့၏ို ဆုံရာ မြစ်ဆုံရှိ၊ ရေပြင်သည် ပင်လယ်ငယ်လေး တခုပမာအလား….။ အပြောကျယ်၏။ ရေ၏အရောင်က `ရေကြည်ပြာ´ ….။ ပြာလဲ့လဲ့ကောင်းကင်နှင့် ငဝန်မြစ် ရေကြည်ပြာရောင်အဆင်းက `သမူဟ´ ဖြစ်၍နေသည်။ မြတ်မေတ္တာသင်္ဘောက မြောင်းမြမြစ်အတွင်းမှ အံကျလာပြီး ငဝန်မြစ်အတွင်းသို့ အလိုက်သင့်၊ စီးမျော၍ ဝင်ရောက်သွားပြန်၏။ ရေယာဉ်ကြောက ….. မြောင်းမြမြစ်ယံမှသည် ငဝန်မြစ်ပြင်ဆီသို့ ကူးခဲ့ပြီ။ မြစ်ဆုံမှ ပုသိမ်သို့ ငဝန်မြစ်ကြောင်းခရီးက အဆန်ခရီးဖြစ်သော်လည်း ….. ငဝန်သည် ပဉ္စလက်ဆန်စွာ နှင့် မှန်သာပြင်က့သဲို့ ငြိမ်နေ၏။ ကန်ရေပြင်အလား …..။ ရေစီးရေလာဟူ၍မရှ…ိ .။ ငဝန်မြစ်ရေက `အီ´၍ နေသည်။ အောက်ရေတိုးမည့် ဟန်အား တွေ့ရ၏။ အနောက်တောင်လေအနှော့တငွ် လှိုင်းကြက်ခပ်ွလေးများက သော့၍…သော့၍။ ` လတာ´ပြင်ထက်မှ `လမုပင်´များအား တွေ့ရ၏။ လတာပင်တို့က ညိုညိုမှိုင်းမှိုင်း အုပ်အုပ်ဆိုင်းဆိုင်း….။ ဆပ်သဖူးပင်၊ မဒမပင်၊ ဓနိတော၊ ဗျိုက်တောတို့နှင့် ငဝန်သည် သူ၏ အနားသတ်အား စိမ်း၍စိုလင်ွသော အသွေးနှင့် လှပစွာ `ကွပ´် ထား၏။ ပင်လယ်ဝမှ တိုးရေကြောင့် မြစ်ရေသည် မြစ်ညာဆီသ့လို နွ်၍ စီး၏။ ပထမတွင် ညှင်းညှင်းသွဲ့သွဲ့ ….။ မကြာ …. ငဝန်သည် ပြေးလမ်းဝ၌ ဦးမော့ရန် အသင့်ဖြစ်နေသည့် လေယာဉ်တစင်းအလား၊ …… အရှိန်နှင့်

http://www.mizzimaburmese.com/edop/songpa/3469-2009-07-30-07-17-49.html?tmpl=com... 8/4/2009

(

)

-(

)

Page 2 of 7

စီးတော့၏။ ငဝန်က ဇက်ကြိုးလွှတ်ထားသော မြင်းရိုင်းတကောက်ကဲ့သို့ ကဆုန်ပေါက်လေပြီ။ ရေစီးကြောင့် မြတ်မေတ္တာသည် သွက်လက်စွာ နှင့် ပုသိမ်သို့ အသော့နှင်လေပြီ။ မြောင်းမြမှ မထွက်ခွာမီကတည်းက …. ပုသိမ်၏ အခြေအနေများအား ဒေါ်အောင်ဆန်းစုကြည်တို့ ကြားသိထားခဲ့ပြီး ဖြစ်သည်။ ပုသိမ်အခြေအနေက မကောင်း….။ ကျုံမငေးထက်ဆိုးသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်သည်။ ဧရာဝတီတိုင်း (တ.ဝ.တ) ဥက္ကဋ္ဌ၊ တိုင်းမှူး ဗိုလ်မှူးချုပ်မြင့်အောင်က ပုသိမ်မြို့အား `နေ့မထွက်ရ၊ အမိန့´် ထုတ်ပြန်ထား၏။ အမိန့က် …. `နေဝင်မီးငြိမ်း´ အမိန့်မဟုတ…် .။ `နေထွက် မီးငြိမ်း´ အမိန့။် ရယ်စရာလည်း ကောင်း၏။ လုပ်ချင်ရာ လုပ်နေကြသည့် ခေတ်ကြီး….။ ပုသိမ်ရှိဈေးများအား ပိတ်စေ၏။ ရေယာဉ်များ၊ မော်တော်ယာဉ်များအား သွားလာမှု မပြုရဟူ၍ အမိန့်ထုတ်၏။ စာသင်ကျောင်းများကမူ ၁၉၈၈ ခုနှစ်ကတည်းက ပိတ်ထားခြင်းဖြစ်၍ ထပ်၍ပိတ်ရန် အမိန့်ထုတ်စရာမလိ…ု .။ သိ့ေု သာ် … ကျောင်းဆရာ၊ ဆရာမများနှင့် အစိုးရဝန်ထမ်းများကိုမူ အစည်းဝေးဟုဆိုပြီး ခန်းမအတွင်း၌ စုရုံးထား၏။ ဝန်ထမ်းများအား ခန်းမအတွင်းခေါ်၍ အကျယ်ချုပ် ချုပ်ထားသည်ကဲ့သို့ ….။ ပုသိမ်အား ရှင်းထားခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်တို့ ပုသိမ်သ့ေို ရာက်လျှင် … လူထုမရှိစေရန် လူထုနှင့် မထိတွေ့နိုင်စေရန် တိုင်းမှူးက ရွှေဉာဏ်တော်စူးထားခြင်းဖြစ်၏။ ပြီးလျှင် …. ဒေါ်အောင်ဆန်းစုကြည်တ့၏ို သင်္ဘောပုသိမ်ဆိပ်ကမ်းတွင် ဆိုက်ကပ်ပါကလည်း ….. ကမ်းပေါ်သို့ မတတ်ရောက်နိုင်ရန် ဆိပ်ခံဘောတံတားများအား ပြုပြင်ရန်ဟူ၍ အကြောင်းပြပြီး ဆိပ်ခံတံတားအခင်း ပျဉ်များအား ခွာထားကြပြန်သည်။ ထိုမျှ နှောင့်ယှက်ဟန့်တားသည့် အစီအစဉ်နှင့် တိုင်းမှူးမြင့်အောင်က မကျေနပ်သေး….။ လက်ဖြောင့်တပ်သားများကိုလည်း အသံတိတ် မောင်းပြန်ရိုင်ဖယ်များ တပ်ဆင်ပြီး (တ.ဝ.တ) ရုံးနှင့် အရေးကြီးသည့် နေရာများတွင် လျှို့ဝှက်၍ နေရာချထားသေး၏။ ပုသိမ်မြို့၏ လမ်းများကိုလည်း သံဆူးကြိုးခွေများနှင့် ပိတ်ထား၏။ လက်နက်ကိုင် စစ်သားများ တင်ဆောင်ထားသည့် စစ်ကားများ၊ အပေါ့စားတင့်ကားများ၊ အသံချဲ့စက် တင်ဆောင်ထားသည့် ကားများသည်သာ ပုသိမ်၏ လမ်းများပေါ်၌ နေရာယူထားကြ၏။ မြို့က ရှင်း၍ … တစပြင်အလား…..။ လူထုသည် `ငြိမ´် နေ၏။ ငြိမ်သက်မှုက …. ကြောက်ရွံ့ ၍ ငြိမ်ဝပ်နေခြင်းမျိုးက မဟုတ…် .။ မုန်တိုင်းမထန်မီ …. ငြိမ်သက်မှုမျိုး…..။ `မြတ်မေတ္တာ´သည် ဤရေစီး၊ ဤမောင်းနှင်အားနှင့်ဆိုလျှင် …. နောက်ထပ် ၂ နာရီအတွင်း ပုသိမ်သို့ ရောက်မည်။ ပုသိမ်အဝင်အထွက် ပြင်ဆင်ညှိနှိုင်းစရာများအား ဒေါ်အောင်ဆန်းစုကြည်သည် ဦးကြည်မောင်၊ ဦးဝင်းထိန်တ့နှိုင့် ဆွေးနွေး၏။ လူငယ်များကိုလည်း ရှင်းပြ၏။

http://www.mizzimaburmese.com/edop/songpa/3469-2009-07-30-07-17-49.html?tmpl=com... 8/4/2009

