ရိက္ခာရှားပါးသော်လည်း ဆန်အမြောက်အမြား ပြည်ပတင်ပို့နေ Friday, 13 February 2009 19:42 ကိုစိုး မြန်မာ နိုင်ငံတွင်း လူ ၅ သန်းခန့် စားနပ်ရိက္ခာ အခက်အခဲနှင့် ရင်ဆိုင်နေရ သော်လည်း စစ်အစိုးရက ဇန်န၀ါရီ လ မှစတင်၍ ပြည်ပသို့ ဈေးအနိမ့်ဖြင့် ဆန်အမြောက်အမြား တင်ပို့မှု ၂ ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။ “မကြာသေးဘူး အာဖရိက ၊ ဘင်္ဂလားဒေ့ရှ် နဲ့ မော်ရေးရှား နိုင်ငံတွေကို ဆန်တန်ချိန်အတော်များများ တင်ပို့ နေတာ၊ ဈေးနှုန်းတော့ အသေအချာ မသိဘူး”ဟု ရန်ကုန်မြို့မှ ဆန်ကုန်သည် တဦးက ဧရာဝတီသို့ ပြောသည်။ ယခုကဲ့သို့ ဆန်အမြောက်အမြား တင်ပို့မှုကြောင့် ပြည်တွင်း ဆန်ဈေးကွက် ဈေးနှုန်း၊ ပြည်တွင်းစားသုံးမှု လိုအပ် ချက်၊ ပြည်ပဆန်တင်ပို့မှု အခြေအနေများကို ထိခိုက်နိုင်သည်ဟုလည်း ၎င်းက ဆိုသည်။ “ဆန်ပြည်ပပို့မှုများလာတာနဲ့ ပြည်တွင်း စားသုံးသူဈေးကွက်မှာ ဈေးနှုန်းတက်လာပါမယ်”ဟု ရန်ကုန် ဆန်ကုန် သည် က ပြောဆိုသည်။ ရိုက်တာ သတင်းတရပ်အဆိုအရ မြန်မာနိုင်ငံမှ ပြည်ပပို့ ဆန်တန်ချိန် ၄ သိန်း ၀န်းကျင်ကို ဇန်န၀ါရီလ မှစတင်ပြီး အာဖရိက သို့ တင်ပို့ရောင်း ချနေကြောင်း သိရသည်။ ၎င်းအာဖရိကသို့ ရောင်းချသည့် ဆန်များမှာ ဆန်အကျိုး ၂၅ ရာနှုန်းပါသည့် ဆန် အမျိုးအစား ဖြစ်ပြီး ဗီယက်နမ် ဆန်နှင့် အပြိုင်ရောင်းချခြင်း ဖြစ်သည်ဟု ဆိုသည်။ ဗီယက်နမ် ဆန် တတန်လျှင် မေရိကန် ဒေါ်လာ ၃၄၈ မှ ၃၅၃ အထိ ဈေးဖြင့်ရောင်းချခြင်းဖြစ်ပြီး အဆိုပါ မြန်မာ ဆန်ကို တတန်လျှင် ဒေါ်လာ ၂၇၀ မှ ၂၈၀ ဈေးဖြင့် ရောင်းချခြင်းဖြစ်သည်ဟုလည်း သတင်းတွင်ပါရှိသည်။ ပြိးခဲ့သည့် ၂၀၀၈ ခု နှစ် နာဂစ်ဆိုင်ကလုန်း မတိုက်ခတ်မီနှင့် တိုက်ခတ်ပြီးနောက်ပိုင်း ပြည်ပ ဆန်တင်ပို့မှုမှာ တန်ချိန် ၁ သိန်းခန့် ဖြစ်ကြောင်း စိုက်ပျိုးရေးဌာန အရာရှိများက ပြောဆိုသည်။ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ဆန်စပါး တိုးတက်ထုတ်လုပ်နိုင်ရန်အတွက် စိုက်ပျိုးမြေအလုံ အလောက် ရှိကြောင်း၊ မြေသယံဇာတ ရှိသကဲ့သို့ ရေသယံဇာတလည်း ရှိကြောင်း၊ ထို့ကြောင့် ဆန်စပါးထုတ်လုပ် မှု အရ ပြည်တွင်းစားသုံးမှု ခိုင်ခိုင်မာမာဖူလုံပြီး တနှစ်လျင် ဆန်တန်ချိန် ၃ သန်း ခန့် ပြည်ပသို့ တင်ပို့ ရောင်းချနိုင် ရေးအတွက် ကြိုးစားထုတ်လုပ်သွားရန်ပြောကြားကြောင်း ၂၀၀၈ ခု ဒီဇင်ဘာလ အစောပိုင်းထုတ် အစိုးရ သတင်း စာများတွင် ဖော်ပြထားသည်။ ဤကဲ့သို့ ဗိုလ်ချုပ်ကြီး သိန်းစိန်က တနှစ်လျင် အပိုဆန်တန်ချိန် ၃ သန်းခန့် ပြည်ပပို့ရန်တိုက်တွန်း နေသော် လည်း တန်ချိန် ၂ သန်းထက် မပိုနိုင်ကြောင်း ရန်ကုန်မြို့မှ ဆန်စပါး ကျွမ်းကျင်သူ တဦးက ပြောသည်။ ဆန်စပါး ဈေးနှုန်းကျဆင်းနေသည့်အတွက် လယ်သမားများက စပါးစိုက်ပျိုးမှုကို စွန့်စားလုပ်ကိုင်ရခြင်းကြောင့် သော်လည်းကောင်း၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်းတို့တွင် နာဂစ်ဆိုင်ကလုန်း တိုက်ခတ်မှုကြောင့် သော်လည်းကောင်း ဆန်စပါးအထွက်နှုန်းကျဆင်းရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်း မှ တာဝန်ရှိသူ တဦးကလည်း ပြောသည်။ “ပြီးခဲ့တဲ့ နှစ်က စုစုပေါင်း ဆန်တန်ချိန် ၁၈ သန်းလောက်ပဲထွက်တယ်၊ လာမယ့်နှစ်မှာလည်း ၂၀ ရာခိုင်နှုန်း လောက် ဆန်အထွက်နှုန်း ကျနိုင်တယ်”ဟု ၎င်းက ဆိုသည်။ နိုင်ငံတကာနှင့် ပြည်တွင်း ဆန်းဈေးကွက်များတွင် ဈေးနှုန်းများ ကျဆင်းနေသော်လည်း ပြည်တွင်း လယ်ယာသုံး ပစ္စည်းများနှင့် ဓာတ်မြသြဇာ ဈေးနှုန်းများ တက်လျှက်ရှိကြောင်းလည်း သိရသည်။
“လယ်ယာသုံး ပစ္စည်း ဈေးနှုန်းတွေ၊ မျိုးစပါးနဲ့ ဓာတ်မြေသြဇာဈေးနှုန်းတွေ ဆက်တက်ဦးမယ်လို့ ပြောနိုင်ပါ တယ်” ဟု အထက်ပါ ဆန်စပါး ကုန်သည်များ အသင်း တာဝန်ရှိသူက ပြောသည်။ ၂၀၀၈ ခု နှစ် မေလ ၂ ရက်နှင့် ၃ ရက်က တိုက်ခတ်သည့် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်းတွင် မြို့နယ် ၇ မြို့နယ်ရှိ လယ်ယာလုပ်ငန်း ၃၂ ရာခိုင်နှုန်း ထိခိုက်ပျက်စီးခဲ့ပြီး ရန်ကုန်တိုင်း ၃ မြို့ နယ်၌ ၃၅ ရာခိုင်နှုန်း ထိခိုက်ပျက်စီးခဲ့သောကြောင့် ဆန်စပါး အထွက်နှုန်းများ ကျဆင်းခဲ့ရခြင်းလည်းဖြစ်သည်။ တချိန်တည်းတွင်ပင် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP) နှင့် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)တို့၏ ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၂ ရက်နေ့ က ပူးတွဲထုတ်ပြန်သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံတွင်း လူပေါင်း ၅ သန်း ကျော် စားနပ်ရိက္ခာ ရှားပါးမှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း ဖော်ပြထားသည်။ ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ ပြည်နယ် ၅ ခုနှင့် တိုင်း ၂ တိုင်းတွင် စားနပ်ရိက္ခာ တန်ချိန် ၁၈၆ ၀၀၀ ခန့် လိုအပ်သည်ဟု ပါရှိသည်။
ပြီးခဲ့သည့်နှစ်အတွင်း လူဦးရေ ၁ သိန်းခန့်ရှိ ချင်းပြည်နယ်တွင် ကလေးပေါင်း ၃၀ ကျော် စားနပ်ရိက္ခာရှားပါးမှု ကြောင့် သေဆုံးခဲ့ရကြောင်း၊ ယင်းသို့ စားနပ်ရိက္ခာ ရှားပါးမှုမှာ ၂၀၀၇ ခု နှစ် ဒီဇင်ဘာလအတွင်းတွင် ၀ါးပွင့်များ ကို လာရောက် စားသုံးသောကြွက်များက သီးနှံစိုက်ခင်းများကို ၀င်ရောက်ဖျက်ဆီးခဲ့သောကြောင့်ဖြစ်ကြောင်း ချင်း လူ့အခွင့်အရေးအဖွဲ့၏ ပြောဆိုချက်အရသိရသည်။ Next >
ရိုဟင်ဂျာကို စာနာသော မင်းသမီးကို ထိုင်းအစိုးရ မကျေနပ် Friday, 13 February 2009 18:45 ဇာနည်ဝင်း ကမ္ဘာကျော် ဟောလိဝုဒ် မင်းသမီး အန်ဂျလီနာ ဂျိုလီ၏ ရိုဟင်ဂျာများ အရေးနှင့် ပတ်သက်သည့် မှတ်ချက် စကားကို ထိုင်းအစိုးရ ခေါင်းဆောင်များက ဘ၀င်မကျ ဖြစ်နေကြသည်။ UNHCR ၏ ချစ်ကြည်ရေး သံတမန် အန်ဂျလီနာ ဂျိုလီ (ဓာတ်ပုံ - UNHCR) “သူ့အဆင့်က (ရိုဟင်ဂျာတွေ) အရေးနဲ့ ပတ်သက်ပြီး မှတ်ချက် ချနိုင်တဲ့ အဆင့် မဟုတ်ပါဘူး” ဟု ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ အရာရှိ မစ္စတာ Tharit Charungvat က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။ နိုင်ငံခြားရေး ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန် မစ္စတာ Virasakdi Futrakul ကလည်း “UNHCR (ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး)ကို ကျနော်တို့ သတိပေးရမယ်၊ သူတို့ ဒီလိုမျိုး မှတ်ချက် မချသင့်ဘူး၊ သူတို့မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး လုပ်ပိုင်ခွင့်မှ မရှိတာ” ဟု ဝေဖန်လိုက်သည်။ အန်ဂျလီနာ ဂျိုလီက “မြန်မာပြည်မှာ နေတဲ့ ရိုဟင်ဂျာတွေရဲ့ ဘ၀တွေ တိုးတက် ကောင်းမွန်ပြီး အခြေအနေတွေ တည်ငြိမ်လာမယ် လို့ မျှော်လင့်ပါတယ်။ ဒါဆိုရင် သူတို့ အန္တရာယ် ရှိတဲ့ ခရီးလမ်းကို ဖြတ်ပြီး ထွက်ပြေးရတဲ့အထိ စိုးရိမ်ပူပန်ဖို့ လိုတော့မှာ မဟုတ်ဘူး။ - - - တခြား လူတွေ လိုပဲ သူတို့လည်း အခွင့်အရေး ရသင့် ရထိုက်ပါတယ်” ဟု ပြီးခဲ့သည့် အပတ်က ထိုင်း မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်းသို့ သွားရောက်ပြီးနောက် ပြောကြားခဲ့သည်။ ဂျိုလီသည် UNHCR ၏ ချစ်ကြည်ရေး သံတမန်အဖြစ် လွန်ခဲ့သည့် ၈ နှစ်မှ စတင်၍ ဆောင်ရွက်နေသူ ဖြစ်သည်။
ပြီးခဲ့သည့် အပတ်က ကရင်နီ (ကယား) ဒုက္ခသည်စခန်းသို့ ဂျိုလီ သွားရောက်ခဲ့သည့် ခရီးစဉ်သည် ရိုဟင်ဂျာများ အရေးနှင့် ပတ်သက်ခြင်း မရှိကြောင်း၊ ထို့ကြောင့် ရိုဟင်ဂျာများနှင့် ပတ်သက်၍ မှတ်ချက်ချခြင်း မလုပ်သင့်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန်က သတိပေးလိုက်သည်။ ထိုင်းအစိုးရသည် လှေဖြင့် ရောက်လာသော ရိုဟင်ဂျာများအရေးကို ကြမ်းကြမ်း တမ်းတမ်း ကိုင်တွယ်ခဲ့သည်ဟု ဝေဖန်ခံနေရသည်။ ထိုင်းအာဏာပိုင်တို့က ရိုဟင်ဂျာများကို လှေပေါ်တင်ပြီး ပင်လယ်တွင်းသို့ မောင်းထုတ်ခဲ့သည် ဟူသော စွပ်စွဲမှုများ ပေါ်ထွက်နေသည်။ ထိုင်းဝန်ကြီးချုပ် မစ္စတာ အဖိဆစ် ဝေ့ချာချီဝက ရိုဟင်ဂျာများကို ပင်လယ်အတွင်းသို့ မောင်းထုတ်ခဲ့သည့် “ဖြစ်ရပ်တချို့” ရှိခဲ့သည်ဟု CNN သတင်းဌာနနှင့် ယမန်နေ့ကပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားလိုက်သည်။ အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိသွားသော လှေတစီးပေါ်မှ ရိုဟင်ဂျာများ၏ ထုတ်ဖော်ပြောဆိုချက်များ ထွက်ပေါ်လာပြီးနောက်တွင် ထိုင်းဝန်ကြီးချုပ်၏ ၀န်ခံချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုအုပ်စုတွင် ရိုဟင်ဂျာ ဦးရေ ၂၀၀ ခန့် ပါဝင်ပြီး ထိုင်းအာဏာပိုင်တို့သည် ၎င်းတို့အား အစာရေစာ အနည်းငယ်သာ ပေးကာ ပင်လယ်ထဲသို့ မောင်းထုတ်ခဲ့သည်ဟု ဆိုသည်။ ရိုဟင်ဂျာများ ထွက်ခွာခဲ့ရာ နိုင်ငံများ ဖြစ်သည့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့က ရိုဟင်ဂျာများသည် မိမိတို့ နိုင်ငံများမှ မဟုတ်ဟု ငြင်းဆန်ကြသည်။ ဤအတောအတွင်း မြန်မာ စစ်အစိုးရ သံတမန်တဦးက ရိုဟင်ဂျာများသည် အသားညိုမည်းပြီး “ဘီလူးကဲ့သို့ ရုပ်ဆိုးသူများ” ဖြစ်သည်ဟု ပြောလိုက်သည်။ ဟောင်ကောင်ရှိ စစ်အစိုးရ ကောင်စစ်ဝန်ရုံး အကြီးအကဲ ဦးရဲမြင့်အောင်က ဟောင်ကောင်နှင့် မကာအို ကျွန်းဆွယ်ရှိ သံတမန်များသို့ ဖက်စ်ဖြင့် ပေးပို့သည့် စာတွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။ “ရိုဟင်ဂျာတွေက အသားညိုတယ်၊ မြန်မာတွေက အသားလတ်တယ်၊ ရုပ်ချောတယ်” ဟု ဦးရဲမြင့်အောင်က စာတွင် ရေးသားထားသည်။
