Dassk Part 11

  • May 2020
  • PDF

This document was uploaded by user and they confirmed that they have the permission to share it. If you are author or own the copyright of this book, please report to us by using this DMCA report form. Report DMCA


Overview

Download & View Dassk Part 11 as PDF for free.

More details

  • Words: 1,118
  • Pages: 7
(

)

-(

)

Page 1 of 7

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၁) ဆောင်းပါး မင်းဟန် တနင်္လာနေ့၊ ဂျူလိုင်လ 20 ရက် 2009 ခုနှစ် 16 နာရီ 10 မိနစ်

(၄၅) ၄၅) ၁၃ ရက်ကြာသည့် အထက် မြန်မာပြည်ခရီးစဉ်မှ ပြန်ရောက်ပြီးစ, ရက်များမှာပင် အဖွဲ့ ချုပ်အတွင်း၌ ပြဿနာအချို့ ရှိနေပြီဟူသည်အား ဒေါ်အောင်ဆန်းစုကြည် သိထားခဲ့၏။ ပြဿာနာက အတွင်းစည်း ပြဿနာ။ ပထမတွင်မ…ူ တိုးတိုးတိတ်တိတ…် .။ သိုးသိုးသန့်သန့်နှင့်….။ ဒေါ်အောင်ဆန်းစုကြည်တို့ အထက်မြန်မာပြည် ခရီးထွက်ခ့သဲ ည့် ဝန်းကျင်ရက်များမှာပင် ဦးအောင်ကြီးသည်လည်း ရှမ်းပြည်နယ်သို့ စည်းရုံးရေးခရီး ထွက်၏။ ထိုခရီးစဉ်အတွင်း …. ဦးအောင်ကြီးက အဖွဲ့ချုပ်ဗဟိုတငွ် ကွန်မြူနစ်များ ကြီးစိုးနေပြီဟု စွပ်စရွဲာမှ စသည်။ စွပ်စချွဲက်က … တိုးတိုးမှသည် ကျယ်လာ၏။ အမည်များတပ်၍ပင် စွပ်စွဲလာ၏။ ဦးဝင်းတင်၊ ဒေါ်မြင့်မြင့်ခင်၊ ဦးအောင်လွင်၊ ဦးကိုယု၊ ဦးချမ်းအေး (မောင်စူးစမ်း)၊ ဦးမိုးသူ၊ ဦးထွန်းတင်၊ ဦးတင်ရွှေ (မုံရွာတင်ရွှေ) ….။ စုစုပေါင်း ၈ ဦး…။ ဦးဝင်းတင်၊ ဦးအောင်လင်ွနှင့် ဒေါ်မြင့်မြင့်ခင်တို့က အဖွ့ချဲုပ်၏ ဗဟိုအလုပ်အမှုဆောင် အဖွ့ဝဲ င်များဖြစ်ပြီး ကျန်သည့် ပုဂ္ဂိုလ် ၅ ဦးက …. နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးအဖွဲ့ဝင်များ….။ အားလုံးသော ပုဂ္ဂိုလ်များက အဖွဲ့ချုပ်အား စတင်ဖွဲ့စည်းရာတွင် ဒေါ်အောင်ဆန်းစုကြည်မှ အမည်တင်သငွ်းထားသည့် တတ်သိပညာရှင် ၁၃ ဦးထဲမှ ၈ ဦး ဖြစ်နေ၏။ ဦးအောင်ကြီးက ထို ၈ ဦးအား ကွန်မြူနစ်များဟု ပုတ်ခတ်စပ်ွစွဲရုံနှင့် ရပ်၍မနေ….။ တဆင့်တက်၍ တောင်းဆိုလာ၏။ ဥက္ကဋ္ဌအနေနှင့် ထို ၈ ဦးအား အဖွဲ့ချုပ်မှ ထုတ်ပေးပါရန် တောင်းဆိုလာပြန်သည်။

http://www.mizzimaburmese.com/edop/songpa/3395-2009-07-20-10-00-17.html?tmpl=co...