(

)

-(

)

Page 3 of 7

ပထမ အရေးကြီးဆုံးအချက်က …. ပုသိမ်ဆိပ်ကမ်းတွင် ဆိုက်ကပ်ခငွ့်ရပြီး ပုသိမ်ဆိပ်ကမ်းပေါ်သို့ တက်ခွင့်ရရေး….။ ပုသိမ်အာဏာပိုင်တို့က အစရှာ၍မရအောင် မိမိတ့ဘို က်မှ စည်းကမ်းရှိဖို့ တည်ငြိမ်မှုရှိဖို့ လိုမည်။ အကြမ်းဖက်မှုများနှင့် ရင်ဆိုင်ရနိုင်မည်။ အကြမ်းဖက်မှုအား အကြမ်းဖက်မှုနှင့် ပြန်၍ မတုံ့ပြန်မိရန် အားလုံးက ထိန်းသိမ်းကြရမည်။ ပုသိမ်မြို့အဝင် နံနက်က မည်သို့စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်နည်း ….။ မသိနိုင်သေး….။ လူငယ်များက `ကမ္ဘာမကြေဘူး´ သီချင်းအား သံပြိုင်သီဆိုရင်း …. သတ္တိမွေးနေကြ၏။ ``တော်လှန်ရေး…..ငါတိ့ေု သွးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ ….. ကမ္ဘာမကြေဘူး …..´´

(၆၀) ၆၀) ``ဧရာဝတီ…. အောင်စည်ဆော်လော့ ပြည်တော်ဝင်ခန်း ရောက်ချေပြီ ….´´ `မြတ်မေတ္တာ´က နံနက် ၁၁းဝဝ နာရီခန့်တငွ် ပုသိမ်သို့ ဆိုက်၏။ ပုသိမ်မြို့ …. ကိုယ့်မင်းကိုယ်ချင်း တံတားတွင် `မြတ်မေတ္တာ´ အား ဆိုက်ကပ်ခဲ့၏။ ပုသိမ်ကမ်းပေါ်သို့ တက်ရေးက အနှောင့်အယှက်မရှိ။ ဒေါ်အောင်ဆန်းစုကြည်တို့ အားလုံး ပုသိမ်ဆိပ်ကမ်းပေါ်သို့ တက်ခြဲ့ က၏။ ပုသိမ်လမ်းများအား ရှင်းထားသည့် ကြားမှပင် ပုသိမ်လူထုသည် ဒေါ်အောင်ဆန်းစုကြည်တ့အိုား ထွက်၍ ကြိုဆိုကြ၏။ မကြောက်မရွံ့ ….။ အာဏာပိုင်တ့၏ို `နေ့မထွက်ရ … အမိန့်´ က … လူထု၏ ရဲရင့်မှုအောက်၌ ကြေပျက်၍ သွားလေပြီ။ လမ်းတလျှောက်၌ …. စစ်သားများက လမ်းဘေးဝဲယာ၌ ပစ်ခတ်ရန်အသင့်နှင့် စောင့်နေကြသည်။ ဒေါ်အောင်ဆန်းစုကြည်တ့အို ဖွဲ့ ပုသိမ်မြို့ ရွှေဝါလမ်းသို့အရောက်တွင် ၁၂ နှစ်အရွယ်မျှရှိမည့်

http://www.mizzimaburmese.com/edop/songpa/3469-2009-07-30-07-17-49.html?tmpl=com... 8/4/2009

(

)

-(

)