နာမည်မသေသော ဖဒိုမန်းရှာ Friday, 13 February 2009 19:03 အေးလဲ့ ကရင် တိုင်းရင်းသား ခေါင်းဆောင် ဖဒိုမန်းရှာလားဖန်း လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့သည်မှာ ၁ နှစ်ပြည့်ပြီ ဖြစ်သော်လည်း ယခုအချိန်အထိ ဒီမိုကရေစီ အင်အားစုများက သတိရနေကြဆဲ ဖြစ်သည်။ ထိုင်း မြန်မာ နယ်စပ်ဒေသ ဒီမိုကရေစီအရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများ အကြားတွင် ဖဒိုမန်းရှာ ကဲ့သို့ နိုင်ငံရေး ခေါင်းဆောင်မျိုး အလွန် ရှားပါးသည် ဟု ပြောဆိုနေကြသည်။ ကွယ်လွန်သူ ကရင်ခေါင်းဆောင်ကြီး နှစ်ဦးဖြစ်သော ဗိုလ်ချုပ်မြနှင့် ဖဒိုမန်းရှာ (ဓာတ်ပုံ - ထိန်လင်း) ဖဒိုမန်းရှာသည် မြန်မာစစ်အစိုးရအား လက်နက်ကိုင် ဆန့်ကျင်နေသော ကရင်အမျိုးသား အစည်းအရုံး (KNU)တွင် ခေါင်းဆောင်တဦးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သည်။ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁၄ရက်နေ့ က ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ရှိ နေအိမ်တွင် သေနတ်သမား နှစ်ဦး၏ လုပ်ကြံ သတ်ဖြတ်မှုကြောင့် ကွယ်လွန်ခဲ့သည်။ လုပ်ကြံမှု၏ နောက်ကွယ်တွင် မည်သူမည်ဝါ ရှိသည်ကို ယနေ့တိုင် ဖော်ထုတ် နိုင်ခြင်း မရှိသေးပေ။
သူ့ကို ဆုံးရှုံးခဲ့ရတဲ့ ဆုံးရှုံးမှုက ကျနော်တို့ အတွက် အင်မတန် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်။ သူရှိတုန်းက ဆိုရင် ကျနော်တို့ လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ သဘောထားတွေကို ပြည်သူတွေ သိအောင် နိုင်ငံတကာ သိအောင် ပြောဆိုတဲ့အခါ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို လွှမ်းခြုံနိုင်တယ်။ တိုင်းရင်းသား လှုပ်ရှားမှုတွေကို လွှမ်းခြုံနိုင်တယ်” ဟု လူ့ဘောင်သစ် ပါတီ် ဥက္ကဌ ကိုအောင်မိုးဇော်က ပြောပြသည်။ “သူ မရှိတော့တဲ့ နောက်ပိုင်း အခြေအနေတွေမှာ အဲဒီလို လူမျိုးတယောက် နောက်ထပ် ပေါ်လာဖို့ အခြေအနေဟာ အခုထိ မတွေ့ရသေးဘူး” ဟု ဆိုသည်။ ဖဒိုမန်းရှာကွယ်လွန်ပြီးနောက်တွင် KNU က ၎င်း၏နေရာ၌ ကရင်အမျိုးသမီးခေါင်းဆောင်တဦး ဖြစ်သူ နော်စီဖိုးရာစိန်ကို တာဝန်ပေး ခန့်အပ်ခဲ့သည်။ ဖဒိုမန်းရှာသည် ကရင်တိုင်းရင်းသားထဲတွင်သာမက ဒီမိုကရေစီပေါ်ထွန်းရေး အတွက် လှုပ်ရှားသည့် အင်အားစုများ၊ တိုင်းရင်းသား အင်းအားစုများ အကြား လေးစား စံထားရသူ တဦးဖြစ်သည်ဟု နော်စီဖိုးရာစိန်က ဆိုသည်။ နောင်လာမည့် ကရင်မျိုးဆက်သစ် လူငယ်များအဖို့ ဖဒိုမန်းရှာကဲ့သို့ ဒီမိုကရေစီလှုပ်ရှားမှု အရေးတွင် ပါဝင်လာဖို့ အားပေးတိုက်တွန်းလိုသည် ဟုလည်း နော်စီဖိုးရာစိန်က ပြောပြသည်။ “ကျမတို့ ဒီတော်လှန်ရေးကြီးက မပြီးဆုံးသေးပါဘူး။ ကျမတို့ သွားချင်တဲ့ ပန်းတိုင်ကိုလည်း မရောက်သေးပါဘူး။ ဒါကြောင့် ဒီ ပန်းတိုင် ရောက်တဲ့ အထိ ပြည်တွင်း၊ ပြည်ပ မှာရှိတဲ့ ကရင် လူငယ်တွေ အတူအကွ ဆက်လက် တိုက်ပွဲဝင် သွားစေချင်ပါတယ်” ဟု ပြောသည်။ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု ဟု ခေါ်သည့် အဖွဲ့မှ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင် က ဖဒိုမန်းရှာ ကွယ်လန်ွပြီး နောက်ပိုင်း KNU တွင် မျိုးဆက်ကွာဟမှုများ တွေ့ရသည်ဟု ဆိုသည်။ အပေါ် သူ၏ အမြင်ကို “KNU မှာလည်း ဖဒိုမန်းရှာတို့ ရှေ့ပိုင်း generation (မျိုးဆက်) နဲ့ ဒီ နောက်ပိုင်း generation ကြားထဲမှာ နည်းနည်း ကွာဟမှု ရှိနေသလိုပဲ။ ဒီနေရာမှာ နည်းနည်း အားနည်းချက်တွေ ရှိတယ်” ဟု ဒေါက်တာနိုင်အောင်က ပြောသည်။ မနက်ဖြန် ကျရောက်မည့် ပဒိုမန်းရှာ ကွယ်လွန်ခြင်း တနှစ် ပြည့်သည့် နေ့တွင် နော်ဝေနိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့အစည်းများက စုပေါင်းပြီး “မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေး သူရဲကောင်းများဆု” ပေးပွဲ အခမ်းအနား ပြုလုပ်မည် ဖြစ်သည်။ ဖဒိုမန်းရှာ အပါအဝင် တိုင်းရင်းသား ခေါင်းဆောင် ၄ဦးကို ရွေးချယ်ထားသည်ဟု ဆိုသည်။ အခြားသုံးဦးမှာ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ဇိုမီးတိုင်းရင်းသား ခေါင်းဆောင် ဦးကျင့်ရှင်းထန်၊ ရခိုင်တိုင်းရင်းသား ခေါင်းဆာင် ဦးအေးသာအောင် တို့ ဖြစ်သည်။ ဖဒိုမန်းရှာသည် ရန်ကုန်တက္ကသိုလ်သို့ ၁၉၆၂ခုနှစ်တွင် စတင် တက်ရောက်ခဲ့သည်။ ဇူလိုင် ၇ ရက် ကျောင်းသားလှုပ်ရှားမှု နှင့်လည်း ကြုံခဲ့ရသည်။ ၁၉၆၆ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သမိုင်း ဘာသာရပ်ဖြင့် ဘွဲ့ ရရှိပြီးနောက် တောခိုကာ ကရင့်တော်လှန်ရေးတွင် ပါဝင်ခဲ့သည်မှာ ကွယ်လွန်ချိန်အထိ ဖြစ်သည်။ အသက် ၆၄ နှစ်တွင် လုပ်ကြံခံခဲ့ရသည်။ ဖဒိုမန်းရှာသည် နိုင်ငံရေးတပ်ပေါင်းစုကြီး ဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုသား ကောင်စီ NCUB တွင်လည်း ခေါင်းဆောင် တဦး အဖြစ် တာဝန်ယူခဲ့သည်။ ရေဆန်ဟူသော ကလောင် အမည်ဖြင့်လည်း ကဗျာ နှင့် ဆောင်းပါးများ ရေးသားခဲ့သည်။
ဖဒိုမန်းရှာ၏ သမီးတဦးဖြစ်သူ နမ့်ဇိုယာဖန်းက သူ၏ဖခင် ကွယ်လွန်ခဲ့သော်လည်း သူ၏ ဖခင် ကိုယ်စား ညီညီညွတ်ညွတ် လုပ်ကိုင်ကြရေးအတွက် တိုက်တွန်းလိုသည်ဟု ဆိုသည်။ နမ့်ဇိုယာဖန်းသည် ဗြိတိန်နိုင်ငံမှ မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့ (Burma Campaign UK) ၏ တာဝန်ခံ တဦးလည်း ဖြစ်သည်။ ဇိုယာဖန်းက “ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား လူမျိုးစု အားလုံး စုပေါင်း လက်တွဲ အလုပ်လုပ်ကြဖို့၊ စစ်အစိုးရက ကရင်လူမျိုးတွေကို သွေးခွဲနေတာကို သိပြီးတာ့ ကရင်လူမျိုးများ အချင်းချင်း စည်းလုံး ညီညွတ်မှု ရှိကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ပြောသည်။
အနာဂတ် ဘယ်မှာ Friday, 13 February 2009 19:27 အေးချမ်းမြေ့ ကလေး ဆိုကတည်းက အပူအပင် ကင်းလှသည်။ စားစရာရှိ စားမည်၊ ပြီးလျှင် ကစားမည်၊ ပြီးတော့ အပူအပင် ကင်းမဲ့စွာ အိပ်ပျော်မည်။ သူတို့၏ အတိတ်တွင် ခါးသီးကောင်း ခါးသီးခဲ့မည် ဖြစ်သော်လည်း ထိုအတိတ်ကို သူတို့ သတိမရကြတော့၊ လက်ရှိ အခြေအနေတွင် ပျော်ရွှင်နေနိုင်သည်။ အနာဂတ် ဆိုသည်ကိုလည်း သူတို့နားမလည်။ CLC ကျောင်းတွင် ကလေးများ ဗီဒီယို ကြည့်နေကြစဉ် (ဓာတ်ပုံ - ဧရာဝတီ) ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ အများက “ဆရာဦးသိန်းလွင်ကျောင်း” ဟု အသိများသော မြန်မာပြည်မှ ရွှေ့ပြောင်း အခြေချလာသည့် ကလေးများ တက်သော (Migrant School) ကျောင်းဝင်းကလေးက ၄ နှစ်မှ ၁၁ နှစ်၊ ၁၂ နှစ်အရွယ် ကလေးများ၏ စကားသံ၊ ကစားသံတို့ဖြင့် ဆူညံသက်ဝင်လှုပ်ရှားနေသည်။ ထမင်းစားချိန်ဖြစ်သောကြောင့် ကလေးငယ်ကလေးများကို ထမင်းစကျွေးနေရာ ကလေးကြီးများက ကစားရင်း သူတို့အလှည့်ကို စောင့်ဆိုင်းနေကြသည်။ “သားနာမည်က ငြိမ်းချမ်းလှိုင်၊ အသက် ၆ နှစ်၊ ခု တတန်းတက်နေတယ်” ဟု ဗမာလိုပီပီသသ ပြောနေသည့် ကလေးလေးက ထမင်းကိုလည်း အားရပါးရ စားနေသေးသည်။ သူလေး၏ ဖခင်နှင့် မိခင်က ငါးရောင်းသည့် ဆိုင်တွင် အလုပ်လုပ်သည်ဟု ပြောပြသည်။ သူ့ ဖခင်နှင့် မိခင်တို့ ထိုင်းနိုင်ငံတွင် အလုပ်လာလုပ်စဉ် သူကတော့ ဗမာပြည်မှာအဘိုး အဘွားများနှင့် နေခဲ့ရသည်။ တနှစ်ကမှ သူ့ကို လူကြုံနှင့် ထည့်ပေးလိုက်ခြင်း ဖြစ်သည်ဟု ချစ်စဖွယ် ရှင်းပြနေသည်။ ထိုကျောင်းတွင် မူကြိုအရွယ် ကနေ ဒုတိယတန်းအထိရှိသည်။ တနှစ်ပြီးတနှစ် ဆက်လက် တိုးမြှင့် သွားမည်ဟု ဆိုသော်လည်း စတုတ္ထတန်းပြီးလျှင် မည်သို့ ဆက်လက်လုပ်ဆောင်မည်ကို မသိသေးကြောင်း ကျောင်း တာဝန်ခံ မသက်က ပြောပြသည်။ ကလေးအများစုက ဗမာလို နားမလည်၊ အများစုမှာ တိုင်းရင်းသားများ ဖြစ်ကြပြီး တချို့ ထိုင်းနိုင်ငံမှာပင် မွေးဖွား သူများဖြစ်သည်။ စာသင်ကြားရာတွင် ဘာသာစကား အခက်အခဲဖြစ်ရသကဲ့သို့ ဆုံးမရာတွင်လည်း စကား မပေါက်သည့် ပြဿနာ ကြုံရသည်ဟု ဆိုသည်။ “ကလေးမိဘတွေနဲ့ ဆက်သွယ်ရတာ အရမ်းခက်တယ်။ ကျောင်းကားနဲ့ ဒီတိုင်း ပို့လွှတ်လိုက်တာပဲ။ တခါမှလည်း မတွေ့ဖူးဘူး။ တချို့ကလေးတွေဆို ကျောင်းရောက်မှ မျက်နှာသစ်ပေးရတာ” ဟု မသက်က ရှင်းပြသည်။
တချို့ကလေးများမှာ ယနေ့ကျောင်းလာသော်လည်း နောက်တနေ့တွင် မိဘ အလုပ်အကိုင်ပြောင်းရွှေ့ရာ နောက် ပါသွားပြီး ကျောင်းမလာနိုင်တော့ကြောင်း ပြောပြသည်။ တချို့ ၁၂ နှစ် ၁၃ နှစ်အရွယ် ကလေးများကျတော့ မိဘကို ကူညီနိုင်သည့် အရွယ်ဖြစ်နေလေရာ မိဘကိုယ်နှိုက်က ကျောင်းမလွှတ်လိုတော့ဟု ဆိုသည်။ “သူ့နာမည်က သဲသဲအိတဲ့။ အဖေတခု သမီးတခုနေကြတာ။ ကျောင်းကပြန်သွားရင် အဖေပြန်မလာမချင်း တယောက်တည်းအိမ်မှာနေရတယ်” ဟု မသက်က သူငယ်တန်းကလေး တယောက်ကို ညွှန်ပြရင်း ပြောပြသည်။ မူကြိုတန်းတွင် ဥာဏ်ရည်မမီသည့် ကလေးတယောက်ကို တွေ့ရသည်။ သူက တခြားကလေးများထက် အသက်ကော လူကောင်ပါကြီးသော်လည်း စကားမပြောတတ်၊ စာလည်း သင်လို့မရသေး။ ကလေးများကို ကျောင်းကားဖြင့်မကြိုနိုင်လျှင် သူတို့ကျောင်းတက်ရဖို့ မဖြစ်နိုင်။ သူတို့၏ မိဘများက ကျီးလန့်စာ စား နေထိုင်ရသူများဖြစ်သည်။ သူတို့လက်ထဲတွင် အာမခံနိုင်သည့် မည်သည့်လက်မှတ်မှ မရှိ။ သူတ့ကို အချိန်မရွေး ထိုင်းရဲက ခေါ်ယူစစ်ဆေးလျှက် ဖမ်းဆီးနိုင်သည်။ ထို့ကြောင့် သူတို့၏ အလုပ်ခွင်မှအပ မည်သည့် နေရာကိုမှ မသွားရဲကြပေ။ “ဖောင်ဒေးရှင်းအနေနဲ့တော့ အသိအမှတ်ပြုလက်မှတ်ရပြီ။ ဒါပေမယ့် အပြည်ပြည်ဆိုင်ရာ ကျောင်းအနေနဲ့ ဖွင့်ခွင့်ရဖို့ဆိုတာက လိုအပ်တဲ့ မြေအကျယ်အဝန်းတို့၊ ကျောင်းအင်္ဂါရပ်နဲ့ ညီဖို့တို့ အများကြီး လိုအပ်တယ်” ဟု ကျောင်းတာဝန်ခံ တဦးဖြစ်သူ ဆရာစိုင်းက ပြောသည်။ အပြည်ပြည်ဆိုင်ရာ ကျောင်းအနေနှင့် ဖွင့်နိုင်လျှင်တော့ ကလေးများ၏ အနာဂတ်က တမျိုးတဖုံဖြစ်ကောင်းဖြစ်မည်။ သို့သော် ထိုကိစ္စက မရေရာလှ။ ရုံးခန်းနေရာတွင်တော့ လူငယ်များအတွက် အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာသင်တန်းများ ဖွင့်ပေးထားသည်။ ထိုသင်တန်း များတွင် တက်နေသည့် လူငယ်အားလုံး ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြသည်။ သူတို့လက်ထဲတွင်လည်း မည်သည့် အထောက်အထားတစုံတရာမျှ မရှိ။ ထိုင်းရဲက စစ်ဆေးဖမ်းဆီးလျှင်လည်း ခံရဖွယ်သာရှိသည်။ သူတို့အတွက် အထောက်အထား တစုံတရာ ရရန်ကြိုးစားနေသည်ဟု ဆရာစိုင်းက ဆက်ပြောသည်။ “ထိုင်းအာဏာပိုင်တွေက ကျောင်းအင်္ဂါရပ်နဲ့ မညီဘူးဆိုပြီး ကျောင်းကို ပိတ်ပစ်လိုက်ရင်တော့ ဒီကလေးတွေ အားလုံး လမ်းပေါ်ရောက်ကုန်မှာပဲ” ဟု သူက ဆိုသည်။ မူလတန်း ကျောင်းကလေး စတင်သည်မှာ တနှစ်ကျော်ခန့်သာ ရှိသေးသည်။ ကျောင်းမစတင်မီက ချင်းမိုင်မြို့တွင်း၊ မြို့ပြင်တို့တွင် အလုပ်လုပ်နေကြသော ဗမာတိုင်းရင်းသား မိသားစုများထံ ဆက်သွယ် ချဉ်းကပ်ကာ ကလေးများ ကိုကျောင်းအပ်ပေးဖို့ လိုက်လံပြောဆို စာရင်းကောက်ခဲ့ရကြောင်း ရှမ်းတိုင်းရင်းသူ ဆရာမလေး တယောက်က ရှင်းပြသည်။ သူကတော့ ဆရာဦးသိန်းလွင်ကျောင်း၏ ကျောင်းခွဲတခုဟုဆိုနိုင်သော Wat Pa Pao ဘုန်းကြီးကျောင်းဝင်းတွင် ဖွင့်ထားသည့် Children Learning Centre (CLC) တွင် တာဝန်ယူ သင်ကြားပေးနေသူဖြစ်သည်။ ကျောင်းမဖွင့်ခင် ကလေးများကို လိုက်လံ စုစောင်းစဉ်က သူတို့အခက်အခဲများကိုပြောပြသည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၊ ကာရာအိုကေဆိုင်များ၊ စားသောက်ဆိုင်များတွင် အလုပ်လုပ်သည့် ကလေးမိဘများထံ ချဉ်းကပ် ရသည်မှာ သိပ်မလွယ်ကူလှ။ ထိုနေရာများတွင် ဗမာလိုပြောခြင်းက ပြဿနာတရပ်ဖြစ်သည်ဟု ဆိုသည်။ အများစုမှာ တိုင်းရင်းသားများဖြစ်ကြပြီး ဗမာပြည်တွင်းမှ အကြောင်း အမျိုးမျိုးဖြင့် ထွက်ခွာလာခဲ့ရသူများ ဖြစ်သည်။ တချို့ ထိုင်းနိုင်ငံရောက်မှ အိမ်ထောင်ရက်သားကျကာ ကလေးမွေးဖွားကြသည်။ တချို့လည်း ကလေးငယ်များ တပါတည်း ပါလာကြသည်။ မြန်မာပြည်အစွန်အဖျား ချောင်ကျသော ရွာများမှ တိုင်းရင်းသား များမှာ ဗမာနှင့် ပတ်သက်၍ နာကြည်းချက်များစွာရှိနေကြသည်ဟု ဆရာမလေးက ဆိုသည်။
“အိမ်တအိမ်မှာ ဗမာလိုပြောမိလို့ မောင်းထုတ်ခံရတယ်။ သူတို့ဗမာပြည်မှာတုန်းက စစ်သားတွေက သူတို့ရွာကို မီးရှို့ဖျက်ဆီးခဲ့တာတဲ့။ သူတို့က ဗမာဆိုရင် ဗမာပဲ။ စစ်သားတွေဘာတွေ သိတာမဟုတ်ဘူး” ဟု သူက ရှင်းပြသည်။ Wat Pa Pao ဘုန်းကြီးကျောင်းဝင်း အတွင်းမှ CLC ကျောင်းကလေးကျတော့ ပုံစံတမျိုးဖြစ်သည်။ ထိုကျောင်းမှာ တက်နေသည့် ကလေးများကို ထိုင်းပညာရေးဌာနက ကြည့်ရှုကူညီပေးနေသည်။ အခြေခံ ထိုင်းစာကို သင်ကြား တတ်မြောက်ခဲ့လျှင် ထိုကလေးများ ထိုင်းကျောင်းကို တက်ခွင့်ရမည်ဟု တာဝန်ခံ ဆရာမတဦးက ရှင်းပြသည်။ တကယ်က ဗမာ ရွှေ့ပြောင်းအလုပ်သမား မိသားစုများထဲမှ ကလေးများ၏ အနာဂတ်မှာ ရေရေရာရာ ရှိလှသည် မဟုတ်။ သူတို့မိဘများ ရွှေ့ပြောင်းရာသို့ လိုက်ပါရင်း ပညာသင်ခွင့် ဆုံးရှုံးရသည့် ကလေး များစွာရှိသည်။ ထိုအထဲမှ တချို့သော ကလေးများသာ ပညာသင်ခွင့်ရကြသည်။ ချင်းမိုင် ပညာရေးမှူးက မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများ၏ ပညာရေးနှင့် ပတ်သက်၍ ကူညီချင်သောကြောင့် ထိုင်းအာဏာပိုင်များ တားမြစ်သည့်ကြားမှ ယူနီဆက် (UNICEFF) နှင့်ပူးပေါင်းကာ Wat Pa Pao ဘုန်းကြီးကျောင်းဝင်းအတွင်း စာသင်ကျောင်းကလေး ဖွင့်ပေးနိုင်ရန် ကြိုးစားခဲ့ခြင်း ဖြစ်ကြောင်း ဆရာမများ ထံမှ သိရသည်။ ချင်းမိုင် Migrant School တွင် နေ့လည်စာစားနေသော ကလေးများ (ဓာတ်ပုံ - ဧရာဝတီ) “သူက ကျောင်းဖွင့်ပေးချင်ပေမယ့် ကလေးတွေကို ဘယ်လိုစုရမလဲ မသိတော့ ဆရာဦးသိန်းလွင် ကျောင်းက ကလေးတွေကို ခွဲပေးထားရတာပါ” ဟု ဆရာမတဦးက ပြောသည်။ ထိုင်းပညာရေးဌာနက လိုအပ်သည်များကို ပံ့ပိုးပေးထားသော်လည်း ထိုကျောင်းမှ တာဝန်ရှိသည့် ဆရာမများမှာ ဦးသိန်းလွင်ကျောင်း၏ လခစားသူများ သာဖြစ်သည်။ ကျောင်းစဖွင့်စက အခင်းပင်မရှိသော ကျောင်းကလေးတွင် ခုတော့ ပြည့်ပြည့်စုံစုံနှင့် ဖြစ်နေပေပြီ။ “စစချင်း ကလေးတအုပ်ရယ်၊ ခုံတွေရယ်၊ ဗလာစာအုပ် ပါးပါးလေး ၁၀ အုပ်ရယ်၊ မြေဖြူခဲဘူး ၅ ဘူးရယ် ဒါပဲရှိတယ်။ ခုံပေါ်မှာ ကလေးတွေက ကြာကြာ မထိုင်နိုင်ကြဘူး။ သံမံတလင်းမှာ ကလေးတွေ ထိုင်စရာတောင် ဘာမှမရှိဘူး” ဟု ဆရာမ တဦးက ပြောပြ၏။ ယခုအခါ ထိုင်းပညာရေးဌာနက ပံ့ပိုးပေးသဖြင့် ပရိဘောဂ ပြည့်ပြည့်စုံစုံအပြင် ကလေးကစားကွင်းအတွက် ကစားစရာ လေးများပင် ရောက်နေပြီဟု ဆိုသည်။ ကလေးများအတွက် နေ့လယ်စာကိုတော့ ဆရာဦးသိန်းလွင်၏ ပင်မ ကျောင်းမှပင် ပို့ပေးသည်။ ကျောင်းခွဲက နှစ်ကျောင်းဖြစ်သည်။ ထို နှစ်ကျောင်းပေါင်းလျှင် ကလေးက ၁၀၀ ကျော်သည်။ ဆရာ၊ ဆရာမ စုစုပေါင်း ၁၁ ဦးရှိသည်။ ပင်မကျောင်းက ကလေးများအတွက် အနာဂတ်က မရေရာ။ နောက် တကျောင်းက ကလေးများ ကတော့ အချိန်တန်လျှင် ထိုင်းအစိုးရကျောင်းတွင် တက်ခွင့်ရနိုင်သည်ဟု ဆိုသည်။ “မောင်နှမအရင်းတွေရှိတယ်၊ အစ်ကိုက ဟိုဘက်ကျောင်း၊ ညီမက ဒီဘက်ကျောင်းမှာ တက်နေတယ်။ အချိန်တန်ရင် ညီမလုပ်တဲ့သူက ထိုင်းကျောင်း သွားခွင့်ရမယ်။ အစ်ကိုက လေးတန်းပြီးရင် ဘာဆက်လုပ်ရမလဲ မသိဘူး” ဟု ဆရာမ တဦးက ရှင်းပြသည်။ ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ ကျောင်းခွဲလေးမှ ကလေးများမှာ ထိုင်းကျောင်းသို့ ဆက်လက် တက်ခွင့် ရမည် ဆိုသော်လည်း သူတို့မိဘများက ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်နေသည်။ သူတို့၏ အလုပ်အကိုင်များက အတည်တကျ မရှိ။ ပြီးတော့ သူတို့တွင် မည်သည့် အာမခံချက်မှမရှိ။ ကလေးများကို ကျောင်းပို့၊ ကျောင်းကြို လုပ်ပေးဖို့၊ ဆရာများက တွေ့ချင်လျှင် သွားတွေ့ဖို့ လူတောထဲ ထွက်ပြနိုင်သည့် အနေအထားမရှိ။
ကလေးဆိုတာကတော့ အပူအပင် ကင်းမဲ့လှသည်။ ကစားစရာရှိကစား၊ စားစရာရှိ စားကြမည်သာ ဖြစ်သည်။ အပြန်လမ်းတွင်တော့ “ကျောင်းဆက်မတက်ရတော့ဘူးဆိုရင်လည်း အိမ်မှာပဲနေတော့မယ်” ဟု ပြောနေသော ငြိမ်းချမ်းလှိုင်ကလေး၏ ရိုးသားဖြူစင်သည့် မျက်နှာကလေးကို မြင်ယောင်နေမိသည်။
“ရိုဟင်ဂျာဟာ အာရကန်သား” Friday, 13 February 2009 11:48 ဧရာဝတီ မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ ရိုဟင်ဂျာများ၏ ပင်လယ်ဖြတ်၍ ဒေသတွင်း နိုင်ငံများသို့ သွားရောက် နေကြသော သတင်းများသည် ယခုနှစ်ဆန်းပိုင်း၏ ထိပ်တန်း သတင်းများ ဖြစ်သည်။ ဦးအေနာယတ်အုလ္လာ (ဓာတ်ပုံ - ဇာနည်ဝင်း/ဧရာဝတီ) ရိုဟင်ဂျာများနှင့် ပတ်သက်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံသား ရိုဟင်ဂျာများအသင်း (ထိုင်းနိုင်ငံ) မှ ပြောရေးဆိုခွင့်ရှိသူ ဦးအေနာယတ်အုလ္လာနှင့် ဧရာဝတီက တွေ့ဆုံ မေးမြန်းခဲ့သည်။ အဆိုပါအဖွဲ့သည် ရိုဟင်ဂျာများအရေး ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။
ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး မတူ ကွဲပြားသည့် အမြင်များ ပါရှိသည့် ဆက်သွယ် မေးမြန်းမှုများကို မကြာမီ ရက်ပိုင်းအတွင်း ဧရာဝတီတွင် ဖော်ပြပေးပါမည်။
မေး။ ။ မြန်မာပြည်ကရော ဘင်္ဂလားဒေ့ရှ်ကပါ ရိုဟင်ဂျာတွေဟာ သူတို့နိုင်ငံသားတွေ မဟုတ်ဘူးလို့ ပြောတယ်။ ဒီအစိုးရ ၂ ခုကို ဘာပြောချင်သလဲ။
ဖြေ။ ။ ဒီနိုင်ငံတွေက လက်မခံလည်း ပြဿနာ မဟုတ်ပါဘူး။ တကယ့် တကယ်မှာ ကျနော်တို့က မြန်မာ နိုင်ငံသားလည်း မဟုတ်ဘူး။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားလည်း မဟုတ်ဘူး။ ကျနော်တို့က အာရကန် (Arakan) သားတွေ။ အာရကန်ကင်းဒမ်း (Arakan Kingdom)ကနေ လာတာ။ ဒီနိုင်ငံ၊ ဒီတိုင်းပြည်၊ ထီးနန်းတွေ ဘယ်လို ပြောင်းလဲလာပါစေ ကျနော်တို့က အာရကန်ပြည်သားပဲ။
မေး။ ။ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့ တွေရဲ့ လက်ချက်နဲ့ ဘူးသီးတောင်၊ မောင်တော ဒေသမှာတင် ရခိုင် ဒေသခံတွေ ၂၀၀၀၀ (နှစ်သောင်း) ၀န်းကျင် အသတ်ခံရတယ်လို့ ဆိုကြတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်သလဲ။
ဖြေ။ ။ အဲဒါ ရခိုင်သမိုင်းဆရာတွေရဲ့ Racist သမုငိးဆရာတွေရဲ့ အပြော အဆိုပါ။ တကယ့်တကယ်မှာ ၁၉၄၂ ခုနှစ်မှာ အဲဒီမှာ ရိုဟင်ဂျာ တသိန်းလောက် အိုးမဲ့ အိမ်မဲ့ ဖြစ်ပြီးတော့ အသတ်ခံရတယ်၊ ကျန်တဲ့လူတွေက ဘန်ဂေါ (Bengal)ကို ပြေးသွားတယ်။ ရခိုင်တွေကို သတ်ခဲ့တာ ကျနော်တို့ တခါမှ မကြားမိခဲ့ဘူး။ Racist သမိုင်းဆရာတွေရဲ့ မဟုတ်မမှန်တဲ့ စွပ်စွဲမှုပါ။
မေး။ ။ “ရခိုင်မွတ်စလင်” “ရိုဟင်ဂျာ” ဆိုတဲ့စကားလုံးတွေကို မသုံးဘဲ နိုင်ငံသား အခွင့်အရေးကိုပဲ တောင်းသင့်တယ် ဆိုတဲ့ မှတ်ချက်ကို ဘာပြောချင်သလဲ။
ဖြေ။ ။ ကျနော်တို့ အာရကန်ပဲ သိတယ်။ ကျနော်တို့ အာရကန်ကနေ မွေးထုတ်လာတယ်။ ကျနော်တို့ အာရကန် နိုင်ငံသား။ အာရကန်နိ မွတ်စလင် (Arakanese Muslim) တွေ။ တချို့တွေက ရခိုင်မွတ်စလင် လို့ ခေါ်ချင်တဲ့သူတွေ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ လူမျိုးတွေရဲ့ နာမည်က သပ်သပ် ရှိတယ်။ ရိုဟင်ဂျာ ဆိုတဲ့ နာမည် ဟိုး အရင်ကတည်းက ရှိတယ်။
မေး။
။ ရိုဟင်ဂျာ ဆိုတာ ဘယ်နှစ်ခုနှစ်လောက်က စပေါ်လာသလဲ။
ဖြေ။ ။ ရိုဟင်ဂျာအကြောင်း အများကြီး ရှိတယ်။ ရိုဟင်ဂျာအကြောင်း ရိုဟင်ဂျာ language (ဘာသာစကား) နဲ့ မြန်မာ့အသံ အသံလွှင့်ဌာနကနေ လွှင့်ပြီးသွားပြီ။
မေး။ ။ သတင်းတွေမှာ ပါတဲ့ လှေစီးရိုဟင်ဂျာတွေက ဘယ်က လာတာလဲ၊ ဘာကြောင့် လှေစီးပြီး ထွက်လာကြတာလဲ။