7/20/2009

(

)

-(

)

Page 2 of 7

မရတော့….။ ပြဿနာက ကြီးလာပြီ။ မကိုင်တွယ်၍ မရတော့….။ အပ်နှင့် ထွင်း၊ ထွင်း ….. ဆောက်နှင့် ထွင်း၊ ထွင်း …. ထွင်းမှရတော့မည့် ပြဿနာဖြစ်၍ လာပြီ။ မည်သို့ ကိုင်တယ်ွဖြေရှင်းမည်နည်း။ အဖွ့ချဲုပ်၏ နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ခေါ်မည်။ အစည်းအဝေးတွင် စွပ်စွခဲံရသူများက တဦးချင်းစီ ဖြေရှင်းချက်ပေးကြမည်။ ဗဟိုဦးစီးအဖွဲ့ ဝင်များက ကြားနာပြီး ဆန္ဒပေးကြရမည်။ ဦးအောင်ကြီး စွပ်စွချဲက်အတိုင်း ကွန်မြူနစ်များဖြစ်သည်ဟု ဗဟိုဦးစီးအဖွ့ဝဲ င်များက ဆုံးဖြတ်လျှင် … ထိုပုဂ္ဂိုလ်များအား အဖွဲ့ ချုပ်မှ ထုတ်ပယ်မည်။ စွပ်စချွဲက်က ကြောင်းကျိုးမခိုင်ခံ့ဟု ဗဟိုဦးစီးအဖွ့ဝဲ င်များက ဆုံးဖြတ်ခ့လျှဲင်မူ ….. စွပ်စွသဲူဦးအောင်ကြီးသည် အဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ်မှ နုတ်ထက်ွပေးရမည်။ ပြီးလျှင် … အဖွဲ့ ချုပ် အဖွဲ့ ဝင်အဖြစ်မှလည်း ထုတ်ပယ်မည်။ ဤသို့ …. ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ သဘောထားချ၏။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့တငွ် အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ခေါ်ယူ၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုနေ့က ၆၈ နှစ်မြောက် အမျိုးသားအောင်ပွေဲ န့ ဖြစ်၏။ စွပ်စွခဲံရသူများက ဦးအောင်ကြီး၏ စွပ်စချွဲက်အား တိုတိုကျဉ်းကျဉ်းပင် ဖြေရှင်းချက်ပေးကြ၏။ ပြီးလျှင် …. ဗဟိုဦးစီးအဖွဲ့ဝင်များက တဦးချင်းစီ ဆန္ဒပေးကြသည်။ အဖွ့ချဲုပ် စတင်ဖ့စွဲ ည်းစဉ်က ဦးအောင်ကြီး အမည်စာရင်း ထည့်သငွ်းခဲ့သည့် ဦးအောင်ကြီး၏ အစုမှ ပါဝင်ခဲ့သော ဦးကြည်မောင်သည်ပင်လျှင် …. ဦးအောင်ကြီး၏ စွပ်စချွဲက်သည် အခြေအမြစ် မရှိကြောင်း ဆန္ဒပေးခဲ့၏။ အဆုံးတွင်မူ ….