Page 4 of 7

ကျောင်းသားလူငယ်နှစ်ဦးက ဒေါ်အောင်ဆန်းစုကြည်တ့အိုား လက်ခုပ်တီး၍ ကြိုဆိုသြဘာပေး၏။ မွန်းလွဲ ၁၂း၁၅ နာရီခန့်တင်ွမှ အမျိုးသားဒီမိုကရေစီအဖွ့ချဲုပ် ဧရာဝတီတိုင်း၊ တိုင်းရုံးသို့ ရောက်ကြ၏။ ဒေါ်အောင်ဆန်းစုကြည်တို့ အဖွ့ချဲုပ်တိုင်းရုံးသိ့ေု ရာက်မှ …. ရွှေဝါလမ်းတွင် လက်ခုပ်တီး သြဘာပေးခဲ့သည့် လူငယ်လေးနှစ်ဦးအား လမ်းမထက်တင်ွပင် စစ်သားများက ဝိုင်း၍ရိုက်ကြကြောင်း သတင်းအား စိတ်မောစွာနှင့်ပင် ဒေါ်အောင်ဆန်းစုကြည် နားထောင်ရသည်။ ခတ္တအနားယူပြီးသည်နှင့် အဖွ့ချဲုပ်တိုင်းရုံးတွင်ပင် အဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ပြီး စကားပြော၏။ ``အမျိုးများရဲ့နယ်ကို လာတယ်လို့ ကျမစိတ်ထဲမှာ ထားပါတယ်။ တောင်တငွ်းကြီး၊ နတ်မောက်၊ ရေနံချောင်းဟာ ဖေဖေ့နယ်ဖြစ်သလို ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတဆိုတာ မေမေ့ရဲ့ နယ်ဖြစ်ပါတယ်။ ဖိုးဖိုးကဆိုရင် ဟင်္သာတက လာတယ်။ ဒါပေမဲ့ မြောင်းမြမှာ နေသွားတယ်။ ကျမအဖွားများရဲ့ အမျိုးများဟာ ပုသိမ်က ဖြစ်ပါတယ်။ ပုသိမ်၊ မြောင်းမြ၊ ဟင်္သတဟာ ကျမတိ့ရဲု့ ဆွေမျိုးများနယ်မြေဖြစ်လို့ ကျမ ဒီကိုလာရတာ တခါမှမလာဖူးပေမယ့်လည်း ကိုယ့်အိမ် ပြန်လာရသလိုပဲ ကျမ စိတ်ထမှဲာ ထားပါတယ်။ ဧရာဝတီတိုင်း ခရီးကို လာတဲ့အခါကျတော့ လမ်းတလမ်းလုံးမှာ မြင်ခ့ရဲ တာဟာ အဖွဲ့ ချုပ်ဝင်များဟာ ဘယ်လောက်သတ္တိရှိရှိနဲ့ လုပ်နေတယ်ဆိုတာ မြင်ခ့ရဲ လို့ အများကြီး အားတက်ပါတယ်။ အခက်အခဲရှိတယ်လို့ ပြောပေမယ့် တွေ့ရတာ မျက်နှာတွေကြည့်တော့ ပြုံးပြုံးရွှင်ရွှင်ပ၊ဲ ဖမ်းဆီးတဲ့အကြောင်း ပြောရင်လည်း ပြုံးပြုံးရွှင်ရွှင်ပ။ဲ ဒီလောက်တောင်မှ စိတ်အားတက်ကြွစွာ နဲ့ လုပ်နေတဲ့ ပြည်သူလူထုကြီးဟာ မုချအောင်မြင်ရမယ်လို့ ကျမယုံကြည်ပါတယ်။ အခု ဒီမိုကရေစီလိုချင်တဲ့ စိတ်ဆန္ဒများဟာ မြစ်ကြီးသဖွယ် စီးဆင်းနေပါတယ်။ ဒီမြစ်ရေတွေကို ဘယ်သူမှ တားနိုင်မှ မဟုတ်ပါဘူး။ အဲ့ဒီတော့ ကျမတို့အဖွ့ချဲုပ်ဟာ ဒီမြစ်ရေတွေကို မှန်တ့ကဲ န်တဲ့ လမ်းကနေပြီးတော့ သွားနိုင်အောင်လို့ မြစ်ရေတွေဟာ လျှံပြီးတော့ အန္တရာယ်မဖြစ်နိုင်အောင်ဆိုတဲ့ တာဝန်တွေ ရှိပါတယ်။ ပြည်သူလူထုရဲ့ အင်မတန်မှ တတ်ကြွတဲ့ စိတ်ဆန္ဒတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဖ့လိုပါတယ်။ ဒါကြောင့်မ့လို့ ဒီလှုပ်ရှားမှုထဲမှာ ညီညွှတ်မှုနဲ့ ထပ်တူအရေးကြီးတာကတော့ စည်းကမ်းရှိမှုပလဲို့ အတန်တန် ပြောနေတာဖြစ်ပါတယ်´´ (၆၁) ၆၁) ``နံနက် ၁ဝးဝဝ နာရီမှ ညနေ ၁၆းဝဝ နာရီအတွင်း မည်သူမျှ အိမ်ပြင်မထွက်ရ´´ ``မော်တော်ကား၊ ဆိုက်ကား၊ မြင်းလှည်း၊ လှေ၊ သမ္မာန်၊ မော်တော်၊ သင်္ဘော …. မည်သည့်ယာဉ်မျှ သွားလာခြင်းမပြုရ´´ ``၂/၈၈ အား မည်သူမဆို တိတိကျကျ လိုက်နာရမည်´´ ပုံ