ဖြေ။ ။ အဓိကကတော့ သူတို့ အာရကန်သားပဲ။ အာရကန်မှာ မနေနိုင်လို့ သူတို့ လူ့အခွင့်အရေး ချိုးဖောက်ခံရလို့ ဒီလူတွေက အဲဒီကနေ ထွက်ပြေးလာတာ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ။ အခု ထွက်လာတာက မူလနေရာက အာရကန်ပဲ။ သူတို့ ဘင်ဂါလီ အခေါ်ခံချင်လည်း မရဘူး။ တခြားနေရာ သွားပြီးတော့လည်း အခေါ်ခံချင်လို့ မရဘူး။ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ ကျနော်တို့ကလေးတွေက (ထိုင်းနိုင်ငံသား)မှတ်ပုံတင် ကိုင်ဆောင်ထားတာ ရှိတယ်၊ သို့သော် သူတို့ကို ဘယ်လို ပြောမလဲ၊ ကျနော်တို့ ရိုဟင်ဂျာပဲ ပြောမယ်။
ဒီမှာလည်း ဒုက္ခသည် အများကြီး လာကြတယ်၊ ကရင်တွေ အများကြီး လာကြတာ ရှိတယ်။ ကျနော်တို့လည်း ဘင်္ဂလားဒေ့ရှ်ကို သွားတယ်။ အဲဒီလိုပေါ့ အဆင်ပြေတဲ့ နေရာကို သွားကြတယ်။ ဘင်္ဂလားဒေ့ရှ်ကနေ ဒီကို လာတာလည်း ရှိရင် ရှိနိုင်တယ်။
မေး။ ။ လှေစီးရိုဟင်ဂျာတွေက အလုပ်လာလုပ်တဲ့လူတွေလို့ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံခေါင်းဆောင်တွေက ပြောနေကြတယ်။
ဖြေ။ ။ ကျနော့် သုံးသပ်ချက်က ဒီလူတွေက နိုင်ငံရေး၊ စီးပွားရေးဆိုတာ ရထားလမ်းလိုပဲ၊ နိုင်ငံရေးကို စီးပွားရေးက ဖယ်ပြီး သွားလို့ မရဘူး။ စီးပွားရေးသွားရင်လည်း နိုင်ငံရေးကို ဖယ်လို့ မရဘူး။ အဲဒီလို ရှိတယ်။ လူတွေ ဆင်းရဲ နွမ်းပါးကြတယ်။
ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ကျနော်တို့လူမျိုးမှ မဟုတ်ဘူး။ မြန်မာပြည်မှာ တခြားလူမျိုးတွေလည်း အဲဒီလို ခံနေရတယ်။ အခု ထိုင်းနိုင်ငံမှာ တခြား လူမျိုးတွေလည်း အများကြီး ရှိတယ်။ ရခိုင်ကနေ ရခိုင်လူမျိုးတွေ ဒီကိုလာတာ မြန်မာငွေ တသောင်း မကုန်ဘူး။ ကျနော်တို့ကတော့ လာလို့ မရလို့၊ ကျနော်တို့ ရပိုင်ခွင့်တွေ မရှိလို့၊ ခရီး သွားလာခွင့် မရှိလို့ ဘင်္ဂလားဒေ့ရှ်ကနေ (ရေလမ်းခရီးကတဆင့်) လာရတာ။
မေး။ ။ ရိုဟင်ဂျာတွေရဲ့ ရည်ရွယ်ချက်က ဘာလဲ။ နိုင်ငံသားအခွင့်အရေးရရင် ကျေနပ်မလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြည်နယ် ဆိုတာတွေ တောင်းဆိုမှာလား၊ ရိုဟင်ဂျာတွေဟာ မြန်မာပြည်ရဲ့ တိုင်းရင်းသားလူမျိုးစု တခုဖြစ်တယ် ဆိုပြီး အသိအမှတ်ပြုတာ ခံရဖို့ ကြိုးစားမှာလား။
ဖြေ။ ။ ကျနော်တို့ တိုင်းရင်းသား လူမျိုးစုတခုအနေနဲ့ ဖြစ်စေချင်တယ်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်တို့ ပြည်နယ်တို့ မတောင်းချင်ဘူး။ ကျနော်တို့ ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေကို ကျနော်တို့ ရချင်တယ်။ အခုက အခွင့်အရေး ရွေးစေ့လောက်တောင်မှ မရှိဘဲ။
မေး။
။ ဖြစ်လာမယ်လို့ မျှော်လင့်သလား။ ဘယ်အချိန်မှာ ဖြစ်လာမယ် လို့ ခန့်မှန်းသလဲ။
ဖြေ။ ။ ဖြစ်လာမယ်လို့ ထင်ပါတယ်။ ဘယ်တော့လောက် ခန့်မှန်းသလဲ ဆိုတာ မြန်မာနိုင်ငံက လွတ်လပ်ရင် ကျနော်တို့ ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေ ရသွားမှာပဲ။ လူ့အခွင့်အရေးကို လေးစား လိုက်နာတဲ့အချိန် ရောက်လာမှပေါ့။
မေး။
။ ထိုင်းမြန်မာနယ်စပ်က တခြား နိုင်ငံရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာ ရှိသလား။
ဖြေ။ ။ ကျနော်တို့ ရိုဟင်ဂျာတွေကို မြန်မာအစိုးရက လက်မခံသလို၊ ပြည်ပရောက် နိုင်ငံရေးအဖွဲ့အစည်းတွေကလည်း ကျနော်တို့ ရိုဟင်ဂျာတွေကို လက်မခံပါဘူး။ ဗမာထဲမှာ အရင်က ကျနော်တို့ တွဲဖူးတာ ရှိသေးတယ်။ ကျနော်တို့ ရိုဟင်ဂျာတွေကို တိုင်းရင်းသားလူမျိုးစုတွေ အဖြစ်နဲ့ လှုပ်ရှားတာ ရှိခဲ့တယ်။
ခပ်ညံ့ညံ့ မြန်မာဆန် ကမ္ဘာ့ဈေးကွက် အရောင်းသွက် NEJ / ၁၃ ဖေဖော်ဝါရီ ၂၀၀၉ မြန်မာ့ဆန်မှာ အရည်အသွေးညံ့သည့်တိုင် အာဖရိကမှအ၀ယ်လိုက်နေသည့်အတွက် ဇန်န၀ါရီလမှစပြီး တန်ချိန် (၄၀၀,၀၀၀) ထိ အရောင်းသွက်နေသည်ဟု အာရှဒေသတွင်းရှိ ဆန်ကြိုရောင်းကြိုဝယ်သမားများက ပြောသည်။ ဗီယက်နမ်ဆန်က တတန်ကို ကန်ဒေါ်လာ (၃၄၈) မှ (၃၅၃) ဒေါ်လာထိ ရောင်းနေချိန်တွင် ဆန်အကျိုး (၂၅) ရာနှုန်းပါသည့် မြန်မာဆန်ကို တတန် ကန်ဒေါ်လာ (၂၇၀) မှ (၂၈၀) ထိ ချရောင်းသည့်အတွက် ယခုကဲ့သို့ အရောင်းတက်လာခြင်း ဖြစ်သည်ဟုဆို၏။ ၂၀၀၈ ခုနှစ် နာဂစ်မတိုင်ခင် ဧပြီလ မြန်မာဆန်ပြည်ပရောင်းသည့် ပမာဏမှာ တန်ချိန် (၁၀၀,၀၀၀) ၀န်းကျင်ရှိသည်။
ထိုင်းဆန်ပြည်ပပို့သည့်နှုန်း လျှော့ချရန်ပြင်နေချိန်တွင် မြန်မာနှင့် အိန္ဒိယက ပြည်ပဆန်တင်ပို့မှုကို တိုးရန် လျာထားနေသည်။ အမေရိကန်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရဆိုလျှင် ၂၀၀၉ ခုနှစ် အတွက် ကမ္ဘာ့ဆန်ရောင်းဝယ်မှု ပမာဏမှာ တန်ချိန် (၂၉.၅) သန်းသာရှိသည့်အတွက် ၂၀၀၇ ခုနှစ်က မှန်းထားချက်ထက် (၈) ရာနှုန်း ကျဆင်းသွားသည်။ ဆန်ဈေးတက်လာသည့်အချက်၊ ဆန်တင်ပို့မှု ထိန်းချုပ်လာသည့်အချက်တို့ကြောင့် ၂၀၀၇ ခုနှစ်မှစပြီး ကမ္ဘာ့ဆန်ရောင်းဝယ်မှု ပမာဏ ကျဆင်းလာသည်။ ဖေဖော်ဝါရီလတွင် ထုတ်ပြန်သည့် အမေရိကန်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန အစီရင်ခံစာအရ ထိုင်းနိုင်ငံမှ ပြည်ပဆန်တင်ပို့မှုကို တန်ချိန် (၅၀၀,၀၀၀) လျှော့ချခဲ့သည်။ အဓိကအချက်မှာ ပြိုင်ဘက် ဗီယက်နမ်က ဆန်တိုးပြီး တင်ပို့လာမှာ စိုးရိမ်သည့်အတွက် ဖြစ်သည်။ အမေရိကန်ကလည်း ၂၀၀၉ ခုနှစ်အတွက် ဆန်တင်ပို့မှု (၅၀,၀၀၀) လျှော့ချသည်။ သို့သော် ထိုလျှော့ချသည့် ပမာဏမှာ မြန်မာနိုင်ငံက ဆန်တန်ချိန် (၃၀၀,၀၀၀) တိုးပြီး တန်ချိန်စုစုပေါင်း (၅၀၀,၀၀၀) ထိ တင်ပို့မည့်အ ချက်၊ အိန္ဒိယကလည်း ဆန်တိုးပြီး တင်ပို့မည့်အချက်တို့ကြောင့် ပြန်ထေမိသွားသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
မရမ်းကုန်းဓာတ်အားခွဲရုံ မီးလောင် သိန်း (၃၀၀) ဖိုးဆုံးရှုံး NEJ/ ၁၃ ဖေဖော်ဝါရီ ၂၀၀၉
ဖေဖော်ဝါရီ (၁၂) ရက် ပြည်ထောင်စုနေ့ ညနေ (၄) နာရီခွဲအချိန်ခန့်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် စိန်ပန်းမြိုင် လျှပ်စစ်ဓာတ်အားခွဲစက်ရုံ မီးလောင်ကြောင်း ရန်ကုန်မြို့ခံများ၏ ပြောပြချက်အရ သိရသည်။ မီးလောင်မှုကြောင့် ထရန်စဖော်မာတလုံး ပျက်စီးခဲ့ပြီး မြို့နယ်လျှပ်စစ်ရုံးတာဝန်ခံတဦး၏ ပြောပြချက်အရ မီးလောင်မှုကြောင့် သိန်း (၃၀၀) ဖိုး ဆုံးရှုံးသွားသည်ဟု သိရသည်။ မီးလောင်ရခြင်းအကြောင်းရင်းမှာ ထရန်စဖော်မာကိုသွားသော မြေအောက်ကြိုးရှော့ခ်ဖြစ်၍ မီးပွားများထွက်ရာကတဆင့် ထရန်စဖော်မာထဲရှိ လောင်စာဆီကို ကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း မျက်မြင်တဦးက ပြောသည်။ အငြိမ်းစားလျှပ်စစ်အင်ဂျင်နီယာတဦး၏ပြောပြချက်အရ ရန်ကုန်မြို့ရှိ လျှပ်စစ်ထရန်စဖော်မာများ အားလုံးမှာ ဟောင်းနေသည့်အတွက် အန္တရာယ်ရှိကြောင်း၊ ယခုလျှပ်စစ်ပေးဝေမှုပြုလုပ်ရာတွင်လည်း လုံလောက်သော ဓာတ်အားကို မပေးဝေနိုင်ခြင်းမှာ ယင်းသို့ ထရန်စဖော်မာများ ကာလရှည်ကြာဟောင်းနေသည့်အတွက် ဖြစ်ကြောင်း ပြောသည်။ (၁၂) ရက်နေ့က လောင်သော ထရန်စဖော်မာမှာ ကမ္ဘာအေးဗီလာနဲ့ နီးသည့်အတွက် အမြန်ပြန်လည် တပ်ဆင်ကြောင်း ရန်ကုန်မြို့ခံတဦးက ပြောသည်။ “အဲဒီကမ္ဘာအေးဗီလာထဲမှာက အိမ်တလုံးကို သိန်းပေါင်း သောင်းနဲ့ ချီတန်တယ်။ နေတဲ့သူတွေကလည်း ဗိုလ်မှူးကြီးတွေ၊ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးချုပ်တွေနေတာဗျ။ အဲဒီတော့ အမြန်လုပ်ရမှာပဲ။ ရပ်ကွက်အတွင်းမှာ ထရန်စဖော်မာ ၀ါယာကြိုးပေါက်နေတာလောက်ကျတော့ အနည်းဆုံးတပတ်ကျော်ကြာတယ်ဗျ” ဟု ရန်ကုန် သားတဦးက ပြောသည်။ အဆိုပါမီးလောင်သော ထရန်စဖော်မာမှာ တနေ့လျှင် ဗို့အား (၁) သောင်းခန့် ထုတ်ပေးနေကြောင်း သိရသည်။
မြန်မာရှေးဟောင်းပစ္စည်းတွေ ဒီလိုခိုးထုတ်ပါတယ် (သတင်းဆောင်းပါး) ရဲရင့်မြင့်မောင်/ ၁၃ ဖေဖော်ဝါရီ ၂၀၀၉
မြန်မာနိုင်ငံတွင် စစ်အစိုးရများအဆက်ဆက် စီးပွားရေးတောက်လျှောက်ကျဆင်းလာပြီး လူမူရေးဘက်မှာ လည်း အကျင့်စာရိတ္တပျက်ပြားမှုများ တိုးမြင့်လာသည့်အပြင် မြန်မာစစ်အစိုးရများကလည်း ရှေးဟောင်းပစ္စည်း ထိန်းသိမ်းရေး၊ သာသနာစောင့်ထိန်းရေးပိုင်းများတွင် လစ်ဟင်းညံ့ဖျင်းမူများ ရှိလာသည်။ နောက်ဆက်တွဲ အဖြစ် မြန်မာပြည်မှ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များနှင့် ရှေးဟောင်းပစ္စည်းများမှာ နယ်စပ်ဖြတ်ကျော်ပြီး တရားမ၀င်ခိုးထုတ်နေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သော်လည်း မြန်မာအာဏာပိုင်များအဆင့်ဆင့် ပါဝင်ပတ်သက်မူကြောင့် ယနေ့ထိတိုင် အထူးသဖြင့် ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် ပုံမှန်လုပ်ကိုင်လျက်ရှိကြသည်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်မှ ထိုင်းဘက်သို့ ရှေးဟောင်းပစ္စည်းများ တရားမ၀င်တင်သွင်းရာတွင် မြန်မာအာဏာပိုင်များနှင့် ထိုင်းအာဏာပိုင်များကိုလည်း ညှိနှိုင်းထားရကြောင်း၊ ညှိနှိုင်းမူမရှိဘဲ ခိုးသွင်းပါက ထိုင်းအကောက်ခွန်ဌာနက ပစ္စည်းများသိမ်းယူပြီး ရှေးဟောင်းပစ္စည်းများ ဟုတ်မဟုတ် စစ်ဆေးပြီးနောက် တရားဝင်လေလံတင်၍ ပြန်လည်ရောင်းချကြောင်း ရှေးဟောင်းကုန်သည်တဦးက ရှင်းပြသည်။
“မြ၀တီကတဆင့် ရှေးဟောင်းပစ္စည်းတွေကို ညဘက်လူခြေတိတ်ချိန်မှာ လှေတွေနဲ့ ထိုင်းဘက်ကို ပို့ရတယ်။ ကိုယ့်ဆီက ကိုယ်တော်တွေကို ပေးရသလို ထိုင်းဘက်က ကိုယ်တော်တွေကိုလည်း ပေးရတာပဲ။ အဲလိုမလုပ် လို့ကတော့ အချုပ်ရောက်၊ ဂတ်ရောက်၊ ထောင်ရောက်နဲ့ တော်ရုံနဲ့ နာလန်ပြန်ထူနိုင်မှာ မဟုတ်ဘူး။ ရှေးဟောင်းပစ္စည်းသယ်တဲ့ မြန်မာကုန်သည်တွေ ထိုင်းမှာ နှစ်ရှည်ထောင်ဒဏ်ကျနေတာတွေ အများကြီးရှိတယ်” ဟု ရှင်းပြသည်။