ဦးအောင်ကြီး၏ စွပ်စွချဲက်သည် မခိုင်လုံကြောင်း….. ဗဟိုဦးစီးအဖွဲ့က ဆုံးဖြတ်လိုက်ကြ၏။ ဦးအောင်ကြီး၏ အဖွဲ့ချုပ် ဥက္ကဋ္ဌသက်တမ်းက ၆၈ ရက်နှင့်ပင် ဆုံးခန်းတိုင်သွားခဲ့တော့သည်။ ဦးအောင်ကြီး၏ ဓမ္မန္တရယ်အရေးကတော့ ပြီးပြီ။ အစည်းအဝေးပြီးသည်နှင့် ဒေါ်အောင်ဆန်းစုကြည်သည် ၆၈ နှစ်မြောက် အမျိုးသားအောင်ပွေဲ န့ အထိမ်းအမှတ် သြဝါဒခံယူပွသဲို့ တက်ရောက်ရပြန်သည်။ မိန့်ခွန်း ပြောရပြန်သည်။ ဦးအောင်ကြီး၏ ဓမ္မန္တရာယ်အရေးက ဖြေရှင်း၍ ပြီးသည်မှာ ပူပူလောင်လောင်ပင် ရှိနေသေး၏။ အဖွဲ့ဝင်ထုအား၊ မဟာမိတ်များအား၊ လူထုအား ရှင်းပြသင့်သည်တို့ကို ထုတ်၍ပြောပြရန်လိုမည်။ အရိပ်အမြွက်မျှဖြစ်ဖြစ် ကြိုတင်ချပြထားဖို့ လိုမည်။ ဤသို့ …. ဒေါ်အောင်ဆန်းစုကြည် တွေးထင်မိ၏။ ထိုအတွက်ပင် …. ၆၈ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ မိန့်ခွန်း၌ ….. “ဒီလို ဒီမိုကရေစီရရှိရေးအတွက် လက်တွဲလုပ်နေတဲ့ လူမှန်သမျှကို ကျမတို့က လက်တြွဲ ပီးတော့ ခေါ်သွားချင်ပါတယ်။ လက်တွဲတယ်ဆိုတာလည်း မတွချဲင်၊ တွဲချင် တွနဲ ည်းမျိုးကို ပြောတာ မဟုတ်ပါဘူး။ ကိုယ်ပေါင်းစိတ်ခွာ မဟုတ်ပါဘူး။ စိတ်တူသဘောတူ လက်တြွဲ ပီး ချီတက်သွားတဲ့ နည်းမျိုးကို ကျမတို့ ပြောလိုပါတယ်။ ဒီလိုအမျိုးသားရေးကို လုပ်တ့အဲ ခါကျလို့ရှိရင် ဒီပုဂ္ဂိုလ်စတွဲို့၊ ဆန္ဒစွတဲို့ မရှိဖို့ဆိုတာ ကျမတို့ရဲ့ အခြေခံ စည်းမျဉ်းဥပဒေထဲမှာလည်း ပါပါတယ်။ အဲ့ဒီတော့ ပုဂ္ဂိုလ်စွေဲ တွ မထားကြပါနဲ့၊ ဒါ ကောင်းတဲ့ အစဉ်အလာတွေ မဟုတ်ပါဘူး”