http://www.mizzimaburmese.com/edop/songpa/3469-2009-07-30-07-17-49.html?tmpl=com... 8/4/2009

(

)

-(

)

Page 5 of 7

မြင့်အောင် (ဗိုလ်မှူးချုပ်) ဥက္ကဋ္ဌ ဧရာဝတီတိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ပုသိမ်တင်ွက …. တိုင်းမှူးမြင့်အောင်၏ အမိန့ေ် ကြာင့် ယာဉ်အသွားအလာအားလုံး ရပ်ဆိုင်းနေ၏။ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်က …. ၁၈ ရက်နေ့တငွ် ငပုတော …. ဟိုင်းကြီးကျွန်းဘက်သို့ သွားရန်ရှိ၏။ သိ့ေု သာ် ….. မည်သည့်ရေယာဉ်မျှ ငှား၍မရ။ အမိန့ေ် ကြာင့် လုပ်ငန်းရှင်များက ကြောက်ကြသည်။ လူလတ်တန်းစား ဓနရှင်ပေါက်စတိ့၏ု ဉာဉ်အတိုင်း မိမိအကျိုးစီးပွားအား အထိခိုက်မခံရဲကြ။ အကျိုးကိုကြည့်၍ အကြောင်းအား လုပ်၏။ ဤတွင် …. ဒေါ်အောင်ဆန်းစုကြည် စဉ်းစားရပြီ။ နံပါတ်တစ် …။ ဗိုလ်မှူးချုပ်မြင့်အောင်အနေနှင့် ပုသိမ်အား မည်မျှအထိ ဆက်သယ်ွရေး လမ်းကြောင်းများ အားလုံးအား ဖြတ်တောက်ထားမည်နည်း ….။ တပတ်လား … တလလား….။ နံပါတ်နှစ…် .။ နေ့မထွက်ရဟူသည့် အမိန့အ်ား ပုသိမ်တငွ် မည်မျှကြာရှည် ထုတ်ပြန်ထားနိုင်မည်နည်း။ အချိန်ကြာလာသည်နှင့်အမျှ ပြဿနာအရပ်ရပ်၏ အကျိုးတရားသည် ဗိုလ်မှူးချုပ်မြင့်အောင်ထံသ့သိုာ စုပြုံ၍ ဝင်လာပေလိမ့်မည်။ ဤအတွက် …. ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ စည်းရုံးရေးခရီးစဉ် အစီအစဉ်များ အားလုံးကို ပြောင်းလဲပစ်လိုက်၏။ ဘယ်ဆီမျှ သွား၍မရလျှင် ….. ပုသိမ်မှာပင် အခြေပြုပြီး နေမည်။ ပုသိမ်မှ ခြေလျင်သွား၍ရသည့် ရပ်ကွက်၊ ကျေးရွာများသို့ သွားမည်။ ပုသိမ်တင်ွပင် ရက်ရှည်နေ၍ စည်းရုံးရေးအား ပြုလုပ်မည်။ လူထုဘဝအား လေ့လာမည်။ ဤသို့ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်လိုက်၏။ ပြောင်းလဲလိုက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးနည်းဗျူဟာသစ်က တိုင်းမှူးဗိုလ်မှူးချုပ်မြင့်အောင်အား ထိတ်လန့်တုန်လှုပ်သွားစေသည်ဟု ဆိုရမည်။ ချက်ချင်းပင် ဗိုလ်မှူးချုပ်မြင့်အောင် အလျှော့ပေးရ၏။ ဒေါ်အောင်ဆန်းစုကြည်၏ ဟိုင်းကြီးကျွန်း ခရီးစဉ်အတွက် …… ဗိုလ်မှူးချုပ်မြင့်အောင်သည် မော်တော်တစင်း ရှာပေး၏။ ၁၈ ရက်နေ့တငွ် ဒေါ်အောင်ဆန်းစုကြည်တ့အို ဖွဲ့ သည် မူလအစီအစဉ်အတိုင်းပင် ဧရာဝတီစည်းရုံးရေးခရီးအား ဆက်ကြ၏။ ပုသိမ် …. မှသည် …. ဟိုင်းကြီးသို့ ….။ (၆၂) ၆၂)