၎င်းက “အခုနောက်ပိုင်း ရှေးဟောင်းဘုရားတွေ ရှာရတာခက်သွားပြီး ဘုရားဝယ်တဲ့သူတွေလည်း ရှေးဟောင်း လူသုံးကုန်တွေဘက်ကို လမ်းကြောင်းပြောင်းပြီး အလုပ်လုပ်ကြရတယ်။ ရှေးဟောင်း တိုင်ကပ်နာရီ ဘီဒို၊ စားပွဲ၊ ကုလားထိုင်၊ တရားဟောပလ္လင်၊ တူရိယာပစ္စည်း၊ ရုပ်သေးရုပ်နတ်ရုပ်တွေ ဘက်ကို ပြောင်းလုပ်ကြတယ်။ ဒါတွေကြတော့ တနိင်ုငံလုံးမှာ လိုက၀် ယ်လို့ရတာကိုး၊ ရန်ကုန်မှာ စုထားပြီး ကားတွေနဲ့ မြ၀တီဘက်ကို သယ်ရ တယ်။ အားလုံးအေးအေးဆေးဆေးသယ်လို့ရတယ်။ ဘာပြဿနာမှ မရှိဘူး။ လမ်းခရီးမှာ ဒီလောက်များတဲ့ ဂိတ်တွေကို ဖြတ်ဖို့အတွက် ကြိုတင်ဆက်သွယ် ပေးကမ်းထားတာမရှိရင် ဘယ်လိုမှ ခရီးမပေါက်နိုင်ဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ပြည်ပသို့ လက်မှုထည်များတင်ပို့ရာတွင် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်း လိုင်စင်များ လျှောက်ထားရပြီး ရှေးဟောင်းပစ္စည်းမဟုတ်ကြောင်း ကတိခံဝန်ချက်ဖြင့် လျှောက်ထားရန်လိုသည်ဟု ပို့ကုန် လုပ်ငန်းဌာနမှ သတ်မှတ်ထားသည်။ လုပ်ငန်းရှင်များအနေဖြင့် ပြည်ပသို့ ရှေးဟောင်းနှင့် လက်မှုပစ္စည်းများ တင်ပို့ရခြင်းနှင့်ပတ်သက်၍ မြန်မာရှေးဟောင်းပစ္စည်းကုန်သည်တဦးက “ဥပဒေကတော့ အမျိုးမျိုးပြောင်းနေ တာပဲ။ အရင်ကဆိုရင် လက်မှုပစ္စည်းတင်ပို့မှုကို ရှေးဟောင်းသုတေသနဦးစီးဌာနရဲ့ ထောက်ခံချက်ယူရတယ်။ အခုမလိုတော့ဘူး။ ဒါပေမယ့် လိုင်စင်လျှောက်ရင်တော့ ရှေးဟောင်းပစ္စည်းမဟုတ်ကြောင်းကိုတော့ ၀န်ခံလက်မှတ်ရေးထိုးရတယ်။ ဒါကလည်း တကယ်အလုပ်မဖြစ်တဲ့ကိစ္စကြီးပါ။ တန်ဖိုးကြီးရှေးဟောင်းပစ္စည်းတွေဟာ သူ့နည်းသူ့ဟန်နဲ့ အောက်လမ်းကနေပဲ နယ်စပ်ကိုထွက်နေတာပါ။ တနိုင်ငံလုံးက အာဏာပိုင်တွေ ပါဝင်ပတ်သက်လို့ မြန်မာနိုင်ငံက ရှေးဟောင်းပစ္စည်းတွေအများစုဟာ ထိုင်းနိုင်ငံကတဆင့် အခြားနိုင်ငံ အတော်များများကို ရောက်သွားတာ ကုန်သလောက်ဖြစ်နေပြီ” ဟု ပြောသည်။
ယခုနှစ်ဆန်းက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်တွင် “ဗုဒ္ဓဘား” အမည်ရှိ အဆင့်မြင့် ယမကာဆိုင် ဖွင့်လှစ်ခဲ့ရာ မြန်မာလက်ရာဟုယူဆရသည့် ဗုဒ္ဓရုပ်ပွားတော်ကြီးတဆူအပါအ၀င် မြန်မာ၊ ထိုင်း ရုပ်ပွားတော်များကို ဆိုင်ခန်းအပြင်အဆင်အဖြစ် ချထားပုံကို တိုင်းမ်မဂ္ဂဇင်းတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည့်အတွက် ပြဿနာတွေ တက်ခဲ့ဖူးသည်။
မဲဆောက်၊ မြ၀တီ ချစ်ကြည်ရေးတံတား ထိုင်းဘက်ခြမ်းအောက်ရှိ မြန်မာရှေးဟောင်းပစ္စည်းအရောင်းဆိုင်တွင် တလလျှင် အနည်းဆုံးသုံးလေးကြိမ်ခန့် မြန်မာနိုင်ငံဘက်မှာ မြန်မာဘုန်းတော်ကြီးများ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်အသေးလေးများ လာရောက်ရောင်းချရာ နှစ်လက်မ၊ သုံးလက်မ ရုပ်ပွားတော်တဆူလျှင် ဘတ်ငွေ (၁,၀၀၀) မှ (၂,၀၀၀)အထိ ရရှိကြသည်။
အချို့မြန်မာဘုန်းကြီးများမှာ ဈေးမတည့်ဘူးဟုဆိုကာ ချစ်ကြည်ရေးတံတားအနီးရှိ ရှေးဟောင်းဆိုင်များသို့ တဆိုင်ဝင်တဆိုင်ထွက် လိုက်လံရောင်းချရာ ရှေးဟောင်းဆိုင်များတွင် အလုပ်လုပ်ကိုင်နေသူ မြန်မာ အလုပ်သမားများက “တကယ်မျက်နှာပူဖို့ကောင်းတယ်ဗျာ။ လူပုဂ္ဂိုလ်တွေလုပ်တာက တမျိုးပေါ့၊ အခုလို သင်္ကန်းဝတ်တဲ့ မြန်မာဘုန်းကြီးတွေ ဒီကိစ္စမျိုးမလုပ်သင့်ဘူး။ အဲ့ဒီဘုန်းကြီးတွေကို ဘာလို့ဘုရားလာ ရောင်းရတာလဲလို့ လျှောက်တော့ ကျောင်းဝေယျာဝစ္စအတွက် ကျောင်းပြင်ဖို့ ဘုရားတည်ဖို့ ဆိုပြီး အလှူလာခံ တာပါလို့ ပြောတယ်။ အင်မတန်ကို ရှက်ဖို့ကောင်းပါတယ်” ဟု ပြောသည်။
ယခင်က မဲဆောက်မြို့တွင် ရှေးဟောင်းဘုရားများ လာရောင်းသည့် မြန်မာဘုန်းတော်ကြီးများနှင့် အခကြေးငွေ ယူ၍ စိတ်ကြွဆေး ခေါ် (ယာဘ) ဆေးပြားများ အလုံးရေသိန်းနှင့်ချီ၍ သယ်ဆောင်ပေးသော မြန်မာဘုန်းကြီး များကိုလည်း မဲဆောက်အာဏာပိုင်များက ဖမ်းဆီးရမိခြင်းများ ရှိခဲ့သည်။
မြ၀တီခရိုင်၊ မြ၀တီမြို့ရှိ မိကျောင်းကုန်းဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ဦးဝိရောဇနသည် ခရိုင်သံဃာ့နာယကအတွင်းရေးမှူးနှင့် ခရိုင်သံဃာ့စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံဖြစ်သော်လည်း မြ၀တီမြို့သို့ ကြွရောက်လာသည့် သာသနာဝင်များအား ကြီးကြပ်မှု အားနည်းပေါ့လျော့နေသည့်အတွက် သံဃာ့ဝိနည်းနှင့် ကိုက်ညီမူမရှိဘဲ ဘာသာရေးကို ဗန်းပြ၍ ထိုင်းနိုင်ငံသို့ ကိုယ်ကျိုးအတွက် လာရောက်ကြ သည့်
ရဟန်းနှင့်သီလရှင်များအား သာသနာအကျိုးမျှော်ကိုး၍ ကြပ်မတ်စစ်ဆေးသင့်သည်ဟု မြ၀တီမြို့ခံတဦးက ပြောသည်။
မြ၀တီမြို့မှ ထိုင်းဘက်သို့ ရှေးဟောင်းပစ္စည်းပို့သည့် မြန်မာအလုပ်သမားခေါင်းဆောင်တဦးက “ထိုင်းသူဌေးတွေက သူတို့ကားတွေနဲ့ အရန်သင့်လာစောင့်တယ်။ ပစ္စည်းကိုတော့ ညဘက်ပဲ သယ်ရတယ်။ နှစ်ဖက် အာဏာပိုင်တွေကိုတော့ ညှိထားပြီးသားဖြစ်တယ်။ ပစ္စည်းရောက်တာနဲ့ တခါတည်းသယ်သွားတာပဲ။ တချို့ဆိုရင် ကျနော်တို့မတွေ့ဖူးတဲ့ လူနှစ်ဖက်စာလောက်ရှိတဲ့ ရှေးဟောင်းမောင်းကြီးတွေ၊ ပေစာထုပ်တွေ၊ ကြေးစည်ကြီးတွေအစုံပဲ။ အဲဒီအပေါ်မှာ ကဗ္ပည်းထိုး ထားတာ ပါဠိလိုချည်းပဲ၊ တကယ်နှမြောဖို့ကောင်းတယ်။ ဒါပေမယ့် ငါ့ဝမ်းပူဆာမနေသာ ကိန်းဆိုက်ကုန်ပြီး အခုလိုထိုင်းဘက်ကို ရှေးဟောင်းပစ္စည်းတွေပို့တာ။ အဆက်အသွယ်မရှိလို့ကတော့ ကြက်သွန်နီ၊ ကြက်သွန်ဖြူသွင်းရင်တောင် ထိုင်းကာစတန်က ဖမ်းတယ်။ ဒီလိုရှေးဟောင်းတွေ ကျတော့ ညဘက် ဘယ်သူမှစစ်တာဆေးတာ မရှိဘူး။ ဟိုဘက်ဒီဘက် မီးစိမ်းပြဖို့ပဲလို တယ်။ အခု နောက်ပိုင်း ရှေးဟောင်းဘုရားဆင်းတုတော်တွေက နည်းသွားပေမယ့် လူသုံးကုန်တွေကတော့ ဒီနေ့အထိ ထိုင်းကိုဝင်နေဆဲပဲ။ ဥပမာ- အင်္ဂလိပ်ခေတ်က ရုပ်ရှင်ရိုက်စက်တွေ၊ ရုပ်ရှင်ပြစက်တွေဆိုရင် ထိုင်းတွေက မတန်မရာဈေးပဲ ပေးတယ်။ ရှေးဟောင်းပစ္စည်းက အမှန်အကန်ဆိုပေမယ့် သူခိုးဈေးနဲ့ လာရောင်းသလိုဖြစ်တော့ အနှိမ်ခံရတာပေါ့။ ကုန်သည်တွေအပြောအရ ဆယ်ချိုးတချိုးပဲရတယ်။ ထိုင်းဘက် ရောက်တဲ့ပစ္စည်းကို ပြန်သယ်ဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူး။ အခြားရှေးဟောင်းပစ္စည်းတွေ ဖြစ်တဲ့ မှန်စီရွှေချစားပွဲ၊ ကုတင်၊ သလွန်၊ ကြေးမုံပြင်၊ မှန်တင်ခုံ တွေကအစ ရရာဈေးနဲ့ ရောင်းနေရတော့ တဖက်ဝယ်လက်က မြိုးမြိုးးမြက်မြက်ရတဲ့ သဘောမျိုးရှိတယ်” ဟု ၎င်း၏လုပ်ငန်း အတွေ့အကြုံအား ရှင်းပြသည်။
၂၀၀၉ ခုနှစ်အစမှာ မြန်မာနိုင်ငံ ရဲဌာနာချုပ်ရုံး နိုင်ငံဖြတ်ကျော်မူခင်းဌာနက ညွှန်ကြားရေးမှူးရဲမှူးကြီး စစ်အေးက အာဆီယံဒေသတွင်း ရှေးဟောင်းယဉ်ကျေးမူပစ္စည်းများကို တရားမ၀င်လွှဲပြောင်းခြင်း၊ ကူးသန်းရောင်းဝယ်ခြင်း များကိုတားဆီးရန် ဥပဒေများ ပြဋ္ဌာန်းလိုက်သည်ဟုပြောသည်။ ပြည်တွင်းတွင်လည်း ရှေးဟောင်းယဉ်ကျေးမူ ကာကွယ်ထိန်းသိမ်းမူနှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်းရန် လိုကြောင်း၊ ဆင်းရဲသည့်နိုင်ငံများမှ ရှေးကျသည့် ပစ္စည်းများကို ဈေးကောင်းရလျှင် ရောင်းချမှုများ ရှိနေသည့်အတွက် အမျိုးဂုဏ်သိက္ခာနှင့်ဆိုင်သည့်ရှေး ဟောင်းပစ္စည်းများကို ကာကွယ်ထိန်းသိမ်းရန်လိုသည်ဟု ပြည်တွင်းထုတ်ဂျာနယ်တစောင်တွင် ဖော်ပြထားသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ မဲဆောက်မြို့တွင် ကိုယ်ပိုင်ရှေးဟောင်းပစ္စည်းဆိုင် ဖွင့်ထားသည့် မြန်မာတဦးက “ဒါကတော့ လူကြားကောင်းအောင် ပြောတာပဲ။ မြန်မာပြည်က ရှေးဟောင်းပစ္စည်းတွေ ထိုင်းကိဝု င်လာတာ ကုန်သလောက်ဖြစ်သွားပြီ။ ထိုင်းကလည်း ရှေးဟောင်းဆိုရင် ကုလားလက်ဖက်ရည်ဆိုင်က ရေနွေးတည်တဲ့ ဆမားဒိုးလို ရှေးဟောင်းအိုးကအစ ၀ယ်တယ်။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်၊ မြ၀တီမှာ သိသိသာသာဖြစ် တာက ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ လူတွေက စားဝတ်နေရေး အတော့်ကိုဒုက္ခရောက်ကြတော့ အဲ့ဒီနောက်ပိုင်း ၀င်လိုက်တဲ့ ရှေးဟောင်းပစ္စည်းတွေ ဘယ်မှာဖမ်းတာ ဆီးတာရှိလို့လဲ။ ဘားအံဂိတ်၊ ကော့ကရိတ်၊ မြ၀တီဂိတ်နဲ့ ရှိသမျှဂိတ်တွေကို ငွေနဲ့သာခင်းစမ်းပါ။ သယ်ချင်ရာသယ်လို့ရတယ်။ မြန်မာရှေးဟောင်းဘုရားနဲ့ ပစ္စည်းတွေ အောက်လမ်းကနေ နိုင်ငံခြားကို ထွက်တာ မြ၀တီ၊ မဲဆောက်လမ်းဟာ အလွယ်ကူဆုံးပဲ။ ခေတ်စနစ်ကမကောင်းတော့ လူတွေငတ်ကြတယ်။ မိသားစုစားဝတ်နေရေးအတွက် ရရာ ရှိရာရောင်းပြီး ဖြေရှင်းနေရတယ်။ သူတို့ပြောတဲ့ မျိုးချစ်စိတ်တို့ အမျိုးဂုဏ်၊ ဇာတိဂုဏ်ဆိုတာတွေက ကိုယ်လည်း သူတို့လိုနေရာတွေမှာ နေရမယ်ဆိုရင် ပြောနိုင်ပါတယ်” ဟု ဆိုသည်။
မဲဆောက်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ကိုးကွယ်ရန်အတွက် စကျင်ကျောက်ဖြင့် ထုလုပ်ထားသည့် ကျောက်ဆင်းတုများကို မန္တလေးမှ ပင့်ဆောင်လာရာတွင် မြ၀တီမြို့တွင် ကြုံတွေ့ရ သည့်အခက်အခဲများနှင့် ပတ်သက်၍ “မြ၀တီအာဏာပိုင်တွေဟာ သူတို့နဲ့မညှိရင် ကျောက်ဆင်းတုရုပ်ပွားတော်တောင်မှ သယ်ခွင့်ပြု တာမဟုတ်ဘူး။ ဒါတောင်မှ ဘုန်းကြီးကျောင်းအတွက် ကိုးကွယ်ဖို့ ပင့်လာတာ။ ထိုင်းဘက်ကလည်း မညှိလို့ကတော့ ပြေးနိုင်မှလွတ်မယ့် သဘောရှိတယ်။ ဒီလိုဖြစ်ရတာကလည်း အလွဲသုံးစားလုပ်တဲ့ အချို့မြန်မာ ဘုန်းကြီးတွေကြောင့်ဖြစ်တယ်” ဟု မဲဆောက်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတကျောင်းမှ ဘုန်းတော်ကြီး တပါးက မိန့်ကြားသည်။