http://www.mizzimaburmese.com/edop/songpa/3395-2009-07-20-10-00-17.html?tmpl=co...

7/20/2009

(

)

-(

)

Page 3 of 7

(၄၆) ၄၆) ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၃ ရက်၊ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးအဖွဲ့ မှ ဦးအောင်ကြီးအား NLD ၏ ဥက္ကဋ္ဌအဖြစ်မှ ထုတ်ပယ်ပစ်ခဲ့သော်လည်း ဦးအောင်ကြီးမှာမူ သူသာလျှင် …. ဥက္ကဋ္ဌဟု ပြောနေသေး၏။ ပြီးလျှင် ….. ဒေါ်အောင်ဆန်းစုကြည်ထံသို့လည်း စာတို၊ စာရှည်များရေး၍ အိတ်ဖငွ့်ပေးစာများ ပို့နေပြန်၏။ ဒေါ်အောင်ဆန်းစုကြည်ကမူ ….ဦးအောင်ကြီး၏ အရေးတော်ပုံနှင့် ပတ်သက်၍ ပြတ်ပြတ်ရှင်းရှင်းပင်….။ “ကျမတို့ အဖွဲ့ ချုပ်ကနေပြီးတော့ ဦးအောင်ကြီးကို တရားဝင် ထုတ်ပစ်လိုက်ပြီးပါပြီ။ ထုတ်ပစ်လိုက်ပြီးတဲ့သူကို ဘယ်တော့မှလည်း ပြန်ပြီးတော့ လက်ခံမှာမဟုတ်ပါဘူး။ အဲ့ဒီတော့ ဦးအောင်ကြီးအနေနဲ့ မိမိရဲ့ ဂုဏ်သိက္ခာကို မထိန်းသိမ်းဘဲ ငါသာ ဥက္ကဋ္ဌလို့ ပြောနေတာတော့ မတတ်နိုင်ပါဘူး။ ကျမတို့ အဖွဲ့ချုပ်အနေနဲ့တော့ ရှင်းရှင်းပါပဲ။ ဦးအောင်ကြီး အဖွ့ချဲုပ်ကနေ ထွက်သွားတာ ဘာမှ အကျိုးမယုတ်ဘူးလို့ ယုံကြည်တယ်။ ဦးတင်ဦးလို အင်မတန်မှ သမာသမတ်ရှိတဲ့ ပုဂ္ဂိုလ်တယောက် ဥက္ကဋ္ဌ ဖြစ်လာတဲ့အချိန်မှာ ကျမတို့ အဖွဲ့ ချုပ်ရဲ့ ဂုဏ်သိက္ခာကလည်း တက်လာတယ်။ စည်းရုံးရေးဟာလည်း များစွာ ပိုပြီးတော့ အောင်မြင်လာပါတယ်။ လူတဦးတယောက်ရဲ့ အာဏာရရှိရေး၊ နေရာရရေးအတွက် လုပ်တာဟာ ဒီမိုကရေစီရရှိရေးအတွက် လုပ်တာ မဟုတ်ပါဘူး” ဤသို့ပင် ဒေါ်အောင်ဆန်းစုကြည်က မှတ်ယူထား၏။ ပြီးလျှင် …. ဦးအောင်ကြီးနှင့် ပတ်သက်၍ အကဲဖြတ်စဉ်းစားထားချက်က … “ဦးအောင်ကြီးဆိုတာ အမှန်တရားကို သိပ်ပြီးတော့ နားလည်တဲ့သူ မဟုတ်ဘူး” ဟူ၍ …..။