http://www.mizzimaburmese.com/edop/songpa/3469-2009-07-30-07-17-49.html?tmpl=com... 8/4/2009

(

)

-(

)

Page 6 of 7

ဟိုင်းကြီးမှအပြန် ဒုတိယမြောက် ပုသိမ်အဝင်ခရီးက မုန်တိုင်းမထန်မီ ငြိမ်သက်သည့် ငြိမ်သက်မှုမျိုးဟု ဒေါ်အောင်ဆန်းစုကြည်၏ စိတ်အတွင်း၌ ထင်မိ၏။ ပုသိမ်အဝင် မှန်စက်ရုံအနီးတွင် ပုသိမ်ရေတပ်ဌာနချုပ်မှ စစ်ရေယာဉ်နှစ်စီးအား တွေ့ရ၏။ ပြီးလျှင် …. စစ်တပ်စက်လှေငယ်လေးများက ငဝန်မြစ်အတွင်း နေရာအနှ့၌ံ ။ ငဝန်မြစ်ပြင်ထက်တင်ွကား …. ဒေါ်အောင်ဆန်းစုကြည်တ့၏ို မော်တော်နှင့် စစ်ရေယာဉ်များသာ ရှိကြ၏။ အခြား မည်သည့်ရေယာဉ်မျှမရှိ ….။ ရှင်းနေသည်။ ကမ်းနားတလျှောက်တင်ွလည်း လူသူမရှိ။ အရာရာက ရှင်း၍ ငြိမ်သက်နေ၏။ ဒေါ်အောင်ဆန်းစုကြည်တို့ ၏ ခရီးစဉ်တိုင်း၌ အမြဲလိုလိုပင် စီစဉ်မှုတခုက ရှိ၏။ မြို့တမြို့ ….. ရွာတရွာသို့ ဆိုက်ရောက်လေသည့် အခါတိုင်း ….. ဒေသခံစည်းရုံးရေးမှူးများက ဆတ်သားအဖြစ် အရင်ဆက်သွယ်လာကြပြီး ဆိုက်ရောက်မည့် ဒေသ၊ အခြေအနေအား ကြို၍ ရှင်းပြမိတ်ဆက်ပေး၏။ ယခုလည်း ဟိုင်းကြီးမှအပြန် ပုသိမ်အဝင်တငွ် ပုသိမ်၌ ကျန်ရစ်ခဲ့သည့် အဖွ့ချဲုပ်ရေဲ ဘ်ာများက စက်လှေငယ်များနှင့် လာရောက်၍ အခြေအနေအား ပြောပြရန် စီစဉ်ထားခဲ့ပြီး ဖြစ်သည်။ ယခုမူ …. ပုသိမ်မှ အဖွ့ချဲုပ်ရဲဘော်တ့၏ို အရိပ်အယောင်ကိုမျှ မတွေ့ရ …… စစ်သားများနှင့် စက်လှေများကိုသာ ငဝန်အတွင်း တွေ့နေရ၏။ တခုခု ….။ တခုခုတော့ ထူးခြားနေပြီဟု ဒေါ်အောင်ဆန်းစုကြည် တွေးထင်မိ၏။ စစ်ရေယာဉ်ကြီး နှစ်စင်းပေါ်မှ စစ်ချီတေးများအား ဖွင့်လိုက်၏။ စစ်ချီတေးသံသည်သာ ငဝန်မြစ်ပြင်ဝယ် ညံစီနေ၏။ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက် အာဏာသိမ်းသည့် နေ့က့သဲ့ို …..။ ဒေါ်အောင်ဆန်းစုကြည်မှ အဖွ့ဝဲ င်များ အားလုံးအား ပုသိမ်ကမ်းအတက်တငွ် ပို၍ သတိထားကြရန် မှာ၏။ ပုသိမ်ကမ်းသို့ ရောက်သည်နှင့် အဖမ်းအဆီး သတင်းများအား ဒေါ်အောင်ဆန်းစုကြည် ကြားရ၏။ အဖွ့ချဲုပ် နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးအဖွ့ဝဲ င်၊ ဧရာဝတီတိုင်း စည်းရုံးရေးတာဝန်ခံ ဒေါက်တာသက်မင်းနှင့် စည်း ရုံးရေးမှူး ၁၃ ဦး အဖမ်းခံကြရပြီ။ ဒေါ်အောင်ဆန်းစုကြည်တို့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ စည်းရုံးရေးခရီးထွက်ခြဲ့ ကသည်မှာ ၇ ရက်ရှိပြီ။ ထို ၇ ရက်အတွင်း