စစ်ကိုင်းတိုင်းမှ ပန်းပုဆရာတဦးက “ပွဲစားတွေနဲ့ပေါင်းပြီးတော့ မြန်မာပြည်အနှံ့လှည့်ပြီး ဘုရားရှာတဲ့ အလုပ်ကိုလုပ်ခဲ့တာ (၁၅) နှစ်လောက်ကြာခဲ့တယ်။ ငွေလည်း အတော့်ကိုရခဲ့ပါတယ်။ အိုးပိုင်အိမ်ပိုင်၊ ထော်လာဂျီနဲ့ ဆိုင်ကယ်နဲ့ဖြစ်ခဲ့တယ်။ ကလေးနှစ်ယောက်နဲ့ မိန်းမဟာ နေထိုင်မကောင်းဖြစ်ပြီး တယောက် ပြီးတယောက်သေဆုံးကုန်တယ်။ အရပ်ကတော့ ကျနော်တို့ကို ဘုရားစူးတယ်လို့ပြောကြတယ်။ အခု ကျနော် တယောက်တည်း မဲဆောက်မြို့ကိုလာပြီး ကိုယ်တတ်ထားတဲ့ ပန်းပုပညာလေးနဲ့ ထိုင်းရှေးဟောင်းဆိုင်မှာ ရှေးဟောင်းပစ္စည်းအကျိုးအပဲ့တွေကို ပြန်ပြင်ပြန်ဆက်ပေးတဲ့ အလုပ်လုပ်နေရတယ်။ ကျနော်ကတော့ ကိုယ်တွေ့ပဲ။ ဗုဒ္ဓဘာသာဝင်တွေအနေ့နဲ့တော့ ဒီအလုပ်ကို ရှောင်စေချင်တယ်။ ဒီငရဲက နောင်ဘ၀မဟုတ်ဘူး။ ခုဘ၀တင် ခံနေရပြီ” ဟု ခေတ်ပြိုင်သို့ပြောသည်။
ကရင်ပြည်နယ် ဘားအံမြို့နယ်မှ ရှေးဟောင်းဘုရားကုန်ကူးသူတဦးက “ရှေးဟောင်းဘုရား ဆင်းတုတော်တွေရောင်းပြီး ကိုယ့်ကိုယ်ကိုယ် ဒီတသက်မဆင်းရဲတော့ဘူးလို့ထင်ခဲ့တယ်။ တိုက်နဲ့ကား နဲ့ဖြစ်လာတယ်။ ရန်ကုန်မှာလည်း အိမ်တွေခြံတွေဝယ်ထားတဲ့ အဆင့်ထိဖြစ်လာတယ်။ ရှေးဟောင်း ဘုရားတွေကို အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ဘုရားရှာတဲ့လူတွေနဲ့ ဆက်သွယ်ထားပြီးလုပ်ခဲ့တယ်။ ဘယ်လောက်ထိ ရဖူးလဲဆိုရင် ပုဂံ၊ အင်းဝ၊ ကုန်းဘောင်ခေတ်က ဘုရားတွေအထိ ရဖူးတယ်။ အဲဒီ ဘုရားတွေဆိုရင် မြန်မာငွေ ကျပ်သိန်းထောင်ဂဏန်းအထိရဖူးတယ်။ ဒီရှေးဟောင်းဘုရားတွေကို စစ်ဆေးနိုင်ဖို့ မြန်မာနိုင်ငံရှေးဟောင်းသုတသနဦးစီးဌာနက ပညာရှင်အချို့ကိုတောင် အိပ်ထဲထည့်နိုင်ခဲ့တယ်။ သူတို့ကလည်း ဘယ်ခေတ်ကဘုရား၊ အေဒီဘယ်လောက်ကဘုရား၊ ဘယ်မှာသွန်းတဲ့ ဘုရားဆိုပြီး ခုနှစ်သက္ကရာဇ်အတိအကျပြောနိုင်တယ်။ သူတို့ကိုလည်း ပစ္စည်းစစ်ပေးတဲ့အတွက် တခေါက်ကို (၁၅) သိန်းကနေ သိန်း (၂၀) အထိပေးရတယ်။ မြန်မာပြည်မှာ ရှေးဟောင်းပစ္စည်းတွေ ကုန်တာ အစိုးရ၀န်ထမ်းတွေ ကိုယ်တိုင်ပါလို့ဖြစ်ရတာပါ။ ကျနော်ဆိုရင် အိမ်မီးလောင်တယ်၊ ဘားအံနဲ့ ရန်ကုန်ကိုပြေးဆွဲတဲ့ ကျနော့်ကားတွေ ကားမှောက်ပြီး ခရီးသည်တွေ သေလို့လျော်ရတယ်။ အမှုတွေ ဖြစ်တယ်၊ နောက်ဆုံး လျော်စရာမရှိ ပေးစရာမရှိဖြစ်ပြီး မိသားစုအားလုံး နယ်စပ်ကဒုက္ခသည်စခန်းမှာပဲ ဒုက္ခသည်အဖြစ် လာနေရတယ်။ မကောင်းမူပြုတဲ့ ဒဏ်ကြောင့်ပဲလား၊ တိုက်ဆိုင်မှုပဲလားဆိုတာ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး” ဟုပြောသည်။
ဘန်ကောက်ရောက် ကရင်ပြည်နယ်ဒုံရင်းနယ်မှ လူငယ်တဦးက “ကျနော်တို့ရွာက ရှေးဟောင်းဘုရားပျောက်သွားတာ (၅) နှစ်ကျော်ပြီ။ ကျနော်ထိုင်းကိုလာပြီး ဘန်ကောက်မှာ အလုပ်လုပ်တော့ ကျနော်တို့ရွာက ရှေးဟောင်းဘုရားဆင်းတုတော်ကို ဘန်ကောက် ဆူကွန်ဗစ်လမ်းမှာရှိတဲ့ ရှေးဟောင်းပစ္စည်း ဆိုင်ကြီးမှာ ရောင်းဖို့ပြထားတာကိုတွေ့တော့ ရွာကလူကြီးတွေကို ပြောပြခဲ့တယ်။ သူတို့လုံးဝ
စိတ်မ၀င်စားကြဘူး။ ကျနော့်အမေပြောတာကတော့ ရွာမှာ ဒီကိစ္စ ဘယ်သူမှ မပြောရဲဘူး၊ ရွာကကျောင်းထိုင် ဘုန်းကြီးနဲ့ ဥက္ကဋ္ဌပေါင်းပြီး နယ်စပ်ကို ခိုးထုတ်သွားတာဖြစ်တယ်တဲ့” ဟု ပြောသည်။
ဤကိစ္စများအတွက် မြန်မာအစိုးရအနေဖြင့် သက်ဆိုင်ရာအိမ်နီးချင်းနိုင်ငံအစိုးရများ၊ ယူနက်စကို ခေါ် ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့၊ အင်တာပို ခေါ် နိုင်ငံတကာရဲအဖွဲ့တို့နှင့် ဆက်စပ်ဆောင်ရွက်မှု မရှိသလောက်ဖြစ်နေပြီး တာဝန်ရှိလုံခြုံရေးဘက်ဆိုင်ရာတို့၏ အကျင့်ပျက် ခြစားမှုများလည်း အနှံ့အပြား ဖြစ်နေချိန်တွင် ပြည်တွင်းစီးပွားရေးနှင့် လူမှုရေးအနေအထားများလည်း တိုးတက်မှုမရှိသရွေ့ ငါ့ဝမ်းပူဆာမနေသာသဖြင့် ယခုလို သီလမစောင့် သားကောင်ချနင်းအခြေအနေမှာ ကာလရှည် တည်တံ့နေဦးမည်ဖြစ်သည်။
ရိုဟင်ဂျာများကို ပင်လယ်ထဲနှင်ထုတ်ခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ဝန်ခံ NEJ / ၁၃ ဖေဖော်ဝါရီ ၂၀၀၉ ထိုင်းအာဏာပိုင်များက ရိုဟင်ဂျာဒုက္ခသည်လှေများကို ပင်လယ်ပြင်သို့ သင်္ဘောဖြင့်ဆွဲထုတ်ခဲ့သည်မှာ မှန်ကန်ကြောင်း စီအန်အန်သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထိုင်းဝန်ကြီးချုပ်က ၀န်ခံပြောဆိုခဲ့သည်။ ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် ပင်လယ်မျော ရိုဟင်ဂျာဒုက္ခသည်လှေများကို ထိုင်းရေတပ်က ပင်လယ်ပြင်သို့ဆွဲပြီး နှင်ထုတ်ခဲ့ကြောင်း နိုင်ငံတကာစာနယ်ဇင်းများမှ စွပ်စွဲခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ် အာဘီဆစ်က ပထမဆုံးအကြိမ် ၀န်ခံပြောဆိုခဲ့ခြင်း ဖြစ်သည်။ ရိုဟင်ဂျာဒုက္ခသည်များကို ပင်လယ်ပြင်သို့နှင်ထုတ်ရေးမှာ ထိုင်းအစိုးရပေါ်လစီမဟုတ်ဟု အာဏာပိုင်များ အားလုံးက ပြောနေသော်လည်း ပင်လယ်ကြောသို့ နှင်ထုတ်ခဲ့ကြောင်း ယုံကြည်လောက်သည့် အထောက် အထားများရှိသည်ဟု အာဘီဆစ်က ပြောသည်။ မည်သူမည်ဝါ လုပ်သည်ဆိုသည့် အထောက်အထား အတိအကျသိရပါက တရားဥပဒေအရ အရေးယူမည်ဟုလည်း ပြောသည်။ ထိုင်းနိုင်ငံရောက် ရိုဟင်ဂျာမွတ်စလင် ဒုက္ခသည်များကိစ္စ မြန်မာစစ်ခေါင်းဆောင်များနှင့် ဆွေးနွေးရန်အတွက် ထိုင်းစစ်တပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အာနုပေါင် လာမည့် သတင်းပတ်အတွင်း မြန်မာနိုင်ငံသွားမည်ဖြစ်သည်။ သို့သော် ရိုဟင်ဂျာမွတ်စလင်များသည် မြန်မာတိုင်းရင်းသား (၁၀၀) ကျော်တွင် ပါဝင်ခြင်းမရှိဟု ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးက ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆွန်ခစ်တိ ဇဂ္ဂဘတ္တရ ကို ပြောခဲ့သည်။ ထို့ကြောင့် မြန်မာစစ်အစိုးရဘက်က ထိုင်းနိုင်ငံတွင် သောင်တင်နေသည့် ရိုဟင်ဂျာဒုက္ခသည်များကိစ္စ မည်သို့ ကူညီဖြေရှင်းမလဲဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိပေ။ ထိုအတောအတွင်း ရိုဟင်ဂျာဒုက္ခသည်များသည် မြန်မာနိုင်ငံသားများ မဟုတ်ကြောင်းနှင့် ရိုဟင်ဂျာဆိုသည်မှာ ဘီလူးကဲ့သို့ အရုပ်ဆိုးသူများဖြစ်ကြောင်း ဟောင်ကောင် မြန်မာသံရုံး ကောင်စစ်ဝန်ချုပ် ဦးရဲမြင့်အောင်က ဟောင်ကောင်ရှိ နိုင်ငံခြားသံအမတ်ကြီးများနှင့် သတင်းစာများထံ ပေးပို့သည့်စာတွင် ဖော်ပြခဲ့သည်။ မြန်မာစစ်အစိုးရက ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသား တရာကျော်တွင် ပါဝင်သူများမဟုတ်ဟု ပြောသော်လည်း ၀န်ကြီးချုပ် ဦးနုအစိုးရ၀န်ကြီးအဖွဲ့တွင် ရိုဟင်ဂျာကို ၀န်ကြီးခန့်ခဲ့ဖူးသည်။ ဦးနုအစိုးရအဖွဲ့တွင် နိုင်ငံရေးအတွင်းဝန်ရာထူးထမ်းဆောင်ခဲ့သူ ချမ်းသာသော Sultan Mahmood ဆိုသည့် ရိုဟင်ဂျာသည် နောက်ပိုင်း ကျန်းမာရေးဝန်ကြီးဖြစ်လာသည်။ အောက်ဖော်ပြပါ ရိုဟင်ဂျာမွတ်စလင်များသည် ဦးနုအစိုးရလက်ထက်တွင် လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည်။ ၁။ Abdul Bashar
၂။ Zohora Begum ၃။ Abul Khair ၄။ Abdus Sobhan ၅။ Abdul Bashar ၆။ Rashid Ahmed ၇။ Nasiruddin (ဦးဖိုးခိုင်) ရိုဟင်ဂျာများကို ဒုက္ခသည်အဖြစ် လက်ခံရန် ထိုင်းနိုင်ငံကို ဖိအားပေးမှုများရှိနေသော်လည်း ထိုင်းနိုင်ငံက ရိုဟင်ဂျာကို ပြဿနာဖြစ်အောင် လုပ်သည့်နိုင်ငံမဟုတ်သည့်အတွက် တာဝန်မယူနိုင်ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။
မြန်မာဒုက္ခသည်များ ထိုင်းနယ်စပ်မှာ ရောင်းစားခံရ ဝီရ / ၁၃ ဖေဖော်ဝါရီ ၂၀၀၉ မလေးရှား-ထိုင်းနယ်စပ်သို့ ပြန်လည်ပို့ဆောင်ခံရသော မြန်မာအလုပ်သမားများကို မလေးရှားလူဝင်မှု ကြီးကြပ်ရေးမှ ဝန်ထမ်းများက လူကုန်ကူးပွဲစားများနှင့် နယ်စပ်ရှိ လူမိုက်ဂိုဏ်းများလက်ထံ တဆင့်ခံ ရောင်းစားနေကြပြီး လူပွဲစားများကလည်း အမျိုးမျိုးခြိမ်းခြောက်ကာ ပိုက်ဆံမပေးနိုင်သူများကို ပြန်လည်ရောင်း စားနေကြကြောင်း ယင်းနယ်စပ်မှ လာသောသတင်းအရ သိရသည်။ လူကုန်ကူးသူပွဲစား အများစုမှာ မြန်မာလူမျိုးများ ဖြစ်ကြပြီး ထိုဒေသ၌ ကျက်စားနေသော ထိုင်း၊ မလေးရှား လူမျိုး လူမိုက်ဂိုဏ်းများကို မိုက်ကြေးခွဲကာ ယင်းနယ်စပ်သို့ ပြန်လည်ပို့ဆောင်ခံရသူများထံမှ နည်းလမ်း အမျိုးမျိုးသုံးကာ ငွေညှစ်နေကြကြောင်း ထိုလူမိုက်ဂိုဏ်းလက်ထဲတွင် ရက်နှစ်ဆယ်ကျော် အနှိပ်စက်ခံရပြီး ပြန်လည်လွတ်မြောက်လာသူ အသက် (၂၀) အရွယ် အမည်မဖော်လိုသူ မွန်အလုပ်သမားတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။ ၎င်းက “ကျနော့်ကို လာကြိုတော့ မြန်မာနိုင်ငံသားအချင်းချင်းတွေပဲ ဆိုတော့ ပျော်နေသေးတယ်။ နောက်ရက်တွေကျတော့ မလေးရှားမှာ ညီအစ်ကိုဆွေမျိုးတွေ ရှိလားလို့ ကျနော်ကို မေးတယ်။ ရှိတယ်လို့ ပြောလိုက်တော့ ဖုန်းဆက်ခိုင်းတယ်။ ကျနော့်ကို လာရွေးဖို့လေ။ ဒါပေမယ့် သူတို့တောင်းသလောက် မပေးနိုင်လို့ ကျနော့်ကို လူမိုက်တွေလက်ထဲ အပ်လိုက်တယ်။ ပထမတုန်းက သူတို့တောင်းတာ မလေးရှားငွေ (၄,၅၀၀) တောင်မှ ဆိုတော့ ဘယ်ပေးနိုင်မလဲ။ အဲဒါနဲ့ ရက် (၂၀) ကျော်ကျော် တိုက်ပိတ်ခံထားရတယ်” ဟု ပြောကြားသည်။ နောက်ပိုင်းတွင် မလေးရှားငွေ ရင်းဂစ် (၃,၂၀၀) ဖြင့် ထိုင်း-မြန်မာနယ်စပ်တနေရာသို့ ပို့ဆောင်ခဲ့ကြောင်း၊ လူမိုက်လက်ထဲတွင် သူနှင့်အတူ တိုက်ပိတ်ခံထားရသူ အယောက် (၂၀) ကျော် ရှိကြောင်းနှင့် ဆွေမျိုးမိဘများ ဆီသို့ အဆက်အသွယ်မရသေးသူများထဲတွင် မြန်မာအမျိုးသမီး (၅) ယောက်ကိုလည်း တွေ့ခဲ့ကြောင်း ဆက်လက်ပြောကြားသည်။ မလေးရှား အာဏာပိုင်များက အဖမ်းဆီးခံရသော ဒုက္ခသည် မြန်မာအလုပ်သမားများအား လူမိုက်ဂိုဏ်း လက်တွင်းသို့ အပ်နှံနေခြင်းနှင့် ပတ်သက်၍ မလေးရှားနိုင်ငံ လူမှောင်ခိုကူးမှုဆိုင်ရာ အသိပညာပေးနေ သည့်အဖွဲ့ Aegile Fernandez, co-ordinator of Anti-Trafficking in Persons in Tenaganita Sdn Bhd မှ အီဂျလ် ဖာနန်ဒတ်ဇ်က “လူမိုက်ပွဲစားတွေက ဒုက္ခသည်တွေကို (၂,၅၀၀) ကနေ (၃,၀၀၀) ရင်းဂစ်အကြား တောင်းမယ်။