(၄၇) ၄၇) အာဏာသိမ်းစစ်အုပ်စုတငွ် ရင်ဆိုင်နေရသော အကျပ်အတည်းပေါင်းများစွာအနက် …. နိုင်ငံခြားငွေပြတ်လပ်မှုက စစ်အုပ်စု၏ အာဏာအခြေအား နဲ့၍ ယိုင်စေ၏။ အာဏာသိမ်းပြီး၍ ရက်ပေါင်း ၆ဝ အကြာတွင် စစ်အုပ်စုလက်ထ၌ဲ နိုင်ငံခြားငွေ ၁ဝ သန်းမျှသာ ရှိတော့သည်ဟု သတင်းများက ဆိုသည်။

http://www.mizzimaburmese.com/edop/songpa/3395-2009-07-20-10-00-17.html?tmpl=co...

7/20/2009

(

)

-(

)

Page 4 of 7

နိုင်ငံခြားငွေ ရရှိရေးအတွက် စစ်အုပ်စုသည် အပူတပြင်း ကြိုးစား၏။ နည်းလမ်းများအား တခုပြီးတခု ရှာကြ၏။ အပြေးအလွှားနှင့် ဉာဏ်ရောင်စုံထုတ်ကြ၏။ ဂျပန်၊ ဂျာမဏီ၊ ဗြိတိန်စသည့် နိုင်ငံများကလည်း ယခင်ပေးနေခဲ့သည့် အကူအညီများအားလုံးကို ရပ်စလဲိုက်ကြသဖြင့် …. စစ်အုပ်စုအတွက် အပူပေါ် အပူဆင့်နေ၏။ ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့ ရက်စနွှဲင့် စစ်အုပ်စုမှ ကြေညာချက်တစောင် ထုတ်ပြန်သည်။ “လွတ်လပ်သော နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေ” ထုတ်ပြန်ကြေညာသည်။ ဥပဒေက …. နိုင်ငံခြားကုမ္ပဏီများအား မြန်မာနိုင်ငံတွင် လာရောက်၍ ရင်းနှီးမြှုပ်နှံရန် ခွင့်ပြု၍ ဖိတ်ခေါ်သည်။ ဖက်စပ်လုပ်ငန်းကြီးများတွင်လည်း ၃၅ ရာခိုင်နှုန်းအထိ ပါဝင်မြှုပ်နှံခငွ့်ပြုကြောင်း ဆို၏။ နိုင်ငံခြားပိုင် လုပ်ငန်းများကိုလည်း ပြည်သူပိုင်သိမ်းမည် မဟုတ်ကြောင်း ကတိပေးပြီး၊ နိုင်ငံခြားလုပ်ငန်းရှင်များက အမြတ်အစွန်းများကိုလည်း ပြန်ပို့ချင်သည့် တိုင်းပြည်များသို့ ပို့ဆောင်ခွင့်ပြုမည်ဟု ဆို၏။ ပြီးလျှင် …. အခွန်ကင်းလွတ်ခွင့်အား ၃ နှစ်ပေးထား၏။ စစ်အုပ်စုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ ထုတ်ပြန်ခြဲ့ ပီး၊ မျှော်လင့်ခြင်းကြီးစွာနှင့် ဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုများအား မျှော်၏။ နိုင်ငံတကာရှိ လုပ်ငန်းရှင်များက စစ်အုပ်စု၏ ကြေညာချက်အား သတိထား၍ ဖတ်၏။ စစ်အုပ်စု၏ လက်ကား… စေးပျစ်နေသော သွေးတို့နှင့် မခြောက်သေး…..။ တိုးတက်သော ကမ္ဘာ့အသိုင်းအဝိုင်းက လက်ခံနိုင်သည့် အုပ်ချုပ်ရေးနှင့် အုပ်ချုပ်နေသည့် အစိုးရမျိုးမဟုတ…် .။ ဤသို့သော …. အုပ်ချုပ်ရေးအဖွ့နှဲင့် တွဲဖက်၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပြုလုပ်ပါက ရေရှည်တငွ် ဆိုးကျိုးများသာ ပေါ်ပေါက်လာပေလိမ့်မည်။ ဤသို့ …. နိုင်ငံတကာမှ လုပ်ငန်းရှင်များက ယုံကြည်ထား၏။ ဤအတွက် …. မည်သည့် နိုင်ငံခြားလုပ်ငန်းရှင်မှ မြန်မာပြည်သို့ ခြေမလှမ်း….။ အဝေးကသာ သတိကြီးကြီးထား၍ စောင့်ကြည့်နေကြမြဲ….။ ဤတွင် ….. စစ်အုပ်စု၏ ရွှေဉာဏ်တော်က …. တိုင်းပြည်၏ သဘာဝ သယံဇာတများအား အိမ်နီးချင်း နိုင်ငံများသို့ ဈေးပေါပေါနှင့် ထုတ်ရောင်းရန် အကြံပေါက်၏။ အိမ်နီးချင်းကောင်း ပီသစွာနှင့် ချောင်းနေသည့် နိုင်ငံများကလည်း အသင်…့  ။ ထိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး “ပရာပတ်စ်လင်ပါဖန်” က ရန်ကုန်သို့ သွားရန် အထုပ်အပိုး တပြင်ပြင်နှင့်… ။ ထိုင်းကျောင်းသားများနှင့် ထိုင်းလူအခွင့်အရေး လှုပ်ရှားသူများက ကန့်ကက်ွနေကြသည့်အတွက် ရန်ကုန်ခရီးအား ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တငွ် ဖျက်သိမ်းထားရ၏။

http://www.mizzimaburmese.com/edop/songpa/3395-2009-07-20-10-00-17.html?tmpl=co...

7/20/2009

(

)

-(

)

