zkef;armf vmjyD ခွေးသရမ်းကြီးလွတ်နေတယ် -----နွေဦးကံ့ကော် ရင့်ဝါရော်လျှင် ဖုန်းမော် လာပြီဆိုမြဲပင် ---- ။ သူငယ်ချင်းတို့ရေ တက္ကသီလာကျောင်းတော်သာတွေ ရန်သူ့လက်ထကျဲဆုံးခဲ့ရတာ ၂၁ နှစ် တင်းတင်းပြည့်ပါရောလား … မိခင် ဧရာဝတီလဲငိုညည်း တိုင်းပြည်အနှံ့ဟာ တစပြင်ပမာ ခြောက်သွေ့ ဒူးထောက်လို့ဘုရားထူးတာတောင် အစားကြူးလို့မဝနိုင်သေးတာက အစွယ်ပြူးပြူးအာဏာမူးနေတဲ့ စစ်ဘီလူးတွေပေဲ ပါ့ ……. ဒင်းတို့ဟာ ရာဇာပလ္လင်အတွက်မြန်မာတခွင်ကိုဘောင်ခတ် ထောင်မှတ်လို့သာထားတော့တယ်။ ဒါပေမယ့် အဲဒီ့ထောင်ကြီးထဲသူတို့ကိုယ်တိုင်ပြန်ကျ ကိုယ့်အသားကိုယ်ပြန်စားနေရတာ ၂၁ ရာစုပြိတ္တာ သူတို့မသိရှာဘူး ……. သူတို့အမြီးကို ဖွဖွလေးနမ်းတဲ့လူတချို့ လမ်းမသိတော့လဲ သူတို့နောက်လိုက်မတဲ့ မြေပုံ ၇ ချက်ဆိုပဲ ဖုတ်ထက်ွခါနီး ထုတ်တဲ့ပညာတဲ့ပညာလည်း ဩဇာ ၇ ရွက်ပါပဲနော် …။ သူတို့အမြီးကို လှန်ချိုးမဲ့သူတွေကိုတော့ ဖမ်းချင်တိုင်းဖမ်း ကြမ်းချင်တိုင်းကြမ်း ဂဠုန်စော ဖောက်တဲ့လမ်းပေါ်မှာ
သူငယ်ချင်းတို့ရေ ဒီနှစ်ဟာ ၂၀၀၉ ရိုးသားသူတို့အောင်ပွဲ စုစည်းကာနွဲကြဘို့ မင်းတို့ပါးစပ်ဝ ပိတ်ထားတဲ့ သေနတ်ပြောင်းတွေကို ရိုက်ချိုးနိုင်ဖို့ တွန်းဖြိုဖို့ ဆန္ဒာဓိပတိ ထီးလိုမိုးပြီး ထောင်နံရံတုန်အောင် အတောင်ပံအစုံရိုက်ခတ်တိုး ကြမ္မာနတ်ဆိုးကိုတိုက်ကြမယ် ငါတို့မိသားစုငါတို့ချစ်သူတွေ ငါတို့ပြည်သူ ငါတို့သံဃာတွေ ငါတို့အမှန်တရား ငါတို့သစ္စာအတွက် ငါတို့အခွင့်အရေး ငါတို့သွေးတွေအတွက် နွေဦးလည်းရောက်ပြီ ပုရစ်ဖူးလည်းဝေပြီ သမိုင်းလှည်းဘီး တပတ်ပြည့်ပြီ …. သံတိုင်ကြားခါးထောက်ထားတဲ့နောင်တော်တွေနဲ့ နှုတ်ခမ်းတွေပြတ်မတတ် အံကြိတ်ထားတဲ့အမေ့ကိုကယ်ထုတ်ဖို့ နောက်မဆုတ်တမ်း သွေးမကြောင်စတမ်း ဟေ့ ။ ပြည်တွင်းပြည်ပ ရုန်းထချိတ်ဆက် အသက်စွန့်ရေး မတွန့်ကြေး သွေးနဲ့မော်ကွန်းရေးကြစို့ နွေဦးကံ့ကော်
ရင့်ဝါရော်လျှင်
ဖုန်းမော် လာပြီဆိုမြဲပင် …….. ။ *
*
*
*
*
*
*
နှစ်တရာ နှစ်တစ်ထောင် ခွပ်ဒေါင်းဂုဏ်ရောင် ထွန်းပြောင်နေဦးမှာပဲ မုချယုံတယ် ……… ။ ဇော်မြင့် - မလေးရှား