ပေးနိုင်ရင် ဆွေမျိုးတွေဆီကို ဖုန်းဆက်ခွင့် တခါနှစ်ခါလောက် ပေးတယ်။ အဲဒီအထဲက ပိုက်ဆံ မပေးနိုင်တဲ့သူတွေကတော့ ပျောက်သွားနိုင်တယ်” ဖြစ်ကြောင်း “ဒုက္ခသည်များ ရောင်းရန်ရှိသည်” ဟု NTV 7 တွင် ပြသခဲ့ချိန်က ပြောကြားခဲ့ကြောင်း The Star Online သတင်းစာတွင် ဖော်ပြထားသည်။ သို့သော် မလေးရှား ပြည်ထဲရေးဝန်ကြီးက ယင်းလူကုန်ကူးမှုဖြစ်ရပ်များတွင် အာဏာပိုင်များ မပါဝင်ကြောင်း ငြင်းဆိုခဲ့သည်။ တရားမဝင် မြန်မာအလုပ်သမားများကို လမ်းမတွင် ဖမ်းဆီးခံရလျှင် ထောင် (၂) လ၊ နေအိမ်တွင် ဖမ်းဆီးရမိ လျှင် ထောင် (၃) လ နှင့် ကြိမ်ဒဏ် တချက် ချမှတ်ပြီး မလေးရှား ထိုင်းနယ်စပ်သို့ ပို့ဆောင်နေကြောင်း ယင်းနယ်စပ်ဖြစ်သော ဟတ်ယိုင်ခရိုင် သာဒေါင်ဒေသတွင် အလုပ်လုပ်ကိုင်နေသူ ဦးထွန်းဝင်းက ပြောကြားသည်။ စစ်အစိုးရ၏ ထုတ်ပြန်ချက်အရ ပြည်ပနိုင်ငံများတွင် တရားမဝင် မြန်မာအလုပ်သမား နှစ်သန်းကျော် ရောက်ရှိ နေကြောင်းနှင့် တရားဝင် စေလွှတ်ခဲ့သည့် အလုပ်သမားအရေအတွက်မှာ (၅) သောင်းခန့် ရှိကြောင်း သိရ သည်။ အန်ဂျီအိုအဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမား (၂) သိန်းခန့် ရှိသည်။
ဦးတင်ဦး၏ နေအိမ်အကျယ်ချုပ် သက်တမ်းတိုး မဇ္ဈိမသတင်းဌာန သောကြာနေ့၊ ဖေဖေါ်ဝါရီလ 13 2009 19:19 - မြန်မာစံတော်ချိန် နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာစစ်အစိုးရက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး၏ နေအိမ် အကျယ်ချုပ် သက်တမ်းကို တိုးမြှင့်လိုက်ပြန်ကြောင်း သတင်းရပ်ကွက်များ အပြောအရ သိရသည်။ မကြာမီအသက် ၈၂ နှစ် ပြည့်မှာဖြစ်သော စစ်မှုထမ်းဟောင်းကြီး ဦးတင်ဦးကို နေအိမ်အကျယ်ချုပ်ချထားသည်မှာ ငါးနှစ်ပြည့်မြောက်သည့် သောကြာနေ့တွင် သက်တမ်း တိုးလိုက်ခြင်းဖြစ်သည်ဟု သတင်းရပ်ကွက်က ပြောသည်။ သက်တမ်းတနှစ် တိုးမြှင့်လိုက်ခြင်း ဖြစ်သည်ဟု သတင်းရပ်ကွက်များက ပြောသော်လည်း စစ်အစိုးရက ထုတ်ပြန်ခြင်း မရှိသေးသည့်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ကျန်ခေါင်းဆောင်များပင် အတည်ပြုရန် ခက်ခဲနေသည်။ "အကျယ်ချုပ်သက်တမ်းတိုးလိုက်တာကို အသေအချာမပြောနိုင်သေးပေမယ့် ဒီနေ့မှာ သူရဲ့ အကျယ်ချုပ်သက်တမ်းက ငါးနှစ်ပြည်တယ်ဆိုတော့ အစိုးရက သက်တမ်းတိုးတာဖြစ်နိုင်ပါတယ်" ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကပြောသည်။ ရန်ကုန်အခြေစိုက် မဇ္ဈိမသတင်းထောက်တဦးကလည်း အငြိမ်းစား ဗိုလ်ချုပ်ကြီးဦးတင်ဦး၏ နေအိမ်အကျယ်ချုပ် သက်တမ်း တိုးမြှင့်သည်ဟု ကြားသိရသော်လည်း ပြည်ထဲရေး ၀န်ကြီးဌာနဘက်မှ အတည်ပြုချက် မရနိုင်သေးဘဲ ရှိသည်ဟုဆိုသည်။ ဦးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၂၀၀၃ ခုနှစ် မေလအတွင်းက မြန်မာပြည်အထက်ပိုင်း ဒီပဲယင်းဒေသတွင် နိုင်ငံရေး စည်းရုံးရေးခရီး လှည့်လည်စဉ် စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသော လူဆိုး၊ လူမိုက်များက အကြမ်းဖက် တိုက်ခိုက်ခံရပြီး အဖမ်းခံခဲ့ရသည်။ သူ့ကို ဗွေဆော်ဦးတွင် စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်တွင် ချုပ်နှောင်ထားပြီးနောက် ၂၀၀၄ ခုနှစ်တွင် ရန်ကုန်နေအိမ်သို့ ခေါ်ဆောင်ပြီး အိမ်ချုပ်ချထားခြင်း ဖြစ်သည်။ အဖွဲ့ချုပ်အဆိုအရ လက်ရှိဥပဒေတွင် နေအိမ်အကျယ်ချုပ် သက်တမ်းသည် ဆက်တိုက် ငါးနှစ်ပြည့်ပြီးလျှင် ဆက်လက် တိုးမြှင့်၍ မရဟု ဆိုသည်။
တရုတ်များ မိုင်ဂျာယန်ကို စွန့်ခွာ ဆော်လမွန် သောကြာနေ့၊ ဖေဖေါ်ဝါရီလ 13 2009 14:10 - မြန်မာစံတော်ချိန် နယူးဒေလီ (မဇ္ဈိမ)။ ။ တရုတ်-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းရှိ မိုင်ဂျာယန်မြို့လေးသို့ တရုတ်နိုင်ငံက ပေးဝေနေသည့် လျှပ်စစ်မီးနှင့် တယ်လီဖုန်းလိုင်းများကို ဖြတ်တောက်လိုကသ် ဖြင့် တရုတ်စီးပွားရေးသမားများ ထောင်နှင့်ချီ၍ မြို့ကို စွန့်ခွာကာ တရုတ်ပြည်မကြီးဘက်သို့ ယခုရက်ပိုင်းအတွင်း ထွက်ခွာသွားကြသည်။ ယခုလဆန်းပိုင်းမှစတင်၍ လျှပ်စစ်မီးနှင့် တယ်လီဖုန်းလိုင်းများ ဖြတ်တောက်ပြီးနောက်ပိုင်း တရုတ်လူမျိုး စီးပွားရေးသမား ထောင်ပေါင်းများစွာသည် မြို့ကို စွန့်ခွာကာ တရုတ်ပြည် ဒေသအနှံ့သို့ ထွက်ခွာသွားကြောင်း ဒေသတွင်း သတင်းရပ်ကွက်များက ပြောဆိုကြခြင်းဖြစ်သည်။ တရုတ်-မြန်မာနယ်စပ်အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးမြမောင်က "အနည်းဆုံးတရုတ်လူမျိုး ၇ဝဝဝ လောက် ဖေဖော်ဝါရီလ ၅ ရက်နေ့ကတည်းက မြို့ကနေထွက်ပြီး တရုတ်ပြည်မကြီးထဲ ပြန်ဝင်သွားကြပြီ" ဟု ပြောသည်။ လျှပ်စစ်နှင့် တယ်လီဖုန်းလိုင်း ဖြတ်တောက်ခံရမှုကြောင့် လုပ်ငန်းငယ်လေးများမှာ အခက်အခဲတွေ့ကြရာ အထူးသဖြင့် ကာစီနိုလောင်းကစားဝိုင်းများမှာ အထိခိုက်ဆုံးဖြစ်ကြောင်းနှင့် ကာစီနိုများ ပိတ်လိုက်ရသဖြင့် မြို့၏ စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေကြောင်း သူက ဆက်ပြောသည်။ "လျှပ်စစ်လည်းမရ၊ ဖုန်းလည်းပြတ်တော့ ကာစီနိုတွေက ဆက်မလုပ်နိုင်တော့ဘူး။ တခြားစီးပွားရေး လုပ်ငန်းတွေလည်း ဒီလိုပဲ။ ဆက်မလည်ပတ်နိုင်တော့ဘူး။ ဒါကြောင့် ဒီကနေ ထွက်သွားကြတာ" ဟု ဦးမြမောင်က သူ့ထင်မြင်ချက်ကို ပြောသည်။ မိုင်ဂျာယန်မြို့သည် တိုင်းရင်းသား ကချင်သူပုန်အဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်ဟု နယ်စပ်သတင်းရပ်ကွက်များက ပြောသည်။ သို့သော် မြန်မာစစ်အစိုးရနှင့် အပစ်ရပ် KIO သည် ကာစီနို အပါအဝင် စီးပွားရေးလုပ်ငန်း အားလုံးကို တရုတ်စီးပွားရေးသမားများနှင့် ကန်ထရိုက်စာချုပ်များ ချုပ်ဆိုကာ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးထားသည်။ KIO သည် တရုတ်စီးပွားရေးသမားများကို မိုင်ဂျာယန်တွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့် ပေးထားသည့်အတွက် ၎င်းတို့ထံမှ အနည်းဆုံး တနှစ်လျှင် တရုတ်ယွမ်ငွေ ၆ သန်းအထိ ရရှိသည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။ ၁၉၉ဝ စုနှစ်များက လူဦးရေ ၁ဝဝဝ ခန့်သာရှိသော မိုင်ဂျာယန်ရွာကလေးမှာ KIO ထိန်းချုပ်ထားသည့်နေရာတွင် တည်ရှိပြီး၊ ဝေးလံခေါင်းပါးကာ ခေတ်နောက်ကျသော ဒေသတခုသာ ဖြစ်ခဲ့သည်။ သို့သော် ၁၉၉၄ ခုနှစ်၌ KIO က စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲပြီးနောက်၊ ဤရွာသိမ်ရွာငယ်လေးသည် ကာစီနိုဝိုင်းများ၊ အခြားစီးပွားရေးလုပ်ငန်းများနှင့် ပြည့်နှက်နေသည့် စီးပွားရေးဗဟိုအချက်အချာဒေသ ဖြစ်လာသည်။ "မိုင်ဂျာယန်မှာ ကာစီနိုလောင်းကစားဝိုင်းတွေက လွန်ခဲ့တဲ့ ၆ နှစ်၊ ၇ နှစ်လောက်ကတည်းက စခဲ့တာ" ဟု ဦးမြမောင်က ပြောသည်။ တရုတ်အာဏာပိုင်များက လျှပ်စစ်မီးနှင့် တယ်လီဖုန်းလိုင်းများ မည်သို့သောကြောင့် ဖြတ်ပစ်လိုက်သည် ဆိုသည်ကို ရှင်းလင်းစွာ မသိရသေးပါ။ ဦးမြမောင်က တရုတ်လူငယ်များကို ပြန်ပေးဆွဲကာ ကချင်ပြည်နယ်အတွင်းသို့ ခေါ်ဆောင်သွားသည်ဟူသော သတင်းများကြောင့် ဖြစ်နိုင်ကြောင်း ဆိုသည်။
တရုတ်လူငယ်အချို့ ပြန်ပေးဆွဲခံရကာ မြန်မာနိုင်ငံအတွင်း ခေါ်ဆောင်သွားကာ ပြန်ပေးငွေ တောင်းခံခဲ့သည်ဟု တရုတ်သတင်းစာများတွင် အစောပိုင်းက ရေးသားဖော်ပြခဲ့သည်။ သို့သော် ဤသတင်းနှင့်ပတ်သက်၍ သီးခြားလွတ်လပ်သည့် အတည်ပြုချက် မရရှိသေးပါ။
မြန်မာ့ကြော်ငြာလုပ်ငန်း ထိုးကျသွား ဖနိဒါ သောကြာနေ့၊ ဖေဖေါ်ဝါရီလ 13 2009 19:06 - မြန်မာစံတော်ချိန် ချင်းမိုင်(မဇ္ဈိမ)။ ။ ကမ္ဘာ့စီးပွာရေး အကျပ်အတည်းကြောင့် မြန်မာနိုင်ငံရှိ ကြော်ငြာလုပ်ငန်းများမှာ အနည်းဆုံး ၂၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ဟု ကုမ္ပဏီများ၏ အပြောအရ သိရသည်။ "အရင်လိုတော့ မကောင်းတော့ဘူး။ ဒီစီးပွားရေး ကျပ်တည်းတဲ့ နောက်ပိုင်းပေါ့။ ၁၀၀ မှာ ၂၅ လောက် ကျသွားတယ်" ဟု 21 Advertising ကုမ္ပဏီမှ ညွှန်ကြားရေးမှူး ဦးအောင်မြတ်က မဇ္ဈိမကို ပြောသည်။ လက်ရှိတွင် တေးစီးရီးနှင့် ဖက်ရှင်၊ အထည်လုပ်ငန်း စသည့် ကုမ္ပဏီများသာ လာရောက် အလုပ်အပ်ကြောင်းနှင့် ကြော်ငြာတခုအတွက် အနည်းဆုံး တလသက်တမ်းဆိုလျှင် ကျပ် ၄ သိန်း၊ ၆ လ ကြော်ငြာမည်ဆိုပါက သိန်း ၂၀ နှင့် တနှစ်ဆိုလျှင် သိန်း ၃ဝ ဈေးနှုန်း ရှိကြောင်း သူက ဆက်ပြောသည်။ IMAGE media ကြော်ငြာကုမ္ပဏီမှ အရောင်းမန်နေဂျာတဦးကလည်း သူတို့၏ ကြော်ငြာလုပ်ငန်းမှာ သုံးပုံတပံခု န့်ပင် ကျဆင်းသွားသည်ဟု ဆိုသည်။ "ကြော်ငြာလုပ်ငန်းက သုံးပုံတပုံလောက်တော့ ထိခိုက်သွားတယ်။ လူတွေက ကြော်ငြာအားကောင်းမှ သူတို့ပစ္စည်းတွေ ရောင်းဝယ်မှု ပိုရလာမှာဆိုတော့လေ။ စစပိုင်းကတော့ နည်းနည်းလုပ်ဖြစ်ကြတယ်။ အရင်တုန်းကဆို ကုမ္ပဏီတွေ ၂ဝ ကျော်တယ်။ အမတို့မှာက စက် ၂ လုံးရှိတော့ လုံးဝ မနားရဘူး။ အခုတော့ တလမှာ ၁ဝ ခုလောက်ပဲ လာအပ်တယ်'' ဟု သူက ပြောသည်။ ကုမ္ပဏီလုပ်ငန်းရှင်အချို့မှာ ကြော်ငြာပင် မလုပ်နိုင်တော့သည့် ကုမ္ပဏီများတောင် ရှိနေသည်ဟု IMAGE media အရောင်းဝန်ထမ်းတဦးက ဆိုသည်။ "တချို့ဆို ကြော်ငြာမလုပ်နိုင်တဲ့ ကုမ္ပဏီတောင် ရှိသေးတယ်။ ကျမသိတာ ဘောပင် nine ကုမ္ပဏီတောင် မကြော်ငြာတော့ဘူး" ဟု သူက ပြောသည်။ အဓိကအားဖြင့် Billboard ၊ Vinyl စသည့် ကြော်ငြာ အမြင့် ၁၆ ပေမှ ပေ ၂ဝ နှင့် အလျား ၁၈ ပေမှ ပေ ၄ဝ အရွယ်အစားရှိ လမ်းဘေး ကြော်ငြာဆိုင်းဘုတ် လုပ်နေသည့် ထွန်းတောက် ကုမ္ပဏီလည်း ၂၀ ရာခိုင်နှုန်းခန့် ထိခိုက်သွားသည်။ ကုမ္ပဏီ မန်နေဂျာတဦးက "ကျမတို့ ကုမ္ပဏီမှာက ၂ဝ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်။ ခါတိုင်းဆို သူတို့ အလုပ်လာအပ်တဲ့ လူတွေက သိန်း ၁၀၀ လောက် ကုန်ကျတယ်။ အခုဆိုရင် ၃ဝ လောက်ပဲ ကုန်ကျနိုင်တာတွေ ရှိတာပေါ့နော်" ဟု ပြောသည်။ လမ်းဘေးကြော်ငြာ ဆိုင်းဘုတ်လုပ်ငန်းအတွက် အခက်အခဲမှာ ကြော်ငြာစာသားအတွက် မြို့တော်စည်ပင်သာယာ၏ ခွင့်ပြုချက်ကို အနည်းဆုံး ၃ လခန့် စောင့်ဆိုင်းရခြင်းလည်း ပါဝင်သည်။ ရန်ကုန်မြို့နေ စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ)က တော့ ဖြေလျော့မှုများ လုပ်ပြီး စီးပွားရေးဦးမော့စေရန် လုပ်သင့်သည်ဟု ပြောသည်။