Page 5 of 7

မလေးရှားနိုင်ငံ သံအမတ်က သူ၏ သံအမတ်ခန့်အပ်လွှာအား ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တငွ် အာဏာသိမ်း ခေါင်းဆောင်ထံသို့ ပေးအပ်ခြဲ့ ပီး … စစ်အုပ်စုနှင့် ပထမဆုံး သံတမန်ဆက်သယ်ွလိုက်သည်။ မဟာသီယာက ဗိုလ်စောမောင်နှင့် ရွှေလမ်းငွေလမ်း ဖောက်လိုက်ပြီ။ ထိုင်းတို့နောက်တငွ် ကျန်နေခဲ့၍မဖြစ်။ မလေးရှားတို့ထက် လက်ဦးမှုရဖို့ လိုမည်။ ထိုင်း လူ့အခွင့်အရေး လှုပ်ရှားသူများ၏ ကန့်ကွက်နေမှုအား ဂရုစိုက်နေ၍ မဖြစ်….။ ထိုင်း အမျိုးသားအကျိုးစီးပွားကိုသာ ကြည့်ရမည်။ “GONE WITH THE WIND” ဝတ္ထုရှည်ကြီးထဲမှ ဇာတ်ကောင် ရောဘတ်တေလာ ပြောသကဲ့သို့ …. စီးပွားရှာရန် ကောင်းသော အချိန်က နှစ်ချိန်သာရှိ၏။ တိုင်းပြည်ပျက်နေသည့်အချိန်နှင့် တိုင်းပြည်ထူထောင်သည့်အချိန…် .။ မြန်မာနိုင်ငံ၏ အခြေအနေက တိုင်းပြည်ပျက်နေသည့်အချိန် …. ဤအချိန်မျိုးတွင် စီးပွားရှာရမည်။ ဤသို့ … ထိုင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး “ချာဗလစ် ယောင်ချာယွတ်” စဉ်းစားမိဟန်တူ၏။ ရန်ကုန်သို့ သွားရမည်။ ဗိုလ်ချုပ်ကြီးစောမောင်နှင့် တွေ့မည်။ စီးပွားရေးကိစ္စများ ဆွေးနွေးမည်။ ဗိုလ်ချုပ်ကြီး ချာဗလစ် ဆုံးဖြတ်လိုက်၏။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တငွ် ရန်ကုန်သို့ တရားဝင်ခရီးအဖြစ် သွားမည်။ (၄၈) ၄၈) ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တငွ် စတင်မည့် ခရီးစဉ်အတွက် ဒေါ်အောင်ဆန်းစုကြည်သည် ပြင်ဆင်စရာများအား ပြင်ဆင်နေရသည်။ ဦးချမ်းအေး (စာရေးဆရာ မောင်စူးစမ်း)၊ ဦးလွန်းတင် (ယခု NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)၊ ဦးအေးမင်း၊ ဦးရဲထွဋ် (NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကျိုက်ထို မဲဆန္ဒနယ်) တို့နှင့် အစီအစဉ်များ ရေးဆွဲ၏။ ခရီးစဉ်က…. ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ၏ ဒုတိယမြောက် စည်းရုံးရေးခရီးစဉ် ဖြစ်သည်။ မွန်ပြည်နယ် ၁ဝ မြို့နယ်သို့ သွားမည်။ ဒီဇင်ဘာလ ၁၄ ရက်နေ့မှ စ၍ထွက်မည်။ ခရီးစဉ်တွင် …. ဦးလွင်လည်း ပါမည်။ ပြန်ကြားရေး၊ လုံခြုံရေး၊ အဖွ့မျဲားလည်း ပါမည်။ စုစုပေါင်း ၃၂ ယောက်….။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်စောစောပင် ရန်ကုန်မှ စ၍ထွက်ကြ၏။ မင်္ဂလာဒုံ၊ မှော်ဘီ၊ လှည်းကူး၊ အင်းတကော် …. တမြို့ပြီးတမြို့ ဖြတ်ကျော်ခ့၏ဲ ။ နံနက်စောစောဖြစ်၍လားမသိ၊ ပဲခူးရန်ကုန်ကားလမ်းက ရှင်း၍နေသည်။

နှင်းက ပိန်းပိတ်အောင် သိပ်သည်း၍မနေ….။ ပါးပါးကျဲကျဲသာ

http://www.mizzimaburmese.com/edop/songpa/3395-2009-07-20-10-00-17.html?tmpl=co...

7/20/2009

(

)

-(

)