ဖမ်းဆီးခံခဲ့ကြရသည့် အဖွဲ့ချုပ်အဖွ့ဝဲ င်များက ၁၉ ဦးရှိခဲ့ပြီ။ ဗိုလ်မှူးချုပ်မြင့်အောင်က လက်ရဲဇက်ရဲ နိုင်လနွ်းလှသည်။ ဤသို့ တရားမဲ့ဖမ်းဆီးမှု၊ ဖိနှိပ်မှု၊ ပိတ်ပင်ဟန့် တားမှုများအောက်၌ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဟဲူသည် မည်သ့မျှို ဖြစ်ပေါ်မလာနိုင်။ ဤသိ့ပု င် ဒေါ်အောင်ဆန်းစုကြည် သုံးသပ်မိ၏။ ဧရာဝတီတိုင်းအတွင်း ဖြစ်ရှိနေသည့် အခြေအနေများအား လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပြွဲ ကီးအား ကျင်းပပေးရန် လုံ့ လထုတ်နေကြသည့် `ကော်မီရှင´် မှ လူကြီးမင်းများ သိရန်လိုမည်။ ဤအတွက် …. ဒေါ်အောင်ဆန်းစုကြည်သည် စည်းရုံးရေးခရီး ၇ ရက်အတွင်း ကြုံတွေ့နေရသည့် ဟန့် တားနှောင့်ယှက်မှုအမျိုးမျိုးအား အဖွ့ချဲုပ်ဗဟိုသို့ သတင်းပိ့သု ည်။ ဗဟိုမှ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းတင် (ဟံသာဝတီဦးဝင်းတင်) နှင့် ဦးချစ်ခိုင် (ယခုကယ်ွလွန်၊ ဗိုလ်မှူးကြီးဟောင်း) တို့ ၂ ဦး ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်သို့ သွားရောက်ပြီး ဧရာဝတီတိုင်း၏ အခြေအနေများအား တင်ပြ၏။ မထူးခြား….။ ကော်မီရှင်ကိုယ်တိုင်က စစ်ဖိနပ်အောက် ရောက်နေရသည့် အခြေအနေ ….။ သေနတ်နှင့် အချိန်ခံထားရသည့်ဘဝ….။

http://www.mizzimaburmese.com/edop/songpa/3469-2009-07-30-07-17-49.html?tmpl=com... 8/4/2009

(

)

-(

)

Page 7 of 7

ကိုးကား …… - ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ ခြင်းမှ လွတ်ကင်းရေးနှင့် အခြားစာတမ်းများ - ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင်မိန့ခ်ွန်းများ - နွေဦးအိုးဝေ ဂျာနယ်များ - ရွှေခမောက် ဂျာနယ်များ - ဒေါမာန်ဟုန် - ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွမျဲား - NLD ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ဝင်၊ ဧရာဝတီတိုင်း လူငယ်တာဝန်ခံ ကိုထွန်းအောင်ကျော်နှင့် တွေ့ ဆုံမေးမြန်းချက်

< Prev

Next >

http://www.mizzimaburmese.com/edop/songpa/3469-2009-07-30-07-17-49.html?tmpl=com... 8/4/2009

Related Documents

Dassk Part 15
May 2020 3
Dassk Part 20
May 2020 0
Dassk Part 11
May 2020 0
Dassk Part 21
May 2020 2
Dassk Part 18
May 2020 0
Dassk Part 17
May 2020 1