"လုပ်သင့်တာကတော့ ကိုယ့်စီးပွားရေး အရှိန်တက်လာဖို့ အစိုးရက ဖြေလျှော့ပေးတာမျိုး ရှိရမယ်။ ကိုယ့်အတိုင်းအတာနဲ့ကိုယ် လုပ်တတ်ရမယ်ပေါ့။ နောက်တခုကတော့ သူတို့ ထုတ်မပြောပေမယ့် သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ပြင်ဆင်နေတာ၊ ဥပမာ ပို့ကုန်ပါမစ်တွေ မြန်မြန်ရအောင် လုပ်ပေးတာတွေပေါ့။ ဟု သူက ပြောသည်။ မြန်မာငွေဈေး မြင့်တက် သန်းထိုက်ဦး သောကြာနေ့၊ ဖေဖေါ်ဝါရီလ 13 2009 19:02 - မြန်မာစံတော်ချိန် ချင်းမိုင် (မဇ္ဈိမ) ။ ။ အိမ်နီးချင်းနိုင်ငံများ၏ ငွေကြေးနှင့် လဲလှယ်ရာတွင် မြန်မာငွေဈေး မြင့်တက်လာနေဆဲဖြစ်သည်။ ပြီးခဲ့သည့်လ နောက်ဆုံးအပတ်တွင် မြန်မာကျပ်ငွေ တသိန်းသည် ထိုင်း ဘတ် ၃၂၀၀ ပေါက်ဈေးရှိရာမှ၊ ယခုအခါ ဘတ် ၃၅၀၀ အထိ ဖြစ်လာသည်။ "တရုတ်နှစ်သစ်ကူး မတိုင်ခင် ၂၄ ရက်နေ့လောက်က အဲဒီကနေပြီးတော့ ၃၂၅၀ (ဘတ်) ကနေ မကျတဲ့အပြင် အခု ၃၅၀၀ ဖြစ်နေပြီ။ တရုတ် နှစ်သစ်ကူး မတိုင်ခင်ကတည်းက ထင်တာကတော့ တရုတ်နှစ်ကူးပြီးရင် ပြန်ကျမလားပေါ့။ စောင့်နေတာ၊ မကျဘူး" ဟု ထိုင်းနိုင်ငံမှ ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူ မြန်မာတဦးက မဇ္ဈိမကို ပြောသည်။ သူက ဆက်ပြီး ''ကုန်သည်တွေက ပိုက်ဆံမရှိဘူး။ ပိုက်ဆံမရှိတော့ သူတို့ ပိုက်ဆံကို သူတို့ ထိန်းတာလေ။ ရှင်းရှင်းပြောရရင်တော့ အဲဒါကြောင့် မြန်မာငွေဈေး တက်သွားတာ ဖြစ်မယ်'' ဟု ထင်ကြေးပေးသည်။ အလားတူ အိန္ဒိယ-မြန်မာနယ်စပ်တွင်လည်း နှစ်နိုင်ငံငွေလဲနှုန်းတွင် အိန္ဒိယရူပီးမှာ တရက်ထက်တရက် ကျလာသဖြင့် ကုန်သည်များအနေဖြင့် အရောင်းအ၀ယ် သိပ်မဖြစ်ကြောင်း အမည်မဖော်လိုသူ ကုန်သည်တဦးက ယခုလို ပြောသည်။ "ငွေဈေးတွေက ထိုးကျနေတယ်။ ဒီနေ့ ပေါက်ဈေးက အိန္ဒိယ ၁၀၀ ကို မြန်မာကျပ် ၂၀၉၀ ပဲ ရှိတယ်။ အရင်တပတ်က ၂၁၅၀ ပေါက်တယ်။ တနေ့ထက်တနေ့ (အိန္ဒိယ) ငွေဈေးတွေ ကျလာတယ်။ အရောင်းအ၀ယ်ကတော့ ပုံမှန်အခြေအနေလို့ ပြောလို့ရတယ်။ ငွေလဲနှုန်းနဲ့ကျတော့ အရောင်းအ၀ယ်က သိပ်မဖြစ်တော့ဘူးပေါ့" ဟု သူက ပြောသည်။ ထို့အပြင် တရုတ် ယွမ်ငွေသည်လည်း ပြီးခဲ့သည့်လ ဒုတိယပတ်အတွင်းက ငွေလဲနှုန်းမှာ ကျပ် တထောင်လျှင် ၅ ဒဿမ ၃ ယွမ် ပေါက်ဈေး ရှိခဲ့ရာမှ၊ ယခုအခါ ၆ ဒဿမ ၃၆ ယွမ် ရှိနေသည်။
ပြည်ထောင်စုနေ့ ညစာစားပွဲ တိုင်းရင်းသားများ လက်ဆုံစား မဇ္ဈိမသတင်းဌာန သောကြာနေ့၊ ဖေဖေါ်ဝါရီလ 13 2009 18:59 - မြန်မာစံတော်ချိန်
ရန်ကုန် (မဇ္ဈိမ)။ ။ တိုင်းရင်းသားလူမျိုးများ ကြီးမှူး ကျင်းပသည့် ၆၂ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ညစာစားပွဲတရပ်ကို ယမန်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။
ကြည့်မြင်တိုင်မြို့နယ် စလင်းကွင်းတိုက်တန်းရှိ Top One တော့ဝမ်း စားသောက်ဆိုင်တွင် ပြုလုပ်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီဝင်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - (အန်အယ်ဒီ) ဗဟိုအလုပ်အမှုဆောင်ဝင်များ ပါဝင်တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် မွန်ခေါင်းဆောင်များဖြစ်သော နိုင်ထွန်းသိန်း၊ နိုင်ငွေသိန်းတို့က အဖွင့်အမှာစကား ပြောကြားပြီး၊ ၀ါရင့်အဖွဲ့မှ ဗိုလ်မင်းလွင်၊ အန်အယ်ဒီမှ ဦးဝင်းတင်နှင့် ဦးသုဝေတို့လည်း ပြောကြားခဲ့သည်။
စားသောက်ဆိုင် အောက်ထပ်တွင် သတင်းရဲတပ်ဖွဲ့မှ အင်အား ၂၀ ခန့် စောင့်ကြပ်ကြည့်ရှုနေခဲ့ပြီး၊ အခမ်းအနား ပြီးဆုံးသောအခါ လူကြီးပိုင်းများကို အိမ်တိုင်ယာရောက် လိုက်လံ
ပို့ဆောင်ပေးခဲ့သည်။
၀၁၀ခုေ႟ြးကောက်ပြဲ ကဵင်းပရေး ဂမ်ဘာရီိံငြ့် ဂဵပန်အစိုးရ အားပေး 2009-02-13ိုံင်ငံတကာက လက်ခံ ခဵီးကဵြိးိုံင်လောက်တဲ့ ပုံစံမဵြိုးဖစ်အောင် ၂၀၁၀ခုေ႟ြးကောက်ပြဲ ကို ကဵင်းပဖိုႛူမန်မာစစ်အစိုးရကို အားပေးတဲ့အေုကာင်း နဲႛူမန်မိာိုံင်ငံဒီမိုကရေစီရေး အတကြ် သက်ဆိုင်ရာ ပၝတီအားလံုး ပၝဝင္ဖိုႛလိုတယ္ဆိုတာကို သဘောတူညီုကေုကာင်း ကုလသမဂ္ဂ အတငြ်းရေးမြးခဵပြ် ဘန်ကီမနြ်းရဲ့ အထူးကိုယ်စားလယြ် မင်္စတာ ဂမ္ဘာရီနဲႛ ဂဵပန္ႎိုင္ငံတိုႛက ပူးတြဲတိုက်တနြ်းလိုက်ပၝတယ်။
ကုလသမဂ္ဂ အတငြ်းရေးမြးခဵပ်ြကူမန်မာိုံ့င်ငံရေူးင်္ပံနာေူဖရငြ်းရေးအတကြ် အထူးကိုယ်စားလယ်ြအူဖစ် ခန်ႛအပ်ထားသော မင်္စတာ အီဘရာဟင် ဂမ်ဘာရီ (ယာ)ိံငြ့် ဂဵပနိုံင်ငူံခားရေးဝန်ဋ္ဌကီး ဟီ႟ိုဖုမိ နာကာဆိုနေ (ဝဲ) တိုႛကို တိုကဵိႂ႓မိႂႚိုံင်ငူံခားရေးဝန်ဋ္ဌကီးဌာနတငြ် ဖေဖော်ဝၝရီ ၂ရက်နေႚက တြေႚရပုံဖစ်ပၝသည်။ (Photo: AFP)ူမန်မာစစ်အစိုးရအနေနဲႛ ၂၀၁၀ခုမြာ ကဵင်းပမဲ့ေ႟ြးကောက်ပြဲကို ရြေႚဆက် ဆောင်႟က်ြသြားရင် ကမႝာ့ကဵနိုံင်ငံတေကြလည်း အူပသြဘော တုံႛူပန်ုကဖယြ် ရြိတယ်လိုႛလည်းေူပာုကာုးကပၝတယ်။ မင်္စတာ ဂမ်ဘာရီဟာ ဒီမိုကရေစီရေး ဆောင်႟က်ြနေတဲ့ အတိုက္အခံပၝတီနဲႛ ဴမန္မာစစ္အစိုးရတိုႛ ေတၾႚဆံုေဆၾးေႎၾးဖိုႛ ႒ကိႂးပမ္းတဲ့အေနနဲႛ ဴမန္မာႎိုင္ငံကို လေးရက်ုကာသြားရောက်္ဘပီးတဲ့နောက် ဂဵပနိုံင်ငံကို ရောက်ရြိနေတာပၝ။ အထီးကဵနိုံင်လတြဲူ့မန်မာစစ်အစိုးရအနေနဲႛ အူပသြဘောဆောင်တဲ့ အေူပာင်းအလဲကို လုပ်ူပလာရင် ကမႝာ့ အသိုင်းအဝိုင်းက အဴပႂသေဘာနဲႛ တံုႛဴပန္ဖၾယ္ရႀိတယ္လိုႛ ဂဵပနိုံင်ငူံခားရေးဝန်ဋ္ဌကီး နာကာဆိုနေက မင်္စတာ ဂမ်ဘာရီကိုေူပာုကားခဲ့ပၝတယ်။ ဂဵပနိုံင်ငူံခားရေးဝန်ဋ္ဌကီးဌာန ဂဵပန်-ူမန်မာဆက်ဆံရေးဆိုင်ရာ တာဝန်ရြိသူကလည်း အခုခဵိန်အထိုမန်မာစစ်အစိုးရဟာ အူပသြဘောဆောင်တဲ့ အေူပာင်းအလဲ အနည်းအကဵဉ်းပဲူပိုံင်တဲ့တိုင်အောင် ၂၀၁၀ခုမြာ အထေထြေေ႟ြးကောက်ပြဲ ကဵင်းပမယ်လိုႛေုကညာတာဟာ ဒီမိုကရေစီရေးလုပ်ငန်းစဉ်နဲႛ ပတ်သက်္ဘပီး၊ လန်ြခဲ့တဲိံ့စြ် ၂၀အတငြ်း ဘာမြ မူပသိုံင်ခဲ့တာနဲႛ စာရင်၊ ဋ္ဌကီးမားတဲ့ေူခလမြ်းဋ္ဌကီးတရပ်ူဖစ်တယ်လိုႛ အေအက်ဖ်ပီ သတင်းဌာနကိုေူပာုကားပၝတယ်။
လက်ရြိတိုင်းရင်းသား ပၝတီမဵား ၂၀၁၀ ေ႟ၾးေကာက္ပဲၾတၾင္ ပၝဝင္မည္မဟုတ္ 2009-02-12 စစ္အစိုးရအေနနဲႛ ၂၀၀၈ခုႎႀစ္ကူပဌာန်းခဲ့တဲ့ ဖြဲႚစည်းပုံ အေူခခံဥပဒေကိုပန်လည်ူပင်ဆင်္ဘပီးတော့ တိုင်းရင်းသား အဖြဲႚအစည်းတေနြဲႛ တြေႚဆုံဆြေးြေိံးပဲတြေ ကဵင်းပဖိုႛ တိုင်းရင်းသာိးိုံင်ငံရေးပၝတီအဖြဲႚအစည်းတေကြ ၆၂ ဋ္ဌကိမ်ေူမာက်ူပည်ထောင်စုနေႛမြာ တောင်းဆိုလိုက်ပၝတယ်။ ရခိုင်ဒီမိုကရေစီအဖြဲႚခဵပြ် (ALD) ခေၝင်းဆောငိံငြ့်ူပည်သူႛ လတ်ြတော် ကိုယ်စာူးပြ ကော်မတီ (CRPP) အတငြ်းရေးမြး ဦးအေးသာအောင်။ (Image: RFA) ရခိုင္အမဵႂိးသား ဒီမိုကေရစီအဖဲၾႚခဵႂပ္နဲႛ ရႀမ္းအမဵႂိးသား ဒီမိုကေရစီခဵႂပ္အပၝအဝင္အဴခား တိုင်းရင်းသာိးိုံင်ငံရေးပၝတီတြေ ဦးဆောင်္ဘပီူးပည်ထောင်စုနေႛ ညစားစားပဲကြို ရန်ကုန်္ဘမြိႚက စားသောက်ဆိုင်တခုမြာ ဒီကနေႛညနေပိုင်းက ကဵင်းပခဲ့ပၝတယ်။ စစ်အစိုးရကဵင်းပမဲ့ ၂၀၁၀ေ႟ြးကောက်ပဲကြို လက်ရြိ တိုင်းရင်းသားပၝတီ အဖြဲႚအစည်းတေအြနေနဲႛ ပၝဝင် ယဉြ်ူပိင်ြမြာမဟုတ်ဘူးလိုႛ ဒီကနေႛူပည်ထောင်စုနေႛ
မိတ်ဆုံစားပြဲ အခမ်းအနားမြာူပည်သူႛလတ်ြတော်ကိုယ်စားလယြ် (CRPP) အဖြဲႚရဲ့ အတငြ်းရေးမြး ဦးအေးသာအောင်ကေူပာပၝတယ်။ ဦးအေးသာအောင်။
။ “အဓိကကေတာ့ ၂၀၀၈ခုႎႀစ္မႀာ ဖၾဲႚစည္း အုပ္ခဵႂပ္ပံု အေဴခခံဥပေဒကို referendum
(ဆိံ္ဋခံယူပြဲ) လုပ်္ဘပီးတော့ အတည်ူပခြဲ့ပေမဲ့ ဒီဖြဲႚစည်းပုံဟာ တိုင်းရင်းသားတေရြဲ့ လိုလားတဲ့ ကိုယ်ပိုင်ူပှူာန်းခငြ့်၊ လူနည်းစုတေရြဲ့ အခငြ့်အရေးတေကြို ဖော်ဆောင်ထားတဲ့ ဖြဲႚစည်းပုံမဟုတ်တဲ့အတကြ်ေုကာင့် ဒီဖြဲႚစည်းပုံနဲႛ ရေးဆြဲတဲ့ ၂၀၁၀ေ႟ြးကောက်ပြဲကိုလည်းပဲ တိုင်းရင်းသား ပၝတီမဵားအေနနဲႛ လက္ခံမႀာ မဟုတ္ဖူး၊ ေ႟ၾးေကာက္ပၾဲကို စဉ်းစားမြာ မဟုတ်ဖူးဆိုတာကိုတော့ တိုင်းရင်းသားပၝတီ အားလုံးက တသဘောတည်း ရြိုကပၝတယ်။”ူပည်ထောင်စုနေႛ မိတ်ဆုံစားပဲကြို ၁၉၈၈ စစ်အာဏာသိမ်း္ဘပီးနောက်ပိုင်း တိုင်းရင်းသား အဖြဲႚအစည်းတေအြနေနဲႛိံစ်ြစဉ် ကဵင်းပခဲု့ကပၝတယ်။ စစ်အစိုးရဘက်ကလည်း တရားဝင်ခငြ့်မူပပြဲ အမဵႂိးမဵႂိး တားဆီးပိတ္ပင္ခဲ့ပၝတယ္။ ဒီုကားထဲကိံစ်ြစဉ် ခက်ခက်ခဲခဲ ကဵင်းပခဲ့ရတယ်လိုႛ ဦးအေးသာအောင်ကေူပာပၝတယ်။ ဦးအေးသာအောင်။
။ “ူပည်ထောင်စုနေႛကိုံစ်ြစဉ်ပေၝ့ တိုင်းရင်းသားတေအြနေနဲႛိုံင်ငံရေးပၝတီတရပ်
ခေၝင်းဆောင်တဲ့၊္ဘပီးတော့ ဒီမိုကရေစီ အင်အားစုတြေ၊ ဟိုတုန်းကဆိုရင် ကေဵာင်းသားခေၝင်းဆောင်တေပြေၝ့၊ အခုကတော့ ကေဵာင်းသားခေၝင်းဆောင်တြေ မရြိတော့ NLDက CECအခဵိႂႚေပၝ့၊္ဘပီးတော့ NLDက ထင်ရြားတဲ့ ခေၝင်းဆောင်တြေ၊္ဘပီးတော့ တိုင်းရင်းသားခေၝင်းဆောင်တြေ အားလုံးဆုံ္ဘပီးတော့ မိတ်ဆုံစား္ဘပီးတောူ့ပည်ထောင်စုနေႛအနေနဲႛ အထိမ်းအမတြ် ညစာစားပြဲ ကဵင်းပတာပၝပဲ။” အနာဂတ်ူမန်မိာိုံင်ငံမြာ စစ်မန်ြတဲူ့ပည်ထောင်စုဋ္ဌကီး ပေၞပေၝက်ဖိုႛအတကြ် တိုင်းရင်းသားတေအြားလုံးမြာ တာဝန်ရြိတယ်လိုႛ တက်ရောက်လာတဲ့ တိုင်းရင်းသား'ခေၝင်းဆောင်တေအြားလုံး ဒီအခမ်းအနားမြာ သဘောတူညီခဲု့ကပၝတယ်