Page 6 of 7

ရှိ၏။ လမ်းဘေးဝဲယာအား မြင်ရ၏။ မင်္ဂလာဒုံမှ အင်းတကော်အကြားတွင်မူ လမ်းဘေးဝဲယာ၌ တပ်စခန်းအသီးသီးကို တွေ့ရ၏။ မင်္ဂလာဒုံနှင့် အင်းတကော်အကြားက တပ်နယ်ဟုပင် ပြော၍ရမည်။ တပ်နယ်မြေဖြစ်၍လားမသိ လမ်းဘေးဝဲယာတွင်… “ဘယ်သူခွဲခွဲ ဒို့မခွဲ အမြဲစည်းလုံးမည်” ၊ “ဒို့တာဝန် အရေးသုံးပါး …..” “တပ်မတော်သည် အမျိုးသားရေးအား ဘယ်တော့မှ သစ္စာမဖောက်”…. “ တပ်မတော်ဖြိုခွသဲူ ဒို့ရန်သူ” ၊ “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” …. စသည့်… ဆိုင်းဘုတ်ကြီးများအား အရွယ်အစားအမျိုးမျိုးနှင့် ပြူးပြူးပြဲပြဲ ထောင်ထားသည်ကို တွေ့ရ၏။ ၈၈ ၏ ဒီဇင်ဘာနံနက်ဦးက စိမ့်၍အေးစက်မနေ….။ ဖွဖွလေး အေး၏။ ပဲခူးကောလိပ်သည် နံနက်ခင်း နေရောင်ခြည်အောက်၌ အထီးကျန်စွာနှင့် ထီးထီးကြီး ရှိနေ၏။ ပဲခူးလိပ်ပြာကန်အရပ်ရှိ NLD ရုံးတွင်ပင် အဖွဲ့ချုပ် စည်းရုံးေးရးမှူးများ၊ အဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး၏။ ပဲခူးလူထုအား ဟောပြော၏။ ဘုရားကြီးလမ်းခွအဲား လွန်သည်နှင့် လမ်းသည် ကျဉ်း၍သွားသည်။ ယာဉ် ၂ စီး လွတ်ရုံမျှသာ…။ ယာဉ်ကြီးများနှင့် တိုးလျှင် …လမ်းဘေးသို့ ဘီးတခြမ်း ဆင်းပေးရ၏။ ချိုင့်ခက်ွများနှင့် လမ်းသည် ကြမ်း၏။ ဝေါ၊ သိမ်ဖြူဇရပ်၊ မုပ္ပလင်၊ ကျွန်းတောရွာတို့အား အစဉ်လိုက် ဖြတ်ကျော်ခ့၏ဲ ။ ဖြတ်ခ့သဲ ည့် နေရာများ၌ လူထုက လမ်းဘေးမှ ထွက်ရပ်၍ ကြိုကြ၏။ လှိုက်လှိုက်လလှဲ …ှဲ ..။ “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဒေါ်အောင်ဆန်းစုကြည်က လူထုအား ကားပေါ်မှပင် နှုတ်ဆက်စကားဆိုရ၏။ အချိန်ကမရ….။ ကျိုက်ထို၊ သထုံ၊ ပေါင်၊ မုတ္တမတို့၌ ဟောပြောပွဲများ၊ ဆွေးနွေးပွမျဲား ဆက်တိုက်ကျင်းပသွားရန် ရှိ၏။ နံနက်စာကိုမူ သထုံတွင်စားရန် စီစဉ်ထားကြ၏။ ကိုးကား … - NLD ၏ ဖွဲ့စည်းပုံစည်းမျဉ်း ယာယီနှင့် ရည်ရွယ်ချက်များ - NLD ၏ ထုတ်ပြန်ကြေညာချက် အမှတ် - ၁ - ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြား စာတမ်းများ - ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင် မိန့်ခွန်းများ - နွေဦးအိုးဝေ ဂျာနယ်များ - ရွှေခမောက် ဂျာနယ်များ - ဒေါမာန်ဟုန်

http://www.mizzimaburmese.com/edop/songpa/3395-2009-07-20-10-00-17.html?tmpl=co...

7/20/2009

(

)

-(

)

Page 7 of 7

- ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲများ - မောင်မိုးသူနှင့် ဧရာဝတီမဂ္ဂဇင်း တွေ့ဆုံမေးမြန်းမှု - ဦးအောင်ကြီးမှ ဒေါ်အောင်ဆန်းစုကြည်ထံသို့ အိတ်ဖငွ့်ပေးစာများ - ဒေါ်အောင်ဆန်းစုကြည် ရေးသည့် ဒါမှ ငါ့သမီးကဗျာ - နိုင်မြန်မာ၏ ကမ္ဘာမကြေဘူး သီချင်း - ဤဆောင်းပါး ဖြစ်မြောက်ရေးအတွက် ကိုယ်တွေ့ တွေ့ကြုံခဲ့သည်တို့အား ပြန်လည်ပြောပြပေးကြသည့် လွတ်မြောက်နယ်မြေရောက် NLD အဖွဲ့ဝင်များအား ကျေးဇူးတင်ပါသည်။

< Prev

Next >

http://www.mizzimaburmese.com/edop/songpa/3395-2009-07-20-10-00-17.html?tmpl=co...

7/20/2009

Related Documents

Dassk Part 11
May 2020 0
Dassk Part 20
May 2020 0
Dassk Part 21
May 2020 2
Dassk Part 18
May 2020 0
Dassk Part 17
May 2020 1
Dassk Part 15
May 2020 3